Hlaing khinkhin & sharing

  • Home
  • Hlaing khinkhin & sharing

Hlaing khinkhin & sharing I'd like to share my ideas and thoughtfully listen to what others say.

10/05/2026
No mother's day for me anymore ( I mean my biological mother)
10/05/2026

No mother's day for me anymore ( I mean my biological mother)

ကျန်းမာကြပါစေချမ်းသာကြပါစေဘေးရန်ကင်းကြပါစေစိတ်ဆင်းရဲကင်းကြပါစေစားရေးသောက်ရေးနေထိုင်စေအဆင်ပြေကြပါစေဒီပို့ကိုမြင်လိုက်လို့...
09/05/2026

ကျန်းမာကြပါစေ
ချမ်းသာကြပါစေ
ဘေးရန်ကင်းကြပါစေ
စိတ်ဆင်းရဲကင်းကြပါစေ
စားရေးသောက်ရေးနေထိုင်စေအဆင်ပြေကြပါစေ
ဒီပို့ကိုမြင်လိုက်လို့ လိုက်ပေးပြီးရင် မန့်မှာဖုံးနံပါတ်လေးတွေထားခဲ့ပေးပါ ပထမ ၁၀ ယောက်ကို တစ်သောင်းဆီ အလုပ်အကိုင်အဆင်ပြေဖို့ လွဲပေးပါမယ်, တသောင်းမှတထောင်ကို မိမိပေးချင်သူ/ လှူချင်တဲ့နေရာမှာလှူ၍ အလုပ်အဆင်ပြေအောင် ၅ မီနစ် ငြိမ်ငြိမ်လေးထိုင်ပြီးဆုတောင်းပါ
လိုရာဆု လပိုင်းအတွင်းပြည့်စုံပါလိမ့်မယ်

17/10/2025

Enfield memorial park, South Australian.
ဒီသချိုင်းပန်းခြံလေးက သချိုင်းနဲ့မတူပဲ ပန်းခြံလို အေးချမ်းသာယာတာမို့ ဆုံးသွားတဲ့မိမိဆွေမျိုးအုတ်ဂူတွေဆီလာလည်တဲ့သူတွေရှိသလို ဒီတိုင်းစိတ်သက်သာအေးချမ်းချင်လို့ လာကြတဲ့သူများလည်းရှိပါတယ်

08/11/2024

"Motivation စိတ်ခွန်အားတက်ဖို့ လိုနေသူကို စိတ်ခွန်အားဖြည့်ပေးကြမယ်"
ကျမ စာတွေမရေး ပို့တွေမတင်ဖြစ်တာတနှစ်ကျော်သွားပါပြီး အကြောင်းရင်းက ကျမရဲ့ဆုံးဖြတ်ချက်အမှားကြောင့် နေရာထိုင်ခင်းအပြောင်းအလဲ အရောင်းမှား အဝယ်မှား ဖြစ်သွားခဲ့တဲ့အတွက် စီးပွားပျက် အခြေအနေပျက်သွားခဲ့ပါတယ် အဲဒီအတွက် ကျမ အလုပ်သစ်တွေရှာဖို့အတွက် သင်တန်းသစ်တွေထပ်တက်ရ အချိန်တွေယူရတဲ့အပြင် စိတ်ပိုင်းဆိုင်ရာ မိုတီတွေပါကျသွားတဲ့အတွက် ကျမ့စိတ်ကို ပြန်ပြန်ဖြေနေရလို့ပါ,
ကျမ စိတ်ခွန်အားတွေ ကျဆင်းနေချိန်မှာ မိတ်ဆွေတွေကဆီကနေ ခွန်အားပေးစာတွေ လုပ်မိသွားတဲ့အမှားကိုထောက်ပြပြီး မချိတင်ကဲအပြစ်တင်အားပေးတာတွေ တရားနဲ့ပြဆင်ခြင်ခိုင်းတာတွေ ကိုယ့်ထက်ဆိုးဝါးတဲ့သူတွေနဲ့နိူင်းပြဆင်ခြင်ခိုင်းတာတွေ လက်ခံနားထောင်ရပါတယ်,
ဒီအခါမှာ ကျမသိရှိနားလည်ခံစားလိုက်ရတာ....
ကိုယ်လိုအပ်နေတာကို မိသားစုနဲ့လူများစု သေချာနားမလည်ကြတာနဲ့ မကူညီနိုင်ကြဘူး ဆိုတာပါပဲ,
မိမိ ရဲ့ လိုအပ်ချက်ကို မိမိသာလျှင်ပြန်လည်ရရိရှင်သန်လာအောင်ကြိုးစားရမှာပါ
ဒါအပြင် စိတ်ခွန်အားကျနေချိန်မှာ တရားတွေလာဟောတာ အမှားကိုလာထောက်ပြတာတွေဟာ တဖက်သားအတွက်ထိရောက်တဲ့ကူညီမူ့မဟုတ်ပါဘူး,
တကယ်ထိရောက်တဲ့ ကူညီမူ့က
သူကို ခွန်အားတက်စေဖို​့ သူရဲ့အရင်ကအောင်မြင်ခဲ့မူ့ လုပ်ဆောင်ခဲ့မူ့တွေကို ပြန်ပြောင်းပြောပြ ပြီး နင်က လုပ်နိုင်ပါတယ် ဒါတွေကခဏလေးပါဟာ" နင်ခံစားရလည်း တနှစ်ပေါ့ နောက်နှစ်ဆို ဒီထက်ပိုအောင်မြင်မှာပါ နင်ကဒီလောက်တော်တဲ့သူပါ" ဆိုတဲ့ သူရဲ့ကောင်းချက်အားသားချက်ကို ချီးမွမ်းပြောပြနေရမှာပါနော်, ဘဝ က အတိုလေးပါ ဘာညာဆိုတာတွေကို ခွန်အားတက်စေတဲ့စကားရပ်မဟုတ်ပါဘူး
ဒါကြောင့်
ကျမပို့တဲ့စာကို ဖတ်နေတဲ့သူထဲမှာ စိတ်ခွန်အယးတက်ဖို့ လိုနေရင် ကျမအားပေးချင်ပါတယ်
" ယူတို့က တော်ပြီးသား လုပ်နိုင်မှာပါ ကြိုးစားနေသူအတွက် ယူတို့လိုချင်တာတွေအားလုံးပြန်ရမှာပါ, ၆ လ ဒါမှမဟုတ် တစ်နှစ်အတွင်းမှာပေါ့ ယူတို့အမှားလုပ်ခဲ့တာ မဟုတ်ပါဘူး အမှန်ဆုံးလမ်းအမြင့်ဆုံးလမ်းကို ရောက်ဖို့ အမှားတစ်ခုကိုအရင်ဖြေရှင်းရတဲ့သဘောပါလို့ " အားပေးရင်း
ချစ်ခင်လေးစားစွာဖြင့်
လိူင်ခင်ခင်

"စားမြုံပြန်အတွေးများနဲ့ မိမိကိုယ်မိမိအပြစ်တင်နေတာတွေ ရပ်လိုက်ပါလေ" ဒီတစ်ညနေလုံး ကျမ စိတ်ကမကြည်လင်ပဲ အမှား❌ လုပ်မိထားသလိ...
06/06/2024

"စားမြုံပြန်အတွေးများနဲ့ မိမိကိုယ်မိမိအပြစ်တင်နေတာတွေ ရပ်လိုက်ပါလေ"
ဒီတစ်ညနေလုံး ကျမ စိတ်ကမကြည်လင်ပဲ အမှား❌ လုပ်မိထားသလို တစ်အုံနွေးနွေးနဲ့ ကြိတ်ခံစားနေရပါတယ် " ငါ ဘာလို့ ဒီလိုတွေလျှောက်ပြောမိပါလိမ့် သူကတော့ ငါ့ကိုအထင်လွဲသွားတာသေချာပြီ သူ့မျက်လုံးအကြည့်တွေက ငါ့ကို အထင်လွဲနေတဲ့အကြည့်တွေဆိုတာ သေချာတယ်, ငါ နောက်ဆို စကားပြောဆင်ခြင်ရမယ်"
ဒီလို တယောက်ထဲကျမကိုယ်ကျမအပြစ်တင်နေမိတဲ့ အစက ဒီမနက် ကျမအိမ်ကို သိပ်မရင်းနှီးတဲ့အမျိုးသမီး အလုပ်ကိစ္စနဲ့ရောက်လာတယ်, သူမကိုမပျင်းအောင် ဧည့်ခံစကားပြောရင်း ကျမရဲ့ငယ်စဉ်ကအကြောင်းတွေ အကုန်ပြောပြ စကားဧည့်ခံနေမိတော့တယ်, သူမက တဖြေးဖြေး စိတ်ဝင်စားနားထောင်နေရာကနေ စဉ်းစားတဲ့ပုံစံမျိုးတွေနဲ့ စကားတွေထောက်လာတယ်,
သူမပြန်သွားပြီးချိန်မှာ ကျမဟာ စိတ်မသက်မသာနဲ့ ကျမကိုယ်ကျမ အပြစ်တင်ခံစားလာရတယ် တစ်ညနေလုံးပါပဲ ,
ဒီအပြစ်တင်မူ့က ပိုပိုဆိုးလာတော့ ငါ တစ်ခုခု စိတ်အပြောင်းအလဲလုပ်မှဆိုပြီး လျှောက်လုပ်ရာကနေ" ဪ ပြောပြီးသွားတဲ့ ကိစ္စကို ငါကသာ တမြေ့မြေ့ တွေးခံစားနေတာ သူမကဖြင့် ပြန်သွားလို့ ခေါင်းထဲတောင်ရှိမှာမဟုတ်တော့ဘူးလေ ဆိုတဲ့အတွေး ဝင်လာချိန်မှာ ကျမရဲ့ စားမြုံပြန်နေတဲ့အတွေးတွေကို ရပ်ပစ်နိုင်ခဲ့တယ်,ဒီတော့မှ ကျမလည်း စိတ်သက်သာရရသွားပါတော့တယ်,
ဒါကြောင့် ကျမတို့ဟာ ​စားမြုံပြန်နေတဲ့ စိတ်မသက်သာစေမဲ့ အကြောင်းတွေကို ရင်ဆိုင်ရပြီးဆိုရင် အဲဒီအတွေးတွေကို ရပ်ပစ်ရပါမယ်လို့ မျှဝေရင်း
ချစ်ခင်လေးစားစွာဖြင့်
လိူင်ခင်ခင်

ကိုယ့်အပေါ်လုပ်ရက်တဲ့ ချစ်ခင်ရသူတစ်ချို့ကြောင့် စိတ်ထိခိုက်သွားရချိန်မှာ ငိုကြွေးပစ်ဖ်ို့ကြိုးစားတော့လည်း မျက်ရည်ကျလို့မ...
01/05/2023

ကိုယ့်အပေါ်လုပ်ရက်တဲ့ ချစ်ခင်ရသူတစ်ချို့ကြောင့် စိတ်ထိခိုက်သွားရချိန်မှာ ငိုကြွေးပစ်ဖ်ို့ကြိုးစားတော့လည်း မျက်ရည်ကျလို့မရ စိတ်နာစိတ်ဆိုးဖို့ကြိုးစားတော့လည်း စိတ်နာစိတ်ဆိုးချင်စိတ်မရှိ, သူတို့အပေါ် အရင်လိုပြန်လည်ယုံကြည်ချစ်ခင်ချင်စိတ်လည်းမရှိတော့တဲ့စိတ်ထုံကြင်သွားတဲ့ခံစားချက်ကို ဥပေက္ခာပြုခံစားချက်လို့ ဆိုလေမလား
လိူင်ခင်ခင်

"ထိန်းချုပ်လို့ မရတာတွေကို အာရုံစိုက်မနေပါနဲ့ထိန်းချုပ်လို့ ရတာတွေကို အာရုံစိုက်လိုက်ပါ"ကျမတို့တွေပတ်ဝန်းကျင်ကလူတွေနဲ့ ပ...
27/01/2023

"ထိန်းချုပ်လို့ မရတာတွေကို အာရုံစိုက်မနေပါနဲ့
ထိန်းချုပ်လို့ ရတာတွေကို အာရုံစိုက်လိုက်ပါ"
ကျမတို့တွေပတ်ဝန်းကျင်ကလူတွေနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါ မိတ်ဆွေရင်းရဲ့အထင်လွှဲသွားတာတွေ အမြင်လွှဲသွားတာတွေ ရှိတတ်ကြပါတယ် , အဲဒီအခါမှာ ကျမတို့ တွေဟာ အဲဒီမိတ်ဆွေရင်းနဲ့ ပြန်လည်သင့်မြတ်ဖို့ အကြိမ်ကြိမ် ကြိုးစားကြရပါတယ် သို့သော်လည်း မိတ်ဆွေရင်းက ပြန်လည်မသင့်မြတ်မခင်မင်ချင်တော့တဲ့အခါ သူ့ဖက်ကို အာရုံစိုက်မနေပါနဲ့တော့,
တစ်ခုတလေမှာ ကျမတို့ ထိန်းချုပ်လို့မရတာတွေကို အာရုံစိုက်ရင်း အချိန်တွေကုန် ဝမ်းနည်းမူ့တွေနဲ့ အင်အားတွေကုန်ပါတယ်,
ဒါကြောင့် ကျမတို့တစ်ခြားထိန်းချုပ်လို့ ရမဲ့အရာတွေအတွက် မိတ်ဆွေသစ်တွေဖွဲ့ဖို့အတွက် အချိန်ပေး အာရုံစိုက်လိုက်ရင် ပိုအကျိုးကျေးဇူးရှိစေပါတယ်,
ကျမကတော့ ခုပဲ ထိန်းချုပ်လို့ရတဲ့အရာတွေဖက် အာရုံစိုက်လိုက်ပြီနော်.....
ချစ်ခင်စွာဖြင့်
လိူင်ခင်ခင်

"စိတ်ဓာတ်ကျနေရင် စိတ်ထိခိုက်ခံစားရရင် အသဲကွဲနေရင် ပြေး 🏃‍♀️ပါ"ကျမတို့ဟာ ရဟန္တာ မဟုတ်တဲ့ ပုထုဇဉ်စိတ်နဲ့နေထိုင်ကြရသူတွေမို...
13/01/2023

"စိတ်ဓာတ်ကျနေရင် စိတ်ထိခိုက်ခံစားရရင် အသဲကွဲနေရင် ပြေး 🏃‍♀️ပါ"
ကျမတို့ဟာ ရဟန္တာ မဟုတ်တဲ့ ပုထုဇဉ်စိတ်နဲ့နေထိုင်ကြရသူတွေမို့ မကြာခဏ စိတ်ဓာတ်ကျတတ် စိတ်ဒဏ်ရာရတတ် 💔အသဲကွဲတတ်ကြပါတယ်,
ဒီလို စိတ်သောကတွေနဲ့ ကြုံတွေ့ရင် မိမိနဲ့ရင်းနှီးတဲ့မောင်နှမသားချင်းနဲ့ဖြစ်စေ မိတ်ဆွေနဲ့ဖြစ်စေ ရင်ဖွင့်ပြောပြလိုက်ခြင်းဖြင့် သက်သာစေပါတယ်,
တရားထိုင်ခြင်းဖြစ်စေ မိမိယုံကြည်ကိုးကွယ်ရာ ဘုရားရှေ့မှာဖြစ်စေ တိုင်တည်ဆုတောင်းကြခြင်းဖြစ်စေ ဝေဒနာကို သက်သာပျောက်ကင်းအောင် ကုစားနိုင်ပါတယ်
အချိန်ကလည်း ကုစားသက်သာစေနိုင်ပါတယ်,
ခရီးထွက်ခြင်းဖြင့်လည်း ဝေဒနာကို ကုစားသက်သာစေနိုင်ပါတယ်,
ဒါပေမဲ့လည်းလေ ဒါတွေက ပြောတော့သာ လွယ်တာပါ ခံစားနေရသူအတွက်တော့ အရူးတစ်ပိုင်းပါပဲ,
ဒီလို အပူမီးတောက်လောင်နေတာကို ငြိမ်းဖို့ ကျမတို့ခန္ဓာကိုယ်ထဲ fire energy 🔥မီးဓာတ်ထွက်အောင် လုပ်ရပါမယ်,
တနည်းဆိုရင်တော့ ဒါကို solar plexus လို့ ​ခေါ်ပါတယ်,
အပူကိုအပူနဲ့ထိန်းတဲ့သဘောပေါ့နော်,
ဒီတော့ စိတ်ဒဏ်ရာရပြီး အသဲကွဲနေရင် ပြေးပါလို့ တိုက်တွန်းချင်ပါတယိ,
ပြေးခြင်းအပြင် ရေကူးခြင်း အားကစားလုပ်ခြင်း ကြိုးခုန်ခြင်းတို့ကို ချွေးထွက်မောပန်းသွားတဲ့အထိ လုပ်ပစ်လိုက်ပါ,
ကျမ စိတ်ထိခိုက်ခံရရင် အိပ်ရာထဲလဲပြီး ခေါင်းတွေကိုက် ဆံပင်တွေကျွတ်တဲ့အထိ ငိုယိုတွေးတောနေတတ်ပါတယ်,
ဒါပေမဲ့ ကျမက ဘယ်လောက်ပဲ ခေါင်းကိုက်ခွေခေါက်နေပါစေကျမငိုရင်း ထ ပြေးတယ် ရေကူးတယ် ယောဂလေ့ကျင့်ခန်းလုပ်တယ် လှလှပပလေးဓာတ်ပုံရိုက်တယ်,
ကျမတို့ကို ကုစားပေးနိုင်သူဟာ ကျမတို့ကိုယ်တိုင်သာလျှင်ဖြစ်တာမို့ မိမိကိုယ်သာ ကုစားကြရမှာပါ
ကျမကတော့ ထ ပြေးပြီတိုင်း ရောဂါ ပျောက်သွားတာပါပဲ,
ယူ တို့ရော စိတ်ညစ်နေရင် ထ သာ ပြေးပေတော့---
ချစ်ခြင်းများဖြင့်
လိူင်ခင်ခင်

"မိမိကို ခံစားစေတဲ့ ဝမ်းနဲမူ့ကို ပြုလုပ်သူထံပြန်ပေးလိုက်ပါ"ကျမတို့တွေ တစ်ခါတစ်ရံကြုံရတတ်တဲ့ ဝမ်းနဲအားငယ်မူ့တွေဟာမိမိကြော...
11/01/2023

"မိမိကို ခံစားစေတဲ့ ဝမ်းနဲမူ့ကို ပြုလုပ်သူထံပြန်ပေးလိုက်ပါ"
ကျမတို့တွေ တစ်ခါတစ်ရံကြုံရတတ်တဲ့ ဝမ်းနဲအားငယ်မူ့တွေဟာမိမိကြောင့်ဖြစ်စေ တစ်ပါးသူ့ကြောင့်ဖြစ်စေ ကြုံတွေ့ကြရတာများပါတယ် အသက်ကြီးလာလေ အထီးကျန်လာလေ ဘေးဖယ်ခံရလေ ချောင်ထိုးခံရလေပိုကြုံရတတ်ပါတယ်,
တစ်ပါးသူကြောင့်ဆိုတာက ကျမတို့အမှား ❌ ကြီးကြီးမားမားမလုပ်ရပါပဲ သူတို့ရဲ့တစ်ဖက်မှာအလိုမကျမိတဲ့အတ္တမာနကြောင့် ကျမတို့ကို ထိုးကျွေးလိုက်တာမျိုး သူတို့ရင်ထဲကနာကျင်မူ့ကို သက်သာစေဖို့ ကျမတို့ဖက် ဖွင့်ချပေါက်ကွဲပစ်လိုက်တာမျိုးတွေပေါ့,
ဒီအခါ ကျမတို့ဟာ အပစ်ခံလိုက်ရတယ် အပြောခံလိုက်ရတယ်ဆိုပြီး တစ်ယောက်ထဲ တစ်အုံအုံနွေးနွေးကြိတ်ခံစား
နေကြရမယ်, သူများကိုလည်းမဖွင့်ပြောရဲ သူများက တစ်ခြားတစ်ဖက်ကို မုန်းသွားမှာ မလိုလားတာရယ် ငါကလည်းငါပါပဲလေ ငါကမှမဟုတ်တာဆိုတဲ့ မိမိကိုယ်မိမိvitimအပြစ်မကင်းတဲ့သားကောင်အဖြစ် ပြောင်းတွေးပစ်တာမျိုးရယ်ကြုံရတတ်ပါတယ်,
ဟိုဖက်ကတော့ မသ်ိဘူးပေါ့ သူက လုပ်ခဲ့ပြီးလို့ ငြိမ်းနေစဉ်မှာ ကိုယ်ကတော့ သူပေးလိုက်တဲ့စိတ်ဒဏ်ရာကို သယ်ရင်း စိတ်ဓာတ်တွေကျ အစားတွေပျက် အလုပ်တွေပျက်,တစ်😢ငိုငို နဲ့ပေါ့
တန်လို့လား????
တန်လို့လား????
🙅‍♂️🙅‍♀️"နိုးပါ,
လုံးဝမတန်ပါဘူး,
သူပေးထားတဲ့ ဝေဒနာကို သူ့ကိုပြန်ပေးလိုက်ပါ,
တစ်ယောက်ထဲ သယ်ဆောင်မခံစားပါနဲ့, လူမသိသူမသိ 😢ငိုနေတာတွေ ရပ်လိုက်ပါ,
အသက်ရူသွင်းရူထုတ်လုပ်လိုက်ပါ
သပ်ရပ်ကြည့်ကောင်းအောင်ပြင်ဆင်ပါ,
သူ့ကို ယဉ်ကျေးသိမ်မွေ့စွာ ဆက်သွယ်ပါ
​အကျ်ိုးအ​ေကြာင်းကို လိမ္မာပါးနပ်စွာ မေးပါ
ကိုယ့်ခံစားချက်ကို အရိပ်အမြွက်ပြောလိုက်ပါ
ပြီးရင် သူပေးထားတဲ့ အရာ သူ့ဆီကို လှလှပပလေး ပြန်ပေးလိုက်ပါ,
ရပြီ,
ဒီလို လူမျိုးတွေကျမတို့ဘဝထဲက လက်လွတ်သွားလည်း ဝမ်းနဲစရာမရှိပါဘူးနော်
ကျမတို့ကို ချစ်နေမဲ့ နောက်တစ်ယောက်ဆိုတာ လောကကြီးရဲ့ ထောင့်တစ်ရောမှာ တကယ်ကို ရှိနေပါသေးတယ်,
ကျမတို့လွတ်မြောက်သွားပြီ,
ကဲ ယူတို့ရော ပြန်ပေးပြီးပီလား??
ကျမကတော့ ပြန်ပေးလိုက်ပြီ
ခု ကျမ ကျေနပ်နေတာ စိတ်လွတ်လပ်နေတာပေါ့,
ချစ်ခြင်းများစွာဖြင့်
လိူင်ခင်ခင်
(စကားမစပ်- တစ်ယောက်ထဲကြိတ်ခံစားဝမ်းနဲနေရတာကို အဖြေရချင်တာ တိုင်ပင်ချင်တာရှိရင် မက်စေ့မှာ သေချာရေးခဲ့ပေးပါ, ပထမ တိုင်ပင်ဆွေးနွေးမူ့မှာ မီနစ် ၃၀ free ဆက်ရှင်ပါ,)
​Thank you 🙏

Address


Opening Hours

Tuesday 11:00 - 17:00
Thursday 11:00 - 17:00

Telephone

+61478679939

Website

Alerts

Be the first to know and let us send you an email when Hlaing khinkhin & sharing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share