Health Educations for Guys - HEFG

Health Educations for Guys - HEFG Health educations & knowledge sharing

အမျိုးသားများရဲ့ လိင်စိတ်စွဲလန်းမှုတွေ အကြောင်း စာစီနေပါတယ်ပြီးရင် တင်ပေးပါမယ်
14/09/2022

အမျိုးသားများရဲ့

လိင်စိတ်စွဲလန်းမှုတွေ အကြောင်း

စာစီနေပါတယ်

ပြီးရင် တင်ပေးပါမယ်

  #ချစ်တင်းနှောလို့ပြီးသွားတဲ့အချိန်  #ဒါတွေလုပ်ဖို့မမေ့ပါနဲ့**************လူရယ်လို့ဖြစ်လာပြီဆိုရင် နေ့စဉ်ဘဝမှာ လိင်မှုက...
22/09/2021



#ချစ်တင်းနှောလို့ပြီးသွားတဲ့အချိန်
#ဒါတွေလုပ်ဖို့မမေ့ပါနဲ့

**************

လူရယ်လို့ဖြစ်လာပြီဆိုရင် နေ့စဉ်ဘဝမှာ လိင်မှုကိစ္စဆိုတာ မပါမဖြစ်ပဲမလား။ အဲ့တော့ ချစ်တဲ့သူနှစ်ဦး ချစ်တင်းနှောပြီးတဲ့အချိန်တိုင်း လုပ်မိတတ်တဲ့ အမှားလေးတွေနဲ့ ဘာတွေကို အဓိကထားပြီး လုပ်သင့်လဲဆိုတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ခုဆောင်းပါးလေးမှာ ပြောပြပေးလိုက်ချင်ပါတယ်။

၁။ သန့်ရှင်းရေးလုပ်ပါ။

သန့်ရှင်းရေးလုပ်တယ်ဆိုတာ ရေအမြန်ချိုးခိုင်းတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ လိင်ဆက်ဆံတယ်ဆိုတာ သာယာမှုနဲ့ ချစ်ကြည်နူးမှုတွေ ပြည့်ဝနေတယ်ဆိုပေမယ့် သူ့နောက်ကွယ်မှာ မမြင်ရတဲ့ ဘက်တီးရီးယားတွေ၊ ရောဂါပိုးတွေဆိုတာ ကပ်ပါလာနိုင်တယ်ဆိုတာ မေ့ထားလို့မဖြစ်ပါဘူး။ ဒါကြောင့် ကာမဆက်ဆံပြီးတိုင်း ခဏလောက်နားပြီးတာနဲ့ အမြန်သန့်စင်ပေးပါ။ ယောက်ျားလေးဆိုရင် လိင်အင်္ဂါတစ်ဝိုက်နဲ့ ထိပ်အရေပြားကို အောက်လှန်ဆွဲချပြီး သန့်စင်ပါ။ မိန်းကလေးဆိုရင်လည်း မိန်းမကိုယ် အစပ်နားလောက်ကို ဆပ်ပြာနဲ့ ရေနွေးနဲ့ သန့်စင်ပေးပါ။ ပြီးရင် လက်ကိုလည်း သေချာဆပ်ပြာနဲ့ ဆေးကြောဖို့ မမေ့ပါနဲ့။ ဒါတွေကိုတော့ ဦးစားပေးပြီး သန့်ရှင်းရေးလုပ်ပေးနိုင်ရင် ရပါတယ်။

၂။ အတင်းကာရော တိုက်ချွတ်ဆေးကြောစရာမလိုပါဘူး။

ဒါကတော့ မိန်းကလေးတွေ တော်တော်များများ လုပ်မိတတ်တဲ့ အမှားတစ်ခုပါ။ သန့်ချင်တဲ့ဇောနဲ့ မိန်းမကိုယ်အတွင်းကို ဓါတုဗေဒပစ္စည်းတွေ ပါတဲ့ ဆပ်ပြာနဲ့ ပွတ်တိုက်လိုက်တာ၊ လက်နဲ့ ထိုးသွင်းနှိုက်ချွတ်ပြီး ဆေးကြောတာတော့ မလုပ်သင့်ပါဘူး။ အခန့်မသင့်ရင် မိန်းမကိုယ်ယားယံတာ၊ ပွန်းပဲ့ထိခိုက်မိပြီး ရောဂါပိုးဝင်ဖို့ ပိုလွယ်သွားနိုင်ပါတယ်။ အကောင်းဆုံးက ရေနဲ့ ဆပ်ပြာအပျော့စားနဲ့ သေချာသန့်စင်ပြီးရင် ခြောက်အောင်သုတ်ပေးပြီး ဒီအတိုင်းထားထားပါ။

၃။ ရေချိုးဖို့ အလျင်မလိုပါနဲ့။

ကာမဆန္ဒအထွတ်အထိပ်ကို ရောက်ပြီးတာနဲ့ ချက်ချင်းကြီးထပြီး ရေချိုးတာမျိုးက မလုပ်သင့်ပါဘူး။ ကုတင်ပေါ်မှာ ဖက်ရင်း၊ စကားပြောရင်း၊ အမောဖြေလို့ ပြီးသွားပြီ၊ အနည်းငယ် သန့်ရှင်းရေးလုပ်ပြီးသွားပြီဆိုမှ အတူရေချိုးတာဖြစ်ဖြစ် လုပ်ပေးပါ။ ရေချိုးဖို့အတွက် အလျင်လိုစရာမလိုပါဘူး။

၄။ ဆီးသွားပါ။

ဒါကတော့ အရေးကြီးပါတယ်။ လိင်ဆက်ဆံနေရင်းကနေ အမျိုးသားရော၊ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံအပြီး နာရီဝက်အတွင်း တစ်ကြိမ်လောက်ဖြစ်ဖြစ် အပေါ့စွန့်ဖို့ အရေးကြီးတယ်နော်။ မိန်းကလေးတွေဆိုရင်လည်း အပေါ့သွားပြီး မိန်းမကိုယ်ကို အရှေ့မှအနောက်သို့ တစ်သျှူး၊ ဂွမ်းစအသန့်နဲ့ သုတ်ပြီးသန့်စင်ပေးပါ။

၅။ ရေသောက်ပါ။

လိင်ဆက်ဆံနေတဲ့အချိန် နှစ်ဦးသား ချွေးတွေလည်းထွက်၊ မောလည်းမောနေမှာပဲလေ။ အဲ့အခါမှာ ကုန်ဆုံးသွားတဲ့ ရေဓါတ်ကို ပြန်လည်ဖြည့်တင်းပေးတဲ့အနေနဲ့ရော၊ ဆီးသွားရလွယ်ကူအောင် ရေတစ်ခွက်ေလာက်တော့ အဝသောက်ပေးပါ။

၆။ ချောင်ချိတဲ့ အဝတ်အစားတွေကိုပဲ ဝတ်ဆင်ပါ။

လိင်ဆက်ဆံပြီးတဲ့အချိန်ဆို ချွေးထွက်တာ သဘာဝပဲနော်။ ဒါကပြဿနာမရှိပေမဲ့ ဘက်တီးရီးယားဆိုတာ ချွေးပြန်နေတဲ့နေရာဆို ပေါက်ဖွားတာ အရမ်းမြန်တာကြောင့် ဒါကို သေချာဂရုစိုက်ဖို့တော့လိုပါတယ်။ အဲ့တော့ ရေချိုးပြီးတာနဲ့ လေဝင်လေထွက်ကောင်းမယ့် အတွင်းခံ၊ အဝတ်အစားတွေကိုပဲ အဓိကဝတ်ပေးပါ။ အတွင်းခံမဝတ်ရင်တော့ ပိုကောင်းပါတယ်။

၇။ သွေးအမြဲစစ်ပါ။

ကိုယ်က တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးတာမဟုတ်ဘဲ အပျော်အပါးလိုက်စားထားတာတွေလည်း ရှိတယ်ဆိုရင်တော့ ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ။ ၃လတစ်ကြိမ် နှစ်ယောက်အတူတူ သွေးသွားစစ်ကြည့်ပါ။ ရောဂါဆိုတာ ကြိုတင်ကာကွယ်နိုင်ရင် အကောင်းဆုံးဆိုပေမဲ့ ဖြစ်လာခဲ့ရင်လည်း စောစောသိတာနဲ့အမျှ ကိုယ့်ဘက်က ပြင်ဆင်လို့ရတာတွေ ပြင်ဆင်ထားလို့ ရပါတယ်။

၈။ ကိုယ်ဝန်မလိုချင်ဘူးဆိုရင်ရော။

ကလေးယူဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးဆိုရင် ကွန်ဒုံးသုံးပြီး လိင်ဆက်ဆံပါ။ ဒါမှမဟုတ် နောက်တစ်နည်းအနေနဲ့ အမျိုးသမီးကို သန္ဓေတားဆေး၊ အရေးပေါ်တားဆေး သောက်ခိုင်းလို့ရပါတယ်။
မလိုအပ်တဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေနဲ့ ကူးစက်ရောဂါတွေ မဖြစ်စေဖို့ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အမြဲအသုံးပြုကြပါလို့ ထပ်မံတိုက်တွန်းရင်း အားလုံးပဲ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးသုခပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit to original uploader

 မိန်းကလေးတိုင်း ရှောင်လို့မရတဲ့ ကိစ္စကိုမှ ကိုယ်က ကိုဗစ် positive ပါဖြစ်နေတယ်ဆိုရင်....စိတ်ဖိစီးမှူကြောင့် ဓမ္မတာ စောတာ...
18/07/2021



မိန်းကလေးတိုင်း ရှောင်လို့မရတဲ့ ကိစ္စကိုမှ ကိုယ်က ကိုဗစ် positive ပါဖြစ်နေတယ်ဆိုရင်....

စိတ်ဖိစီးမှူကြောင့် ဓမ္မတာ စောတာ၊နောက်ကျတာက အမြဲဖြစ်တတ်ပါတယ်။ အနံ့ပျောက်ပြီး၂ရက်အကြာမှာ ကိုဗစ်ကြောင့် နုံးနေပါတယ်ဆိုမှ ဓမ္မတာပါ စောလာတော့ ဘာပြောကောင်းမလဲ သေချင်စိတ်ပါပေါက်သွားပါတယ်။ အသေကိုက်ခဲတာက အဆစ်ပေါ့လေ။

အကိုက်အခဲပျောက်ဆေး အပြင်းကြီးတွေ မသောက်ရဲပါဘူး။ အသည်း၊ကျောက်ကပ်ထိမှာ စိုးတာကြောင့် ပါရာစီတမော 500mg ကိုပဲ မနက်တလုံးညတလုံး တစ်ရက်ပဲသောက်ပါတယ်။(Dofenal ဆောင်ထားတတ်သူဆို ပိုအဆင်ပြေပါတယ်။အဲ့ရက်ကဆေးဆိုင်တွေ အကုန်ပိတ်ထားတော့ဝယ်မရလို့)အရမ်းမခံနိုင်မှသောက်ခိုင်းတာပါနော်။အကိုက်အခဲပျောက်ဆေးက မသောက်လေကောင်းလေပါပဲ။ ဓမ္မတာ အတွက် အသင့်တော်ဆုံး ထန်းလျက်နဲ့ဂျင်းပြုတ်ရည်သောက်ပါတယ်။ရေနွေးအိတ်ကပ်ပါတယ်။နောက်ရက်တွေမှာ ဖယ်ရိုဗစ်တစ်ရက်တစ်လုံး သောက်ပါတယ်။မသောက်လို့မရပါဘူးနော်။ခေါင်းတွေမူးပါလိမ့်မယ်။သံဓါတ်ဆုံးရှုံးတာက အခြားချိန်သိပ်မသိသာပေမဲ့ ကိုဗစ်နဲ့ဆိုအတော်သိသာပါတယ်။

ရေနေ့တိုင်းချိူးလို့ရပါတယ်။မနက်ပိုင်းပဲချိူးစေချင်ပါတယ်။ အေးရင်အောက်စီဂျင်ကျတတ်လို့ပါ။ပြီးရင်တော့ နေပူဆာ ၁၅မိနစ်လောက်လှူံပါ။နွေးနွေးထွေးထွေးလေး အိပ်ပါ။ပန်ကာ အဲကွန်း ဘာမှမသုံးပါဘူး။ ဒါလဲအဆင်ပြေပြေလေး ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

Credit to original uploader

 Baby Boy or Girl ကလေးမွေးရင် ယောက်ျားလေးရချင်သလား ယောက်ျားလေးအတွက်ရေးတဲ့စာကို မိန်းကလေးရချင်သူက ပြောင်းပြန်ယူပါလို့ဖြေပ...
14/07/2021



Baby Boy or Girl ကလေးမွေးရင် ယောက်ျားလေးရချင်သလား

ယောက်ျားလေးအတွက်ရေးတဲ့စာကို မိန်းကလေးရချင်သူက ပြောင်းပြန်ယူပါလို့ဖြေပါတယ်။

Boy Diet ယောက်ျားလေးရစေမဲ့ အစားအသောက်တွေဆိုတာကို အရပ်စကား ပြောကြတာရှိတယ်။ အသား၊ အထူးသဖြင့် အမဲသား၊ ဆိတ်သား၊ ဆားပါတဲ့ သွားရည်စာ၊ ဥပမာ အာလူး (ချစ်ပ်)၊ (ကေဖင်း) ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်။

အစဉ်အဆက် မိန်းမဘက်ကို အာရုံထားကြတယ်။ နောက်မှာ ယောက်ျားတွေကို စမ်းကြပြန်တယ်။ ယောက်ျား-အစိ တဖက်ကို ချည်နှောင်ပေးတာကို စမ်းသပ်ခဲ့ကြဘူးတယ်။ တခြား နည်းတွေလဲ တရွာတပုဒ်ဆန်း မနည်းလှပါ။

Boy Hints အရပ်ပြော သားယောက်ျားလေး ရစေနည်းတွေကတော့ -
ကပ်ပဲ့အိတ် အေးစေအောင် (ဘော်ဆာ) အတွင်းခံ ဝတ္ထားပါ။
ယောက်ျားက အရင် (အော်ဂဇင်) ရအောင်နေပါ။
အိမ်ထောင်ဖက်နဲ့သာ (မ) ဂဏန်းရက်တွေမှာ အတူနေရင် မိန်းကလေး မွေးမယ်၊
အတူနေဘို့ ယောက်ျားကစပါ။
ယောက်ျားက အထကါ အနေအထားနဲ့ ဆက်ဆံပါ။
မတ်တပ်ရပ် အနေအထားနဲ့ စခန်းသွားပါ။
ညအချိန်မှာ ဆက်ဆံပါ။
လပြည့်ရက်၊ လဆန်းရက်တွေ ရှောင်ပါ။ လပြည့်ကျော် တပတ်မှာ အတူနေကြပါ။

ဆရာဝန်တွေကနေ ပြောတာထဲမှာ (သီအိုရီ) တခုရှိပါတယ်။ (ဘိုင်အို-ရစ်သမ်) နည်းလို့ ခေါ်တယ်။ ၁၉ ရာစု ကတည်းက ပေါ်တာပါ။ မိခင်လောင်းရဲ့ ဇီဝ-စည်းချက်နဲ့ သန္ဓေယူချိန်နဲ့ ကိုက်ညီရမယ်လို့ ဆိုပါတယ်။ ဇီဝ-စည်းချက် အတက်-အက်ဆိုတာ မွေးလမ်းကြောင်း (ဗဂျိုင်းနား) ရဲ့ အက်စစ်ဓါတ်နဲ့ ဆက်စပ်နေတယ်။ ဒါ့အပြင် မ-မျိုးဥ အဖုံးလွှာရဲ့ လျှပ်စစ်-သံလိုက် အခြေအနေနဲ့လဲ ဆက်စပ်ပါသေးတယ်။

ဟိုရှေးရှေး ဆေးပညာဖခင်ကြီး (ဟစ်ပိုခရေးတီးစ်) လက်ထက်ကတည်းက နေ့ကောင်းရက်သာ နဲ့ ပြဿဒါးရက်တွေဟာ Cycles တလှည့်စီသဘော ဖြစ်နေပါသတဲ့။ သိပ္ပံနည်းကျ ဖြစ်လာတာကတော့ ၁၈၉၇ ရောက်မှ Dr Wilhelm Fliess ကနေစပီး ရုပ်ပိုင်း နဲ့ စိတ်လှုပ်ရှားမှုပိုင်း ဇီဝ-စည်းချက်တွေကို ဖေါ်ထုတ်ပါတယ်။

လူတိုင်းဟာ မွေးကတည်းက ဇီဝ-စည်းချက် (အပင်) နဲ့ ရှိလာကြတယ်။ အိပ်ချိန် နဲ့ နိုးထချိန်၊ ဟော်မုန်း တမျိုးစီ ထွက်ချိန်တွေ အလှည့်ကျ ဖြစ်ရတယ်။ ဇီဝ-စည်းချက် အဓိက ၃ မျိုးရှိတယ်။ ရုပ်ပိုင်း၊ စိတ်လှုပ်ရှားမှုပိုင်း နဲ့ ဉာဏ်ရည်ပိုင်းတွေ ဖြစ်ကြတယ်။

၁၉ဝ၂ ခုနှစ်မှာ ဗီယန်နာ တက္ကသိုလ်က စိတ်ပညာရှင် Dr Hermann Swoboda ကလဲ ဒီအချက်ကို ထောက်ခံချက် ပေးလာတယ်။ သူကနေ ခန့်မှန်းချက်ရတဲ့အထိ လေ့လာမှုပြုနိုင်ခဲ့တယ်။ သူ့နောက် ၁၉၂ဝ ခုနှစ်မှာ နာမည်ကျော် သင်္ချာပညာရှင် Alfred Teltscher ကေန Intellectual rhythm ကိုပါ ဖေါ်ထုတ်နိုင်ခဲ့တယ်။ လူတွေဟာ တချို့ အချိန် ကာလတွေမှာ မှတ်ဉဏ်တွေ၊ ထိုးထွင်းဉာဏ်တွေ သိပ်ကောင်းပြီး တချို့အချိန်ကာလတွေမှာ ညံ့နေကြတာ တွေ့ရှိလာတယ်။

ပညာရှင်တွေကနေ ဇီဝ-စည်းချက်ကျပုံတွေကို အမျိုးမျိုးသော ဂဏန်းသင်္ချာ ဥပဒေသတွေ ထုတ်ယူကြတယ်။ ရလာတဲ့ ဖေါ်မြူလာတွေကို အသုံးချရင် မိခင်လောင်းအတွက် ယောက်ျားလေးရစေဘို့၊ မိန်းကလေးရစေဘို့ ပြက္ခဒိန်တခု ရလိမ့်မယ်။ ၉၅% အောင်မြင်တယ်လို့ ဆိုပါတယ်။

(ဗဂျိုင်းနား) ဟာလဲ သူ့စည်းချက်နဲ့သူ ပြောင်းနေတယ်။ (ဗဂျိုင်းနား) အက်စစ်ဓါတ် ဖြစ်နေချိန်မှာ မ-မျိုးဥဟာ သုက်ပိုးထဲက X (အိတ်က်စ်-ခရိုမိုဇုမ်း) ကို ဆွဲယူမှာဖြစ်လို့ မိန်းကလေး ရစေနိုင်တယ်။ (ဗဂျိုင်းနား) က (အယ်လ်ကာလိုင်း) ဓါတ် ဖြစ်နေချိန်ဆိုရင် Y (ဝိုင်-ခရိုမိုဇုမ်း) ကို ဆွဲဆောင်ပေးတာမို့ ယောက်ျားလေး ဖြစ်စေမယ်။

အမျိုးသမီးတယောက်ရဲ့ ဇီဝ-စည်းချက်ကနေ ဟော်မုန်းထွက်တာကို သက်ရောက်စေတယ်။ တဆက်ထဲ သူကနေမွေးလာမဲ့ ကလေးရဲ့ ကျား-မ ဆိုတာကိုပါ သက်ရောက်စေတယ်လို့လဲ ယူဆကြတယ်။

မိခင်ရဲ့ ဇီဝ-စည်းချက်ကိုကြည့်ပြီး မွေးလာမဲ့ကလေး ကျား-မ ခွဲနိုင်စေဘို့ ခန့်မှန်းချက်ကို တွေလာတာကတော့ ၁၉၆ဝ ကျော်မှ ဖြစ်ပါတယ်။ Dr Irvin Fisher နဲ့ John Toran တို့ကနေ ၁၉၆၂ မှာ Ladies Home Journal မှာ စရေးခဲ့ပါတယ်။

မငြင်းနိုင်တဲ့ ဆေးပညာကလက်ခံထားတဲ့ အချက်ကတော့ မိခင်မှာရှိတဲ့ XX ခရိုမိုဇုမ်း နဲ့ဖခင်မှာရှိတဲ့ XY ခရိုမိုဇုမ်း အတွဲတွေကနေ ကျား-မ လိင်ကို ဖြစ်စေတယ်။ ကလေးရဲ့ (လိင်) ရွေးချယ်ရာမှာ အမေရော အဖေပါ တဝက်စီဆိုင်တယ်။ မိခင်မှာ XX ရှိနေလို့ သူကနေ X တခုကိုသာ ထုတ်ပေးနိုင်တယ်။ ဖခင်မှာ XY ရှိနေလို့ X ဖြစ်ဖြစ် Y ဖြစ်ဖြစ် တခုခုကို ထုတ်ပေးနိုင်စွမ်းရှိတယ်။ ဒါကြောင့် ကလေးရဲ့ (လိင်) အတွက် ဖခင်ဟာ အလွန်အရေးပါတဲ့ အဆုံးအဖြတ်ကို ပေးတယ်။

Shettles Method (ရှက်တဲလ်စ်) နည်း
မိန်းကလေး ဘယ်လိုစရေမလဲကို အထူးပြုတဲ့နည်းဖြစ်ပေမဲ့ (ကျား) ရော (မ) ပါ ရအောင်လုပ်နည်း ဖြစ်တယ်။ Y ပါတဲ့ သုက်ပိုးက ပိုပြီးမြန်ဆန်တယ်။ ဒါပေမဲ့ ကြာကြာမနေနိုင်ဘူး။ ဒါ့ကြောင့် မမျိုးဥထွက်နေချိန်မှာ အမျိုးသမီးရဲ့ကိုယ်ထဲမှာ သုက်ပိုး လုံးဝ ရှိမနေစေဘဲ၊ မ-မျိုးဥ ထွက်လာချိန်မှာ ဆက်ဆံမှုပြုပြီး သုက်ပိုးတွေလာစေမယ်ဆိုရင် မမျိုးဥဆီကို မြန်ဆန်လှတဲ့ Y ပါတဲ့ သုက်ပိုးတွေက အရင် ရောက်လာလို့ ယောက်ျားလေး ရစေမယ်။

ဒီလိုဖြစ်လာစေဘို့ အမျိုးသမီးဟာ ကိုယ့်ရာသီရက်-လ အတိအကျသိရမယ်။ ဘာတခုမှ မလုပ်သေးခင် မနက်အိပ်ရာထချိန်မယ် တိုင်းယူတဲ့ ကိုယ်အပူချိန် တိုင်းယူပြီး ဇယားချထားနိုင်တယ်။ ၃-၄ လ လောက် အဲလို တွက်ချက်-မှတ်သားထားပါ။ မျိုးဥ ဘယ်ရက်မှာ အတိအကျ ထွက်တယ် ဆိုတာ သေချာပေါက်သိနိုင်တယ်။ ကြားရက်တရက် (လလည်ရက်) မှာ ကိုယ်အပူချိန် နဲနဲလေးတက်နေတာ တွေ့မယ်။ အဲဒါ မျိုးဥ ထွက်တဲ့ရက် ဖြစ်တယ်။

အဲဒီရက် မတိုင်ခင် ၄-၅ ရက်အတွင်း အတူနေကြရင်တောင်မှ ခင်ပွန်းဖြစ်သူဟာ ဇနီးရဲ့ အင်္ဂါထဲကို သုက်မလွှတ်ပါနဲ့။ အပြင်ထုတ်နည်းဖြစ်ဖြစ် (ကွန်ဒွမ်) သုံးတာဖြစ်ဖြစ် လုပ်ပါ။ တွက်ချက်ထားတဲ့ မျိုးဥထွက်မဲ့ရက်မှာ (ကွန်ဒွမ်) မပါဘဲ ဗဂျိုင်းနာထဲမှာ သုက်လွှတ်ပါ။ အတိအကျပြောရရင် ထွက်ချိန်မတိုင်ခင် ၁၂ နာရီမှာ အတူနေပြီး သုက်ထည့်ပေးပါ။

ယောက်ျားကပြီးစီးချိန်မှာ သုက်ကောင်ရေပေါင်း သန်း ၂ဝဝ ထုတ်ပေးတယ်။ အဲဒီထဲက ဖခင်ရဲ့ X ဒါမှမဟုတ် Y တခုတည်းကသာ မ-မျိုးဥနဲ့ ပေါင်းစပ်ပြီး ကလေးကို (ကျား) ရယ်၊ (မ) ရယ် ခွဲခြားဖြစ်စေနိုင်တယ်။

ဒေါက်တာတင့်ဆွေ

  *x_EducationsVirginity >> အပျိုစစ်စစ်🌹🌹🌹🌹🌹🌹🌹🌹ခန္ခာဗေဒက အပျိုဘဝမှာ နို့အလည်ဝိုင်း (အေရီယိုလာ) ဟာ နှင်းဆီသွေး အရောင်ရှိတ...
05/07/2021


*x_Educations

Virginity >> အပျိုစစ်စစ်
🌹🌹🌹🌹🌹🌹🌹🌹

ခန္ခာဗေဒက အပျိုဘဝမှာ နို့အလည်ဝိုင်း (အေရီယိုလာ) ဟာ နှင်းဆီသွေး အရောင်ရှိတယ် လို့ ပြောတာပါ။ ကိုယ်ဝန် ၂ လရှိတာနဲ့ အရောင်က ရင့်လာပြီး၊ ညိုမဲမဲကနေ အနက်ရောင်အထိ ဖြစ်တယ်။ ကလေး နို့ဖြတ်ချိန် နောက်ပိုင်းမှာ အရောင် ပြန်လျှော့ ကျလာတယ်။ ဒီလို အရောင်အပြောင်းအလဲဟာ ပဌမဆုံး-ကိုယ်ဝန် ရှိတယ်-ရှိဘူးတယ် ဆိုတာကို ဆုံးဖြတ်ရာမှာ အသုံးဝင်ပါတယ်။

အပျိုစစ်စစ်ရော လူပျိုစစ်စစ်ပါ Virgin လို့ဘဲ ခေါ်တယ်။ အဓိပ္ပါယ် ဖွင့်တာ မတူကြပါ။ အများစုကတာ့ မိန်းကလေး တယောက် သူ့ဘဝမှာ ပဌမဆုံးအကြိမ် မိန်းမအင်္ဂါ (ဗဂျိုင်းနား) ထဲကို ကျားအင်္ဂါ (လိင်တံ) ထိုးသွင်းပြီး၊ လိင်ဆက်ဆံတာ တွေ့ကြုံဘူးလိုက်တာနဲ့၊ အပျို မစစ်တော့ဘူး။ ယောက်ျားလည်း အဲလို အတွေ့အကြုံရှိဘူးတာနဲ့ လူပျို မစစ်တော့ဘူး။ လို့ နားလည်၊ လက်ခံထားကြတယ်။ (လိင်တူ-ဆက်ဆံတာကို ဒီနေရာမှာ ချန်ထားပါရစေ ။)

ဘယ်လို ခေါ်ခေါ်ပါ၊ အခြေအနေ အမျိုးပေါင်း များစွာ ဖြစ်နေနိုင်တယ်။ အပျိုစစ်စစ်၊ လိင်ဆက်ဆံဘူးပေမဲ့ အိမ်ထောင် မကျသေးသူ၊ လိင်ဆက်ဆံတာ များလှ​ေ မဲ့ ကိုယ်ဝန်မရဘူးသူ၊ ကေလး မမွေးဘူးသူ၊ ကိုယ်ဝန်ရှိလို့ ပျက်-ဖျက်ဘူးပြီး၊ အိမ်ထောင်မရှိ၊ ကေလးမရှိသူ၊ ဗမာတွေက တခုလပ်၊ တလင်ကွာ၊ မုဆိုးမ ခေါ်ကြပေမဲ့ သူများဆီမှာ ယောက်ျား မရှိရင်လဲ (ဆင်ဂယ်လ်) ဘဲ၊ ယောက်ျား မယူဘဲ ကလေးရသူကို (ဆင်ဂယ်လ်-မားသား)။ ဦးစားပေးတောင် ခံရမယ်။ ရှိသေးပါတယ် အအိုပေမဲ့ ပျိုအောင် လုပ်ထားသူဆိုတာ ကလေးမွေးပြီး မ-အင်္ဂါကို ခွဲစိတ် ပြုပြင်ထားသူ၊ အပျိုမြှေး အသစ်ပြုပြင်ထားသူ၊ ဒါ့အပြင်လဲ ရှိချင် ရှိအုံးမှာ။

Virginity ပျက်ယွင်းတာကို ဆေးပညာအရ စစ်လို့ ရနိုင်ပါတယ်။ R**e အဓမ္မပြုကျင့်လို့ ရာဇဝတ်မှု ဖြစ်ရင် ဆရာဝန်ဆီ ခေါ်လာရတယ်။ ဆေးစစ်ရာမှာ (၁) R**e အထမြောက်-မမြောက်၊ ယောက်ျား သုတ်ပိုး ပေကျန်နေတာ လိုက်ရှာပြီး၊ ဓါတ်ခွဲအတည်ပြုချက် ယူပေးရတယ်။ (၂) အသက်ငယ်ရင် အသက် ပြည့်-မပြည့်ပါ စစ်ရသေးတယ်။ (၃) ထိခိုက် ဒဏ်ရာတွေ ရှိ-မရှိ ကြည့်ရတယ်။ (၄) တကယ်လို့ ခံရသူဟာ အပျိုဖြစ်ခဲ့ရင် အပျိုရည် ပျက်တဲ့ အချက်ပါ ကြည့်ရတယ်။

လိင်ဆက်ဆံဘူးတာနဲ့ ရင်သားအရောင် မပြောင်းလဲသေးပါ။ ရာသီဖြစ်စဉ်က ရင်သားကို တစုံတရာ သက်ရောက်စေတယ်။ တင်းတာ၊ နာတာမျိုး ဖြစ်တတ်တယ်။ အသက်ရလာရင် အဝိုင်းရော ထိပ်ဖျားပါ အရောင် ရင့်လာတယ်။ ကိုယ်ဝန်ရှိတယ် ဆိုတာနဲ့ ပြောင်းလဲတာတွေ တလှေကြီးထဲမယ် ရင်သား ပြောင်းလဲတာလဲ ပါတယ်။ ရင်သား ထိပ်ဝိုင်း အရောင် ရင့်လာပြီး၊ နို့သီး-ထိပ်ဖျားက အရောင်လဲ ပြောင်းတယ်။ အသားအရောင် ဖြူဖြူ၊ ညိုညို၊ နို့သီး-ထိပ်ဖျား အလည်လောက်မှာ ပန်းရောင် စက်လေး ရှိနေရင် ကိုယ်ဝန် မဆောင်ဘူးသေးသူ လို့ ပြောနိုင်ပေမဲ့၊ ပန်းရောင် မတွေ့ရရင် အပျို မဟုတ်ဘူးလို့ အရင်ထုတ် ဆေးစာအုပ်တွေက ဆိုပေမဲ့ ရာနှုန်းပြည့် မမှန်ပါဘူးတဲ့။

ယောက်ျားတွေမှာ အသက်ကြီးလာလို့ ဟော်မုန်း အချိုးအစား ပြောင်းချိန်မှာ နို့အုံက မိန်းမတွေလို ကြီးလာရင် Gynecomastia လို့ ခေါ်တယ်။ Testosterone ဟော်မုန်း နည်းလာလို့ပါ။

နို့ ဟာ Mammals နို့တိုက်သတ္တဝါ အထီးမှာ ပါတယ် ဆိုယုံသာ မြင်ရပြီး၊ အမမှာတော့ သိသိသာသာ၊ ထူးထူးခြားခြား၊ မရှိမဖြစ် အသုံးဝင်လှတဲ့ မျိုးပွားခြင်းဆိုင်ရာ အင်္ဂါတခု ဖြစ်ပါတယ်။ Breasts ကို Mammary Gland လို့ခေါ်တာက Milk နို့ရည် ထုတ်ပေးတဲ့ အိတ်လို့ ပြောတာပါ။ ဘယ်လောက် လေးတယ်၊ တင်းတယ်၊ ပြော့တယ်၊ ဘယ်ပုံပန်း ရှိတယ်ဆိုတာ အတော်ကြီး မတူကြပါ။ အစက ကမ္ဘာလုံးခြမ်း လိုရှိရာကနေ ကြာရင် ခေါင်လောင်းပုံ ဖြစ်လာတယ်။ ကိုယ်ဝန်ဆောင်ရင် သိသိသာသာ ပိုကြီးပြီး၊ ကလေး နို့တိုက်နေချိန်မှာ အကြီးဆုံး။ များသောအားဖြင့် ဘယ်ဘက် ပိုကြီးတယ် ဆိုတာကို ဆေးပညာကရော အရပ်စကားပါ ထပ်တူကြတယ်။ နို့အင်္ဂါဟာ လုံးဝန်းတယ် ဆိုပေမဲ့ တိတိကျကျ ပြောရင် အထက်-ဘေးဘက်၊ ချိုင်းဘက်ဆီ နဲနဲ ပိုရှည်ထွက်နေတယ်။ ဆေးစာမှာ Tail of breast အမြီးလို့ ခေါ်တယ်။

Ni**le နို့သီးမှာ ပြွန်ပေါက်လေးတွေ ၁၅-၂ဝ ရှိတယ်။ Ni**le piercing လုပ်ရင် အဲဒါတွေ ပျက်စီးစေတယ်။ Ni**le ဟာ ဆလင်ဒါပုံ၊ ကတော့ပုံနဲ့၊ ၁ဝ မီလီမီတာ မြင့်တယ်။ သူ့ကို ဆွပေးရင် သန်မာမှု Er****on ဖြစ်နိုင်တယ်။ နို့သီးထိပ်ကို ဆွလို့ သန်မာမှု ဖြစ်ရတာက Erectile tissue ကြောင့် မဟုတ်ပါ။ ကြွက်သားနု Smooth muscle ကြောင့် ဖြစ်ရတာပါ။ ကြက်သီး-မွေးညင်းထတာမျိုး၊ ရာသီဥတု အေးရင် ဖြစ်ရတာမျိုးလိုပါဘဲ။ လိင်စိတ်ကြောင့်လည်း ဖြစ်ပါတယ်။ မင်းသမီးကို အဲဒီ နေရာကို ရေခဲ အကပ်ခိုင်းပြီး ချစ်ခန်း-ကြိုက်ခန်း ရိုက်ရတယ်။ နို့စို့နေရင်လည်း ဖြစ်တယ်။ ဒီနှစ်မျိုးလုံးက Oxytocin ဟော်မုန်းကြောင့်ပါ။ တချို့မှာ ဒီလို ဆွပေးတာနဲ့ဘဲ Or**sm လိင်စိတ်ပြည့်ဝခြင်း ဖြစ်နိုင်တယ်လို့ ပြောတယ်။

နို့သီးအခြေ အရောင်အရင့် အဝိုင်းကို Ar**la ခေါ်တယ်။ သူ့အပေါ်မှာ တခြားနေရာက ချွေးထွက် အိတ်တွေထက် ပိုကြီးတဲ့ အိတ်လေးတွေ ရှိပြီး၊ အဆီထုတ်ပေးတာမို့ ကလေးနို့စိုနေတုံး အကာကွယ် ပေးရာကျတယ်။ Ni**le က Pink ပန်းရောင် ဒါမှမဟုတ် Brownish hue ခပ်ညိုညို အရောင် ဖြစ်တယ်။ ပန်းရောင်က ပိုလှတယ် ပြောရင် "မဟူရာ" မလေးတွေက ကလောတယ်။ "ပန်းရောင်ဘဲ ကြိုက်ရင် ဝက်မကြီးဆီ သွားပါလား" တဲ့။

(အေရီယိုလာ) က အရောင် မတူကြသလို အရွယ်အစား သာမက ပုံပန်းလဲ မတူကြပါ။ အများဆုံးက စက်ဝိုင်းလို ရှိကြပေမဲ့ Elliptical ဘဲဥပုံလည်း ရှိသေးတယ်။ ယောက်ျားတွေမှာ အချင်း ၁ လက္မရှိကြပြီး၊ မိန်းမတွေက ၁.၂ ကနေ ၄ လက္မအထိ ရှိကြတယ်။ ဒီအဝိုင်းက ဘာလို့ပါတာလဲကို မှန်းပြောတခုရှိတယ်။ နို့ဆာတဲ့ကလေး ရွာရတာ လွယ်အောင်တဲ့။ မဟုတ်နိုင်ပါ။ ကလေး ဆိုတာ မွေးကတည်းက သူ့ပါးကလေးကို တခုခုနဲ့ ထိလိုက်တာနဲ့ နို့မှတ်ပြီး၊ ခေါင်း လှည့်လာမယ်။ နို့ရှာရာမှာ မလိုပါ။

ကိုယ်ဝန် မဆောင်ဘူးသူ တချို့မှာ Breast နဲ့ Ar**la အရောင် အတော်နီးစပ်အောင် တူနေတတ်တယ်။ အိမ်ထောင်ရှိပေမဲ့ ကိုယ်ဝန် မဆောင်ဘူးသူနဲ့ အပျိုဘဝမှာ အခန့်မသင့်လို့ မှားယွင်းမိတာမို့ ဖျက်ဆေးသောက်ရသူတို့ ရင်သား အရောင် မတူကြပါ။ သူငယ်ချင်းတွေ ပြောကြ-ငြင်းကြတာတခု ရှိတယ်။ မိန်းကလေး တယောက်မှာ နှုတ်ခမ်း အရောင်နဲ့ နို့သီးဖျား အရောင်က တူကြသတဲ့။ မရွှေတိကျ က လာသေးတယ်၊ အပေါ် နုတ်ခမ်း အရောင်နဲ့သာ တူတာပါတဲ့။

ဆက်ရန်........

  *x_EducationsFemale S*x Organs🌷🌷🌷🌷🌷🌷🌷S*xual arousal လိင်စိတ် ဖြစ်ပေါ်တယ်ဆိုရင် မိန်းမကိုယ်မှာ ရုပ်ပိုင်းအပြောင်းအလဲတွေ...
05/07/2021


*x_Educations

Female S*x Organs
🌷🌷🌷🌷🌷🌷🌷

S*xual arousal လိင်စိတ် ဖြစ်ပေါ်တယ်ဆိုရင် မိန်းမကိုယ်မှာ ရုပ်ပိုင်းအပြောင်းအလဲတွေ ဖြစ်လာတယ်။ အကြမ်းဖျဉ်းခွဲရင် ၄ ဆင့် ရှိတယ်။

၁။ Excitement လိင်စိတ်ဖြစ်လာတဲ့အဆင့်၊ (ဗဂျိုင်းနား) က စိုစွပ်လာမယ်။ သွေး ပိုလျှောက်လာမယ်။ နှုတ်ခမ်းသား အကြီးစား ပြားချပ်ပြီး ကားလာမယ်။ (ကလိုက်တောရစ်) မ-အစိ နဲ့ နှုတ်ခမ်းသား အသေးတွေ အရွယ်အစား ပိုကြီးလာမယ်။

၂။ Plateau တန်းနေတဲ့အဆင့်၊ သွေးပိုစီးလျှောက်နေမယ်။ (ဗဂျိုင်းနား) ဖေါင်းကြွလာမယ်။ အပေါက်ဝဟာ ၃ဝ% ကျဉ်းလာမယ်။ (ကလိုက်တောရစ်) မ-အစိက သန်မာလာမယ်။ သူ့ထိပ်ဖျားက ဆီးခုံရိုးဆီ ဦးညွတ်လာပြီး အစပိုင်းမှာ ချိတ်လိုမျိုး ကောက်ကောက်လေး ဖြစ်လာမယ်။ နှုတ်ခမ်းသား အသေးဟာ ၂-၆ ဆ အထိ ပိုထူလာမယ်။ ဘေးကိုကားလာမယ်။ အဝက ပိုကျယ်လာမယ်။ ချိတ်လိုနေတဲ့ပုံမျိုး မရှိတော့ဘူး။ အရောင်လဲပြောင်းလဲတတ်တယ်။ ပန်းရောင်ကနေ နီရဲလာမယ်။ ကလေးမွေးဘူးသူဆိုရင် ညိုရဲရဲဖြစ်လာမယ်။

၃။ Or**sm (အော်ဂဇင်) ဆန္ဒပြည့်သွားချိန် (ပြီးဆုံးချိန်) နီးလာရင် မ-အစိက ထူးထူးခြားခြား တင်းဖေါင်းလာမယ်။ အစိက အသိသာဆုံး ကြီးထွားလာတယ်။ အထိမခံနိုင်သလို ဖြစ်လာမယ်။ ကြွက်သားတွေက စည်းချက်ကျကျ တင်းလိုက်-လျော့လိုက်တာ ဖြစ်လာမယ်။ ဗဂျိုင်းနားရဲ့ အပြင်ပိုင်း ၃ ပုံ၂ ပုံနေရာကဖြစ်တယ်။ သားအိမ်နဲ့ စအိုနေရာက ကြွက်သားတွေလဲ ပါတယ်။ တင်းအားကောင်းကောင်းနဲ့ ဝ.၈ စက္ကန့်လောက် ကြာရာကနေ တဖြေးဖြေး အားပျော့လာမယ်။ နှလုံးခုန်တဲ့အကြိမ်လောက်ရှိရာကနေ ဖြေးဖြေချင်း နည်းလာ၊ နှေးလာတယ်။ စုစုပေါင်း ၁၅ ကြိမ်အထိ ရှိနိုင်တယ်။ ဆက်ဆံမှုရော ဖါသာ-အာသာဖြေမှုလုပ်တာပါ တခါနဲ့တခါတော့ မတူဘူး။ တချို့ အမျိုးသမီးတွေမှာ Skene's gland ကေန အရည်ထွက်လို့ Female ej*******on ယောက်ျားတွေလိုဘဲ အရည် ပန်းထုတ်တတ်တယ်။ တချို့ကြ ဆီးအိမ်ကနေ ဆီးထွက်တယ်။ အတော်ရှားတယ်။

၄။ Resolution ပြန်ကျသွားတဲ့အဆင့်၊ အရင်က စုဝေးပြီးများလာတဲ့သွေးတွေ ပြန်လျှော့ကျသွားမယ်။ မွေးလမ်းကြောင်း (ဗဂျိုင်းနား)၊ မိန်းမကိုယ် (ဗာလ်ဗာ) နဲ့ အပေါက်ဝ (အင်ထရိုအင်းတပ်စ်) က နဂိုအနေပြန်ရောက်လာမယ်။ Or**sm ဆန္ဒပြည့်သွားတာ မရဘဲ ဆက်ဆံမှုကို အဆုံးသတ်လိုက်ရင် အဲလိုဖြစ်တာတွေက နှေးကွေးမယ်။

မိန်းမကိုယ်မှာ ဖြစ်နိုင်တဲ့ရောဂါတွေ -
- Epidermal cysts (ဆစ်)
- Angiomas သွေးကြောရောဂါ၊
- Moles မှဲ့၊
- Freckles အရောင်ရင့်အစက်အပျောက်တွေ၊
- Lentigos အစက်အပျောက်၊
- Scars အမာရွတ်၊
- Scarification တမင်တကာ အမာရွတ်လုပ်ထားခြင်း၊
- Vitiligo ခရုသင်း၊
- Tattoos ထိုးကွင်းထိုးခြင်း၊
- Hypertrophy ဖူးရောင်နေခြင်း၊
- Sinus pudoris တဖက်ပိတ်နာ၊

Infections ကူးစက်ရောဂါတွေ -
- Candidiasis (hrush) ဖန်းဂတ်စ် (မှက္ခရု)၊
- Bacterial vaginosis (ဗက်တီးရီးယား) ဝင်ခြင်း၊
- Warts ကြွက်နို့၊
- Molluscum contagiosum (ဗိုင်းရပ်စ်) ရောဂါ၊
- Ge***al herpes လိင်လမ်း ရေယုံ၊
- Herpes zoster (Shingles) ရေယုံ၊
- Tinea မှိုရောဂါ၊
- Hidradenitis suppurativa ပြည်တည်နာ၊

Inflammatory diseases အရေပြား ရောင်ရမ်းရောဂါတွေ -
- Eczema/Dermatitis အရေပြား နာ၊ နှင်းခူနာ၊
- Lichen simplex နာတာရှည် နှင်းခူနာ၊
- Psoriasis နှင့်ကူးနာ တမျိုး၊
- Lichen sclerosus (လင်ချန်) အရောင်ဖြူ အမာရွတ်နာတမျိုး၊
- Lichen pla**s (လင်ချန်) အရောင်ရင့် အနာတမျိုး၊
- Pemphigus vulgaris ရောဂါပြီးစနစ်ကြောင့်ဖြစ်တဲ့ နာတာရှည်အနာတမျိုး၊
- Pemphigoid ရောဂါပြီးစနစ်ကြောင့်ဖြစ်တဲ့ နာတာရှည်အနာတမျိုး၊

Pain syndromes နာတဲ့ရောဂါတွေ -
- Vulvodynia and vulvular vestibulitis (ဘက်စတီဗျူး) ရောင်နာ၊
- Vaginismus လိင်ဆက်တာအပါအဝင် တခုခုလာထိ-ဝင်တာနဲ့ တုံ့ပြန်မှုသဘောအရ ကြုံ လို့ နာတဲ့ရောဂါ၊

V***ar cancer ကင်ဆာ
- Squamous cell carcinoma အများဆုံးဖြစ်တဲ့ အရေပြားကင်ဆာ၊
- Basal cell carcinoma (ဘေဆယ်-ဆဲလ်) ကင်ဆာ၊
- Melanoma မှဲ့ကင်ဆာ၊
- V***ar cancer မ-အင်္ဂါ ကင်ဆာ၊

Ulcers အနာတွေ -
- Aphthous ulcer အပူကန်နာ (ပါးစပ်မှာဖြစ်တာမျိုး)၊
- Behcet's Disease ရောဂါပြီးစနစ်ကြောင့်ဖြစ်တဲ့ ပါးစပ်နာမျိုး၊

Developmental disorders မွေးရာပါရောဂါတွေ -
- Septate va**na ကြားအကန့်ပါလို့ နှစ်ပေါက်-နှစ်ခန်း ဖြစ်နေတာ၊
- Va**nal opening extremely close to the urethra or a**s (ဗဂျိုင်းနား) အဝက ဆီးပေါက်နားဖြစ်ဖြစ် စအိုနားဖြစ်ဖြစ် နီးနေတာ၊
- An imperforate h***n အပျိုမှေးပိတ်နေတာ၊
- fused l***a, an absent or partially-formed va**na, urethra located on the cl****is တခြားမွေးရာပါ ချို့ယွင်းချက်များ၊
- Hermaphroditism ကျား မဟုတ်၊ မ မဟုတ်၊

Other တခြားရောဂါတွေ -
- V***ar Lymphangioma (လင့်ဖ်) ရောင်ခြင်း၊
- Extramammary Paget's disease (ပေးဂျက်စ်) ရောဂါ၊
- V***ar intraepithelial neoplasia (VIN) ကင်ဆာတမျိုး၊
- Bowen's disease (ဘိုးဝင်းစ်) ရောဂါ၊
- V***ar varicose veins သွေးပြန်ကြောဖေါင်းခြင်း၊
- L***al adhesions နှုတ်ခမ်းသား ကပ်နေခြင်း၊
- Desquamative Inflammatory Vaginitis (DIV) ရောင်ရမ်းခြင်း၊
- Childbirth tears and Episiotomy related changes ကလေးမွေးရလို့ စုပ်ပြဲခြင်း၊ လမ်းကြောင်း ချဲ့ခြင်း၊

Female ge***al mutilation မိန်းကလေး အင်္ဂါကို လှီးဖြတ်တဲ့အလေ့အထ
တချို့နိုင်ငံတွေမှ အခုလဲ ရှိနေသေးတယ်။ တောင်-အာဖရိကမှာနေတဲ့ Khoisan women အမျိုးသမီးတွေဟာ နှုတ်ခမ်းသား အသေး စား အတော် ရှည်ကြတယ်လို့ နာမည်ကြီးတယ်။ ကမ္ဘာမှာ လူရယ်လို့ ဖြစ်စကသာ အဝတ်အစားမဝတ်ဘဲ နေခဲဲ့ ကြပြီး ယဉ်ကျေးလာတော့ ဝတ်စားလာကြတယ်။ လူတကိုယ်လုံးကို သူများမမြင်စေအာင် ဖုံးထားဘို့ အလိုဆုံးနေရာဟာ မိန်းမကိုယ် ဖြစ်တယ်။ ဒီခေတ်မှာတော့ ကိုယ်လုံးတီးဖေါ်တာ ဖြစ်လာပြန်တယ်။ ယဉ်ကျေးမှုလို့ဘဲ ခေါ်ကြတာဘဲ။ ကွင်းတပ်တဲ့ ဖက်ရှင်လုပ်တာထဲမှာ V***a Piercings လဲပါတယ်။ Shaved v***a အမွှေးရိတ်တာလဲ လုပ်ကြတယ်။ Depilated v***a တစိတ်တပိုင်း ရိတ်လာလဲလုပ်တယ်။ ရိတ်ကြတာက ခေတ်ဆန်ချင်တာအတွက်ရော၊ Hygiene သန့်ရှင်းရေးအတွက်ရော လုပ်ကြတာဖြစ်ပါတယ်။ High-cut swimsuits ရေကူးဝတ်စုံ အဆန်းတွေက အဲလိုလုပ်မှလဲ ဝတ်လို့ရတာမို့ ရိတ်ရတာလဲရှိတယ်။

Credit to original uploader

  *x_Educations female s*x organs🌹🌹🌹🌹🌹🌹🌹မိန်းမကိုယ် (မ-အင်္ဂါ) ကို Va**na (ဗဂျိုင်းနား) လို့ခေါ်တာ မမှန်ပါ။ V***a (ဗာလ်ဗ...
02/07/2021


*x_Educations

female s*x organs
🌹🌹🌹🌹🌹🌹🌹

မိန်းမကိုယ် (မ-အင်္ဂါ) ကို Va**na (ဗဂျိုင်းနား) လို့ခေါ်တာ မမှန်ပါ။ V***a (ဗာလ်ဗာ) လို့ အင်္ဂလိပ်လို ဆေးစာနဲ့ ခေါ်ပါတယ်။ မိန်းမကိုယ်ဟာ မိန်းကလေး တယောက်နဲ့ တယောက် အရွယ်၊ ပုံပန်း နဲ့ အရောင်တွေ မတူကြပါ။ အများဆုံး အသားရောင်အတိုင်းရှိကြပေမဲ့ မတူတာလဲရှိတယ်။ အရေပြားမဟုတ်တဲ့ အတွင်းသားတွေရဲ့ အရောင်ကတော့ ပန်းရောင်၊ ပန်းညိုရောင်ဖြစ်တယ်။ မိန်းမကိုယ်ဟာ S*xual function လိင်အရေးကို လုပ်ပေးနိုင်တယ်။ အသေအခြာ နှိုးဆွပေးရင် သာယာမှုကို ဖြစ်စေတဲ့ အာရုံကြောတွေ အများကြီးရှိတယ်။ V***a ခေါ်တာထဲမှာ Urethra ဆီးထွက်ပေါက်လဲ ရှိတာမို့ ဆီးသွားတဲ့တာဝန်ကိုပါ ထမ်းဆောင်ပေးတယ်။

အမျိုးသမီးတယောက်ကို လိုအပ်လို့ Va**nal examination (VE) မွေးလမ်းကြောင်း စမ်းသပ်ခြင်း စစ်ဆေးတဲ့အခါ မျက်စိနဲ့မြင်ရမှာတွေကို ခန္ဓာဗေဒအရ အခေါ်တွေပြောရရင် -
Mons p***s ဆီးခုံ၊
L***a majora နှုတ်ခမ်းသားအကြီး၊
L***a minora နှုတ်ခမ်းသားအသေး၊
Cl****is မ-အစိ၊
Vestibular bulbs မ-အစိအခြေ၊
V***al vestibule မ-အင်္ဂါအတွင်းပိုင်းဧရိယာ၊
Vestibular greater gland အရည်ထွက် (ဂလင်း) အကြီး၊
Vestibular lesser gland အရည်ထွက် (ဂလင်း) အသေး၊ နဲ့
Va**nal opening (ဗဂျိုင်းနား) အဝ၊

Mons p***s ဆီးခုံဆိုတာမှာ အောက်ခံအရိုးပေါ်မှာ အဆီတွေ စုဝေးနေလို့ အိအိဖေါင်ဖေါင်းလေးနေတယ်။ သူကနေ နှုတ်ခမ်းသားအကြီးအဖြစ် အောက်ကို ဆင်းလာပြီး အောက်ပိုင်းက စအို အထက်နား မှာ ပြန်ဆုံကြတယ်။ ဆုံတဲ့နေရာကို Perineum ခေါ်တယ်။ ကလေးကို မွေးလမ်းကြောင်းကနေဖွါးရင် ဒီနေရာမှာ စုပ်ပြဲတာဖြစ်ဖြစ် တမင်တကာချဲ့ပေး-ပြန်ချုပ်ပေးရတာဖြစ်ဖြစ် လုပ်ရတယ်။ အရွယ်ရောက်ချိန်ကစပြီး ဒီနေရာနဲ့ နှုတ်ခမ်းသားအကြီးနေရာတွေမှာ အမွှေးပေါက်လာတယ်။ အမွှေးနုနုလေးတွေကနေ ရင့်သန်လာတယ်။ တချို့မှာ အရွယ်ရလာတောင်မှ အမွှေးက နည်းလွန်းလှပြီး တချို့မှာ အောက်အထိ ဆက်ပေါက်မယ်။ ပေါင်အထိလဲ ပေါက်နိုင်တယ်။ အမွှေးရဲ့ အရောင်၊ အထူ-အပါး၊ အနု-အကြမ်း၊ အဖြောင့်-အကောက် မတူကြဘူး။

Cl****is မ-အစိ ကတော့ ထိပ်ဆုံး အလည်တည့်တည့်မှာ ရှိတယ်။ နှုတ်ခမ်းသား အသေးစားနဲ့ နှစ်ခုဆုံရာနေရာကို Frenulum clitoridis (ဖရင်ညူလန်) ခေါ်တယ်။ ယေဘုယျ ပဲစေ့လောက်လို့ ပြောကြပေမဲ့ အရွယ်အစား သိသိသာသာ မတူကြပါ။ အာရုံကြောတွေက ထိရင် အလွန်သိလွယ်တယ်။ G***s p***s ယောက်ျားအင်္ဂါထိပ်ဖျားနဲ့ အတူတူဘဲ။ ဖုံးနေတဲ့ ချိတ်သဘောဖြစ်နေတာကို Cl****al hood ခေါ်တယ်။ ကျားအင်္ဂါထိပ်က အရေပြားသဘောဖြစ်လို့ Prepuce လို့လဲခေါ်တယ်။ Cl****is အစိကို ဖုံးပေးတယ်။ လုံအောင် မဖုံးနိုင်တာမျိုးလဲ ရှိတယ်။

L***a majora အကြီးနှုတ်ခမ်းဟာ သာမန် အရေပြားလိုဘဲ။ Keratinized stratified squamous epithelium (ကရတင်) ပါတဲ့ အရေပြား၊ အမွှေးပေါက်အိတ်တွေနဲ့ (အပိုခရိုင်း) အိတ်နဲ့ ချွေးထွက်အိတ်တွေပါတယ်။ L***a minora အသေးနှုတ်ခမ်းဟာ အရေပြားနဲ့ လုံးဝ မတူဘူး။ Nonkeratinized stratified squamous epithelium (ကရတင်) မပါတဲ့အရေပြား အမျိုးအစား ဖြစ်တယ်။ တချို့မှာ မသိသာဘူး။ တချို့မှာ အလွန်ကို သိသာတယ်။ အသေးစားဟာ အကြီးရဲ့ အတွင်းမှာ အသားနုလိုရှိတယ်။ အရွယ်အစား၊ ပုံပန်း၊ အရောင်ဆိုတာ အတော်မတူကြဘူး။

Vestibular bulbs မ-အစိအခြေမှာ အာရုံခံစားမှု အလွန်ကောင်းလှတဲ့ Erectile tissue (တစ်ရှူး) တွေ စုဝေးနေတဲ့နေရာ ဖြစ်တယ်။ ယောက်ျားတွေမှာရှိတဲ့ Bulb of p***s နဲ့ သဘောချင်း အတူတူဘဲ။ လိင်စိတ်ဖြစ်ပေါ်ရင် သန်မာလာစေနိုင်တယ်။ (ဗဂျိုင်းနား) အဝဘေးတဖက်စီမှာ ဖြာဆင်းနေတယ်။ အပေါ်ထိပ်နေရာမှာတော့ ဘယ်နဲ့ညာက ဆက်နေကြတယ်။ အောက်ဖျားတွေကတော အရည်ထွက် (ဂလင်း) အကြီးတွေနဲ့ ဆက်သွားကြတယ်။ V***al vestibule ဆိုတာ L***a minora နုတ်ခမ်းသားအသေး နှစ်ခုကြားကနေရာကို ခေါ်တယ်။ ဧရိယာသတ်မှတ်ချက်သာဖြစ်တယ်။ အောက်က ဗဂျိုင်းနားအပေါက်နဲ့ အထက်က ဆီးထွက်ပေါက်တွေ ရှိနေကြတယ်။

(ဗဂျိုင်းနာ) အဝဟာ အတိုင်းထားရင် ဟနေတာ မဟုတ်လို့ Opening အပေါက်လို့ ခေါ်တာထက် Introitus အဝင်ပေါက်လို့ ခေါ်တာက ပိုမှန်တယ်။ အပျိုစစ်စစ်တုံးက အဝကို H***n အပျိုမှေးနဲ့ ဖုံးနေတယ်။ လိင်မဆက်ဆံဘူးလို့ ဒီဟာစုပ်ပြဲ မသွားသေးတာဟာ Virginity အပျိုစစ်လို့ ဂုဏ်ယူနိုင်တယ်။ လိင်နဲ့မဆိုင်ဘဲ စုပ်ပြုတာလဲရှိပါမယ်။ အားကစားလုပ်တာ၊ မြင်းစီး၊ ဘီးစီးတာ၊ ရာသီခံပစ္စည်း ထည့်တာတွေကနေ ဖြစ်စေနိုင်တယ်။ တချို့ မိန်းကလေးတွေမှာ မွေးကတည်းက အပျိုမှေး လုံးဝအပြည့်ဖုံးနေရင် Imperforate h***n ခေါ်ပြီး ခွဲစိတ်ပေးရတယ်။ (ဗဂျိုင်းနား) ပေါက်ရဲ့ အောက်နဲ့ ဘေးတဘက်စီမှာ Bartholin glands (ဘာသိုလင်-ဂလင်း) အိတ်တခုစီ ရှိတယ်။ ဖယောင်းလိုအရည် ထုတ်ပေးနေတယ်။

မိန်းမကိုယ်မှာ Fluids and odor အရည်တွေ ရှိတယ်။ အနံ့လဲရှိတယ်။ Urine ဆီး၊ Sweat ချွေး၊ Me**es ရာသီသွေး၊ Sebum အရေပြားအဆီ၊ Bartholin's (ဘာသိုလင်-ဂလင်း) အရည် Skene's gland (စကီးန်-ဂလင်း) အရည်၊ (ဗဂျိုင်းနား) နံရံက အရည်တွေ ရှိနေတယ်။ ဓါတုပစ္စည်းတွေလဲ အမျိုးမျိုးရှိနေတယ်။ Pyridine (ပိုရီဒင်း)၊ Squalene (စကွာလင်း)၊ Urea (ယူရီယာ)၊ Acetic acid (အက်စစ်တစ်-အက်စစ်)၊ Lactic acid (လက်တစ်-အက်စစ်)၊ Alcohols (အယ်လ်ကိုဟော)၊ Glycols (ဂလိုက်ကောလ်)၊ Ketones (ကီတုန်း) နဲ့ Aldehydes (အယ်လ်ဒီဟိုက်) တွေ ဖြစ်တယ်။ ဒါ့ကြောင့် အနံ့တမျိုး ရစေတယ်။

မိန်းကလေး သုံးပုံတပုံလောက်မှာ Aliphatic acids (အလီဖက်တစ်-အက်စစ်) ထွက်လို့ အနံ့ဆိုးတယ်။ လူ့တကိုယ်လုံးက (ဆဲလ်) တွေဟာ အသစ်ဖြစ်လာ၊ ရင့်လာကြရာကနေ သေနေကြတယ်။ (ဆဲလ်) အသေတွေ၊ အရေပြားအဆီ၊ (ဗတ်တီးရီးယား) တွေရယ် စုပေါင်းပြီး အနံ့မကောင်းတဲ့ဟာတွေကို Sm**ma မိန်းမကိုယ်-အညစ်အကြေးလို့ ခေါ်တယ်။

ကောင်းတာလဲ ရှိပါတယ်။ မိန်းမ ၃ ယောက်မှာ တယောက်ဟာ (ဗဂျိုင်းနား) ကနေ Aliphatic acids (အလီဖက်တစ်-အက်စစ်) ထုတ်ပေးနေတယ်။ ဆရာဝန်တိုင်းက သဘောမတူပေမဲ့ အများယူဆကြတာက ဒါဟာ Pheromones ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်တဲ့ အစွမ်းတဲ့။ ဒီ အက်စစ်ဟာ (ဗက်တီးရီးယား) တွေကနေ ထုတ်ပေးနေတာ ဖြစ်တယ်။ ရာသီဖြစ်စဉ်မှာ အနည်း-အများ ပြောင်းလဲနေတယ်။ လလည်ရက်မှာ အများဆုံးဘဲ။

ဆက်ရန်➡➡➡

Credit to Original uploader

 ကိုယ်၀န်ဆောင်နှင့်သိမှတ်စရာအဖြာဖြာ___________________________________
29/06/2021



ကိုယ်၀န်ဆောင်နှင့်သိမှတ်စရာအဖြာဖြာ
___________________________________

 Female or**sm (1) အမျိုးသမီး ပြီးခြင်း (၁)💕💦💕💦💕💦💕💦💕💦Or**sm (အော်ဂဇင်) ဆိုတာ လိင်စိတ်နိုးဆွရာက ဖြစ်လာတဲ့ အကျိုးရလဒ် ဇီဝက...
28/06/2021



Female or**sm (1) အမျိုးသမီး ပြီးခြင်း (၁)
💕💦💕💦💕💦💕💦💕💦

Or**sm (အော်ဂဇင်) ဆိုတာ လိင်စိတ်နိုးဆွရာက ဖြစ်လာတဲ့ အကျိုးရလဒ် ဇီဝကမ္မဖြစ်စဉ်တရပ် လို့ အဓိပ္ပါယ် ဖွင့်ပါတယ်။ လိင်ဆက်ဆံမှု ဖြစ်စဉ်ရဲ့ အဆုံးပိုင်း လို့ ယေဘူယျ ပြောကြပေမဲ့ အတိအကျဆိုရရင် မဟုတ်သေးပါ။ (မာစတာဘေးရှင်း) ကို ဆက်ဆံမှု တခုရဲ့ အစိတ်အပိုင်း တခုဖြစ်ဖြစ်၊ အပြီးရောက်သွားအောင်ဖြစ်ဖြစ် လုပ်လို့ရတယ်။ တယောက်တည်းက ဖြစ်ဖြစ် တယောက်မကဖြစ်ဖြစ်၊ အင်္ဂါတမျိုးထဲသုံးပြီး ရရှိနိုင်လို့ ဖြစ်ပါတယ်။ ကျား-မ နှစ်မျိုး ရှိတာထဲက မ နဲ့ ပတ်သတ်တာကိုသာ ရွေးရေးပါမယ်။

အပြီးရောက်ဘို့ ယောက်ျား ၂-၅ မိနစ်၊ မိန်းမ ၂ဝ မိနစ်ကြာတယ်လို့ ဆိုတယ်။ သုတေသန အမျိုးမျိုးက ကိန်းဂဏန်း အမျိုးမျိုး ထုတ်တယ်။ မတူကြဘူး။ မတူတဲ့ အထဲမှာ တူတာက အမျိုးသမီးများဟာ ယောက်ျား တခါပြီးတိုင်း၊ သူတို့ တခါမပီးပါ။ ထပ်တူသေးပြန်တာက မိန်းမတွေ ရာနံှုးတချို့ (၇-၁ဝ%) က တခါမှ မတခါဘူး။ တချို့ဆိုရင် Or**sm ဖြစ်ရမှန်းကိုတောင်မှ မသိရှာကြပါ။

စိတ်ပျက်စရာ မကောင်းတာကတော့ အမျိုးသမီးများဟာ ပြီးမသွားပေမဲ့ အများအားဖြင့် ကျေနပ်မှုရကြတယ်။ ပူးကပ်-ပွတ်သပ်မှု၊ ယုယ-အနှစ်သက်ခံရမှု၊ စတာတွေအပေါ်မှာ တန်ဘိုးကြီးကြီးထားတယ်။ နဲနဲလွဲနေတာတခုက မိန်းမ ပြီးတာကို မိန်းမထက် ယောက်ျားက ပိုဖြစ်စေချင်နေတတ်တယ်။ အမျိုးသမီး မပီးတာက ငါ့ကြောင့်လား။ သူ့ကြောင့်လား တွေးလာလို့ပါ။

၁၉၆ဝ ခုနှစ်မှာ ကျား ၃၁၂ နဲ့ မ ၃၈၂ ကို (အော်ဂဇင်) ဖြစ်ရင် ဘာတွေ ဖြစ်လာသလဲဆိုတာ စမ်းသပ်ပြီး၊ ထုတ်ပြန်တာက စိတ်လှုတ်ရှားမှု အရှိန်ရလာ၊ သွေးစီးဆင်းမှု များလာ၊ ဒီအဆင့်မှာ တန်းနေရာကနေ (အော်ဂဇင်) ဖြစ်လာပြီး၊ နောက်ဆုံး အားလုံး ပြန်လျှော့ကျသွားတယ်။ လို့ ဆိုပါတယ်။ ၁ဝ နှစ်ကြာတော့ အမျိုးသမီး သုတေသီတယောက်ကနေ ထပ်ဖြည့်တာက စိတ်လှုတ်ရှားမှုထဲမှာ စိုးရိမ်မှု၊ ခုခံနိုင်စွမ်းမဲ့မှုနဲ့ အပြန်အလှန် ပြောဆိုနိုင်စွမ်းမရှိမှု တွေကြောင့် လိင်စိတ်ကို နည်းစေနိုင်သလို၊ (အော်ဂဇင်) ရမှာကိုပါ တားဆီးစေနိုင်တယ်။ တဲ့။

နောက် ၁ဝ နှစ်ကြာပြန်တော့ အမျိုးသမီးပညာရှင် တယောက် ဆန္ဒက စိတ်ဖြစ်ပေါ်မှုနဲ့ (အော်ဂဇင်) ပြီးဆုံးခြင်းကို သက်ရောက်စေတာ မှန်ပေမဲ့၊ (အော်ဂဇင်) ဟာ အထွတ်အထိပ် မဟုတ်ဘူး။ ဆက်ဆံမှု အဆင့်တဆင့်မှာလည်း ကျေနပ်မှု ရစေနိုင်တယ် လို့ ယူဆပါသတဲ့။ (အော်ဂဇင်) ဟာ သာယာမှုအထွတ်အထိပ်လို့ အလွယ်ပြောတာ သိပ်မမှန်ပါ။ အဓမ္မပြုကျင့်တာ ခံရတဲ့အခါ ရှက်စိတ်နဲ့ရောပြီး၊ အနည်းအပါး ဖြစ်သွားတတ်သေးတယ်။

(အော်ဂဇင်) ဟာ ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုပါတယ်။ ၁၉၉၇ တုံးက ဗြိတိသျှဆေးပညာဂျာနယ် မှာ အသက် ၄၅-၅၉ ရှိသူ ယောက်ျား ၉၁၈ ဦးကို ၁ဝ နှစ်တာ စမ်းသပ်တဲ့အခါ၊ (အော်ဂဇင်) နည်းနည်းသာ ဖြစ်ခဲ့သူတွေက ပိုပြီး အသက်တိုတယ်။ လိင်ဆက်ဆံမှု ရှိခဲ့သူတွေမှာ နှလုံးရောဂါဖြစ်တာလည်း ထက်ဝက် နည်းတယ်လို့ ရေးခဲ့တယ်။ (ကလိုရီ) အများကြီး သုံးပြစ်လို့ အလေးချိန် ကျစေနိုင်တယ်။

အမျိုးသမီးမှာ (အော်ဂဇင်) ရရင် ကလေးရနိုင်လမ်း ပိုများစေတယ်လို့ ဆိုတယ်။ အဲဒီချိန်မှာ သူ့မွေးလမ်းက ပိုတိုသွားတဲ့ပြင် စုပ်အား ဖြစ်လာလို့တဲ့။ ဒါကို မှန်းပြောကြတာတော့ မဟုတ်ဘူး။ ၁၉၉၄ တုံးက (ဗော်လန်တီယာ) အမျိုးသမီးတွေကို လိင်ဆက်ဆံနေတုံး (ဗဂျိုင်းနား) ထဲမှာ (ဖိုက်ဘာ အော့ပတစ်) ကင်မရာ ထည့်ထားပြီး လေ့လာတာပါ။

ဒီအဆင့် ရောက်တော့မယ် ဆိုတာကို သူမကိုယ်တိုင် သိတယ်။ မျက်နှာနီမြန်းလာမယ်။ မ-အစိ သန်မာလာပြီး၊ အတွင်းကို ငုံ့လာတယ်။ (ဗဂျိုင်းနား) ပိုစိုစွပ်လာပြီး၊ နုတ်ခမ်းကြွက်သားငယ်က အရောင်ရင့် လာမယ်။ အဝပိုင်းက ကြုံ့-ကြပ်လာပြီး၊ ကျန်အပိုင်းက ပိုရှည်၊ ပိုကျယ်၊ ပိုဖေါင်းကြွလာတယ်။ ရင်သားထိပ် တင်းတောင့်လာတယ်။ သားအိမ်၊ မွေးလမ်း၊ စအို၊ တင်ပါးဆုံထဲက ကြွက်သားတွေ အလိုအလျောက် စည်းချက်ကျကျ ကြုံ့လာတယ်။ နှလုံးခုန်နှုံး မြန်လာတယ်။ အသက်ရှူတာ မြန်လာ-ပြင်းလာတယ်။ ဒါ့ပြင် သားအိမ်ပါ ၃-၁၅ ခါလောက် ကြုံ့လာတယ်။ ကလေးဖွါးချိန် ထွက်တဲ့ (အောက်စီတိုဇင်) ဟော်မုန်း ထွက်လာတယ်။ သာယာမှု အထွတ်အထိပ်ကို ခံစားရတယ်။ ပီတိလွှမ်းဖြာ ခံစားမှုပါ လို့ ပြောနိုင်တယ်။

ယောက်ျားတွေလို ပန်းထွက်တာမျိုး အမျိုးသမီးကလည်း အဆုံးသတ်မှာ ပန်းထွက်မှုဖြစ်နိုင်တယ်လို့ ဆိုကြတယ်။ ဆီးသွားပြွန်ဘေးက ပြွန်ငယ်လေးတွေကနေ ဆီးသွားသလို အရည်ထွက်လာတဲ့။ ငြင်းနေကြဆဲပါ။

(အော်ဂဇင်) ကိုတော့ လူတိုင်းလိုလိုက သိကြတယ်။ Anor**smia, Ejaculatory Anhedonia, Inor**smia ဆိုတဲ့ ဆေးဝေါဟာရတွေကိုတော့ ဆရာဝန်တချို့တောင်မှ သိပ် သတိမထားမိတတ်ကြပါ။ (အော်ဂဇင်) မဖြစ်တာကို ခေါ်တာပါ။

အမျိုးသမီး ပြီးစီးအောင် ဘယ်လို ကြံဆောင်မလဲ။ မ-အစိက အရေးပါလာတယ်။ (ကလိုက်တောရစ်) ဟာ အမျိုးသား လိင်အင်္ဂါနဲ့ ခန္ဓာဗေဒအရ တသဘောတည်း ဖြစ်တယ်။ သူ့အရေးပါမှုကို အများက လက်ခံကြတယ်။ (ဖရောက်) သီအိုရီအရ (ကလိုက်တောရစ်) ကျေနပ်မှု နဲ့ (ဗဂျိုင်းနား) ကျေနပ်မှု ဆိုပြီး၊ နှစ်မျိုး ခွဲထားတယ်။ ပဌမ အမျိုးအစားဟာ အပျိုဖြစ်ချိန်မှာ ဖြစ်တာနဲ့ နောက်တမျိုးက အရွယ်ရောက်ပြီးသူတွေနဲ့ ဆိုင်တယ်။ အပျိုစစ်စစ် ဖြစ်အုံးတော့ Cl****is ကို နိုးဆွရင် (အော်ဂဇင်) ရစေနိုင်တာဖြစ်ပြီး၊ နောက် တမျိုးမှာတော့ (ဗဂျိုင်းနား) ကို အသုံးချမှ ရတာဖြစ်တယ်။

ဒီ (သီအိုရီ) အရဆိုရင် အရွယ်ရှိသူတွေမှာ မ-အစိရဲ့ အရေးပါမှုကို ဘေးချိတ်ထားသလို ပြောရာ ကျနေတယ်။ မ-အစိမှာ ခံစားနိုင်တဲ့ အာရုံကြောတွေ အများကြီးရှိတာမို့ ကလိရင်-ထိရင် လိင်စိတ် ကြွစေတယ်။ ဆက်ဆံနေချိန်မှာ နေရာကို ကျားအင်္ဂါနဲ့ ထိစေရင် အဲဒီအကျိုးကို ရစေတယ်။ ကျားအင်္ဂါနဲ့သာ မဟုတ်ပါ။ ကိုယ်တိုင်ဖြစ်ဖြစ် ကရိယာနဲ့ ဖြစ်ဖြစ် ထိစေရင်လည်း ဖြစ်ပါတယ်။ ခံစားကြပုံချင်း တဦးနဲ့တဦး မတူဘူး။ တချို့က ထိပ်နေရာကို ဘယ်လောက် ထိ-ကိုင်-ပွတ်သပ်ပါစေ ခံနိုင်ပေမဲ့၊ တချို့ကြ သိပ်ထိလွယ်သိလွယ်ဖြစ်တာမို့ အသာအယာ မဟုတ်ရင် နာတာဖြစ်စေတယ်။ မြင်နိုင်တဲ့နေရာ သာမကပါ၊ အထဲမွာ အင်္ဂါအဝ ဘေးတဖက်ဆီ ဆက်ဆင်းသွားတဲ့ မြင်းခွါပုံလို (တစ်ရှူး) ရှိသေးတယ်။ ဒီအစိတ်အပိုင်းကိုပါ ထိမိရင် ခံစားမှုပိုစေတယ်။ နာတာလည်း မရွိဘူး။

နောက်ထပ် အေရးပါတာ လာပြန်ပါသေးတယ်။ G-**ot ဆိုတဲ့နေရာကို ဒေါက်တာ အမ်စ် ဂရပ်ဖန်ဘဂ်) ကနေ စပြောခဲ့တာမို့ သူ့နာမည်ကို ဂုဏ်ပြုထားတာပါ။ လူပြောများတယ်။ တကယ် ရှိတယ်-မရှိဘူး၊ ရှိရင်လည်း ဘယ်မှာရှိလဲ၊ ငြင်းနေကြတုံးဘဲ။ (ဗဂျိုင်းနား) နံရံရဲ့ ရှေ့-အပေါ်ပိုင်း၊ ဆီးစပ်ရိုး အောက်-နောက်နားမှာလို့ ပြောတယ်။ နေရာကို နှစ်ခွ ရေးရတာကတော့ ခန္ဓာဗေဒကို စာသင်သလို ပြောရရင် လူတယောက်က်ု မတ်တပ်ရပ်၊ ရှေ့တည့်တည့်ကြည့်၊ လက်ကို ဆန့်တန်း၊ လက်ဝါးကို ဖြန့်ပြီး ရှေ့ကို မျက်နှာမူတဲ့ အနေ အထား ပေါ် မူတည်ပြီး၊ တခုနဲ့တခုကို နှိုင်းပြောရတယ်။ ဆိုလိုတာက လက်မြှောက်ထားပေမဲ့ တံတောင်ဆစ်ဟာ လက်ကောက်ဝတ်ရဲ့ အထက်မှာ။ အိပ်နေနေ၊ မနေနေ အမျိုးသမီး ဆီးသွားလမ်းဟာ (ဗဂျိုင်းနား)ရဲ့ ရှေ့မှာ ရှိတယ်လို့ ပြောရတယ်။

ရင်သား၊ တင်ပါး နဲ့ စအိုတို့ကလည်း လိင်စိတ်ကြွစေတဲ့အပြင် (အော်ဂဇင်) အထိ အထောက်အကူပြုတယ်။ တချို့မှာ S*xual dreams အိပ်မက်ကြောင့်လည်း ရစေနိုင်တယ်။

စကားပုံတခုရှိတယ်။ ယောက်ျားသည် မီး၊ မိန်းမသည် ရေ တဲ့။ မီးကနေ ရေကို ပွက်ဆူစေရပါသတဲ့။ ဒီသဘောအတိုင်း (အော်ဂဇင်) ရအောင် ယောက်ျားကနေ စွမ်းဆောင်ပေးဘို့ လိုတယ်။ အမျိုးသမီးတွေက စိတ်ဖြစ်ပေါ်လာဘို့ အချိန် ပိုယူတယ်။ သူတို့အများစုက ကြိုတင်နိုးဆွမှု လုပ်တာကို အမျိုးသားတွေထက် ပိုသဘောကျတယ်။ ဘယ်လို လုပ်သင့်တယ် ဆိုတာ ဆေးပညာ မတတ်လည်း နားလည်ကြတာမို့ မရေးတော့ပါ။ ရေးချင်တာက မလောပါနဲ့။ အတင်း မဖြစ်စေနဲ့ (အော်ဂဇင်) ရအောင် အလုပ်မခိုင်းပါနဲ့။ OG သွားပြခိုင်းတာကို နောက်ဆုံးကြမှ စဉ်းစားပါ။

စိတ်တူသဘောတူ ယောက်ျား (အော်ဂဇင်) ရတာကို အမျိုးသမီးက သိပ်တန်ဘိုးထားတယ်။ သူ့မအတွက်ပါ ကျေနပ်မှု ဖြစ်စေတယ်။ အမျိုးသမီးတွေက တခါ (အော်ဂဇင်) ရပီး၊ ဆက်တိုက်ဆိုသလို စိတ်ဖြစ်ပေါ်မှု ပြန်ရလာတယ်။ ယောက်ျားများ ကတော့ တခါပြီးတဲ့နောက် အချိန် ကန့်လန့်ကာ ချလိုက်ရသေးတယ်။ အမျိုးသမီးတွေက တဆက်တည်း တခါမက ရနိုင်တယ်။ (အော်ဂဇင်) အများအပြားရတာမျိုးရှိတာ သေခြာတယ်။ နောက်တခါ ထပ်ရတာက ပိုတောင် ပြင်းထံသေးတယ်။ နောက်ပြန်ရဘို့က အရင်တခါလောက် အချိန်မယူဘူး။ ဆိုင်ရာနေရာ-အင်္ဂါတွေက ပိုပြီး Sensitive ဖြစ်လာလို့ပါ။ သူတို့မှာ (အော်ဂဇင်) ကို ခံစားရချိန်ကလည်း အမျိုးသားထက် အချိန်ပိုကြာတယ်။ ယောက်ျားထက်အရင် မိန်းမက (အော်ဂဇင်) ရတာမျိုးက (ပါဖက်) ဖြစ်တယ်လို့ ဆိုနိုင်တယ်။

ရစေချင်ရင် အမျိုးသမီးအနေနဲ့ စိတ်ပိုင်းအခြေအနေ လုံခြုံမှုရှိနေစေသင့်တယ်။ အဖေါ်မှာ STD ရှိသလား။ သူများတွေ မြင်မှာလေလား။ (အော်ဂဇင်) ဆိုတာက ဘယ်လိုက ဘယ်လို ဆိုတာကိုပါ သိသင့်တယ်။ အမျိုးသမီးကို သူ့ဖါသူ (မာစတာဘေးရှင်း) အလုပ်ခိုင်းဘို့လည်း အကြံပေးကြတယ်။ (ဖန်ဆီ) အဆန်းတွေလည်း တချို့က သဘောကျတယ်။ သူများကြိုက်တာက ကိုယ့်အတွက် ကောင်းချင်မှ ကောင်းတာကို သတိပြုပါ။ အနေအထား ရွေးတတ်ပါ။ သူမကို ဦးဆောင်စေတာဟာ အကောင်းဆုံး နည်းလမ်းဖြစ်တယ်။

ယောက်ျားတွေက (အော်ဂဇင်) ထိန်းထားနိုင်တာ၊ အမျိုးသမီးတွေက (အော်ဂဇင်) များများရတာမျိုးက အတွေ့အကြုံနဲ့ အသိတရားပေါ်မှာ မူတည်တယ်။ အိမ်ထောင်ကျခါစ မဖြစ်သေးတာ လူလိုကိုယ်လိုပါ။ မိန်းကလေးတွေဟာ ငယ်ရင် ဖြစ်သွားခဲ့တာကို သိချင်မှ သိအုံးမယ်။ သူ့အဆင့်နဲ့သူ တိုးတက်လာမှာပါ။ ဖြစ်စေ-ကောင်းစေ လုပ်နိုင်တဲ့ ဆေးဝါးတွေလည်း ရှိတော့ရှိတယ်။ အများအားဖြင့် တရားမဝင်ဆေးတွေမို့ မရေးတော့ပါ။ နာမည်ကြီး Vi**ra နဲ့ အလားတူ ဆေးတွေဟာ ပန်းညှိုးရောဂါအတွက် ဖြစ်ပါတယ်။ ဒီဆေးက ကျားအင်္ဂါမှာ သွေးပိုစီးလျှောက်စေတယ်။ စိတ်ဖြစ်ပေါ်မှုကို အားပေးတာ မဟုတ်ဘူး။ ပန်းညှိုးတာ မဟုတ်လည်း သုံးရင် အချိန်ကြာကြာ တောင့်တင်းနေစေတယ်။ ဒါ့ကြောင့် အမျိုးသမီးကို (အော်ဂဇင်) ရအောင် ကူညီဘို့ အချိန်ပိုရစေနိုင်တယ်။ တကြိမ်မှာ ၅ဝ မီလီဂရမ်ဆို လုံလောက်တယ်။

ဒီအချိန်မျိုးတွေမှာ အမျိုးသမီးကနေ အသံထွက်တာ၊ အော်တာ၊ ငိုမလိုဖြစ်တာမျိုးက တယောက်နဲ့ တယောက် မတူဘူး။ အသံလုံးဝ မထွက်သလောက်နဲ့ ကျယ်လောင်တာအထိ ကွာခြားတယ်။ တယောက်တည်း တောင်မှ တချိန်နဲ့ တချိန်၊ တရွယ်နဲ့ တရွယ် မတူဘူး။ ဒါရိုက်တာ က‌နေ မင်းသားကို ပြောချင်တယ် သူများလို မဟုတ်လို့ ကိုယ့်မင်းသမီးကို အထင်မသေးသင့်ဘူး။

Dr. တင့်ဆွေ

住所

Inasacho Yoko, Shizuoka

ウェブサイト

アラート

Health Educations for Guys - HEFGがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

  • あなたの診療所をクリニックのトップリストInasacho Yokoにしたいですか?

共有する

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

カテゴリー