Pun Hlaing Clinics - North Dagon

Pun Hlaing Clinics - North Dagon Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pun Hlaing Clinics - North Dagon, Hospital, အမှတ်( ၃၄)၊ ဗန္ဒုလလမ်းသွယ်၊ ၄၅ရပ်ကွက်၊ ဗထူးဈေးအနီး၊မြောက်ဒဂုံမြို့နယ်https://goo. gl/maps/4HVsFmgsG88CXxo8A, Ranchi.

Pun Hlaing Clinics – North Dagon provides quality healthcare services, including Acute and Outpatient Care, Medical Check-Ups, Diagnostic Investigation Services, Hemodialysis, Chemotherapy and Pharmacy.

ပန်းလှိုင်ဆေးရုံများလုပ်ငန်းစု၏ 𝐒𝐭𝐚𝐟𝐟 𝐏𝐚𝐫𝐭𝐲 ပွဲလေး ရှိပါသဖြင့် ပန်းလှိုင်ဆေးခန်း (တော်ဝင်) နှင့် ပန်းလှိုင်ဆေးခန်း (မြော...
23/01/2026

ပန်းလှိုင်ဆေးရုံများလုပ်ငန်းစု၏ 𝐒𝐭𝐚𝐟𝐟 𝐏𝐚𝐫𝐭𝐲 ပွဲလေး ရှိပါသဖြင့် ပန်းလှိုင်ဆေးခန်း (တော်ဝင်) နှင့် ပန်းလှိုင်ဆေးခန်း (မြောက်ဒဂုံ)တို့ကို

📆၂၀၂၆ ခုနစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ (စနေနေ့) နေ့လည် (၂)နာရီမှ စပြီး ခေတ္တယာယီပိတ်ထားမည်ဖြစ်ပြီး

📆၂၀၂၆ ခုနစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ (တနင်္ဂနွေနေ့) တွင် ပုံမှန်ဆေးခန်းအချိန်များအတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

သင့်ကျန်းမာရေးနှင့်ပတ်သက်ပြီး အရေးကြီးသော ကိစ္စရပ်များရှိပါက ပန်းလှိုင်ဆေးရုံ၏ 𝐓𝐞𝐥𝐞 𝐇𝐞𝐚𝐥𝐭𝐡 𝐇𝐨𝐭𝐥𝐢𝐧𝐞 နံပါတ်ဖြစ်သော 𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟗 𝟗𝟓𝟓 သို့ ဆက်သွယ်နိုင်ပါသည်။

#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

🤗ယာဉ်ကြောပိတ်ဆို့မှုတွေကို စောင့်ဆိုင်းရတဲ့ အချိန်တွေ သက်သာစေဖို့ ပန်းလှိုင် (မြောက်ဒဂုံ) မှ သွေးစစ်တာကအစ အထူးကုဆရာဝန်ကြ...
21/01/2026

🤗ယာဉ်ကြောပိတ်ဆို့မှုတွေကို စောင့်ဆိုင်းရတဲ့ အချိန်တွေ သက်သာစေဖို့ ပန်းလှိုင် (မြောက်ဒဂုံ) မှ သွေးစစ်တာကအစ အထူးကုဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးတာအထိ ပန်းလှိုင်ဆေးရုံရဲ့ ဝန်ဆောင်မှုအားလုံးကို ရရှိနိုင်ပါပြီ။ ပန်းလှိုင် (မြောက်ဒဂုံ) ရဲ့ အဆင့်မြင့် ကျန်းမာရေးစောင့်ရှောက်မှုတွေကို အခုပဲ ဖုန်းဆက်ပြီး ကြိုတင်ရက်ချိန်းရယူလိုက်ပါ။

ဆေးခန်းရက်ချိန်းရယူရန် -

🏥 ပန်းလှိုင်ဆေးခန်း - မြောက်ဒဂုံ
အမှတ် (၃၄)၊ ခွာညိုလမ်း (ဗထူးလမ်းနှင့် မဟာဗန္ဓုလလမ်းအနီး)၊ (၄၅) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
𝐌𝐚𝐩𝐬 - https://maps.app.goo.gl/1gMAH1eBSnWAZy826
📲 𝐌𝐨𝐛𝐢𝐥𝐞 - 𝟎𝟗 𝟖𝟖𝟐 𝟔𝟎 𝟑𝟖𝟔𝟔 (ဆေးခန်းဖွင့်ချိန်အတွင်းသာ ဆက်သွယ်ရန်)
📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟕𝟕𝟐 𝟖𝟖 𝟗𝟗 𝟐𝟐 (ဆေးခန်းဖွင့်ချိန်အတွင်းသာ ဆက်သွယ်ရန်)

#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

🎗️💚သားအိမ်ခေါင်းကင်ဆာ ကြိုတင်ကာကွယ်ပါ။ နှစ်စဉ် ဇန်နဝါရီလဟာ သားအိမ်ခေါင်းကင်ဆာဂရုပြုလ (𝐂𝐞𝐫𝐯𝐢𝐜𝐚𝐥 𝐂𝐚𝐧𝐜𝐞𝐫 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 𝐌𝐨𝐧𝐭𝐡) ဖ...
20/01/2026

🎗️💚သားအိမ်ခေါင်းကင်ဆာ ကြိုတင်ကာကွယ်ပါ။
နှစ်စဉ် ဇန်နဝါရီလဟာ သားအိမ်ခေါင်းကင်ဆာဂရုပြုလ (𝐂𝐞𝐫𝐯𝐢𝐜𝐚𝐥 𝐂𝐚𝐧𝐜𝐞𝐫 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 𝐌𝐨𝐧𝐭𝐡) ဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာသည် ကြိုတင်ကာကွယ်နိုင်သော ကင်ဆာရောဂါဖြစ်ပြီး စောစီးစွာတွေ့ရှိထားပါက ပျောက်ကင်းအောင် ကုသနိုင်သောရောဂါဖြစ်ပါတယ်။
🦠အဓိကအားဖြင့်လိင်ဆက်ဆံရာမှ တဆင့်ကူးစက်ပြန့်ပွားတတ်သော 𝐇𝐮𝐦𝐚𝐧 𝐏𝐚𝐩𝐢𝐥𝐥𝐨𝐦𝐚 𝐕𝐢𝐫𝐮𝐬 (𝐇𝐏𝐕) ပိုးကြောင့်ဖြစ်ပွားလေ့ရှိပါတယ်။
ဘယ်လိုရောဂါလက္ခဏာတွေပြတတ်လဲ❓
သားအိမ်ခေါင်းကင်ဆာဟာ ရောဂါအမြစ်တွယ်လာဖို့အတွက် နှစ်ကြာမြင့်တတ်ပြီးအစောပိုင်းမှာ ရောဂါလက္ခဏာပြလေ့မရှိပါဘူး။ ရောဂါလက္ခဏာပြသူအချို့မှာတော့~
📌မိမိ ရာသီစက်ဝန်းမတိုင်ခင်ကြားတွင် မိန်းမကိုယ်မှပုံမှန်ထက်ပိုပြီး သွေးများဆင်းခြင်း
📌လိင်ဆက်ဆံလျှင်မခံမရပ်နိုင်အောင်နာကျင်ခြင်း၊ သွေးများဆင်းခြင်း
📌သွေးဆုံးပြီးသော အမျိုးသမီးများတွင် မိန်းမကိုယ်မှသွေးပြန်ဆင်းခြင်း
📌မိန်းမကိုယ်မှအနံ့ဆိုးသောအရည်များဆင်းခြင်း
📌တင်ပဆုံနှင့်ခါးပိုင်းနာကျင်မှုဖြစ်ခြင်း
📌ဆီးသွားချင်စိတ်မကြာခဏဖြစ်ခြင်း
📌ကိုယ်အလေးချိန်လျော့ကျခြင်း စတဲ့ လက္ခဏာများတွေ့ ရ လေ့ရှိတတ်ပါတယ်။

🛡ဘယ်လိုကာကွယ်ကြမလဲ❓
📌မိန်းကလေးများ အသက် (၉) နှစ်မှစ၍ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်း (𝐇𝐏𝐕 𝐕𝐚𝐜𝐜𝐢𝐧𝐞)
📌သားအိမ်ခေါင်းကင်ဆာပုံမှန်စစ်ဆေးခြင်း (𝐇𝐮𝐦𝐚𝐧 𝐏𝐚𝐩𝐢𝐥𝐥𝐨𝐦𝐚 𝐕𝐢𝐫𝐮𝐬 (𝐇𝐏𝐕) ပိုးရှိမရှိစစ်ဆေးခြင်းနှင့် သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း (𝐏𝐚𝐩 𝐒𝐦𝐞𝐚𝐫 𝐓𝐞𝐬𝐭)) တို့ကိုပုံမှန်ပြုလုပ်ခြင်းသည် သားအိမ်ခေါင်းကင်ဆာကာကွယ်ရာမှာအရေးကြီးပြီး ကင်ဆာမဖြစ်ခင်အဆင့်ကိုကြိုတင် ရှာဖွေတွေ့ရှိနိုင်ပြီး အချိန်မီကုသနိုင်မှာပဲဖြစ်ပါတယ်။

☀️သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်း (𝐏𝐚𝐩 𝐒𝐦𝐞𝐚𝐫 𝐓𝐞𝐬𝐭) နဲ့ ကာကွယ်ဆေးထိုးနှံခြင်း (𝐇𝐏𝐕 𝐕𝐚𝐜𝐜𝐢𝐧𝐞) တို့ပြုလုပ်လိုပါက ပန်းလှိုင်ဆေးရုံနဲ့ ဆေးခန်းတွေမှာ လာရောက် စစ်ဆေးထိုးနှံနိုင်ပါတယ်။

#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

Healthy Relationship  At Work ဆိုသည်မှာ မိမိပတ်ဝန်းကျင်မှ အခြားသူများနှင့် အပြန်အလှန်ဆက်သွယ်မှုများအားလုံးကို ဆိုလိုပါတယ...
11/01/2026

Healthy Relationship At Work ဆိုသည်မှာ မိမိပတ်ဝန်းကျင်မှ အခြားသူများနှင့် အပြန်အလှန်ဆက်သွယ်မှုများအားလုံးကို ဆိုလိုပါတယ် ... လူတိုင်းအတွက် လုပ်ငန်းခွင်အတွင်း ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ Healing အတွက် မရှိမဖြစ် လိုအပ်သော အခန်းကဏ္ဍမှ ပါဝင်ပါပြီး Healthy Relationship At Work ကို အထောက်အပံ့ပေးရာတွင်လည်း အဓိက အစိတ်အပိုင်း (3) ခု ပါဝင်နေပါတယ်.....

🟡ပထမအနေဖြင့် 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐢𝐬𝐭 များဖြင့်ပွင့်လင်းလင်း ဆွေးနွေးခြင်းသည် အရေးကြီးပီး သင့်ရဲ့ စိတ်ခံစားချက်များနှင့် ကုသမှုဆိုင်ရာအတွက် စိုးရိမ်ပူပန်မှုများကို ဖွင့်ဟခြင်းအားဖြင့် သင့်အတွက် အကောင်းဆုံး ကုသမှုလမ်းကြောင်းကို ချမှတ်နိုင်မည်ဖြစ်ပြီး၊ သူတို့အပေါ် ယုံကြည်မှု ထားရှိခြင်းက ကုသမှုကို စိတ်ချလက်ချ ခံယူနိုင်စေပါသည်။

🟡 ဒုတိယအနေဖြင့်၊ မိသားစုနှင့် သူငယ်ချင်းများ ထံမှ နားလည်မှု၊ အားပေးမှုနှင့် လက်တွေ့ကျသော အကူအညီများ ရယူခြင်းသည် အထီးကျန်မှုနှင့် စိတ်ဓာတ်ကျခြင်းမှ ကာကွယ်ပေးသည်။ သင့်စိတ်ထဲမှ ဖိစီးမှုများကို ချစ်ခင်သူများဖြင့် မျှဝေခြင်းက စိတ်ပေါ့ပါးမှုကို ရရှိစေသည်။

🟡တတိယနှင့် အရေးကြီးဆုံးမှာ မိမိကိုယ်ကိုယ်နှင့် ဆက်ဆံရေး ဖြစ်သည်။ မိမိ၏ ခံစားချက်များကို နားလည်လက်ခံပြီး ကိုယ့်ကိုယ်ကို သနားကြင်နာမှု ထားရှိခြင်းက မရှိမဖြစ်လိုအပ်သည်။ Self-Care (မိမိကိုယ်ကို ဂရုစိုက်မှု) ဖြင့် ခန္ဓာကိုယ်နှင့် စိတ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းသည် ရေရှည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အခရာကျပါသည်။

ဆက်ဆံရေးများကို ခိုင်မာစွာ တည်ဆောက်ခြင်းအားဖြင့်၊ ဖိစီးမှုများကြားတွင် စိတ်ပိုင်းဆိုင်ရာ ခွန်အားနှင့် ပိုမိုကောင်းမွန်သော ကျန်းမာရေးရလဒ်များ ရရှိနိုင်မည် ဖြစ်ပါသည်။🌿​

#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞 #𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞 #အားလုံးယုံကြည်ရွေးချယ်ရာပန်းလှိုင်ဆေးရုံ

သင်ကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ခြင်း၊ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်ခြင်း နှင့် မိမိ၏ စိတ်ခံစားမှုများကို...
09/01/2026

သင်ကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ခြင်း၊ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်ခြင်း နှင့် မိမိ၏ စိတ်ခံစားမှုများကို မထိန်းချုပ်နိုင်ခြင်းမျိုး ခံစားနေရပါသလား.......😅😅😅

ပုံမှန်အားဖြင့် ရေရှည်ဆေးဝါးစွဲ ခြင်း ၊ ဖိစီးမှုကြောင့် မောပန်းနွမ်းနယ်ခြင်း စသည့် ကျန်းမာရေး ပြဿနာများကို ရင်ဆိုင်နေရသောအခါ ကြောက်ရွံ့ခြင်း၊ စိတ်ပျက်ခြင်းနှင့် မိမိကိုယ်ကို သံသယဝင်ခြင်း စသည့် စိတ်ခံစားမှု မုန်တိုင်းများကို တစ်ယောက်တည်း ခံစားရနိုင်ပါတယ် ........🎋🎋🎋​

ဒါပေမယ့်လည်း အနာကျက်ခြင်းနှင့် ပိုမိုကောင်းမွန်သော ရလဒ်များကို ဆေးဝါးဖြင့်တည်းဖြင့်စတင်နိုင်သည်မဟုတ်ပါ ၊၊☘️ Health Relationship at work☘️ ကိုတည်ဆောက်ခြင်းသည်လည်း စိတ်ခွန်အားဖြစ်စေနိုင်ပါတယ် ...... 💪💪💪
#အားလုံးယုံကြည်ရွေးချယ်ရာပန်းလှိုင်ဆေးရုံ
#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

📍 နာတာရှည် ဒူးနာသူများ📍 အရိုးပွခြင်းကြောင့် ဒူးနာသူများ📍 ထိခိုက်ဒဏ်ရာရရှိသူများ📍 ထိခိုက်နာကျင်ခြင်း ခံစားရလေ့ရှိသော အားက...
06/01/2026

📍 နာတာရှည် ဒူးနာသူများ
📍 အရိုးပွခြင်းကြောင့် ဒူးနာသူများ
📍 ထိခိုက်ဒဏ်ရာရရှိသူများ
📍 ထိခိုက်နာကျင်ခြင်း ခံစားရလေ့ရှိသော အားကစားသမားများ
📍 ဒူးဆစ်၊ တင်ပါးဆုံဆစ် အစားထိုးကုသရန် လိုအပ်သူများအနေဖြင့် ပန်းလှိုင်ဆေးရုံ - လှိုင်သာယာမှာ နိုင်ငံခြားသို့ သွားရောက်စရာ မလိုဘဲ ဈေးနှုန်းသင့်တင့်စွာနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်ကနေ ဇန်နဝါရီလ ၁၈ ရက်နေ့အတွင်း စင်ကာပူနိုင်ငံ 𝐌𝐨𝐮𝐧𝐭 𝐄𝐥𝐢𝐳𝐚𝐛𝐞𝐭𝐡 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥𝐬 မှ အရိုးအကြောအဆစ်နှင့် ထိခိုက်ဒဏ်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီး 𝐃𝐫 𝐒𝐚𝐫𝐛𝐣𝐢𝐭 𝐒𝐢𝐧𝐠𝐡 နဲ့ တိုင်ပင်ဆွေးနွေးကုသနိုင်မှာဖြစ်လို့ မြန်မြန် ကြိုတင်ဘိုကင်တင်ထားလိုက်တော့နော်။

👉 ကြိုတင်ရက်ချိန်းရယူရန် 👈
🏥 ပန်းလှိုင်ဆေးရုံ - လှိုင်သာယာ
ပန်းလှိုင်အိမ်ရာ၊ စက်မှုဇုန်မှတ်တိုင်အနီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
𝐌𝐚𝐩𝐬 – https://maps.app.goo.gl/RqeFLxvK7tFj63fm7
📲 𝐌𝐨𝐛𝐢𝐥𝐞 - 𝟎𝟗 𝟒𝟐𝟏 𝟎𝟒𝟐 𝟔𝟕𝟗 (ရုံးချိန်အတွင်းသာ ဆက်သွယ်ရန်)
📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟕𝟕𝟐 𝟖𝟖 𝟗𝟗 𝟐𝟐 (၂၄ နာရီအချိန်မရွေး ဆက်သွယ်ရန်)

#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

01/01/2026

🎊နှစ်သစ်ကူးဆုတောင်း 🎊

နှစ်သစ်ကူးအချိန်အခါမှစ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး လုပ်ငန်းများ တိုးတက်အောင်မြင်ကြပါစေကြောင်း ပန်းလှိုင်ဆေးရုံ မိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#အားလုံးယုံကြည်ရွေးချယ်ရာပန်းလှိုင်ဆေးရုံပါ
#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

လစဉ်ဝင်ငွေ ၅ သိန်းရှိရုံနဲ့ လျှောက်ထားနိုင်မယ့် Medical loan မမြင်ရတဲ့ ကျန်းမာရေးအန္တရာယ်တွေကို ကြိုတင်ကာကွယ်နိုင်ဖို့ M...
28/12/2025

လစဉ်ဝင်ငွေ ၅ သိန်းရှိရုံနဲ့ လျှောက်ထားနိုင်မယ့် Medical loan

မမြင်ရတဲ့ ကျန်းမာရေးအန္တရာယ်တွေကို ကြိုတင်ကာကွယ်နိုင်ဖို့ Medical Check-up လုပ်ဖို့ လိုအပ်ပါတယ်။ ဒီလို Medical Check-up လုပ်ဖို့အတွက် ငွေကြေးအခက်အခဲ စိုးရိမ်နေသူတွေအတွက် A bank Medical Loan ရှိနေပါပြီ။

လစဉ်ဝင်ငွေ (၅) သိန်း ရှိရုံနဲ့ ပန်းလှိုင်ဆေးရုံ မှ Medical Check-up ဝန်ဆောင်မှုတွေကို (၃) လ၊ (၆) လ၊ (၉) လ၊ (၁) နှစ် စတဲ့ မိမိနှစ်သက်ရာ ကာလအလိုက် အရစ်ကျ စနစ်နဲ့ ရယူနိုင်ပါတယ်။

Medical Loan နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုရင်ဖြစ်စေ၊ ဝန်ဆောင်မှုရယူလိုရင်ဖြစ်စေ၊ A bank ဘဏ်ခွဲတွေကို လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်။

အသေးစိတ်အချက်အလက်များ -http://bit.ly/3ZWp5ke



25/12/2025

🎄🎅𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐒𝐞𝐚𝐬𝐨𝐧 လေးမှာ ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုရဲ့ ဆရာဝန်များ ဆရာဆရာမများ၊ ကျန်မာရေးဝန်ထမ်းများနဲ့ လူနာများပါမကျန် နွေးထွေးတဲ့ ပတ်ဝန်းကျင်၊ ချစ်ခြင်းမေတ္တာတွေနဲ့အတူ 𝐈𝐥𝐥𝐧𝐞𝐬𝐬 မှ 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 သို့ လျှောက်လမ်းနိုင်ဖို့အတွက် နွေးထွေးမှုတွေနဲ့လွှမ်းခြုံနေတဲ့ ပျော်ရွှင်ကြည်နူးစရာ ပုံရိပ်တွေကို ထပ်တူခံစားရနိုင်စေဖို့အတွက် မျှဝေလိုက်ပါတယ်။

✨ ပျော်ရွှင်စရာ ခရစ္စမတ်အခါသမယမှာ ချစ်ရတဲ့မိသားစုဝင်တွေနဲ့အတူ လှပတဲ့ အမှတ်တရလေးတွေ ဖန်တီးနိုင်ပါစေလို့လည်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ✨✨

𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬! 🎄🎁

#𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐟𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

25/12/2025

Merry Christmas🎄🌲🎄

ပျော်ရွှင်စရာ ခရစ္စမတ် အချိန်အခါသမယလေးမှာ မိဘပြည်သူများအားလုံး စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး လိုအင်တွေပြည်စုံကြပါစေလို့ ပန်းလှိုင်ဆေးရုံ မှ ဆုမွန်ကောင်းပို့သလိုက်ရပါတယ်။🎅

#အားလုံးယုံကြည်ရွေးချယ်ရာပန်းလှိုင်ဆေးရုံ

#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

🏥ပန်းလှိုင်အထူးကုဆေးခန်း - မြောက်ဒဂုံရဲ့ “ကျန်းမာရေး မေးမယ် ဖြေမယ်” အစီအစဉ်ရဲ့  ဖုန်းဘေလ်လက်ဆောင် ကံထူးရှင်များ ထွက်ပေါ်...
24/12/2025

🏥ပန်းလှိုင်အထူးကုဆေးခန်း - မြောက်ဒဂုံရဲ့ “ကျန်းမာရေး မေးမယ် ဖြေမယ်” အစီအစဉ်ရဲ့ ဖုန်းဘေလ်လက်ဆောင် ကံထူးရှင်များ ထွက်ပေါ်လာပါပြီ။ ✨✨

ကံထူးရှင်များအာလုံး Congratulations ပါလို့ ပြောကြားရင်း ဒီအစီအစဉ်လေးမှာ တက်ကြွစွာပါ၀င်ပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကို အထူးပင်ကျေးဇူးတင်ရှိတယ်။

ပုံမှာ ဖေါ်ပြထားတဲ့ ကံထူးရှင်များက Page Cb မှာလာရောက်ပြီး မိမိတို့ရဲ့ Facebook အကောင့်အမည်နဲ့ ဖုန်းနံပါတ် ပေးခဲ့ပါနော်။ ပန်းလှိုင်ဆေးရုံမှ ပြန်လည် ဆက်သွယ်ပြီး ဖုန်းဘေလ်လက်ဆောင် များကို တစ်ပတ်အတွင်း ပေးသွားမှာ ဖြစ်ပါတယ်။

#အားလုံးယုံကြည်ရွေးချယ်ရာပန်းလှိုင်ဆေးရုံပါ
#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐂𝐚𝐫𝐞

Address

အမှတ်( ၃၄)၊ ဗန္ဒုလလမ်းသွယ်၊ ၄၅ရပ်ကွက်၊ ဗထူးဈေးအနီး၊မြောက်ဒဂုံမြို့နယ်https://goo. Gl/maps/4HVsFmgsG88CXxo8A
Ranchi

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959882603866

Alerts

Be the first to know and let us send you an email when Pun Hlaing Clinics - North Dagon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Pun Hlaing Clinics - North Dagon:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category