Ria Lily’s Pages

Ria Lily’s Pages Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ria Lily’s Pages, Mental Health Service, Seoul.

“ဒီသီအိုရီကို သိထားရင် စိတ်ဖိစီးရတာတွေ ဝေးသွားနိုင်မှာပါ။”⚡️လက်တွေ့ ကိုယ့်စီမှာ ဖြစ်နေတဲ့ ပြဿနာတော်တော်များများက စိတ်ခံစ...
28/04/2026

“ဒီသီအိုရီကို သိထားရင် စိတ်ဖိစီးရတာတွေ ဝေးသွားနိုင်မှာပါ။”

⚡️လက်တွေ့ ကိုယ့်စီမှာ ဖြစ်နေတဲ့ ပြဿနာတော်တော်များများက စိတ်ခံစားချက်နဲ့ ပတ်သတ်နေတာများတယ်။ ဒါကြောင့်လည်း မပျော်ရတာ၊ လူမှုရေးတွေ အဆင်မပြေတာ၊ စိတ်ဖိစီးမှု များနေတာ၊
တွေဝေတာတွေ ဖြစ်နေတာပါ။

⚡️Emotion Regulation Theory👈🏻 ဒီနေ့ သင်ခဲ့ရတဲ့ သင်ခန်းစာတစ်ခုထဲက အသုံးဝင်နိုင်မဲ့အရာလေး ယူလာပါတယ်။

“အရာရာဟာ စိတ်တစ်လုံးပါ” ဆိုတဲ့စကားကို ကြားဖူးကြမယ်ထင်တယ်။ လူမှာ ထိန်းချုပ်ရ အခက်ဆုံးကလည်း စိတ်ပါပဲ။ ဒါပေမဲ့ ဒီ (၅)ချက်ကို သိထားရင် ခံစားချက်တွေ ပြဿနာတက်နေတာ နည်းသွားပါလိမ့်မယ်။

Surface level acting

စိတ်ထဲက မပါပေမဲ့ မဖြစ်မနေ လုပ်ရမဲ့အခါ လုပ်လိုက်တာပါပဲ။
Presentation တစ်ခု လုပ်ကိုလုပ်ရမယ်ဆိုတဲ့ တာဝန်ရှိရင် ကြောက်နေလည်း အားတင်းပြီး လုပ်လိုက်တာ၊
Customer တွေနဲ့ ဆက်သွယ်ရမဲ့အခါ စိတ်မကြည်နေလည်း တာဝန်ရှိနေတယ်ဆိုတဲ့ အသိနဲ့ ပြုံးပြဆက်သွယ်လိုက်တာမျိုးပါ။
ဒါဟာ ပထမဆုံးအလွှာ တစ်ခုဖြစ်ပါတယ်။
>> ဒီအချက်က အတော်များများ လုပ်နေကျရှိကြလိမ့်မယ်။ ဒါဟာ စိတ်ခံစားချက် ထိန်းချုပ်ထားတဲ့ သဘောပဲ။ ခံစားချက်က သက်သက်၊ အလုပ်က သက်သက်၊ ဒီသဘော ဖြစ်တယ်။ဒါပေမဲ့ ဒါကို လုပ်ပါများရင် stress ပိုပိလာတာ၊ ကိုယ်က လိမ်နေသလို အပြစ်ရှိတာတွေ ဖြစ်နိုင်တယ်။

Deep level acting

မပြောင်းလဲနိုင်ရင် အတွင်းထဲကထိ ဟန်ဆောင်လိုက်တာပါ။ မပျော်နေပေမဲ့၊ ငါ ပျော်နေတယ်လို့ အပြင်မှာလည်း ပြသလို၊ ကိုယ့်စိတ်ကိုလည်း လှည့်စားလိုက်တယ်။ ဒါဆို ခံစားချက်တွေက ကိုယ့်အလုပ်အပေါ်၊ ကိုယ့်နေရက်တွေ အပေါ် မသက်ရောက်တော့ပါဘူး။ ဒီရဲ့ အကျိုးဆက်ကတော့ အလုပ်တော့ပြီးတယ်၊ ကိုယ်တိုင်လည်း အဆင်ပြေသလို ထင်ရတယ်။ ဒါပေမဲ့ တကယ့် ကိုယ်တိုင်ရဲ့ ခံစားချက်တွေ အစစ်အမှန်ကို သိဖို့ ခက်ခဲသွားနိုင်ပါတယ်။

Cognitive Reappraisal

ဒီအချက်ဟာ ရီယာ သုံးနေကျ အချက်ပါ။ ငါ စိတ်တိုလာတော့မယ်၊ ငါ မပျော်တော့ဘူး၊ ငါ စိတ်ဖိစီးနေရပြီဆိုတာကို မဖြစ်လာခင်လေးမှာ သတိထားမိအောင် နေတဲ့ ပုံစံပါ။ ကိုယ့်ကိုယ်ကို အမြဲ သတိတရ စောင့်ကြည့်တတ်ရင် ဘယ်အချိန်တွေမှာ ဘယ်လိုလူတွေနဲ့ တွေ့တဲ့အခါ ၊ ဘာတွေ ဖြစ်လာရင် စိတ်က ဘယ်လို ပြောင်းလဲတတ်လဲဆိုတာ သိပါတယ်။

အဲ့တော့ စိတ်ကို အတွေးနဲ့ ပြန်လှည့်ပေးရတယ်။
“ ဒါတွေက ငါနဲ့ မထိုက်တန်လို့ မရတာ”ဆိုတဲ့
အတွေးကနေ “ ပို ကောင်းတာ ရလာဖို့ လက်က ဗလာဖြစ်နေမှ ရမှာ၊ ဒါကြောင့် လွတ်သွားတာ” အဲ့လိုမျိုး။

“ငါ အမှားတွေ ထပ်လုပ်မိပြန်ပြီ” ကနေ
“ငါဟာ အမှားတွေကနေ အမြဲ သင်ယူပြီး ပိုကောင်းတဲ့လူ ဖြစ်လာတာ” အဲ့လို စိတ်ကို အပြောင်းအလဲ လေ့ကျင့်ပေးရတာမျိုးပါ။

လူတွေ အများကြီးရှေ့မှာ စကားပြောရမှာမို့ တုန်နေရင်
“ တုန်နေလို့ လဲကျသွားတောင် ဘာမှ ကြီးကျယ်တဲ့အရာ မဟုတ်ဘူး” ဆိုတာမျိုး သတိပေးပြီး လုပ်စရာ ရှိတာ ဆက်လုပ်တာ။

Emotional suppression

ဒီအချက်ကတော့ အန္တရာယ်များပါတယ်။ ကိုယ့်အတွင်းမှာ ခံစားနေရတာကို ဘာမှ မခံစားရသလို ဖုံးကွယ်လိုက်တာပါ။ “ငါ ဘာမှ ဖြစ်မနေဘူး”လို့ ညာလိုက်တာပါ။ ဒီအချက်နဲ့ ကိုယ့် emotions ကို ထိန်းချုပ်မယ်ဆိုရင် ကိုယ့်ရင်ထဲမှာ အမြစ်တွယ်ကျန်ခဲ့မှာပါ။ ခဏတာ ဖြစ်တဲ့ emotions တွေက အကြာကြီး စုလာတဲ့အခါ
စိတ်ဖိစီးမှု အရမ်းများလာပြီး မထိန်းခိုပ်နိုင်တဲ့ အဆင့်အထိ ရောက်တတ်ပါတယ်။

ခဏတာတော့ အလုပ်ရော ပြီးတယ်၊ ဘဝကလည်း ပုံမှန်ပဲ လည်ပတ်နေပေမဲ့ ကြာလာတဲ့အခါ ဘဝကို အရှုံးပေးချင်လာတာ၊ ဘယ်လိုမှ တောင်မခံနိုင်တော့တာ၊ အဖြေရှာမရတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ခံစားနေရရင် ထုတ်မပြတာဘဲ စုပုံထားတာထက် ထုတ်ပြီး ပြလိုက်တာက အများကြီး ကောင်းကျိုးရှိပါတယ်။

Social sharing

ကိုယ် ဘယ်လိုတွေ ကြုံတွေ့ခံစားနေရတယ်ဆိုတာကို
ကိုယ်ချစ်ရတဲ့သူ၊ ယုံကြည်ရတဲ့သူ၊ အကူအညီရမဲ့ သူတွေဆီမှာ မျှဝေ ပြောပြတဲ့ နည်းလမ်းပါ။

ရီယာတို့တွေက ကိုယ်ခံစားနေရတာ ထုတ်ပြရင် အားနည်းတယ် ထင်ခံရမှာ၊ လှောင်ခံရမှာ စိုးတာနဲ့
မသိစေချင်ကြတဲ့သူ အများသားပါ။ တကယ်တော့
Emotions ရှိတွေ ရှိတာက ပုံမှန်ပါပဲ။ မျှဝေလိုက်ရရင် ပေါ့ပါးသွားတာ၊ နေရထိုင်ရ သက်သာသွားတာကို သိသိသာသာ ခံစားရပါတယ်။

အမြဲတမ်း တတွတ်တွတ် ငြီးတွားနေရမယ် မပြောပါဘူး။ တကယ် ကိုယ် ဘာတွေ ကြုံတွေ့နေရလဲ၊ ရင်ဆိုင်နေရလဲဆိုတာ မျှဝေပါ၊ အကူအညီယူပါ။
ပြီးရင် ရှေ့ဆက်ပါ။ တစ်ယောက်တည်း မဟုတ်တာ သိတဲ့အခါ ခွန်အားလည်း ရသလို ၊ အချိန်တစ်ခုကြာရင် ကျော်ဖြတ်န်ုင်ကြတာချည်းပါပဲ။

ဒါဟာ ရှက်စရာမဟုတ်သလို၊ အားနည်းချက်လည်း မဟုတ်ဘူး။ ထုတ်ပြ ပြောဆိုလိုက်လို့ အထိုင်ကျသွားတဲ့အခါ ဒီခံစားချက်တွေမှ မရှိတော့တာ၊ ဘယ်လိုအားနည်းချက် ဖြစ်မှာလဲ။ ရီယာဆို ဘာဖြစ်နေရင် ဘာဖြစ်နေတယ်ဆိုတာ အကုန်လုံးကို ပြောပြပြီး emotions regulation လုပ်တတ်တဲ့ အကျင့်ရှိတယ်။

⚡️ဒီအချက်တွေကို သိထားရင် နေ့စဉ်ဘဝမှာ၊ အလုပ်လုပ်တဲ့အခါ၊ ပြောဆိုဆက်ဆံရတဲ့အခါ ကြုံတွေ့ရတဲ့ stress တွေကို ဖြေရှင်းနိုင်မှာပါ။ stress သည် environment ကနေ လာတာလဲ ရှိပေမဲ့ လက်ခံတဲ့ ကိုယ့်ရဲ့ အတွင်းစိတ်ကြောင့် အများဆုံး ရင်ဆိုင်ရတာပါ။
အဲ့တော့ ကိုယ်နဲ့ အဆင်ပြေတဲ့ နည်းလမ်းကို အသုံးပြုရင်း လုပ်စရာရှိတာကို ပြီးမြောက်အောင် လုပ်ပါ။
Emotions regulation လုပ်နိုင်လေလေ resilience မြင့်လေလေပါပဲ။




ကိုယ့်ကိုယ်ကိုယ် သဘောကျရတဲ့အချိန်တွေထဲက တစ်ခုဆိုရင် Deep focus mode on ထားတဲ့ အချိန်ပဲ။ အမြဲတမ်းလည်း ဒီလိုဖြစ်မနေဘူး။ အင...
27/04/2026

ကိုယ့်ကိုယ်ကိုယ် သဘောကျရတဲ့အချိန်တွေထဲက တစ်ခုဆိုရင် Deep focus mode on ထားတဲ့ အချိန်ပဲ။

အမြဲတမ်းလည်း ဒီလိုဖြစ်မနေဘူး။
အင်နာဂျီလည်း မကောင်းဘူး။
ဦးနှောက်ကလည်း အမြဲ တွေးမနေတတ်ဘူး။
ဒါပေမဲ့ တကယ် ဒီ vibe ရလာပြီဆိုရင် လူက
တည်သွားရော။

ငယ်ငယ်ကတည်းက စာကိုဆို တကုပ်ကုပ် စာမှစာ
လုပ်တတ်တဲ့ထဲ မပါဘူး။ မလုပ်ဘူး၊ အလေလိုက်နေရင်း နေ့စဉ်ကကျ ဦးနှောက်လေး အားကိုးပြီး ဖြီးဖြန်း တော်ချင်ယောင် ဆောင်တာ၊ တကယ် လုပ်တော့မယ်ဆိုရင်ကျလည်း ဘာမှကို မလုပ်တော့ဘဲ တစ်ထိုင်ထဲ သင်ထားသမျှ အကုန်ပြီးအောင် လုပ်လိုက်တာမျိုး။ ညပိုင်း deep focus လုပ်လိုက်ရင် နှစ်ဘာသာလုံး အကုန်ပြတ်သွားတာမျိုး။

ကိုယ်က ပုံမှန်ဆို စကားများတယ်၊ ဟီးဟီးဟားဟားနေတယ်၊ ဘာမှ သိပ်အလေးမထားတတ်ဘူး။
အထက်တန်းတုန်းက သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်၊ သူက မလုပ်သာ မလုပ်တာ၊ စာလုပ်ရင် ကြောက်စရာကောင်းတယ်၊ စကားမပြောတော့ဘူးတဲ့။
အလိုလို အကုန်အလိုက်သင့် စကားများလိုက်၊ ငိုက်လိုက်လူဆိုတော့ သူတို့က ပြောကြတာပေါ့။

တကယ်လည်း မလုပ်ဖြစ်ဘူး၊ (၁၀)တန်းတစ်နှစ်လုံးရဲ့ စာလုပ်ချိန်က (၁)လ ပြည့်ခဲ့မယ်မထင်ဘူး။ ဒါဟာ ကြွားစရာမဟုတ်မှန်းသိတယ်၊ အဲ့တာကြောင့်လဲ အမြဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းခဲ့တာ။
ဒါပေမဲ့ တစ်လကို တစ်ရက်၊ဒါမှမဟုတ် (၁)လခွဲနေ (၁)ရက်လောက် အဲ့လို အာရုံစိုက်ဖြစ်တဲ့ ရက်တွေရှိတယ်။ အဲ့ဒီအချိန်ကျ စာတွေ အကုန်ပြတ်သွားရော။ ပြီးရင် ပြန်အလေလိုက်ပေါ့။

ကိုယ် အာရုံစိုက်နေရင် အထင်လွဲခံရတာ ရှိတယ်၊ စိတ်ဆိုးနေတာလားဆိုပြီး၊ မျက်နှာက တအားတည်နေတော့လေ။ ဒါပေမဲ့ တကယ်က မဟုတ်ဘူး။
တစ်ခုခုကို အာရုံစိုက်နေတာရယ်၊ အဲ့အချိန်ဆို စကားလည်း မပြောဘူး၊ ဘာမှလည်း မသိချင်ဘူး၊ တအားလည်း အထိမခံဖြစ်တယ်။ အဲ့ဒီအချိန် ကိုယ့်အာရုံကို ပျက်အောင် လာဆွတဲ့သူဆိုရင် တကယ်ကို ရှောင်တာ၊ အကောင်းမြင်ပေးလို့ မရတဲ့အထိပဲ။

စာပဲမဟုတ်ဘူး၊ အလုပ်လုပ်လည်း အဲ့လိုပဲ။
Deep focus mode on ပြီး serious ဖြစ်တဲ့အချိန်ဆို
ပရမ်းပတာလာလုပ်ရင် အရမ်းမုန်းတာ။
အလုပ်တွေမှာဆို ကိုယ်က အာရုံစိုက်လုပ်နေရင်
ပင်ပန်းလို့ စိတ်ဆိုးနေကြတယ် ထင်ကြတာ။

အမြဲ လုပ်နိုင်လားဆိုလည်း မရဘူး။
စိတ်ရော၊ လူရော၊ ခေါင်းရော တစ်နေရာတည်းမှာ ထားထားတော့ လူက တစ်ချိန်လုံးဆိုလဲ ခွေလဲမှာ။
ဒါပေမဲ့လည်း တကယ် အရေအတွက်တော့ နည်းပေမဲ့ပေါ့။ ကိုယ် အဲ့လိုလုပ်ပြီဆိုရင် နောက်ထပ် ကောင်းတာ တစ်ခုကို ရလဒ်တွေ၊ ဘာတွေ ခေါင်းထဲ မရှိတော့တာ၊ ရချင်ရ၊ မရချင်နေ၊ ဂရုကိုမစိုက်တာ။

မှတ်မှတ်ရရ အချိန်တွေထဲက တစ်ခု ပြောပါဆိုရင်
Korean Topik exam ဖြေတုန်းကရယ် English test တစ်ခု ဖြေတုန်းကရယ်ပဲ၊ ကိုရီးယားစာကို level 3 ထိ self study ချတာမှ exercise လည်း မလုပ်သလို မီးနင်းနဲ့ grammar ပဲ ကြည့်ထားတာ ဖတ်တောင် သေချာမဖတ်တတ်တဲ့ အနေအထားမှာ စာမေးပွဲဖြေဖို့ လုပ်လိုက်တာ။
မေးခွန်းပထမဆုံး ဖတ်ကြည့်တာတင် မရတော့ဘူးဆိုပြီး လက်လျော့ထားရာက ဖြေခါနီး နှစ်ပတ်အလို တစ်ပုဒ်ကို ငါးမိနစ်လောက် ဖတ်ယူရတဲ့ အခြေအနေကနေ Topik level 6 ရအောင် ဖြေနိုင်ခဲ့တာပေါ့။

ကျွန်မပြောရင် ဒီက ဆရာမတွေကတောင် မယုံဘူး၊
လိမ်တယ်ပဲ ထင်တယ်၊ ကျွန်မ မသင်ခဲ့ရပါဘူးဆိုတာကို နောက်မှ ယုံသွားကြတာ။
English test လည်း vocabulary တစ်အုပ်လုံးကို တစ်ပတ်နဲ့ ခေါင်းထဲ သွင်းခဲ့တာ။
ဒါပေမဲ့ ကျွန်မမှန်းထားပြီး လုပ်တာလားဆို မဟုတ်ဘူးရယ်၊ ပြောသလိုပဲ ရလဒ်က ဘာရရ၊ အဲ့လို အာရုံစိုက်ရင် စိတ်ကို မဝင်စားတော့တာ။
( attached မဖြစ်တဲ့ အဲ့စိတ်ကိုလည်း အကြိုက်ဆုံးပါပဲ)

လွန်ခဲ့တဲ့ နှစ်ရက်ကတောင် အလေလိုက်နေတဲ့ ကျွန်မ
ရွေးချယ်ပြီး လုပ်တတ်၊ လိုက်တတ်တဲ့ အကျင့်မရှိတော့ မဖြစ်နိုင်ဘူးလို့ ငိုချင်မိတဲ့ ပမာဏကြီးကို ၃၆နာရီလုံး (၃)နာရီပဲ မှေးပြီး energy အကုန်သုံးလိုက်တာ လူလည်း မျော့မျော့ပါပဲ။ ဒါပေမဲ့ ကျွန်မ သိပ်ကြိုက်ပါတယ်။ ကျွန်မ ဦးနှောက်ကို ပေးအလုပ်လုပ်ထားရတဲ့အချိန် smart ဖြစ်တယ် အခံစားရဆုံးပါပဲ။
အိပ်လိုက်ပါဦးမယ်။ ဒါဟာ ကြိုးစားတဲ့သူတွေနဲ့ယှဉ်ရင် ဘာမှမဟုတ်ပေမဲ့ ဘဝမှာ ကြိုးကြိုးစားစား၊ တစ်စိုက်မတ်မတ်
လုပ်ချင်တာက ဆန္ဒဖြစ်ပြီး ဘာကိုမှ အလေးမထား
ပေါ့ပေါ့ပါးပါး နေတတ်တာဟာ အကျင့်ဖြစ်တဲ့သူအတွက်
ကိုယ့်ကိုယ်ကိုယ် self respect မြင့်ရတဲ့ အချိန်၊ self confidence မြင့်တဲ့ အချိန်ပါပဲ။

Taylor Swift ပြောတာလေး အမြဲ သတိတရရှိတယ်။
လူတွေက ငါကတော့ ဘာမှတောင် မလုပ်လိုက်ရဘဲ ရသွားတာလို့ ပြောရင် ကျွန်မ အားကျပါတယ်၊ ဒါပေမဲ့ ကျွန်မနဲ့ အလုပ်တွဲလုပ်ဖို့ လူတွေ လိုအပ်တဲ့ အချိန်ကျရင်တော့ ကြိုးစားနေတဲ့သူတွေနဲ့ပဲ လက်တွဲသွားမှာပါဆိုတာလေး။
ကျွန်မဘဝမှာလဲ ကြိုးစားနေတဲ့သူတွေကို အလေးစားမိဆုံးပါပဲ။
တစ်လ တစ်ခါ၊ တစ်နှစ် လေး ငါးခါကနေ၊ နေ့တိုင်း ဖြစ်သည်အထိ မွေးမြူကြည့်ပါဦးမယ်။
အဲ့ဒီအချိန်ကျရင်တော့ ရတယ်၊ ဖြစ်တယ်၊ လုပ်လိုက်လေဆိုတဲ့ ရယ်ရယ်မောမော သဘောကောင်းတတ်တဲ့ အခုပုံစံလေး လုံးလုံး ပျောက်သွားမယ် ထင်တယ်။

👉🏻ဘာမှမလိုဘူး ၊ လိုအပ်တာ စိတ်အပြောင်းအလဲလေးတစ်ခုပဲ။ 👈🏻⚡️မရတော့ဘူး၊ မဖြစ်နိုင်တော့ဘူးလက်လျှော့လိုက်တော့မယ်ဆိုတဲ့ စိတ်ကနေဘ...
26/04/2026

👉🏻ဘာမှမလိုဘူး ၊ လိုအပ်တာ စိတ်အပြောင်းအလဲလေးတစ်ခုပဲ။ 👈🏻

⚡️မရတော့ဘူး၊ မဖြစ်နိုင်တော့ဘူး
လက်လျှော့လိုက်တော့မယ်ဆိုတဲ့ စိတ်ကနေ
ဘာလို့ မလုပ်နိုင်ရမှာလဲ၊
ဒါထက် ကြီးတာတွေတောင် အများကြီး
လောကကြီးမှာ လုပ်ရဦးမှာ၊
ဖြစ်တယ်ဆိုတဲ့ စိတ် အပြောင်းအလဲလေးတစ်ခုပဲ။

⚡️မဖြစ်နိုင်ဘူးဆိုတာလည်း ကိုယ့်အတွေးပဲ။
ဖြစ်နိုင်တယ်ဆိုတာလည်း ကိုယ့်အတွေးပဲ။

⚡️ အတွေးတွေထဲမှာ ကိုယ့်ကိုယ့်ကိုယ် ဘယ်လို
တည်ဆောက်ထားသလဲဆိုတာ ပြန်ကြည့်ပါ။
ကိုယ်တွေးနေတဲ့ အရာအားလုံးဟာ
အမှန်လို့ ယူဆလို့မရဘူး။

⚡️တချို့အတွေးတွေက သူငယ်ချင်းတွေဆီက လာတာ၊ တချို့အတွေးတွေက မိဘဆီက လက်ဆင့်ကမ်းလာတာ၊ တချို့ကကျ အတိတ်က စိတ်ဒဏ်ရာတွေက လာတာ၊ တချို့က ပတ်ဝန်းကျင်လာတာ။
အတိတ်ကဖြစိရပ်တွေဟာ အနာဂတ်ကို မဆုံးဖြတ်နိုင်ဘူး။

⚡️ အတွေးတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် မခြောက်လှန့်ပါနဲ့။
နင် မလုပ်နိုင်ဘူးဆိုတာမျိုး ထပ်ခါထပ်ခါ မပြောမိစေနဲ့။ ဒီကနေ ရုန်းမထွက်နိုင်တော့ဘူးလို့ မတွေးမိစေနဲ့။

⚡️ အချိန်ဟာ ရွေ့လျားနေသလို အရာအားလုံးဟာ
ပြောင်းလဲနေတာ၊ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။
အကုန် ဖြစ်လာနိုင်တာချည်းပဲ။
အခက်အခဲတွေကြားထဲ ပိတ်မိနေလည်း ကျော်ဖြတ်၊
အသည်းကွဲလည်း ရှေ့ဆက်၊ အခုချိန်မှာ
အရာအားလုံးက ကိုယ့်ဘက်မှာ ရှိမနေရင်တောင်
ဆက်သွား၊ တစ်ချိန်ချိိန်ကျ ကိုယ်တောင် မသိလိုက်ခင်
တစ်ဖက်တည်း ပြန်ဖြစ်နေလိမ့်မယ်။
ပြီးရင် ကိုယ် မလုပ်နိုင်ဘူး ထင်ခဲ့တဲ့အရာတွေက ပြီးမြောက်နေလိမ့်မယ်။




ရှေ့မဆက်ချင်လောက်အောင် ဖြစ်တဲ့နေ့တွေမှာ နှလုံးသားပေါ် လက်လေးတင်တယ်၊ ငါ့ဘဝကို ငါပဲ ရှင်သန်ရမှာ၊ ဘယ်သူမှ အစားရှင်သန်ပေးလို...
22/04/2026

ရှေ့မဆက်ချင်လောက်အောင် ဖြစ်တဲ့နေ့တွေမှာ
နှလုံးသားပေါ် လက်လေးတင်တယ်၊
ငါ့ဘဝကို ငါပဲ ရှင်သန်ရမှာ၊
ဘယ်သူမှ အစားရှင်သန်ပေးလို့မရဘူးဆိုပြီး
သတိပေးစကားလေး ပြောတယ်။

ခွန်အားတွေကုန်ပြီး စိတ်တွေပင်ပန်းလာလို့
အသက်ဆက်ကြီးရမှာ၊ ရှင်သန်ရမှာ၊
အရာရာကို ညစ်ညူးလာတဲ့အခါ
ငါ့ကိုယ်ငါ ငါပဲ ကာကွယ်ရမှာလို့ ပခုံးလေး ဖက်ပြီး
ပြောလိုက်ရင် အရာရာ ရင်ဆိုင်ရဲသွားတာပဲ။

ဒါဟာ ဘယ်သူမရှိလို့၊ ရှိလို့မှ မဟုတ်ဘူး၊
ဘယ်သူတွေ အနားမှာ ရှိနေပါစေ၊
ကိုယ့်အစား ဝင်ခံစားပေးလို့ မရဘူး၊
ဝင်ဖျားနာပေးလို့ မရဘူး။
ဘဝရှိလို့ ရှေ့ဆက်နေရသမျှ ကိုယ့်တာဝန် ကိုယ်ပဲ
ယူကြရတာပဲ။
တစ်ခါတလေ တကယ် ဘာမှ ထွေထွေထူးထူးမရှိဘဲနဲ့
စိတ်က ကြောက်တတ်လာတာမျိုးတွေ ရှိတယ်။

ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင်ပဲ ဦးဆောင်ချင်တာဆိုတဲ့
စိတ်အပြည့်ရှိလို့လားပဲတော့မသိဘူး၊
ဘယ်သူ့ဆီကမှ အကူအညီလိုချင်တာမျိုးလည်းမရှိဘူး။
အဲ့တော့ ကိုယ့်ကိုယ်ကိုယ် အမြဲ ပြန်ပြောဖြစ်တာက
နင့်ဘဝက နင့်လက်ထဲမှာမို့ ကိုယ့်ကိုယ်ကိုယ်
ကာကွယ်ဖို့ ရှေ့ဆက်ပါလို့ပဲ။
ဒါအမြဲ ကိုယ့်ကိုယ်ကိုယ် ပြောတဲ့စကား။

နှလုံးသားက တစ်ခါတခါ နူးညံ့သယောင်ဆောင်ပြီး
သရဲဘောကြောင်တယ်။
အရာအားလုံးကို ကောင်းမွန်စွာ ရင်ဆိုင်နေရင်းတောင်
သူ့မှာ မဝံ့မရဲ ဖြစ်တတ်သေးတယ်။
အဲ့ဒီအခါတိုင်း ပြန်ဆူရတာပဲ။
ရှင်သန်ရမယ်လေ၊ ဒါတောင် ခိုင်ခိုင်မာမာနဲ့။
ကြောက်နေလို့ တစ်ယောက်ယောက်ကို မျှော်နေမိတာလားဆိုပြန်တော့ မဟုတ်ပြန်ဘူး။

ကိုယ့်ဘဝမှာ ကိုယ့်ခြေကိုယ့်လက်ချည်း ဖြစ်ချင်တာ၊
လွတ်လပ်တယ်လေ။
အဲ့တော့ အဆူခံရတာပဲ၊ နင်က ဘာကို စိတ်ပျက်နေရပြန်တာလဲလို့။
ဘဝထဲမှာ ရှင်သန်ရတယ်ဆိုတာ တာဝန်တစ်ရပ်ပဲလေ။
တာဝန်လို့ တွေးလိုက်ရင် နေ့ရက်တွေက လန်းဆန်းသွားရော။

လွန်ခဲ့တဲ့ နှစ်အနည်းကထိတောင်အဖေဟာ ဘာလို့ သူ့ရွာလေးမှာပဲ တွယ်ကပ်နေချင်ရတာလဲ၊ အဖေဟာ သူမှန်တယ်ထင်နေရင်းတောင် သူ့ကိုယ်သူ ယုံ...
19/04/2026

လွန်ခဲ့တဲ့ နှစ်အနည်းကထိတောင်
အဖေဟာ ဘာလို့ သူ့ရွာလေးမှာပဲ တွယ်ကပ်နေချင်ရတာလဲ၊
အဖေဟာ သူမှန်တယ်ထင်နေရင်းတောင် သူ့ကိုယ်သူ ယုံကြည်မှုမရှိ ဖြစ်သွားရတတ်တာလဲ၊

အမေဟာ မဟုတ်မခံစိတ်ရှိရက်နဲ့တောင်
ဘာလို့ သည်းခံနိုင်ပြန်တာလဲ၊
အမေဟာ ဘာလို့ ပိုက်ဆံဆိုတဲ့အကြောင်းကို
ပြောတတ်တာလဲ၊
အမေဟာ ဘာလို့ ကြောက်တတ်ရက်နဲ့တောင်
သတ္တိရှိပြန်တာလဲ၊

ဘာလို့များ သူတို့တွေဟာ တစ်ခါတလေ
ကိုယ့်အပေါ် လုပ်ရက်တဲ့သူတွေကိုတောင် ခွင့်လွှတ်နိုင်ရတာလဲ၊
ဘာလို့ ပြန်ပြီးပြေလည်နေနိုင်တာလဲ
နားလည်လို့မရခဲ့ဘူး။
နားလည် မပေးနိုင်ခဲ့ဘူး။

တဖြည်းဖြည်းနဲ့ နားလည်လာခဲ့တယ်။
ကြီးပြင်းလာရင်းနဲ့ ခံစားလို့ရလာခဲ့တယ်။
တစ်ခါတလေ ကိုယ့်ဆီမှာ ကိုယ်နားမလည်နိုင်ခဲ့တဲ့
ပုံရိပ်တွေ ရှိလာတယ်၊
တစ်ခါတလေ ကိုယ့်အတွေးတွေဟာ ပြောင်းပြန်
ဖြစ်လာတတ်ပြန်တယ်။
လူကြီးတစ်ယောက်ဖြစ်ရမှာ ကြောက်ရင်းနဲ့ပဲ
တစ်ရက် အသက်ကြီးလာပြန်တယ်။


✍🏼ကိုယ် စာရေးဖြစ်တာ (၈) နှစ်ကြာပါပြီ။ 🫶🏼ဒီအတိုင်း ကိုယ်ဟာ စာရေးရတာ သဘောကျတဲ့သူတစ်ယောက်ပါပဲ။ စကားနဲ့ပြောရင် ဘာဟင်းချက်စား...
19/04/2026

✍🏼ကိုယ် စာရေးဖြစ်တာ (၈) နှစ်ကြာပါပြီ။

🫶🏼ဒီအတိုင်း ကိုယ်ဟာ စာရေးရတာ သဘောကျတဲ့သူတစ်ယောက်ပါပဲ။
စကားနဲ့ပြောရင် ဘာဟင်းချက်စားလဲဆိုတဲ့ မေးခွန်းတောင် ကြောင်တောင်ပေမဲ့
စာနဲ့ဖော်ပြရရင် ပြောချင်သမျှ တန်းစီထွက်လာတဲ့သူ၊
မြန်မာစာလုံးလေးတွေကို ချစ်မြတ်နိုးတဲ့ သူတစ်ယောက်ပါပဲ။

🥨ဒီလို စာတွေ ရေးတာ၊ တင်တာဟာ
တခြားသူတွေအတွက်တော့ သာမန်ဆိုပေမဲ့
အရမ်းရှက်တတ်၊ ကြောက်တတ်ပြီး
မဟုတ်တာ ပြောတာမျိုး၊ အထင်လွဲတာမျိုး၊ ဝေဖန်ခံရတာမျိုးကို မုန်းတဲ့သူအတွက်တော့ ကိုယ့်ကိုယ်ကိုယ်
အောင်နိုင်ခဲ့တဲ့အရာတစ်ခု၊ အမြဲ ဂုဏ်ယူမိစေတဲ့ အရာတစ်ခုပါ။ စာတွေရေးကတည်းက ကိုယ့်စာတွေ ဖတ်ပြီး
ဘယ်သူတွေ ဘယ်လိုထင်ထင် ရှင်းမပြတော့ဘဲ
တကယ် နားထောင်ချင်တဲ့သူအတွက်ပဲ အဖြေတစ်ကြောင်း နှစ်ကြောင်း ပြန်ပြောပြဖြစ်တော့တာပါ။

(👉🏼၆)တန်းနှစ်လောက်မှာ ကိုယ် စာစရေးပါတယ်။
ဝတ္ထုလေးပါ။ နာမည်တောင် မမှတ်မိတော့ပေမဲ့ အကြောင်းအရာကတော့ ရေးရေး မှတ်မိပါတယ်။
အဲ့ဝတ္ထုကို ဘယ်သူမှမသိအောင် သိမ်းထားရာက
အိမ်ကလူတွေ ခိုးဖတ်ပြီး ကိုယ့်ကို ခွီကြတာပါပဲ။
အချစ်ရေး တစ်စွန်းတစ်စပါတော့ ရှက်ရှက်နဲ့ ပြန်ခေါက်ထားလိုက်ပြီး သိပ်ချမရေးဖြစ်တော့ပြန်ပါဘူး။

စာရေးတဲ့ ခံစားချက်ဟာ အချစ်ရေးနဲ့ အခြေခံပါတယ်။ ကိုယ့်အတွက်တော့ ချစ်ခြင်းမေတ္တာရဲ့ နူးညံ့မှုကနေပဲ စကားလုံးတွေ ထွက်တာပါ။ ဒါကြောင့် ရေးသမျှ စာတိုင်းမှာ အချစ်ရေး အငွေ့အသက်ပါပါတယ်။ ဒါကြောင့်လည်း အထင်လွဲခံရပါတယ်။ ကိုယ်ရည်ညွှန်းတဲ့ တစ်စုံတစ်ယောက်ဟာ တစ်ကယ့်ကို ဒီကမ္ဘာပေါ်က ကိုယ့်စာကို ဖတ်တဲ့ တစ်စုံတစ်ယောက်ပါပဲ။ ကိုယ့်အတွက်တော့ ကျား၊ မ ကြားမှာပဲ အချစ်ရှိတာလို့ မခံယူပါဘူး။ အချစ်ဟာ နူးညံ့မှုရဲ့ သင်္ကေတတစ်ခုလို့ပဲ မှတ်ယူတာပါ။

စာစရေးဖို့ သတ္တိရတာကတော့ ချစ်စရာကောင်းလှတဲ့ ကျွန်မ သူငယ်ချင်းတစ်ယောက်ကြောင့်ပါ။ အဲ့တုန်းက ရေးတဲ့စာတွေမှာဆို niche မရှိသလို၊ ကျွန်မရေးချင်သလို ရေးတာမျိုးပါ။ ဒါပေမဲ့ တကယ်ကို လှိုက်လှိုက်လှဲလှဲ အားပေးခဲ့ပါတယ်။ ကျွန်မ ဘဝမှာ သူ့လို သူငယ်ချင်းမျိုးက ပထမဆုံးပါ။ ကျွန်မကို အားပေးလို့ ပြောတာ မဟုတ်ပါဘူး။ သူ့လိုမျိုး ကျွန်မကို ဆက်ဆံတဲ့ သူငယ်ချင်းက တကယ် အခုထိ သူတစ်ယောက်တည်းပါ။
အဲ့ဒီမှာ ယုံကြည်မှုရပြီး အမှတ်တရကျန်တာပေါ့ဆိုပြီး
ဘာကိုမှ ဂရုမစိုက်ဘဲ စာစရေးပါတယ်။
ဘာတွေရေးနေတာလဲဆိုတဲ့ အိမ်ကစကားတွေ၊ လေးစားရတဲ့သူတွေ ပြောတာတောင် ကျွန်မ မရှက်တော့ဘဲ ရေးခဲ့ပါတယ်။

ကိုယ်ရေးတဲ့စာတွေဟာ ကိုယ့်အကြောင်းတွေ အကုန် မဟုတ်ပါဘူး၊ ကိုယ့်အတွေ့အကြုံတွေအပြင်၊ ကိုယ့်ဆီ အကြံတောင်းဖူးတဲ့သူတွေ၊ ကိုယ်ကြုံဖူးတဲ့သူတွေ၊ ကိုယ့်သူငယ်ချင်းတွေ။
သေချာပါတယ်၊ ဘယ်သူမှတော့ သူတို့အကြောင်းဆိုတာ မသိပါဘူး၊ သိသာအောင် ရေးရတာလည်း မကြိုက်ပါဘူး။

အဲ့လို ရေးရင်းနဲ့ပဲ၊ သူငယ်ချင်းတွေဆီက သူတို့အားဖြစ်ရကြောင်း စာလေးတွေ တစ်စွန်းတစ်စ ရပါတယ်။
ကျွန်မရဲ့ ရည်ရွယ်ချက်ကိုက ကိုယ့်လို ခံစားတတ်တဲ့သူရှိရင် နားလည်ပေးနိုင်ဖို့၊ အတွေးတွေကို ပြောင်းပေးပြီး စိတ်ဒဏ်ရာ သက်သာစေဖို့ဆိုတော့အောင်မြင်တယ် ပြောရမှာပါပဲ။ လူအများလို ရလဒ်တော့ မရှိပေမဲ့ပေါ့။ ဘာပဲဖြစ်ဖြစ် စာရေးရတာ အတော်နှစ်ခြိုက်ပါတယ်။

ကိုယ့်မှာ ဝန်ခံရရင် အားနည်းချက် ရှိပါတယ်။ စာဖတ်နည်းတာပါ။ အတော့်ကို နည်းတာပါ။ ပျင်းတာလည်း ပါသလို ကိုယ့်အတွေးအပေါ် လွှမ်းမိုးတာကို မကြိုက်တာလည်း တစ်စွန်းတစ်စပါပါတယ်။ ဒါပေမဲ့ ဖတ်သင့်တာကို လက်ခံပါတယ်။ အားသာချက်ကလည်း စာမဖတ်တာပဲ ဖြစ်မယ်ထင်တယ်။ အကုန်လုံးဟာ ကိုယ့်အတွေးသက်သက်၊ အတွေ့အကြုံသက်သက်ချည်းပါပဲ။ ဒါဟာ ရိုးသားမှုဖြစ်သလို စာနာနားလည်နိုင်မှုလည်း ဖြစ်ပါတယ်။

ကိုယ့်စာတွေကို ကြည့်ရင် နည်းနည်း တစ်ခါတလေ အနုတ်သဘောဆောင်သလို ခံစားရစေနိုင်ပါတယ်။
ဘာလို့လဲဆိုရင် ကိုယ်ဟာ ကိုယ် အမှားလုပ်လည်း ခွင့်လွှတ်နိုင်ဖို့၊ ကြင်နာမှုဟာ အပြည့်အဝမကောင်းဘူးတို့၊ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဖို့တို့၊ တစ်ခါတခါကျ လူတွေကို ကောင်းတယ်လို့ ယုံကြည်မထားဖို့ပါတွေပါ ပါတတ်ပါတယ်။
ဒါဟာလည်း ကိုယ်ဟာ ကိုယ့်အမြင် ကိုယ့်ဘဝကိုပဲ အခြေခံရေးလို့ပါပဲ။
လူတွေကို အပြစ်မတင်တတ်ဘဲ ကိုယ့်ကိုယ်ကိုယ် အရင် အပြစ်ရှာတတ်တဲ့ အကျင့်ရှိသူ၊
မဝေဖန်ဖို့ သင်ကြားခံရလို့ မဝေဖန်တဲ့ အကျင့်ရှိပေမဲ့ လူကြားထဲ အပြောဆိုခံရပြီး စိတ်ဒဏ်ရာရတတ်သူ၊ လောကကြီးမှာ ဒီလောက် အကျင့်ပုတ်တဲ့သူ ရှိနိုင်မှာမဟုတ်ဘူး တွေးထားမိလို့ အံ့ဩခဲ့ရသူ၊
အမြဲ အမြဲ ဒီလို အတွေ့အကြုံများတဲ့သူမို့ ဒီဘက်ကပဲ ရေးဖြစ်ပါတယ်။

ကိုယ့်စာတွေဟာ လူတိုင်းအတွက်မဟုတ်ပါဘူး။
နဂိုကတည်းက သန်မာတဲ့သူတွေအတွက် မဟုတ်ဘူး။
နဂိုကတည်းက လောကကြီးကို လိုက်လျောညီစွာ နေထိုင်တတ်တဲ့သူတွေ အတွက် မဟုတ်ဘူး။

ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ မကြေငြာသလို မထင်မိပါဘူး။ ဒါပေမဲ့ အခုထိတော့ မလုပ်ရဘူးဆိုတဲ့အရာတွေ မလုပ်မိတဲ့သူပါပဲ။ ဒါကြောင့် ကိုယ့်လိုလူတွေအတွက်ပဲ မျှဝေပေးတဲ့သဘောပါ။
စာအရှည်ကြီး ဖတ်ပေးလို့ ပင်ပန်းသွားရပြန်ပါပြီ။
စိတ်ပါတဲ့ အချိန် ထထရေးတဲ့ အကျင့်လည်း ရအောင်ပြင်ပြီး အချိန်မှန် ပြန်ရေးပါဦးမယ်။
ကျေးဇူးတင်ပါတယ်။




#ဝန်း

အရွယ်တစ်ခု ရောက်တဲ့အခါ မိဘတွေကို အပြစ်မတင်တော့ဘဲ၊ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ဆီ အပြစ်လွှဲမချတော့ဘဲကိုယ်ယုံကြည်ရာ လိုက်နို...
15/04/2026

အရွယ်တစ်ခု ရောက်တဲ့အခါ
မိဘတွေကို အပြစ်မတင်တော့ဘဲ၊ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ဆီ အပြစ်လွှဲမချတော့ဘဲ
ကိုယ်ယုံကြည်ရာ လိုက်နိုင်တဲ့၊ ကိုယ့်ဘဝကို တာဝန်ယူတတ်တဲ့ အသိ လူတွေမှာ အလိုလို ရလာတတ်တယ်တဲ့။
👈🏻

အဲ့ဒီအရွယ်ရောက်လာတဲ့အခါ
လူတွေဟာ အလိုလို တိတ်ဆိတ်လာတတ်တယ်။
အပြစ်တင်တာတွေ နည်းလာတတ်တယ်။
သူတို့ဟာ သူတို့လုပ်နေတဲ့အရာအပေါ်မှာပဲ
အာရုံစိုက်ဖို့ ကြိုးစားတတ်ကြပြီး
သူတို့ဘဝကို သူတို့ကိုယ်တိုင်ပဲ တာဝန်ယူတော့တယ်။



👉🏻အရေးကြီးတာက resistance 👈🏻ရှင်သန်ကျန်ရစ်တဲ့သူတွေသာ အနိုင်ရတာ၊ ဘဝမှာ လက်မလျော့လိုက်တဲ့သူတွေပဲ အနိုင်ရတာ။ ဒါ ရီယာ မြင်ရသလ...
14/04/2026

👉🏻အရေးကြီးတာက resistance 👈🏻

ရှင်သန်ကျန်ရစ်တဲ့သူတွေသာ အနိုင်ရတာ၊
ဘဝမှာ လက်မလျော့လိုက်တဲ့သူတွေပဲ
အနိုင်ရတာ။

ဒါ ရီယာ မြင်ရသလောက်ပဲ။
ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊
ဘယ်လောက်ပဲ ပြဿနာတွေ တက်နေပါစေ၊
ဘဝကြီးက နုံချာစုတ်ပြတ်နေပါစေ၊
ဆက်မရှင်သန်ချင်လောက်အောင် ပင်ပန်းနေပါစေ၊
ဆက်သာသွား၊ ဆက်သာလျှောက်။

အောင်မြင်နေတဲ့သူတွေဟာလည်း
အစကတည်းက နေချင်စရာကောင်းလွန်းလှလို့
ဆက်လျှောက်လာခဲ့တာမဟုတ်ဘူး။
ပျော်နေရတဲ့သူတွေလည်း
အခြေအနေတွေကို တောင်ခံလာခဲ့တာ။

တကယ် ကြည့်လိုက်ရင်
အချိန်တွေ ကြာသွားရင် တဖြည်းဖြည်း
အဆင်ပြေလာကြတာချည်းပဲ။
လက်သာလျှော့လိုက်ရင် အဆင်ပြေတဲ့အချိန်တွေ
ခံစားရမှာမဟုတ်ဘူး။

တစ်ခါတလေ အခြေအနေတွေ အကုန်လုံးက
ကိုယ်နဲ့ ဆန့်ကျင်နေလိမ့်မယ်။
ဘယ်လောက်ကြိုးစားပါစေ
ထူးပြီး ပြေလည်မလာတတ်တာတွေရှိတယ်။
သေချာ ရှေ့ဆက်လျှောက်ကြည့်ရင်
အဆင်ပြေသားပဲဆိုတဲ့ အချိန်တွေ ရှိလာတာပဲ။

လူတွေကပဲ မြင်နေတာကိုပဲ မှတ်မိကြမှာပဲ။
အဆင်ပြေတဲ့အချိန် အားကျကြမယ်၊
မပြေတဲ့အချိန် ဖယ်ထားကြမယ်။
ဒါတွေ အပေါ် အစွဲအလန်းမထားပါနဲ့။
မပြေတဲ့အချိန် တောင့်ခံပြီး
ပြေတဲ့အချိန်ကျ အလိုက်သင့်လေး အနားယူ။
ဘဝဆိုတာ ရှင်သန်ဖို့ပါပဲ။

(၂)နှစ် ဆိုတာ ခဏလေး၊ နောက်ကျ ပြန်တောင်ပြန်ချင်မှာမဟုတ်ဘူးတဲ့။ အိမ်လွမ်းနာကျ homesick ရနေလို့ တစ်ရက်၊ တစ်ရက်ကို မခံစားနို...
10/04/2026

(၂)နှစ် ဆိုတာ ခဏလေး၊ နောက်ကျ ပြန်တောင်ပြန်ချင်မှာမဟုတ်ဘူးတဲ့။
အိမ်လွမ်းနာကျ homesick ရနေလို့ တစ်ရက်၊ တစ်ရက်ကို မခံစားနိုင်လောက်အောင် နာကျင်နေရတဲ့ ကောင်မလေးတစ်ယောက်ကို စီနီယာ မမတွေ အားပေးတဲ့စကား။

ဘယ်လိုတောင် (၂)နှစ်လေးလို့ ပြောထွက်ပါလိမ့်လို့ တွေးမိတယ်။
အလယ်တန်း (၈) တန်းပြီး (၉) တန်းရောက်တော့ ရွာကနေ မြို့က အဆောင်ကို ပြောင်းလာတာ။
သူငယ်ချင်းရော၊ ကိုယ်ရော ။
အိမ်နဲ့ တအိမ်ခြားအဆောင်ကို သွားအိပ်တုန်းကတောင်
သရဲခြောက်လို့လေ့၊ နေမကောင်းဘူးဆိုပြီး နောက်ဆုံး
အိမ်ပြန်အိပ်တဲ့သူက၊ ထွက်ချင်တာက အိမ်နဲ့အဝေး၊
အိမ်နဲ့ဝေးရာရောက်တော့ ပြန်ချင်လိုက်တာမှလေ။
ဖုန်းထဲက အမေ့အသံကြားတာနဲ့ ဖုန်းဆက်မပြောနိုင်၊ မျက်ရည်တွေ တန်းကျတာပဲ။

သူငယ်ချင်း နှစ်ယောက်လေ၊ လူးလိမ့်နေအောင်ကို ငိုတာ၊ ငိုတာ။
ဘဘ်သူမှတော့မသိပါဘူး၊ ကိုယ်တွေ နှစ်ယောက်ရှိတုန်းပဲပေါ့။ ဆယ်တန်းပြီး နှစ်နှစ်ထိ ဘယ်လို တောင်ခံရပါ့မလဲဆိုတာ မသိဘူး။

အဲ့လိုနဲ့ တဖြည်းဖြည်း တဖြည်းဖြည်း နေနိုင်သွားခဲ့တာပဲ။ အိမ်ကို ပြန်ရတယ်ဆိုတာ တအားနည်းတာ။
အိမ်ကို တစ်နှစ်နေမှ တစ်ခေါက်၊ နှစ်ခေါက်။
အိမ်လွမ်းခဲ့ဖူးတာတွေလည်း မေ့ပဲ။
မုန့်တွေ ဝယ်စားလိုက်၊ စကားတွေ များလိုက်၊ ကျောင်းသွားလိုက်၊ ငိုက်လိုက်၊ ငိုက်လို့ အပြစ်ပေးခံရလိုက်နဲ့ ပတ်ချာရိုက်နေတာ၊
ပျော်သလား၊ မပျော်သလားတော့ မမေးပါနဲ့။
ပေါင် (၈၀) လောက်ကလေးကနေ (၁၀၀)အောက်ကို မဆင်းတော့တာ။
နေမကောင်းလဲ နောက်ပိုင်း မဖြစ်တော့တဲ့ထိ စားတာ။

အမတွေ ပြောသလိုပဲ။(၂) နှစ်ဆိုတာ ဘယ်လိုပြီးသွားမှန်းကို မသိတာ။ မြန်လိုက်တာဆိုတာ၊ လျှပ်တပြက်။
တကယ့်အကောင်းဆုံးသူငယ်ချင်းတွေနဲ့လည်း တွေ့ခဲ့ရတာ။ ဘယ်နားမှ သွားမဖားတတ်၊ အိပ်ငိုက်တာကလွဲရင် ဘာမှ အာရုံမရှိတဲ့ သူကို ဖြစ်စေချင်၊ ရစေချင်တဲ့ အမတွေနဲ့လည်း ဆုံခဲ့ရတာ။
အသင်အပြကောင်းတဲ့ ဆရာ၊ ဆရာမတွေအောက်မှာလည်း နေခဲ့ရတာ။ (ဘုန်းဘုန်းအပါအဝင်)မေတ္တာဓာတ် အပြည့်ရခဲ့တာ အရိပ်အာဝါသအောက်မှာ အချိန်က တကယ် ခဏလေးဖြစ်ခဲ့တာ။

ဆယ်တန်းဖြေပြီး ပြန်ဖို့အရေးကို နှုတ်ဆက်နေရတာနဲ့တင် ရင်ထဲဟာတာတာတွေဖြစ်ပြီး
တကယ့်တကယ် (၂)နှစ်ဆိုတာ ခဏလေး ဖြစ်ခဲ့တာ။

(၂)နှစ်ကြီးကို ဘယ်လိုတောင့်ခံရပါ့မလဲဆိုပြီး
(၂)နှစ်က ဘယ်လိုကုန်သွားပါလိမ့်လို့ ပြန်တွေးရတဲ့အထိ။
အချိန်တွေက ဒီလိုပဲ။ ဒါကြီးကို ငါကျော်ဖြတ်နိုင်ပါ့မလားလို့ စိုးရိမ်စိတ်နဲ့ တစ်နေ့တစ်နေ့ ကျော်ဖြတ်သွားရင်
အချိန်တစ်ခုရောက်တော့ ကိုယ်ဟာ ရှေ့ရောက်နေခဲ့ပြီ။
အခြေအနေတွေတိုင်းမှာ ကိုယ်ဟာ လက်မလျှော့ခဲ့ပါဘူး။
အကောင်းဆုံး မလုပ်ခဲ့တဲ့အချိန်တွေ ရှိပေမဲ့
အမြဲ ဘယ်တော့မှကို နောက်မဆုတ်ခဲ့တာ။

အဲ့တုန်းက အဖေက ကိုယ့်ကို အခွင့်အရေးပေးတယ်။
မနေနိုင်လို့ ပြန်လာရင် လာခဲ့လေ၊ အိမ်မှာပဲ ထားမယ်၊
ရွာကျောင်းမှာတက်ဆိုတော့ ငိုနေတဲ့ မျက်ရည်က
ချက်ချင်း ပြန်တိတ်သွားတယ်။
ကိုယ်ဟာ ဟိုးငယ်ငယ်ကတည်းက ဘာဖြစ်ချင်တာလဲသာ သေချာမသိပေမဲ့ မဖြစ်ချင်တာကိုတော့ ရှင်းရှင်းလင်းလင်း ရှိတဲ့သူမျိုးလေ။
အခြေအနေတိုင်းမှာ အဲ့လိုပဲ။
အဲ့လိုချင်တာကြီးက ခက်ခဲရင် နင် ဒါလေး ပြောင်းယူလေဆိုရင် လုံးဝညှိလို့မရဘူး၊
လိုချင်တာမရရင် မယူဘဲနေမယ်၊ မလိုချင်တာကိုတော့
ယူမထားနိုင်ဘူးဆိုတဲ့သူမျိုး။

အချိန်တွေက စီးဆင်းသွားတာ၊
ကိုယ်ကလဲ အမြဲ မျောနေတာ။
အတိတ်မှာ လုပ်ချင်ခဲ့တာတွေ ရှိတောင်
အတိတ်တော့ ပြန်မသွားချင်ဘူး၊
ဖြစ်လာမဲ့အရာတွေအတွက်ပဲ ရင်ခုန်တယ်၊
လောကကို ဆန့်ကျင်ပြီးကို မရှင်သန်ချင်တာ၊
ဒါကြောင့် အမြဲ ကိုယ်ကတော့ ရှေ့ဆက်ပါဦးမည်ဆိုတာပဲ။

09/04/2026

Ria Lily in spring 🥨

 >> လူတွေကို move on လို့ ပြောရင် ဘာမှ မဖြစ်ပျက်ခဲ့သလို အကုန်မေ့ပစ်လိုက်တာလို့ တွေးကြတယ်။ ဘဝမှာ မေ့ပစ်လိုက်ရင် နှစ်ခါ ပြ...
09/04/2026



>> လူတွေကို move on လို့ ပြောရင် ဘာမှ မဖြစ်ပျက်ခဲ့သလို အကုန်မေ့ပစ်လိုက်တာလို့ တွေးကြတယ်။
ဘဝမှာ မေ့ပစ်လိုက်ရင် နှစ်ခါ ပြန်ခံစားရတာတွေ များတယ်။

✍🏼 မမေ့လိုက်ဘဲ မဖျောက်ဖျက်လိုက်ဘဲ ရှေ့ဆက်ရတာ။
မရှိတော့သလို ဟန်ဆောင်တာမျိုးမဟုတ်ဘူး
ဖြစ်ခဲ့တဲ့အရာတွေကို လက်ခံနိုင်သွားပြီး
ထပ်ဖြစ်လာရင် ဘယ်လိုရင်ဆိုင်ရမလဲ သိသွားပြီး
ကျော်လွှားရတာ။

🌸 ပန်းတွေ ပေးတဲ့ လူတွေလည်း မှတ်ထားရတယ်။
သေချာတယ်၊ ဘဝမှာ အဲ့ဒီလူတွေက ပန်းတွေရတဲ့ ခံစားချက်မျိုးကို ကိုယ့်ကိုယ် ခံစားစေချင်တဲ့ သူတွေ။
ဆူးတွေကြားထဲ တွန်းပို့တဲ့သူတွေလည်း မှတ်ထားရတယ်။
သူတို့ကလည်း သူတို့နည်း သူတို့ဟန်နဲ့ ကိုယ့်ကို နာကျင်စေမဲ့သူတွေ။

တွဲလျှောက်တဲ့ လက်တွေဟာလည်း အချိန်တိုင်း အားဖြစ်စေမဲ့ ထောက်တိုင်တွေ၊
ဖြုတ်ချခဲ့တဲ့ လက်တွေကျလည်း ကိုယ်က အသုံးဝင်မှ
ရှေ့ဆက်ရနိုင်တဲ့ ဆက်ဆံရေးတွေ။

မှတ်ထားပြီး အမုန်းပွါးဖို့ မဟုတ်ဘူး။
ဘဝမှာ ဘယ်လိုလူတွေနဲ့ ဆုံဖူးတယ်ဆိုတာရယ်၊
ဘာတွေ ကြုံဖူးတယ်ဆိုတာရယ်
ဒါတွေလောက်ကညအမှတ်ရှိမှ အသက်ရှင်လို့ရတာ။
အမှတ်မရှိတဲ့သူကို ဘဝကြီးကရော၊ လူတွေကရော ထပ်ခါထပ်ခါ သင်ပေးတတ်တယ်။
နောက်ဆုံးတော့ ကိုယ်ပဲ တစ်ကျော့ပြန် နာတာပဲ။

>> ဒီအသက်အရွယ်မှာ ဒါတွေ ဘယ်လိုလုပ် သိတာလဲအသက်(၁၈) လောက်ကစပြီး အနည်းဆုံး (၁၀)နှစ်ကြီးတဲ့ အမတွေဆီက စကားပြောတိုင်း၊ ဆွေးနွေ...
08/04/2026

>> ဒီအသက်အရွယ်မှာ ဒါတွေ ဘယ်လိုလုပ် သိတာလဲ
အသက်(၁၈) လောက်ကစပြီး အနည်းဆုံး (၁၀)နှစ်ကြီးတဲ့ အမတွေဆီက စကားပြောတိုင်း၊ ဆွေးနွေးတိုင်း ကြားခဲ့ရတဲ့စကား။ အခုတော့ အသက်ရလာပြီဆိုတော့ ပုံမှန်လိုဖြစ်နေပြီ ဆိုပေမဲ့ပေါ့။

>> emotions (စိတ်ခံစားချက်)တွေနဲ့ ပတ်သတ်ရင် ဘာလို့ အကြံဉာဏ်ပေးနိုင်လဲ၊ နားလည်ပေးနိုင်လဲ၊ ဖြေရှင်းဖို့ ပြောပြနိုင်တာလဲ။
< ဘဝတစ်ခုလုံး (၁၆)လောက်ထိ emotions ပြဿနာတွေနဲ့ပဲ ရှင်သန်ခဲ့ပြီး ကိုယ်တိုင်ရအောင် အဖြေရှာ ပြောင်းလဲခဲ့နိုင်လို့ပဲ>

>> စိတ်ဓာတ်ကျတာလည်း ရွေးချယ်မှု၊ ပျော်တာခည်း ရွေးချယ်မှု။
ကိုယ့်ဘဝမှာ ခံယူထားတာသည် အရာအားလုံးဟာ ကိုယ့်ရွေးချယ်မှုဆိုတာပဲ၊ ကိုယ်ရွေးချယ်ထားသလို ကိုယ်ရတာပဲ။

✍🏼 ကိုယ်ဟာ ကိုယ့်ကိုယ့်ကိုယ် ပြောတဲ့အခါ
Emotionally sensitive ဖြစ်တယ်ဆိုတဲ့ စကားကို သုံးလေ့ရှိတယ်။ ဒါဟာ ဘာကိုဆိုလိုတာလဲ။ သေးသေးလေးတွေကတောင် ကိုယ့်ခံစားချက်ကို အများကြီး သက်ရောက်မှုရှိခဲ့တယ်ဆိုတာ ပြောတာ။

ဒါနဲ့ပတ်သတ်ရင် ဘဝမှာ အဖေ့ဆီက ဘာအမွေရခဲ့လဲ အရင်ပြောပြရမယ်။ ဘဝမှာ အဖေ့ဆီက ရခဲ့တဲ့ ပညာဟာ စကားကို ချိုသာစွာ ပြောဆိုတတ်တာပဲ။
ကိုယ်တွေ အဖေက အမေ့ထက်ကို အများကြီး ချိုချိုသာသာ သုံးနှုန်းတတ်တာ၊ ချိုသာတယ်ဆိုတာထက် စကားလုံး လှလှလေးတွေ၊ နုနုလေးတွေ ပြောတာမျိုး။ romantic ဆန်တဲ့ အသုံးမျိုးကိုဆိုလိုတာမဟုတ်ဘူး။

အိမ်မှာဆို သူများအတင်း၊ သူများအကြောင်း မပြောရဘူး။(အခုတော့ သူ့ကို ငြင်းဆန်ပြီး ပြောတယ်၊ မဟုတ်ရင် ဘယ်မှာမှ မပြောရလို့လေ)
စေ-က်ရေးမပါတာတွေ ဆိုတာမျိုး(စေ-က် ဒါမျိုးတွေ သုံးရင် အဆူခံရတယ်)၊ မကျိန်ဆဲရဘူး၊ မဝေဖန်ရဘူး၊ ကေ_င်မဆိုတာမျိုးတွေ ပြောလို့မရဘူး။ အဲ့လိုပေါ့ တကယ့်သေးသေးလေးတွေကအစ
စကားလုံး ကြမ်းတာတွေ ပြောရင်၊ အပြောခံရတယ်။ အဲ့တော့ အဖေ့နားမှာ အနီးကပ် ကြီးလာတဲ့ ကိုယ့်အတွက် ဆဲရေးတာ မလုပ်တဲ့ အမေ့ကိုတောင် စိတ်တိုလို့ ညည်းတို့တွေ၊ ဒီကောင်မတွေဆိုတာမျိုး ကြားရရင်ကို ကြမ်းတယ် တွေးခဲ့တာပါ။

👉🏻 ကိုယ်ဟာ ဘယ်လောက်ထိ စကားလုံးတွေအပေါ် မခံစားနိုင်ဘူးလဲဆိုရင် အိမ်ကနေ အိမ်အပြင်ကို မထွက်တော့ဘဲ လူတွေနဲ့ ဆက်ဆံတာကို သုံးနှစ်လောက်ဖြတ်ပြီး ဘယ်လိုမှ နားလည်လို့မရခဲ့တဲ့အထိပါ။

အဖေ့ဆီက ကိုယ် သင်ခဲ့ရတာ သူများကို မဝေဖန်ဖို့၊ သူများအကြောင်း မပြောဖို့၊ စကားလုံး ကြမ်းကြမ်းတွေမသုံးဖို့ ဒါပဲသင်ခဲ့ရတာ၊
လူတွေက ပြောချင်သလို ပြောတတ်ကြောင်း၊ မလေးမစား ပြောခံရတတ်ကြောင်း၊ ဘယ်လောက်အထိ ရိုင်းတဲ့ စကားတွေ ကြားရတတ်ကြောင်း မသင်ခဲ့ရဘူး။
ဘယ်လို တုန့်ပြန်ရမယ်ဆိုတာမျိုးလည်း အဖေ့ဆီက ပါရမီမပါလာတော့ တကယ်ပါ၊ ကိုယ် တကယ်ကို လူတွေနဲ့ ဘယ်လိုဆက်ဆံရမယ်မသိပြီး ၊ မထင်မှတ်ထားတဲ့ စကားတွေ၊ အပြုအမူတွေ ကြုံရတိုင်း အံ့ဩရင်း၊ ကြောင်ရင်း၊ စိတ်ဒဏ်ရာရရင်း သင်ယူခဲ့ရတာ။

အဖေ့ဆီမှာ အားကျရတာတော့ရှိတယ်။ အဖေကျ စကားကိုလည်း လှလှလေး ပြောပေမဲ့ သူ့ကို ရိုင်းရိုင်းစိုင်းစိုင်း လာပြောရင်၊ မလေးမစား အပြောခံရင် ပက်ခနဲ ပညာသားပါပါ ပြန်တုန့်ပြန်တတ်တာပဲ။ ကိုယ့်မှာတော့ အဲ့အရည်အချင်းမပါလာဘူး၊ မရှိဘူး။ ဒါပေမဲ့ ဒီလောက် ပျော့ပျော့လေး ဖြစ်နေတဲ့ သမီးကို အဖေလည်း မကယ်တင်နိုင်ဘူး၊ အမေကတော့ လျစ်လျူရှုလိုက်၊ဆိုတဲ့ တစ်ခွန်းနဲ့ ကိုယ့်ကို သက်တောင့်သက်သာ ရှိစေခဲ့တယ်။

>> အဲ့တော့ ကိုယ့်ကိုယ်ကိုယ် ဒီအခြေအနေကနေ ကယ်တင်နိုင်တဲ့သူဟာ ကိုယ့်အပြင်မရှိဘူး။ လူတွေရဲ့ အပြုအမူနဲ့ ၊ ကိုယ့် ခံစားချက်တွေအကြောင်း သိအောင် လုပ်ရတယ်။ ဘယ်လိုလူတွေနဲ့ တွေ့ရင် ကိုယ် မယုံနိုင်ဖြစ်ရတယ်၊ ဘယ်လိုအခြေအနေမျိုးမှာ ကိုယ် စိတ်ဆိုးတယ်၊ ကိုယ် မခံနိုင်ဖြစ်တယ်ဆိုတာ လေ့လာတယ်။

🌸 လူတွေအကြောင်း
- လူတိုင်းမှာ သူ့အမြင်နဲ့သူရှိတယ်။
- ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်တွေ ကွာတယ်။
- ခံယူချက်တွေကွာတယ်။
- လောကကြီးဟာ ငါ ထင်သလောက် မနူးညံ့ဘူး၊ ဒါပုံမှန်ပဲ။ (အပြင်လူတွေထဲမှာ အဖေ့ကို မရှာနဲ့)
- ရိုင်းစိုင်းတာနဲ့ စကားကြမ်းတာနဲ့ မတူဘူး။
(ဒါက အနှစ်ချုပ်ပေါ့)

🌸 ကိုယ့်ခံစားချက်တွေအကြောင်း
~ ဟုတ်တယ်၊ စိတ်ထိခိုက်လွယ်တယ်၊ အတော့်ကို ထိခိုက်လွယ်တယ်။
~ အကြောင်းအရင်းက ကိုယ်တိုင်က အဲ့လိုမလုပ်လို့။
~ ဘာလို့ စိတ်ထိခိုက်တာလဲဆိုရင် လူတွေကို နားမလည်လို့၊ လက်မခံလို့။

🌸 ဖြေရှင်းချက်
~ လက်ခံလိုက်
~ လက်ခံလိုက်
~ လက်ခံလိုက်

လက်ခံပေးလိုက်၊ ဘာလို့ အဲ့လိုပြောတာလဲလို့ (၇)ရက်လောက် တွေးပြီး မကျေမနပ် ဖြစ်မနေနဲ့။
သူပြောချင်လို့ ပြောတာ၊ သူ့ပုံစံအတိုင်း ပြောတာ၊ သူ့အမြင်အရ ပြောတာ။ ဒါပဲ။
အဲ့ဒီအတိုင်း တွေးတတ်တဲ့ pattern တစ်ခုကို habit အနေနဲ့ ရလာတဲ့အခါ လူမှုဆက်ဆံရေးတွေ ပြန်လုပ်လာနိုင်တာပဲ။ သိပ်မငြင်းတော့သလို၊ ဘာမှမခံစားရတော့တာ။
တစ်ခါတခါ အမေပြောသလို လျစ်လျူရှုပြီး
အချိန်တော်တော်များများမှာတော့ သူတို့ရဲ့ပုံစံကို လက်ခံပေးလိုက်တာပါပဲ။
လူတိုင်းက ကိုယ်မဟုတ်သလို၊ ကိုယ့်ကလည်း လူတိုင်းမှ မဟုတ်နိုင်တာ။ အကုန်အတူတူဖြစ်လို့လဲ မရဘူးလေ။ ဒီကမ္ဘာပေါ်မှာ လူတိုင်းရဲ့ ဖြစ်တည်မှုက ထပ်တူကျတာ မရှိဘူးလေ။

>> ဘာလို့ ကိုယ် ပြောင်းလဲနိုင်ခဲ့တာလေ။

ဒါလေးကိုကွယ်၊ ဘာများ အထူးအဆန်းဖြစ်လို့လဲ။
ကိုယ့်အတွက်တော့ ကိုယ့်လို ခံစားချက်မပြင်းထန်တဲ့ သူတွေကြားမှာ၊ ကိုယ်တိုင် နားလည်ဖို့၊ တုန့်ပြန်ဖို့ ၊ ခံစားချက်တိုင်းကို ကိုယ်တိုင် တွေ့ကြုံပြီး တစ်ခုချင်းစီအတွက် အတွေး တစ်ခုစီတိုင်းကို အဖြေထုတ်ခဲ့ရတာပါ။ လူတွေ ပြောနေကြတဲ့ ဖြေရှင်းချက်တွေကလည်း ကိုယ့်အတွက် မကိုက်ညီခဲံသလို ကိုယ့်အကြောင်း ကိုယ်သိပြီး ကိုယ့်ကိုယ်ကိုယ် ကယ်တင်ပြီး ပြန်စတင်ခဲ့တာ။
ဒါက (၅)နှစ်လောက်ကနေ (၁၅၊ ၁၆) လောက်ထိ။

ကိုယ်ဟာ (၁၆)နှစ် နောက်ပိုင်းမှာ အဆင်ပြေသွားခဲ့တယ်။
>> ဘာရလိုက်လဲ။

စကားတစ်ခွန်းကြားပြီး (၇)ရက်လောက် ခံစားခဲ့ရ၊ ပင်ပန်းခဲ့ရတဲ့ ကလေးတစ်ယောက်ကနေ ဘယ်လို မလေးမစား အပြောခံရရ၊ ဝေဖန်ခံရရ ည အိပ်ရာထဲမှာ ဘာမှ မပါလာတဲ့ အေးချမ်းမှုကို ရတဲ့ ဆယ်ကျော်သက်ကို ရခဲ့တယ်။ (တစ်ခုကတော့ ကျွန်မလည်း တစ်ခါတလေ စေ-ာက် ဆိုတာမျိုး ပြောတတ်လာတာတော့ ရှိတာပေါ့လေ၊ အဖေ့ရှေ့မှာတော့ မဟုတ်ဘူးပေါ့)

✍🏼 ဒီလို တွေးပြီး၊ ဒီလို အေးချမ်းစွာ ကိုယ်တွေးခဲ့တဲ့အတိုင်း အထာကျကျလေး (ကိုယ့်ဘဝအပေါ် negative တွေ မသက်ရောက်တာ) နေနိုင်တာဟာ အလေ့အကျင့်တစ်ခုပါ၊ ကိုယ် တည်ဆောက်ထားခဲ့ရတာပါ။ ဒါကြောင့် အတွေးတွေ၊ အကျင့်တွေက အကျင့်ပါနေပြီ။ ဒါတောင်မှလေ ကိုယ်ဟာ ၁၃နှစ်လောက်ကလည်း စိတ်ဒဏ်ရာရနေခဲ့ရတာမျိုး၊ ကျင့်သားမရခဲ့တာမျိုးက ဒီလို ဖြစ်လာပြီး နောက်ပိုင်းမှာတောင် တစ်ခါတခါ သတိလွတ်နေရင် အံ့ဩရသေး၊ ကြောင်ရပါသေးတယ်။ effect တော့ မခံရတော့ပေမဲ့ပေါ့လေ။

👉🏻ဒါဟာ ကိုယ် စိတ်ခံစားချက်တွေအကြောင်း ဘာလို့ နားလည်လဲ၊ ဘာလို့ စာနာပေးနိုင်တာလဲဆိုတဲ့ အကြောင်းပါ။ ဒါကြောင့်လည်း လ်မ်နေရင် တန်းသိပြီး၊ အဆင်မပြေဘူးထင်ရင် ကျော်သွားလိုက်တာပါ။ တစ်ခါတခါ လူတွေဆီက မြင်ရပါတယ်၊ သူများကို သွားချိတ်နေကြပေမဲ့ တစ်ခွန်းလောက် သွားခလောက်ရင် အဆုံးထိ ပြိုကျသွားနိုင်တဲ့ ဒဏ်ရာတွေကို။ ကိုယ်ကတော့ သူများခံစားချက်တွေကို မကစားပါဘူး၊ မသိချင်ယောင်ဆောင် ကျော်သွားပေးပါတယ်။ ဘာလုပ်မှာလဲလေ။ ဒါပေမဲ့လည်း တစ်ခါတလေ သူများကိုလည်း သွားမစဖို့ တအားသင်ပေးချင်မိသေးတယ်။ ဒါလည်း ကိုယ်ထိန်းပါတယ်၊ ကိုယ့်အတွက်က ကိုယ့်စိတ်ကို နိုင်တဲ့အခါ ဂုဏ်အယူရဆုံးမို့။

🌸ဒီလို စိတ်ခံစားချက် ပြင်းထန်တဲ့ကလေးတစ်ယောက် ဖြစ်ခဲ့ရတာ အဆင်ပြေလားဆိုရင်
ကိုယ်ဟာ စာနာနားလည်ပေးနိုင်တဲ့ ဉာဏ်ရည်တစ်ခု၊ အတွေ့အကြုံတစ်ခု ရခဲ့ရတာပါ။ မင်းဘဝ အဆင်ပြေနေတုန်း ငါ့ကို တွေ့ရရင် ငါဟာ လေကျယ်တဲ့သူတစ်ယောက် သက်သက် ဖြစ်နေပေမဲ့၊
အဆိုးဆုံးအချိန်မှာ တစ်ယောက်မှမရှိတဲ့အချိန် ငါ့ကို တွေ့တဲ့အခါ မင်း နားလည်တဲ့ လူတစ်ယောက် ဖုစ်နေလိမ့်မယ်။ ဒါပေမဲ့ ငါ့ကို နားလည်စေဖို့ မင်းဘဝမှာ ပြဿနာတွေတက်ပါစေ ဘယ်တော့မှ ငါ မမျှော်လင့်ဘူး။ ဒါဟာလည်း ငါရဲ့ အတွေ့အကြုံနဲ့ ကြီးပြင်းရာက လာတဲ့ ကျင့်ဝတ်တစ်ခုပဲ။

Address

Seoul

Website

Services

Specialties

Alerts

Be the first to know and let us send you an email when Ria Lily’s Pages posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share