Khit Diary

Khit Diary Psychology | Healing | Self reflection | Mental notes

နှစ်သစ်ရဲ့အစမှာ နှစ်ဟောင်းကို ပြန်ကြည့်ရင်း ကိုယ့်ဘဝကို အစစအရာရာ နေရာပြန်ချဖို့ စဉ်းစားမိကြမယ် ထင်ပါတယ်၊ နှစ်သစ်အတွက်လည်...
04/01/2026

နှစ်သစ်ရဲ့အစမှာ နှစ်ဟောင်းကို ပြန်ကြည့်ရင်း ကိုယ့်ဘဝကို အစစအရာရာ နေရာပြန်ချဖို့ စဉ်းစားမိကြမယ် ထင်ပါတယ်၊ နှစ်သစ်အတွက်လည်း တောင်းဆုတွေ ပြုရင်းပေါ့

ဒီနေရာမှာ ကိုယ့်ကိုယ်ကိုယ် သေချာလေး ပြန်မေးကြည့်ရမယ့် မေးခွန်းတွေ ရှိပါတယ်

🔆 ကိုယ်လုပ်နေတာတွေက အသစ် လား၊ အဟောင်း လား? ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒ ကိုယ်သေချာ သိရဲ့လား၊ ဒါမှမဟုတ် သူများတွေ လုပ်လို့ လိုက်လုပ်နေတာလား?

🔆 “ကျေနပ်တယ်" ဆိုတဲ့ ခံစားချက်က ကိုယ့်အတွက်လား၊ ဒါမှမဟုတ် သူတစ်ပါးရဲ့ အမြင် (External validation) အတွက်လား?

🔆 ကိုယ့်တောင်းဆုတွေသာ ပြည့်ရင် စစ်မှန်တဲ့ လွတ်လပ်ပျော်ရွှင်မှုကို ကိုယ်ခံစားရမလား?

သေချာတာကတော့ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ရာကို သက်သေပြဖို့ ကြိုးစားနေသရွေ့ ကိုယ့်အတွက်ကိုယ် ရှင်သန်နေခြင်းဖြစ်မှာ မဟုတ်ပါဘူး၊ စံနှုန်းတွေထဲ ပိတ်မိနေရတတ်ပါတယ်

ပြီးတော့ ပျော်ရွှင်မှုဟာ အတုအယောင် လုပ်လို့မရပါဘူး၊ ကိုယ်ပိုင်ပျော်ရွှင်မှု ဆိုတာ ပြင်ပက အရာတွေနဲ့ အဖိုးမဖြတ်နိုင်တဲ့ ကိုယ့်စိတ်နှလုံးသားရဲ့ အနက်ရှိုင်းဆုံးကနေ လာတဲ့ “လွတ်လပ်ပျော်ရွှင်ခြင်း”မျိုးပါ

🍀 ကိုယ်ကတော့ ဒီနှစ်သစ်မှာလည်း စစ်မှန်တဲ့ လွတ်လပ်ပျော်ရွှင်ခြင်း နဲ့ ကိုယ့်အတွက်ကို ရှင်သန်ချင်ပါတယ်၊ အားလုံးလည်း ကိုယ်ပိုင်လမ်းကို ရဲရဲဝံ့ဝံ့ လျှောက်လှမ်းရင်း နှစ်သစ်ခရီးကို အကောင်းဆုံး ရှေ့ဆက်နိုင်ကြပါစေ

“ပဲ့ကိုင်ရှင်”တစ်ခါတလေ ကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင်ဟာ ဘယ်သူများလဲ စဉ်းစားမိတယ်၊ ကိုယ်ကိုယ်တိုင်ပဲလို့ အလွယ်တကူ ဖြေတတ်ကြပေမယ့်...
29/12/2025

“ပဲ့ကိုင်ရှင်”

တစ်ခါတလေ ကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင်ဟာ ဘယ်သူများလဲ စဉ်းစားမိတယ်၊ ကိုယ်ကိုယ်တိုင်ပဲလို့ အလွယ်တကူ ဖြေတတ်ကြပေမယ့် တကယ်ရော ဟုတ်ရဲ့လား?

ကိုယ်နဲ့ အနီးဆုံး မိသားစု၊ လုပ်ငန်းခွင်၊ ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင်မှာ "ဟိုလူ့ကြောင့်၊ ဒီလူ့ကြောင့်၊ ဟိုလိုဖြစ်လို့၊ ဒီလိုဖြစ်လို့" နဲ့ လိုက်ပါစီးမျောရင်း ကိုယ့်လှေက ဘယ်ရောက်လို့ ရောက်မှန်းမသိ ဖြစ်နေတတ်တယ်၊ အဲ့ဒီလိုအချိန်မှာ ကိုယ်တိုင် ပဲ့ထိန်းနေရာမှာ ရှိနေရဲ့လား ?ကိုယ့်လှေ ခါရမ်းနေတာရော ကိုယ်တိုင် သိရဲ့လား ?

ပဲ့ကိုင်နိုင်ဖို့ဆိုတာ ကိုယ့်လှေရဲ့ အကြောင်း (ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်) ကိုယ်သိရသလို၊ ကိုယ်သွားနေတဲ့ လမ်းကြောင်းကိုလည်း တည့်တည့်မတ်
မတ် မြင်နိုင်ရပါတယ်၊ Consistency ရှိရှိ ဆက်သွားနိုင်ရပါတယ်၊ စည်းမျဉ်းစည်းကမ်းတွေ သိထားရသလို၊ လာနိုင်တဲ့ အန္တရာယ်တွေကိုလည်း တွက်ဆနိုင်ရပါတယ်

အဲ့လိုမဟုတ်ဘဲ ကိုယ်တိုင်လည်း ပဲ့မထိန်းဘူး၊ ကိုယ်သွားချင်တဲ့ နေရာလည်း မရောက်တာကို ဘေးကအရာတွေကို လက်ညှိုးပတ်ထိုးနေသရွေ့ အားအင်တွေ အလဟဿ ဖြစ်နေဦးမှာပါပဲ၊

ဘေးကအရာတွေကို အပြစ်တင်ရတာ လွယ်ပါတယ်၊ သူလား၊ ကိုယ်လား မသိတဲ့ အခြေအနေမှာ ကိုယ့်ကိုယ်ကို ပြန်မမြင်သရွေ့ကိုယ်ရောက်ချင်တဲ့ နေရာကို ရောက်ဖို့ ခက်ခဲမှာပါ

ကိုယ့်အတွက်ကိုယ် မားမားမတ်မတ် ရှိရဲ့လား၊ ကိုယ့်ရဲ့ ပဲ့ကိုင်ရှင်ကရော ကိုယ်တိုင်ပဲ ဖြစ်ရဲ့လား ဆိုတာ ဒီနေရာလေးမှာ ပြန်စဉ်းစားနေမိပါတယ်


အားလုံး ပျော်ရွှင်နွေးထွေးတဲ့ Christmas ဖြစ်ပါစေ 🎄🤍ပျော်ရွှင်နွေးထွေးခြင်းဆိုတာ အပြင်ပန်း အလှဆင်မှုတွေမှာသာမကဘဲ ကျွန်မတိ...
25/12/2025

အားလုံး ပျော်ရွှင်နွေးထွေးတဲ့ Christmas ဖြစ်ပါစေ 🎄🤍

ပျော်ရွှင်နွေးထွေးခြင်းဆိုတာ အပြင်ပန်း အလှဆင်မှုတွေမှာသာမကဘဲ ကျွန်မတို့ရဲ့ အတွင်းစိတ်မှာ ငြိမ်းချမ်းစွာ တည်ရှိနေတဲ့ အရာဖြစ်ပါတယ်

ဒီနေ့မှာ...

💝ကိုယ်ချစ်ရသူတွေနဲ့ အတူတူရှိနေတဲ့ အခိုက်အတန့်တိုင်းကို တန်ဖိုးထားဖို့ မမေ့ပါနဲ့၊ အချိန်ပေးပြီး နားထောင်ခြင်း၊ ရိုးသားစွာ ပြုံးပြခြင်းဖြင့် မေတ္တာကို ဖော်ပြပါ

💝ဘဝမှာ ရုတ်တရက် ရောက်လာတဲ့ ခက်ခဲမှုတွေ၊ စိတ်ဖိစီးမှုတွေအားလုံးကို ခေတ္တခဏလေး ဘေးဖယ်ထားပါ

💝နှစ်ကုန်ခါနီး ဒီအချိန်လေးမှာ ကိုယ်လုပ်ခဲ့တဲ့ ကောင်းတဲ့အရာတွေ၊ ကိုယ့်ရဲ့ ခွန်အားတွေကို ကိုယ့်ကိုယ်ကို အသိအမှတ်ပြုပါ

With love
Khit Diary 🦋



အိမ်အလွမ်းဟာ အလွမ်းတစ်ခုထက် ပိုပါတယ် 🏠 တစ်ချိန်က ရှိခဲ့ဖူးတဲ့ ဖြစ်တည်မှု တစ်ခု၊ ရခဲ့ဖူးတဲ့ စိတ်လုံခြုံမှု တစ်ခုကို ပြန်လ...
23/12/2025

အိမ်အလွမ်းဟာ အလွမ်းတစ်ခုထက် ပိုပါတယ် 🏠

တစ်ချိန်က ရှိခဲ့ဖူးတဲ့ ဖြစ်တည်မှု တစ်ခု၊ ရခဲ့ဖူးတဲ့ စိတ်လုံခြုံမှု တစ်ခုကို ပြန်လည်တမ်းတခြင်းပါ

အခုလို ပွဲတော်ရာသီတွေဟာ အိမ်အလွမ်းကို ပိုမိုပြင်းထန်စေတဲ့ အချိန်တွေပါပဲ၊ ဘောင်ခတ်ထားတဲ့ ပျော်ရွှင်မှုတွေကြားမှာ လွတ်လပ်တဲ့ နွေးထွေးမှုကို ပြန်လည်ရှာဖွေမိရတာပါ

တမ်းတမိရတာ ရိုးရိုးအိမ်နံရံတွေပဲမဟုတ်ပါဘူး၊ ရယ်သံစကားသံတွေ၊ အစားအသောက်တွေ၊ အပြုံးတွေ၊ အဖြစ်အပျက်တွေ အားလုံးကိုပါပဲ

ပြီးတော့ မိသားစု၊ ချစ်ရသူတွေနဲ့အတူ ခိုင်မြဲခဲ့ဖူးတဲ့ ပတ်သက်ဆက်နွှယ်မှုတွေ၊ ပြတ်စဲသွားတဲ့ ဆက်ဆံရေးတွေရဲ့ မပြီးပြတ်သေးတဲ့ စာမျက်နှာတွေ… စုံလို့ပေါ့

အနက်ရှိုင်းဆုံး တမ်းတခြင်းကတော့ ကြီးပြင်းလာရင်း မေ့သွားခဲ့တဲ့ ကိုယ်ပိုင်ဆန္ဒတွေနဲ့ ဖုံးကွယ်ထားခဲ့မိတဲ့ ကိုယ့်ရဲ့ပုံစံအမှန်ပဲ ဖြစ်မယ်ထင်ပါတယ် 💖

အိမ်အလွမ်းဟာ အလွမ်းတစ်ခုထက် အများကြီး ပိုပါတယ်

ပြင်ပက "ငါ" နဲ့ အတွင်းထဲက “ငါ" ကြားက ကွာဟမှု အရမ်းဝေးမသွားရအောင်ပြန်လည်ထွေးပွေ့ပေးဖို့ နှလုံးသားထဲကနေ အားယူတောင်းဆိုနေတဲ့ အသံပါပဲ❣️

With love
Khit Diary 🦋



နှင်းကျတဲ့ နေ့တွေဆို ကမ္ဘာကြီးက ပိုပြီး တိတ်ဆိတ်သွားသလို ခံစားရတယ်၊ ဆူညံသံတွေကို နှင်းတွေက စုပ်ယူထားလိုက်သလိုမျိုး…အပြင်...
19/12/2025

နှင်းကျတဲ့ နေ့တွေဆို ကမ္ဘာကြီးက ပိုပြီး တိတ်ဆိတ်သွားသလို ခံစားရတယ်၊ ဆူညံသံတွေကို နှင်းတွေက စုပ်ယူထားလိုက်သလိုမျိုး…

အပြင်မှာ အေးနေပေမယ့် ကိုယ့်အတွက် ကော်ဖီပူပူလေးတစ်ခွက်ရယ်၊ ပြတင်းပေါက်ကနေ ငေးကြည့်ရတဲ့ နှင်းဖွေးဖွေး မြင်ကွင်းရယ် ရှိနေရင် လုံလောက်ပါပြီ၊ ဒီလို အချိန်မျိုးဟာ ကိုယ့်နှလုံးသားနဲ့ ကိုယ် ပြန်စကားပြောဖို့ အကောင်းဆုံး အချိန်ပါပဲ 💟

အအေးဓာတ်က ကိုယ့်ကို အထီးကျန်စေတာ မဟုတ်ဘဲ၊ ကိုယ့်ရဲ့ အတွင်းစိတ်က နွေးထွေးမှုကို ပိုပြီး သတိထားမိစေတာပါ ☕️🌨️

ကမ္ဘာကြီးက အေးစက်နေရင်တောင်
နှလုံးသားတွေကတော့ အမြဲတမ်း နွေးထွေးနေပါစေဖို့ ဆုတောင်းရင်းး🧣✨

With love
Khit 🦋

ကိုယ့်ရဲ့ နေ့စဉ်ဘဝ ပြဿနာတွေ၊ အခက်အခဲတွေကို Objectively မြင်နိုင်ဖို့ အရေးကြီးပါတယ်၊ ဒါမှသာ စိတ်လိုက်မာန်ပါဆုံးဖြတ်မိတာမျ...
10/12/2025

ကိုယ့်ရဲ့ နေ့စဉ်ဘဝ ပြဿနာတွေ၊ အခက်အခဲတွေကို Objectively မြင်နိုင်ဖို့ အရေးကြီးပါတယ်၊ ဒါမှသာ စိတ်လိုက်မာန်ပါဆုံးဖြတ်မိတာမျိုး (Impulsive Decisions)၊ အမှားလုပ်မိတာ၊ လိုအပ်တာထက် ပိုပြီး စိုးရိမ်ပူပန်ရတာမျိုး (Catastrophizing) ကို အတတ်နိုင်ဆုံး ရှောင်ရှားနိုင်မှာပါ

တစ်ခုခုဆို နောက်တစ်လှမ်းဆုတ်ပြီး ပြဿနာနဲ့ ကိုယ်နဲ့ကို ခွဲမြင်လိုက်ခြင်း (Cognitive Distancing)အားဖြင့် ဒီအပေါ်မှာ ဖြေရှင်းဖို့ Control ပို ရပါတယ်၊ ဆုံးဖြတ်ချက်တွေ ပိုမှန်ကန်စေပါတယ်၊

အဲ့လိုမဟုတ်ဘဲ ပြဿနာအပေါ်မှာ စိတ်ခံစားချက်တွေ ရောထွေးပြီး Victim နေရာက ဆုံးဖြတ်လုပ်ကိုင်တာမျိုးဆို မလိုလားအပ်တဲ့ အမှားတွေ၊ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်

ဖြစ်တဲ့အချိန်မှာ စိတ်ထိန်းနိုင်ဖို့ကတော့ မလွယ်ပါဘူး၊ ဒီနေရာမှာ “ခဏလေး” ဆိုပြီး အသက်သေချာရှူတာ၊ အရင်ဆုံး သိစိတ်နဲ့ ခံစားချက်တွေကို သတိပြုမိဖို့ ကြိုးစားပြီး အဲ့နောက်ကမှ ဘယ်လိုတာဝန်ယူ ဖြေရှင်းမလဲ ဆိုတာ စဉ်းစားနိုင်ပါတယ်

🔅Objective mindset ဟာ ဘဝကို အသိရှိရှိ ဖြတ်သန်းဖို့ အများကြီး အထောက်အကူ ဖြစ်စေပါတယ်

အတိတ်မှာ ဖြစ်ပျက်သွားတဲ့ ကိစ္စတွေကို ပြန်တွေးပြီး “ဒီလို လုပ်ခဲ့ရမှာ”၊ “ဟိုလို လုပ်ခဲ့မိရင် ပိုကောင်းမှာ”၊ “မလုပ်လိုက်ရလ...
08/12/2025

အတိတ်မှာ ဖြစ်ပျက်သွားတဲ့ ကိစ္စတွေကို ပြန်တွေးပြီး “ဒီလို လုပ်ခဲ့ရမှာ”၊ “ဟိုလို လုပ်ခဲ့မိရင် ပိုကောင်းမှာ”၊ “မလုပ်လိုက်ရလေခြင်း” လို့များ စဉ်းစားပြီး နောင်တရဖူးလား?

နှမျောတသ၊ မကျေမနပ်ဖြစ်ခြင်း၊ ယူကျုံးမရဖြစ်ခြင်း စသဖြင့် တမြုံ့မြုံ့ ပြန်စဉ်းစားပြီး (Rumination) တနုံ့နုံ့ ခံစားနေတာဟာ လက်ရှိ အချိန်မှာ ပူလောင်ခြင်းကိုသာ ဖြစ်စေပါတယ်။ နောင်တရနေခြင်းဟာ စိတ်ချမ်းသာမှု မပေးနိုင်ဘဲ၊ ပျော်ရွှင်ခြင်းတွေသာ ဆုံးရှုံးစေမှာပါ

တစ်ချိန်က ကိုယ်ဆုံးဖြတ်ခဲ့တာတွေဟာ အဲ့အချိန် အဲ့နေရာက ကိုယ့်မှာ ရှိတဲ့ Capacity နဲ့ အကောင်းဆုံး ရွေးချယ်လုပ်ဆောင်ခဲ့တာပါ၊ သေချာတာကတော့ အတိတ်ကို ဘယ်တော့မှ ပြန်သွားလို့ မရသလို၊ အတိတ်မှာ ပိုကောင်းတဲ့ အဖြေလည်း မရှိပါဘူး၊ သင်ခန်းစာ ယူစရာတွေသာ ရှိမှာပါ

ဘဝအတွက် လက်ရှိမှာရော ရှေ့ဆက်ပြီးတော့ရော ရွေးချယ်မှုတွေ ဆက်လက်လုပ်ဆောင်ရဦးမှာပါ၊ ဒီအတွက် …..

🪴 အမှားတွေရှိခဲ့ရင်တောင် ခွင့်လွှတ်ပါ (Forgiveness)
🪴 ဖြစ်ပြီးတာတွေကို လက်ခံပါ (Acceptance)
🪴 လွှတ်ချစရာရှိတာတွေ လွှတ်ချပါ (Letting go)
🪴 ပိုကောင်းတာတွေအတွက် အခွင့်အရေးပေးပါ (Opportunity for growth)

အတိတ်ရဲ့ဝန်ထုပ်တွေကို လွှတ်ချပြီး၊ အနာဂတ်အတွက် ပူပင်သောက မထားဘဲ၊ လက်ရှိအချိန်မှာ အပြည့်အဝ ရှင်သန်ဖို့နဲ့၊ ဒီပစ္စုပ္ပန်အခိုက်အတန့်ကသာ အကောင်းဆုံးဆိုတာကို ဘယ်တော့မှ မမေ့ဖို့ပါပဲ

Remember, even failure plants the seed. 🌱



住所

Shinjuku-ku, Tokyo

ウェブサイト

アラート

Khit Diaryがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram