Doctor Scientist

  • Home
  • Doctor Scientist

Doctor Scientist သုတေသနပညာရပ်၊ ဆေးပညာရပ်၊တက္ကသိုလ်ပညာရေးနှင့်ပတ်သတ်တဲ့အကြောင်းများတင်ပေးတဲ့နေရာဖြစ်ပါတယ်

Page is my researcher's experience blog !!
>To talk about current research interests, my own publications, advances and innovations within academic, and personal views about various aspects of the scholarly publishing.
>To share experiences from across academic careers as well as some of the challenges I faced along the way and how I scaled them.
>To dedicate to providing tips and guidance to fellow researchers and PhD students as they embark on their own academic journey.

30/07/2025

Lab တိုင်းမှာရှိတဲ့ cells တွေ သိုလှောင်ရတဲ့ နေရာလေးပါ။ ဗဟုသုတရအောင် တင်ပေးလိုက်ပါတယ်နော် # researcher

ဟယ်လို အားလုံးပဲ မင်္ဂလာပါ အက်မင် အပျင်းထူနေတာနဲ့ ပိုစ့်လေးတွေမတင်ဖြစ်တာကြာသွားပြီဒီတစ်ခါ ရှယ်ပေးချင်တာကတော့ PhD တက်ချင်...
17/05/2025

ဟယ်လို အားလုံးပဲ မင်္ဂလာပါ
အက်မင် အပျင်းထူနေတာနဲ့ ပိုစ့်လေးတွေမတင်ဖြစ်တာကြာသွားပြီ
ဒီတစ်ခါ ရှယ်ပေးချင်တာကတော့ PhD တက်ချင်တဲ့သူတွေအတွက် သတင်းကောင်းပါ
Publications profile လဲကောင်းတယ် မြန်မာပရော်ဖက်ဆာအောက်မှာလဲ အလုပ်လုပ်ချင်ရင်တော့ hong kong university ရဲ့ ခု workshop လေးကိုတက်ကြည့်ပါနော်
Registration ကိုတော့ ပုံမှာပါတဲ့ email ကိုပဲဆက်သွယ်ကြည့်ပါနော်
PhD and post doc opportunities တွေအတွက် စိတ်ဝင်စားရင် တက်ရောက်နိုင်ပါတယ်
အားလုံးပဲအဆင်ပြေပါစေ




ငလျင်ကြောင့်သေတဲ့သူ ၁၀၀၀ ကျော်လာပြီလို့ပါလာပြီ မန္တလေးတစ်နေရာထဲတင် ၇၀၀ နီးပါးသေပါတယ်တဲ့ ဒဏ်ရာရတဲ့သူတွေလဲ အယောက်၃၀၀၀ နီးပ...
29/03/2025

ငလျင်ကြောင့်သေတဲ့သူ ၁၀၀၀ ကျော်လာပြီလို့ပါလာပြီ
မန္တလေးတစ်နေရာထဲတင် ၇၀၀ နီးပါးသေပါတယ်တဲ့
ဒဏ်ရာရတဲ့သူတွေလဲ အယောက်၃၀၀၀ နီးပါးပါတဲ့ ဂျပန်သတင်းထဲတော့ ရေးထားပြီ

Research paper တွေတော်တော်များများ တက္ကသိုလ်တွေ research center တွေက member ဝင်ထားမှ အလကားဖတ်ခွင့်ရတာတွေက များပါတယ် အဲ့အ...
06/02/2025

Research paper တွေတော်တော်များများ တက္ကသိုလ်တွေ research center တွေက member ဝင်ထားမှ အလကားဖတ်ခွင့်ရတာတွေက များပါတယ်
အဲ့အတွက်ကြောင့် တခြား source webiste တစ်ခုကနေ ဖတ်ကြရပါတယ် Sci-Hub လို့ခေါ်တဲ့နေရာပါ

Sci-hub ကတော့ သုတေသနပညာရှင်တော်တော်များများသိပြီးသားနေရာပါ
အဲ့နေရာအပြင် တစ်ခြားရနိုင်တဲ့နေရာတွေတွေ့လို့ ပြန်တင်ပေးလိုက်ပါတယ်

👉 Open Access Button (OAB) --> https://lnkd.in/dXVVQpUf
Copy and paste the link paper or DOI on the OAB website. This will be accessible on the next page. Legal.

👉 DOAJ --> https://doaj.org/
As the name implies, DOAJ (Directory of Open Access Journals) provides access to millions of scientific papers from around the world for free.

👉 OA[.]mg--> https://oa.mg/
Like Google which is made specifically to search for academic papers. There are more than 250 million papers available for access.

👉 Core --> https://core.ac.uk/
The world's largest database of research papers with more than 298 million papers from around the world that can be accessed for free.

👉 arXiv --> https://arxiv.org/
Especially for lovers of natural sciences and economics, this website provides access to 2.4 million academic papers for free.




Master/PhD အတန်းအတွက် အဓိကအရေးကြီးဆုံး research question ကိုစဉ်းစားတတ်အောင် သင်ပေးမယ့် အတန်းဖြစ်ပါတယ် ခဏခဏဖွင့်နိုင်မယ့်...
30/01/2025

Master/PhD အတန်းအတွက် အဓိကအရေးကြီးဆုံး research question ကိုစဉ်းစားတတ်အောင် သင်ပေးမယ့် အတန်းဖြစ်ပါတယ်
ခဏခဏဖွင့်နိုင်မယ့်အတန်းမျိုးမဟုတ်လို့ စိတ်ဝင်စားရင်တော့ ဒီတစ်ခေါက်ကိုသေချာ join သင့်တဲ့အတန်းဖြစ်ပါတယ်



How to develop a research question?

အားလုံး သတင်းတွေနဲ့စိတ်ညစ်နေကြမယ်ထင်လို့ သတင်းကောင်းလေးတခုပေးချင်ပါတယ်
Eduhub ကနေပြီးတော့ How to develop a research question? ဆိုတဲ့ zoom class လေးဖွင့်ချင်ပါတယ်။ သုတေသနဆိုတာကိုအလှမ်းဝေးတဲ့မြန်မာကျောင်းသားတွေအဖို့ ကိုယ်စိတ်ဝင်စားတဲ့သုတေသနဆိုတာဘယ်လိုမျိုးလဲ၊ အရှေ့ရှေ့ကလူတွေလုပ်ခဲ့တာတွေကိုဘယ်လိုရှာရမလဲ၊ အဲ့လူတွေရဲ့ တွေရှိချက်ပေါ်မူတည်ပြီး ဘယ်လို idea အသစ်တွေစဉ်းစားကြမလဲ အစရှိတာတွေသင်ပေးမှာဖြစ်ပါတယ်။ Master PhD postgraduate တက်ဖို့ပြင်ဆင်နေသူများအတွက်ပါ။

သင်ကြားပေးမဲ့သူကတော့ ဂျပန်နိုင်ငံ Institute of Science Tokyo မှာ Assistant Professor အနေနဲ့တာဝန်ထမ်းဆောင်နေတဲ့ Dr.YP ဖြစ်ပါတယ်။

Date : ၁၁၊၂၊၂၀၂၅ (အင်္ဂါ)
Time: နေ့လည် ၁၂ နာရီမှ ၂ နာရီ (ဂျပန်ချိန်)
မနက် ၉ ခွဲမှ ၁၁ ခွဲ (မြန်မာချိန်)
Fees- ၅၀၀၀ ကျပ်ပါ။ ကျောင်းသားကျောင်းသူ ၅ ယောက်ပဲလက်ခံပါမယ်ရှင်။

Fees က ၅၀၀၀ကျပ်သတ်မှတ်ထားတာ ပိုက်ဆံဆိုတဲ့ burden မဖြစ်စေချင်လို့ပါ။ ဒါပင်မဲ့ အလကားဆိုတာလည်းမဖြစ်ရအောင်အနည်းအကျဉ်းသတ်မှတ်ထားတာပါ။

တက်ချင်တဲ့သူတွေအနေနဲ့ ကိုယ်ဘယ်နိုင်ငံ ဘယ်တက္ကသိုလ်မှာဘယ်မေဂျာတက်ဖို့ပြင်ဆင်နေတယ်ဆိုတာလေး အသေးစိတ်ပြင်ဆင်ပြီး ဒီ အောက်က Google form မှာဖြည့်ပေးပါနော်။
https://forms.gle/uPo1A1Wk2P4Z8CGT8

ဖောင်ဖြည့်တဲ့သူအရည်အတွက်ပေါ်မူတည်ပြီးရွေးချယ်ခံရတဲ့သူကို တပါတ်အတွင်း ကြေညာပေးပါမယ်ရှင့်။

ရွေးချယ်ခံရတဲ့သူတွေကို email ကနေလည်းဆက်သွယ်ပေးပါမယ်ရှင့်။

Dr. Scientist တွေလုပ်နေတဲ့ project လေးမှာပါဝင်ဖို့ဖိတ်ခေါ်ပါရစေ။ဂျပန်ရောက်နိုင်ငံခြားသားတွေအနေနဲ့ နေမကောင်းဖြစ်တဲ့အခါဘယ်...
17/10/2024

Dr. Scientist တွေလုပ်နေတဲ့ project လေးမှာပါဝင်ဖို့ဖိတ်ခေါ်ပါရစေ။

ဂျပန်ရောက်နိုင်ငံခြားသားတွေအနေနဲ့ နေမကောင်းဖြစ်တဲ့အခါဘယ်လိုဖြေရှင်းလဲ ဆိုတာနဲ့ပါတ်သတ်ပြီး research လေးဖြစ်ပါတယ်။

ပါဝင်ဖို့ကတော့ ဂျပန်မှာလက်ရှိနေထိုင်နေတဲ့မြန်မာအမျိုးသား အမျိုးသမီးဖြစ်ရပါမယ်ရှင့်။

တစ်နာရီ စာ zoom နဲ့ discussion လေးတွေလုပ်မှာဖြစ်ပါတယ်ရှင်။

ကိုယ့်အတွေ့အကြုံအထင်အမြင်များကိုဆွေးနွေးချင်တဲ့လူများကိုဖိတ်ခေါ်ပါတယ်ရှင့်။

Line ကဆက်သွယ်လို့ရသလို page messenger မှာလာပြောပေးလည်းရပါတယ်။

ဒီပိုစ့်လေးတွေ့တော့ စဉ်းစားမိတာတွေရှိတယ် ကိုယ့်နေရာကလဲ အမနေရာရောက်နေပြီး ခင်နေတဲ့သူတွေအသိတွေကလဲ ညီမတွေဆိုတော့ ကြုံတိုင်း...
13/10/2024

ဒီပိုစ့်လေးတွေ့တော့ စဉ်းစားမိတာတွေရှိတယ်
ကိုယ့်နေရာကလဲ အမနေရာရောက်နေပြီး ခင်နေတဲ့သူတွေအသိတွေကလဲ ညီမတွေဆိုတော့ ကြုံတိုင်းတော့ အမကြီးလုပ်တာပေါ့ တစ်ခါတစ်လေတော့လဲ ရောပေါတာပေါ့လေ တစ်ခါတစ်လေတောင်မဟုတ် ပါဘူး တော်တော်များများလဲ ပေါပေါနဲ့ပေါ့ပေ့ါပါးပါးပဲနေတာများပါတယ်
ONE piece နဲ့ကတော့ မလုံလောက်တော့ TWO pieceလောက်လေးပေးပါမယ်
၁) move on or overcome လုပ်နိုင်ဖို့ပါ
ဘယ်အရာမှမတည်မြဲနိုင်ဘူး၊ လူဆိုလဲကိုယ့်ဘေးမှာလဲ ထာဝရမရှိနိုင်ဘူးဆိုပြီး မှတ်ဖို့ပါ ဒီနေ့ကောင်းပေမယ့် နောက်နေ့ဆိုးသွားနိုင်သလို ဒီနေ့ရန်သူ နောက်နေ့ ချစ်သူလဲဖြစ်သွားနိုင်တယ် ဆိုးတဲ့သူနဲ့ပဲတွေ့တွေ့ စိတ်ညစ်စရာနဲ့ပဲတွေ့တွေ့ ဟိုနေ့ကဖတ်လိုက်တဲ့ စာတစ်ပုဒ်လို ဘဝရဲ့ ကျေနပ်စရာတွေကို အမှတ်ပေးကြည့်ပါ ကိုယ့်ဘဝရဲ့ ၄၀%က အဆင်ပြေနေသေးတယ်ဆိုရင် ငါကံကောင်းတယ်လို့တွေးလိုက်ပါ လူဆိုလဲ ၄၀% လောက်ကောင်းပေးတဲ့သူတွေ့ရင်ကို အောင်မှတ်ပေးလိုက်ပါ
ဘယ်သူပဲဖြစ်ဖြစ် ဘယ်အရာပဲဖြစ်ဖြစ် ကျော်သွားနိုင်အောင်ကြိုးစားပါ စိတ်ညစ်ရင်ညစ်လိုက်ပြီး ပျော်ရင် ပျော်လိုက်ပါ
ငါ့ကိုပဲဖြစ်တာ ဆိုတာမျိုးမတွေးဘဲ ဒီနေ့ကတော့ ကံမကောင်းတဲ့ရက်ပေါ့ စိတ်ညစ်ရတဲ့ရက်ပေါ့လိုပဲတွေးပါ
နောက်တစ်ခုက mental health
ကိုယ်တိုင်လဲ healing stage မို့လို့ထည့်ပြောချင်တာပါ ငယ်ငယ်ကရခဲ့တဲ့ pressure တွေလဲပါမယ် ဂျပန်မှာထပ်ရတဲ့ stress တွေပါ ပေါင်းပြီး anxiety disorder panic attack ရခဲ့တယ် ငယ်ငယ်ကဆိုရင်တော့ အမှတ်လျော့ရင် ဆူခံရတာတို့ အဆင့်လျော့သွားတာတို့ ဆယ်တန်းစာမေးပွဲမှာဆေးကျောင်းဝင်အောင်ကြိုးစားရတဲ့ pressureရောပေါ့ နိုင်ငံရပ်ခြားရောက်တော့ ရုန်းကန်ရတဲ့အခါ သည်းခံရတာတွေများတယ် နားမလည်တာတွေများတယ် သူတစ်ပါးနဲ့နှိုင်းယှဉ်မိတာတွေရှိတယ် ငါသူတို့လောက်မလုပ်နိုင်ဘူး ငါပိုလုပ်ရမယ်ဆိုပြီး ဖိအားပေးလေ ပိုလောင်လေ mental health ပိုပျက်စီးလေပဲ ကိုယ့်လမ်းကြောင်းအတိုင်းလုပ်နေဖို့ပါပဲ mental healthcare အတွက်ကတော့ နောက်မှ အသေးစိတ်ထပ်ရေးပေးပါမယ်

ငယ်တုန်းထဲကအဲ့ဒါလေးတွေကြိုသိခဲ့ရင်တော့ ကောင်းမယ်ထင်လို့ပါ
တခြားတော့ များကြီးရေးစရာတွေရှိပေမယ့် စာရှည်မှာစိုးလို့ နောက်မှပဲ ဖြေးဖြေးချင်းပြောပြရေးပြတော့မယိနော်

အားလုံးပဲ ပျော်ရွှင်စရာ weekend ဖြစ်ပါစေ


စိတ်မကောင်းစွာနဲ့ IUHW ရဲ့ မြန်မာကျောင်းသားတွေပဲသီးသန့်ခေါ်တဲ့ ခေါ်နေကြ All years full scholarship program လေးကတော့ မရှိ...
11/10/2024

စိတ်မကောင်းစွာနဲ့ IUHW ရဲ့ မြန်မာကျောင်းသားတွေပဲသီးသန့်ခေါ်တဲ့ ခေါ်နေကြ All years full scholarship program လေးကတော့ မရှိတော့ပါဘူး
ဒါပေမယ့် IUHW scholarship and half scholarship ဆိုတဲ့ program မှာတော့ နိုင်ငံခြားကျောင်းသာလက်ခံပါတယ်
Scholarships မရဘဲ ဆေးကျောင်းတက်ချင်ရင်တော့ ၆ နှစ်စာယန်းသောင်း ၁၈၅၀ ကုန်ကျပါမယ် (မြန်မာငွေ သိန်း ၆၀၀၀)
Link လေးလာမေးနေတဲ့သူရှိလို့ အောက်မှာထည့်ပေးလိုက်ပါမယ်
Full Scholarship ရရင်တော့ သောင်း ၃၀၀ ပါ
half scholarship ရရင်တော့ သောင်း၉၂၅ ပါ

https://narita.iuhw.ac.jp/gakubu/igakubu/admission/doc/application_guidelines_en.pdf



09/10/2024

ည၉ နာရီလောက် lab က မပြန်သေးဘဲ vlogရိုက်နေတုန်းအသံလေးကြားမိလို့ လန့်သွားသေးတယ်

Lab တွေကဆေးရုံတွေနဲ့ချိတ်ထားတော့ ညဉ့်နက်ထိနေရင် နည်းနည်းတော့ကြောက်မိတယ် 😂

ဒါကတော့ Monday to Friday lab ထဲမှာအလုပ်ရှုပ်နေပုံလေးပါ

ရိုက်ထားတာတော့ကြာပါပြီ ၂၀၂၂ လောက်ထဲကပါ Japan research lab တွေရဲ့ ပုံစံ နဲ့ ဘာတွေလုပ်ရလဲအကြမ်းဖျင်းလေး မြင်ရအောင် အမှတ်တရရိုက်ထားတာပါ




Fully funded scholarships in Japan for international students ဂျပန်ရဲ့ နာမည်ကြီးစကော်လာ ၇ မျိုးပါ စကော်လာတိုင်းက တိုက်ရိ...
06/10/2024

Fully funded scholarships in Japan for international students

ဂျပန်ရဲ့ နာမည်ကြီးစကော်လာ ၇ မျိုးပါ စကော်လာတိုင်းက တိုက်ရိုက်လျှောက်ရတာရှိသလို တက္ကသိုလ်တစ်ခုချင်းစီကနေလျှောက်ရတာလဲရှိပါတယ် university recommended scholarships ဆိုတာမျိုးပါ အောက်က စကော်လာတစ်ခုချင်းစီကတော့ သတ်မှတ်တဲ့ စည်းမျဉ်းစည်းကမ်းကိုယ်စီရှိတာရယ် undergrad ကနေ doctoral program ထိရှိတာတွေရယ် မျိုးစုံပါပါတယ် တစ်ခုချင်းစီရေးပြရင် စာရှည်နေမှာစိုးလို့ guidelines link တွေ ထည့်ပေးထားပါတယ်
စကော်လာတစ်ခုလိုချင်ရင် ကိုယ်တိုင်တော့ အရင်လေ့လာရပါတယ်
စကော်လာလျှောက်ချင်လို့ ဘာလိုအပ်လဲဆိုတာမျိုးကို ကိုယ်တိုင်မလေ့လာဘဲ မေးတဲ့သူအတွက်ဆို စကော်လာရဖို့ဆိုတာဝေးနေပါလိမ့်မယ် အရင်ဆုံး လိုအပ်ချက်စည်းမျဉ်းတွေကိုယ်နဲ့ကိုက်လားစီစစ်ပါ ပြီးမှသာ ဒီစကော်လာက ကိုယ့်အတွက် အသင့်တော်ဆုံးဆိုတာ သိပြီဆိုမှ application တင်ဖို့စဉ်းစားရပါမယ် အဲ့ချိန်ကျရင်တော့ personalized application အတွက် သင့်တော်တဲ့မေးခွန်းတွေထွက်လာပါလိမ့်မယ် အဲ့လိုအချိန်မှပဲ စကော်လာရပြီးတဲ့သူ ကျွမ်းကျင်တဲ့သူတွေနဲ့တိုင်ပင်တာကတော့ အကောင်းဆုံး outline ပါ
စကော်လာလမ်းကြောင်းက မဝေးပါဘူး လျှောက်ဖို့သာလိုပါတယ်
အားလုံးလဲ နိုင်ငံတကာစကော်လာတွေလျှောက်န်ိုင်ပြီး ကိုယ်ပိုင်အိပ်မက်တွေအမြန်ဆုံးပြည့်ဝနိုင်ပါစေနော်

MEXT scholarship
https://www.studyinjapan.go.jp/en/planning/scholarships/mext-scholarships/

Joint Japan world bank Scholarship
https://www.worldbank.org/en/programs/scholarships/jj-wbgsp

Asia development Bank Japan scholarship
https://www.adb.org/work-with-us/careers/japan-scholarship-program

Honjo international scholarship program
https://www.hisf.or.jp/en/scholarship/foreigner/

The Rotary Yoneyama Memorial Foundation
https://www.rotary-yoneyama.or.jp/english/scholarships

Japan Foundation United Nations University Scholarship Program
https://www.jpf.go.jp/e/program/dl/guidelines_e_2025.pdf

Mitsubishi Corporation International Scholarships
https://www.scholarship.or.jp/english/program/contents/en_application.html

ပြီးခဲ့တဲ့အပတ်က ကြေငြာခဲ့တဲ့ ကျွန်မတို့ Spring University Myanmar, School of Health ရဲ့ သုတေသနကို အင်တိုက်အားတိုက် စိတ်ဝ...
30/09/2024

ပြီးခဲ့တဲ့အပတ်က ကြေငြာခဲ့တဲ့ ကျွန်မတို့ Spring University Myanmar, School of Health ရဲ့ သုတေသနကို အင်တိုက်အားတိုက် စိတ်ဝင်တစားဖြေဆိုပေးကြတဲ့ ဆရာဆရာမများ အားလုံးကို‌ ကျေးဇူးအထူးတင်ရှိပါတယ်။

ဒီအပတ်မှာတော့ စိတ်ဝင်စားတဲ့ participants တွေ မေးလာတဲ့ မေးခွန်းတွေကို ဖြေဆိုပေးရင်း ဒီသုတေသနကို ဆေးပညာမဟုတ်တဲ့ တခြားသိပ္ပံပညာရပ် နယ်ပယ်ကသူများကိုလည်း ဆက်လက်မျှဝေဖိတ်ခေါ်ပေးဖို့ ဆရာဆရာမတို့ကို အကူအညီတောင်းပါရစေ။

ဒီသုတေသနမှာ
✅အမျိုးသမီး သိပ္ပံပညာရှင်များအပေါ်နိုင်ငံရေးပဋိပက္ခတွေရဲ့ သက်ရောက်မှုကို လေ့လာဖို့ဆိုတာ အမျိုးသားသိပ္ပံပညာရှင်များလည်း ပါဝင်ဖြေဆိုမှသာ ကွဲပြားမှုကို နားလည်နိုင်မှာမို့ ကျားမ (အခြားလိင်အပါအဝင်)‌မရွေး ပါဝင်ဖြေဆိုနိုင်ပါတယ်။
✅School of Health က လုပ်တဲ့ သုတေသနဆိုပေမယ့်လည်း ဆေးပညာအသိုက်အဝန်းက ဆရာဆရာမများတင်မကဘဲ အခြားသိပ္ပံပညာနယ်ပယ်က ဆရာဆရာမများလည်း ပါဝင်ဖြေဆိုနိုင်ပါတယ်။ ဒီထဲမှာ ရူပသိပ္ပံဘာသာရပ် (Physical Sciences such as Physics and Chemistry)၊ ကမ္ဘာမြေ သိပ္ပံဘာသာရပ် (Earth Science such as Geology)၊ သဘာဝပတ်ဝန်းကျင်သိပ္ပံ၊ ဇီဝသိပ္ပံဘာသာရပ် (Biological Sciences such as Botany, Zoology and Ecology)၊ လူမှုသိပ္ပံဘာသာရပ် (Social Sciences such as Psychology, Law and Education)၊ နိုင်ငံရေးသိပ္ပံဘာသာရပ် (Political Sciences such as International Relations)၊ ဒေတာအချက်အလက်သိပ္ပံဘာသာရပ် (Data Sciences such as Statistics)၊ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ (STEM ဘာသာရပ်များ) စသဖြင့် ပါဝင်ပါတယ်။
✅ဒီသုတေသနမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ မည်သည့်သိပ္ပံပညာရှင်မဆို ပါဝင်နိုင်ပါတယ်။ ဒီထဲမှာ မိမိမြို့ရွာထဲမှာတင် အခြားတစ်နေရာသို့ ‌ရွှေ့ပြောင်းနေထိုင်နေရသူများပါ ပါဝင်ပါတယ်။

စိတ်ပါဝင်စားသူများအနေနဲ့ အောက်ကလင့်ကနေ တဆင့် ဒီသုတေသနမှာ ပါဝင်ဖြေဆိုပေးကြဖို့ ဖိတ်ခေါ်ပါတယ်။
https://aut.au1.qualtrics.com/jfe/form/SV_9MM2gEJGrmECELk

အချိန်ပေးမှုအတွက် အထူးကျေးဇူးတင်လျက်
နွေဦးတက္ကသိုလ် School of Health သုတေသနအဖွဲ့

Address


Alerts

Be the first to know and let us send you an email when Doctor Scientist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Doctor Scientist:

  • Want your practice to be the top-listed Clinic?

Share