Oxford Buddha Vihara South Korea-Paju

Oxford Buddha Vihara South Korea-Paju Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Oxford Buddha Vihara South Korea-Paju, Meditation Center, 경기도 파주시 금촌동 768-4 번지 서림빌딩 3층, Paju.

အောက်စဖိုဒ့် ဗုဒ္ဓဝိဟာရ တောင်ကိုရီးယား-ဖာဂျူးကျောင်း| This branch of the Oxford Buddha Vihara, located in Paju, South Korea, is open to all, regardless of religious background, and offers Meditation For Inner Peace and Mental Well-being| OBVK (명상 센터)

အောက်စဖိုဒ့် ဗုဒ္ဓဝိဟာရ တောင်ကိုရီးယား (ဖာဂျူး) ကျောင်းတိုက်အတွင်း လိုအပ်လျက်ရှိသော တရားဟောအသံစက် (Sound Box) နှင့် ပစ္စ...
04/05/2026

အောက်စဖိုဒ့် ဗုဒ္ဓဝိဟာရ တောင်ကိုရီးယား (ဖာဂျူး) ကျောင်းတိုက်အတွင်း လိုအပ်လျက်ရှိသော တရားဟောအသံစက် (Sound Box) နှင့် ပစ္စည်းပစ္စယများကို ဒကာကြီးကိုမြတ်မင်းနှင့် သူငယ်ချင်းများအတူ သဒ္ဓါတရား ထက်သန်စွာဖြင့် လာရောက်ဆက်ကပ်လှူဒါန်းပါသည်။

🙏 ဤလှူဒါန်းရသော ကုသိုလ်ကောင်းမှုအကျိုးကြောင့် မိမိတို့၏ လိုလားတောင်းတအပ်သော လူမှုရေး၊ စီးပွားရေးနှင့် မိသားစုရေးရာဆိုင်ရာ ကောင်းကျိုးမင်္ဂလာအပေါင်းတို့ ပြည့်စုံကြပါစေ။

🙏 လုပ်ငန်းများ အဆင်ပြေချောမွေ့၍ ကိုယ်တွင်းကိုယ်ပ အန္တရာယ်ကင်းဝေးကာ ကိုယ်ကျန်းမာ စိတ်ချမ်းသာဖြင့် လိုလားအပ်သော ဘဝရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ အလုံးစုံ ပြည့်ဝကြပါစေ။

🙏 နိဗ္ဗာနဿ ပစ္စယော ဟောတု။ 🙏

#အောက်စဖိုဒ့်ဗုဒ္ဓဝိဟာရ_တောင်ကိုရီးယား_ဖာဂျူးကျောင်း

May 10 (တနင်္ဂနွေနေ့) 12:00 🕛 မှ 4:00 နာရီအထိHana Bank Service Marketing အဖွဲ့မှ လာရောက်၍ ဝန်ဆောင်မှုများ ပြုလုပ်ပေးသွား...
03/05/2026

May 10 (တနင်္ဂနွေနေ့) 12:00 🕛 မှ 4:00 နာရီအထိ
Hana Bank Service Marketing အဖွဲ့မှ လာရောက်၍ ဝန်ဆောင်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ပါတယ်။

ဖာဂျူး (파주) ပတ်ဝန်းကျင်တွင် နေထိုင်ကြသော ရွှေမြန်မာများအနေဖြင့် Oxford Buddha Vihara South Korea-Pajuတွင် လာရောက်၍ Hana Bank 🏦 နှင့်ပတ်သက်သော အခက်အခဲများ၊ မေးမြန်းလိုသောအရာများကို မေးမြန်းဆွေးနွေးနိုင်ပါသည်။

📣တနင်္ဂနွေ မားကတ်တင်း ၅လပိုင်း ၁၀ရက် ဖာဂျူအောက်စဖို့ဒ် ဗုဒ္ဓဝိဟာရ ဘုန်းကြီးကျောင်းမှာ ပြုလုပ်ပေးသွားပါမယ်။ လိပ်စာနဲ့ အသေးစိတ် အကြောင်းအရာကို ပူးတွဲပုံမှာ ဖတ်ကြည့်နိုင်ပါတယ်။ ⭐️အလုပ်စာချုပ် မပါမဖြစ်ယူဆောင်လာရန်။

📣 အလုပ်ထောက်ခံစာ(재직증명서) တောင်းရန် ခက်ခဲသူများအတွက် အလုပ်စာချုပ် (표준근로계약서) ရှိရုံနဲ့ ဝန်ဆောင်မှုပြုလုပ်နိူင်အောင် ပြောပေးထားတာမို့ အလုပ်စာချုပ်နဲ့ ကျန်တဲ့ အခြေခံစာရွက်စာတမ်းများ မပါမဖြစ်ယူဆောင်လာပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

📣လိုအပ်တဲ့ အချက်အလက် မပြည့်စုံရင် လျှောက်လွှာလက်ခံဖို့ အခက်အခဲရှိနိူင်တာကြောင့် အချက်အလက်များ သေချာပြည့်စုံအောင်ယူဆောင်လာပေးကြပါရှင့်။

📣ဘဏ်ကတ်လျှောက်လိုတဲ့ လူများက အိုင်ဒီကတ် သက်တမ်း အနည်းဆုံး ၄လ ကျန်ရှိမှသာ ကတ်လျှောက်ထားနိူင်တော့မှာ ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်ရှင့်။
⭐️အိုင်ဒီကတ် သက်တမ်းကလည်း သက်တမ်းကုန်ဖို့ ၄လအလိုကတည်းက လဝကမှာ တိုးနိုင်ပါတယ်။

📣ဟာနာဘဏ်စာအုပ် လုံးဝမရှိသေးလို့ ဘဏ်စာအုပ် အသစ်လုပ်ချင်သူများက ငွေသား ဝမ် ၂သောင်း (၂သောင်းတန်စုငွေစာအုပ်အတွက်) ယူဆောင်လာရပါမယ်။

🥰၅လပိုင်း ၁၀ရက် တနင်္ဂနွေနေ့ ဖာဂျူ အောက်စဖို့ဒ်ကျောင်းမှာ ဆုံပါမယ်ရှင့်😊

2026/05/03❝ စုပေါင်းနေ့ဆွမ်း အလှူတော် မင်္ဂလာ အလှူရှင် ❞ကိုသန့်ဇင်ဝင်းနှင့် ညီအစ်ကိုများမှ စုပေါင်း၍ နေ့ဆွမ်း ဆက်ကပ်လှူဒ...
03/05/2026

2026/05/03
❝ စုပေါင်းနေ့ဆွမ်း အလှူတော် မင်္ဂလာ အလှူရှင် ❞

ကိုသန့်ဇင်ဝင်းနှင့် ညီအစ်ကိုများမှ စုပေါင်း၍ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျောင်း ရေရှည်တည်တံ့ရေးအတွက် စုပေါင်း အလှူတော်ငွေ (1,000,000) ဝမ် ဆက်ကပ်လှူဒါန်းပါသည်။

🙏 ဤလှူဒါန်းရသော ကုသိုလ်ကောင်းမှုအကျိုးကြောင့် မိမိတို့၏ လိုလားတောင်းတအပ်သော လူမှုရေး၊ စီးပွားရေးနှင့် မိသားစုရေးဆိုင်ရာ ကောင်းကျိုးမင်္ဂလာအပေါင်းတို့ ပြည့်စုံကြပါစေ။

🙏 ဘဝသံသရာခရီးတွင် အန္တရာယ်အပေါင်းမှ ကင်းဝေး၍ ကုသိုလ်တရားများ အစဉ်အမြဲ တိုးပွားကာ နိဗ္ဗာန်ခရီးလမ်းသို့ ရောက်ရှိနိုင်ရန် အထောက်အပံ့ကောင်းများ ဖြစ်ပါစေ။

🙏 နိဗ္ဗာနဿ ပစ္စယော ဟောတု။ 🙏

#အောက်စဖိုဒ့်ဗုဒ္ဓဝိဟာရ_တောင်ကိုရီးယား_ဖာဂျူးကျောင်း

ကျောင်းဒါယကာ၊ ကျောင်းဒါယိကာမများရဲ့ ဝေယျာဝစ္စကုသိုလ်ယူရင်း ကြည်နူးဝမ်းသာပီတိဖြစ်ရသော အမှတ်တရ အခိုက်အတန့်များ|နိဗ္ဗာနဿ ပစ...
26/04/2026

ကျောင်းဒါယကာ၊ ကျောင်းဒါယိကာမများရဲ့ ဝေယျာဝစ္စကုသိုလ်ယူရင်း ကြည်နူးဝမ်းသာပီတိဖြစ်ရသော အမှတ်တရ အခိုက်အတန့်များ|

နိဗ္ဗာနဿ ပစ္စယော ဟောတု။🌸🙏🌸🙏🌸🙏

𝗔𝗽𝗿𝗶𝗹 𝟮𝟲, 𝟮𝟬𝟮𝟲

#အောက်စဖိုဒ့်_ဗုဒ္ဓဝိဟာရ_တောင်ကိုရီးယား_ဖာဂျူးကျောင်း

အောက်စဖိုဒ့်ဗုဒ္ဓဝိဟာရ (တောင်ကိုရီးယား-ဖာဂျူးကျောင်းတိုက်)၌ ကျင်းပပြုလုပ်သော ဘုရားအနေကဇာတင်နှင့် နာမည်ပေးကင်ပွန်းတပ် အလှ...
26/04/2026

အောက်စဖိုဒ့်ဗုဒ္ဓဝိဟာရ (တောင်ကိုရီးယား-ဖာဂျူးကျောင်းတိုက်)၌ ကျင်းပပြုလုပ်သော ဘုရားအနေကဇာတင်နှင့် နာမည်ပေးကင်ပွန်းတပ် အလှူတော်မင်္ဂလာကို ကြွရောက်လာကြသော ဆရာတော်သံဃာတော်နှင့် ဓမ္မမိတ်ဆွေပေါင်းတို့အားလည်းကောင်း၊ ဝေယျာဝစ္စကုသိုလ်ရှင်များ အပေါင်းတို့အားလည်းကောင်း ဝမ်းမြောက်ပီတိဖြစ်ရပါကြောင်း အထူးအနုမောဒနာ ပြုအပ်ပါသည်။

❝စျာနမုဒြာဘုရား အလှူရှင် ကိုကျော်ဇင်ထွန်း+김예진၊သမီး김유나❞မိသားစု ကောင်းမှု ဖြစ်ပါသည်။

ဤသို့ပြုလုပ်လှူဒါန်းရသော ကုသိုလ်ကောင်းမှုကြေင့် လူမှုရေး၊ စီးပွားရေး၊ မိသားစုရေး၊ပညာရေး စသော ကောင်းကျိုးမင်္ဂလာအဖြာဖြာတို့ တိုးတက်အောင်မြင် ပြည့်စုံကြပြီး မဂ်ဖိုလ်နိဗ္ဗာန် သုံးတန်ချမ်းသာ အစစ်အမှန်သို့ ရောက်ရှိနိုင်သော ကုသိုလ်အထောက်အပံ့ကောင်းများ ဖြစ်ကြပါစေ။

#အောက်စဖိုဒ့်_ဗုဒ္ဓဝိဟာရ_တောင်ကိုရီးယား_ဖာဂျူးကျောင်း

2026/04/26

မနက်ဖြန် ပြုလုပ်မည့် ဘုရားအနေကဇာတင်အလှူတော်မင်္ဂလာအတွက် ယမန်ညကတည်းက ကျောင်းဒါယကာ၊ ကျောင်းဒါယိကာမများ စုပေါင်း၍ ဝေယျာဝစ္စ...
25/04/2026

မနက်ဖြန် ပြုလုပ်မည့် ဘုရားအနေကဇာတင်အလှူတော်မင်္ဂလာအတွက် ယမန်ညကတည်းက ကျောင်းဒါယကာ၊ ကျောင်းဒါယိကာမများ စုပေါင်း၍ ဝေယျာဝစ္စကုသိုလ်များကို အားတက်သရော ပြုလုပ်ကြသည့် အနုမောဒနာပုံရိပ်များ ဖြစ်ပါသည်။

#အောက်စဖိုဒ့်_ဗုဒ္ဓဝိဟာရ_တောင်ကိုရီးယား_ဖာဂျူးကျောင်း

🌸ဘုရားအနေကဇာတင်နှင့် နာမည်ပေးကင်ပွန်းတပ် အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ🌸တောင်ကိုရီးယားနိုင်ငံ၊ အောက်စဖိုဒ့် ဗုဒ္ဓဝိဟာရ တော...
21/04/2026

🌸ဘုရားအနေကဇာတင်နှင့် နာမည်ပေးကင်ပွန်းတပ် အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ🌸

တောင်ကိုရီးယားနိုင်ငံ၊ အောက်စဖိုဒ့် ဗုဒ္ဓဝိဟာရ တောင်ကိုရီးယား ကျောင်းတိုက်တွင် “ကျွန်တော် ကိုကျော်ဇင်ထွန်းနှင့်김예진၊သမီး김유나 မိသားစုမှ ပင့်ဖိတ်ပူဇော်ထားသော စျာနမုဒြာဘုရားအား အနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် ကျွန်ုပ်တို့ ချစ်သမီးလေး김유나 ၏ နာမည်ပေးကင်ပွန်းတပ် အလှူတော်မင်္ဂလာ အထိမ်းအမှတ်အဖြစ်”သံဃာတော် အရှင်သူမြတ်တို့ထံ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထုလှူဒါန်းခြင်း၊ အနုမောဒနာ တရားကြားခြင်းတို့ဖြင့် အခမ်းအနားကို ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် ကျွန်ုပ်တို့နှင့်အတူ တရားတော်နာကြွရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

🌸အစီအစဉ်🌸
🗓️ နေ့ရက်- ၂၀၂၆-၀၄-၂၆ (တနင်္ဂနွေနေ့)
⏰ အချိန်- နံနက် (၁၀:၀၀)နာရီမှ ညနေ (၃:၀၀)နာရီအထိ
📍 နေရာ- 경기도 파주시 금촌동 768-4 번지 서림빌딩 3층
အောက်စဖိုဒ့် ဗုဒ္ဓဝိဟာရ တောင်ကိုရီးယား-ဖာဂျူး ကျောင်းတော်

19/04/2026

#အောက်စဖိုဒ့်_ဗုဒ္ဓဝိဟာရ_တောင်ကိုရီးယား_ဖာဂျူးကျောင်း|

#옥스퍼드 붓다 비하라 (대한민국 파주) 명상 센터|

 #ကျောင်းဝေယျာဝစ္စကုသိုလ်ရှင်များရဲ့_ဝမ်းသာကြည်နူးဖွယ်_အမှတ်တရ_မှတ်တမ်းပုံရိပ်များ|𝐉𝐨𝐲𝐟𝐮𝐥 𝐚𝐧𝐝 𝐬𝐞𝐫𝐞𝐧𝐞 𝐦𝐨𝐦𝐞𝐧𝐭𝐬 𝐨𝐟 𝐭𝐡𝐞 𝐝𝐞𝐯𝐨...
19/04/2026

#ကျောင်းဝေယျာဝစ္စကုသိုလ်ရှင်များရဲ့_ဝမ်းသာကြည်နူးဖွယ်_အမှတ်တရ_မှတ်တမ်းပုံရိပ်များ|

𝐉𝐨𝐲𝐟𝐮𝐥 𝐚𝐧𝐝 𝐬𝐞𝐫𝐞𝐧𝐞 𝐦𝐨𝐦𝐞𝐧𝐭𝐬 𝐨𝐟 𝐭𝐡𝐞 𝐝𝐞𝐯𝐨𝐭𝐞𝐞𝐬 𝐞𝐧𝐠𝐚𝐠𝐢𝐧𝐠 𝐢𝐧 𝐦𝐞𝐫𝐢𝐭𝐨𝐫𝐢𝐨𝐮𝐬 𝐬𝐞𝐫𝐯𝐢𝐜𝐞 (𝐯𝐞𝐲𝐲𝐚̄𝐯𝐚𝐜𝐜𝐚) 𝐚𝐭 𝐭𝐡𝐞 𝐎𝐱𝐟𝐨𝐫𝐝 𝐁𝐮𝐝𝐝𝐡𝐚 𝐕𝐢𝐡𝐚𝐫𝐚 (𝐒𝐨𝐮𝐭𝐡 𝐊𝐨𝐫𝐞𝐚-𝗣𝗔𝗝𝗨 𝗧𝗲𝗺𝗽𝗹𝗲)|

#အောက်စဖိုဒ့်_ဗုဒ္ဓဝိဟာရ_တောင်ကိုရီးယား_ဖာဂျူးကျောင်း

🙏သင်္ကြန်နှစ်သစ်မင်္ဂလာအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့၍ စိတ်အေးချမ်းသာယာကြပါစေ။🙏နှစ်သစ်မှစ၍ ရည်မှန်းချက်ပ...
19/04/2026

🙏သင်္ကြန်နှစ်သစ်မင်္ဂလာအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့၍ စိတ်အေးချမ်းသာယာကြပါစေ။

🙏နှစ်သစ်မှစ၍ ရည်မှန်းချက်ပန်းတိုင်များကို မိမိတို့၏ လမ်းကြောင်းမှန်ပေါ်တွင် လွယ်ကူချောမွေ့စွာ လျှောက်လှမ်းနိုင်ပြီး အောင်မြင်ပြည့်ဝကြပါစေ။

#အောက်စဖိုဒ့်_ဗုဒ္ဓဝိဟာရ_တောင်ကိုရီးယား_ဖာဂျူးကျောင်း

အောက်စဖိုဒ့်ဗုဒ္ဓဝိဟာရ (တောင်ကိုရီးယား-ဖာဂျူးကျောင်းတိုက်)၌ ကျင်းပပြုလုပ်သော သင်္ကြန်နှစ်သစ်ကူး စတုဒိသာအလှူတော်တွင် စေတန...
19/04/2026

အောက်စဖိုဒ့်ဗုဒ္ဓဝိဟာရ (တောင်ကိုရီးယား-ဖာဂျူးကျောင်းတိုက်)၌ ကျင်းပပြုလုပ်သော သင်္ကြန်နှစ်သစ်ကူး စတုဒိသာအလှူတော်တွင် စေတနာထက်သန်စွာ ပါဝင်လှူဒါန်းကြသော အလှူရှင်များ၊ ဝေယျာဝစ္စကုသိုလ်ရှင်များနှင့်အတူ ကြွရောက်လာကြသော ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့အားလုံးအား ဝမ်းမြောက်ပီတိဖြစ်ရပါကြောင်း အနုမောဒနာ ပြုအပ်ပါသည်။

အဓိက အလှူရှင်များ (Main Donors)
၁။ ကိုရီးယားရောက် သူတော်ကောင်း သူဋ္ဌေးကြီးများ အဖွဲ့
၂။ Sein ကုမ္ပဏီ ညီအကိုများ
၃။ ရွှေရှမ်းစားသောက်ဆိုင် မိသားစုများ

အလှူရှင် ဓမ္မမိတ်ဆွေများအားလုံးသည် နှစ်သစ်မှစ၍ လူမှုရေး၊ စီးပွားရေး၊ မိသားစုရေးနှင့် ပညာရေး စသော ကောင်းကျိုးမင်္ဂလာအဖြာဖြာတို့ တိုးတက်အောင်မြင်၍ ပြည့်စုံစွာ ရရှိကြပါစေ။

မဂ်ဖိုလ်နိဗ္ဗာန် သုံးတန်ချမ်းသာ အစစ်အမှန်သို့ ရောက်ရှိနိုင်သော ကုသိုလ်အထောက်အပံ့ကောင်းများ ဖြစ်ကြပါစေ။

Today, the 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐓𝐡𝐢𝐧𝐠𝐲𝐚𝐧 𝐍𝐞𝐰 𝐘𝐞𝐚𝐫 ceremony was successfully held at Oxford Buddha Vihara (South Korea in Paju Temple.

On this auspicious occasion, we respectfully rejoice and extend our heartfelt appreciation (𝗮𝗻𝘂𝗺𝗼𝗱𝗮𝗻𝗮) 𝘁𝗼 𝗮𝗹𝗹 𝘁𝗵𝗲 𝗴𝗲𝗻𝗲𝗿𝗼𝘂𝘀 𝗱𝗼𝗻𝗼𝗿𝘀, 𝗱𝗲𝘃𝗼𝘁𝗲𝗱 𝘀𝘂𝗽𝗽𝗼𝗿𝘁𝗲𝗿𝘀, 𝗮𝗻𝗱 𝘃𝗼𝗹𝘂𝗻𝘁𝗲𝗲𝗿𝘀 who have performed meritorious deeds, as well as to 𝗮𝗹𝗹 𝗞𝗼𝗿𝗲𝗮𝗻 𝗽𝗮𝗿𝘁𝗶𝗰𝗶𝗽𝗮𝗻𝘁𝘀 and well-wishers who graciously attended and took part in the Thingyan New Year Satuditha almsgiving ceremony, offering traditional Myanmar foods and desserts.

May the merits thus accrued remain with you always, protect you from all suffering, and guide you on the path to Nibbāna.

#အောက်စဖိုဒ့်_ဗုဒ္ဓဝိဟာရ_တောင်ကိုရီးယား_ဖာဂျူးကျောင်း

မနက်ဖြန် ပြုလုပ်မည့် ၁၃၈၈ ခုနှစ် သင်္ကြန်နှစ်သစ်အလှူတော်မင်္ဂလာအတွက် ယမန်ညကတည်းက ကျောင်းဒါယကာ၊ ကျောင်းဒါယိကာမများ စုပေါင...
18/04/2026

မနက်ဖြန် ပြုလုပ်မည့် ၁၃၈၈ ခုနှစ် သင်္ကြန်နှစ်သစ်အလှူတော်မင်္ဂလာအတွက် ယမန်ညကတည်းက ကျောင်းဒါယကာ၊ ကျောင်းဒါယိကာမများ စုပေါင်း၍ ဝေယျာဝစ္စကုသိုလ်များကို အားတက်သရော ပြုလုပ်ကြသည့် အနုမောဒနာပုံရိပ်များ ဖြစ်ပါသည်။

#အောက်စဖိုဒ့်_ဗုဒ္ဓဝိဟာရ_တောင်ကိုရီးယား_ဖာဂျူးကျောင်း

Address

경기도 파주시 금촌동 768-4 번지 서림빌딩 3층
Paju

Alerts

Be the first to know and let us send you an email when Oxford Buddha Vihara South Korea-Paju posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share