Shwe Moe Aung clinic and pharmacy

Shwe Moe Aung clinic and pharmacy To get better health

29/12/2025
24/10/2025

အစားအသောက်များတွင် တားမြစ်ဓာတုပစ္စည်း Formalin အသုံးပြုခြင်းနှင့်ပတ်သက်၍ အများပြည်သူသိရှိနိုင်ရန် အသိပေးကြေညာချက်

02/06/2025
27/05/2025
သွေးလွန်တုပ်ကွေးDengue haemorrhagic feverရောဂါပိုးသည်လူ၏ခန္တာကိုယ်အတွင်း ၀င်ရောက်သည့်အချိန် မှစ၍(၃)ရက် မှ (၅)ရက် အတွင်း ...
12/05/2025

သွေးလွန်တုပ်ကွေး
Dengue haemorrhagic fever
ရောဂါပိုးသည်လူ၏ခန္တာကိုယ်အတွင်း ၀င်ရောက်သည့်အချိန် မှစ၍
(၃)ရက် မှ (၅)ရက် အတွင်း
သွေးထဲတွင် လှည့်ပတ်နေ ပါသည်(Viraemia)။ ယင်းအချိန်တွင်ခြင်ကိုက်ပါက ခြင်၏ ခန္တာကိုယ် အတွင်းသို့ ဗိုင်းရပ်(စ်) ပိုး များ ပါသွားပါသည်။ ယင်း ပိုး များ သည် (၈)ရက်မှ(၁၀)ရက်အတွင်း၊ အကောင်များပွားများ (Multiplication of Dengue Virus) လာကာ၊ ယင်းခြင်က နောက်တစ်ဦးကို ကိုက်သည့်အခါ၊ ယင်းလူမှာ ရောဂါကူးစက်ခြင်းခံ ရပါသည်။ ယင်းကဲ့သို့ ကူးစက်ခြင်းကို
(Bilogical Transmission) ဟုခေါ်သည်။

တခါတရံ သွေးစုပ်ထားသော ခြင်သည် သွေးကိုမြိုမချမီ၊ ခြင်၏နှာမောင်းအတွင်း၌ ဗိုင်ရပ်(စ်)ပိုး ရှိနေစဉ်ပင် နောက်တစ်ဦးကို ကိုက်လိုက်ပါက ချက်ချင်းကူးစက်မှုခံရတတ်ပါသည်။ ယင်း ကို
(Mechanical Transmission) ဟုခေါ်သည်။

ထို့အပြင် ဗိုင်ရပ်(စ်) ပိုးသည် အလွန်များပြားစွာ ပွါးများလာသောကြာင့် ခြင်မ၏ဥအိမ်အတွင်းရှိ “ဥ” များတွင်ပါပြန့်ပွါးလာပြီး “ဥ” မှတဆင့် လည်း ကူးစက်နှိင်ပါသည်။ ထိုကဲ့သို့ကူးစက်ခြင်းကို
(trans-ovarian transmission)ဟုခေါ်သည်။

(၁) ရောဂါပိုး သွေးလွန်တုပ်ကွေးရောဂါသည် Arbovirus (ခေါ်) ဗိုင်းရပ်စ်အုပ်စုမှ Dengue Virus ကြောင့်ဖြစ်ပွားပါသည်။
Dengue Virus မှာ Serotype (၄)မျိုးရှိပါသည်။ DEN-1, DEN-2, DEN-3 နှင့် DEN-4 ဟုခေါ်ပါသည်။ Sero type တစ်မျိုးအတွက် ရောဂါ ဖြစ်ပွါး ပါက ၄င်း sero-type တစ်ခု အတွက်သာ ကာကွယ်မှု (immunity) ရပြီး အခြားအမျိုးအစား
(sero- type) အတွက် မကာကွယ်နှုိင်ပါ။

(၂) ရောဂါပိုးသယ်ဆောင်သောခြင် Dengue Virus ပိုး ကို ခြင်ကျား(Addes) မျိုးစိတ်က သယ်ဆောင်ပေးပါသည်။
Aedes aegypti သည် အဓိကသယ်ဆောင်ပေးသော ခြင်ဖြစ်ပြီး Aedes albopictus မှာ အချို့ နေရာများတွင် သယ်ဆောင်ပေး ကြောင်း တွေ့ရှိရပါသည်။ Aedes aegypti ကို မြို့များတွင် တွေ့ရှိရပြီး၊ Aedes albopictus မှာမူ တောအရပ် ဒေသ များတွင် တွေ့ရလေ့ရှိပါသည်။

(က) Aedes ခြင်ပေါက်ပွားရာနေရာများ
ခြင်ကျားသည်ရေကြည်၊ရေသန့်၊ရေသေ၊တွင် ပေါက်လေ့ရှိပါသည်။ Aedes aegypti သည်လူတို့ အသုံးပြုရန်ရေသိုလှောင်လေ့ရှိသောနေရာများတွင်လည်းကောင်း၊ လူတို့စွန့်ပစ်သည့် ရေတင်ကျန်နိင်သော အရာဝထ္ထုတို့တွင်လည်းကောင်း ပေါက်ပွားလေ့ ရှိပါသည်။ Aedes albopictus မှာ မူ သဘာ၀အလျောက် မိုးရေတင်ကျန်လေ့ရှိသော နေရာများတွင် ပေါက်လေ့ရှိသည်။ ခြင်ဥမှ ခြင်ကောင်ဖြစ်သည်ထိ (၇)ရက်မှ(၁၀) ရက်ခန့် လိုအပ်ပါသည်။

အိမ်တွင်း/အိမ်ပြင်ခြင်ကျား
ပေါက်လေ့ရှိသောနေရာများ
(1) သုံးရေ/သောက်ရေထည့်သော မြေအိုး၊ စဉ်အိုး၊တိုင်ကီ၊ သစ်သားစည်၊ ပလပ်စတစ်ပုံး
(2) ကြောင်အိမ်အောက်ခံခွက် ရေခဲသေတ္တာနှင့်Air-condition အောက်တွင် ခံထားသော လင်ပန်းများ
(3) အုတ်ကန်များ (အိမ်သာ၊ ရေချိုခန်း၊ အိမ်ခြံ၀င်းအတွင်းစသည့်) အိမ်ပေါ်တွင် တင်ထား လေ့ရှိ သော အဖုံးဖွင့်နေသည့် ရေစည် ရေကန်များ (over-head tanks)
(4) ဘုရားပန်းအိုး၊ အလှပန်းအိုး၊ နတ်ပန်းအိုးများ အလှစိုက်ထားသော ပန်းအိုး ကြီးများ အောက်တွင် ရေခံရန်ထားသော မြေလင်ပန်းကြီးများ
(5) အချိုရည်ဗူးများ၊ဘီယာဗူးခွံများပလပ်စတစ်ဗူးခွံ၊ ခွက်ခွံများ
(6) (၇)ရက်ထက်ပို၍ ရေထည့်သိုလှောင်ထားသောအရာများ
အိမ်ပြင်ပတွင်ခြင်ကျားပေါက်လေ့ရှိသောနေရာများ
(1) သစ်ပင်အခေါင်းပေါက်၊ ဝါးဆစ်၊ ဝါးပင်အငုတ်၊ အုန်းပင်၊ ငှက်ပျောပင် အလက်များကြား
(2) ရေထည့်သောမြေအိုး၊ စဉ်အိုးကြီးများ သံရေတိုင်ကီများ၊ ကွန်ကရစ်စည်များ၊
(3) စွန့်ပစ်ထားသော ပုလင်းခွံ၊ ဗူးခွံများ၊ ဘတ္တရီအိုးဟောင်းများ၊ တာယာ အဟောင်းများ အုန်းမှုတ်ခွက်၊ အုန်းခွံများ
(4) ရာဘာခြံတွင် ရာဘာအစေးခံသောခွက်များ
(5) အမှိုက်များဖြင့်ပိတ်နေသောရေတံလျောက်များ၊အသုံးမပြုတော့သောနွားစားခွက်များ၊ အသုံးမပြုတော့သောလှေများ
(6) ရေထည့်နိုင်/ရေတင်ကျန်နိုင်၍ခြင်ပေါက်နိုင်သည့်လူတို့ ပြုလုပ်ထားသော အရာအားလုံး
(ခ) ခြင်ကျားကိုက်လေ့ရှိသော အချိန်
ခြင်းကျားသည် အများအားဖြင့် နေ့အချိန် တွင် ကိုက်လေ့ရှိသည်။ အများဆုံး ကိုက်လေ့ရှိသော အချိန်(၂)ချိန် မှာ နံနက်အာရုဏ်တက်စမှ နေထွက်ချိန်ထိ တစ်ချိန်နှင့် ညနေ နေမ၀င်မီအချိန် တို့ဖြစ်ပါသည်။

(ဂ)ခြင်ကျားပျံသန်းနိုင်သည့်
အကြာအေ၀း

ခြင်းကျားများသည် အနောဖလိစ်ခြင်းများကဲ့သို့ ဝေးဝေးပျံလေ့မရှိပါ။ ၄င်းတို့ပေါက်ပွားရာနေရာမှ (မီတာ၅၀မှ မီတာ၃၀၀) အတွင်းသာ ပျံလေ့ရှိပါသည်။ ခြင်ကျား Aedes aegypti များသည် အိမ်တွင်း၌ပင် နားလေ့ရှိပြီး Aedes albopictus များမှာမူအိမ်ပြင် ချုံပုတ်များနှင့် အပင်များပေါ်တွင် နားလေ့ရှိပါသည်။ ခြင်းကျား များသည် အနက်ရောင်နှင့်အနီရောင်ကို အခြားအရောင်ဖျော့များထက် ပို၍ ကြိုက်နှစ်သက်လေ့ရှိ် ပါသည်။

(၃) သွေးလွန်တုတ်ကွေးရောဂါဖြစ်နိုင်ခြေရှိသောသူ (susceptible Host)
သွေးလွန်တုပ်ကွေးရောဂါသည် အသက်အရွယ်မရွေးကျား/မ မရွေးဖြစ်နိုင်သည့်ရောဂါ တစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ယခင်က အသက် (၁၅)နှစ်အောက် ကလေးများ တွင်သာ ဖြစ်ပွားလေ့ရှိသော်လည်း ယခုအခါ လူကြီးများတွင်ပါ ဖြစ်ပွါးလာကြောင်းတွေ့ရပါသည်။ အသက် (၃)နှစ်မှ (ဂ)နှစ် အရွယ်ကလေးများ တွင်အများဆုံးဖြစ်ပွားသည် ကိုတွေ့ရှိရပါသည်။
သို့ဖြစ်၍ မူကြို မူလတန်းမှ အထက်တန်းကျောင်းသားများ အထိ အထူးဂရုပြုရမည့် အုပ်စုအဖြစ် သတ်မှတ် ရပါသည်။

(၄) သွေးလွန်တုပ်ကွေးရောဂါဖြစ်နိုင်ခြေရှိသော ပတ်၀န်းကျင်(environment)
အဓိကအားဖြင့် သွေးလွန်တုပ်ကွေး ရောဂါသယ်ဆောင်သော ခြင်ပေါက်ပွားနိုင်သည့် အခြေအနေကိုဖေါ်ဆောင်သည့် အပူချိန်၊ မိုးရွာသွန်းမှု၊ စိုထိုင်းဆနှင့် ခြင်ပေါက်ပွားရန် နေရာများ တည်ရှိမှုကို ဆိုလိုသည်။ ပူအိုက်စွတ်စို၍ စိုထိုင်းဆများသော မိုးရာသီတွင်Aedes ခြင်ပေါက်ပွား မှုများပြား သည်ကိုတွေ့ရှိရပါသည်။ မိုးရာသီတွင် မိုးရေတင်ကျန်သော နေရာများ များပြားလာ ခြင်းကြောင့်လည်း ခြင်ပေါက်ပွားမှုများပြားသည်ကို တွေ့ရှိရပါသည်။
၃။ ရောဂါဖော်ထုတ်သတ်မှတ်ခြင်း
လူ၏ ခန္တာကိုယ်ခုခံအား၊ ၀င်ရောက်သည့် Dengue virus ၏ Serotype အမျိုးအစားနှင့် အခြား အချက်များပေါ်မူတည်၍ အောက်ပါအခြေအနေများ ကိုတွေ့ရှိရပါသည်။

(၁) မည်သည့်ရောဂါလက္ခဏာမျှ မပြခြင်း။

(၂) ရောဂါလက္ခဏာပြသော်လည်း အခြားဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်သော အဖျားရောဂါများနှင့်
ခွဲမရဘဲ သွေးယိုစီးမှုမရှိ၊ သာမန်တုပ်ကွေးဖျားကဲ့သို့ ဖျားပြီးပြန်ကောင်းသွားခြင်း

(၃) သွေး ယိုစီးမှု ရှိ ပြီး ရိုးရိုး ဖျား ခြင်း။

(၄) ဒင်းဂီးသွေးလွန်တုပ်ကွေးရောဂါ
အဆင့်ဖြစ်ပြီး၊ သွေးလန့်ခြင်းမရှိဘဲ ကောင်းသွားခြင်း သို့မဟုတ် သွေးလန့် ခြင်း မှ သေဆုံးသည်ထိ ဖြစ်ခြင်း။ “Dengue Virus" ကြောင့်ဖြစ်သော အဖျားရောဂါများကို ရောဂါလက္ခဏာ (ClinicalCriteria) အရ အောက်ပါအတိုင်း အဆင့်ဆင့် ခွဲခြား သတ်မှတ်ထားပါသည်။

(က) ဒင်းဂီးအဖျားရောဂါ
(Dengue Fever) ။ ။
Respiratory infection တို့နှင့်လည်း ဆင်တူပါသည်။ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နှာရည်ယိုခြင်း စသည်တို့ဖြစ်ပြီး ပြန်လည်ကောင်းမွန်သွား တတ်ပါသည်။ တခါတရံ နှာခေါင်း သွေးယိုခြင်း၊ အရေပြား အောက်တွင် အစက်များထွက်ခြင်းတို့ တွေ့ရတတ်သော်လည်း
ပြင်းထန်ခြင်း မရှိပါ။

(ခ) သွေးလွန်တုတ်ကွေးအဖျားရောဂါ၊(Dengue Haemorrihagic Fever) ပြင်းထန်မှု အလိုက် အောက်ပါ အတိုင်းအဆင့်ခွဲခြား သတ်မှတ်ပါသည်။

အဆင့်(၁)- လတ်တလော
ဆက်တိုက်အပြင်းဖျားခြင်း
၂ရက်မှ ၇ရက်ခန့်ဆက်တိုက်အပြင်းဖျားခြင်း (Acute attack of continuous Fever
2-7 days) + Hess test -positive

အဆင့်(၂)- အဆင့်(၁)လက္ခဏာ+ အလိုအလျောက် သွေးယိုစီးခြင်း (spontaneous bleeding)အများအား ဖြင့်အရေပြားတွင် အနီစက်များထွက်ခြင်းနှင့် သွားဖုံး၊နှာခေါင်းတို့မှ သွေးယိုစီးခြင်း တို့ တွေ့ရတတ်သည်။

အဆင့်(၃)- အဆင့်(၂)+Circulatory Failure (သွေးလှည့်ပတ်မှုကျဆင်းခြင်း)
- လူနာ၏သွေးခုန်နှုန်းမြန်လာခြင်း- Increased pluse rate
- လက်ကောက်၀တ်သွေးကြောမှ သွေးစမ်းသပ်ရာတွင် သွေးခုန်နှုန်းအားနည်းမှုကြောင့် ခက်ခဲစွာစမ်း သပ်ရခြင်း (Decreased Pluse Volume)
- သွေးပေါင်ချိန်ကျလာခြင်း၊
- အပေါ်သွေးနှင့်အောက်သွေးခြားနားချက် ကျဉ်းမြောင်းလာခြင်း၊ (Narrow Pluse Pressure- Difference between systolic & Diastolic Pressure)
ဥပမာ- အပေါ်သွေး ၁၀၀၊အောက်သွေး ၈၀ ဖြစ်ပါက ခြားနားမှုမှာ (၂၀) သာ ရှိပါသည်။ ဤကဲ့သို့ ခြားနားချက်သည် ၂၀မီလီမီတာမာကျူရီသာ ရှိလျင်ဖြစ်စေ၊ ယင်းထက်နည်း လျင်ဖြစ်စေ၊ယင်းလူနာမှာ- Shock ရတော့မည့် အခြေအနေဖြစ်၍ အရေးကြီးသည့်အချိန် ဖြစ်ပါသည်။ (ဥပမာ- သွေးပေါင်ချိန်- ၉၀/၇၀ mmHg)
- လူနာ၏သွေးခုန်နှုန်းမြန်လာခြင်း၊ လက်ကောက်၀တ်သွေးကြောမှ သွေးခုန်နှုန်း စမ်းသပ်
ရာတွင် သွေးခုန်နှုန်းအားနည်းမှုကြောင့် ခက်ခဲစွာစမ်းသပ်ရခြင်း
- ခြေဖျားလက်ဖျားအေးစက်၍ ချွေးစေးများ ပြန်လာပြီ၊ ဂဏာမငြိမ်ဖြစ်လာခြင်း။

အဆင့်-(၄) သွေးခုန်နှုန်းလုံး၀စမ်းသပ်မရတော့ဘဲ သွေးပေါင်ချိန်(Zero-O) ထိကျဆင်းသွာခြင်း
(Dengue Shock Syndrome) တို့ဖြစ်ပါသည်။

ဆေးရုံသို့ပို့ရမည်လက္ခဏာများ (Impending Shock)
Dengue Haemorrihagic Fever သွေးလွန်တုတ်ကွေးရောဂါဖြစ်သည့်လူနာများကို အောက်ပါအခြေ အနေမျိုးတွေ့ရှိပါက ဆေးရုံသို့ အမြန်လွှဲပြောင်းပေးပို့ရပါမည်။
၁။ လူနာသည် အစာ၊ ရေမ၀င်နိုင်လောက်အောင် အန်ခြင်း၊
၂။ အန်သည့်အခါ အဖြူရောင်အရည်များအတွင်း၊ ကော်ဖီနှပ်ထားသည့်အရောင်
(အညိုရောင်)အဖတ်များ၊ အမျှင်များပါလာခြင်း၊
၃။ အပြင်းဖျားနေရာမှ အဖျားကျသွားသော်လည်း၊ ကလေးမှာကစားခြင်း၊ စားသောက်ခြင်း
မရှိဘဲ၊ မှိန်းလွန်းခြင်း၊ ဂျီကျ၍ ဂဏာမငြိမ်ဖြစ်ခြင်း၊
၄။ ခြေဖျား၊လက်ဖျားများ အေးစက်၍ ချွေးထွက်စေးထန်းလာခြင်း၊
၅။ ဆီးနည်းလာခြင်း (ပုံမှန်အားဖြင့်တနေကုန်သွားသည့်ဆီးမှာပျှမ်းမျှ-၈၀၀စီစီခန့်ရှိရမည်။
ယင်းထက်နည်းပါက ဆီးနည်းသည်ဟု ဆိုနိုင်ပါသည်။
၆။ သွေးခုန်နှုန်းမြန်ခြင်း၊သွေးခုန်နှုန်းစမ်းသပ်ရခက်ခဲလာခြင်း
၇။ သွေးပေါင်ချိန်ကြည့်ပါက အပေါ်သွေးနှင့်အောက် သွေးခြားနားမှုမှာ ၂၀မီလီမီတာ
မာကျူရီ (သို့မဟုတ်) ယင်းထက်လျော့နည်းနေခြင်း၊ သတိလစ်ခြင်း၊တက်ခြင်း
တို့ဖြစ်ပါသည်။

ယခုအခါတွင်၊ ရောဂါလက္ခဏာများကို-
(1) ဒင်ဂီးအဖျား+အန္ထရယ်လက္ခဏာများDengue+warning signs
(2) ပြင်းထန်ဒင်ဂီးအဖျား-Severe Dengue ဟု ရောဂါပြင်းထန်မှု အလိုက် အဆင့် ခွဲခြား ပါသည်။
ဒင်ဂီးဖြစ်နှိုင်ခြေရှိသောအခြေအနေ
(Probable Dengue)
(1) ဒင်ဂီးဖြစ်ပွားလေ့ရှိသောဒေသတွင်နေထိုင်ခြင်း/ထိုဒေသမှပြန်လာခြင်း
(2) ကိုယ်ပူဖျားခြင်း နှင့်
(3) အောက်ပါလက္ခဏာများအနက် (၂)မျိုး ရှိခြင်း
a. ပျို့ခြင်း၊အန်ခြင်း(Nausea and vomiting)
b. အနီစက်များထွက်ခြင်း(Rashes)
c. ကိုက်ခဲနာကျင်ခြင်း(Aches and Pain)
d. HessTest (+ve)
e. သွေးဖေါက်စစ်ဆေးသောအခါ
သွေးဖြူဥနည်းလွန်းခြင်း
(Leucopaenia)
f. အန္ထရယ်လက္ခဏာတစ်ခုခုရှိခြင်း
(Any Warning Signs)
g. Dengue test kit ဖြင့်စစ်ဆေးသောအခါ positive (+ve) ဖြစ်သော်လည်း
သွေးယိုစီးသည့်လက္ခဏာမရှိခြင်း တို့ဖြစ်ပါသည်။
အန္တရယ်လက္ခဏာများ။ Warning signs
(1) ဝမ်းဗိုက်နာခြင်းအောင့်ခြင်း/ဝမ်းဗိုက်ကိုဖိလျှင်နာကျင်ခြင်း
(Abdominal pain or tenderness)
(2) ဆက်တိုက်အန်နေခြင်း(Persistant vomitting)
(3) ကိုယ်တွင်းအရည်ကြည် များကြောင့် ရေဝင်ခြင်းလက္ခဏာများ တွေ့ရခြင်း (Clinical fluid accumulation )
(4) ပါးစပ်/နှာခေါင်း စသောအမြှေးပါးများမှသွေးယိုခြင်း(Mucosal bleeding)
(5) မှိန်းခြင်း ဂဏာမငြိမ် ခြင်း (Lethergy/restlessness)
(6) အသဲကြီးခြင်း Liver enlargement(>2cm)
(7) ဓါတ်ခွဲခန်းတွင် သွေးစစ်ဆေးသောအခါ- HCT ပုံမှန်ထက်များပြီး သွေးဥမွှားကလေးများ ပုံမှန်ထက် ရုတ်တရက် လျော့နည်း ခြင်း (Laboratory: Increase in HCT concurrent with rapid decrease in platelets count)
ဤကဲ့သို့အခြေအနေများတွင် အနီးကပ်စောင့်ကြပ်၍ပြုစုကုသရန်လိုအပ်ပါသည်။(strict observation and medical intervention)
ပြင်းထန်ရောဂါအဆင့် (Severe Dengue) တွင် အောက်ပါ အခြေအနေ များတွေ့ရှိနိုင် ပါ သည်။

(1) သွေးရည်ကြည်များ
ပြင်းထန်စွာယိုစီးခြင်း Severe Plasma leakage
(2) သွေး ပြင်းထန်စွာယိုစီးခြင်း Severe haemorrhage
(3) ကိုယ်တွင်းအင်္ဂါများပြင်းထန်စွာပျက်စီးခြင်း Severe organ impairment
သွေးရည်ကြည်များပြင်းထန်စွာယိုစီးခြင်း Severe Plasma leakage ကြောင့် တွေ့နိုင်သော လက္ခဏာများမှာ-
• သွေးလန့်သောလက္ခဏာ(DSS)
• အဆုပ်တွင် ကိုယ်တွင်းအရည်ကြည် များကြောင့် အသက်ရှုကြပ်ခြင်း။
ပြင်းထန်စွာသွေးယိုစီးခြင်း Severe haemorrhage ကြောင့် တွေ့နိုင်သော လက္ခဏာများကို
• ကျွမ်းကျင်သူမှ စမ်းသပ်စစ်ဆေးတွေ့ရှိခြင်း
ကိုယ်တွင်းအင်္ဂါများပြင်းထန်စွာပျက်စီးခြင်း Severe organ impairment တွင်
• အသည်း ပျက်စီးပါက-AST or ALT =

အရေးကြီးပါတယ်ခင်ဗျာ ဆုံးအောင်ဖတ်ပြီး ဗဟုသုတရယူနိုင်ကြပါစေ ခင်ဗျာ
06/05/2025

အရေးကြီးပါတယ်ခင်ဗျာ ဆုံးအောင်ဖတ်ပြီး ဗဟုသုတရယူနိုင်ကြပါစေ ခင်ဗျာ

01/05/2025

Hi everyone! 🌟 You can support me by sending stars

24/04/2025

[English below] WFP ရဲ့ အာဟာရဖြည့်ဘီစကွတ်တွေအကြောင်း နည်းနည်းရှင်းပြချင်ပါတယ်။

WFP ဘီစကွတ်တွေဟာ ရိုးရိုးဘီစကွတ် မဟုတ်ပါဘူး။ လတ်တလောဖြစ်ခဲ့တဲ့ ငလျင်ဘေးလို အရေးပေါ်အခြေအနေမျိုးမှာ ချက်ချင်းစားသုံးနိုင်ဖို့ထုတ်လုပ်ထားတဲ့ အထူးအာဟာရဖြည့်အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ဒီဘီစကွတ်တွေနဲ့ပတ်သတ်ပြီး သိသင့်တဲ့အချက်လေးတွေကတော့...

🎯 အသုံးပြုပုံနဲ့ ရည်ရွယ်ချက်

ဒီဘီစကွတ်တွေဟာ အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါ ပုံမှန်အစားအသောက်တွေကို ချက်ပြုတ်ဖို့နဲ့ ဝယ်ယူစားသုံးဖို့မဖြစ်နိုင်တော့တဲ့အချိန်မျိုးမှာ အရေးပေါ်ချက်ချင်းစားသုံးနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ အရေးကြီးတဲ့လူသားချင်းစာနာမှုအကူအညီတစ်မျိုးပါ။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ဟာ ငလျင်လှုပ်ခတ်ပြီး ၄၈ နာရီအတွင်းမှာ ငလျင်ဘေးသင့်ပြည်သူတွေအတွက် အာဟာရဖြည့်ဘီစကွတ်တွေ စတင်ဖြန့်ဝေခဲ့ပါတယ်။

ဒီဘီစကွတ်တွေက ရောင်းရန်မဟုတ်ပါဘူး။‼️ အခုပုံမှန်ထမင်းဟင်းစားသောက်နိုင်ပြီဆိုရင် ပိုလျှံနေတဲ့ဘီစကွတ်တွေကို မိမိထက်ပိုလိုအပ်နေသူတွေဆီကို မျှဝေပေးလိုက်ပါ။

🍪 ပါဝင်ပစ္စည်းတွေ

ဒီဘီစကွတ်တွေက စွမ်းအင်၊ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အာဟာရပြည့်စားစရာတစ်ခု ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေအနေနဲ့ ဂျုံမှုန့်၊ ပဲပိစပ်မှုန့်၊ သကြား၊ အဆီထုတ်ထားတဲ့ နို့မှုန့်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဖြစ်တဲ့- ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ အိုင်အိုဒင်း၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် B1၊ B2၊ B6၊ B12 နဲ့ အခြားဓာတ်တွေများစွာ ပါဝင်ပါတယ်။

⚠️ သတိပြုစရာ

• ဘီစကွတ်တွေကို ၆ လ အောက် ကလေးငယ်တွေကို ကျွေးလို့မရပါဘူး။ မိခင်ရဲ့ အခြေအနေအပေါ်မူတည်ပြီး ကလေးငယ်ရဲ့ ပထမဆုံး ၆ လ မှာ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရမှာဖြစ်ပါတယ်။

• အသက် ၆ လအထက် ကလေးတွေအနေနဲ့ မိခင်နို့ဝအောင် တိုက်ကျွေးပြီးမှသာ ဘီစကွတ်ကို ကျွေးနိုင်မှာဖြစ်ပါတယ်။၊

• အရွယ်ရောက်ပြီးသူတွေအနေနဲ့ကတော့ ဗိုက်ဆာတဲ့အခြေအနေပေါ်မူတည်ပြီး တစ်နေ့ကို ဘီစကွတ် ငါးထုပ်ခန့်အထိ စားသုံးနိုင်ပါတယ်။

📢 WFP ကို အကြံပေးချင်တာ ပြောပြချင်တွေရှိရင်

နေပြည်တော်မှာ WFP အာဟာရဖြည့်ဘီစကွတ်တွေ ရောင်းချနေတယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးနေကြတာ WFP က သိရှိထားပြီးဖြစ်ပါတယ်။ အဲ့ဒီလိုရေးသားချက်တွေမှာ သက်သေအထောက်အထား တစ်စုံတစ်ရာ မတွေ့ရပါဘူး။ နေပြည်တော်မှာ အာဟာရဖြည့်ဘီစကွတ်တွေကို ဧပြီလ ၁ ရက်နေ့က နောက်ဆုံးဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

တကယ်တော့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ပြန်လည်ရောင်းချဖို့မသင့်ပါဘူး။ WFP အနေနဲ့ ပုံမှန် လေ့လာစောင့်ကြည့်နေသလို၊ ရောင်းချတာတွေ့ရင်လည်း ချက်ချင်းအရေးယူ‌ဆောင်ရွက်သွားမှာပါ။

WFP ရဲ့အထောက်အပံ့တွေက အမြဲတမ်း အခမဲ့ဖြစ်ပါတယ်။

WFP ရဲ့ အထောက်အပံ့တွေနဲ့ပတ်သတ်ပြီး မေးမြန်းချင်တာ၊ သတင်းပို့ချင်တာတွေရှိခဲ့ရင်

📧 myanmar.cem@wfp.org ကို အီးမေးလ်ပေးပို့နိုင်သလို

📲 WFP ရဲ့ အကူအညီပေးရေးဖုန်းတွေဖြစ်တဲ့ ၀၉ ၈၈၃ ၀၀၅၆၆၇၊ ၀၉ ၂၆၄ ၈၁၉ ၁၉၇ နဲ့ ၀၉ ၂၆၄ ၈၁၉ ၀၉၄ တို့ကိုလည်း တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

အများပြည်သူက ပေးပို့လာတဲ့ အကြံပြုချက်တွေနဲ့ စိုးရိမ်စကားတွေကို တန်ဖိုးထားပြီး ကျေးဇူးလည်းတင်ရှိပါတယ်။

Quick facts about WFP fortified biscuits

These aren't just any biscuits – they're a specialised nutritional food for immediate use in emergencies like the recent earthquake. Here's what you need to know:

🎯 Use and purpose

These biscuits are a vital form of humanitarian assistance, intended for immediate consumption in emergencies when there is no access to food. Following the devastating earthquake, the World Food Programme (WFP) begun distributing fortified biscuits to affected people within 48 hours.

These biscuits are not for sale.‼️ If you have surplus rations and can now afford regular meals, please share with those who are less fortunate.

🍪 Ingredients

The biscuits are specialised nutritious food rich in energy, protein, and vitamins and minerals. They are made of wheat flour, soy flour, sugar, skimmed milk powder, minerals and vitamins as: calcium, magnesium, iron, iodine, folic acid, Vitamin B1, B2, B6, B12 and many more.

⚠️ Important to note:

The biscuits are not for children under 6 months. They must be exclusively breastfed for the first six months of life considering the mother’s condition.
Children over the age of 6 months can enjoy the biscuits after receiving breastfeeding.
Adults can eat around five packs of biscuits per day, depending on hunger levels.

📢 Feedback and concerns

WFP has been following social media posts that allege the sale of its fortified biscuits in Nay Pyi Taw. No evidence to support these claims has so far been identified by WFP. The biscuits were last distributed in Nay Pyi Taw on 1 April.

Humanitarian assistance items are not for sale. WFP is regularly monitoring and will take immediate action if any sales are found.

WFP assistance is always free. If you have concerns or questions about WFP assistance you can email

📧 wfp.myanmar@wfp.org and myanmar.cem@wfp.org,

or you can simply call or message the WFP hotline numbers

📲09 883 005 667, 09 264 819 197 and 09 264 819 094.

We deeply value all feedback and concerns raised by the public.

ခွေးရူးပြန်ရောဂါအကြောင်း အထွေထွေဗဟုသုတသာဖြစ်ပါသည်။အသေးစိတ်တင်ပြခြင်းမဟုတ်ပါ။ခွေးရူးပြန်ရောဂါပိုးကူးစက်ခံရလျှင် ရောဂါလက္ခ...
19/04/2025

ခွေးရူးပြန်ရောဂါအကြောင်း အထွေထွေဗဟုသုတသာဖြစ်ပါသည်။
အသေးစိတ်တင်ပြခြင်းမဟုတ်ပါ။
ခွေးရူးပြန်ရောဂါပိုးကူးစက်ခံရလျှင် ရောဂါလက္ခဏာပြဖို့ ရက်ပိုင်းမှ တစ်ခါတစ်ရံ နှစ်ပေါင်းများစွာထိကြာမြင့်တတ်ပါသည်။

မကိုက်ခင်၊ ကိုက်ပြီး နှင့် ကာကွယ်ဆေးအပြည့်ထိုးနှံပြီးသူများထပ်မံကိုက်ခံရလျှင် ထိုးပုံထိုးနည်းများကိုတော့ မိမိနှင့်နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွင် သွားရောက်စုံစမ်းထိုးနှံနိုင်ပါသည်။
ထိုးပုံထိုးနည်း Regime များစွာရှိသဖြင့်အမှတ်မှားမည်စိုးသောကြောင့် ဤ pageတွင်မရေးသားတော့ပါ၊ နီးစပ်ရာဆရာဝန်နှင့် တိုင်ပင်ထိုးနှံသင့်ပါသည်။
#ခွေးရူးပြန်ရောဂါ

Address

၃ လမ်းနှင့် ၄ လမ်းကြား၊ လမ်းမတော်လမ်း၊ သရက်တောရပ်ကွက်
Aunglan

Telephone

+959420073674

Website

Alerts

Be the first to know and let us send you an email when Shwe Moe Aung clinic and pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share