မင်းမဟော် BAGO

  • Home
  • မင်းမဟော် BAGO

မင်းမဟော် BAGO ‌ဆေးမျိုးစုံဖြန့်ဖြူးရောင်ဝယ်ရေး

ခေတ်ရေစီးကြောင်းအရ အခုနောက်ပိုင်းမှာ လွယ်လွယ်အသုံးပြုနေကျတဲ့ဆေး #အရေးပေါ်တားဆေးဆိုတာ_ဘာလဲ ❓         လူငယ် လူရွယ် တွေကြား...
14/02/2025

ခေတ်ရေစီးကြောင်းအရ အခုနောက်ပိုင်းမှာ လွယ်လွယ်အသုံးပြုနေကျတဲ့ဆေး

#အရေးပေါ်တားဆေးဆိုတာ_ဘာလဲ ❓

လူငယ် လူရွယ် တွေကြားအသုံးများနေတဲ့ အတွက် အသိပေး၊ သတိပေးရန် ရည်ရွယ်ပါတယ်
***မနက်ဖြန်ဟာလည်း Hotel ခန်းတွေ booking ပြည့်တဲ့နေ့ ဖြစ်တာမို့

(အရေးပေါ် ပဋိသန္ဓေတားဆေး)

တချို့ အသုံးအနှုန်းတွေ ရိုင်းခဲ့ရင် ကြိုပြီး တောင်းပန်ပါတယ် 🙏🙏🙏

Pre-marietal S*x အိမ်ထောင်မကျခင် အတူနေကြတာက အနောက်နိုင်ငံတွေမှာ မထူးတော့တာ ကြာခဲ့ပါပြီ၊ Globalisation ဖြစ်လာတဲ့ အခါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အဲ့ဒီအလေ့အထ ကူးစက်လာခဲ့ပါတယ်။

အနောက်နိုင်ငံတွေမှာ
- S*x Education ကို ကျောင်းမှာလည်းသင်သလို
- အဖေက သားကို သင်ပေးပြီး
- အမေက သမီးကို သင်ပေးကြပါတယ်။

ကျွန်တော်တို့ဆီမှာက
- #ယဉ်ကျေးမှုအရ
- #ဘာသာရေးအရကျောင်းစာထဲထည့်သင်ရင် ကန့်ကွက်ကြသလို
- မောင်နဲ့ညီမ သားအမိ ကြားမသင့်တော်ဘူး ဆိုပြီး မိဘက သားသမီးကို သင်ပေးခဲပါတယ်

အဲ့တော့ ဘယ်ကတတ်လာကြလဲဆိုတော့ အချင်းချင်း တီးတိုးပြောကြတဲ့အတွေ့အကြုံတွေ၊ Online က ပေါက်ကရရေးထားတဲ့ စာတွေကနေ

#တလွဲ ***အတွေ့အကြုံတွေပဲရကြပါတယ်။

👉👉👉
လူငယ်ဘာဝ ချစ်ကြိုက်ကြပြီး ရင်
- သွေးသားဆန္ဒအရရော
- ပတ်ဝန်းကျင်က ပင့်မြှောက်ပေးလို့ရော

Pre-marietal S*x က အရမ်းကိုများနေပါပြီ

ကိစ္စပြီးသွားတဲ့ အခါကြမှ ခေါင်းထဲကို ဝင်လာကြတာက #ကိုယ်ဝန်ရှိသွားခဲ့ရင် ဆိုတာကြီးပါ။
အဲ့တော့ မိဘတွေလည်း မပြောရဲဆိုတော့ ၊ အတွေ့အကြုံရှိဘူးတဲ့ သူငယ်ချင်း၊အကို တွေကို ချဉ်းကပ်ကြပါတယ်။

အဲ့ဒီကနေ Emergency Pills (Emergency contraceptive pill) တွေသောက်ကြပါတယ်။

(Emergency contraceptive pill) ဆိုတာ ဘာဆေးလဲ ⁉️

လူတွေ ဖန်တီးထားတဲ့ အမျိုးသမီး Hormone ပါ (Levonorgestrel)

=> သားဥကြွေတာကို နောက်ဆုတ်ပေးလိုက်ခြင်းဖြင့် ကလေးမရအောင် ကာကွယ်ပေးပါတယ်
=> မွေးလမ်းကြောင်းမှာ ထွက်တဲ့ အကျိအချွဲတွေကို ပျစ်အောင် လုပ်လိုက်ခြင်းဖြင့် သုတ်ပိုးတွေက မျိုးဥဆီမရောက်အောင် တားဆီးလိုက်ခြင်းဖြစ်ပါတယ်

(ဆိုလိုတာက အခုအကြိမ်ကနေ ကလေးမရအောင် တားဆီးပေးတာပါ ၊ ဖြစ်တည်ပြီးသားကလေးကို မရှိတော့အောင် (abortion) မလုပ်နိုင်သလို နောက်အကြိမ်တွေ အတွက်လဲ အကျိုးမသက်ရောက်ပါဘူး)

👉👉👉
#ဆေးသောက်ရင်_ဘာတွေဖြစ်နိုင်လဲ ❓
Hormone High Dose ဖြစ်တဲ့ အတွက်
- ခေါင်းကိုက်တတ်ပါတယ်
- ဗိုက်နာတတ်ပါတယ်
- ပျို့၊ အန်နိုင်ပါတယ် (ဆေးသောက်ပြီး ၂ နာရီ အတွင်းအန်ပါက ဆေးထပ်သောက်ရန် လို/မလို ဆရာဝန်ပြသရန်လိုပါတယ်)

👉👉👉
🚨 🚨 🚨 အရေးကြီးတာပြောချင်ပါတယ်***
နာမည်ကိုက Emergency Pill ပါ။ (မလွဲသာမရှောင်သာ လို့အတူနေမိတဲ့ အခါ သောက်ဖို့ပါ)
- အတူနေပြီးတိုင်း သောက်ရတဲ့ ဆေးမဟုတ်ပါဘူး
- တစ်လ ကို တစ်ကြိမ်ထက်ပို မသုံးရပါဘူး

Emergency Pill မှာ levonorgestrel (progesterone ) က 1.5 mg (1500 microgram) ပါပါတယ်။
တစ်လသောက်တဲ့ ဆေးကဒ် ကိုယ်ဝန်တားဆေးမှာ Desogestrel (progesterone) က 0.075 mg (75 microgram ) ပဲပါပါတယ်။
***အဆ (၂၀) ကွာပါတယ်၊ ဆေးတစ်ကြိမ် သောက်ခြင်းဟာ သူများ ဆေးတစ်ကဒ်လုံး တစ်ခါထဲ သောက်သလိုဖြစ်တဲ့ အတွက် ဆေးပမာဏ အရမ်းများကြောင်းယှဉ်ပြတာပါ။

👉👉👉
ခဏခဏ သုံးရင်ဘာဖြစ်လဲ !!!

😰 သွေးသားတွေပြောင်းလဲလာမှာပေါ့
😰 ဆေးပမာဏအများကြီး (တစ်လစာပမာဏကို) ခဏခဏ သုံးတဲ့ အတွက်
- ရင်သားအကျိတ်တွေ၊
- သားအိမ်၊ မျိုးဥအိမ် ပြဿနာတွေ ကြုံလာရနိုင်ပါတယ်။
အရေးပေါ် တစ်လ တစ်ကြိမ်လောက်က ပြဿနာ မရှိပေမယ့် (ကျွန်တော် စိတ်မကောင်းကြီးစွာ ကြားနေရတာက တစ်ခါနေတိုင်း တစ်ခါသောက်တယ်)
တစ်လ ဘယ်နကြိမ်တွေ့ကြလဲ တော့ မသိပါဘူး (ခဏခဏ) တွေ့ဖြစ်ကြရင်။
Contraceptive measure (ပဋိသန္ဓေတားခြင်း တွေကို စနစ်တကျ မသုံးတဲ့ အတွက်
- Unwanted pregnancy တွေဖြစ်လာမယ်
- Criminal abortion တွေ လုပ်ကြမယ်
- မိခင်နဲ့ ကလေး သေဆုံးနှုန်းတိုးလာမယ်
- တကယ်လိုချင်တဲ့ အချိန်ရောက်တော့ ဆေးတွေတလွဲ သုံးလာတဲ့ အတွက် ကလေးမရနိုင်ကြတော့ပါဘူး စတဲ့ ပြဿနာတွေကြုံလာရတတ်ပါတယ်

👉👉👉
ဒီနေ့ပေးတဲ့ Knowledge ကတော့

👌 Emergency pill ဆိုတာ မလွဲသာမရှောင်သာအရေးပေါ်ကိစ္စမှာပဲ သုံးရပါတယ်
👌 တစ်လ တစ်ကြိမ်လောက်ပဲ သုံးသင့်ပါတယ်
👌 အတူနေပြီးတိုင်းသောက်ရတဲ့ဆေးမဟုတ်ပါဘူး
👌 ခဏခဏ တွေ့ဖြစ်တယ်ဆိုရင် တခြားနည်းလမ်းတွေ ရှိပါတယ်။
👉 barrier method (condom - သုံးတာမျိုးပေါ့) condom - သုံးခြင်းဖြင့်
- ဟော်မုန်းဒဏ်တွေ မခံရတော့ဘူး
- ကူးစက်ရောဂါတွေလည်းကာကွယ်နိုင်တာပေါ့ (ဆေးစစ်ထားကြတာမှ မဟုတ်တာ ဘယ်သူ့မှာ ဘာရှိမှန်း မသိကြပဲ)
1. HIV
2. အသည်းရောင်အသားဝါ B, C
3. ကာလသားရောဂါ
4. ဆီးပူညောင်းကျ (ဂနိုရောဂါ)
5. လိင်အင်္ဂါရေယုန်
6. သားအိမ်ခေါင်းကင်ဆာ စတာတွေကိုပါ ကာကွယ်နိုင်တာပေါ့
👉👉👉
ကျွန်တော်စာကို
- အမျိုးသမီး ကဖတ်မိရင်လည်း ကောင်လေးကို သေချာရှင်းပြပါ
- အမျိုးသားက ဖတ်မိရင်လည်း ကောင်မလေး ရဲ့ကျန်းမာရေးကို အလေးထားပါ

#ပန်းကလေးများ_အချိန်တန်မှပွင့်စေချင်ပြီး
#ပွင့်သောပန်းတိုင်းလန်းစေချင်ပါတယ်

Dr. ဘုန်းစည်သူလွင်




🔰 ကိုယ့်ကိုကိုယ် တန်ဖိုးထားပါ အမျိုးသမီးများ၊ ညီမငယ်များ

🔰 ကိုယ့်ချစ်သူ ကောင်မလေးကို တန်ဖိုးထားပါ အမျိုးကောင်းသားများ၊ မောင်ငယ်များ

🔰 ကိုယ့်ကိုကိုယ်လည်း တန်ဖိုးထားပါ အမျိုးကောင်းသားများ၊ မောင်ငယ်များ

HIV ရောဂါသည်များ ပိုမိုများလာပြီဖြစ်သောကြောင့် အမျိုးသားရော အမျိုးသမီးများပါ လွယ်လင့်တကူ အတူတူမနေသင့်ပဲ အကာအကွယ်လေးနဲ့ နေကြပါလို့ စေတနာဖြင့် အသိပေးအပ်ပါသည်။

06/08/2023

အလဲအကွဲ

31/07/2023

ange

23/05/2023
23/05/2023

အရိုးကြောက်လို့ပါ..😆

12/12/2022

ပဲခူးနယ်တွင်တာဝန်ထမ်းဆောင်ရန်ဝန်ထမ်းအလိုရှိသည်။
စားသောက်ကုန်အရောင်းဝန်ထမ်း(ကျား/မ) 1ဦး
ပညာအရည်အချင်း အထက်တန်းအောင်
လစာ ညှှိနှိုင်း
ဆက်သွယ်ရန် 09-796798681(viber)

ပဲခူးအတွက်ဝန်ထမ်းအလိုရှိသည်
08/10/2022

ပဲခူးအတွက်ဝန်ထမ်းအလိုရှိသည်

Address


Telephone

+959793666967

Website

Alerts

Be the first to know and let us send you an email when မင်းမဟော် BAGO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram