08/02/2024
ဒီရက်ပိုင်း ဆေးခန်းမှာအတွေ့များလို့ပါ..
"ရေကျောက်ရောဂါ"
ဒီတစ်ပတ်မှာတော့ ရေကျောက်ရောဂါ အကြောင်းလေး ပြောချင်ပါတယ်။ ခုတလော ပြန်တွေ့နေရလို့ပါ။
ရေကျောက်က virus ရောဂါပိုးတစ်မျိုးဖြစ်တဲ့ varicella-zoster virus ကြောင့် ဖြစ်ပွားပါတယ်။
အကယ်၍ ရေကျောက်အတွက် ခုခံအားမရှိတဲ့သူ ဆိုရင် ရေကျောက်ပေါက်တဲ့သူနဲ့ ထိတွေ့မိတဲ့အခါ 90% ကူးစက်ခံနိုင်ချေ ရှိပါတယ်။ ဗိုင်းရပ်စ်ဟာ အဓိကအားဖြင့် ရေကျောက်ရှိသူနဲ့ အနီးကပ်ထိတွေ့ခြင်းကနေ ကူးစက်တာပါ။
၁။ ရောဂါလက္ခဏာ
virus ကို ထိတွေ့ပြီး ၁၀ရက်ကနေ ရက်၂၀လောက်အကြာမှာ ခန္ဓာကိုယ်မှာ အစက်မကွက်လေးတွေ ရေကြည်ဖုလို ပေါ်လာတတ်ပါတယ်။ ၅ရက်ကနေ ၁၀ရက်လောက်အထိ ကြာတတ်တယ်။
အစက်အကွက် ရေကြည်ဖုလေးတွေ မပေါ်လာခင်မှာ
ဖျားတတ်ပါတယ်။
ခေါင်းကိုက်တာ နုံးခွေတာ
အစားအသောက်ပျက်တာ မျိုးတွေ ဖြစ်ပါတယ်။
၂။ ရေကျောက်တွေ ပေါက်လာတဲ့ အခါမှာတော့ သူက အဆင့် ၃ဆင့်နဲ့ ဆက်သွားပါတယ်။
၁။ papules လို့ခေါ်တဲ့ အဖုလေးတွေ စထွက်လာပါတယ်
၂။ blisters လို့ခေါ်တဲ့ ရေကြည်ဖု အိတ် vesicles လေးတွေ ဖြစ်လာပြီး ရေကြည်ဖုကနေ အရည်တွေ ပေါက်ထွက် စိမ့်ထွက်လာပါတယ်။
၃။ အနာဖေး တွေ အမာရွတ်တွေနဲ့ အနာက ချပ်ရပ်သွားပြီး အဲဒီ အနာရွတ်တွေ ကျက်ဖို့တော့ တစ်ပတ်လောက် အချိန် ထပ်ကြာပါလိမ့်မယ်။
အဖုတွေက ရင်ဘတ်၊ ကျောနဲ့ မျက်နှာတို့မှာ ပေါ်လာတတ်ပြီး ပါးစပ်၊ မျက်ခမ်း နဲ့ လိင်အင်္ဂါနေရာ စသည် ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားပါတယ်။
အဖုအသစ်လေးတွေ ရေကြည်ဖုတွေနဲ့ အမာရွတ်တွေဟာ တပြိုင်တည်း ဆက်ရှိနေတာမျိူးလည်း ဖြစ်နိုင်ပါတယ်။ ရေကြည်ဖုတွေ အနာတွေကနေလည်း ကူးစက်နိုင်ပါတယ်။ အထူးသဖြင့်တော့ ရေကြည်ဖုတွေ ပေါ်လာအပြီး ၄၈ နာရီအတွင်းပါ။
၃။ နောက်ဆက်တွဲဆိုးကျိုး
ဘယ်လိုလူတွေမှာ နောက်ဆက်တွဲဆိုးကျိုး ပြင်းထန်လဲ ဆိုတော့
မွေးကင်းစကလေးတွေ
ဆယ်ကျော်သက်တွေ
လူကြီးတွေ
ကိုယ်ဝန်ဆောင် တွေနဲ့
ခုခံအားစနစ်များ အားနည်းသော HIV/AIDS ရှိသူ ကင်ဆာရောဂါရှိသူတွေ
စတီးရွိုက်သောက်ဆေးတွေကို ရေရှည်အသုံးပြုနေရသူတွေမှာ
ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ ခံစားပါတယ်။
နောက်ဆက်တွဲဆိုးကျိုးမှာ ဘက်တီးရီယားပိုးဝင်တာကလည်း ပြသနာပါ။
Group A streptococcal ပိုးဝင်ခြင်းအပါအဝင်
အဆုတ်ပိုးဝင် နမိုးနီးယားဖြစ်ခြင်း
သွေးဆိပ်တက်ခြင်း
ဦးနှောက်ရောင်ခြင်း
သွေးထွက်ခြင်း၊ သွေးယိုစီးခြင်း ပြသနာများ
ရေကျောက် နောက်ဆက်တွဲဆိုးကျိုး ပြင်းထန်လာခဲ့ရင် ဆေးရုံ တင်ဖို့ လိုအပ် ပါတယ် ။ ရေကျောက်ကလည်း အသက်အန္တရာယ် ရှိလာနိုင်စေပါတယ်။
ကာကွယ်ဆေးထိုးကြတဲ့ အစီအစဉ်ကြောင့် ခုနောက်ပိုင်း ရောဂါကြောင့် သေဆုံးမှုကတော့ အလွန်ရှားပါးပါတယ်။
၄။ ကာကွယ်မှု
ရေကျောက်ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ရေကျောက်ကာကွယ်ဆေးထိုးဖို့ပါပဲ။
ကလေးများ၊ ဆယ်ကျော်သက်များနှင့် လူကြီးများအပါအဝင် လူတိုင်း ရေကျောက်မပေါက်ဖူးပါက သို့မဟုတ် ကာကွယ်ဆေးမထိုးဖူးပါက ရေကျောက်ကာကွယ်ဆေး နှစ်ကြိမ်ထိုးသင့်ပါတယ်။
ကာကွယ်ဆေးထိုးထားသူတစ်ဦးမှာ ရေကျောက်ပေါက်ခဲ့ရင်တောင် ရောဂါလက္ခဏာများ သက်သာပြီး အရည်ကြည်ဖုလောက်ပဲ ထွက်ပါတယ်။ အဖျားနည်းပါတယ်။ သို့မဟုတ် လုံးဝမဖျားပါ။
၅။ ကုသမှု
ရေကျောက်ရှိသူများကို အိမ်မှာလုပ်ပေးလို့ရတာတွေကတော့
Calamine lotion လိမ်းပေးလို့ရပါတယ်။
အနာကို လက်သည်းနဲ့ ကုတ်ခြစ်ခြင်းမလုပ်ရပါဘူး။အခြားသူတွေကို ဗိုင်းရပ်စ်ကူးနိုင်ပြီး အရေပြားပိုးဝင်ခြင်းဖြစ်တတ်ပါတယ်။ အဖုအပိန့်ကို မတော်တဆ ကုတ်ခြစ်မိရင် လက်ကို ဆပ်ပြာ၊ ရေဖြင့် အနည်းဆုံး စက္ကန့် 20 ကြာ ဆေးကြောပေးပါ။
ဖျားတာအတွက် ပါရာ တိုက်ပေးလို့ ရပါတယ်။
aspirin တော့ မတိုက်သင့်ပါ။
၆။ ဘယ်အချိန်မှာ ဆေးရုံဆေးခန်းပြသင့်လဲ ?
ဘယ်သူတွေ သတိထားသင့်လဲ ?
ရေကျောက်တစ်ခါမှ မပေါက်ဖူးသလို ကာကွယ်ဆေးလည်း မထိုးဖူးသူ
ကိုယ်ဝန်ဆောင်
HIV/AIDS သို့မဟုတ် ကင်ဆာရှိသူ
ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှုခံယူထားသူ
ဓာတုကုထုံး
စတီးရွိုက်များကို ရေရှည်အသုံးပြုနေသူ တွေ သတိထားသင့်ပါတယ်။
ပြီးတော့
အဖျားက ၄ ရက်ထက် ပိုကြာလာရင်
102°f (38.9°c) အထက် အဖျားတက်လာရင်
အဖုများ သို့မဟုတ် ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုခုသည် အလွန်နီမြန်းလာကာ ပူနွေးလာရင်။
လည်ပင်းတောင့်တင်းလာရင်
မကြာခဏ အော့အန်ရင်
အသက်ရှူရခက်လာရင်
ဝမ်းဗိုက်တအား အောင့်လာရင်
နီးရာ ဆေးခန်း ဆေးရုံမှာ ကုသမှုကို စနစ်တကျ ခံယူသင့်ပါတယ်။
Crd Dr Khoon Nyo Thway
#ခွန်းညိုသွေး