လင်းမေတ္တာဆေးဆိုင်

လင်းမေတ္တာဆေးဆိုင် အရည်အသွေးပြည့်မီတဲ့ ဆေးဝါးတွေကို မှန်ကန်တဲ့ဈေးနှုန်းနဲ့ ရောင်းချပေးနေတဲ့ လင်းမေတ္တာဆေးဆိုင်

ဧပြီလ၁၅၊၁၆၊၁၇(မဟာသင်္ကြန် အကြတ်နေ့၊အတက်‌နေ့၊နှစ်ဆန်းတစ်ရက်နေ့)ဆိုင်(၃)ရက် ပိတ်ပါကြောင်း လေးစားစွာဖြင့်အသိပေးအပ်ပါသည်။မိတ...
13/04/2026

ဧပြီလ၁၅၊၁၆၊၁၇
(မဟာသင်္ကြန် အကြတ်နေ့၊
အတက်‌နေ့၊နှစ်ဆန်းတစ်ရက်နေ့)
ဆိုင်(၃)ရက် ပိတ်ပါကြောင်း
လေးစားစွာဖြင့်
အသိပေးအပ်ပါသည်။

မိတ်ဟောင်း မိတ်သစ်များကို
အစဉ်လေးစားချစ်ခင်လျှက်ပါ....

နှစ်သစ်နဲ့အတူ
အကောင်းဆုံးတွေရရှိပါစေ။
အပူပင်တွေကင်းပြီး
အေးချမ်းကြပါစေနော်...


#လင်းမေတ္တာဆေးဆိုင်

0943007215
09428025999

ဖေဖေမေမေတို့ရေ...သားသားမီးမီးတို့အတွက်မှာထားတဲ့(Appeton Pastilles)Appetonဂျယ်လီအထုပ်လေးတွေရောက်ပြီနော်။လင်းမေတ္တာဆေးဆိုင...
04/04/2026

ဖေဖေမေမေတို့ရေ...
သားသားမီးမီးတို့အတွက်မှာထားတဲ့
(Appeton Pastilles)
Appetonဂျယ်လီအထုပ်လေးတွေရောက်ပြီနော်။
လင်းမေတ္တာဆေးဆိုင် ပဲခူးမြို့။
09 4280 25 999
09 4300 7215
09 8900 12 800

 စီလကမ်းဇော်လိမ်းဆေးအရည် နဲ့စီလကမ်းဇော်ပရုပ်ဆီ ရပါပြီဗျ❤️လင်းမေတ္တာဆေးဆိုင် ပဲခူးမြို့။09 4280 25 99909 4300 721509 8900...
04/04/2026


စီလကမ်းဇော်လိမ်းဆေးအရည် နဲ့
စီလကမ်းဇော်ပရုပ်ဆီ ရပါပြီဗျ❤️

လင်းမေတ္တာဆေးဆိုင် ပဲခူးမြို့။
09 4280 25 999
09 4300 7215
09 8900 12 800

21.3.2026 (စနေနေ့)ဆိုင်တစ်ရက်ပိတ်ပါကြောင်းလေးစားစွာဖြင့် အသိပေးအပ်ပါသည်။
20/03/2026

21.3.2026 (စနေနေ့)
ဆိုင်တစ်ရက်ပိတ်ပါကြောင်း
လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

သီရိမေဆေးတောင့် ရပါပြီဗျလင်းမေတ္တာဆေးဆိုင်  ပဲခူးမြို့။094280259990943007215အမှတ်(၁၆၂)၊အိုးလေးစု(၁)လမ်း၊မဇင်းရပ်ကွက်၊ပဲခ...
14/03/2026

သီရိမေဆေးတောင့် ရပါပြီဗျ
လင်းမေတ္တာဆေးဆိုင် ပဲခူးမြို့။

09428025999
0943007215
အမှတ်(၁၆၂)၊အိုးလေးစု(၁)လမ်း၊
မဇင်းရပ်ကွက်၊ပဲခူးမြို့။

25.12.2025ခရစ္စမတ်နေ့လေးမှာကျနော်တို့ဆိုင်ဘက်ကိုရောက်ခဲ့ရင်ပြက္ခဒိန်လေးတွေတောင်းယူဖို့မမေ့ပါနဲ့နော်...အားပေးမှုအတွက်အစဉ်...
24/12/2025

25.12.2025
ခရစ္စမတ်နေ့လေးမှာ
ကျနော်တို့ဆိုင်ဘက်ကိုရောက်ခဲ့ရင်
ပြက္ခဒိန်လေးတွေတောင်းယူဖို့
မမေ့ပါနဲ့နော်...
အားပေးမှုအတွက်
အစဉ်အမြဲကျေးဇူးတင်လျက်ပါ။
ကျန်းမာကြပါစေခင်ဗျ။
❤️❤️❤️❤️❤️❤️❤️❤️

17/10/2025

18.10.2025
19.10.2025
ဆိုင်နှစ်ရက်ပိတ်ပါမည်။

06/05/2025

Antacid (Antiacid)
အစာကြေလေဆေးများ...................................

♦️အစာမကြေခြင်း
♦️ရင်ပူခြင်း
♦️ရင်ပြည့်ရင်ကယ်ခြင်း
♦️ဗိုက်အောင့် ဗိုက်နာခြင်း
♦️လေထိုးလေအောင့်ခြင်း
ဆိုတဲ့ဝေဒနာမျိုးတွေက
လူတိုင်းလိုလို ခံစားရတတ်တဲ့ဝေဒနာမျိုးပါ။

ဒီလို‌တွေဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေက
🟥အလွန်အမင်းစားခြင်း
🟥မာကြောတဲ့အစာတွေစားခြင်း
🟥အစာကိုကြေညက်အောင်ဝါးမစားခြင်း
🟥စားသောက်ပြီး မကြာခင်အိပ်စက်ခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။
🟥သောက်နေ‌ရတဲ့ဆေးဝါးတွေကြာင့်
ဒါမှမဟုတ်
🟥တခြားသောကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

ဒီလိုတွေဖြစ်လာပြီဆိုရင်...
ဆရာဝန်ညွှန်ကြားစာမလိုတဲ့
Antacid(အစာခြေအက်ဆစ်ဖျက်ဆေး)လို့ခေါ်တဲ့ အစာကြေလေဆေးတွေ သောက်လိုက်ရုံနဲ့ ပြေလည်သွားကြတာများပါတယ်။

Antacidဆေးတွေမှာ အများအားဖြင့်
➡️Aluminium Hydroxide
➡️Magnesium Hydroxide နဲ့
➡️Simethicone တို့ပါဝင်ကြပါတယ်။

Simethicone ကဝမ်းဗိုက်ထဲက လေကို ပြိုကွဲစေပြီး Aluminiumနဲ့ Magnesium Hydroxide တွေက အစာခြေအက်ဆစ်ကိုလျှော့ချကာ ရင်ပူခြင်းနဲ့ ဗိုက်အောင့်ဗိုက်နာခြင်းတွေကို သက်သာစေမှာပါ။

Antacid ဆေးတွေသောက်မယ်ဆိုရင်
အစာစားပြီး ဆေးတစ်ပြားမှနှစ်ပြားကို
ဝါးစားကာ ရေတစ်ခွက်စာအပြည့်သောက်သင့်ပါတယ်။
ရေမဟုတ်တဲ့အခြားအရည်တွေနဲ့မသောက်သင့်ပါဘူး။

➡️စွဲသောက်ရတဲ့ဆေးတွေရှိနေရင်
➡️ပါဝင်ပစ္စည်းတစ်မျိုးမျိုးနဲ့ဓါတ်မတဲ့ရင်
➡️Antacid တွေသောက်ပေမဲ့ နှစ်ပတ်ကျော်အထိ မသက်သာရင်တော့
ဆရာဝန်နဲ့ပြသစစ်ဆေးအကြံဉာဏ်ရယူသင့်ပါတယ်။

ကျနော်တို့
#လင်းမေတ္တာဆေးဆိုင် မှာ
အရည်အသွေးပြည့်မီတဲ့
Antacidဆေးများကို
ဈေးနှုန်းမှန်ကန်စွာနဲ့ ဝယ်ယူနိုင်ပါတယ်နော်။

အားလုံးပဲ ဘေးဘယာတွေဝေးကွာပြီး
ရင်ပူခြင်းအပေါင်းမှ လွတ်မြောက်နိုင်ကြပါစေဗျာ။


#လင်းမေတ္တာဆေးဆိုင်

0️⃣9️⃣4️⃣2️⃣8️⃣0️⃣2️⃣5️⃣9️⃣9️⃣9️⃣
0️⃣9️⃣4️⃣3️⃣0️⃣0️⃣7️⃣2️⃣1️⃣5️⃣

30/04/2025

ညီမလေးတို့ မကြီးတို့အတွက်
အရမ်းကောင်းတဲ့ Evening Primrose Oil ရဲ့အကျိုးပြုပုံလေး နည်းနည်းပြောပြမယ်နော်..

Evening Primrose Oil က

➡️ဓမ္မတာလာခါနီးဖြစ်တတ်တဲ့
PMS(Pre Menstrual Syndrome )
ကိုသက်သာစေတယ်..

➡️သွေးမဆုံးခင် ခံစားရတတ်တဲ့
အသားပူစပ်ပူ‌လောင်ဖြစ်ခြင်း၊
အရေပြားခြောက်သွေ့ခြင်း၊
ဆံသား‌ခြာက်သွေ့ခြင်း အပါအဝင်
သွေးဆုံးအကြိုလက္ခဏာ
(Menopause Syndrome)တွေကို
သက်သာစေတယ်..

➡️ငါးကြီးဆီတို့၊Calciumတို့လိုပဲ
အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေတယ်..

➡️အသားအရေကို စိုပြေလှပစေပြီး
အရေပြားမှာဖြစ်တတ်တဲ့ နှင်းခူလိုယားနာမျိုးတွေကိုသက်သာစေဖို့ အထောက်အကူဖြစ်စေတယ်..

➡️ဝက်ခြံနဲ့ ဝက်ခြံအမာရွတ်တွေကို
လျော့ပါးသက်သာစေပါတယ်.....တဲ့

➡️ရောဂါအခံရှိသူတွေအနေနဲ့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးမှ သောက်သုံးသင့်ပါတယ်နော်..

ကျနော်တို့
#လင်းမေတ္တာဆေးဆိုင် မှာ
Evening primrose oil ပါဝင်တဲ့
ဖော်ပြပါဆေးတွေကို
ဈေးနှုန်းမှန်ကန်စွာနဲ့
ဝယ်ယူရရှိနိုင်ပါတယ်နော်..


#လင်းမေတ္တာဆေးဆိုင်
09428025999
0943007215
09760131783

ပူလောင်မှုတွေပြည့်နှက်နေပြီလား...?🌞🌞🌞🌞🌞🌞🌞🌞🌞🌞Fresh D လိမ္မော်ဓာတ်ဆားလေးအတူသောက်ကြရအောင်....ချွေးစက်လေးတွေနဲ့တူဆုံးရှုံးသွ...
28/04/2025

ပူလောင်မှုတွေပြည့်နှက်နေပြီလား...?
🌞🌞🌞🌞🌞🌞🌞🌞🌞🌞

Fresh D လိမ္မော်ဓာတ်ဆားလေး
အတူသောက်ကြရအောင်....

ချွေးစက်လေးတွေနဲ့တူ
ဆုံးရှုံးသွားတဲ့
ရေဓါတ်တွေ
Potassium ဓါတ်တွေ
Sodium ဓါတ်တွေကို
ပြန်လည်ဖြည့်တင်းပေးပြီး
ချိုမြိန်တဲ့အရသာနဲ့အတူ
နောက်တစ်နေ့အတွက်
အတူရုန်းကန်ဖို့ အားအင်သစ်တွေ
ရရှိစေမှာပါ....

ကျနော်တို့ တစ်အိမ်လုံး
တစ်ဆိုင်လုံးကတော့
Fresh D ပါပဲ...

ကျနော်တို့ လင်းမေတ္တာဆေးဆိုင် မှာ
ရေဖန်ခွက်တစ်ခွက်စာ
(200ml)ဖျော်ရတဲ့
Fresh D လိ‌မ္မော်ဓါတ်ဆားထုပ်လေးတွေကို
တစ်ထုပ်600ကျပ်နဲ့ လာရောက်ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ
♥️♥️♥️♥️♥️♥️

ဒီနွေဟာပူလောင်လွန်းလို့

▶️နေပူထဲကပြန်လာပြီးချက်ချင်းရေချိုး ခြင်းကိုရှောင်ပါ....
▶️ရေဆာရင်ရေကိုသာလုံလုံလောက်လောက်သောက်ပါ...
▶️လတ်ဆတ်တဲ့အသီးအနှံလေးတွေကို
မျှတအောင်စားပေးပါ....
▶️ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေကို
ရှောင်ပါ...
➡️လုံလောက်စွာ အိပ်စက်အနားယူပါ..

အားလုံးပဲ အမြန်ဆုံးအေးချမ်းပါစေနော်..
ကျေးဇူးပါ...


လင်းမေတ္တာဆေးဆိုင်

09428025999
0943007215
09760131783

အပူချိန်အရမ်းမြင့်တက်‌နေလို့မိတ်တွေထွက်လာပြီဆိုရင်သက်သာအောင်Calamine Lotion လိမ်း‌ပေးလို့ရတယ်နော်...🔹မိတ်ထွက်တာ သက်သာ‌စေ...
25/04/2025

အပူချိန်အရမ်းမြင့်တက်‌နေလို့
မိတ်တွေထွက်လာပြီဆိုရင်
သက်သာအောင်
Calamine Lotion
လိမ်း‌ပေးလို့ရတယ်နော်...

🔹မိတ်ထွက်တာ သက်သာ‌စေဖို့
ကိုယ့်အရေပြားလေးကို
အေးမြအောင်ဂရုစိုက်ပေး...
🔹ချွေးထွက်မများအောင်နေ...
🔹ရေကိုလုံလောက်အောင်သောက်...
🔹မိတ်တွေစူးပြီးယားယံတာ.
သက်သာအောင်
calamine lotion လိမ်းပေး....

ကျနော်တို့
#လင်းမေတ္တာဆေးဆိုင် မှာ
Calamine Lotion လေးတွေကို
ဈေးနှုန်းမှန်ကန်စွာနဲ့
လာရောက်ဝယ်ယူလို့ရတယ်နော်
🙂🙂🙂🙂🙂🙂🙂

ကျေးဇူးပါ...
အမြန်ဆုံးအေးမြနိုင်ပါစေလို့
ဆုတောင်းပေးတယ်နော်...


#လင်းမေတ္တာဆေးဆိုင်

09 428025999
09 43007515
09 760131783
09 890012800

Address

(၁၆၂)၊အိုးလေးစု(၁)လမ်း၊မဇင်းရပ်ကွက်၊
Bago

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

+95943007215

Website

Alerts

Be the first to know and let us send you an email when လင်းမေတ္တာဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to လင်းမေတ္တာဆေးဆိုင်:

Share