Jue Jue’s Safe Space

Jue Jue’s Safe Space -Founder, Jue Jue’s Safe Space
-Lecturer, University of Hawaiʻi
-Licensed Social Worker, Queen’s Medical Center, Honolulu, Hawaiʻi

ဒီအပတ်ရဲ့ Friday LIVE အစီအစဉ်လေးမှာတော့ “စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနည်း” ဆိုတဲ့ ခေါင်းစဉ်ကို Jue Jue’s Safe Space...
05/12/2025

ဒီအပတ်ရဲ့ Friday LIVE အစီအစဉ်လေးမှာတော့ “စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနည်း” ဆိုတဲ့ ခေါင်းစဉ်ကို Jue Jue’s Safe Space မှ intern အဖြစ်ပါဝင်နေတဲ့ ဆရာမ ဝင်းပပအောင် နဲ့ Jue Jue’s Safe Space မှ Dr သည်းသု တို့က ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင်။

စိတ်ဖိစီးမှု STRESS ဆိုတာ လူသားဖြစ်နေသ၍ မဖြစ်မနေရင်ဆိုင်ကြုံတွေ့ရမယ့် ခန္ဓာကိုယ်က သတိပေးချက်ဖြစ်ပါတယ်။ စိတ်ဖ.....

အားလုံးပဲ မင်္ဂလာပါရှင်ဒီအပတ်ရဲ့ Friday LIVE အစီအစဉ်လေးမှာတော့ “စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနည်း” ဆိုတဲ့ ခေါင်းစဉ်က...
03/12/2025

အားလုံးပဲ မင်္ဂလာပါရှင်

ဒီအပတ်ရဲ့ Friday LIVE အစီအစဉ်လေးမှာတော့ “စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနည်း” ဆိုတဲ့ ခေါင်းစဉ်ကို Jue Jue’s Safe Space မှ internship အဖြစ်ပါဝင်နေတဲ့ ဆရာမ ဝင်းပပအောင် နဲ့ Jue Jue’s Safe Space မှ Dr သည်းသု တို့က ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင်။

ကျွန်မတို့ရဲ့ Friday LIVE Programကို Jue Jue’s Safe Space ရဲ့ Youtube Channel မှာ အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်သွားမှာဖြစ်လို့ Subscribe မလုပ်ရသေးရင် အခုပဲ လုပ်ထားလိုက်ဖို့ မမေ့ပါနဲ့ရှင်။
Jue Jue’s Safe Space YouTube Channel- www.youtube.com/

စိတ်ဖိစီးမှု STRESS ဆိုတာ လူသားဖြစ်နေသ၍ မဖြစ်မနေရင်ဆိုင်ကြုံတွေ့ရမယ့် ခန္ဓာကိုယ်က သတိပေးချက်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုက အမြဲတမ်းဆိုးနေတဲ့အရာမဟုတ်သလို မှန်ကန်တဲ့နည်းလမ်းနဲ့ ကိုင်တွယ်မယ်ဆိုရင် အကျိုးဖြစ်စေပါတယ်။ ဒါပေမယ့် အချိန်မီသတိမပြုမိရင် စိတ်ဖိစီးမှုက ကျွန်မတို့ကို အလွန်အမင်းဖိအားတွေဖြစ်စေပြီး စိတ်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီအပါတ်မှာ stress တွေကိုမဖြေရှင်းရင် ဘာတွေဖြစ်လာနိုင်မလဲ၊ စိတ်ဖိစီးမှုဖြေရှင်းရာမှာ အရေးပေါ်နည်းလမ်းများကဘာတွေဖြစ်မလဲ၊ လူတိုင်းအတွက်အသုံးဝင်တဲ့မိမိကိုယ်ကိုဂရုစိုက်နည်းများ နှင့် boundary ချမှတ်ခြင်း နယ်နမိတ်သတ်မှတ်ခြင်းရဲ့ အကျိုးများ စတာတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

Jue Jue’s Safe Spaceရဲ့ Follower များအနေနဲ့လည်း ဒီအစီအစဉ်လေးမှာ သိချင်တာ မေးမြန်းချင်တာတွေရှိရင် ပါဝင်ဆွေးနွေးဖို့ မေးခွန်းလေးတွေ ပို့လို့ ရသလို ကိုယ်တိုင်စောင့်ကြည့် ဝင်ရောက်ဆွေးနွေးဖို့လည်း အားလုံးကို ဖိတ်ခေါ်ပါတယ်။

Live မှာ ပါဝင်ဆွေးနွေးပေးသွားမယ့်သူတွေကတော့ ဆရာမ ဝင်းပပအောင် နဲ့ Jue Jue's Safe Space က ဒေါက်တာသည်းသု တို့က ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

ရက်စွဲ : ၅.၁၂.၂၀၂၅ (သောကြာနေ့)
အချိန် : ည( ၈ ) နာရီ (မြန်မာစံတော်ချိန်)
Live ပြုလုပ်မည့်နေရာ - Jue Jue’s Safe Space YouTube Channel

မေးမြန်းချင်တာတွေ ၊ သိလိုတာတွေရှိရင် comment မှာရေးပေးလို့ရသလို Chat Box မှာလည်း ကြိုတင်မေးခွန်းများပို့ကာ မေးမြန်းထားနိုင်ပါတယ်။

မင်္ဂလာပါရှင်။ Jue Jue's Safe Space နဲ့ MAP Foundation တို့ရဲ့ ပူးပေါင်းတင်ဆက်မှုဖြစ်တဲ့ "လုံမေ့ခွန်အား" ရေဒီယိုအသံလွှင့...
30/11/2025

မင်္ဂလာပါရှင်။
Jue Jue's Safe Space နဲ့ MAP Foundation တို့ရဲ့ ပူးပေါင်းတင်ဆက်မှုဖြစ်တဲ့ "လုံမေ့ခွန်အား" ရေဒီယိုအသံလွှင့်အစီအစဉ်လေးကို MAP Radio FM 102.5 MHz နဲ့ MAP Radio page တို့မှာ အပတ်စဉ် ကြာသပတေးနေ့တိုင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ထုတ်လွှင့်တင်ဆက်ပေးနေပါတယ်ရှင်။
ဒီတစ်ပတ်တင်ဆက်သွားမှာကတော့ “အလေ့အကျင့်ကောင်းများဖြင့်ဘဝကိုတည်ဆောက်ခြင်း” ဆိုတဲ့ ခေါင်းစဉ် ကို တင်ဆက်သွားမှာပါ။အလေ့အကျင့်ဆိုတာက စွဲမြဲစွာ လုပ်ဆောင်တာကို ပြောတာပါ။ သာမာန်အား ဖြင့်ကောင်းတဲ့အလေ့အကျင့်တွေဖြစ်တဲ့ အချိန်တိကျတာ၊ ကျန်းမာရေးလိုက်စားတာ ၊ စာဖတ်အား ကောင်းတာ၊ ဘာသာတရားကိုင်းရှိုင်းတာ၊ ငွေစုတာ ၊ သန့်ရှင်းသပ်ရပ်စွာနေထိုင်တာ ၊ အခက်အခဲဖြစ်နေတဲ့ လူတွေကို ကူညီပေးတာမျိုးတွေပါဝင်ပါတယ်။ မကောင်းတဲ့ အလေ့အကျင့်များ က အလွယ်တကူ တည်ဆောက်နိုင်သလို ပျက်စီးဖို့ကျခက်ခဲလွန်းပေမယ့် ကောင်းတဲ့အလေ့အကျင့်များ ကတော့ ခဲရာခဲဆစ် ကြိုးစားတည်ဆောက်ရပြီး စိတ်ဓါတ်ခွန်အား မခိုင်မာပါက အလွယ်တကူ ပျက်စီးစေပါတယ်။ ခုလိုအချိန်မျိုးမှာ စိန်ခေါ်မှုအမျိုးမျိုးရင်ဆိုင်ကြုံတွေ့နေရတဲ့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝနေ့ရက်တွေကို ကောင်းမွန်သော အလေ့အကျင့်ကောင်းများနဲ့ ဘယ်လိုရှင်သန်နေထိုင်သင့်သလဲ ဆိုတဲ့ အကြောင်းအရာများကို ပြောကြားပေးသွားမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာပြည်သူတွေ၊ ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူတွေ၊ အထူးသဖြင့်အမျိုးသမီးနဲ့ မိန်းကလေးတွေအတွက် "လုံမေ့ခွန်အား" အစီအစဉ်လေးက စိတ်ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဆောင်းပါးတွေ၊ စိတ်ဝင်စားစရာဗဟုသုတတွေ၊ အမေးအဖြေတွေ၊ ရင်ဖွင့်ပေးစာကဏ္ဍတွေ တင်ဆက်ပေးသွားမှာဖြစ်လို့ နားဆင်အားပေးဖို့အတွက် ဖိတ်ခေါ်လိုက်ရပါတယ်။ရွေ့ပြောင်းအလုပ်သမားများနဲ့ အမျိုးသမီးများကို စိတ်ဓာတ်ခွန်အား ပေးလိုတဲ့ ပေးစာများကို ဖတ်ပြပေးသွားမယ့် အစီအစဉ်လည်း ထည့်သွင်းထားတာမို့လို့ ပေးစာပေးပို့လိုသူများ အနေနဲ့လည်း JJSS Page ကိုဖြစ်စေ MAP Radio FM 102.5 MHz Page ကိုဖြစ်စေ ပေးပို့နိုင်ပါတယ်ရှင်။
ထိုင်းနိုင်ငံအတွင်းက ပြည်သူတွေအနေနဲ့ ဒီအစီအစဉ်လေးကို နားထောင်အားပေးချင်တယ်ဆိုရင် (၄.၁၂.၂၀၂၅) ကြာသပတေးနေ့၊ နေ့လည် ၁ နာရီမှာ FM 102.5 MHz ကို ဖမ်းယူပြီး နားသောတဆင်နိုင်သလို တခြားနိုင်ငံက လူတွေအနေနဲ့ MAP Radio ရဲ့ pageဖြစ်တဲ့ MAP Radio- FM 102.5 MHz မှာလည်း နားသောတဆင်လို့ ရပါတယ်ရှင်။
ဒီတစ်ပတ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ “အလေ့အကျင့်ကောင်းများဖြင့်ဘဝကိုတည်ဆောက်ခြင်း” ဆိုတဲ့ အစီအစဉ်ကို လာမယ့် ဒီဇင်ဘာ (၄) ရက်၊ ကြာသပတေးနေ့ ထိုင်းအချိန် နေ့လည် (၁) နာရီမှာ ဖမ်းယူနားဆင်နိုင်မှာ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ရှင်။

Internship ၃လပြီးတဲ့အခါ အလုပ်သင်ကာလအတွင်းထူးချွန်သူကို ဆက်လက်ပြီးအလုပ်တွေခန့်ပေးနေတဲ့အပြင် ဘယ်နေရာမှာမဆို ချက်ခြင်းအလုပ်...
30/11/2025

Internship ၃လပြီးတဲ့အခါ အလုပ်သင်ကာလအတွင်းထူးချွန်သူကို ဆက်လက်ပြီးအလုပ်တွေခန့်ပေးနေတဲ့အပြင် ဘယ်နေရာမှာမဆို ချက်ခြင်းအလုပ်ဝင်နိုင်အောင်သင်ကြားလေ့ကျင့်ပေးတဲ့ Jue Jue’s Safe Space ရဲ့three months Internship Opportunity။ စိတ်ဝင်စားရင် Due Date: ဒီဇင်ဘာလ (၁၀)ရက်နေ့မတိုင်ခင် လျှောက်ဖို့ ဖိတ်ခေါ်ပါတယ်။

Jue Jue's Safe Space ရဲ့ Internship Program ကဆိုရင် Batch (9) အထိပြီးသွားပြီဖြစ်ပြီး ထူးချွန်သူများကိုလည်းမွေးထုတ်ပေကာ လက်တွဲလုပ်ကိုင်လျက်ရှိပါတယ်။ စိတ်ကျန်းမာရေးဆိုင်ရာပညာရပ်ကို စနစ်တကျ လေ့လာသင်ယူချင်တယ်၊ သီအိုရီအရတွင်မကဘဲ လက်တွေ့မှာပါ မိမိရဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွင်း ပြန်လည်အသုံးပြုနိုင်မယ့်နည်းလမ်းကောင်းတွေ လေ့လာသင်ယူချင်တယ်၊ လုပ်ငန်းခွင်အတွေ့အကြုံတွေသင်ယူ လိုပါက Jue Jue’s Safe Space ရဲ့ ၃လတာ Internship Program ကိုလျှောက်ထားလိုက်ပါ။

အစကောင်းမှအနှောင်းသေချာမယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း ခက်ခဲနက်နဲတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပညာရပ်တွေကို လေ့လာလိုက်စားချင်ရင် သင်ကြားရေးမှာရောကုစားရေးမှာပါ တတ်ကျွမ်းတဲ့ လိုင်စင်ရစိတ်ကျန်းမာရေး ပညာရှင် ဆရာမဂျူဂျူးဦးစီးတည်ထောင်ထားတဲ့ Jue Jue’s Safe Space မှာလာရောက်လေ့လာလိုက်စားဖို့ဖိတ်ခေါ်ပါရစေ။

Internship Program လျှောက်ထားလိုသူများသည် ဒီဇင်ဘာလ (၁၀) ရက်နေ့နောက်ဆုံးထားပြီး Jue Jue’s Safe Space၏ Facebook Chat Box (သို့) info@juejuessafespace.org သို့ မိမိCV, လျှောက်ထားလိုသော အကြောင်းအရင်းကိုရေးသားပေးပို့ကာ လျှောက်ထားနိုင်ပါပြီ။ Interview အား ဒီဇင်ဘာလ(၁၀)ရက်နေ့မှ (၁၆)ရက် နေ့အတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာလ (၁၆)ရက်နေ့နောက်ပိုင်းတွင် ရွေးချယ်ခံရသူများကို ကြေညာပေးသွားမည်ဖြစ်ပါတယ်။ Internship Program မှာဆိုရင် Intern Position အနေဖြင့် Intern အလုပ်သင် (၄) ဦး ခေါ်ယူသွားမှာဖြစ်ပါတယ်။ ထူးချွန်သူ (၄) ဦးကို ရွေးချယ်ကာ ဇန်နဝါရီလမှ မတ်လအထိ ၂၀၂၆ ခုနှစ် (၃)လ တာ Jue Jue's Safe Space နှင့်အတူ လုပ်ငန်းအတွေ့အကြုံတွေ၊ စိတ်ကျန်းမာရေး လုပ်ငန်းဆောင်တာတွေအပြင် အခြားသော အတွေ့အကြုံအသစ်တွေရအောင် စီစဉ်ပေးသွားမှာဖြစ်ပါတယ်။

Internship Program ကို လျှောက်ထားဖို့ ဘာတွေလိုအပ်မလဲ?

- အနည်းဆုံး အထက်တန်းကျောင်းပြီးမြောက်ထားသူဖြစ်ဖို့လိုအပ်ပါတယ်

- စိတ်ကျန်းမာရေးနှင့်နီးစပ်သူဖြစ်ရန်လိုအပ်ပြီး စိတ်ကျန်းမာရေးလုပ်ငန်းဆောင်တာများကို စိတ်ပါဝင်စားသူဖြစ်ပါမယ်

- သင်ယူလို စိတ်ရှိသူဖြစ်ရမယ်

- Basic Computer skill ရှိရမယ် ( Google Toolsများ, Microsoft Tools များနှင့် ထိတွေ့ဖူးသူဖြစ်ရပါမယ်)

- Intership ကာလ (၃)လ လုပ်ကိုင်နိုင်သူဖြစ်ရမယ်

- Work From Home ဖြစ်သောကြောင့် မိမိအလုပ်လုပ်မဲ့နေရာမှာ Wifi နှင့် Laptop ရှိဖို့တော့ လိုအပ်ပါတယ်

ဒီ Internship Program ကနေ ဘယ်လိုအတွေ့အကြုံတွေရနိုင်မလဲ?

- စိတ်ကျန်းမာရေးဗဟုသုတအားကောင်းလာမယ်

- Clinical Skill တွေတိုးတက်လာမယ်

- Administrative and Leadership ပိုင်းဆိုင်ရာ Skills တွေရလာမယ်

- Community Engagement Skill တွေတိုးတက်လာမယ်

- Internship ကာလအတွင်း Jue Jue's Safe Spaceမှပြုလုပ်တဲ့ Training တွေ Conferenceတွေ ကိုလည်း FREE တက်ရောက်နိုင်ပါမယ်။

စတဲ့အတွေ့အကြုံတွေအပြင် Jue Jue's Safe Space မှ အဆက်အသွယ်ကောင်းတွေ၊ Scholarship Opportunity တွေအပြင် လုပ်ငန်းအတွေ့အကြုံအသေးစိတ်ကအစ သင်ကြားပေးမှာဖြစ်လို့ စိတ်ပါဝင်စားသူများအနေနဲ့ မိမိရဲ့ CV Form နဲ့ ဘာကြောင့် Jue Jue's Safe Space ကို Join ချင်ရတာလည်းဆိုတဲ့အကြောင်း Personal Statement ကို Chat Box ကနေတစ်ဆင့် ရေးသားပေးပို့ လျှောက်ထားနိုင်ပါပြီ။

Jue Jue's Safe Space မှ မြန်မာပြည်ဖွားတိုင်းရင်းသားလူမျိုးများအတွက် စိတ်ကျန်းမာရေးအခန်းကဏ္ဍအောက်ကနေမှတစ်ဆင့် လိုအပ်တဲ့နေရာများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်ကြိုးစားသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ရှေ့ဆက်မဲ့ Jue Jue's Safe Space ၏ စိတ်ကျန်းမာရေးနှင့် ငြိမ်းချမ်းရေး ခရီးစဉ်ကြီးမှာလည်း အတူတူ လက်တွဲပြီးပါဝင်ကြရအောင်လို့ ဖိတ်ခေါ်ပါရစေ။





29/11/2025

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာပေးခဲ့သော မိမိကိုယ်ကိုအဆုံးစီရင်မှုမှကာကွယ်တားဆီးခြင်းသင်တန်းအမှတ်တရများ

Jue Jue’s Safe Space အနေနဲ့ယခုအချိန်အထိ Su***de Prevention Free Training များကို online ကနေတဆင့်ပေးခဲ့သည်မှာ ယခုဆို (၄) နှစ်သက်တမ်းရှိလာခဲ့ပါပြီ။ SPH သင်တန်းဆင်းများအနေနဲ့လည်း JJSS ရဲ့ Su***de Prevention Helpline မှာ စေတနာ့ဝန်ထမ်းများအနေနဲ့လက်ရှိအချိန်အထိ ပါဝင်ကူညီအားဖြည့်ပေးလျက်ရှိပါတယ်။ ယခုအချိန်မှာဆိုရင် ကျွန်မတို့အနေနဲ့ SPH free training များကို online training သာမက in person training များကိုပါ တိုးချဲ့ပေးနိုင်လာပြီဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ Jue Jue’s Safe Space အနေနဲ့ Su***de Prevention In-person Training ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာရှိတဲ့မြန်မာပြည်သူ၊ ပြည်သားတွေကို နိုဝင်ဘာလ (၂၂) ရက်နေ့မှာအောင်မြင်စွာ သင်တန်းပေးနိုင်ခဲ့ပြီး အမှတ်တရပုံရိပ်များကို Jue Jue’s Safe Space ရဲ့ follower များနဲ့အတူ ပီတိမျှဝေလိုက်ရပါတယ်။




အားလုံးပဲ မင်္ဂလာပါရှင်ဒီအပတ်ရဲ့ Friday LIVE အစီအစဉ်လေးမှာတော့ “ခေတ်သစ်နည်းပညာ၏နောက်ဆက်တွဲ” ဆိုတဲ့ ခေါင်းစဉ်ကို (Mental ...
28/11/2025

အားလုံးပဲ မင်္ဂလာပါရှင်

ဒီအပတ်ရဲ့ Friday LIVE အစီအစဉ်လေးမှာတော့ “ခေတ်သစ်နည်းပညာ၏နောက်ဆက်တွဲ” ဆိုတဲ့ ခေါင်းစဉ်ကို (Mental Health and Psychosocial Support) MHPSS Provider တစ်ဦးဖြစ်တဲ့ Dr. Thomas နဲ့ Jue Jue’s Safe Space မှ Dr သည်းသု တို့က ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင်။

Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.

အားလုံးပဲ မင်္ဂလာပါရှင်ဒီအပတ်ရဲ့ Friday LIVE အစီအစဉ်လေးမှာတော့ “ခေတ်သစ်နည်းပညာ၏နောက်ဆက်တွဲ” ဆိုတဲ့ ခေါင်းစဉ်ကို (Mental ...
26/11/2025

အားလုံးပဲ မင်္ဂလာပါရှင်

ဒီအပတ်ရဲ့ Friday LIVE အစီအစဉ်လေးမှာတော့ “ခေတ်သစ်နည်းပညာ၏နောက်ဆက်တွဲ” ဆိုတဲ့ ခေါင်းစဉ်ကို (Mental Health and Psychosocial Support) MHPSS Provider တစ်ဦးဖြစ်တဲ့ Dr. Thomas နဲ့ Jue Jue’s Safe Space မှ Dr သည်းသု တို့က ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင်။
ကျွန်မတို့ရဲ့ Friday LIVE Programကို Jue Jue’s Safe Space ရဲ့ Youtube Channel မှာ အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်သွားမှာဖြစ်လို့ Subscribe မလုပ်ရသေးရင် အခုပဲ လုပ်ထားလိုက်ဖို့ မမေ့ပါနဲ့ရှင်။
Jue Jue’s Safe Space YouTube Channel- www.youtube.com/
ခေတ်သစ်နည်းပညာ AI (Artificial Intelligence) ကိုအသုံးပြုမှုတွင်ကျယ်လာတာနှင့်အမျှ စိတ်ကျန်းမာရေးအတွက်လည်း ရင်ဖွင့်ပြောဆိုဖို့ပဲဖြစ်ဖြစ် အကြံဉာဏ်ရယူဖို့ပဲဖြစ်ဖြစ် AI ကို အသုံးပြုလာကြပါတယ်။ထိုသို့ AI အသုံးပြုပြီး စိတ်ကျန်းမာရေးနဲ့ပက်သက်တဲ့ နည်းလမ်းတွေ ၊ အကြံဉာဏ်တွေကို မှန်ကန်စွာရယူနိုင်ဖို့နှင့် မှားယွင်းစွာအသုံးပြုမှုကိုဆင်ခြင်နိုင်ရန်အတွက် ဒီတပါတ်မှာ AI ဖြင့် စိတ်ကျန်းမာရေးအကြံပေးချက်များက ယုံကြည်မှုတည်ဆောက်နိုင်မလား၊ လူသားများကို ရင်ဖွင့်ခြင်း အကြံဉာဏ်ရယူခြင်းနဲ့ ဘာများကွာခြားမယ်၊ စိတ်ကျန်းမာရေးနှင့် ပက်သက်ပြီး ခေတ်မီနည်းပညာ AI ကိုဘယ်လိုမျိုး အကျိုးရှိရှိသုံးသင့်တယ် စတာတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။
Jue Jue’s Safe Spaceရဲ့ Follower တွေအနေနဲ့လည်း ဒီအစီအစဉ်လေးမှာ သိချင်တာ မေးမြန်းချင်တာတွေရှိရင် ပါဝင်ဆွေးနွေးဖို့ မေးခွန်းလေးတွေ ပို့လို့ ရသလို ကိုယ်တိုင်စောင့်ကြည့် ဝင်ရောက်ဆွေးနွေးဖို့လည်း အားလုံးကို ဖိတ်ခေါ်ပါတယ်။
Live မှာ ပါဝင်ဆွေးနွေးပေးသွားမယ့်သူတွေကတော့ Dr Thomas နဲ့ Jue Jue's Safe Space က ဒေါက်တာသည်းသု တို့က ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
ရက်စွဲ : ၂၈.၁၁.၂၀၂၅ (သောကြာနေ့)
အချိန် : ည( ၈ ) နာရီ (မြန်မာစံတော်ချိန်)
Live ပြုလုပ်မည့်နေရာ - Jue Jue’s Safe Space YouTube Channel
မေးမြန်းချင်တာတွေ ၊ သိလိုတာတွေရှိရင် comment မှာရေးပေးလို့ရသလို Chat Box မှာလည်း ကြိုတင်မေးခွန်းများပို့ကာ မေးမြန်းထားနိုင်ပါတယ်။

ဆရာမဂျူးဂျူးမင်းသူမှ DVB သတင်းဌာန၏ မေးမြန်းချက် မှာ Jue Jue's Safe Space ရဲ့ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများအကြောင်း ဆွေး...
25/11/2025

ဆရာမဂျူးဂျူးမင်းသူမှ DVB သတင်းဌာန၏ မေးမြန်းချက် မှာ Jue Jue's Safe Space ရဲ့ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများအကြောင်း ဆွေးနွေးဖြေဆိုခြင်း

Jue Jue's Safe Space Founder ဆရာမ ဂျူးဂျူးမင်းသူမှ မြန်မာပြည်သားများအတွက် စိတ်ကျန်းမာရေးဝန်ဆောင်မှုများအလွယ်တကူရရှိဖို့အတွက် Jue Jue's Safe Space ဘယ်လိုဖြစ်ပေါ်လာတာလဲ ဆိုတဲ့အကြောင်းအရာများ၊ ပေးတဲ့တဲ့ဝန်ဆောင်မှုများနဲ့ ကျွန်မတို့ရဲ့ Brand Service ဖြစ်တဲ့ Su***de Prevention Training နဲ့ Helpline များအကြောင်းကို ပြောကြားထားပါတယ်။ ဒါ့အပြင် ကျွန်မတို့မြန်မာပြည်သားများလိုအပ်နေတဲ့ စိတ်ကျန်းမာရေးလုပ်ဆောင်ချက်များဖြစ်တဲ့ မြန်မာလူထုကြား စိတ်ကျန်းမာရေးအပေါ်မှာယွင်းစွာမြင်နေတဲ့ အမဲစက်တွေ၊ မိမိကိုယ်ကိုယ်အဆုံးစီရင်မှုတွေ၊ စွဲလမ်းစိတ်ပြဿနာတွေ စတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာများရဲ့ နောက်ဆက်တွဲအကျိုးဆက်များနဲ့ ဘယ်လိုမှန်ကန်စွာကုစားရေးဝင်မလဲ ဆိုတဲ့အကြောင်းအရာများကို DVB Media သို့ ပြည့်စုံစွာပြည်လည်ဖြေကြားထားတာကို လေ့လာသိရှိနိုင်အောင် အောက်ပါ Link မှာ အတူတူ နားထောင်ကြရအောင်ပါ။

https://web.facebook.com/share/p/1SXCvugZJc/





Jue Jue Min Thu is the founder of Jue Jue's Safe Space, which offers mental health services for Myanmar communities. She joined us in the DVB Newsroom to dis...

“အိမ်လွမ်းသူ” ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု လုံခြုံမှုကို ပေးနိုင်တယ် မိသားစုရဲ့ အမှတ်တရ တွေကို ဖန်တ...
24/11/2025

“အိမ်လွမ်းသူ”

‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု လုံခြုံမှုကို ပေးနိုင်တယ် မိသားစုရဲ့ အမှတ်တရ တွေကို ဖန်တီးပေးနိုင်တယ်၊ ‘အိမ်’ ဟာ အကောင်းဆုံး ခိုလှုံရာ နေရာတစ်ခု ဖြစ်တယ်။ ဒါပေမယ့် အခုအချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် အိမ်တွေကို စွန့်ခွာခဲ့ပြီး အိမ်ရဲ့ အဝေးမှာ နေနေကြရသူတွေ များစွာ ရှိပါတယ်။ အထူးသဖြင့် လူငယ်တွေဟာ ချစ်ရတဲ့ အိမ်တွေ မိသားစုတွေကို စွန့်ခွာပြီး ပြည်ပ ကို ထွက်ခွာကြရတဲ့အခါ အိမ်လွမ်းတဲ့စိတ်တွေကြောင့် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေလည်း များစွာ ဖြစ်နိုင်ပါတယ်။

အိမ်လွမ်းစိတ် (Homesickness) ကြောင့် ဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့ ဝမ်းနည်းတာ၊ ငိုကြွေးတာ၊ စိတ်ပူပန်စိတ်များတာ၊ စိတ်တိုတာ၊ အထိမခံနိုင်အောင် စိတ်ဆတ်တာ၊ အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းတာ၊ စိတ်ဓါတ်တက်ကြွမှု လျော့နည်းတာနဲ့ ဦးတည်ချက်မဲ့တာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကနေ ရုပ်ပိုင်းဆိုင်ရာ အထိပါ သက်ရောက်မှု ရှိလာချိန်မှာတော့ ခေါင်းကိုက်တာ၊ မူးဝေတာ၊ အိပ်ချိန် များတာ၊ အိပ်ချိန် နည်းလွန်းတာ၊ အိပ်မပျော်တာနဲ့ အင်အားယုတ်လျော့ အားနည်းသလို နုံးခွေတာတွေ ဖြစ်နိုင်ပါတယ်။ ဒါတွေကို သက်သာလျော့ပါးစေမယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) စိတ်ခံစားချက်တွေကို လက်ခံပါ

အိမ် ဆိုတဲ့အရာဟာ ဘယ်အချိန်မှာမဆို လွမ်းစရာ အရာတစ်ခု ဖြစ်သလို အိမ်နဲ့ ပတ်သက်တဲ့ လွမ်းစရာ ခံစားချက်တွေဟာ ပုံစံအမျိုးမျိုးနဲ့ ရှိနေမှာ ဖြစ်ပါတယ်။ ဒီခံစားချက်တွေကို လက်ခံလိုက်ပါ၊ အိမ်လွမ်းစိတ်ကြောင့် ငိုချင်နေရင် ငိုချလိုက်ပါ၊ အိမ်ကို လွမ်းနေတဲ့ အကြောင်းတွေကို journaling လုပ်ပြီး သင့်ရဲ့ ခံစားချက်တွေကို အသိအမှတ်ပြုလိုက်ပါ၊ လူတိုင်းက ကိုယ့်ရဲ့ အိမ်ကို လွတ်လပ်စွာ ဆွေးဆွေးမြေ့မြေ့ လွမ်းပိုင်ခွင့် ရှိကြပါတယ်။

(၂) အတူနေ မိတ်ဆွေတွေကို ရင်ဖွင့်ပါ

အိမ်နဲ့ ဝေးနေချိန်မှာ အိမ်လောက် ပြည့်ဝတဲ့ နွေးထွေးမှု မရနိုင်သည့်တိုင်အောင် အတူရှိနေတဲ့ မိတ်ဆွေ၊ ဘဝတူ သူငယ်ချင်းတွေဟာလည်း လိုအပ်တဲ့ လူမှုကွန်ယက်တစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် အတူရှိနေတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ ခံစားချက်တူသူတွေကို ရင်ဖွင့်တာ၊ အိမ်အကြောင်း အမှတ်တရတွေ ပြောပြတာ၊ ခံစားချက် တွေကို အပြန်အလှန် နားထောင်ပေးတာကလည်း အနည်းဆုံးတော့ ခံစားချက်တွေကို သက်သာစေနိုင်မှာ ဖြစ်ပါတယ်။

(၃) နေ့စဥ် Routine ကို ပုံမှန်လုပ်ပေးပါ

အိမ်ကိုလွမ်းစိတ်နဲ့ အမြဲ မှိုင်တွေနေမယ့်အစား ကိုယ့်ရဲ့ ပုံမှန် နေ့စဥ်ဘဝကိုလည်း အကျိုးရှိစွာ ဖြတ်သန်းဖို့ လိုပါတယ်။ တကိုယ်ရေ သန့်ရှင်းရေးကစလို့ ကိုယ့်ရဲ့ သင်ယူမှု၊ အလုပ်ခွင် စတဲ့ နေရာတွေ မှာ အသားကျ နေဖြစ်အောင်၊ ပုံမှန် Routine ကို ပြုလုပ်ပေးခြင်းက စိတ်အပြောင်းအလဲ ဖြစ်စေတာကြောင့် အိမ်လွမ်းစိတ်တွေကို အတိုင်းအတာ တစ်ခု အထိ သက်သာစေမှာ ဖြစ်ပါတယ်။

(၄) self-care လုပ်ပေးပါ

Self-care ဟာ နေ့စဥ်ဘဝမှာ မရှိမဖြစ် လိုအပ်ပါတယ်၊ အထူးသဖြင့် အိမ်လွမ်းစိတ်ကြောင့် စိတ်ပျက်အားငယ်နေချိန် ၊ အထီးကျန်စိတ် ခံစားရချိန် ၊ စိတ်ပျော်ရွှင်မှု ပျောက်ဆုံးပြီး ဝမ်းနည်းနေချိန်မှာလည်း Self-care ကို ပြုလုပ်ပေးခြင်းက စိတ်ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ Self-care နည်းလမ်းတွေ များစွာ ရှိသလို ကိုယ်နဲ့ သင့်တော်ပြီး အဆင်ပြေမယ့် နည်းလမ်းတစ်ခုကို ရွေးချယ်ပြီး ပုံမှန် ပြုလုပ်ပေးဖို့ အရေးကြီးပါတယ်။

(၅) မိသားစုဝင်တွေနဲ့ ဆက်သွယ်ပါ

အိမ်မှာ ရှိနေတဲ့ မိသားစုဝင်တွေနဲ့ ဆက်သွယ်တာက လူချင်းဝေးပေမယ့် စိတ်ချင်းနီးစပ်စေဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ပုံမှန် ဖုန်းဆက်တာ၊ အပြန်အလှန် စာပို့ ဆက်သွယ်တာ၊ သာကြောင်း မာကြောင်း မေးပြီး အိမ်ရဲ့ အခြေအနေကို အမြဲသိဖို့ ကြိုးစားနေတာကလည်း အိမ်လွမ်းစိတ်ကို အနည်းငယ် သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် ဒီိလို ဆက်သွယ်တာကို ပုံမှန်ထက် ပိုပြီး လုပ်ဖြစ်တဲ့အခါမှာလည်း အိမ်လွမ်းစိတ်နဲ့ အိမ်ပြန်ချင်စိတ် ပိုဆိုးနိုင်တာကြောင့် အလွန်အကျွံ ဆက်သွယ်တာမျိုး မပြုလုပ်မိစေဖို့တော့ လိုပါတယ်။

ကျွန်မတို့တွေဟာ အိမ် ကို စွန့်ခွာရပြီး အဝေးတနေရာမှာ နေရတဲ့ အချိန်တွေကို တချိန်မဟုတ် တချိန် ဖြတ်သန်းရလေ့ရှိပါတယ်။ ဒီအချိန်မှာ အိမ်လွမ်းတဲ့ စိတ်တွေကြောင့် နာကျင်ကြေကွဲရစေသလို နောက်ဆက်တွဲ စိတ်ကျန်းမာရေး ပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အိမ်လွမ်းသူ တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ သက်သာစေမယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ရခြင်း ဖြစ်ပါတယ်။ အခု ဒီစာကို ဖတ်နေရင်းနဲ့ ခံစားချက်နဲ့ တိုက်ဆိုင်တာ၊ မျှဝေချင်တာ ရှိရင်လည်း comment မှာ မျှဝေပေးခဲ့ပါဦး။

Reference

2023, WHO, ‘Mental health of refugees and migrants: risk and protective factors and access to care’ accessed from https://www.who.int/publications/i/item/9789240081840

2023, Elizabeth Perry, How to handle homesickness and find comfort in new places, accessed from https://www.betterup.com/blog/how-to-handle-homesickness



#အိမ်လွမ်းသူ

မင်္ဂလာပါရှင်။ Jue Jue's Safe Space နဲ့ MAP Foundation တို့ရဲ့ ပူးပေါင်းတင်ဆက်မှုဖြစ်တဲ့ "လုံမေ့ခွန်အား" ရေဒီယိုအသံလွှင့...
23/11/2025

မင်္ဂလာပါရှင်။

Jue Jue's Safe Space နဲ့ MAP Foundation တို့ရဲ့ ပူးပေါင်းတင်ဆက်မှုဖြစ်တဲ့ "လုံမေ့ခွန်အား" ရေဒီယိုအသံလွှင့်အစီအစဉ်လေးကို MAP Radio FM 102.5 MHz နဲ့ MAP Radio page တို့မှာ အပတ်စဉ် ကြာသပတေးနေ့တိုင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ထုတ်လွှင့်တင်ဆက်ပေးနေပါတယ်ရှင်။
ဒီတစ်ပတ်တင်ဆက်သွားမှာကတော့ “ဒီနေ့များရဲ့မျက်မှောက်ကာလများတွင်နေထိုင်ခြင်း” ဆိုတဲ့ ခေါင်းစဉ်ကို တင်ဆက်သွားမှာပါ။ အခုလက်ရှိ ကိုယ်အသက်ရှင်နေစဉ်အတွင်း ကိုယ်နဲ့အတူရှိနေတဲ့ စက္ကန့်၊ မိနစ်၊ နာရီတိုင်း ကောင်းမွန်စွာ အကျိုးရှိရှိ အသုံးချတတ်ဖို့ အတွက်ရည်ရွယ်ပြီး ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ နေရပ်စွန့်ခွာရွေ့ပြောင်း အလုပ်သမားတွေဟာ ကိုယ့်နိင်ငံကိုယ့်နေရာ ဒေသမဟုတ်တဲ့ တခြားတိုင်းပြ ည်တစ်ခုမှာခိုလှုံလိုက်ရပြီဆိုကတည်းက ကိုယ့်နိုင်ငံကို ဘယ်အချိန်ပြန်နိုင်မလဲ ဆိုတဲ့အနာဂတ် မျှော်လင့်ချက်ရယ် ကိုယ်နိုင်ငံမှာအမြဲရှင်သန်နေထိုင်ခဲ့ဖူး တဲ့အတိတ်က နေ့ရက်တွေကိုပဲ ထပ်တလဲလဲ သတိရတမ်းတ နေတတ်ကြပါတယ်။ အတိတ်က မလွတ်မြောက်နိုင် သေးသလို မဖြစ်လာသေးတဲ့အနာဂတ်ကိုပဲ တွေးတောပူပန်နေတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုနဲ့ အခက်အခဲအ ကြပ်အတည်းအမျိုးမျိုး တွေကြုံတွေ့ရတတ် ကြပါတယ်။ ဒါကြောင့်လက်ရှိပစ္စုပ္ပန်မှာ သေချာထိန်းသိမ်းစောင့်ရှောက်ရမဲ့ အရေးကြီးတဲ့ စိတ်ကျန်းမာရေး ဂရုစိုက်မှုများနှင့် ပြောင်းလဲသွားတဲ့ ပတ်ဝန်းကျင်၊ စိန်ခေါ်မှုအသစ်များနှင့် အတူ ဘယ်လိုမျိုး တူယှဉ်တွဲနေထိုင် သင့်သလဲစတဲ့ အကြောင်းအရာများ ကိုပြောပြပေး သွားမှာပဲဖြစ်ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာပြည်သူတွေ၊ ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူတွေ၊ အထူးသဖြင့်အမျိုးသမီးနဲ့ မိန်းကလေးတွေအတွက် "လုံမေ့ခွန်အား" အစီအစဉ်လေးက စိတ်ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဆောင်းပါးတွေ၊ စိတ်ဝင်စားစရာဗဟုသုတတွေ၊ အမေးအဖြေတွေ၊ ရင်ဖွင့်ပေးစာကဏ္ဍတွေ တင်ဆက်ပေးသွားမှာဖြစ်လို့ နားဆင်အားပေးဖို့အတွက် ဖိတ်ခေါ်လိုက်ရပါတယ်။ရွေ့ပြောင်းအလုပ်သမားများနဲ့ အမျိုးသမီးများကို စိတ်ဓာတ်ခွန်အား ပေးလိုတဲ့ ပေးစာများကို ဖတ်ပြပေးသွားမယ့် အစီအစဉ်လည်း ထည့်သွင်းထားတာမို့လို့ ပေးစာပေးပို့လိုသူများ အနေနဲ့လည်း JJSS Page ကိုဖြစ်စေ MAP Radio FM 102.5 MHz Page ကိုဖြစ်စေ ပေးပို့နိုင်ပါတယ်ရှင်။
ထိုင်းနိုင်ငံအတွင်းက ပြည်သူတွေအနေနဲ့ ဒီအစီအစဉ်လေးကို နားထောင်အားပေးချင်တယ်ဆိုရင် (၂၇.၁၁.၂၀၂၅) ကြာသပတေးနေ့၊ နေ့လည် ၁ နာရီမှာ FM 102.5 MHz ကို ဖမ်းယူပြီး နားသောတဆင်နိုင်သလို တခြားနိုင်ငံက လူတွေအနေနဲ့ MAP Radio ရဲ့ pageဖြစ်တဲ့ MAP Radio- FM 102.5 MHz မှာလည်း နားသောတဆင်လို့ ရပါတယ်ရှင်။

ဒီတစ်ပတ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ “ဒီနေ့များရဲ့ မျက်မှောက်ကာလများတွင် နေထိုင်ခြင်း”ဆိုတဲ့ အစီအစဉ်ကို လာမယ့် နိုဝင်ဘာလ (၂၇) ရက်၊ ကြာသပတေးနေ့ ထိုင်းအချိန် နေ့လည် (၁) နာရီမှာ ဖမ်းယူနားဆင်နိုင်မှာ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ရှင်။

December Monthly Continuing Education Session for JJSS VolunteersSu***de Prevention Helpline နှင့် Peer Support Helpline...
22/11/2025

December Monthly Continuing Education Session for JJSS Volunteers

Su***de Prevention Helpline နှင့် Peer Support Helpline များတွင် ပါဝင်ကူညီအားဖြည့်နေကြတဲ့ volunteers (စေတနာဝန်ထမ်းများ) အတွက် Jue Jue’s Safe Space မှ အစဉ်မပြတ် ပြုလုပ်ပေးလျက်ရှိတဲ့ Monthly Continuing Education Session ကို လာမည့် ဒီဇင်ဘာလ (၆) ရက်၊ စနေနေ့၊ နံနက် ၉ နာရီ (မြန်မာစံတော်ချိန်) တွင် ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီတစ်လမှာတော့ JJSS volunteers များအနေနဲ့ Mindfulness ကျင့်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်လေ့လာခွင့်ရမှာဖြစ်ပြီး mindfulness meditation ပြုလုပ်ခြင်းဖြင့် လူတို့ရဲ့စိတ်ကိုဘယ်လိုအကျိုးသက်ရောက်မှုတွေပေးစွမ်းနိုင်မလဲ၊ mindfulness ကိုဘယ်လိုထိထိရောက်ရောက်ပြုလုပ်နိုင်မလဲ ဆိုတဲ့အကြောင်းအရာများကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

ဒါကြောင့် volunteer များအနေနဲ့ မပျက်မကွက် တက်ရောက်ပေးဖို့ တိုက်တွန်းလိုက်ရပါတယ်။ Zoom Link များကိုလည်း Email နှင့် volunteer Telegram channel များမှ တဆင့်ပေးပို့သွားမှာဖြစ်ပါတယ်ရှင့်။









Dirección

Honolulu
Hawaii

Página web

Notificaciones

Sé el primero en enterarse y déjanos enviarle un correo electrónico cuando Jue Jue’s Safe Space publique noticias y promociones. Su dirección de correo electrónico no se utilizará para ningún otro fin, y puede darse de baja en cualquier momento.

Compartir

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Together, we are strong Yet kind too

မိမိရဲ. စိတ်ဝေဒနာနဲ. အကျင့်စရိုက်ကိုနားမလည်တဲ့အခါ...


  • ဘဝမှာ တိုးတက်မှု နှောင့်နှေးနေတတ်ခြင်း

  • အလုပ်မှာ အထက်လူကြီးတင်မကပဲ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရေး အခက်အခဲရှိခြင်း
  • အတတ်ပညာ စည်းပူးရာတွင် အများထက် နှောင့်နှေးခြင်း အချစ်ရေးနှင့် အိမ်ထောင်ရေး မတည်မြဲခြင်း