သမားတော်တိုင်းရင်းဆေး

သမားတော်တိုင်းရင်းဆေး သမားတော်တိုင်းရင်းဆေး, 医療・健康, Nagoya-shiの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

လင်းသိဒ္ဓိအောင်အမှတ်တံဆိပ်
အာရုံကြောဆေးနှင့်
Lung Tonicအဆုတ်ရောဂါသောက်ဆေး
တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ်
TMR-016038
TMR-016260
သမားတော် ဦးအောင်မြင့်ခိုင်
(BMTM,Mdy)
09425900259
09778410428
အာရုံကြောတစ်ဘူး 4000ကျပ်
Lung Tonicအဆုတ်ဆေး တစ်ဘူး
4000ကျပ်

"ရင်အေးစေတဲ့ ပူစီနံရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများ  #အားလုံးပဲမဂ်လာပါဆရာသမား‌ေပြာပြရင်မှတ်သားထားတတ်သူမို့ပြန်လည်မျှ‌ေဝတ...
30/04/2026

"ရင်အေးစေတဲ့ ပူစီနံရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများ
#အားလုံးပဲမဂ်လာပါဆရာသမား‌ေပြာပြရင်မှတ်သားထားတတ်သူမို့ပြန်လည်မျှ‌ေဝတယ်
နွေရာသီမှာပဲဖြစ်ဖြစ်၊ ဟင်းလျာတွေထဲမှာပဲဖြစ်ဖြစ် ထည့်စားလေ့ရှိတဲ့ “ပူစီနံ” (Mint) ဟာ ကျန်းမာရေးအတွက် အထောက်အကူပြုသလို သတိထားရမယ့် အချက်လေးတွေလည်း ရှိပါတယ်။
✅ ပူစီနံရဲ့ ကောင်းကျိုးများ (Benefits)
၁။ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း
အစာမကြေတာ၊ လေပွတာနဲ့ ဗိုက်အောင့်တာတွေကို သက်သာစေပါတယ်။ အစားစားပြီးနောက် ပူစီနံ လက်ဖက်ရည် သောက်ပေးရင် အစာကြေလွယ်စေပါတယ်။
၂။ ခံတွင်းနံ့ သန့်ရှင်းစေခြင်း
ပူစီနံမှာ ပါဝင်တဲ့ Antibacterial အာနိသင်က ခံတွင်းထဲက ဘက်တီးရီးယားတွေကို သေစေပြီး အသက်ရှူလိုက်တိုင်း လတ်ဆတ်တဲ့ အနံ့ကို ရရှိစေပါတယ်။
၃။ ဦးနှောက်စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း
ပူစီနံရဲ့ လတ်ဆတ်တဲ့အနံ့ဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး အာရုံစူးစိုက်မှုကို ပိုကောင်းစေပါတယ်။ ခေါင်းကိုက်တာကိုလည်း သက်သာစေနိုင်ပါတယ်။
၄။ အအေးမိ၊ နှာစေး သက်သာစေခြင်း
နှာခေါင်းပိတ်တာ ဒါမှမဟုတ် လည်ပောင်းယားတာမျိုးတွေမှာ ပူစီနံပါတဲ့ အငွေ့ရှူပေးရင် အသက်ရှူလမ်းကြောင်းကို ပွင့်စေပါတယ်။
❌ သတိထားရမယ့် ဆိုးကျိုးများ (Side Effects)
၁။ ရင်ပူတတ်သူများ ဆင်ခြင်ရန်
ရင်ပူတတ်သူတွေ (Gastroesophageal Reflux Disease - GERD) အနေနဲ့ ပူစီနံစားရင် အစာအိမ်အက်စစ် ပြန်တက်တာမျိုး ပိုဖြစ်နိုင်လို့ အလွန်အကျွံ မစားသင့်ပါဘူး။
၂။ သွေးချိုကျဆေး သောက်နေသူများ
ပူစီနံဟာ သွေးချိုကို ကျစေတဲ့ အာနိသင်ရှိတာကြောင့် သွေးချိုကျဆေး သောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။
၃။ ကလေးငယ်များအတွက် သတိထားရန်
ပူစီနံဆီ (Menthol) ကို ကလေးငယ်တွေရဲ့ မျက်နှာ သို့မဟုတ် နှာခေါင်းနားမှာ တိုက်ရိုက်လိမ်းပေးရင် အသက်ရှူရခက်ခဲတာမျိုး ဖြစ်တတ်ပါတယ်။
၄။ သည်းခြေကျောက်ရှိသူများ
သည်းခြေအိတ်မှာ ကျောက်ရှိသူတွေအနေနဲ့ ပူစီနံကို အမြောက်အမြား စားသုံးတာက ဘေးထွက်ဆိုးကျိုး ရှိနိုင်ပါတယ်။
နိဂုံးချုပ်
ဘယ်အရာမဆို တန်ဆေး လွန်ဘေးဆိုသလိုပဲ ပူစီနံကိုလည်း မိမိကျန်းမာရေး အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် စနစ်တကျ သုံးစွဲကြဖို့ အကြံပြုပါရစေ။ နော်

"ကြက်သဟင်းရွက်" ဟာ အမဲသားထက် သံဓာတ်ပမာဏ ပိုမိုကြွယ်ဝစွာ ပါဝင်နေပါတယ်။သံဓာတ်ပမာဏ နှိုင်းယှဉ်ချက် (၁၀၀ ဂရမ်ချင်း တူညီလျှင်...
30/04/2026

"ကြက်သဟင်းရွက်" ဟာ အမဲသားထက် သံဓာတ်ပမာဏ ပိုမိုကြွယ်ဝစွာ ပါဝင်နေပါတယ်။
သံဓာတ်ပမာဏ နှိုင်းယှဉ်ချက် (၁၀၀ ဂရမ်ချင်း တူညီလျှင်)
အာဟာရတန်ဖိုးအရ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သိသိသာသာ ကွာခြားတာကို တွေ့ရမှာပါ -
• အမဲသား: သံဓာတ် ၂.၆ မီလီဂရမ် ခန့်သာ ပါဝင်ပါတယ်။
• ကြက်သဟင်းရွက်: သံဓာတ် ၁၅.၇ မီလီဂရမ် အထိ ပါဝင်ပါတယ်။
ဒါဟာ အမဲသားနဲ့ယှဉ်ရင် ၆ ဆနီးပါး ပိုများနေတာကြောင့် အပင်ထွက်အစားအစာတွေထဲမှာ သံဓာတ်အကြွယ်ဝဆုံး အရင်းအမြစ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဈေးနှုန်းသက်သာပြီး အလွယ်တကူ ရရှိနိုင်တဲ့ ဒီအရွက်ကို စားသုံးပေးခြင်းဖြင့် အောက်ပါကောင်းကျိုးများကို ရရှိနိုင်ပါတယ် -
• ✅ သွေးအားကောင်းစေခြင်း: သွေးနီဥဆဲလ် ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး သွေးအားနည်းရောဂါ (Anemia) ကို ထိရောက်စွာ ကာကွယ်ပေးပါတယ်။
• ✅ အရိုးနှင့် သွားများ ခိုင်မာစေခြင်း: ကယ်လ်စီယမ် (Calcium) ဓာတ်ကြွယ်ဝလို့ အရိုးပွခြင်းကို တားဆီးပေးပြီး သွားတွေကို သန်မာစေပါတယ်။
• ✅ ကိုယ်ခံအားစနစ် မြှင့်တင်ပေးခြင်း: ဗီတာမင် A၊ C နဲ့ Antioxidants တွေ ပါဝင်တာကြောင့် ရောဂါဘယတွေကို တိုက်ဖျက်နိုင်စွမ်း ရှိပါတယ်။
• ✅ အစာခြေစနစ်ကို အားပေးခြင်း: အမျှင်ဓာတ် (Fiber) ပါဝင်မှုမြင့်မားလို့ ဝမ်းချုပ်ခြင်းကို ကင်းဝေးစေပြီး အူလမ်းကြောင်းကို သန့်စင်ပေးပါတယ်။
ခံတွင်းမြိန်စေမည့် ချက်ပြုတ်နည်းလမ်းများ
ခါးသက်သက်အရသာရှိပေမဲ့ နည်းစနစ်ကျကျ ချက်ပြုတ်မယ်ဆိုရင် အရမ်းကို ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက် ဖြစ်လာမှာပါ -
1. ကြက်ဥနှင့် ရောကြော်ခြင်း: ခရုဆီ၊ ကြက်သွန်ဖြူတို့နဲ့ ဆီသတ်ပြီး ကြက်ဥထည့်ကြော်ရင် ကလေးရော လူကြီးပါ နှစ်သက်မယ့် အရသာရရှိမှာပါ။
2. အသားနုတ်နုတ်စင်း ဟင်းချို: ဝက်သား သို့မဟုတ် ကြက်သားနုတ်နုတ်စင်းလေးနဲ့ ဟင်းချိုချက်သောက်ရင် ခံတွင်းရှင်းပြီး လန်းဆန်းစေပါတယ်။
3. ငါးခြောက်/ပုစွန်ခြောက်နှင့် ချဉ်စပ်ဟင်း: ငါးခြောက်လေးခပ်ပြီး ချဉ်စပ်ဟင်းအဖြစ် ချက်စားရင်လည်း မြိန်ယှက်စေပါတယ်။
4. တို့စရာအဖြစ် စားသုံးခြင်း: အစိမ်းလိုက်ဖြစ်စေ၊ ရေနွေးဖျောပြီးဖြစ်စေ ငရုတ်သီးထောင်း၊ ငါးပိရည်တို့နဲ့ တွဲဖက်စားနိုင်ပါတယ်။
ဒီလို အကျိုးကျေးဇူးများတဲ့ ကြက်သဟင်းရွက်အကြောင်းကို မိသားစုနဲ့ သူငယ်ချင်းတွေ သိအောင် မျှဝေပေးလိုက်ပါဦးဗျ

အရင်က ကျွန်မအဒေါ် ကျန်းမာရေး သိပ်မကောင်းခဲ့ရှာဘူး။ နာတာရှည် ချောင်းဆိုးတာ၊ အသက်ရှူကျပ်ပြီး ရင်ဘတ်အောင့်တာမျိုးတွေ ခံစားခ...
10/03/2026

အရင်က ကျွန်မအဒေါ် ကျန်းမာရေး သိပ်မကောင်းခဲ့ရှာဘူး။ နာတာရှည် ချောင်းဆိုးတာ၊ အသက်ရှူကျပ်ပြီး ရင်ဘတ်အောင့်တာမျိုးတွေ ခံစားခဲ့ရပါတယ်။ တစ်ခါတလေ အဆုတ်က ကောင်းကောင်း အလုပ်မလုပ်တော့သလိုမျိုး ခံစားရပြီး ခဏလေးနဲ့ မောပန်းလွယ်တတ်ပါတယ်။ ဆေးဝါးမျိုးစုံ မှီဝဲခဲ့ပေမယ့်လည်း ထူးထူးခြားခြား သက်သာခြင်း မရှိခဲ့ပါဘူး။
တစ်နေ့မှာတော့ ရေစိမ်ရုံနဲ့ ပြုလုပ်နိုင်တဲ့ လွယ်ကူတဲ့ ဖျော်ရည်တစ်မျိုးကို စမ်းသောက်ကြည့်ခဲ့ပါတယ်။ ဂျင်း၊ သခွားသီး၊ ပူဒီနာနဲ့ သံပရာသီးလိုမျိုး အိမ်မှာ အလွယ်တကူရတဲ့ ပစ္စည်းလေးတွေပဲ လိုအပ်တာပါ။ ဒါကို နေ့စဉ်ပုံမှန် ဖျော်သောက်ကြည့်လိုက်တဲ့အခါ ကိုယ်လက်ပေါ့ပါးလန်းဆန်းလာပြီး ကျန်းမာရေးဟာလည်း တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာတာကို ခံစားခဲ့ရပါတယ်။
ဒီဖျော်ရည်ရဲ့ အကျိုးကျေးဇူးတွေကတော့ -
အသက်ရှူလမ်းကြောင်း ကောင်းမွန်ခြင်း - ချောင်းဆိုးတာနဲ့ ရင်ဘတ်ကျပ်တာတွေ သက်သာသွားပြီး အသက်ရှူရတာ ပိုမိုချောမွေ့လာပါတယ်။ အဆုတ်လည်း လန်းဆန်းပေါ့ပါးသွားသလို ခံစားရစေပါတယ်။
စွမ်းအင်တိုးပွားခြင်း - အသည်းရဲ့ လုပ်ဆောင်ချက်ကို အားပေးကူညီလို အရင်လို အလွယ်တကူ မောပန်းနွမ်းနယ်ခြင်း မရှိတော့ပါဘူး။
အသားအရေ ကြည်လင်ခြင်း - ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးလို အသားအရေကို ပိုမိုစိုပြေဝင်းပလာစေပါတယ်။
အစာခြေစနစ် ကောင်းမွန်ခြင်း - ဗိုက်လေပွတာ၊ လေပြည့်တာတွေကို သက်သာစေပြီး ဝမ်းဗိုက်ကို ပေါ့ပါးစေပါတယ်။
ပြုလုပ်နည်း (အလွန်ရိုးရှင်းပါတယ်)
၁။ ပါးပါးလှီးထားတဲ့ ဂျင်း ၅-၆ ချပ်။
၂။ အဝိုင်းလိုက်လှီးထားတဲ့ သခွားသီး ၅-၆ ချပ်။
၃။ လတ်ဆတ်တဲ့ ပူဒီနာရွက် ၅-၁၀ ရွက်။
၄။ အဝိုင်းလိုက်လှီးထားတဲ့ သံပရာသီး ၂-၃ ချပ် (သို) သံပရာရည် အနည်းငယ်။
၅။ အားလုံးကို ရေဘူးထဲထည့်ပြီး ရေအေး ၁ လီတာဖြည့်ပါ။ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၁ နာရီခန့် နှပ်ထားပါ။
ဒီဖျော်ရည်ကို တစ်နေ့တာလုံး ရေအစားထိုး သောက်သုံးနိုင်ပါတယ်။ မွှေးပျံ့လန်းဆန်းတဲ့အတွက် ကျန်းမာရေးအတွက် တကယ်ကို အထောက်အကူပြုစေပါတယ်။
တကယ်တော့ ဈေးကြီးတဲ့ပစ္စည်းတွေ မလိုဘဲ ရိုးရှင်းတဲ့ အရာလေးတွေနဲ့လည်း ကျန်းမာရေးကို ပြန်လည်ပျိုးထောင်နိုင်ပါတယ်။ နေ့တိုင်း ကိုယ်တိုင်ဂရုစိုက်ရုံနဲ့ ဘဝကို ပိုပြီးပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။

Crd
#လင်းသိဒ္ဓိအောင်အာရုံကြောဆေး

"ဂျာမဏီနိုင်ငံမှ အသုံးဝင် သဘာဝဆေး"ပိတ်ဆို့နေသော သွေးလွတ်ကြောများ၊ သွေးအတွင်းရှိ အဆီများ၊ အသက်ရှုလမ်းကြောင်း ကူးစက်ရောဂါမ...
07/03/2026

"ဂျာမဏီနိုင်ငံမှ အသုံးဝင် သဘာဝဆေး"

ပိတ်ဆို့နေသော သွေးလွတ်ကြောများ၊ သွေးအတွင်းရှိ အဆီများ၊ အသက်ရှုလမ်းကြောင်း ကူးစက်ရောဂါများနှင့် အအေးမိခြင်း တို့ကို ပျောက်ကင်းသက်သာစေရန်စေရန် အတွက် သဘာဝ အသီးအနှံများကို အသုံးပြု၍ သောက်သုံးခြင်း ဖြစ်ပါတယ်။

ယင်းနည်းကို ဂျာမဏီနိုင်ငံတွင် လက်ခံသုံးစွဲကြတယ်လို့ ဆိုပါတယ်။ မိမိ အနီးနားတွင်ရှိသော နေ့စဉ်ထိတွေ့နေရသည့် အစားအသောက် ၃မျိုးကို ရောစပ်လိုက်ခြင်းဖြင့် ကျန်းမာရေးအတွက် အလွန်တန်ဖိုးရှိတဲ့ အရာဖြစ်လာပါတယ်။

အဲဒီဖျော်ရည်မှာ လူအများသိထားပြီးဖြစ်တဲ့ သံပရိုသီး၊ ချင်း(ဂျင်း)၊ ကြက်သွန်ဖြူ နှင့် ရေ တို့ပဲဖြစ်ပါတယ်။ ဒီသဘာဝ ဆေးဖျော်ရည်ကို သောက်သုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့ ထူးခြား စုံလင် များပြားလှပါတယ်။

အထူးအလေးပေး သုံးစွဲနိုင်တာကတော့ သွေးလွတ်ကြောများ ဆို့ပိတ်ခြင်းကို ကာကွယ်ခြင်းနှင့် ကုသခြင်း တို့မှာအသုံးပြုနိုင်သည်။

ထို့ပြင် အသက်ရှုလမ်းကြောင်း ဆိုင်ရာကူးဆက်မှု များနှင့် အအေးပတ်ခြင်းများကို ကုသခြင်းနှင့် ကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း၊

အသဲနှင့် အသဲအင်ဇိုင်းများ တိုးတက်ကောင်းမွန် သန့်ရှင်းအောင်ပြုလုပ်ပေးရာတွင် အခန်း၊ကဏ္ဍ တခုမှ ပါဝင်ဆောင်ရွက်ပေးခြင်း၊ သွေးလှည့်ပတ်မှု မြှင့်တင်ပေးနိုင်ခြင်းနှင့် အထွေထွေ ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါသည်။

သွေးလှည့်ပတ်မှု စနစ်နှင့် ပက်သက်သော ရောဂါများ၊ နှလုံးနှင့် ပက်သက်သော ရောဂါများ ဖြစ်ပွားနိုင်ခြင်းကိုလည်း လျှော့ချပေးနိုင်ပါသည်။
ပါဝင် ပစ္စည်းများကတော့

ရေသန့် ၂လီတာ
သံပရိုသီး ၄လုံး အခွံနွာရန် မလို။
ကြက်သွန်ဖြူ ၄လုံး (၄မွာ မဟုတ်ပါ၊)
ချင်းတက် ၄ဆင်တီမီတာခန့် တို့ လိုအပ်ပါတယ်။

သံပရိုသီးကို ရေဆေး၍ ထက်ခြမ်းခွဲပါ။ ကြက်သွန်ဖြူများကို အခွံနွာပါ။ ပြီးလျှင် ချင်း၊ ကြက်သွန်ဖြူနှင့် သံပရိုသီး အားလုံးကို မွှေစက်ထဲထဲ့၍ မွှေပါ။

ထိုမွေထားပြီးသား အရောအနှောကို ဒန်အိုးတခုခုတွင် ရေ ၂လီတာနှင့် အတူထဲ့၍ ဆူလာသည် အထိကျိုချက်ပါ။

ဆူလာသည်နှင့် တပြိုင်နက် ကျိုချက်ခြင်းကို ရပ်တန့်လိုက်ပြီး အအေးခံပါ။

ပြီးလျှင် အစိတ်အကျဲ အနေတော်ရှိသော စစ်စရာတခုခုနှင့် စစ်လိုက်ပြီး လေလုံဗူးများအတွင်း ထဲ့သွင်းထား၍ ရေခဲသေတ္တာတွင်း သိမ်းပြီး သောက်သုံးနိုင်ပါတယ်။

ယင်းကျိုချက်ထားသော ဖျော်ရည်ကို နေ့စဉ် ၁ဖန်ခွက်(250-300ML) အစာမစားမှီ အနည်းဆုံး

၂နာရီစော၍ သော်လည်းကောင်း အစာအိမ်တွင်း အစာမရှိသောအချိန် နံနက်စောစောတွင် သော်လည်းကောင်း သောက်သုံးနိုင်ပါသည်။

မသောက်မှီ ပုလင်း၊ ဗူးအောက်တွင် အနယ်ထိုင်နေသော သံပရိုနှင့် ကြက်သွန်ဖြူများပါ ပါဝင်စေရန်အတွက် သေချာစွာ လှုပ်ပြီးမှ သောက်သုံးပါ။

အလွယ်တကူနဲ့ ထိရောက်တဲ့ဆေးမို့ ကိုယ်တိုင်သောက်သုံး နေရာကနေ ပြန်လည် ဝေငှလိုက်ရပါတယ်။

ခြေဖဝါးကို “ဆား” နဲ့ ပွတ်ပေးရင် ရနိုင်တဲ့ အံ့ဖွယ်ကောင်းကျိုး (၉) မျိုး 👣🧂ခန္ဓာကိုယ်ရဲ့ အာရုံကြောတွေအားလုံး ဆုံရာဟာ "ခြေဖ...
03/01/2026

ခြေဖဝါးကို “ဆား” နဲ့ ပွတ်ပေးရင် ရနိုင်တဲ့ အံ့ဖွယ်ကောင်းကျိုး (၉) မျိုး 👣🧂
ခန္ဓာကိုယ်ရဲ့ အာရုံကြောတွေအားလုံး ဆုံရာဟာ "ခြေဖဝါး" ဖြစ်တာကြောင့် ခြေဖဝါးကို ဆားနဲ့ ပွတ်တိုက်ပြီး အပူထုတ်ပေးရင် အခုလို အကျိုးကျေးဇူးတွေ ရနိုင်ပါတယ် -
၁။ ဆံပင်ကျွတ်တာ သက်သာစေတယ် 💆‍♀️
၂။ အာရုံကြောတွေ အားကောင်းလာစေတယ် 💪
၃။ မျက်စိမှုန်၊ မျက်စိဝေတာ သက်သာစေတယ် 👁️
၄။ ခေါင်းမူး၊ ခေါင်းကိုက်နဲ့ ဇက်ကြောတက်တာ သက်သာစေတယ် 💆‍♂️
၅။ သွားကိုက်၊ သွားဖုံးရောင်တာ သက်သာစေတယ် 🦷
၆။ အာသီးရောင်တာနဲ့ အပူကန်တာ သက်သာစေတယ် 👅
၇။ အဆစ်အမြစ်ရောင်တာနဲ့ နာကျင်ကိုက်ခဲတာ သက်သာစေတယ် 🦴
၈။ ကျီးပေါင်းရောဂါ ဝေဒနာရှင်တွေအတွက် ကောင်းမွန်တယ်
၉။ ခါးနာ၊ ဒူးနာ၊ ခါးကိုက်တာတွေကို သက်သာစေတယ် 🚶‍♂️
ဒီလို ခြေဖဝါးကို ဆားနဲ့ ပွတ်ပေးတာက ခန္ဓာကိုယ်ထဲက အပူတွေကို ထွက်သွားစေလို့ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားစေမှာပါ။ ✨
ကျန်းမာရေးအတွက် အချိန်အနည်းငယ်ပေးပြီး စမ်းကြည့်ကြရအောင်နော်။ သိထားရအောင် ကိုယ့် Wall မှာ Share ထားလိုက်ပါဦး။ 💖

အသက် ၄၀ ဝန်းကျင်ရောက်ပြီဆိုရင် ကောင်းကောင်း အိပ်မပျော်တာ၊ အိပ်လိုက်နိုးလိုက်ဖြစ်တာမျိုးတွေဟာ အဖြစ်များလာတတ်ပါတယ်။ ဒါဟာ "...
03/01/2026

အသက် ၄၀ ဝန်းကျင်ရောက်ပြီဆိုရင် ကောင်းကောင်း အိပ်မပျော်တာ၊ အိပ်လိုက်နိုးလိုက်ဖြစ်တာမျိုးတွေဟာ အဖြစ်များလာတတ်ပါတယ်။ ဒါဟာ "သွေးဆုံးခါနီး ကာလအစောပိုင်း"လို့ခေါ်တဲ့ ဟော်မုန်းပြောင်းလဲမှုတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။
အမျိုးသမီးအများစုဟာ အသက် ၄၀-၄၅ နှစ်ဝန်းကျင်မှာ သွေးဆုံးခါနီး ကာလအစောပိုင်း ကို စတင်ရောက်ရှိကြပါတယ်။ ဒီအချိန်မှာ အီစထရိုဂျင် နဲ့ ပရိုဂျက်စတီရုန်း ဟော်မုန်းတွေ စတင်အပြောင်းအလဲဖြစ်လာပြီး အောက်ပါလက္ခဏာများ ခံစားရနိုင်ပါတယ်။
အိပ်မပျော်ခြင်း၊ ညသန်းခေါင်ယံ နိုးထခြင်း
စိတ်ဖိစီးမှုများခြင်း၊ ရင်တုန်ခြင်း
ညဘက် ချွေးထွက်လွန်ခြင်း
စိတ်ခံစားချက် မတည်ငြိမ်ခြင်း
🔶 သွေးဆုံးတာတစ်ခုတည်း မဟုတ်သော အခြားအကြောင်းများ
ဟော်မုန်းအပြင် အသက် ၄၀ ဝန်းကျင်မှာ အောက်ပါ အကြောင်းအရင်းများကလည်း အိပ်စက်မှုကို ထိခိုက်စေနိုင်ပါတယ်။
အလုပ်ဖိအား၊ မိသားစု ပြဿနာများကြောင့် စိတ်ဖိစီးမှုများခြင်း
အိပ်ခါနီးအထိ ဖုန်း၊ တီဗွီ စတဲ့ မျက်နှာပြင်များ ကြည့်ရှုခြင်း
Melatonin (အိပ်စက်ခြင်းဆိုင်ရာ ဟော်မုန်း) နည်းပါးလာခြင်း
ကဖင်းပါတဲ့ အရာများကို နေ့လယ်ပိုင်းနောက်ပိုင်း သောက်သုံးခြင်း
အိပ်ခါနီးမှ ပြင်းထန်စွာ လေ့ကျင့်ခန်း လုပ်ခြင်း
🔶 သွေးဆုံးခါနီး လက္ခဏာ ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ?
အောက်ပါလက္ခဏာများ ပူးတွဲပါလာပါက သွေးဆုံးခါနီး ကာလအစောပိုင်း ဖြစ်နိုင်ခြေ ပိုများပါတယ်။
✅ ရာသီစက်ဝန်း မမှန်တော့ခြင်း
✅ ရုတ်တရက် ပူလောင်ခြင်း၊ ညဘက်ချွေးထွက်ခြင်း
✅ အိပ်မပျော်မှု ပုံမှန်မဟုတ်ဘဲ ဆိုးလာခြင်း
✅ စိတ်တိုလွယ်ခြင်း၊ နှလုံးခုန်နှုန်း မြန်ခြင်း
💡 ကောင်းကောင်း အိပ်ပျော်စေရန် လုပ်ဆောင်နည်းများ
အိပ်ရာမဝင်မီ အနည်းဆုံး ၁ နာရီအလိုတွင် မျက်နှာပြင် (Screen) များ အသုံးပြုခြင်းကို ရပ်ပါ။
နေ့လယ် ၂ နာရီနောက်ပိုင်း ကဖင်းဓာတ်ကို လုံးဝရှောင်ပါ။
ရေနွေးနွေးဖြင့် ရေချိုးခြင်းဖြင့် ခန္ဓာကိုယ်ကို ပြေလျော့စေပါ။
Magnesium (သို့) Chamomile လက်ဖက်ရည်တို့ကို ဖြည့်စွက်သောက်သုံးပါ။
မှန်မှန် လေ့ကျင့်ခန်းလုပ်ပါ (သို့သော် အိပ်ခါနီး မလုပ်ပါနှင့်)။
ရာသီစက်ဝန်း မမှန်တော့ပါက ဆေးရုံတွင် ဟော်မုန်း
ဓာတ် စစ်ဆေးမှု ခံယူပါ။

 #သောက်သုံးရန်မသင့်သော ရေ(၅)မျိုး Save ထားပါ🥰(၁) မီးဖိုပေါ်တွင် အချိန်ကြာမြင့်စွာ ဆူပွက်အောင်ထားသည့် ရေနွေး(၂) ဓာတ်ဗူးထဲ...
31/12/2025

#သောက်သုံးရန်မသင့်သော ရေ(၅)မျိုး Save ထားပါ🥰

(၁) မီးဖိုပေါ်တွင် အချိန်ကြာမြင့်စွာ ဆူပွက်အောင်ထားသည့် ရေနွေး

(၂) ဓာတ်ဗူးထဲတွင် ရက်ကြာမြင့်စွာထားသည့် မလတ်ဆတ်သောရေနွေး

(၃) အကြိမ်ကြိမ်ဆူဗွက်အောင် ကြိုခဲ့သောရေနွေး

(၄) တစ်ညလွန်သောရေနွေးကို ထပ်ကြိုထားသောရေနွေး (သို့) ထပ်မံကြိုထားသောရေနွေး

(၅) ကားထဲတွင် အချိန်ကြာမြင့်စွာထားထားသော ရေ

၎င်းရေများ သောက်သုံးရန်မသင့်ခြင်းမှာ အကြိမ်ကြိမ် ဆူဗွက်ပြီးသောရေတွင် ကယ်လစီယံ၊ မက်ဂနီစီယံ၊ ဂရိုရင်းနှင့် အခြားသတ္တုများ ပိုမိုတိုးလာပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
( ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ )

ဟောဒီမှာ သွေးတွင်းအဆီဓာတ်နဲ့ ဆီးချိုတက်နေသူတွေအတွက် အလွန်ကောင်းမွန်တဲ့ သဘာဝဆေးနည်းလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ ...
31/12/2025

ဟောဒီမှာ သွေးတွင်းအဆီဓာတ်နဲ့ ဆီးချိုတက်နေသူတွေအတွက် အလွန်ကောင်းမွန်တဲ့ သဘာဝဆေးနည်းလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ 😃💡
သွေးတွင်းအဆီဓာတ် မြင့်မားခြင်း၊ ကိုလက်စထရောတက်ခြင်းနဲ့ သွေးတွင်းသကြားဓာတ် (ဆီးချို) မြင့်မားနေသူတွေအနေနဲ့ ဒီနည်းလမ်းလေးကို (၂) ပတ်ခန့် ပုံမှန်လုပ်ဆောင်ပေးရုံနဲ့ သိသိသာသာ ထူးခြားကောင်းမွန်လာမှာ ဖြစ်ပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့် -
၁။ ပင်စိမ်းလက်တစ်ဆုပ်စာ (အရိုးရော အရွက်ပါ) ကို ရေ (၂) လီတာနဲ့ ရောထည့်ပါ။
၂။ ရေနွေးပွက်ပွက်ဆူအောင် (၁၀) မိနစ်ခန့် ပြုတ်ပေးပါ။
သောက်သုံးရန်နည်းလမ်း -
ညအိပ်ခါနီးတိုင်း ကော်ဖီသောက်တဲ့ ဖန်ခွက်တစ်ခွက်စာ ပမာဏကို သောက်ပေးရပါမယ်။ မသောက်ခင်မှာ သံပရာသီး တစ်စိတ်ကို ခွက်ထဲညှစ်ထည့်ပြီးမှ သောက်ပါ။ ဒီနည်းအတိုင်း (၂) ပတ်ဆက်တိုက် သောက်ပေးခြင်းဖြင့် ရောဂါဝေဒနာတွေ သက်သာပျော့ပျောင်းပြီး ကျန်းမာရေး ပိုမိုကောင်းမွန်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။
ပင်စိမ်းရဲ့ အကျိုးကျေးဇူးများ -
ပင်စိမ်းမှာ Antioxidant (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) ကြွယ်ဝစွာ ပါဝင်လို့ ခန္ဓာကိုယ်ရောင်ရမ်းမှုကို လျှော့ချပေးနိုင်သလို ပိုးဝင်မှုကိုလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အသည်းကျန်းမာရေးကို အထောက်အကူပြုခြင်း၊ နှလုံးသွေးကြောပိတ်ရောဂါကို ကာကွယ်ပေးခြင်း၊ ကင်ဆာရောဂါကို တားဆီးပေးခြင်း၊ ဆီးချိုနှင့် သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးခြင်းတို့အတွက် အလွန်ထိရောက်ပါတယ်။ လေပွခြင်း၊ ဗိုက်ကယ်ခြင်း၊ အစာမကြေခြင်းနဲ့ ဒူးဆစ်နာကျင်တာတွေကိုလည်း သက်သာစေတဲ့အပြင် ညဘက်မှာလည်း နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်ခင်ဗျာ။
မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
( ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ )

 #ဆားရည်နဲ့ပလုတ်ကျင်းခြင်းရဲ့  ကောင်းကျိုး(၉)မျိုး(၁) လည်ချောင်းနာပြီးရောင်ရမ်းတာကိုသက်သာစေတယ်(၂) ချောင်းခြောက်ဆိုးတာကို...
30/12/2025

#ဆားရည်နဲ့ပလုတ်ကျင်းခြင်းရဲ့ ကောင်းကျိုး(၉)မျိုး

(၁) လည်ချောင်းနာပြီးရောင်ရမ်းတာကိုသက်သာစေတယ်
(၂) ချောင်းခြောက်ဆိုးတာကို သက်သာစေတယ်
(၃) အာသီးရောင်ခြင်းကိုသက်သာစေတယ်
(၄) ပါးစပ်အပူကန်တာကို ကုသပေးတယ်
(၅) Bacteria တွေကို လျော့ပါးစေတယ်
(၆) သွားကိုက်တာ လျော့ပါးစေတယ်
(၇) သွားဖုံးသွေးထွက်တာကို ကာကွယ်ပေးတယ်
(၈) ခံတွင်းနံ့ နံတာကိုသက်သာစေတယ်
(၉) နှာခေါင်းပိတ်တာကို လျော့ကျစေတယ်

ဆားရည် နဲ့ အာလုတ်ကျင်းတာက လူတိုင်း ကြားဖူးမယ့် ကိစ္စတစ်ရပ်ပါ။ ဆားရည်ကို လည်ချောင်းနာတဲ့အခါမှာ အများဆုံး အသုံးပြုကြပါတယ်။ ဒီတစ်ခေါက်တော့ လည်ချောင်းနာတဲ့အခါ အာလုတ်ကျင်းကြတဲ့ ဆားရည်က ဘယ်လို အထောက်အကူပြုလည်းဆိုတာကို ပြောပြပေးပါမယ်။

ဆားရည် နဲ့ ပလုတ်ကျင်းတဲ့အခါ

ဆားရည်က အကုန်အကျ သက်သာပြီး လွယ်ကူတဲ့ ကုသနည်း တစ်ရပ်ပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ရေနွေးနွေးထဲကို ဆားထည့်ပြီး ပလုတ်ကျင်းတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရရှိလို့ပါ။

✅pH ပမာဏကို ထိန်းညှိပေးတယ်✅

ဆားရည်က ဘက်တီးရီးယားကြောင့် လည်ချောင်းထဲက အက်ဆစ်တွေ မညီမမျှ ဖြစ်တာကို ထိန်းညှိပေးပါတယ်။ ကျန်းမာတဲ့ pH ပမာဏကို ထိန်းညှိပေးပါတယ်။ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ မပေါက်ဖွားစေဖို့ ကာကွယ်ပေးပါတယ်။

✅နှာခေါင်းပိတ်တာကို သက်သာစေတယ်✅

ဆားရည်နဲ့ ပလုတ်ကျင်းတာက အသက်ရှူလမ်းကြောင်းနဲ့ နှာခေါင်းထဲမှာ ရှိတဲ့ ချွဲတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ နာကျင်မှုတွေကို သက်သာစေသလို ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ နှာခေါင်းထဲက ဘက်တီးရီးယား နဲ့ ဗိုင်းရပ်စ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။


✅အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်တာကို သက်သာစေတယ်

သုတေသနပြုချက်တွေအရ တစ်နေ့ကို ဆားရည်နွေးနွေးနဲ့ ၃ ကြိမ် ပလုတ်ကျင်းပေးတာက အသက်ရှူလမ်းကြောင်း အထက်ပိုင်းမှာ ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့ ၄၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရပါတယ်။

✅အာသီးရောင်တာကို သက်သာစေပါတယ်

ဘက်တီးရီးယား၊ ဗိုင်းရပ်စ်တွေကြောင့် အာသီးရောင်နိုင်ပါတယ်။ အာသီးရောင်တဲ့အခါ အစာတွေ ရေတွေ မျိုချဖို့ ခက်ခဲနိုင်ပါတယ်။ ဒီနာကျင်မှုကို သက်သာစေဖို့ ဆားရည်နွေးနွေးလေးနဲ့ အာလုပ်ကျင်းပေးလို့ ရပါတယ်။

✅ခံတွင်း အနံ့ဆိုး သက်သာစေနိုင်တယ်

အစားကြောင့် ဖြစ်ဖြစ် အခြား အကြောင်းအရင်းကြောင့်ဖြစ်ဖြစ် ခံတွင်းနံ့ နံတာကို သက်သာစေဖို့ ခံတွင်းသန့်ဆေးရည်တွေ မသုံးချင်ဘူးဆိုရင် ဆားရည်နဲ့ အာလုပ်ကျင်းပေးလို့ ရပါတယ်။

✅သွားဖုံးနဲ့ သွားမှာ သွေးထွက်တာကို သက်သာစေနိုင်တယ်

ဆားရည်နွေးနွေးလေးနဲ့ ပလုတ်ကျင်းတာက သွားဖုံးရောင်တာ၊ သွားဖုံးသွေးထွက်တာတွေကို သက်သာစေနိုင်ပါတယ်။ ဆားရည်က ရောင်ရမ်းမှုကို သက်သာစေနိုင်သလို သွားဖုံးရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ သွားကိုက် သွားနာတာကိုလည်း သက်သာစေနိုင်ပါတယ်။

✅ခံတွင်း အနာကို သက်သာစေနိုင်တယ်

ပါးစပ်ထဲမှာ ဖြစ်တဲ့ အနာဖြူဖြူလေးတွေ သက်သာစေဖို့လည်း ဆားရည်နဲ့ ပလုပ်ကျင်းပေးလို့ ရပါတယ်။ အနာ သက်သာစေပြီး အနာကျက် မြန်စေနိုင်ပါတယ်။


#သမားတော်တိုင်းရင်းဆေး

🌿. မုန်လာဥဖြူ စားသုံးခြင်းဖြင့်  ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ🌿 ကင်ဆာရောဂါမဖြစ်စေရန်ကာကွယ်ပေးတယ်။ သွေးတွင်းသကြားဓာတ်ကို...
30/12/2025

🌿. မုန်လာဥဖြူ စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

🌿 ကင်ဆာရောဂါမဖြစ်စေရန်ကာကွယ်ပေးတယ်။ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတယ်။ ကျောက်ကပ် ကျန်းမာစေတယ်။ သွေးပေါင်ချိန်ကို မှန်စေတယ်။
ဝမ်း မှန်စေတယ်။

🌿. ကိုယ်အလေးချိန် ကျစေတယ်။အသားအရည် စိုပြေလှပစေတယ်။ အရွယ်တင်နုပျိုစေတယ်။

🌿. အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်

မုန်လာဥဖြူမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေမှုက အစာခြေစနစ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။ သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးသလိုသွေးတွင်းကိုလက်စထရောကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကျစေဖို့လည်းစားသုံးပေးလို့ရပါတယ်။ အမျှင်ဓါတ်ကြွယ်ဝမှုက ဝမ်းမှန်စေဖို့လည်း အထောက်အပံ့ပေးပါတယ်။

🌿. မှိုပိုးတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိတယ်

မုန်လာဥဖြူကမှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ခန္ဓာကိုယ် နဲ့ ခံတွင်းတို့မှာ မှိုပိုးကူးစက်တာကို ကာကွယ်ဖို့အတွက် မုန်လာဥဖြူကို စားပေးလို့ရပါတယ်။

🌿. ကိုယ်ခံအားကောင်းစေနိုင်တယ်

ရာသီအကူးအပြောင်းကြောင့် ဖျားနာမှုတွေကနေကင်းချင်ရင်တော့ ကိုယ်ခံအားကောင်းနေမှဖြစ်မှာပါ။ ဒီလိုကိုယ်ခံအားကောင်းစေဖို့က အစားအသောက်က အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ ကိုယ်ခံအားကောင်းစေပြီး ကျန်းမာနေစေဖို့ မုန်လာဥဖြူကို စားပေးလို့ရပါတယ်။

🌿. မုန်လာဥဖြူ တလုံးနဲ့ ကျောက်ကပ်အလွယ်ဆေးကြမယ်

🌿. ကျောက်ကပ်ရောင်သည်ဖြစ်စေ၊ ကျောက်ကပ်ကျောက်တည်သည်ဖြစ်စေ၊ ကျောက်ကပ်ကြောင့် ခါးနာ၊ ခါးကိုက်ခြင်း နုံးချိ အော့အန်ခြင်းများအတွက်

🌿. မုန်လာဥဖြူ တလုံးကို သန့်စင်စွာဆေးကြောပြီး ရေအနည်းထည့်၍ ကြိတ်ချေပါ၊ အဖတ်များစစ်ထုတ်ပြီး အရည်ကိုသောက်လိုက်ပါ။

🌿 ၎င်းကြိတ်ရည် ဝမ်းထဲဝင်သွားသည်နှင့် ခါးနာခါးကိုက်ယူပစ်သလိုပျောက်ကင်းသက်သာသွားမည်။

🌿. မုန်လာဥဖြူကြိတ်ရည်ဟာ ကျောက်ကပ်ကို ချက်ချင်းဆေးကြောပေးပါတယ်။ အူကျဝေဒနာရှင်များလည်း
အသုံးပြုနိုင်ပါတယ်။

🌿 ဒါ့အပြင် တပါတ် တခါ ကြိုတင်ကာကွယ်သောအားဖြင့် လူတိုင်းမုန်လာဥဖြူကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးခြင့်ဖြင့် ကျောက်ကပ်ကို ဆေးကြောထိန်းသိမ်းသင့်ပါတယ်။

🌿 မုန်လာဥ အစိမ်းကို သံပုရာသီးနှင့်နှပ်ပြီး အစိမ်းသုပ် သုပ်စားပါကပို၍ဆေးဖက်ဝင်ပါတယ်။

🌿သတိပြုရန်

မုန်လာဥကို အသုံးမပြုမီ ပိုးသတ်ဆေး ကင်းစင်အောင် သေချာ ဆေးကြောသန့်စင်ပေးရန် အထူးသတိပြုပါ။
credit to original uploader
#သမားတော်တိုင်းရင်းဆေး

🔬 နောက်ဆုံးပေါ် သုတေသနပြုချက်များအရ လေညင်းပွင့်မှ ထုတ်ယူရရှိသော အဆီအနှစ်များသည် အူမကြီးက’င်ဆာ ဆဲလ်များ ပျံ့နှံ့မှုကို ပု...
29/12/2025

🔬 နောက်ဆုံးပေါ် သုတေသနပြုချက်များအရ လေညင်းပွင့်မှ ထုတ်ယူရရှိသော အဆီအနှစ်များသည် အူမကြီးက’င်ဆာ ဆဲလ်များ ပျံ့နှံ့မှုကို ပုံမှန်အသုံးပြုနေကျ က’င်ဆာဆေးတစ်မျိုးဖြစ်သော 5-fluorouracil ထက် ပိုမိုထိရောက်စွာ တားဆီးပေးနိုင်ကြောင်း တွေ့ရှိရပါသည်။
သုတေသနပညာရှင်များ၏ အဆိုအရ လေညင်းပွင့်တွင် ပါဝင်သော ဒြပ်ပေါင်းများသည် က’င်ဆာဆဲလ်များ ဆက်လက်ပွားများခြင်းကို ရပ်တန့်စေရုံသာမက က’င်ဆာဆဲလ်များကို အလိုအလျောက် ေ.သဆုံးစေခြင်းကိုလည်း ဖြစ်ပေါ်စေပါသည်။ ဤလုပ်ဆောင်ချက်နှစ်ရပ်ကြောင့် အကျိတ်များ ကြီးထွားမှုကို ရပ်တန့်စေပြီး အရွယ်အစားကိုလည်း ထိရောက်စွာ လျော့ကျစေနိုင်သည့် အံ့ဖွယ် သဘာဝကင်ဆာဆန့်ကျင်ဂုဏ်သတ္တိများ ရှိကြောင်း ပြသနေပါသည်။
သမားရိုးကျ က’င်ဆာဆေးသွင်းကုသခြင်းသည် ကျန်းမာသောဆဲလ်များကိုပါ ထိခိုက်စေပြီး ဘေးထွက်ဆိုးကျိုးများစွာ ဖြစ်ပေါ်စေသော်လည်း၊ လေညင်းပွင့်မှ ထုတ်ယူသော အဆီအနှစ်များသည် ကင်ဆာဆဲလ်များကိုသာ ရွေးချယ်တိုက်ခိုက်ပါသည်။ ဓာတ်ခွဲခန်းအတွင်း ကြွက်များတွင် စမ်းသပ်မှုအရ ပုံမှန်ကင်ဆာဆေးသွင်းထားသော ကြွက်များနှင့် နှိုင်းယှဉ်ပါက လေညင်းထုတ်နှုတ်ချက်ဖြင့် ကုသသောကြွက်များသည် အကျိတ်ကြီးထွားမှု နှေးကွေးပြီး ဘေးထွက်ဆိုးကျိုး နည်းပါးကာ ကျန်းမာရေးအခြေအနေ ပိုမိုကောင်းမွန်ကြောင်း တွေ့ရှိရသည်။ ဤတွေ့ရှိချက်သည် လေညင်းပွင့်တွင်ပါဝင်သော ဇီဝကြွဒြပ်ပေါင်းများသည် က’င်ဆာကုသရာတွင် ပိုမိုဘေးကင်းသော အားဖြည့်ကုထုံးတစ်ခု ဖြစ်လာနိုင်ကြောင်း ညွှန်ပြနေပါသည်။
လက်ရှိတွင် ဤစမ်းသပ်ချက်သည် တိရစ္ဆာန်များတွင်သာ ပြုလုပ်ထားသော ကနဦးအဆင့်ဖြစ်သော်လည်း သဘာဝအပင်များမှရရှိသော ဒြပ်ပေါင်းများ၏ က’င်ဆာကို တိုက်ဖျက်နိုင်စွမ်းကို ထင်ရှားစေပါသည်။ လက်ရှိတွင် သိပ္ပံပညာရှင်များသည် မည်သည့်မော်လီကျူးက အဓိကလုပ်ဆောင်သည်ကိုလည်းကောင်း၊ သင့်တော်သော ပမာဏနှင့် လူသားများတွင် ကုသမှုဗျူဟာအဖြစ် မည်သို့ပေါင်းစပ်အသုံးပြုရမည်ကိုလည်းကောင်း ဆက်လက်သုတေသနပြုနေကြပါသည်။
ဤသုတေသနသည် ကျွန်ုပ်တို့နေ့စဉ်အသုံးပြုနေသော ဟင်းခတ်အမွှေးအကြိုင်များနှင့် အပင်များထဲတွင် အံ့ဖွယ်ဆေးဖက်ဝင် ဂုဏ်သတ္တိများ ကိန်းအောင်းနေကြောင်း ပြသနေပြီး နောင်အနာဂတ်တွင် ပိုမိုဘေးကင်းပြီး ထိရောက်သော က’င်ဆာကုသမှုများအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်လာနိုင်ပါသည်။
Crd

住所

Nagoya-shi, Aichi
4500001

電話番号

+959778410428

ウェブサイト

アラート

သမားတော်တိုင်းရင်းဆေးがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー