26/05/2025
Centellaလေးကို ခုမှစTryချင်တဲ့သူလေးတွေအတွက် ✌
Skin1004 ရဲ့ Centella Ampoule အဝါရောင်လေးနဲ့ Poremizing Fresh Ampoule ပန်းရောင်လေး နှစ်မျိုး Review ပြောပြမယ်နော် 💛🩷💛
Skin1004 ကို ကြိုက်တဲ့အချက်က သူ့မှာပါတဲ့ ingredients တွေက ရိုးရှင်းတယ်.. Mild ဖြစ်တယ်.. သူပြောထားတဲ့ Effect ကိုလည်း ရတယ်..
Personally အရဆို ပန်းရောင်လေးကို ပိုကြိုက်တယ်.. ရှယ်လိုချင်တဲ့ result ရတယ်လို့ ခံစားရလို့.. သူက Poremizing ဆိုတဲ့အတိုင်းပဲ ရှယ့်အတွက်တော့ ချွေးပေါက်လေးတွေကို ကျစ်ကျစ်သိပ်သိပ်လေးဖြစ်သွားစေတယ်..
Skin1004 Madagascar Centella Poremizing Fresh Ampoule 🩷
Ingredients အနေနဲ့
Centella Asiatica Extract (50.47%) ပါလို့ Soothing, Calming, Anti Inflammatory Effect ပေးနိုင်တယ်.. Healing Effect ရတယ်.. ဝက်ခြံသမားလေးတို့တွက် အဆင်ပြေတယ်..
💕 Himalayan Pink mineral salt က Pores အတွက် ထည့်ထားပေးတာ.. အရင်က ချွေးပေါက်နဲ့ ဆားဝက်ခြံအတွက်ဆို ကျွန်မက AHA/BHA ပဲ သုံးဖြစ်တာ.. သူ့မှာပါတဲ့ Pink Salt က ချွေးပေါက်အတွက် သိသာပါ့မလားလို့ ထင်ခဲ့မိတာ..
တကယ်ပါ 🥹
အဆီပြန်တာ သက်သာတဲ့အပြင် အဆီပိုတွေကြောင့် ဆားဝက်ခြံအသစ်တွေဖြစ်မလာအောင်ပါ သူကလုပ်ပေးတာ.. အရင်ကထက် ဆားဝက်ခြံထွက်တာ သိသိသာသာ သက်သာတယ်.. ရှိနေပြီးသား ဆားဝက်ခြံကိုတော့ အရှင်းပျောက်အောင်လုပ်မပေးနိုင်ဘူး..
💕 Peptides 9မျိုး, HAနဲ့ Panthenol ပါလို့ အသားကတင်းတင်းစိုစိုလေးနဲ့ Skin Elasticity ပိုကောင်းလာတယ်..
အဲ့လို pink saltကြောင့် ချွေးပေါက်လေးတွေက Clear Pores ဖြစ်သွားပြီး 9 Peptides ကြောင့်အသားတင်းတင်းလေး ဖြစ်လာတာနဲ့ တို့ရဲ့ ချွေးပေါက်လေးတွေက ကျဉ်းသယောင်ဖြစ်လာတာလို့ ရှယ်ကတော့ ထင်တယ်..
💕 Texture က serum လောက်လဲမပျစ် essence လောက်လဲ မကျဲတာမို့ အဲ့နှစ်ခုကြားက အနေအထားလို့ ပြောရမယ်.. ဖြန့်လူးလိုက်တာနဲ့ အေးအေးကျဲကျဲလေး ဖြစ်သွားတယ်.. စိမ့်ဝင်တာ အရမ်းမြန်တယ်..
ရှယ် ဒါလေးကို သုံးနေတာ တစ်လခွဲ နှစ်လဝန်းကျင်ရှိပါပြီ.. ရှယ် က Personally အရ Poremizing serum တွေကို crazyဖြစ်တာမလို့ ဒီတစ်ခုကို အရမ်းကြိုက်ပါတယ်.. 100 out of 10 ပါ ..
ဘယ်သူတွေအတွက် ပိုပြီး Recommend လုပ်မလဲဆိုတော့ ချွေးပေါက်ကျယ်တဲ့သူနဲ့ Oily Skin တွေ သုံးဖို့အတွက် ပိုပြီး Recommend လုပ်ပါတယ်ရှင်..
Skin 1004 ရဲ့ Signature Centella Ampoule 💛
Madagascan Centella Asiatica extract နဲ့ ပြုလုပ်ထားတဲ့ တကယ့် Soothing ampoule စစ်စစ်ပါ.. သူပြောထားတဲ့အတိုင်းပဲ soothing result ပဲ အဓိက ရပါတယ်..
နီတာ ရဲတာ ရောင်တာ လျော့အောင် skin irritation ရရင် သက်သာအောင် လုပ်ပေးနိုင်တယ်..
🍁 Ingredients အရမ်းရိုးရှင်းလို့ Sensitive skin နဲ့ Acne သမားတွေ သုံးလို့ရတယ်.. အပေါ်မှာပြောခဲ့သလို Soothing, Calming, Anti Inflammatory Effect နဲ့ Healing Effect ကောင်းကောင်းပေးနိုင်တယ်..
🍁 Texture က ရေလိုပဲ.. ကျဲကျဲအေးအေးလေးပါ.. ဝက်ခြံသမားတွေ ရာသီဥတုက ပူလို့ ဘာလူးလူး ချွေးတွေပြန်လာလို့ ဘာမှမတင်ထားချင်ရင် ဒါလေးသုံးပါ
ရှယ်က 100ml တစ်ဘူးကုန်ပြီးတော့ ဆက်မဝယ်ဖြစ်ပါဘူး.. soothing အတွက် တစ်ခြားProduct သုံးဖြစ်လို့ပါ..
ဘယ်သူတွေအတွက် ပိုပြီး Recommend လဲဆိုရင် Centella နဲ့တည့်ပြီး soothing care ပဲလိုချင်တာပါဆိုတဲ့ ဝက်ခြံသမားတွေ Sensitive skin တွေအတွက် ပိုပြီး recommend လုပ်ပါတယ်ရှင်..
ဒါဆို ဒီလောက်ပဲနော် ..
1st May ကစလို့ Shal's Stories ရဲ့ Readerအားလုံး ပျော်ရွှင်ခြင်းတွေ ကံကောင်းခြင်းတွေ ရရှိပါစေလို့ ရှယ်က ဆုတောင်းပေးပါတယ်နော် 💛