28/04/2026
“ဒီသီအိုရီကို သိထားရင် စိတ်ဖိစီးရတာတွေ ဝေးသွားနိုင်မှာပါ။”
⚡️လက်တွေ့ ကိုယ့်စီမှာ ဖြစ်နေတဲ့ ပြဿနာတော်တော်များများက စိတ်ခံစားချက်နဲ့ ပတ်သတ်နေတာများတယ်။ ဒါကြောင့်လည်း မပျော်ရတာ၊ လူမှုရေးတွေ အဆင်မပြေတာ၊ စိတ်ဖိစီးမှု များနေတာ၊
တွေဝေတာတွေ ဖြစ်နေတာပါ။
⚡️Emotion Regulation Theory👈🏻 ဒီနေ့ သင်ခဲ့ရတဲ့ သင်ခန်းစာတစ်ခုထဲက အသုံးဝင်နိုင်မဲ့အရာလေး ယူလာပါတယ်။
“အရာရာဟာ စိတ်တစ်လုံးပါ” ဆိုတဲ့စကားကို ကြားဖူးကြမယ်ထင်တယ်။ လူမှာ ထိန်းချုပ်ရ အခက်ဆုံးကလည်း စိတ်ပါပဲ။ ဒါပေမဲ့ ဒီ (၅)ချက်ကို သိထားရင် ခံစားချက်တွေ ပြဿနာတက်နေတာ နည်းသွားပါလိမ့်မယ်။
Surface level acting
စိတ်ထဲက မပါပေမဲ့ မဖြစ်မနေ လုပ်ရမဲ့အခါ လုပ်လိုက်တာပါပဲ။
Presentation တစ်ခု လုပ်ကိုလုပ်ရမယ်ဆိုတဲ့ တာဝန်ရှိရင် ကြောက်နေလည်း အားတင်းပြီး လုပ်လိုက်တာ၊
Customer တွေနဲ့ ဆက်သွယ်ရမဲ့အခါ စိတ်မကြည်နေလည်း တာဝန်ရှိနေတယ်ဆိုတဲ့ အသိနဲ့ ပြုံးပြဆက်သွယ်လိုက်တာမျိုးပါ။
ဒါဟာ ပထမဆုံးအလွှာ တစ်ခုဖြစ်ပါတယ်။
>> ဒီအချက်က အတော်များများ လုပ်နေကျရှိကြလိမ့်မယ်။ ဒါဟာ စိတ်ခံစားချက် ထိန်းချုပ်ထားတဲ့ သဘောပဲ။ ခံစားချက်က သက်သက်၊ အလုပ်က သက်သက်၊ ဒီသဘော ဖြစ်တယ်။ဒါပေမဲ့ ဒါကို လုပ်ပါများရင် stress ပိုပိလာတာ၊ ကိုယ်က လိမ်နေသလို အပြစ်ရှိတာတွေ ဖြစ်နိုင်တယ်။
Deep level acting
မပြောင်းလဲနိုင်ရင် အတွင်းထဲကထိ ဟန်ဆောင်လိုက်တာပါ။ မပျော်နေပေမဲ့၊ ငါ ပျော်နေတယ်လို့ အပြင်မှာလည်း ပြသလို၊ ကိုယ့်စိတ်ကိုလည်း လှည့်စားလိုက်တယ်။ ဒါဆို ခံစားချက်တွေက ကိုယ့်အလုပ်အပေါ်၊ ကိုယ့်နေရက်တွေ အပေါ် မသက်ရောက်တော့ပါဘူး။ ဒီရဲ့ အကျိုးဆက်ကတော့ အလုပ်တော့ပြီးတယ်၊ ကိုယ်တိုင်လည်း အဆင်ပြေသလို ထင်ရတယ်။ ဒါပေမဲ့ တကယ့် ကိုယ်တိုင်ရဲ့ ခံစားချက်တွေ အစစ်အမှန်ကို သိဖို့ ခက်ခဲသွားနိုင်ပါတယ်။
Cognitive Reappraisal
ဒီအချက်ဟာ ရီယာ သုံးနေကျ အချက်ပါ။ ငါ စိတ်တိုလာတော့မယ်၊ ငါ မပျော်တော့ဘူး၊ ငါ စိတ်ဖိစီးနေရပြီဆိုတာကို မဖြစ်လာခင်လေးမှာ သတိထားမိအောင် နေတဲ့ ပုံစံပါ။ ကိုယ့်ကိုယ်ကို အမြဲ သတိတရ စောင့်ကြည့်တတ်ရင် ဘယ်အချိန်တွေမှာ ဘယ်လိုလူတွေနဲ့ တွေ့တဲ့အခါ ၊ ဘာတွေ ဖြစ်လာရင် စိတ်က ဘယ်လို ပြောင်းလဲတတ်လဲဆိုတာ သိပါတယ်။
အဲ့တော့ စိတ်ကို အတွေးနဲ့ ပြန်လှည့်ပေးရတယ်။
“ ဒါတွေက ငါနဲ့ မထိုက်တန်လို့ မရတာ”ဆိုတဲ့
အတွေးကနေ “ ပို ကောင်းတာ ရလာဖို့ လက်က ဗလာဖြစ်နေမှ ရမှာ၊ ဒါကြောင့် လွတ်သွားတာ” အဲ့လိုမျိုး။
“ငါ အမှားတွေ ထပ်လုပ်မိပြန်ပြီ” ကနေ
“ငါဟာ အမှားတွေကနေ အမြဲ သင်ယူပြီး ပိုကောင်းတဲ့လူ ဖြစ်လာတာ” အဲ့လို စိတ်ကို အပြောင်းအလဲ လေ့ကျင့်ပေးရတာမျိုးပါ။
လူတွေ အများကြီးရှေ့မှာ စကားပြောရမှာမို့ တုန်နေရင်
“ တုန်နေလို့ လဲကျသွားတောင် ဘာမှ ကြီးကျယ်တဲ့အရာ မဟုတ်ဘူး” ဆိုတာမျိုး သတိပေးပြီး လုပ်စရာ ရှိတာ ဆက်လုပ်တာ။
Emotional suppression
ဒီအချက်ကတော့ အန္တရာယ်များပါတယ်။ ကိုယ့်အတွင်းမှာ ခံစားနေရတာကို ဘာမှ မခံစားရသလို ဖုံးကွယ်လိုက်တာပါ။ “ငါ ဘာမှ ဖြစ်မနေဘူး”လို့ ညာလိုက်တာပါ။ ဒီအချက်နဲ့ ကိုယ့် emotions ကို ထိန်းချုပ်မယ်ဆိုရင် ကိုယ့်ရင်ထဲမှာ အမြစ်တွယ်ကျန်ခဲ့မှာပါ။ ခဏတာ ဖြစ်တဲ့ emotions တွေက အကြာကြီး စုလာတဲ့အခါ
စိတ်ဖိစီးမှု အရမ်းများလာပြီး မထိန်းခိုပ်နိုင်တဲ့ အဆင့်အထိ ရောက်တတ်ပါတယ်။
ခဏတာတော့ အလုပ်ရော ပြီးတယ်၊ ဘဝကလည်း ပုံမှန်ပဲ လည်ပတ်နေပေမဲ့ ကြာလာတဲ့အခါ ဘဝကို အရှုံးပေးချင်လာတာ၊ ဘယ်လိုမှ တောင်မခံနိုင်တော့တာ၊ အဖြေရှာမရတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ခံစားနေရရင် ထုတ်မပြတာဘဲ စုပုံထားတာထက် ထုတ်ပြီး ပြလိုက်တာက အများကြီး ကောင်းကျိုးရှိပါတယ်။
Social sharing
ကိုယ် ဘယ်လိုတွေ ကြုံတွေ့ခံစားနေရတယ်ဆိုတာကို
ကိုယ်ချစ်ရတဲ့သူ၊ ယုံကြည်ရတဲ့သူ၊ အကူအညီရမဲ့ သူတွေဆီမှာ မျှဝေ ပြောပြတဲ့ နည်းလမ်းပါ။
ရီယာတို့တွေက ကိုယ်ခံစားနေရတာ ထုတ်ပြရင် အားနည်းတယ် ထင်ခံရမှာ၊ လှောင်ခံရမှာ စိုးတာနဲ့
မသိစေချင်ကြတဲ့သူ အများသားပါ။ တကယ်တော့
Emotions ရှိတွေ ရှိတာက ပုံမှန်ပါပဲ။ မျှဝေလိုက်ရရင် ပေါ့ပါးသွားတာ၊ နေရထိုင်ရ သက်သာသွားတာကို သိသိသာသာ ခံစားရပါတယ်။
အမြဲတမ်း တတွတ်တွတ် ငြီးတွားနေရမယ် မပြောပါဘူး။ တကယ် ကိုယ် ဘာတွေ ကြုံတွေ့နေရလဲ၊ ရင်ဆိုင်နေရလဲဆိုတာ မျှဝေပါ၊ အကူအညီယူပါ။
ပြီးရင် ရှေ့ဆက်ပါ။ တစ်ယောက်တည်း မဟုတ်တာ သိတဲ့အခါ ခွန်အားလည်း ရသလို ၊ အချိန်တစ်ခုကြာရင် ကျော်ဖြတ်န်ုင်ကြတာချည်းပါပဲ။
ဒါဟာ ရှက်စရာမဟုတ်သလို၊ အားနည်းချက်လည်း မဟုတ်ဘူး။ ထုတ်ပြ ပြောဆိုလိုက်လို့ အထိုင်ကျသွားတဲ့အခါ ဒီခံစားချက်တွေမှ မရှိတော့တာ၊ ဘယ်လိုအားနည်းချက် ဖြစ်မှာလဲ။ ရီယာဆို ဘာဖြစ်နေရင် ဘာဖြစ်နေတယ်ဆိုတာ အကုန်လုံးကို ပြောပြပြီး emotions regulation လုပ်တတ်တဲ့ အကျင့်ရှိတယ်။
⚡️ဒီအချက်တွေကို သိထားရင် နေ့စဉ်ဘဝမှာ၊ အလုပ်လုပ်တဲ့အခါ၊ ပြောဆိုဆက်ဆံရတဲ့အခါ ကြုံတွေ့ရတဲ့ stress တွေကို ဖြေရှင်းနိုင်မှာပါ။ stress သည် environment ကနေ လာတာလဲ ရှိပေမဲ့ လက်ခံတဲ့ ကိုယ့်ရဲ့ အတွင်းစိတ်ကြောင့် အများဆုံး ရင်ဆိုင်ရတာပါ။
အဲ့တော့ ကိုယ်နဲ့ အဆင်ပြေတဲ့ နည်းလမ်းကို အသုံးပြုရင်း လုပ်စရာရှိတာကို ပြီးမြောက်အောင် လုပ်ပါ။
Emotions regulation လုပ်နိုင်လေလေ resilience မြင့်လေလေပါပဲ။