Lin Yaung Chi - Dent Bago Dental Clinic

Lin Yaung Chi - Dent Bago Dental Clinic Dental Clinic

လင်းရောင်ခြည် (Dent Bago Dental Clinic)သွားနှင့်ခံတွင်း ဆေးခန်းအတွက်Signboard, LED, light box, Business card, Pamphlet, ...
07/09/2021

လင်းရောင်ခြည် (Dent Bago Dental Clinic)သွားနှင့်ခံတွင်း ဆေးခန်းအတွက်
Signboard, LED, light box, Business card, Pamphlet, Recycled Bag, Wall Decoration designs များကို အလှပဆုံးဒီဇိုင်းဖြစ်အောင် ဖန်တီးပေးပါသော
KC graphic design service ကို ကျေးဇူးအထူးတင်ရှိပါတယ်။

စိတ်တိုင်းကျသည်အထိ ပြုလုပ်ပေးခဲ့တဲ့အပေါ် လွန်စွာမှ စိတ်ကျေနပ်မိပါတယ် ခင်ဗျာ။

KC graphic design service လည်း ဒီထက်မက အောင်မြင်တိုးတက်ပါစေ
ဆုတောင်းပေးပါတယ်ခင်ဗျာ။

graphic design service
☎️ 09 45 000 2319
📧 designkc2o19@gmail.com
လင်းရောင်ခြည် (Dent Bago Dental Clinic)သွားဆေးခန်းအတွက်
Signboard, LED, light box, Business card, Pamphlet, Recycled Bag, Wall Decoration designs များကို အလှပဆုံးဒီဇိုင်းဖြစ်အောင် ဖန်တီးပေးပါသော
KC graphic design service ကို ကျေးဇူးအထူးတင်ရှိပါတယ်။

စိတ်တိုင်းကျသည်အထိ ပြုလုပ်ပေးခဲ့တဲ့အပေါ် လွန်စွာမှ စိတ်ကျေနပ်မိပါတယ် ခင်ဗျာ။

KC graphic design service လည်း ဒီထက်မက အောင်မြင်တိုးတက်ပါစေ
ဆုတောင်းပေးပါတယ်ခင်ဗျာ။

https://www.facebook.com/designkc2019/
🦷🦷🦷🦷🦷🦷🦷🦷
https://www.facebook.com/106440867384790/posts/584196539609218/

🦷🦷🦷သွား​သေစိုက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ???????🦷ပထမ နည်းက နူတ်ထားတဲ့သွားရဲ့ ​ဘေးမှာရှိတဲ့ သွားနစ်​ချောင်းကို မှုလအရွယ်ထက်​သ...
06/09/2021

🦷🦷🦷သွား​သေစိုက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ???????

🦷ပထမ နည်းက
နူတ်ထားတဲ့သွားရဲ့ ​ဘေးမှာရှိတဲ့ သွားနစ်​ချောင်းကို မှုလအရွယ်ထက်​သေး​အောင်ပြုလုပ်ပြီး သွား၃​ချောင်းပြန်ထည့်ရတာပါ။
ပြန်လည်အသုံးပြုတဲ့သွား​တွေက​တော့
🦷သတ္တုစပ်သွား
🦷🦷​ကြွေသွား
အမျိုးမျိုးရှိတဲ့ထဲက မိမိ ကြိုက်နစ်သက်ရာကို ​ရွေးချယ်လို့ရပါတယ်။

🦷🦷ဒုတိယနည်းက
Dental Implant လို့​ခေါ်တဲ့ သွားစိုက်နည်းပါ ။
ကုန်ကျစရိတ်ကြီးမား​ပေ့မယ် ​ဘေးသွားနစ်​ချောင်းကို ပြုပြင်စရာမလိုတဲ့အားသာချက်​ကြောင့် ရွေးချယ်စရာတစ်ခုပါ။

🦷🦷🦷🦷🦷🦷🦷🦷လင်း​ရောင်ခြည် သွားနှင့်ခံတွင်း​ဆေးခန်း
🦷🦷🦷🦷🦷🦷🦷
တိုက် ၁ ၊ အခန်း၂ ၊​မဂ္ဂတစ်တိုက်ခန်း၊မြေညီထပ်၊ မဂ္ဂတစ်လမ်း၊ လိပ်ပြာကန်ရပ်ကွက်၊ ပဲခူးမြို့။
ph 09 7500 77 235
​ဆေးခန်းဖွင့်ချိန်
မနက် ၉နာရီမှ ည​နေ ၃နာရီထိ။

သွားကိုက်လာတဲ့အခါ သွားကိုနူတ်ပစ်စရာ မလိုအပ်ပါဘူး သွားကိုက်လာပြီဆိုရင် လူအများကသွားကိုနူတ်ပစ်ဖို့ ပိုအားသန်တတ်ကြပါတယ် ယနေ...
31/01/2021

သွားကိုက်လာတဲ့အခါ သွားကိုနူတ်ပစ်စရာ မလိုအပ်ပါဘူး

သွားကိုက်လာပြီဆိုရင် လူအများကသွားကိုနူတ်ပစ်ဖို့ ပိုအားသန်တတ်ကြပါတယ် ယနေ့ခေတ်မှာတော့ သွားကိုက်တာလေးတခုကြောင့် တန်ဖိုးရှိတဲ့ မိမိရဲ့ မူရင်း သွားကို နူတ်ပစ်လိုက်စရာမလိုတော့ပါဘူး Root Canal Treatment လို့ခေါ်တဲ့ သွားအကြောထုတ် နည်းပညာဖြင့် ကိုက်ခဲနေတဲ့ ဝေဒနာကို အမြန်ဆုံးသက်သာအောင် ပြုလုပ်ပေးနေပါပြီ

🍀သွားအကြောထုတ် ကုသနည်း ဆိုသည်မှာ 🍀

မကောင်းသော သွားအကြောပုပ်တွေက သွားကိုက်ခြင်း၊ အချိန်ကြာလာသည်နဲ့အမျှ သွားအမြစ်ထိပ်သို့ရောက်ရှိလာပြီး ပြည်တည်ခြင်းများ ဖြစ်တတ်ပါတယ်
သွားအတွင်းပိုင်းက ရောင်ရမ်းကိုက်ခဲနေသော၊ ပိုးစား၍ပုပ်သွားသော သွားအကြောအား သွားအကြောထုတ် ကိရိယာများကို အသုံးပြု၍ သွားမြစ်တွင်းမှ ကုန်စင်အောင် ရှင်းလင်းကုသနည်းဖြစ်ပါတယ်

ဘာလို့ ဒီနည်းလမ်း ကို ရွေးချယ် သင့်သလဲ

သွားဆို တာ မိမိ ရဲ့ ခန္ဓာကိုယ် ရဲ့ တန်ဖိုးကြီး အစိတ်အပိုင်း
တစ်ခု ဖြစ်ပါတယ်။
ဒါကြောင့် လွယ်လွယ် နဲ့ ဖယ်ရှားခြင်း မပြုသင့်ပါဘူး။

★သွားအကြောထုတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ ★

★သွားကိုက်တဲ့ဝေဒနာကို အမြန်ဆုံးသက်သာစေခြင်း

★သွားမနူတ်လိုက်ရခြင်းကြောင့် မိမိ သွား ဆုံးရှုံးမသွားခြင်း

★ကုသမှုခံယူပြီးတဲ့အခါ ပုံမှန်အတိုင်းပြန်လည် စားဝါးနိုင်ခြင်း

★သွားမနူတ်လိုက်ရခြင်းကြောင့် အရိုးနိမ့်ပါးမှုကို ကာကွယ်နိုင်ခြင်း စတဲ့ ကောင်းကျိုးတွေကို ရရှိစေမှာပါ

အကြောထုတ်ကုသမှု ခံယူပြီးတဲ့အခါ အရေးကြီးတဲ့အချက်က သွားအကြောထုတ် ထားတဲ့ သွားဟာ အသက်မရှိသောသွားဖြစ်တာကြောင့်အမြစ်ဖြတ်ထားတဲ့ သစ်ပင်တပင်လို ကြွပ်ဆပ်နေတာကြောင့် အချိန်မရွေး အလွယ်တကူ ပဲ့ထွက်တာ ကွဲသွားတာမျိုးတွေဖြစ်လာတတ်ပါတယ် အဲ့တာကြောင့် သွားကို အပေါ်က အမိုးကာပေးသလို သွားတုအစွပ် (Dental Crown )ပြန်လည်စွပ်ပေးဖို့ အထူးလိုအပ်ပါသည်။

သွားနုတ် လိုက် ခြင်း ဟာ အစ ပိုင်း ကုန်ကျစရိတ် သက်သာတယ် ထင်ရပေမဲ့ နောက်ပိုင်း ပြန် စိုက်တဲ့ အချိန် မှာ သွားအကြောသတ် ခြင်း ထက် ပိုမို ကုန်ကျနိုင်ပါတယ်။

မိမိ ရဲ့ အသိမိတ်ဆွေ များကို လည်း သိရှိအောင်
Share လုပ်ပြီး ဖြန့်ဝေ စေလိုပါတယ်။
credit #

- - - - - - - - - - - - - - - - - - - - - - - - - - - -

လင်း​ရောင်ခြည်-ပဲခူး သွားနင့်ခံတွင်း​ဆေးခန်းမှာ​အံဆုံးနင့်ပါတ်သတ်​သော​ဝေဒနာ များကို ခံတွင်းနင့် မျက်နာ ​မေးရိုး ခွဲစိတ်က...
25/01/2021

လင်း​ရောင်ခြည်-ပဲခူး သွားနင့်ခံတွင်း​ဆေးခန်းမှာ​
အံဆုံးနင့်ပါတ်သတ်​သော​ဝေဒနာ များကို
ခံတွင်းနင့် မျက်နာ ​မေးရိုး ခွဲစိတ်ကု ဆရာဝန် ကိုတိုင် လူနာအား ​ရောဂါ သက်သာ​အောင် ကုသ​ပေးလျက်ရှိသည်။

အံဆုံး​ပေါက်တာ မျက်နာယောင်လို့ နာ​နေတာ
ဘာဖြစ်လိုလဲ?????
-------------------------
အံဆုံး ဆိုတာအသက်၁၇နှစ်ကနေ၂၁ကြားအရွှယ်မှာပေါက်တဲ့သွားဖြစ်ပြီး
အံဆုံးဟာတခြားအံသွားတွေနဲ့မတူ လူကိုပုံစံအမျိုးမျိုးနဲ့ပိုပြီးဒုက္ခပေးလေ့ရှိတဲ့အတွက်ကြောင့်ပါ။

အံဆုံးနဲ့ပက်သက်ပြီးတွေ့နေကျပြသနာတွေကတော့ပုံမှန်အတိုင်းမပေါက်တဲ့အံဆုံးကြောင့်............

ပါးတစ်ဖက်ယောင်နေတာ
ပါးစပ်ဟမရတာ
ဖျားတာ သွားကိုက်တာ စတဲ့ပုံစံတွေနဲ့ပေါ့။

ပုံမှန်အတိုင်းမပေါက်ဘူးဆိုတာ အံဆုံးက

တခြားအံသွားတွေလို တည့်တည့်မတ်မတ်မပေါက်ပဲ မေးရိုးထဲမှာမြုပ်ပြီးပေါက်ခြင်းကိုဆိုလိုတာပါ။

အံဆုံးဟာ မေးရိုးထဲအကုန်မြုပ်နေတဲ့အံဆုံး နဲ့ အကုန်မြုပ်မနေတဲ့အံဆုံး ဆိုပြီးပုံစံအမျိုးမျိုးနဲ့တည်ရှိနေနိုင်ပါတယ်။

တစ်ခြားအံသွားတွေလိုအံဆုံးဟာပုံမှန်အတိုင်းအတည့် အပေါ်အောက်သွားကိုက်မိနေမယ်ဆိုရင်တော့နှုတ်စရာမလိုပါ။

ဘယ်လိုအခြေအနေမျိုးမှာအံဆုံးနှုတ်သင့်သလဲ??????

(၁)ဘေးသွားကိုပျက်ဆီးစေခဲ့ရင်(သို့)ပျက်ဆီးစေတဲ့အလားအလာရှိခဲ့ရင်

စောင်းပြီးပေါက်နေတဲ့အံဆုံးဘေးသွားကိုဒုက္ခပေးလေ့ရှိပါတယ်

(၂)သွားကိုက် သွားနာဖြစ်ခဲ့ရင်

(၃)သွားဖုံးကိုက်မိပြီးသွားဖုံးနာရင်

(၄)အစာတွေညှပ်ပြီးသွားဖုံးယောင်ခဲ့ရင်

(၅)မျက်နှာချင်းဆိုင်အံဆုံးမပေါက်ခဲ့ရင်

(၆)သွားနှင့်ခံတွင်းသန့်ရှင်းရေးလုပ်ရခက်ရင်

(၇)နားထင်ရိုးမေးရိုးဆက်အဆစ်ရောဂါဖြစ်စေတယ်လို့သံသယဖြစ်ခဲ့ရင်

(၈)မေးရိုးထဲအကုန်မြုပ်နေတဲ့အံဆုံးနာခဲ့ရင်

(၉)သွားညှိကုသမှုခံယူရင်
တစ်ချို့အခြေအနေမျိုးမှာအံဆုံးနှုတ်ပေးဖို့လိုအပ်ပါတယ်

မှတ်ချက်: အံဆုံးနှုတ်သင့်မနှုတ်သင့်ဆိုတဲ့အချက်ကို မိတ်ဆွေပြနေတဲ့သွားနှင့်ခံတွင်းဆရာဝန်ဆီမှာအသေးစိတ်ဆွေးနွေးပြီး အကြံရယူပါ...


# Credit photo
လင်း​ရောင်ခြည် သွားနှင့်ခံတွင်း​ဆေးခန်း

ပဲခူး​ဆေးခန်းလိပ်စာ
တိုက် ၁ ၊ အခန်း၂ ၊​မဂ္ဂတစ်တိုက်ခန်း၊မြေညီထပ်၊ မဂ္ဂတစ်လမ်း၊ လိပ်ပြာကန်ရပ်ကွက်၊ ပဲခူးမြို့။
ph 09 7500 77 235
​ဆေးခန်းဖွင့်ချိန်
မနက် ၉နာရီမှ ည​နေ ၈ နာရီထိ။

ရန်ကုန်​ဆေးခန်းလိပ်စာ
အမှတ် ၈၃၉၊ ​ငွေစင်လမ်း ၊ ၄၄ရပ်ကွက် (ဗထူး​စျေးမှတ်တိုင် နှင့် ၄၄မနက်​စျေး အကြား)၊ ​မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

ဆေးခန်းဖွင့်ချိန် ည​နေ ၄နာရီ မှ ၈နာရီထိ
တနလ်ာ​နေ့တိုင်း​ဆေးခန်းပိတ်သည်။
Ph 09 890 920 464

သွား အကြော သတ်ကုသခြင်း သည် လင်း​ရောင်ခြည် -ပဲခူး သွားနင့်ခံတွင်း​​ဆေးခန်း ၏ ဆေးကုသမှုများ ထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ...
25/01/2021

သွား အကြော သတ်ကုသခြင်း သည် လင်း​ရောင်ခြည် -ပဲခူး သွားနင့်ခံတွင်း​​ဆေးခန်း ၏ ဆေးကုသမှုများ ထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။

ပထမ အဆင့်အနေ နှင့် ပိုးစား ၍ ရောင်းရမ်း ကိုက်ခဲ နေသော ၊ ပိုးစား ၍ပုပ်သွားသော သွားအကြောအား သွား အကြော ထုတ် ကိရိယာ များကို အသုံး ပြု ၍ အဆိုပါ သွားအကြော အား သွားအမြစ်တွင်း မှ ကုန်စင် အောင် ရှင်းလင်း ဆေးကြောခြင်း ဖြစ်ပါသည်။

-ကုန်စင်အောင် ရှင်း လင်း ဆေး ကြော ပီးနောက် သွားအမြစ်အား သွားအကြောထုတ်ကုသရာ တွင်အသုံးပြုသော (root canal sealer)လို့ ခေါ်တဲ့ သွားအမြစ်တွင်သုံးသောဆေး နှင့် (gutta percha )လို့ခေါ်တဲ့ သွားအမြစ်တု အချောင်း လေး ဖြင့်ရောစပ် ပီး ပြန်လည်ပိတ်ပေး ခြင်း ဖြစ်ပါသည်။

ထို့နောက်သွားအပေါ် ပိုင်းအား ပြန် လည် ဖာ ထေး ရပါ မည် ။

နောက်ဆုံး အနေနှင့် သွား အကြော ထုတ် ကုသမှု ခံ ယူ ထားသော သွားသည် (ကျန်းမာသောသွားများကဲ့ သို့ထောက်ပံ့ပေးသည့် သွေးကြောများ မရှိသောကြောင့်)အချိန် ကြာ လာ တာနဲ့ အမျှ ကျွတ်ဆက် ပီး ပဲ့ကျ တက် ပါသည် ။ထို ကြောင့် စား သည့် ဝါးသည့် ဒဏ် ကို ရေ ရှည် ခိုင်ခံမှု ရှိစေ ရန်အမြန်ဆုံး အစွပ် ပြန် လည် စွပ် ပေးသင့်ပါသည် ။

သွား အကြောထုတ် ကုသ ခြင်း သည် တချို့သွားများက တကြိမ် တည်း နှင့်မပီး ကြပဲ သွားအခြေအနေ(ရောဂါအခြေအနေ) ပေါ်မူတည် ပီး ဆရာ ဝန် နှင့် လူ နာ အချိန် ညှိနှိုင်း ပီး နှစ်ကြိမ် ၊ သုံးကြိမ် ၊ လေး ကြိမ် ဖြင့် ကုသမှု ခံယူ ကြပါ သည် ။သွား အထုတ် ကုသမှုကို ပို မို အောင်မြင်စေရန် အတွက် dental x ray (သွားဓာတ်မှန်)တစ်ချပ်၊ နှစ်ချပ်အနည်း ဆုံး ရိုက်ပေး ရန်လိုအပ်ပါသည်။

*သွားကြော ထုတ်ကုသ ခြင်း ကောင်း ကျိုး များ*

(1)သွားများ ကို ပါးစပ်အတွင်းမှ ထိန်းသိမ်းထားခြင်းကြောင့် စား ရဝါး ရတာ ကောင်း ခြင်း ။
(2)သွားမနူတ်ထားခြင်းကြောင့် သွားဖုံးများ မနိမ့်ခြင်း ၊ပါးများမချိုင့် ၍ အရွယ်မကျခြင်း။
(3)အကြော ထုတ်ကု သသည့်သွားကို သာအစွပ်စွပ်ခြင်း ကြောင့် တစ်ချောင်း စာ ပဲကုန်ကျခြင်း။

သဘာ ဝ သွား လောက် မည်သည့် သွားအတု မှ မကောင်း ခြင်းကြောင့် မိမိသွားကို အရမ်း အခြေ အနေမဆိုး ခင် သွားဆေးခန်း တွင် ကုသမှု ခံယူ ကြပါ လို့ အကြုံ ပြုချင်ပါသည် ။

Credit #
Cerdit photo #

လင်း​ရောင်ခြည် သွားနှင့်ခံတွင်း​ဆေးခန်း

ပဲခူး​ဆေးခန်းလိပ်စာ
တိုက် ၁ ၊ အခန်း၂ ၊​မဂ္ဂတစ်တိုက်ခန်း၊မြေညီထပ်၊ မဂ္ဂတစ်လမ်း၊ လိပ်ပြာကန်ရပ်ကွက်၊ ပဲခူးမြို့။
ph 09 7500 77 235
​ဆေးခန်းဖွင့်ချိန်
မနက် ၉နာရီမှ ည​နေ ၆ နာရီထိ။

Address

No1. Room 2, Magathit Street
Bago
08011

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959750077235

Website

Alerts

Be the first to know and let us send you an email when Lin Yaung Chi - Dent Bago Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram