Jue Jue’s Safe Space

Jue Jue’s Safe Space -Founder, Jue Jue’s Safe Space
-Lecturer, University of Hawaiʻi
-Licensed Social Worker, Queen’s Medical Center, Honolulu, Hawaiʻi

အားလုံးပဲ မင်္ဂလာပါရှင်ဒီအပတ်ရဲ့ Friday LIVE အစီအစဉ်လေးမှာတော့ "Geriatric and Mental Health" (သက်ကြီးရွယ်အိုများနှင့်စိတ...
27/05/2026

အားလုံးပဲ မင်္ဂလာပါရှင်

ဒီအပတ်ရဲ့ Friday LIVE အစီအစဉ်လေးမှာတော့ "Geriatric and Mental Health" (သက်ကြီးရွယ်အိုများနှင့်စိတ်ကျန်းမာရေး ) ဆိုတဲ့ ခေါင်းစဉ်ကိုစိတ်ကျန်းမာရေး နယ်ပယ်မှာပညာရှင်တစ်ဦးဖြစ်တဲ့ဆရာမ Dr. Khin Thu Zar Aung နဲ့ Jue Jue’s Safe Space မှ Live Host ဖြစ်သူ ဆရာမ မွေ့သဒ္ဓါဇင် တို့က ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင်။

ကျွန်မတို့ရဲ့ Friday LIVE Programကို Jue Jue’s Safe Space ရဲ့ Youtube Channel မှာ အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်သွားမှာဖြစ်လို့ Subscribe မလုပ်ရသေးရင် အခုပဲ လုပ်ထားလိုက်ဖို့ မမေ့ပါနဲ့ရှင်။
Jue Jue’s Safe Space YouTube Channel- www.youtube.com/

အသက်ကြီးလာတာနဲ့အမျှ "အမြဲမေ့လျော့နေတာ ဒါမှမဟုတ် စိတ်ဓာတ်ကျတာက သဘာဝပဲ" ဆိုတဲ့ အယူအဆအမှားတွေကြောင့် သက်ကြီးရွယ်အိုတွေရဲ့ စိတ်ကျန်းမာရေးကို လျစ်လျူမရှုမိစေဖို့ ဒီ Live မှာ အဓိကထား ဆွေးနွေးသွားမှာပါ။ သက်ကြီးပိုင်းတွေမှာ အဖြစ်များတဲ့ လူကြီးရောဂါနဲ့ စိတ်ကျဝေဒနာတွေရဲ့ ရှေ့ပြေးလက္ခဏာတွေကို ဘယ်လိုသတိထားကြည့်မလဲဆိုတာကို ဆရာမ ပညာရှင်တစ်ဦးအနေနဲ့ရော၊ လက်တွေ့ကုသမှုပေးနေသူတစ်ဦးအနေနဲ့ပါ ဆရာမရဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ပြုစုစောင့်ရှောက်သူ မိသားစုဝင်တွေ (Caregivers) ရဲ့ စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတဲ့ အချက်တွေအပြင်၊ မိဘဘိုးဘွားတွေအတွက် နွေးထွေးလုံခြုံတဲ့ရပ်ဝန်းတစ်ခုကို လူ့အဖွဲ့အစည်းအတွင်း ဘယ်လိုဝိုင်းဝန်းဖန်တီးပေးမလဲဆိုတဲ့ နည်းလမ်းကောင်းတွေကို ဗဟုသုတအဖြစ် ဝေမျှပေးသွားမှာ ဖြစ်ပါတယ်ရှင်။

Live မှာ ပါဝင်ဆွေးနွေးပေးသွားမယ့်သူတွေကတော့ ဆရာမDr. Khin Thu Zar Aung နဲ့ Jue Jue's Safe Space က ဆရာမ မွေ့သဒ္ဓါဇင် တို့ ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
ရက်စွဲ : ၂၉.၅.၂၀၂၆ (သောကြာနေ့)
အချိန် : ည ( ၈ ) နာရီ (မြန်မာစံတော်ချိန်)
Live ပြုလုပ်မည့်နေရာ - Jue Jue’s Safe Space YouTube Channel
မေးမြန်းချင်တာတွေ၊ သိလိုတာတွေရှိရင် comment မှာရေးပေးလို့ရသလို Chat Box မှာလည်း ကြိုတင်မေးခွန်းများပို့ကာ မေးမြန်းထားနိုင်ပါတယ်။





“ဘာရောဂါရထားလဲ”ဒီနေ့ ခေတ်မှာဆိုရင် Social Media အသုံးပြုတာတွေ ပိုမိုတွင်ကျယ်လာပြီး လိုချင်တဲ့ သတင်းအချက်အလက်တွေကို အင်တာ...
26/05/2026

“ဘာရောဂါရထားလဲ”

ဒီနေ့ ခေတ်မှာဆိုရင် Social Media အသုံးပြုတာတွေ ပိုမိုတွင်ကျယ်လာပြီး လိုချင်တဲ့ သတင်းအချက်အလက်တွေကို အင်တာနက်ပေါ်မှာ အလွယ်တကူ ရှာဖွေဖတ်ရှူနိုင်တာပဲဖြစ်ပါတယ်။ အဲ့လို တွင်ကျယ်မှုတွေနဲ့အတူ စိတ်ကျန်းမာရေးနယ်ပယ်ထဲမှာ လူတွေက အင်တာနက်ပေါ်က သတင်းအချက်အလက် အချို့တွေကို အပေါ်ယံကြည့်ပြီး မိမိက ဘယ်လိုစိတ်ရောဂါတွေ ကြုံတွေ့ခံစားနေရပါတယ်ဆိုပြီး အလွယ်တကူ နာမည်တပ်လာကြပါတော့တယ်။

အခုလို စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး တက်တက်ကြွကြွနဲ့ အလေးပေးကြတာက ကောင်းသော ပြောင်းလဲခြင်းတစ်ခုလို့ ဆိုနိုင်ပေမယ့် ကျွမ်းကျင် ပညာရှင်တွေရဲ့ စစ်ဆေးမှုတွေမပါဘဲ မိမိကိုယ်ကိုရောဂါ ခေါင်းစဥ်တပ်တာတွေက မကောင်းတဲ့ သက်ရောက်မှုတွေ အများကြီးရှိနေပါတယ်။

⬛️မမှန်ကန် မတိကျတဲ့ စစ်ဆေးချက်များထွက်လာခြင်း
ကျွမ်းကျင်ပညာရှင်များရဲ့ အကူအညီမပါတဲ့အခါမှာ ရောဂါလက္ခဏာတွေ၊ အခြေအနေတွေကို အပေါ်ယံဖတ်ပြီး မှားယွင်းစွာ အဓိပ္ပာယ်ကောက်မိနိုင်ကြပါတယ်။ ၀မ်းနည်းခြင်းကို စိတ်ဓာတ်ကျခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်းကို ADHD အစရှိသဖြင့် လက္ခာဏာများကို အပေါ်ယံ ဖတ်ရှုပြီး သုံးသပ်ကြတာတွေကြောင့် မမှန်တဲ့ စစ်ဆေးချက် ရလဒ်များ ထွက်ပေါ်လာတတ်ပါတယ်။

⬛️ရောဂါနာမည်များ တပ်ခြင်း
လူတစ်ယောက်မိမိကိုယ်ကိုယ်ကို ရောဂါ နာမည်တပ်လိုက်ခြင်းက မိမိအပေါ်ကို ကန့်သတ်လိုက်တာပဲဖြစ်ပါတယ်။ မိမိရဲ့ အပြုအမူ၊ ဆုံးဖြတ်ချက်များကိုပါ ကန့်သတ်လာပြီး နောက်ဆုံး မိမိကိုလည်း အကျိုးဆုတ်ယုတ်စေပါတယ်။

⬛️ရမ်းသမ်းလျှောက်ကုခြင်း
မိမိအပေါ်ရောဂါအမည်များတပ်ထားခြင်းကြောင့် ကိုယ်ကိုယ်ကိုယ် ကုသခြင်း၊ ကောင်းနိုးရာရာဆေးဝါးမှီဝဲခြင်းများကို ပြုလုပ်လာတတ်ကြပါတယ်။ တကယ်တမ်းမှာတော့ ကျွမ်းကျင်ပညာရှင်များ၏ လမ်းညွှန်ချက် ပြသချက်များ မပါဘဲ ဒီလုပ်ငန်းစဥ်တွေက အနာနဲ့ဆေး တည့်သလို ဖြစ်မှာမဟုတ်ပါဘူး။

⬛️လူမှုအသိုင်းအဝိုင်းထဲတွင် ခွဲခြားဆက်ဆံမှုများ ကြုံတွေ့ရနိုင်ခြင်း
မိမိကိုယ်ကို ရောဂါ အမည်တပ်လိုက်ခြင်းက မိမိအပေါ် တခြားသူများရဲ့ အတွေး၊အမြင် သက်ရောက်မှုကို ကြုံတွေ့ရနိုင်ပါတယ်။ ဥပမာအားဖြင့် မိမိကိုယ်ကို ADHD ရှိတယ်လို့ ရောဂါ နာမည်တပ်ထားတဲ့ သူတစ်ယောက်အနေနဲ့ အလုပ်လျှောက်တဲ့အခါ အာရုံစူးစိုက်မှုအားမကောင်းလို့ လုပ်ငန်းရည် စွမ်းဆောင်မှုကောင်းနိုင်မှာမဟုတ်ဘူးလို့ လုပ်ငန်းရှင်ဘက်ကလည်း မှားယွင်းစွာ ကောက်ချက်ချနိုင်ပါတယ်။

နောက်ဆုံး မိမိကိုယ်ကို ရောဂါ နာမည်တပ်လိုက်ခြင်းတွေက အခြေအနေကို ပိုမို ဆိုးရွားလာစေတာမလို့ ကျွမ်းကျင်သော စိတ်ကျန်းမာရေးပညာရှင်များ (သို့မဟုတ်) ယုံကြည်စိတ်ချရတဲ့အဖွဲ့အစည်းများထဲတွင် အကူအညီရယူဖို့ မှာကြားပါရစေ။

ဒါဆိုရင် Jue Jue's Safe Space က စာဖတ်သူတွေကော ကိုယ့်ကိုယ်ကိုယ် ရောဂါတပ်မိနေပြီး ပြန်လည်သုံးသပ်ရင်း အတွေးအမြင်များကို မျှဝေပေးသွားပါဦးနော်

Reference

Ellen McVay - Social Media and Self-diagnosis (2023)
Aimee Molineux - The Health Risks of Self-Diagnosing Mental Disorders (2024) Reviewed by Emily Henderson, B.Sc.

မင်္ဂလာပါရှင်။Jue Jue's Safe Space နဲ့ MAP Foundation တို့ရဲ့ ပူးပေါင်းတင်ဆက်မှုဖြစ်တဲ့ "လုံမေ့ခွန်အား" ရေဒီယိုအသံလွှင့်...
24/05/2026

မင်္ဂလာပါရှင်။

Jue Jue's Safe Space နဲ့ MAP Foundation တို့ရဲ့ ပူးပေါင်းတင်ဆက်မှုဖြစ်တဲ့ "လုံမေ့ခွန်အား" ရေဒီယိုအသံလွှင့်အစီအစဉ်လေးကို MAP Radio FM 102.5 MHz နဲ့ MAP Radio page တို့မှာ အပတ်စဉ် ကြာသပတေးနေ့တိုင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ထုတ်လွှင့်တင်ဆက်ပေးနေပါတယ်ရှင်။

ဒီတစ်ပတ်တင်ဆက်သွားမှာကတော့ “ပျော်ရွှင်စွာနေထိုင်ခြင်းအနုပညာ” ဆိုတဲ့ ခေါင်းစဉ် ကို တင်ဆက်သွားမှာပါ။လူသားတိုင်းဟာ ပျော်ရွှင်သောဘဝကိုပိုင်ဆိုင်ချင်ကြပါတယ်။ “ပျော်ရွှင်မှု” ဆိုတာဟာ ပစ္စည်းဥစ္စာပေါများ ကြွယ်ဝခြင်း၊ ဂုဏ်သိက္ခာမြင့်မားခြင်း၊ လူအများရဲ့ချီးကျူးခံဘဝနဲ့နေထိုင်ခြင်းတို့နဲ့ မဆိုင်ပါဘူး။ ကြုံတွေ့ရတဲ့ ပြဿနာ ၊အခက်အခဲတွေကြားထဲကနေ စိတ်တည်ငြိမ်မှုကို ရှာဖွေပြီး ကိုယ့်ဘဝကို ကိုယ်တန်ဖိုးထားတတ်ခြင်းက ပျော်ရွှင်မှုအစစ်အမှန်ဖြစ်ပါတယ်။ စစ်မှန်တဲ့ပျော်ရွှင်မှု ဆိုတာ ကိုယ့်စိတ်အတွင်းမှာ ရှိနေတဲ့ ငြိမ်းချမ်းမှု၊ ကျေနပ်မှု၊ နားလည်မှုတို့ကနေ ပေါက်ဖွားလာတာဖြစ်ပါတယ်။ ဒါကြောင့် ပျော်ရွှင်စွာနေထိုင်ခြင်းဟာ အနုပညာတစ်ရပ်လို သင်ယူလေ့ကျင့်ရ တဲ့အရာတစ်ခုဖြစ်ကြောင်းပြောကြားသွားမှာပဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာပြည်သူတွေ၊ ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူတွေ၊ အထူးသဖြင့်အမျိုးသမီးနဲ့ မိန်းကလေးတွေအတွက် "လုံမေ့ခွန်အား" အစီအစဉ်လေးက စိတ်ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဆောင်းပါးတွေ၊ စိတ်ဝင်စားစရာဗဟုသုတတွေ၊ အမေးအဖြေတွေ၊ ရင်ဖွင့်ပေးစာကဏ္ဍတွေ တင်ဆက်ပေးသွားမှာဖြစ်လို့ နားဆင်အားပေးဖို့အတွက် ဖိတ်ခေါ်လိုက်ရပါတယ်။ရွေ့ပြောင်းအလုပ်သမားများနဲ့ အမျိုးသမီးများကို စိတ်ဓာတ်ခွန်အား ပေးလိုတဲ့ ပေးစာများကို ဖတ်ပြပေးသွားမယ့် အစီအစဉ်လည်း ထည့်သွင်းထားတာမို့လို့ ပေးစာပေးပို့လိုသူများ အနေနဲ့လည်း JJSS Page ကိုဖြစ်စေ MAP Radio FM 102.5 MHz Page ကိုဖြစ်စေ ပေးပို့နိုင်ပါတယ်ရှင်။

ထိုင်းနိုင်ငံအတွင်းက ပြည်သူတွေအနေနဲ့ ဒီအစီအစဉ်လေးကို နားထောင်အားပေးချင်တယ်ဆိုရင် (၂၉.၅.၂၀၂၆) ကြာသပတေးနေ့၊ နေ့လည် ၁ နာရီမှာ FM 102.5 MHz ကို ဖမ်းယူပြီး နားသောတဆင်နိုင်သလို တခြားနိုင်ငံက လူတွေအနေနဲ့ MAP Radio ရဲ့ pageဖြစ်တဲ့ MAP Radio- FM 102.5 MHz မှာလည်း နားသောတဆင်လို့ ရပါတယ်ရှင်။

ဒီတစ်ပတ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ “ပျော်ရွှင်စွာနေထိုင်ခြင်းအနုပညာ” ဆိုတဲ့ အစီအစဉ်ကို လာမယ့် မေလ (၂၉) ရက်၊ ကြာသပတေးနေ့ ထိုင်းအချိန် နေ့လည် (၁) နာရီမှာ ဖမ်းယူနားဆင်နိုင်မှာ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ရှင်။​

23/05/2026

ဒီတစ်ပတ်ရဲ့ လုံမေ့ခွန်အားအစီအစဉ်ကို “မမြင်ရသောနာကျင်မှုများရဲ့အသံ” ဆိုတဲ့ခေါင်းစဉ်နဲ့ Jue Jue's Safe Space ရဲ့ Radio live host ဖြစ်တဲ့ Cho Wutyi Lwin က တင်ဆက်ပေးသွားတာဖြစ်တဲ့အတွက် အားလုံးအတူတူနားဆင်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

22/05/2026

ဒီအပတ်ရဲ့ Friday LIVE အစီအစဉ်လေးမှာတော့ “စိတ်ကျန်းမာရေးကို ဘာလို့လေ့လာသင့်လဲ" ဆိုတဲ့ ခေါင်းစဉ်ကို ဆရာမ Joe Jarနဲ့ Jue Jue’s Safe Space မှ Live Host ဖြစ်သူ ဆရာမ မွေ့သဒ္ဓါဇင် တို့က ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင်။

https://www.youtube.com/live/Di5YiSZ_9s4?si=Bm9zYgSU79KGpXqx

အားလုံးပဲ မင်္ဂလာပါရှင်ဒီအပတ်ရဲ့ Friday LIVE အစီအစဉ်လေးမှာတော့  “စိတ်ကျန်းမာရေးကို ဘာလိုလေ့လာသင့်လဲ” ဆိုတဲ့ ခေါင်းစဉ်ကို...
20/05/2026

အားလုံးပဲ မင်္ဂလာပါရှင်

ဒီအပတ်ရဲ့ Friday LIVE အစီအစဉ်လေးမှာတော့ “စိတ်ကျန်းမာရေးကို ဘာလိုလေ့လာသင့်လဲ” ဆိုတဲ့ ခေါင်းစဉ်ကို Jue Jue’s Safe Space Volunteerတစ်ဦးဖြစ်တဲ့ ဆရာမJoe Jar နဲ့အတူ Jue Jue’s Safe Space မှ Live Host ဖြစ်သူ ဆရာမ မွေ့သဒ္ဓါဇင် တို့က ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင်။

ကျွန်မတို့ရဲ့ Friday LIVE Programကို Jue Jue’s Safe Space ရဲ့ Youtube Channel မှာ အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်သွားမှာဖြစ်လို့ Subscribe မလုပ်ရသေးရင် အခုပဲ လုပ်ထားလိုက်ဖို့ မမေ့ပါနဲ့ရှင်။ Jue Jue’s Safe Space YouTube Channel- www.youtube.com/

လူတော်တော်များများက ကိုယ်လက်ကျန်းမာရေးအတွက် အားကစားလုပ်ကြတယ်၊ အားဆေးတွေ သောက်ကြတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ တစ်နေ့တာ ဖြတ်သန်းမှုတိုင်းကို ထိန်းချုပ်နေတဲ့ 'စိတ်' ကျန်းမာရေးအတွက်ရော ဘယ်လောက်အထိ အချိန်ပေးဖြစ်ကြလဲ။ စိတ်ကျန်းမာရေးကို ဘာကြောင့် အလေးထားလေ့လာသင့်သလဲ။ စိတ်ပိုင်းဆိုင်ရာ ဗဟုသုတတွေက ဘဝရဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်စေသလဲ။ ပတ်ဝန်းကျင်က အယူအဆအမှားတွေကို ဘယ်လိုတုံ့ပြန်မလဲ။ စတဲ့ အချက်အလက်တွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Jue Jue’s Safe Spaceရဲ့ Follower တွေအနေနဲ့လည်း ဒီအစီအစဉ်လေးမှာ သိချင်တာ မေးမြန်းချင်တာတွေရှိရင် ပါဝင်ဆွေးနွေးဖို့ မေးခွန်းလေးတွေ ပို့လို့ ရသလို ကိုယ်တိုင်စောင့်ကြည့် ဝင်ရောက်ဆွေးနွေးဖို့လည်း အားလုံးကို ဖိတ်ခေါ်ပါတယ်။

Live မှာ ပါဝင်ဆွေးနွေးပေးသွားမယ့်သူတွေကတော့ ဆရာမJoe Jarနဲ့အတူ Jue Jue's Safe Spaceက ဆရာမ မွေ့သဒ္ဓါဇင် တို့ ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

ရက်စွဲ : ၂၂.၅.၂၀၂၆ (သောကြာနေ့)

အချိန် : ည ( ၈ ) နာရီ (မြန်မာစံတော်ချိန်)

Live ပြုလုပ်မည့်နေရာ - Jue Jue’s Safe Space YouTube Channel

မေးမြန်းချင်တာတွေ၊ သိလိုတာတွေရှိရင် comment မှာရေးပေးလို့ရသလို Chat Box မှာလည်း ကြိုတင်မေးခွန်းများပို့ကာ မေးမြန်းထားနိုင်ပါတယ်။









Jue Jue's Safe Space မှလစဉ် နိုင်ငံတကာမှ စိတ်ကျန်းမာရေးပညာရှင်များနဲ့အတူ ပြုလုပ်ပေးတဲ့ International Speaker Series ကို ...
20/05/2026

Jue Jue's Safe Space မှလစဉ် နိုင်ငံတကာမှ စိတ်ကျန်းမာရေးပညာရှင်များနဲ့အတူ ပြုလုပ်ပေးတဲ့ International Speaker Series ကို Registration ဖွင့်ထားပေးပါတယ်။ အကြပ်အတည်းကာလကြား စိတ်ပိုင်းဆိုင်ရာပြဿနာများကို လက်တွေ့ကျကျဖြေရှင်းနိုင်ဖို့ ပညာရှင်များနဲ့ ဆွေးနွေးလေ့လာချင်တယ်ဆိုရင် အခုပဲ စာရင်းသွင်းထားဖို့ တိုက်တွန်းလိုပါတယ်ရှင့်။

“ Clinical Practice for Crisis Intervention in the U.S and Myanmar ” Monthly Briefing Session

အခုလို အကြပ်အတည်းကာလတွေကြားမှာ စိတ်ပင်ပန်းမှု၊ စိတ်ဖိစီးမှုနဲ့ ရုတ်တရက်ကြုံတွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာ တွေကို ဘယ်လိုမျိုး စနစ်တကျ ကိုင်တွယ်ဖြေရှင်းကြမလဲတိုတာကို သိနားလည်ဖို့ ကျွန်မတို့အားလုံးအတွက် အင်မတန် အရေးကြီးပါတယ်။ ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းဖြင့် ကြုံတွေ့ရတဲ့ အခက်အခဲများကို ခံနိုင်ရည်ရှိစွာနဲ့ ကြံ့ကြံ့ခံရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။ ဒီတစ်ခေါက် မေလမှာတော့ အကြပ်အတည်းနဲ့ အရေးပေါ်အခြေအနေတွေမှာ ဖြစ်ပေါ်လာတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ဘယ်လို ပြန်လည်ကုစားကြမလဲဆိုတဲ့ လက်တွေကျထိရောက်မယ့်နည်းလမ်းများကို နိုင်ငံတကာမှ နည်းစနစ်များနဲ့ မြန်မာပြည်သားများရဲ့ လက်ရှိအခြေအနေမှာ ထည့်သွင်းအသုံးပြုနိုင်ဖို့အတွက်ရည်ရွယ်ပြီး “ Clinical Practice for Crisis Intervention in the U.S and Myanmar ” ဆိုတဲ့ခေါင်းစဉ်နဲ့ ပြုလုပ်သွားမှာဖြစ်ပါတယ်။

အရေးပေါ် အခြေအနေတွေမှာ စိတ်ပိုင်းဆိုင်ရာပြဿနာများကို လက်တွေ့ကျကျ ဘယ်လိုကူညီဖြေရှင်းပေးနိုင်မလဲ ဆိုတာကို အမေရိကန်နိုင်ငံမှာ အသုံးပြုနေကြတဲ့ နိုင်ငံတကာနည်းလမ်းများနဲ့ မြန်မာပြည်ရဲ့လက်ရှိ အကြပ်အတည်းအခြေအနေမှာ ထိရောက်စွာအသုံးပြုနိုင်ဖို့အတွက် ဒီဆွေးနွေးပွဲမှာ နိုင်ငံတကာကျွမ်းကျင်ပညာရှင် Nichole Mansanas (Sr. Social Worker at the Queen's Medical Center) နဲ့အတူ Jue Jue's Safe Space မှ Founder, Lecturer, Licensed Social Worker ဖြစ်တဲ့ ဆရာမ ဂျူးဂျူးမင်းသူ တို့က ဦးဆောင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဟောပြောပွဲကို လာမယ့် မေလ (၂၃) ရက်၊ စနေနေ့၊ မြန်မာစံတော်ချိန် မနက် (၁၀:၀၀) နာရီမှ (၁၁:၃၀) နာရီအထိ Zoom Platform မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ လက်တွေကျကျထိရောက်စွာအသုံးပြုနေတဲ့ နည်းလမ်းတွေနဲ့ မြန်မာ့လူမှုဝန်းကျင်ကြားက လက်တွေ့ကုသမှုပိုင်းဆိုင်ရာတွေကို သိရှိနားလည်ထားခြင်းဖြင့် မိမိကိုယ်တိုင်အတွက်ရော မိမိပတ်ဝန်းကျင်အတွက်ပါ အကျိုးရှိရှိ ကူညီနိုင်မှာဖြစ်လို့ အခုပဲ Register လုပ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

Date: 23 May, 2026 (Saturday)
Time: 10:00 AM - 11:30 AM (MMT)
Platform: Zoom (Online)

🔗 Register Here: https://airtable.com/app51WBo8jRybJGtQ/shr6G9wrtLyrWGm51

(Register လုပ်ပြီးသူများအား တက်ရောက်ရန် Zoom Link များကို Email မှတစ်ဆင့် ပြန်လည်ပေးပို့သွားမှာ ဖြစ်ပါတယ်)



‘စိတ်ဒဏ်ရာကို လိမ်လို့မရဘူး’စစ်မှုထမ်းဟောင်းတဦးက အခန်းတခုထဲမှာ ငြိမ်သက်နေခဲ့တယ်၊ သူက မကြာခင်ကမှ စစ်မျက်နှာပြင်ကနေ ပြန်လ...
18/05/2026

‘စိတ်ဒဏ်ရာကို လိမ်လို့မရဘူး’

စစ်မှုထမ်းဟောင်းတဦးက အခန်းတခုထဲမှာ ငြိမ်သက်နေခဲ့တယ်၊ သူက မကြာခင်ကမှ စစ်မျက်နှာပြင်ကနေ ပြန်လာခဲ့သူ တဦးဖြစ်သလို ရက်အတော်ကြာတဲ့အထိ စစ်ပွဲတွေ ၊ အသက်လုတိုက်ခဲ့ရတဲ့ အနေအထားတွေနဲ့ တောက်လျှောက် ကြုံခဲ့ရသူ ဖြစ်ပါတယ်။

သူ့အနေအထားက တည်ငြိမ်နေတယ်လို့ ထင်ရပေမယ့် သူ့မျက်လုံးတွေက ဦးတည်ရာမဲ့ တနေရာကို စူးစိုက်ကြည့်နေခဲ့တယ်။ လူတိုင်းက လက်ရှိဘဝမှာ နေနေကြလား မသိပေမယ့် သူကတော့ စစ်ပွဲတွေဆီကို မကြာခဏ စိတ်တွေ ရောက်နေခဲ့တယ် ဆိုတဲ့အကြောင်း ပြောနေခဲ့တယ်။ သူ့အိိမ်၊ မိသားစုဆီကို သူပြန်ရောက်နေပေမယ့် စစ်ပွဲရဲ့ အရိပ်တွေက သူ့ကို ကြီးစိုးနေဆဲ ဖြစ်တယ်၊ တခါတရံ အိပ်မက်ဆိုးတွေ သူမက်တယ်၊ စစ်ပွဲက သွေးရူးသွေးတန်း အော်ဟစ်သံတွေကို သူသိမြင်နေရတယ်။ ကြားနေရတယ်။ စစ်ပွဲမှာ ရခဲ့တဲ့ အနံ့အသက်တွေက သူ့နားမှာ ရှိနေဆဲလို့ သူထင်မှတ်နေတယ်။

မကြာသေးခင်ကလည်း သူ့အိမ်နားမှာ အသံကျယ်နဲ့ မီးခိုးလုံးကြီး တက်လာတဲ့အချိန်မှာ သူကြောက်လန့်တကြားနဲ့ အိမ်ထဲကနေ ထွက်ပြေးမိတယ်။ တခဏအတွင်းမှာပဲ စစ်ပွဲအတွင်းကို သူပြန်ရောက်သွားသလိုမျိုး ခံစားခဲ့ရတယ်လို့ သူပြောရင်းနဲ့ပဲ သူ့မျက်လုံးထဲက ကြေကွဲဖွယ်၊ ကြောက်လန့်ဖွယ် အရိပ်အယောင်တွေက သိသိသာသာ ပေါ်နေခဲ့တယ်။ သူရခဲ့တဲ့ စိတ်ဒဏ်ရာတွေက ဟန်ဆောင်လို့မရအောင် ပေါ်လွင်နေခဲ့တယ်။ အထူးသဖြင့် သူ့စိတ်ဒဏ်ရာကို အမှတ်ရစေမယ့် ၊ ပိုဆိုးစေမယ့် Trigger တွေကို ကြုံတွေ့ရတဲ့အခါမှာ သိသိသာသာ ဆိုသလိုပဲ တုန်လှုပ်မှုကို ခံစားနေခဲ့ရတယ်။

ဒါ့ကြောင့် Trauma (စိတ်ဒဏ်ရာ) ဟာ လိမ်လို့မရဘူး။ စိတ်ဒဏ်ရာ တကယ်ကြုံတွေ့ခဲ့ရတဲ့သူ အနေနဲ့ ခံစားချက်ကို ဖုံးကွယ်ရ ခက်ခဲသလို စိတ်ဒဏ်ရာတကယ် မရှိတဲ့ သူအနေနဲ့လည်း စိတ်ဒဏ်ရာ ရှိနေပါတယ်လို့ ညာလို့ မရပါဘူး။ ကိုယ့်အနေနဲ့ ကိုယ့်အနားမှာ စိတ်ဒဏ်ရာ ကြုံတွေ့ခဲ့ရသူတွေ ရှိခဲ့တယ်ဆိုရင် ဘယ်လိုမျိုး နှစ်သိမ့်ပေးကြမလဲ?

(၁) နားထောင်ပေးပါ

တခါတရံမှာ စိတ်ဒဏ်ရာကြုံခဲ့ရသူတွေ အနေနဲ့ ရင်ဖွင့်ပြောပြချင်တာ၊ စိတ်ပေါ့ပါးစေဖို့ တစုံတယောက်ကို ဖွင့်ဟချင်တာ မျိုးတွေ ရှိနိုင်ပါတယ်။ ဒီလို အခြေအနေမှာ စိတ်အားထက်သန်စွာနဲ့ အာရုံစိုက်ပြီး နားထောင်ပေးတာက သူတို့အတွက် များစွာ စိတ်သက်သာရာရစေပါတယ်။

(၂) သူတို့ရဲ့ Trigger တွေကို သတိပြုပါ

စိတ်ဒဏ်ရာခံစားရတဲ့သူတွေမှာ စိတ်ဒဏ်ရာကို ပိုဆိုးစေနိုင်တဲ့ Trigger တွေ ရှိနေနိုင်ပါတယ်။ တချို့က အမှောင်ကို ကြောက်တယ်၊ ဆူညံသံတွေကို မခံစားနိုင်ဘူး၊ တချို့သော အနံ့တွေကို ရှောင်တယ်ဆိုတာက trigger ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါတွေကို သတိပြုပေးဖို့ အရေးကြီးပါတယ်။

(၃) မဝေဖန်ပါနဲ့

တခါတရံမှာ စိတ်ဒဏ်ရာရှိတဲ့သူတွေအနေနဲ့ လူတွေရဲ့ ဝေဖန်စကား၊ ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုတွေနဲ့ အယူအဆ တွေကြောင့် စိတ်ဒဏ်ရာတွေကို ဖုံးဖိထားရတဲ့အခါ ဒီခံစားချက်တွေက မလျော့ပါးပဲ ပိုဆိုးလာလေ့ရှိပါတယ်။ ဒါ့ကြောင့် ဝေဖန်ခြင်း မရှိပဲနဲ့ နားထောင်ပေးတတ်ဖို့ သိပ်ကို အရေးကြီးပါတယ်။

(၄) ကာယကံရှင်ရဲ့ ဆန္ဒမပါပဲ အတင်းအကြပ် မမေးပါနဲ့

စိတ်ဒဏ်ရာကို ကြုံတွေ့ခဲ့ရသူတွေအနေနဲ့ အဖြစ်အပျက်တွေကို ပြန်ပြောပြဖို့ အဆင်သင့် မဖြစ်သေးတဲ့ အနေအထားမှာ အတင်းအကြပ် ပြန်ပြောခိုင်းတာ မလုပ်သင့်ပါဘူး။ ဇာတ်လမ်းကို သိဖို့ဆိုတာထက် ကာယကံရှင်ရဲ့ ခံစားချက်တွေကို စာနာနားလည်စွာနဲ့ နားထောင်ဖို့က ပိုအရေးကြီးတာ ဖြစ်ပါတယ်။

(၅) စိတ်ကျန်းမာရေး အကူအညီတွေ ထောက်ပံ့ပေးပါ

စိတ်ဒဏ်ရာဆိုတာ သိပ်ကို လေးနက်သလို လွယ်လွယ်ကူကူ ကိုင်တွယ်ဖြေရှင်းလို့ မရတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ဒဏ်ရာနဲ့ ပတ်သက်ပြီး စနစ်တကျ လေ့လာထားတဲ့ ပညာရှင်၊ ဒါမှမဟုတ် စိတ်ဒဏ်ရာ အထူးပြုသင်ကြားထားတဲ့ သူကသာ စိတ်ဒဏ်ရာတွေကို လျော့ပါးစေဖို့ ကူညီနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လိုအပ်တဲ့ စိတ်ကျန်းမာရေး အကူအညီကို ထောက်ပံ့ပေးဖို့၊ ချိတ်ဆက်ကူညီပေးဖို့ လိုပါတယ်။

အခု ဒီစာကို ဖတ်နေရသူတွေ အနေနဲ့ စိတ်ဒဏ်ရာနဲ့ ပတ်သက်ပြီး အကူအညီလိုအပ်တယ် ဆိုရင် ကျွန်မတို့ရဲ့ Jue Jue’s Safe Space အနေနဲ့ စိတ်ဒဏ်ရာ အပါအဝင် စိတ်ပိုင်းဆိုင်ရာ နဲ့ ပတ်သက်တဲ့ ပြဿနာတွေ အတွက် ကူညီပေးဖို့ ကျွမ်းကျင်ပညာရှင်တွေ ရှိသလို စိတ်ကျန်းမာရေးဆိုင်ရာ ပညာပေးအစီအစဥ်တွေကိုလည်း စဥ်ဆက်မပြတ် ပေးနေပြီ ဖြစ်ကြောင်း မျှဝေလိုက်ရပါတယ်။

References

Mind, Helping someone else with trauma, Retrieved from https://www.mind.org.uk/information-support/types-of-mental-health-problems/trauma/for-friends-and-family/





#စိတ်ဒဏ်ရာကို လိမ်လို့မရဘူး

မင်္ဂလာပါရှင်။ Jue Jue's Safe Space နဲ့ MAP Foundation တို့ရဲ့ ပူးပေါင်းတင်ဆက်မှုဖြစ်တဲ့ "လုံမေ့ခွန်အား" ရေဒီယိုအသံလွှင့...
17/05/2026

မင်္ဂလာပါရှင်။

Jue Jue's Safe Space နဲ့ MAP Foundation တို့ရဲ့ ပူးပေါင်းတင်ဆက်မှုဖြစ်တဲ့ "လုံမေ့ခွန်အား" ရေဒီယိုအသံလွှင့်အစီအစဉ်လေးကို MAP Radio FM 102.5 MHz နဲ့ MAP Radio page တို့မှာ အပတ်စဉ် ကြာသပတေးနေ့တိုင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ထုတ်လွှင့်တင်ဆက်ပေးနေပါတယ်ရှင်။

လူတွေရဲ့ဘဝမှာ မမြင်ရတဲ့ နာကျင်မှုတွေကိုယ်စီ ရှိနေတတ်ပါတယ်။ တချို့နာကျင်မှုတွေက ခန္ဓာကိုယ်ပေါ်မှာ အမာရွတ်အဖြစ် ကျန်ရစ်နိုင်ပေမယ့် တချို့နာကျင်မှုတွေကတော့ မျက်စိနဲ့ မမြင်နိုင်တဲ့ စိတ်အတွင်းထဲမှာပဲ တိတ်တဆိတ်ရှိနေတတ်ကြပါတယ်။ အမျိုးသမီးတွေ၊ ကလေးတွေ၊ အိမ်တွင်းအကြမ်းဖက်ခံရသူတွေ၊ စစ်ဘေးဒဏ် ကြုံနေရသူတွေနဲ့ မိသားစုဖိအားတွေအောက်မှာ နေထိုင်နေရသူတွေဟာ မမြင်ရတဲ့ နာကျင်မှုများစွာကို နေ့စဉ် သယ်ဆောင်ရင်း တိတ်တဆိတ်နာကျင်စွာ ရှင်သန်ကြရပါတယ်။ ဒါပေမယ့် အဲဒီအသံတွေကို နားထောင်ပေးနိုင်တဲ့ လူတွေ ပိုများလာမယ်ဆိုရင် ဒီကမ္ဘာကြီးဟာ ပိုပြီး နွေးထွေးလာနိုင်သလို လူသားတွေရဲ့ စိတ်ဒဏ်ရာကို ကုစားပေးနိုင်တဲ့ အကြီးမားဆုံးအရာက ချစ်ခြင်းမေတ္တာနဲ့ နားလည်မှုဖြစ်ကြောင်း ပြောကြားသွားမှာပဲဖြစ်ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာပြည်သူတွေ၊ ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူတွေ၊ အထူးသဖြင့်အမျိုးသမီးနဲ့ မိန်းကလေးတွေအတွက် "လုံမေ့ခွန်အား" အစီအစဉ်လေးက စိတ်ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဆောင်းပါးတွေ၊ စိတ်ဝင်စားစရာဗဟုသုတတွေ၊ အမေးအဖြေတွေ၊ ရင်ဖွင့်ပေးစာကဏ္ဍတွေ တင်ဆက်ပေးသွားမှာဖြစ်လို့ နားဆင်အားပေးဖို့အတွက် ဖိတ်ခေါ်လိုက်ရပါတယ်။ရွေ့ပြောင်းအလုပ်သမားများနဲ့ အမျိုးသမီးများကို စိတ်ဓာတ်ခွန်အား ပေးလိုတဲ့ ပေးစာများကို ဖတ်ပြပေးသွားမယ့် အစီအစဉ်လည်း ထည့်သွင်းထားတာမို့လို့ ပေးစာပေးပို့လိုသူများ အနေနဲ့လည်း JJSS Page ကိုဖြစ်စေ MAP Radio FM 102.5 MHz Page ကိုဖြစ်စေ ပေးပို့နိုင်ပါတယ်ရှင်။ ထိုင်းနိုင်ငံအတွင်းက ပြည်သူတွေအနေနဲ့ ဒီအစီအစဉ်လေးကို နားထောင် အားပေးချင်တယ်ဆိုရင် (၂၁.၅.၂၀၂၆) ကြာသပတေးနေ့၊ နေ့လည် ၁ နာရီမှာ FM 102.5 MHz ကို ဖမ်းယူပြီး နားသောတဆင်နိုင်သလို တခြားနိုင်ငံက လူတွေအနေနဲ့ MAP Radio ရဲ့ pageဖြစ်တဲ့ MAP Radio- FM 102.5 MHz မှာလည်း နားသောတဆင်လို့ ရပါတယ်ရှင်။

ဒီတစ်ပတ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ “မမြင်ရသောနာကျင်မှုများရဲ့အသံ” ဆိုတဲ့ အစီအစဉ်ကို လာမယ့် မေလ (၂၁) ရက်၊ ကြာသပတေးနေ့ ထိုင်းအချိန် နေ့လည် (၁) နာရီမှာ ဖမ်းယူနားဆင်နိုင်မှာ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ရှင်။

16/05/2026

၅ကြိမ်မြောက်စိတ်ကျန်းမာရေး ညီလာခံကို တက်ရောက်ခွင့်ရခဲ့တဲ့ Scholarship winner တွေ ညီလာခံကနေ ဘယ်လိုဗဟုသုတတွေရရှိခဲ့လဲဆိုတာအတူတူကြည့်ကြရအောင်!

ဒီညီလာခံမှတဆင့် ပါဝင်သူများဟာ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတများ၊ အတွေ့အကြုံများနဲ့ မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းများရဲ့ အသံများကို နားထောင်ခွင့်ရရှိခဲ့ကြပါတယ်။ ထို့အပြင် တက်ရောက်သူများအချင်းချင်းအပြင် ပညာရှင်များနဲ့ ချိတ်ဆက်မှု၊ နားလည်မှုနဲ့ အပြန်အလှန်အားပေးမှုများလည်း ပိုမိုတိုးတက်လာခဲ့တာနဲ့ ပတ်သက်ပြီးမျှဝေထားတဲ့ video ကို အတူတူကြည့်လိုက်ရအောင်ပါ။

Scholarship Program မှတဆင့် စိတ်ကျန်းမာရေးစိတ်ဝင်စားသူများ လေ့လာခွင့်နဲ့ ပါဝင်ခွင့်များ ဖန်တီးပေးနိုင်အောင် ပါဝင်အားဖြည့်ကူညီပေးတဲ့ Scholarshipပေးအပ်သူများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

ဒီအပတ်ရဲ့ Friday LIVE အစီအစဉ်လေးမှာတော့  “Marginalized population and Mental Health”(မေ့လျော့ခံထားရတဲ့ လူ့အဖွဲ့အစည်းနှင်...
15/05/2026

ဒီအပတ်ရဲ့ Friday LIVE အစီအစဉ်လေးမှာတော့ “Marginalized population and Mental Health”(မေ့လျော့ခံထားရတဲ့ လူ့အဖွဲ့အစည်းနှင့်စိတ်ကျန်းမာရေး) ဆိုတဲ့ ခေါင်းစဉ်ကိုကရင်နီအမျိုးသမီးအစည်းအရုံး ( KNWO )မှ ဆရာမနော်ဆာလေးနဲ့ Jue Jue’s Safe Space မှ Live Host ဖြစ်သူ ဆရာမ မွေ့သဒ္ဓါဇင် တို့က ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင်။

လူ့အဖွဲ့အစည်းရဲ့ အစွန်အဖျားမှာ ရှိနေပြီး "မေ့လျော့ခံထားရသူတွေ" အတွက် စိတ်ကျန်းမာရေး စောင့်ရှောက်မှုဟာ ဘယ်လ...

Dirección

Honolulu
Hawaii

Página web

Notificaciones

Sé el primero en enterarse y déjanos enviarle un correo electrónico cuando Jue Jue’s Safe Space publique noticias y promociones. Su dirección de correo electrónico no se utilizará para ningún otro fin, y puede darse de baja en cualquier momento.

Compartir