Beauty, Health, Success and Fashion Style

Beauty, Health, Success and Fashion Style Just Smile, your body releases serotonin and reduce the stress Just Happy

လူတစ်ယောက် ရဲ့ တိုးတက်မှု ဟာ adaptability နဲ့ အများကြီး ဆက်နွယ်နေတယ်။ Rigit ဖြစ်တဲ့ သူတွေဟာ ဘယ်နေရာ မဆို smooth ဖြစ်မနေဘ...
07/07/2024

လူတစ်ယောက် ရဲ့ တိုးတက်မှု ဟာ adaptability နဲ့ အများကြီး ဆက်နွယ်နေတယ်။ Rigit ဖြစ်တဲ့ သူတွေဟာ ဘယ်နေရာ မဆို smooth ဖြစ်မနေဘူး။

Adaptability ကို ဖြစ်ဖို့ဆိုတာ ဒီ question ၂ခု ကို ကောင်းကောင်း သိရင် လွယ်လွယ်လေးပါ။
အဲဒီ question ၂ ခု ရဲ့ အဖြေ ဟာ မှန်နေရမယ်။ အဲဒီ အမှန်ကိုလဲ လက်ခံ ရမယ်။

အဲဒီ question ၂ ခု က
၁။ Where are you? နဲ့
၂။ Who are you? ကို ကောင်းကောင်း သိပီး လက်ခံ တက်ဖို့ပါပဲ။

ဥပမာ

မိသားစုကို လုပ်ကျွေးနေသော ကားဆရာ လူတစ်ယောက် က

အိမ်မှာဆိုရင် အိမ်ထောင်ဦးစီး။ ( where - at home, who - head of household)

အလုပ်မှာဆိုရင် ကားဆရာ။ ( where - at work, who - driver)

ဆိုလိုချင် တာ က အဲဒီ လူ ဟာ။ အိမ်မှာနေရင် ကားဆရာ တစ်ယောက်လို မနေ ပဲ အိမ်ထောင် ဦးစီးလို ပြုမူနေထိုင်ရတယ်။ မိသားစုရဲ့ ရွှေတောင်ကြီး အဖြစ် respect ပေးခံရတယ်။

အလုပ်မှာဆိုရင် ကားဆရာ တစ်ယောက် လို တာဝန်ကျေပွန်ရတယ်။ အလုပ် မှာ အိမ်ထောင်ဦးစီးလို သွားပြုမူရင်တော့ ပြသနာတွေတက်နိုင်တယ်။

အဲဒီလိုပဲ။

မြန်မာနိုင်ငံ က လူငယ်လေးတွေ တော်တော်များများ ဟာ နိုင်ငံ ခြား ထွက်လာတဲ့ အခါ မှာ where are you နဲ့ who are you တွေ မေ့သွားကြတယ်။ အဲဒီ မှာ ပြသနာ စတွေ့တယ်။

မြန်မာပြည် မှာ ဆရာဝန် တစ်ယောက် နိုင်ငံခြား မှာ example- Sale consultant နဲ့ အလုပ်လုပ်တယ် ဆိုပါစို့။ (သူများနိုင်ငံ က ဆရာဝန်အလုပ် တန်း မရရျ်)

Where are you? မြန်မာမှာတုန်း က, who are you ဆရာဝန်ဆိုတော့ ဆရာဝန်တစ်ယောက် လိုပြုမူနေထိုင်ရတယ်။

ဟော သူများနိုင်ငံ ရောက်တော့
Where are you? နိုင်ငံခြား မှာ who are you? Sale consultant အဲဒါဆို အရောင်း သမားကောင်း တစ်ယောက်လို အပြည့် အဝ လက်ခံ ပြုမူနေထိုင်ရတယ်။

ဥပမာ နောက်တစ်ခု။

မြန်မာပြည် မှာ အရောင်း manager
နိုင်ငံခြားမှာ အရောင်းဝန်ထမ်း။
အရောင်း ဝန်ထမ်း တစ်ယောက် က အရောင်း manager တစ်ယောက် လိုပြုမူ လို့မရပါဘူး။
လိုရင်းပြောရရင် လောလောဆယ် ကိုယ့်က ဘာလဲ ဆိုတာ။သိရမယ်။
အဲဒါ ကိုလည်း လက်ခံနိုင်တဲ့ စွမ်းရည် ရှိ မှ adaptability ကောင်းလာမယ်။ တစ်ဆင့် စီ ကိုယ်လိုချင်တဲ့နေရာ ကို ရလာလိမ့်မယ်။

အဲလိုမှ မဟုတ်ပဲ
ကိုယ့်ရဲ့ အလုပ် က ဒီ အလုပ်။ ကိုယ်ပြောနေတာတွေ က လေ ကြီးလေ ကျယ်တွေ ဆိုရင်တော့။ ကိုယ့် အလုပ် က ကိုယ်နဲ့ မတန် သလိုလို တွေ ဖင်ခေါင်း စတားနေရင်တော့ အလုပ်မှာ တိုးတက်မှုတွေ နှေးကွေးနေအုန်းမည်။ 😃။

လူငယ်လေးများ where are you နဲ့ who are you ကို ကောင်းကောင်း သိရျ် တိုးတက် မှုများ ရှာဖွေ နိုင် ကြပါစေ။

26/03/2024

How can start without license in dubai for pharmacist

Step 1: Land in Dubai on a Visit Visa. Yes, it's that simple to get started!

Step 2: Grab a Trainee Pharmacist position. ( not easy but have to try). These jobs don't need any exam or license upfront, making it the perfect starting point.

Step 3: While working as a trainee, you can prepare for your license exam. It's a smart way to gain experience and study at the same time.

Step 4: Pass your exam, and boom, you're a Registered Pharmacist! Now, you're all set for those pharmacist jobs.

This path not only helps you get valuable experience in Dubai's dynamic healthcare sector but also supports you financially while you study for your exam.

But you still need required documents once you process license.

Also need university co-ordination for data flow process.

If you don’t have complete required documents, better don’t start. You will waste your time. Choose another options.

18/02/2024

Page ငြိမ်နေတာကြာပါပီ။
သူငယ်ချင်း vacation က Thai transit နဲ့ ပြန်လာတော့ မြန်မာ မိန်မငယ် အယောက် ၃၀ လောက် Oman ကို maid အနေ နဲ့ သွားကြတာတွေ့တယ်။ ဘွဲ့ ရလေးတွေနော်။
ကိုယ် မြန်မာနိုင်ငံ က vacation ပြန်ပီးပြန်လာတဲ့နေ့ က India transit နဲ့ လာတာ မြန်မာမိန်းကလေးငယ် အယောက် ၂၀/၃၀ ဝန်းကျင် Oman ကို သွားမလို့ဆို ပီး ထပ်တွေ့တယ်။
Page တစ်ခု မှာ အသက် ၂၉ နှစ်အရွယ် မြန်မာနိုင်ငံက ဆရာဝန်လေးတစ်ယောက် က ဒူဘိုင်း ကို ဘယ် အလုပ်နဲ့ ပဲ ဖြစ်ဖြစ် waiter ပဲ ဖြစ်ဖြစ် လာလို့ ရနိုင်မလား မေးထားတာ တွေ့ရတယ်။

ရင်တွေလဲ နာရပါတယ် ။ ကိုယ့်နိုင်ငံရဲ့ အဖူးအညွန့်လေးတွေ သူများနိုင်ငံ မှာ ဘယ် လို struggling တွေ ဖြစ်နေတယ်ဆိုတာ။

လူငယ်တွေ အနာဂတ် ပျောက်နေတဲ့ အချိန် မှာ ကိုယ် သိတာလေး ( အများကြီးသိတာမဟုတ်ပေမဲ့) သိသလောက်လေး share ပေးရုံပါ။

ဒူဘိုင်းမှာ medical field DHA လိုင်စင်, visa နဲ့ပက်သက် တာ သိချင်တာလေးတွေရှိရင် comment မှာ မေးထားပေးလို့ရပါတယ်။ အချိန်ရတဲ့ အခါ ​page မှာပဲ ဖြေထားပေးပါမယ်။ လိုင်စင် မရှိရင် ဘယ်လို နေရာတွေ လုပ်ရမလဲ ဆိုတာလဲ သိသလောက် လေး share ပေးပါမယ်။

Good luck all our young people 🙏

သတ်သတ်လွတ်စားခြင်း အကျိုးနဲ့ဆိုးကျိုးVegetarian တွေ ရရှိတဲ့ ကောင်းကျိုးတွေက Body က ရရှိတဲ့ အကျိုး ၁။ Vegan food တွေဟာ lo...
22/07/2023

သတ်သတ်လွတ်စားခြင်း အကျိုးနဲ့ဆိုးကျိုး

Vegetarian တွေ ရရှိတဲ့ ကောင်းကျိုးတွေက

Body က ရရှိတဲ့ အကျိုး

၁။ Vegan food တွေဟာ low calorie ဖြစ်တဲ့ အတွက် body weight ကိ ထိန်းနိုင် ကြတယ်။

၂။ No cholesterol, low saturated fat, ပါ။
အဲဒီ အတွက် နှလုံး၊ ဆီးချို၊ သွေးတိုး ၊ အဝလွန် ကို ကာကွယ်ပေးတယ်။

၃။ Systemic inflammation ခန်ာကိုယ် ရောင်ရမ်းခြင်း ကိုကျစေပါတယ်။

၄။ Fiber rich ဖြစ်တဲ့ အတွက် အစာချေစနစ်ကောင်းခြင်း။ ဝမ်းချုပ်ခြင်း ကို ကာကွယ်ပေးပါတယ်။ အဲဒီ အတွက် body detox system ကောင်းပီးသား ဖြစ်သွားတာပေါ့။

၅။ rich Nutrients and Anti oxidant ဖြစ်တဲ့ အတွက် ခန်ာ ကိုယ် အတွက်လအကျိုး ပြုစေပါတယ်။

၆။ နောက် တစ်ခု က လူတစ်ယောက်ရဲ့ energy level ကို မြင့်စေပါတယ်။ Fresh Vegetarian food တွေ ဟာ Nutrition ပြည့်ဝပီး positive energy ပဲပေးပါတယ်။ Non vegetable food တွေ မှာ negative energy level ပိုများတယ်။ ဘာဖြစ်လို့ negative energy ပိုများလဲ ဆိုရင်

ဥပမာ- အမဲသား ဝက်သား စားရဖို့။ နွား တွေ ဝက် တွေ ကို အရင် သ -တ်ရတယ်။ သက်ရှိသဘာဝ အရသေချင်တဲ့ သူဆိုတာ မရှိပါဘူး။ သူတို့ ကို ​ေ- သ ရခါနီး အချိန် မှာ သူတို့ body က negative energy vibrations တွေ ထွက်လာပါတယ်။ ကြောက်လန့် ခြင်း။ တုန်လှုပ်ခြင်း ။ ဝမ်းနည်းမှု ။ ထိတ်လန့်မှု တွေ ဟာ negative energy vibrations အနေ နဲ့ သူတို့ရဲ့ body cells တွေ ထဲ ကို ပျံ့နှံ့နေပါတယ်။ အဲဒါ ကို လူတွေ က စားသောက်တဲ့ အခါ negative energy တွေ ကူးစက် သွားပါတော့တယ်။ အဲဒါကြောင့် Nan vegetarian တွေ မှာ energy level low ဖြစ် တက်ကြတယ်။ အဲဒါကြောင့် ဒေါသကြီးခြင်း။ စိတ်ဆိုး လွယ်ခြင်း။ လိုချင်ရမက်များခြင်း။ မနာလိုခြင်း စတဲ့ negative energy behavior တွေ တွေ့ရှိ ရတက်တယ်။ မယုံ မရှိ နဲ့နော် အသားစားများတဲ့ သူတွေ က အရမ်းဒေါသကြီးတာ။ 😅

ဥပမာ သတ်သတ်လွတ် စားတဲ့ ဆရာတော်ကြီးတွေ ကြည့်ကြည့် သူတို့ ရဲ့ energy level က အရမ်းမြင့်တာ။ မြင့်လွန်း လို့ သူတို့ရဲ့ energy တွေ ဘေး ကလူတွေကိုတောင် ကူး စက် ပီး ဆရာတော် ကြီး ကို မြင် လိုက် ရတာနဲ့ တင် ကြည်ညို သဓါတရားတွေ ပွားများလာခြင်း။ စိတ် ငြိမ်းချမ်း၊ ချမ်းသာ ပျော်ရွှင် ခြင်း တွေ ဖြစ်ပေါ်လာ ခြင်း။ စ တဲ့ positive energy တွေ ကူးစက် လာစေတယ်။

vegetarian နဲ့ Non vegetarian တွေရဲ့ ခြားနားမှု ကို သိချင်ရင် ကိုယ် ကိုယ် တိုင် ကိုယ့် ခန်ာကိုယ် နဲ့ စမ်းသပ် ကြည့် ပါ။ လက်တွေ့သိလိမ့်မယ်။ အနဲဆုံး ခန်ာကိုယ် ပေါ့ပါးလာပီး energy level ( ကိုယ်ရောင် ကိုယ် ဝါ) မြင့်နေလိမ့်မယ်။

Vegetarian တွေ ရရှိ တဲ့ ဆိုးကျိုး က

Vitamin B 12 deficiency ပါ။ ( Egg ကနေတော့ရနိုင်ပါတယ်။)
Low protein ဖြစ် လို့muscle weakness ဖြစ်တက်ပါတယ်။ ( ပဲအမျိုး မျိုး ကို များများ စားပါ။)
Iron နဲ့ Zinc deficiency ဖြစ်တက်တယ်။ iron zinc ပါတဲ့ vegetable တွေ ရွေးစားလို့ ရပါတယ်။

ကဲ စာဖတ်သူများ လဲ vegetarian မဖြစ် တောင် အသား လျော့ စား ကြရအောင်နော်။

* You become what you eat *

ချို (ဆေးဝါး)

DHA exam စိတ် ဝင်စား သူများ zoom meeting လေး လုပ်ပီး ရှင်းပြပေး ပါမယ်။ မေးချင်တဲ့ မေးခွန်း လေးတွေ ပြင်ဆင်ထားပါ။စိတ် ဝင်စ...
25/09/2022

DHA exam စိတ် ဝင်စား သူများ zoom meeting လေး လုပ်ပီး ရှင်းပြပေး ပါမယ်။
မေးချင်တဲ့ မေးခွန်း လေးတွေ ပြင်ဆင်ထားပါ။
စိတ် ဝင်စားရင် Zoom app လေး download လုပ် ထား ပီး comment မှာ ဖုန်း နံပါတ်ထားထားပေးပါ။
Message တွေ များ လို့ reply မလုပ်နိုင် တာ sorry ပါ။
Meeting date ကို update လုပ်ပေးပါမယ်။

Free to share to know friends.

All the best

Brand name and generic name ကွာခြားမှုအခုမြန်မာနိုင်ငံ တိုင်းပြည်နေမကောင်း ဖြစ်နေတဲ့ အချိန်မှာ ဆေး ဈေးနှုန်း မြှင့်တက်မှ...
04/08/2022

Brand name and generic name ကွာခြားမှု

အခုမြန်မာနိုင်ငံ တိုင်းပြည်နေမကောင်း ဖြစ်နေတဲ့ အချိန်မှာ ဆေး ဈေးနှုန်း မြှင့်တက်မှု တွေ။ ဆေးဝါးပြတ်လပ်မှုတွေ ကို ကြုံတွေ့နေရပါတယ်။ ကိုယ်သောက်နေကျ ဆေးတွေ ပြတ်လပ်မှုကြောင့် Panic မဖြစ်ကြဖို့ ။ ဆေးတွေမှာ Generic name တူပီး company မတူတဲ့ဆေးတွေ အများကြီးရှိပါတယ်။

Generic name and trade name ဆိုတာ ဘာလဲ အရင်သိဖို့ လိုပါတယ်။
Medical field ကလူတွေက သိပေမဲ့။ Medical field မဟုတ်တဲ့လူတွေ က မရှင်းလင်းသေးပါ။

Trade name ဆိုတာက ဆေးတစ်ခု ကို company က ပေးထားတဲ့နာမည်ပါ။
Generic name ကတော့ ဆေးမှာပါဝင်တဲ့ active ingredient name ပါ။
အလယ်ကူ ဆုံး example ကတော့ Biogesic ဆေးတစ်ခုမှာ Biogesic ဆိုတာ company ကပေးထားတဲ့ trade name ပါ။ Biogesic မှာ ပါတဲ့ Active ingredient name က Paracetamol ပါ။ အဲဒါ ဆို Paracetamol က Generic name ပါ။ အဲလိုပဲ Paracetamol ပါတဲ့ ဆေးတွေ ထုတ်တဲ့ company တွေ အများကြီး ပါ။ Company မတူတော့ Trade name တွေမတူကြဘူး။ Panadol , Tylenol အားလုံးရဲ့ generic name က Paracetamol ပါ။ အဲဒီ အတွက် ဆေး brand တစ်ခု ပစည်း ပြတ် ရင် Same Generic name ပါတဲ့ တခြား brand ပြောင်းသုံးမှာပေါ့။
လူတော်တော်များများ ဟာ Generic name drug တွေက ဈေးပေါတယ် အဲဒီ အတွက် quality မတူလောက်ဘူးလို့ ထင်တက်ကြပါတယ်။
နာမည် ကြီး brand name ဆေး နဲ့ Generic name ဆေး quality ချင်းတူလား ဆိုတာရှင်းပြပါရစေ။
ငယ်ငယ် တုန်း က ဆေး ရုံ မှာ အလုပ် ဝင်တုန်း က နာမည် ကြီးဆေး company ကို အလည် ရောက်ခဲ့ဖူးတယ်။ အဲဒီ မှာ အဲဒီ မေး ခွန်း ကို ဆေးcompany ရဲ့ တာဝန်ခံ ကိုမေးဖူတယ်။ သေချာတိကျတဲ့ အဖြေ မရခဲ့ပါဘူး။
လေ့လာကြည့်သလောက်တော့ ဆေးတစ်ခု တင်သွင်းရင် FDA ရဲ့ approve ကို ယူရတဲ့ အတွက် quality တန်း ဝင်မှ သာ တင်သွင်းခွင့် ရတာပါ။ အဲဒီ အတွက် ဆေး ရဲ့ အာနိသင်က သတ်မှတ်ထားတဲ့ dose mg ပြည့် ဝရင်။ သင့်တော်တဲ့ storage condition မှာရှိလို့ရှိရင် မကွာခြားလောက်ပါဘူး။ company မတူတဲ့ အတွက် ဈေးနှုန်း တွေ ကွားခြားသွားရတာပါ။
ဈေး နှုန်း ဘာကြောင့် ကွားခြားရသလဲဆိုရင် နာမည် မကြီးတဲ့ ဆေး company နဲ့ Brand name ဆေးcompany တွေ မှာ investment မတူကြပါဘူး။ Marketing လုပ်တဲ့ နေရာမှာ ငွေကြေး သုံးစွဲမှု မတူကြပါဘူး။ အဲဒါတွေ ကို recover ဖြစ်ဖို့ Brand name company တွေရဲ့ ဆေး ဟာ ဈေးမြင့်နေရခြင်း ဖြစ်ပါတယ်။
နိုင်ငံခြားက လူတော်တော်များများ ကတော့။ ဆေးတစ်ခုမရှိဘူးဆိုရင် တခြား company ကဆေး ကို ရှင်းပြပီး ပေးလို့ရပါတယ်။ အဲဒီ အတွက်လဲ Complaint ဆို တာ တခါမှ မရှိဖူးဘူး။ အဓိက က patient compliance ရှိဖို့ပါပဲ။ Patient compliance ရှိဖို့ဆိုတာ Patient မှာ ထိုက်သင့်တဲ့ knowledge ရှိမှပါ။ အဲလိုမှမဟုတ်ရင် Biogesic မှ panadol ပြောင်းဖို့တောင် ခက်ခဲပါတယ်။ အဲ့ဒီ အတွက်နောက်ဆုံးခံရတဲ့သူတွေ က patient တွေပါပဲ။ ပြတ်လပ်နေတဲ့ ပစည်း ကို ဈေး ကြီးပေး၍ ဝယ်ရခြင်း။ Panic ဖြစ်ခြင်း တွေ ကြုံတွေ့ရပါတော့တယ်။
လူသားများ ကျန်းမာ၍ Panic ဖြစ်ခြင်း မှ ကင်းဝေးနိုင်ပါစေ။ 🙏

04.08.2022
ချို( ဆေးဝါး)

10/07/2022

ရေပွက်ပမာ ဘဝဟာ။
အမုန်းတွေနဲ့မောပန်းမနေပဲ မေတာတွေနဲ့ ပြည့်နေပါစေ။
We all are visitors.
You will be gradually disappear.

အပျော်ခရီးထွက်ခြင်းရဲ့ အကျိုးကျေးဇူးများလူအများစု ဟာ ခရီး သွားလို့ ကုန်ကျမဲ့ ငွေ ကို တန်ဖိုးကြီး အသုံးအဆောင် ပစည်း တွေ ဝ...
10/07/2022

အပျော်ခရီးထွက်ခြင်းရဲ့ အကျိုးကျေးဇူးများ

လူအများစု ဟာ ခရီး သွားလို့ ကုန်ကျမဲ့ ငွေ ကို တန်ဖိုးကြီး အသုံးအဆောင် ပစည်း တွေ ဝယ်တာထက် ပိုပီး နှမြောတက်ကြပါတယ်။ (အနောက်နိုင်ငံ ကသူတွေ မပါဘူး နော်)။ ဒါပေမဲ့ ခရီးသွားခြင်းကြောင့် ရလာမဲ့ အကျိုးကျေးဇူး တွေ က အသုံးအဆောင် ပစည်းတွေထက် အများကြီး လူကို အကျိုးရှိစေပါတယ်။
ဒီနေ့တော့ ခရီး သွားခြင်းရဲ့ အကျိုးကျေးဇူး တွေ ကို Sharing လုပ်ကြရအောင်။

၁ ။ ခရီးထွက်ခြင်းဟာ အလုပ်ရဲ့ စိတ်ဖိစီးမှုတွေ ကို ဖြတ်တောက်ပေးတဲ့အတွက် လူကို ပေါ့ပါး လန်းဆန်း စေပါတယ်။
စိတ်ဖိစီးမှုတွေ။ နှလုံးရောဂါ ဖြစ်ပွား မှုကို လျော့ကျစေတယ်။
Depression နဲ့ Anxiety ကိုလျော့ချပေးတယ်။
Physically, psychologically ကျန်းမာရေးကို ကောင်းမွန်စေတယ်။
အထူးသဖြင့် Busy life က ပင်ပန်းနေတဲ့ စိတ်ကို Restore ပြန်လုပ်ပေးပါတယ်။
ခရီး သွားနေတဲ့ အချိန် မှာ မင်းကို အမိန့်ပေး မဲ့ Boss ဆိုတာမရှိဘူး။ ဦးရုံနောက်မဲ့ သူတွေ မရှိဘူး။ မင်းဟာ မင်း ဘဝရဲ့ Boss ပဲဆိုတဲ့ Freedom independent ခံစားမှု ကိုခံစားရပီး ကိုယ့်ကိုယ်ကို ပိုအားကိုးလာတယ်။ ကိုယ်ကိုယ် ကို ယုံကြည်မှုတိုးလာတယ်။
ကိုယ်တိုင် Planning တွေလုပ်ပီး ခရီးသွားချိန် မှာ တွေ့ရတဲ့ Challenges တွေကို ဖြေရှင်းရတယ်။ အဲ့ဒီ အတွက် မင်းရဲ့ brain က ပုံမှန်တွေနေကျ daily problems တွေ မဟုတ်တဲ့ အသစ် အဆန်း challenge တွေကို ထိတွေ့ခံစားရတယ်။ အဲဒါကြောင့် ခရီးသွားခြင်း ဟာ လူကို ပို၍ Smart ဖြစ်လာစေပါတယ်။

၂။ ခရီးသွားခြင်းကြောင့် တခြားနိုင်ငံ တခြားဒေသရဲ့ culture ၊ Diversity ကို လေ့လာလက်ခံနိုင်လာတဲ့ အတွက် လူမျိုးစွဲ ဘာသာစွဲ တွေ လျော့ကျလာမယ်။
အဲလိုမှ မဟုတ်ရင် သမုဒရာကို မမြင်ဖူးတဲ့ ဖားသူငယ်များလို ငါတို့နိုင်ငံ သည် သာ အကောင်းဆုံး။ ငါတို့ဘာသာသည် သာ အမြင့်မြတ်ဆုံး။ ငါ့တို့ အလုပ်သည်သာ ဝင်ငွေကောင်းဆုံး။ ငါတို့ company သည်သာ အကောင်းဆုံး ။ ဆိုတဲ့ အစွဲစိတ်တွေနဲ့ Ego တွေ high ဖြစ်နေလိမ့်မယ်။
ခရီးထွက်ခြင်းဟာ Experience အသစ်တွေ အတွေးသစ် အမြင်သစ်တွေ ဗဟုသုတ တွေ အများကြီးပေးလိမ့်မယ်။

၃။ ခရီးထွက်ခြင်းဟာ ပျော်ရွှင်တဲ့ memories တွေကိုပေးတဲ့ အတွက် နောင်တစ်ချိန် ပြန်စဥ်းစား ပြန် ပြောပြရင်တောင် လူကို စိတ်ချမ်းသာစေတယ်။

၄။ ခရီးသွားခြင်းကြောင့် local food အသစ်အဆန်းတွေ မြည်းစမ်းခွင့်မယ်။

ခရီးဟာ အဝေးကြီးတွေ သွားမှ မဟုတ်ပါဘူး။
ကိုယ့်မြို့။ အနီးအနား ဝန်းကျင် လေး သွားတယ်ဆိုရင်ပဲ တခြားဗဟုသုတ မရရင်တောင် စိတ်ကိုလအပန်းပြေစေတယ်လေ။

ကဲ အိမ်မှာ နေရင်း အသက်ကြီးမလား
ခရီးသွားရင်း အသက်ကြီးမလား။
It’s your choice.

ပုံလေးထဲက အတိုင်း
ငယ်ရွယ်စဥ် ခရီးသွားခြင်းဟာ part of education ဖြစ်ပီး အသက်ကြီးလာချိန် ခရီးထွက်ခြင်းဟာ part of experience ဖြစ်ပါတယ်။

လူသားများ ခရီးထွက်ခြင်း ဖြင့် ဗဟုသုတ တိုးပွားပီး ကျန်းမားတိုးတက်ပါစေ 🙏။

၁၀.၇.၂၀၂၂
ချို (ဆေးဝါး)

ဦးနှောက်နဲ့ body မှာ သက်ရောက်တဲ့ အချစ်ရဲ့ စွမ်းအားလူတော်တော်များ များ ဟာ နေ့စဥ် သွားလာ လှုပ်ရှားခံစား အသက်ရှင်နေကြပါတယ်။...
02/07/2022

ဦးနှောက်နဲ့ body မှာ သက်ရောက်တဲ့ အချစ်ရဲ့ စွမ်းအား

လူတော်တော်များ များ ဟာ နေ့စဥ် သွားလာ လှုပ်ရှားခံစား အသက်ရှင်နေကြပါတယ်။
ဒါပေမဲ့ ကိုယ့်ရဲ့ ခံစားမှုတွေကြောင့် scientifically body ထဲ ဦးနှောက် ထဲ မှာ ဘယ်လို ဓာတ်တွေ က ဘယ်လို ထိန်းချုပ်နေတယ် ဆိုတာ သိပ်စိတ်ဝင်စားစရာကောင်းပါတယ်။

အရင်တစ်ခေါက်က ပျော်ရွှင်မှုတွေ ၊ ဝမ်းနည်းမှုတွေ ဘယ်လို reaction တွေဖြစ်ပီး ဘယ်လို ဖြစ်ပေါ်လာလဲဆိုတာ ပြောပီးတော့ အခုတစ်ခေါက်တော့ လူတိုင်း မကင်းနိုင်တဲ့ အချစ် ကြောင့် ဦးနှောက်နဲ့ body မှာ ဘယ်လို reactions တွေပေးပီး ဘယ်ဓာတ်တွေ က ဘယ်လို ခံစားမှုတွေ ဖြစ်ပေါ်စေလဲ ဆိုတာကြည့် ကြရအောင်။

ပထမဦဆုံး ဦးနှောက်မှာ အချစ် က ဘယ်လို သက်ရောက်မှု ရှိလဲ ဆိုတာပြောမယ်။

ကိုယ်ချစ်တဲ့ သူနဲ့ တူတူရှိနေတဲ့ အချိန် or
မျက်နှာလေး မြင်လိုက်ရုံ၊ နာမည် အသံလေးကြားရရုံနဲ့ စိတ်လှုပ်ရှားပျော်ရွှင်မှုကို ခံစားရစေတယ်။ အဲဒီ ခံစားမှုတွေ ခံစားရဖို့ ဦးနှောက် က Dopamine ဆိုတဲ့ ဓာတ်ကို ထုပ်ပေးတယ်။

Dopamine ဓာတ်ဟာ ကိုယ်စားချင်တာ စားနေရတဲ့ အချိန်၊ ကိုယ်နားထောင်ချင်တဲ့ သီချင်း နားထောင်နေတဲ့ အချိန်တွေ မှာ လဲ ထုတ်ပေးလေ့ရှိပါတယ်။
အဲဒါတော့ အချစ်မရှိတဲ့ သူတွေ အတွက် ပျော်ရွှင် စိတ်လှုပ်ရှားစေ ဖို့ နည်း လမ်းပါ။ 😅

Relationship တွေ မှာ အရေးကြီးတဲ့ နောက် ဓာတ် တစ်မျိုး က oxytocin ဓာတ်လို့ခေါ်ပါတယ်။
အဲဒီ oxytocin ဓာတ်ဟာ relationship တွေမှာ တွယ်တာမှု၊ စိတ်လုံခြုံမှု၊ ယုံကြည်မှု bond တွေ ပို ခိုင်မဲ့အောင် လုပ်ပေးပါတယ်။

အဲ့ဒါကြောင့် ကိုယ့်ချစ်သူနဲ့ တူတူရှိနေတဲ့ အချိန်မှာ သက်တောင့်သက်သာ ဖြစ်မယ်၊ relax ဖြစ်စေတဲ့ ခံစားမှုကို ခံစားရစေတာပါ။ oxytocin ကို Love hormone လို့လဲ ခေါ်ကြပါသေးတယ်။

Oxytocin level မြင့်လေ Relationship ရဲ့ Bond တွေ ခိုင်မြဲလေလေဖြစ်ပါတယ်။
အဲဒီ Oxytocin ကြောင့်ပဲ Relationship တွေ မှာ တစ်ယောက်နဲ့ တစ်ယောက် အနစ်နာခံခြင်း။ Support လုပ်ခြင်း တွေ ဖြစ်ပေါ်စေပါတယ်။
Oxytocin level များတဲ့ သူ က များများအနစ်နာခံပီး Support လုပ်ပါတယ်။ Oxytocin နည်းတဲ့ သူက သိပ်အနစ်နာမခံတက်ပါဘူး။ ကိုယ့် Relationship မှာ ဘယ်သူ က oxytocin level နည်းနေလဲ ပြန်စစ်ကြည့်ရအောင်။ ကိုယ့် partner မှာ oxytocin ကျနေရင်တော့ သွားလိုက်တော့။ 😅 နောက်တာနော် 😆။

နောက်တစ်ခု က အချစ်ရှိနေခြင်းကြောင့် စိတ်ဖိစီးမှုတွေ လျော့ကျစေပါတယ်။

အချစ်ဟာ jealous ကိုလဲဖြစ်စေပါတယ်။ Normal jealous ဖြစ်တာက relationship ရဲ့ Bond ကို ပိုမိုခိုင်မြဲစေပါတယ်။ ပုံမှန်ထက် Jealous ဖြစ်ရင်တော့ ကွဲပီပဲ။ 😅

တခြား positive effect တွေကတော့

အချစ်ကြောင့် လူကို လှပစေပါတယ်။
အချစ်ဟာ နှလုံးရောဂါဖြစ်ပွားမှုကို လျော့ချပေးတယ်။
Blood pressure ကို ထိန်းညှိပေးတယ်။
နေမကောင်းဖြစ်ခြင်းမှ မြန်မြန် recovery ဖြစ်စေတယ်။
ခုခံအားကို မြှင့်တင်ပေးတယ်။
အသက်ရှည်စေတယ်။

ဒီနေရာမှာ အချစ်ဆိုတာ girlfriend ၊ boyfriend အချစ် ပဲ မဟုတ်ပါ။ သားသမီး နဲ့မိဘ၊ ညီကိုမောင်နှမ ဆွေမျိုး သူငယ်ချင်း။ Relationship အားလုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။

လူသားများအားလုံး အချစ်ရဲ့ positive effects တွေနဲ့ ဘဝကို ပျော်ရွှင်စွာဖြတ်သန်း နိုင်ပါစေ။🙏

၀၂.၀၆.၂၀၂၂
ချို(ဆေးဝါး)

Address

Dubai

Telephone

+971507709418

Website

Alerts

Be the first to know and let us send you an email when Beauty, Health, Success and Fashion Style posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Beauty, Health, Success and Fashion Style:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram