မဂ္ဂတစ် အထူးကုဆေးခန်း

  • Home
  • Myanmar
  • Bago
  • မဂ္ဂတစ် အထူးကုဆေးခန်း

မဂ္ဂတစ် အထူးကုဆေးခန်း A healthcare facility where patients receive medical care and treatments.

ဒေါက်တာ နှင်းလဲ့ဝေM.B.,B.S,M.Med.Sc(ORL-HNS)Consultant ORL-Head and Neck Surgeonပဲခူးပြည်သူ့ဆေးရုံကြီး"နား၊ နှာခေါင်း၊ လ...
25/02/2026

ဒေါက်တာ နှင်းလဲ့ဝေ
M.B.,B.S,M.Med.Sc(ORL-HNS)
Consultant ORL-Head and Neck Surgeon
ပဲခူးပြည်သူ့ဆေးရုံကြီး

"နား၊ နှာခေါင်း၊ လည်ချောင်းပြဿနာတွေက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်ရတာပါ။ ထိရောက်တဲ့ ကုသမှုကို ခံယူနိုင်ဖို့ ဘက်တီးရီးယားကြောင့် ဖြစ်တာလား၊ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာလားဆိုတာ သိဖို့ လိုပါတယ်။
ဗိုင်းရပ်စ်ကြောင့်က အဖြစ်များပြီး ဥပမာ ပြောရရင် အအေးမိဗိုင်းရပ်စ်လည်း ပါပါတယ်။
ဘက်တီးရီးယားကြောင့်ဖြစ်တာက ဗိုင်းရပ်စ်နဲ့ ယှဉ်ရင် အဖြစ်နည်းပေမယ့် ပိုပြီးပြင်းထန်တတ်ပါတယ်။ ဘက်တီးရီးယားကြောင့် ဖြစ်တာကိုတော့ ပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။"
ဗိုင်းရပ်စ်ရော၊ဗိုင်းရပ်စ်ရော၊ ဘက်တီးရီးယားရောက နား၊ နှာခေါင်း၊ လည်ချောင်းပြဿနာတွေကို ဖြစ်စေနိုင်ပေမယ့် လက္ခဏာတွေကတော့ ဖြစ်တဲ့နေရာပေါ် မူတည်ပါတယ်။
နားပိုးဝင်တာဆိုရင်တော့ နားကိုက်တာ၊ နားပြည်ယိုတာ၊ အကြားအာရုံ ထိခိုက်တာ၊ မတ်မတ်မရပ်နိုင်ဘဲ မူးတာတွေ ဖြစ်နိုင်ပါတယ်။
နှာခေါင်းမှာဆိုရင်တော့ နှာခေါင်းပိတ်တာ၊ နှာစေးတာ၊ နှာရည်ယိုတာနဲ့ တစ်ခါတလေ ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။
လည်ချောင်းပိုးဝင်တာဆိုရင်တော့ လည်ချောင်းနာတာ၊ လည်ချောင်းယားတာနဲ့ အစာမျိုရခက်တာတွေ ဖြစ်တတ်ပါတယ်။
နား၊ နှာခေါင်းနဲ့ လည်ချောင်းမှာ ပိုးဝင်တဲ့အခါ တစ်နေရာကနေ တစ်နေရာကို အလွယ်တကူပြန့်နိုင်တာကြောင့် လက္ခဏာပေါင်းစုံကို တစ်ချိန်တည်းမှာ ခံစားရနိုင်ပါတယ်။"အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေ ခံစားရရင် ဒါမှမဟုတ် နာတာ၊ တခြားထူးခြားတဲ့ လက္ခဏာတွေ ခံစားရရင် နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဒီလိုပဲ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါတွေကို အထွေထွေရောဂါကုဆရာဝန်နဲ့ ပြသနေရင်းကနေ မသက်သာဘူးဆိုရင်လည်း အထူးကုနဲ့ ပြောင်းပြသင့်ပါတယ်။

"မဂ္ဂတစ်အထူးကုဆေးခန်း"တွင် လူကြီးမင်းတို့၏ ကျန်းမာရေးပြဿနာ များကို ကျွမ်းကျင်သူဆရာ၀န်ကြီးများနှင့် တိုင်ပင်ဆွေးနွေး ကုသနိုင်ရန် အထူးအလေးထားဆောင်ရွက်ပေးနေပါသည်ရှင်💊🩺

"မဂ္ဂတစ်အထူးကုဆေးခန်း" မှ
ကောင်းမွန်သော၀န်ဆောင်မှု သင့်တင့်သော ဈေးနှုန်းများဖြင့် အောက်ပါတို့ကို ဆောင်ရွက်ပေးနေပါသည်ရှင်။

📣အထူးကုဆရာ၀န်ကြီးများနှင့် ပြသခြင်း။
📣အထွေထွေရောဂါကုဆရာ၀န်များနှင့်ပြသခြင်း။
📣အမေရိကန်နိုင်ငံထုတ်GEစက်အသစ် တယ်လီဗေးရှင်းဓာတ်မှန်ဖြင့် ရောဂါရှာဖွေပေးခြင်း။
(Ultrasonography)
📣သွေး/၀မ်း/ဆီး/သလိပ် ဓာတ်ခွဲစမ်းသပ်ပေးခြင်း။
📣ကာကွယ်ဆေးထိုး၀န်ဆောင်မှုပေးခြင်း။
(ရာသီတုပ်ကွေး/အသည်းရောင်ဘီပိုး/သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး)
📣Home Visit အိမ်တိုင်ရာရောက်ဆေးကုသမှုလုပ်ငန်း။

🚩ဆေးခန်းလိပ်စာ🏨
အမှတ်(၁၀၇၈)၊မဂ္ဂတစ်လမ်းနှင့် ဆိုရှယ်လစ်(၆)လမ်းထောင့်၊ပဲခူးမြို့။

-Booking တင်ရန် ဖုန်းနံပါတ်များ-
09 762821257, 09 754242650,
09 950209216

🔻ဆေးခန်းဖွင့်ချိန်-နံနက်(၇)နာရီမှ ည(၇)နာရီ။

#အထွေထွေရောဂါကုဆရာ၀န်များ

#မဂ္ဂတစ်အထူးကုဆေးခန်း

သတိပြုဖွယ် E-စီးကရက် (V**e )အန္တရာယ်
20/02/2026

သတိပြုဖွယ် E-စီးကရက် (V**e )အန္တရာယ်

မဂ္ဂတစ် အထူးကုဆေးခန်း(ပဲခူးမြို့ )တွင် တာဝန်ထမ်းဆောင်ရန် အတွက်*Nurse Aid (သူနာပြုအကူ) မ (၂) ဦး ခေါ်ယူခြင်း- - - - - - - ...
19/02/2026

မဂ္ဂတစ် အထူးကုဆေးခန်း(ပဲခူးမြို့ )တွင် တာဝန်ထမ်းဆောင်ရန် အတွက်

*Nurse Aid (သူနာပြုအကူ) မ (၂) ဦး ခေါ်ယူခြင်း
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အရည်အချင်း
- - - - - - - -
၁။ သူနာပြုအကူ လုပ်ငန်းအား အမှန်တကယ် စိတ်ဝင်စားပီး ရေရှည် လုပ်ကိုင်နိုင်သူ။

၂။ ၁၀ တန်းအောင်မြင်ပြီးသူ (သို့မဟုတ်) အခြေခံပညာအထက်တန်းအဆင့်ရှိသူဖြစ်ရမည်။

၃။ သူနာပြုအကူ သင်တန်းကျောင်းတစ်ခုခုမှ လက်မှတ်ရရှိထားသူဖြစ်ရမည်။

၃။ ဆက်ဆံရေး ပြေပြစ် ကောင်းမွန်ရမည်။

*လုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။*

လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ
- - - - - - - - - - - - - - - - - - - - - - -
*ဆေးခန်းသို့လာရောက်ပြသသော လူနာများအား
သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကိုယ်အလေးချိန် အရပ်တိုင်းတာခြင်းများ ပြုလုပ်ပေးရမည်။
*ဆရာဝန်များ အခန်းတွင် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရမည်။ ရာထူးနှင့်သက်ဆိုင်သော လိုအပ်သောနေရာများတွင် လိုအပ်သလို ဝိုင်းဝန်းဆောင်ရွက်နိုင်ရမည်။

အလုပ်ချိန်
**********
မနက်(၇)နာရီမှ ည(၇)နာရီ၊
တစ်ပါတ်လျှင် တစ်ရက် နားရက်ရမည်။

ခန့်မှန်းလစာ - ညှိနှိုင်း ( လုပ်ငန်းအတွေ့အကြုံပေါ်မူတည်၍ လစာ ပြောင်းလဲနိုင်ပါသည်။)

-အစမ်းခန့် ကာလ ၃ လ

အတည်ဝန်ထမ်းဖြစ်ပါက . . .
*အရည်အချင်းအပေါ်မူတည်၍ လစာတိုးမည်*
*ဘောနပ်စ် & ရှားပါးစာရိတ် စတင် ခံစားခွင့်ရှိသည်*
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

လျှောက်ထားလိုသူများသည် မိမိတို့၏

1.ကိုယ်ရေးရာဇ၀င်( CV form)

2.မှတ်ပုံတင် (မိတ္တူ)

3.လိုင်စင်ဓာတ်ပုံ(၂)ပုံ

4. အိမ်ထောင်စုစာရင်း(မိတ္တူ) တို့ဖြင့် ၁.၃.၂၀၂၆ရက် (တနင်္ဂနွေနေ့) နောက်ဆုံးထားပြီး
မဂ္ဂတစ်ဆေးခန်း- (မဂ္ဂတစ် လမ်းမပေါ် ဆိုရှယ်လစ် ၆ လမ်းထောင့် )သို့ လာရောက်လျှောက် ထားနိုင်ပါသည်။

၁.၃.၂၀၂၆.ရက်တနင်္ဂနွေနေ့ညနေ (၄) နာရီ နောက်ဆုံးထားပြီး လျှောက်လွှာတင်ပေးပါရန်

*interview ဖြေရမယ့်သူများကို၂.၃.၂၀၂၆(တနင်္လါနေ့ )ညနေတွင် ဖုန်းဖြင့်ပြန်လည်ဆက်သွယ်ပါမည်။*

*သိရှိလိုသည်များရှိပါက မဂ္ဂတစ်ဆေးခန်းဖုန်း( 09754242650/09762821257)သို့ မနက်၈ နာရီမှည၇နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

24/01/2026

❗️သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း

Nipah ဗိုင်းရပ်စ်ဆိုတာ တိရိစ္ဆာန်များမှ လူသို့ ကူးစက်နိုင်သော (zoonotic) ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ သစ်သီးစားလင်းနို့ အမျိုးအစားတွေဖြစ်တဲ့ (fruit bats/ flying foxes) တွေဟာ ဒီဗိုင်းရပ်စ်ရဲ့ သဘာဝ သယ်ဆောင်သူများပါ။

ဒီ Nipah ဗိုင်းရပ်စ်ကို ရိုးရိုးရှင်းရှင်း ကြိုတင်ကာကွယ်မှုတွေနဲ့တင် ကူးစက်ခံရနိုင်ခြေကို များစွာလျှော့ချနိုင်ပါတယ်။ မြန်မာနိုင်ငံမှာလက်ရှိ ဖြစ်ပွားမှု ရှိ/မရှိ မသိသေးပေမယ့် ဒီကာလမှာ အထူးသဖြင့် တောတောင်ဒေသထဲတွေမှာ နေထိုင်နေရသူတွေ၊ တောထဲ ဂူတွေထဲ စစ်ရှောင်နေရသူတွေ၊ အိန္ဒိယနိုင်ငံအတွင်း (သို့) နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသတွေမှာ နေထိုင်နေသူတွေအတွက် အချိန်နှင့်အမျှ ထွက်ပေါ်နေတဲ့သတင်း အချက်အလက်တွေကို သိထားရအောင် ရေးလိုက်ပါတယ်။....

၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင်း အိန္ဒိယနိုင်ငံ West Bengal ပြည်နယ်မှာ Nipah ကူးစက်ခံရသူ ၅ ဦး အတည်ပြုနိုင်ခဲ့ပြီး ၂၀၂၅ တုန်းကလည်း Kerala ပြည်နယ်မှာ ကူးစက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၀၁ မှ ၂၀၂၆ အထိ အိန္ဒိယမှာ Nipah ကူးစက်ခံရသူ ၁၀၀ ခန့်ရှိပြီး အဲဒီထဲမှ ထက်ဝက်ကျော် သေဆုံးခဲ့ပါတယ်တဲ့။

ဒါဆို လက်တလောမှာ ကူးစက်မှုအရေအတွက် ၁၀ ဦးအောက်ပဲ ရှိသေးတာကို ဘာလို့ အထူးတလည်ရေးလဲဆိုတော့ ဒီဗိုင်းရပ်စ်က ကူးစက်ခံရပြီဆိုရင် သေဆုံးနှုန်းက ၄၀% နဲ့ ၁၀၀% ကြားရှိလို့ပါ။ ဆိုလိုတာကတော့ ကူးစက်ခံရသူ ၁၀ ဦးရှိတယ်ဆိုရင် အဲ့ထဲမှာ ၄ ဦး ကနေ ၁၀ ဦးအထိ သေဆုံးနိုင်ခြေရှိတယ်လို့ ဆိုတာပေါ့။

လက်ရှိအချိန်မှာ ကာကွယ်ဆေးနဲ့ တိကျတဲ့ ကုသဆေးတွေ မရှိသေးတဲ့အတွက် မကူးစက်အောင် ကြိုတင်ကာကွယ်ခြင်းသာ အကောင်းဆုံး နည်းလမ်းဖြစ်လို့ ဘယ်လိုကာကွယ်ရမလဲ ကြိုသိနေရင် ကောင်းတာပေါ့။

ဘယ်လို ကူးစက်နိုင်သလဲ။

• လင်းနို့ ကိုက်စားထားသော သစ်သီးများကို မဆေးဘဲ စားခြင်း

• လင်းနို့၏ ဆီး၊ မစင် သို့မဟုတ် တံတွေး ပေကျံနေသော အစားအစာများ စားသောက်မိခြင်း

• သေချာ မသိမ်းဆည်း/ မသိုလှောင်ထားသော သောက်ရေ/ ထန်းရည်အစိမ်း (ညဘက် လင်းနို့များ လာရောက်သောက်တတ်၊ ဆီးပေါက်ချထားတတ်) ကို မကျိုဘဲ သောက်မိခြင်း

• ကူးစက်ခံထားရသော ဝက်/တိရိစ္ဆာန်များ၏ သွေး၊ တစ်သျှူး၊ ခန္ဓာကိုယ်အရည်များနှင့် ထိတွေ့ခြင်း

• ကူးစက်ခံထားရသော လူနာ၏ သွေး၊ ဆီး၊ နှာရည်၊ တံတွေး စသည်တို့နှင့် ထိတွေ့ခြင်း

• လူနာကို ပြုစုစောင့်ရှောက်ရာတွင် နှာခေါင်းစည်း၊ လက်အိပ်စတဲ့ အကာအကွယ်တွေ မပါခြင်း

ရောဂါလက္ခဏာများ

ဗိုင်းရပ်စ်ပိုးဝင်ပြီး ၄ ရက်မှ ၁၄ ရက်အတွင်း လက္ခဏာတွေ စတင်ပေါ်နိုင်ပါတယ်။

အစောပိုင်း လက္ခဏာတွေကတော့ သာမန် တုပ်ကွေး၊ ဖျားနာလက္ခဏာ (ဖျားခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ အော့အန်ခြင်း၊ လည်ချောင်းနာခြင်း) တွေနဲ့ ဆင်ပြီး

ပြင်းထန်လာရင်တော့ . . .

အသက်ရှူကျပ်ခြင်း၊ နမိုးနီးယားကဲ့သို့သော အဆုတ်ရောင် လက္ခဏာတွေပြခြင်း

ဉီးနှောက်ရောင်တဲ့ လက္ခဏာတွေဖြစ်တဲ့ တက်ခြင်း၊ သတိလစ်ခြင်း၊ အလွန်အမင်းမှိန်းနေခြင်း၊ ပုံမှန် စိတ်အခြေအနေမဟုတ်ခြင်းတို့ ဖြစ်တတ်ပါတယ်။

ဒီပြင်းထန်လက္ခဏာတွေဟာ အခြားရောဂါတွေနဲ့လည်း ဆင်တူနိုင်တာကြောင့် ဒီလက္ခဏာတွေရှိနေပြီဆိုရင် နီးစပ်ရာ ကျန်းမာရေးဌာနမှာ အမြန်ဆုံး ပြသဖို့ လိုပါတယ်။....

✅ ဆောင်ရန်၊ ❌ရှောင်ရန်

🍎 အစားအသောက်

✅ သစ်သီးများကို ရေသေချာ ဆေးပြီးမှ စားပါ။
✅ အခွံခွာနိုင်လျှင် ခွာပြီးမှ စားပါ။
✅ ရေကို ကျိုချက်ပြီးမှ သောက်ပါ။
✅ ထန်းရည်၊ ဓနိရည် စသည်တို့ကို ကျိုချက်ပြီးမှ သောက်ပါ။

❌ လင်းနို့ ကိုက်ထားသော၊ တစ်ဝက်တစ်ပျက် စားထားသော သစ်သီးများ မစားပါနှင့်
❌ မြေပေါ်ကျနေသော သစ်သီးများ မစားပါနှင့်

🧼 သန့်ရှင်းရေး

✅ လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးပါ။ (အထူးသဖြင့် အစာ မစားမီ။ တိရိစ္ဆာန်များနဲ့ ထိတွေ့ပြီးနောက်)
✅ တိရိစ္ဆာန်များကိုင်တွယ်ချိန်၊ ခြံများကို သန့်ရှင်းရေးလုပ်ချိန်တွင် အကာအကွယ် အဝတ်အစား၊ လက်အိတ်၊ ဖိနပ်တို့ ဝတ်ဆင်ပါ။
✅ ကူးစက်ခံရတယ်လို့ သံသယရှိသူတွေကို ပြုစုရာတွင် နှာခေါင်းစည်း၊ လက်အိတ် သုံးပါ။

❌ လူနာရဲ့ သွေး၊ ဆီး၊ အန်ဖတ် စသည်တို့နဲ့ တိုက်ရိုက် မထိတွေ့ပါနဲ့။

📢 အခြား အရေးကြီးတဲ့အချက်များ

✅ တိရိစ္ဆာန်အစာများကို လင်းနို့များ မရောက်နိုင်သော နေရာများတွင် သိမ်းဆည်းပါ။

✅ ထန်းရည်ခံသော အိုးများ၊ ရေတွင်းများ၊ ရေသိုလှောင်သော နေရာများကို လင်းနို့များ မဝင်ရောက်နိုင်အောင် ဖုံးအုပ်ထားပါ။

❌🦇 လင်းနို့များနှင့် မထိတွေ့ပါနဲ့။

❌ စွန့်ပစ်ထားသော အိမ်များ၊ တွင်းများ၊ ဂူများ၊ လင်းနို့ဆွဲသောနေရာများသို့ မသွားပါနဲ့။

❌ လင်းနို့များ စုဝေးနေထိုင်ရာ သစ်ပင်များအောက်မှာ မအိပ်ပါနဲ့၊ အစားအစာ မထားပါနဲ့။

❌ ဖျားနေသော သို့မဟုတ် သေဆုံးနေသော တိရိစ္ဆာန်များကို လက်ဗလာဖြင့် မကိုင်ပါနဲ့။

🩺 ဗိုင်းရပ်စ်အသစ်ဆိုပြီး ကြောက်လန့်ဖို့ မဟုတ်ဘဲ သတိထားပြီး ကြိုတင်ကာကွယ်နိုင်ဖို့ အတွက်ပါ.... ။

ချစ်ခြင်းများစွာဖြင့်
ဒေါက်တာဇုန်တူး

"မဂ္ဂတစ်" အထူးကုဆေးခန်း(ပဲခူးမြို့ )တွင် တာဝန်ထမ်းဆောင်ရန် အတွက် *Security လုံခြုံရေးဝန်ထမ်း  ကျား (၂) ဦး ခေါ်ယူခြင်း- -...
05/01/2026

"မဂ္ဂတစ်" အထူးကုဆေးခန်း(ပဲခူးမြို့ )တွင်

တာဝန်ထမ်းဆောင်ရန် အတွက်

*Security လုံခြုံရေးဝန်ထမ်း ကျား (၂) ဦး
ခေါ်ယူခြင်း
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အရည်အချင်း
- - - - - - - - -
၁။ အသင်းအဖွဲ့နှင့် အဆင်ပြေစွာ အလုပ်လုပ်နိုင်သူ ဖြစ်ရမည်။

၂။ လူနာများကို ချိုသာပြေပြစ်စွာ ပြောဆို ဆက်ဆံနိုင်ရမည်။

*လုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။*

လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ
- - - - - - - - - - - - - - - - - - - - - - -
*လူနာများ ၏ ကား/ဆိုင်ကယ်များ အား
ကြည့်ရှူ့စောင့်ရှောက် ပေးရန်

*ဆရာဝန်ကြီးများ ၏ ကား များ
အဆင်ပြေ ချောမွေ့စွာ ရပ်နားနိုင်ရန် စီစဥ်ပေးရန်

အလုပ်ချိန်
**********
မနက်(၇)နာရီမှ ည(၇)နာရီ၊
တစ်ပါတ်လျှင် တစ်ရက် နားရက်ရမည်။

ခန့်မှန်းလစာ - ညှိနှိုင်း ( လုပ်ငန်းအတွေ့အကြုံပေါ်မူတည်၍ လစာ ပြောင်းလဲနိုင်ပါသည်။)

-အစမ်းခန့် ကာလ ၃ လ

အတည်ဝန်ထမ်းဖြစ်ပါက . . .
*အရည်အချင်းအပေါ်မူတည်၍ လစာတိုးမည်*
*ဘောနပ်စ် & ရှားပါးစာရိတ် စတင် ခံစားခွင့်ရှိသည်*
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

လျှောက်ထားလိုသူများသည် မိမိတို့၏

1.ကိုယ်ရေးရာဇ၀င်( CV form)

2.မှတ်ပုံတင် (မိတ္တူ)

3.လိုင်စင်ဓာတ်ပုံ(၂)ပုံ

4. အိမ်ထောင်စုစာရင်း(မိတ္တူ) တို့ဖြင့် ၁၀.၁.၂၀၂၆ရက်နေ့နောက်ဆုံးထားပြီး
မဂ္ဂတစ်ဆေးခန်း- (မဂ္ဂတစ် လမ်းမပေါ် ဆိုရှယ်လစ် ၆ လမ်းထောင့် )သို့ လာရောက်လျှောက် ထားနိုင်ပါသည်။

၁၀.၁.၂၀၂၆(စနေညနေ (၄) နာရီ နောက်ဆုံးထားပြီး လျှောက်လွှာတင်ပေးပါရန်

*interview ဖြေရမယ့်သူများကို ၁၁.၁.၂၀၂၆တနင်္ဂနွေနေ့ ညနေတွင် ဖုန်းဖြင့်ပြန်လည်ဆက်သွယ်ပါမည်။*

*သိရှိလိုသည်များရှိပါက မဂ္ဂတစ်ဆေးခန်းဖုန်း( 09754242650/09762821257)သို့ မနက်၈ နာရီမှည၇နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မဂ္ဂတစ် အထူးကုဆေးခန်း(ပဲခူးမြို့ )တွင် တာဝန်ထမ်းဆောင်ရန် အတွက်*Pharmacist aid  မ (၂)ဦး ခေါ်ယူခြင်း- - - - - - - - - - - ...
05/01/2026

မဂ္ဂတစ် အထူးကုဆေးခန်း(ပဲခူးမြို့ )တွင် တာဝန်ထမ်းဆောင်ရန် အတွက်

*Pharmacist aid မ (၂)ဦး ခေါ်ယူခြင်း
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အရည်အချင်း
- - - - - - - - -
၁။ အသင်းအဖွဲ့နှင့် အဆင်ပြေစွာ အလုပ်လုပ်နိုင်သူ ဖြစ်ရမည်။

၂။ လူနာများကို ချိုသာပြေပြစ်စွာ ပြောဆို ဆက်ဆံနိုင်ရမည်။

၃။ဆေးဆိုင်/ဆေးခန်းများတွင် လုပ်ဖူးသော အတွေ့အကြုံရှိသူ (သို့မဟုတ်) ဆေးဝါးသင်တန်းကျောင်း တစ်ခုခုမှ သင်တန်းဆင်းလက်မှတ် ရရှိထားသူဖြစ်ရမည်။

*ဆေးဆိုင်/ဆေးခန်းတွင်လုပ်ကိုင်ဖူးသူကိုဦးစားပေးမည်။*

လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ
- - - - - - - - - - - - - - - - - - - - - - -
ဆေးကောင်တာတွင် လူနာများအား ဆရာဝန်များညွှန်ကြားထားသည့်ဆေးများကို သောက်ပုံ သောက်နည်း ညွှန်ပေးခြင်း ဆေးရောင်းပေးခြင်းများ ပြုလုပ်ရမည်။ ရာထူးနှင့်သက်ဆိုင်သည့် လိုအပ်သောနေရာများတွင် လိုအပ်သလို ဝိုင်းဝန်းဆောင်ရွက်နိုင်ရမည်။

အလုပ်ချိန်
**********
မနက်(၇)နာရီမှ ည(၇)နာရီ။

ခန့်မှန်းလစာ - ညှိနှိုင်း ( လုပ်ငန်းအတွေ့အကြုံပေါ်မူတည်၍ လစာ ပြောင်းလဲနိုင်ပါသည်။)

-အစမ်းခန့် ကာလ ၃ လ
-အတည်ဝန်ထမ်းဖြစ်ပါက ဘောနပ်စ် စတင် ခံစားခွင့်ရှိသည်
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

လျှောက်ထားလိုသူများသည် မိမိတို့၏

1.ကိုယ်ရေးရာဇ၀င်( CV form)

2.မှတ်ပုံတင် (မိတ္တူ)

3.လိုင်စင်ဓာတ်ပုံ(၂)ပုံ

4. အိမ်ထောင်စုစာရင်း(မိတ္တူ) တို့ဖြင့် ၁၀.၁.၂၀၂၆(စနေနေ့) နောက်ဆုံးထားပြီး
မဂ္ဂတစ်ဆေးခန်း- (မဂ္ဂတစ် လမ်းမပေါ် ဆိုရှယ်လစ် ၆ လမ်းထောင့် )သို့ လာရောက်လျှောက် ထားနိုင်ပါသည်။

၁၀.၁.၂၀၂၆(စနေနေ့) ညနေ (၄) နာရီ နောက်ဆုံးထားပြီး လျှောက်လွှာတင်ပေးပါရန်

*interview ဖြေရမယ့်သူများကို ၁၁.၁.၂၀၂၆(တနင်္ဂနွေ) ညနေတွင် ဖုန်းဖြင့်ပြန်လည်ဆက်သွယ်ပါမည်။*

*သိရှိလိုသည်များရှိပါက မဂ္ဂတစ်ဆေးခန်းဖုန်း( 09754242650/09762821257)သို့ မနက်၈ နာရီမှည၇နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

26/12/2025

ဆေးခန်းပိတ်ရက် ကြေငြာခြင်း

၂၈-၁၂-၂၀၂၅ တနင်္ဂနွေ နေ့တွင် ဆေးခန်းနေ့တစ်ဝက် ပိတ်ပါမည်
နေ့လည် ၁၂နာရီမှစ၍ ဆေးခန်းပြန်ဖွင့်ပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

"ဆောင်းရာသီနဲ့ အစာအိမ်နာရောဂါ"                                     အစာအိမ်ပိုး (H. pylori) ကုသရာမှာ ဆေးကို ရက်ပြည့် အကုန...
21/12/2025

"ဆောင်းရာသီနဲ့ အစာအိမ်နာရောဂါ" အစာအိမ်ပိုး (H. pylori) ကုသရာမှာ ဆေးကို ရက်ပြည့် အကုန်မသောက်မိဘူးဆိုရင် အောက်ပါပြဿနာတွေ ဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်တဲ့ ဆိုးကျိုးများ:

1. ပိုးမသေဘဲ ကျန်နေခြင်း (Treatment Failure): ဆေးရောဂါပိုးကို လုံးဝမသတ်နိုင်တော့ဘဲ ရောဂါလက္ခဏာတွေ (ဗိုက်အောင့်၊ ရင်ပူ) ပြန်ဖြစ်လာနိုင်ပါတယ်။

2. ဆေးယဉ်ပါးမှု ဖြစ်လာခြင်း (Antibiotic Resistance): သောက်တဲ့ဆေး (အထူးသဖြင့် ပဋိဇီဝဆေး) တွေကို ပိုးက ခံနိုင်ရည်ရှိလာပြီး နောက်တစ်ခါပြန်ကုတဲ့အခါ ထိရောက်မှုနည်းသွားနိုင်ပါတယ်။ ဒါဟာ အလွန်အရေးကြီးတဲ့ ပြဿနာဖြစ်ပါတယ်။

3. ရောဂါဆက်လက်ရှိနေခြင်း: အစာအိမ်အနာ ပိုဆိုးလာခြင်း၊ သွေးယိုခြင်း စတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဆက်ဖြစ်နိုင်ခြေရှိပါတယ်။

4. အစာအိမ်ကင်ဆာ အန္တရာယ်: နာတာရှည် H. pylori ပိုးဝင်ခြင်းဟာ အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။
5.အတူနေအိမ်သားတွေကိုပိုးကူးစက်နိုင်ပါတယ်။

ဘာဆက်လုပ်သင့်သလဲ?

1. မိမိသဘောနဲ့မိမိ ဆေးပြန်မစသောက်ပါနှင့်: ဆေးကို ဘယ်လောက်ကြာကြာ ဘယ်လိုသောက်ရမယ်ဆိုတာ ဆရာဝန်က ပြန်ညွှန်ကြားဖို့ လိုပါတယ်။

2. ကုသပေးနေသော ဆရာဝန်ကို အမြန်ဆုံးပြန်ပြပါ: ဆေးဘာကြောင့် ဆက်မသောက်ဖြစ်တာလဲ (မေ့တာ၊ ဘေးထွက်ဆိုးကျိုးကြောင့်၊ စသည်) ကို ပွင့်ပွင့်လင်းလင်းပြောပြပါ။

3. ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာပါ: ဆရာဝန်က အခြေအနေကို ဆန်းစစ်ပြီး အောက်ပါတစ်ခုခု ညွှန်ကြားနိုင်ပါတယ်။

· ဆေးကုသမှုကို နောက်ထပ် ကုသရက် (ဥပမာ - ၁၄ရက်) ပြန်စခိုင်းခြင်း။

· ဆေးအမျိုးအစား ပြောင်းပေးခြင်း

(ဆေးယဉ်ပါးမှုကို ရှောင်ရှားရန်)။
· ပိုးရှိ မရှိ ပြန်လည်စစ်ဆေးခိုင်းခြင်း (ဥပမာ - အသက်ရှူထုတ်လိုက်သော လေစစ်ဆေးခြင်း၊ အစာအိမ်မှန်ပြောင်းကြည့်ခြင်း)။

4. နောက်တစ်ကြိမ် ဆေးကုသမှုခံယူရင်:
· ဆေးသောက်ရမယ့် အချိန်ဇယားကို မှတ်သားထားပါ (ဖုန်း Alarm ထုတ်ခြင်း)။
· ဆရာဝန်ညွှန်ကြားတဲ့ ဆေးအားလုံးကို သတ်မှတ်ရက်အတိုင်း မပျက်မကွက် သောက်ပါ။
· ဘေးထွက်ဆိုးကျိုး ခံစားရင် ဆရာဝန်ကို အကြောင်းကြားပါ။
· ကုသမှုပြီးဆုံးပါက ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပိုးပျောက်/မပျောက် ပြန်စစ်ဆေးပါ။

အရေးကြီးသော အကြံပြုချက်: H. pylori ပိုးကုသမှုဟာ ပိုးကို အပြီးအပိုင် သတ်ပစ်ဖို့နဲ့ ဆေးယဉ်ပါးမှုကို တားဆီးဖို့ ဆေးကို သတ်မှတ်ရက်အတိုင်း အပြည့်အဝသောက်ရပါတယ်။ ကုသမှုမပြည့်စုံရင် နောက်ပိုင်းကုသရတာ ပိုခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ နည်းလမ်းကို ဆက်လက်လုပ်ဆောင်ပါ။
Prof Thein Myint (GI)

01/12/2025

မဂ္ဂတစ် အထူးကုဆေးခန်း(ပဲခူးမြို့ )တွင် တာဝန်ထမ်းဆောင်ရန် အတွက်

*Pharmacist aid မ (၂)ဦး
*Nurse aid မ(၂) ဦး
*Cashier မ(၁)ဦး ခေါ်ယူခြင်း
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

*Pharmacist aid
အရည်အချင်း
- - - - - - - - -
၁။ အသင်းအဖွဲ့နှင့် အဆင်ပြေစွာ အလုပ်လုပ်နိုင်သူ ဖြစ်ရမည်။

၂။ လူနာများကို ချိုသာပြေပြစ်စွာ ပြောဆို ဆက်ဆံနိုင်ရမည်။

၃။ဆေးဆိုင်/ဆေးခန်းများတွင် လုပ်ဖူးသော အတွေ့အကြုံရှိသူ (သို့မဟုတ်) ဆေးဝါးသင်တန်းကျောင်း တစ်ခုခုမှ သင်တန်းဆင်းလက်မှတ် ရရှိထားသူဖြစ်ရမည်။

*ဆေးဆိုင်/ဆေးခန်းတွင်လုပ်ကိုင်ဖူးသူကိုဦးစားပေးမည်။*

လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ
- - - - - - - - - - - - - - - - - - - - - - -
ဆေးကောင်တာတွင် လူနာများအား ဆရာဝန်များညွှန်ကြားထားသည့်ဆေးများကို သောက်ပုံ သောက်နည်း ညွှန်ပေးခြင်း ဆေးရောင်းပေးခြင်းများ ပြုလုပ်ရမည်။ ရာထူးနှင့်သက်ဆိုင်သည့် လိုအပ်သောနေရာများတွင် လိုအပ်သလို ဝိုင်းဝန်းဆောင်ရွက်နိုင်ရမည်။

*Nurse Aid
အရည်အချင်း
- - - - - - - -
၁။ သူနာပြုအကူ လုပ်ငန်းအား အမှန်တကယ် စိတ်ဝင်စားပီး ရေရှည် လုပ်ကိုင်နိုင်သူ။

၂။ ၁၀ တန်းအောင်မြင်ပြီးသူ (သို့မဟုတ်) အခြေခံပညာအထက်တန်းအဆင့်ရှိသူဖြစ်ရမည်။

၃။ သူနာပြုအကူ သင်တန်းကျောင်းတစ်ခုခုမှ လက်မှတ်ရရှိထားသူဖြစ်ရမည်။

၃။ ဆက်ဆံရေး ပြေပြစ် ကောင်းမွန်ရမည်။

*လုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။*

လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ
- - - - - - - - - - - - - - - - - - - - - - -
*ဆေးခန်းသို့လာရောက်ပြသသော လူနာများအား
သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကိုယ်အလေးချိန် အရပ်တိုင်းတာခြင်းများ ပြုလုပ်ပေးရမည်။
*ဆရာဝန်များ အခန်းတွင် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရမည်။ ရာထူးနှင့်သက်ဆိုင်သော လိုအပ်သောနေရာများတွင် လိုအပ်သလို ဝိုင်းဝန်းဆောင်ရွက်နိုင်ရမည်။

*Cashier
အရည်အချင်း
- - - - - - - -
၁။ Computer basic အခြေခံပိုင်နိုင်ပြီး စိတ်ပါဝင်စားစွာလုပ်ကိုင်နိုင်သူ ဖြစ်ရမည်။

၂။ ၁၀ တန်းအောင်မြင်ပြီးသူ (သို့မဟုတ်) အခြေခံပညာအထက်တန်းအဆင့်ရှိသူဖြစ်ရမည်။

၃။ ကွန်ပြူတာ သင်တန်းကျောင်းတစ်ခုခုမှ လက်မှတ်ရရှိထားသူဖြစ်ရမည်။

၃။ ဆက်ဆံရေး ပြေပြစ် ကောင်းမွန်ရမည်။

*လုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။*

လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ
- - - - - - - - - - - - - - - - - - - - - - -
*ဘောင်ချာကိုsoftware အသုံးပြု၍ ဖြတ်ရမည်။
ဝယ်စာရင်းများ/stockများ computerထဲ ထည့်သွင်းရမည်။*

အလုပ်ချိန်
**********
မနက်(၇)နာရီမှ ည(၇)နာရီ။

ခန့်မှန်းလစာ - ညှိနှိုင်း ( လုပ်ငန်းအတွေ့အကြုံပေါ်မူတည်၍ လစာ ပြောင်းလဲနိုင်ပါသည်။)

-အစမ်းခန့် ကာလ ၃ လ
-အတည်ဝန်ထမ်းဖြစ်ပါက ဘောနပ်စ် စတင် ခံစားခွင့်ရှိသည်
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

လျှောက်ထားလိုသူများသည် မိမိတို့၏

1.ကိုယ်ရေးရာဇ၀င်( CV form)

2.မှတ်ပုံတင် (မိတ္တူ)

3.လိုင်စင်ဓာတ်ပုံ(၂)ပုံ

4. အိမ်ထောင်စုစာရင်း(မိတ္တူ) တို့ဖြင့် ၁၄.၁၂.၂၀၂၅(တနင်္ဂ​နွေနေ့) နောက်ဆုံးထားပြီး
မဂ္ဂတစ်ဆေးခန်း- (မဂ္ဂတစ် လမ်းမပေါ် ဆိုရှယ်လစ် ၆ လမ်းထောင့် )သို့ လာရောက်လျှောက် ထားနိုင်ပါသည်။

၁၄.၁၂.၂၀၂၅(တနင်္ဂနွေနေ့) ညနေ (၄) နာရီ နောက်ဆုံးထားပြီး လျှောက်လွှာတင်ပေးပါရန်

*interview ဖြေရမယ့်သူများကို ၁၅.၁၂.၂၀၂၅(တနင်္လါနေ့) ညနေတွင် ဖုန်းဖြင့်ပြန်လည်ဆက်သွယ်ပါမည်။*

*သိရှိလိုသည်များရှိပါက မဂ္ဂတစ်ဆေးခန်းဖုန်း( 09754242650/09762821257)သို့ မနက်၈ နာရီမှည၇နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မင်္ဂလာပါသီတင်းကျွတ်လပြည့်နေ့ ၆.၁၀.၂၀၂၅ တနင်္လာနေ့ တွင် မဂ္ဂတစ်အထူးကုဆေးခန်း (၁)ရက်ပိတ်မည်ဖြစ်ကြောင်းအသိပေးအပ်ပါတယ်...ပျ...
01/10/2025

မင်္ဂလာပါ
သီတင်းကျွတ်လပြည့်နေ့ ၆.၁၀.၂၀၂၅ တနင်္လာနေ့ တွင် မဂ္ဂတစ်အထူးကုဆေးခန်း (၁)ရက်ပိတ်မည်ဖြစ်ကြောင်းအသိပေးအပ်ပါတယ်...
ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယလေး ဖြစ်ကြပါစေ...🙏🙏🙏

Credit;Dr.TheinMyint (GI) ( #ပါးစပ်ခြောက်ခြင်းအာခေါင်ခြောက်ခြင်း)Dry mouth (ပါးစပ်ခြောက်ခြင်း) ကို ဆေးပညာအရ xerostomia (...
31/08/2025

Credit;Dr.TheinMyint (GI)
( #ပါးစပ်ခြောက်ခြင်းအာခေါင်ခြောက်ခြင်း)
Dry mouth (ပါးစပ်ခြောက်ခြင်း) ကို ဆေးပညာအရ xerostomia (ဇီရိုစတိုမီးယား) လို့ ခေါ်ပါတယ်။ ဒါဟာ ပါးစပ်ထဲမှာ တံတွေး (saliva) ထုတ်လုပ်မှု လုံလောက်စွာ မရှိတဲ့ အခြေအနေကို ဆိုလိုပါတယ်။ တံတွေးဟာ ပါးစပ်ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ တံတွေးက အစာကို ဝါးဖို့၊ မျိုဖို့ ကူညီပေးရုံသာမက သွားပိုးစားခြင်း၊ သွားဖုံးရောဂါနဲ့ တခြားပါးစပ်ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးပါတယ်။

#အဓိကလက္ခဏာများ (Main Symptoms)
ပါးစပ်ခြောက်တဲ့အခါမှာ အောက်ပါ လက္ခဏာတွေ ခံစားရနိုင်ပါတယ်-
* ပါးစပ်ခြောက်ပြီး ကပ်နေသလို ခံစားရခြင်း။
* တံတွေးက ပျစ်ပြီး အမြှုပ်ထနေခြင်း။
* လျှာ၊ နှုတ်ခမ်းနဲ့ လည်ချောင်းတွေ ခြောက်သွေ့ခြင်း။
* အရသာခံနိုင်စွမ်း လျော့နည်းခြင်း သို့မဟုတ် အာခေါင်ထဲမှာ သတ္တုအရသာမျိုး ခံစားရခြင်း။
* အစာမျိုရခက်ခြင်း၊ စကားပြောရ ခက်ခြင်း။
* အသက်ရှုတဲ့အခါ အနံ့ဆိုးထွက်ခြင်း (မကြာခဏဖြစ်တတ်သည်)။
* သွားပိုးစားခြင်း သို့မဟုတ် သွားဖုံးရောင်ရမ်းခြင်းတို့ ပိုမိုဖြစ်ပွားခြင်း။
* နှုတ်ခမ်းထောင့်တွေ ကွဲအက်ခြင်း၊ နှုတ်ခမ်းတွေ ခြောက်သွေ့ခြင်း။

#အဓိကအကြောင်းအရင်းများ (Main Causes of Dry Mouth)
ပါးစပ်ခြောက်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေကတော့-

၁။ #ဆေးဝါးများ (Medications)
ဆေးဝါးပေါင်း ၄၀၀ ကျော်ဟာ ပါးစပ်ခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဖြစ်အများဆုံး ဆေးဝါးအုပ်စုတွေကတော့-
* စိတ်ကျရောဂါ ကုသဆေး (Antidepressants)
* သွေးတိုးကျဆေး (Antihypertensives)
* ဓါတ်မတည့်ခြင်းအတွက် သုံးတဲ့ ဆေးများ (Antihistamines)
* နာကျင်မှု သက်သာဆေးများ (Pain medications)
* ဆီးသွားစေတဲ့ ဆေးများ (Diuretics)
၂။ #ရောဂါအခြေအနေများ (Medical Conditions)
တချို့သော နာတာရှည်ရောဂါတွေကလည်း ပါးစပ်ခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
* Sjogren's Syndrome (ရှိုးဂရင်း ဆင်ဒရုမ်း)- ကိုယ်ခံအားစနစ်က တံတွေးဂလင်းနဲ့ မျက်ရည်ဂလင်းတွေကို တိုက်ခိုက်တဲ့ ရောဂါ။
* ဆီးချိုရောဂါ (Diabetes)- သွေးတွင်းသကြားဓါတ် မြင့်မားနေခြင်းကြောင့် ဖြစ်နိုင်ပါတယ်။
* HIV/AIDS (အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်)- ရောဂါကိုယ်တိုင် သို့မဟုတ် ရောဂါကုသတဲ့ ဆေးတွေကြောင့် ဖြစ်နိုင်ပါတယ်။
* Alheimer's disease (အယ်လ်ဇိုင်းမား)- ရောဂါရဲ့ လက္ခဏာတစ်ခုအနေနဲ့ ဖြစ်နိုင်ပါတယ်။
၃။ #ကင်ဆာကုသမှုများ (Cancer Treatments)
* ဓါတ်ရောင်ခြည်ကုသမှု (Radiation therapy)- ခေါင်း၊ လည်ပင်းနဲ့ လည်ပင်းကင်ဆာတွေအတွက် ဓါတ်ရောင်ခြည်နဲ့ ကုသတဲ့အခါ တံတွေးဂလင်းတွေ ပျက်စီးသွားနိုင်ပါတယ်။
* ကင်ဆာဆေးသွင်းကုသမှု (Chemotherapy)- ကင်ဆာဆေးသွင်းတဲ့အခါမှာလည်း ဘေးထွက်ဆိုးကျိုးအနေနဲ့ ပါးစပ်ခြောက်တတ်ပါတယ်။
၄။ #နေထိုင်မှုပုံစံ (Lifestyle)
* ရေဓါတ်ခမ်းခြောက်ခြင်း (Dehydration)- ရေအလုံအလောက် မသောက်တဲ့အခါ ဖြစ်တတ်ပါတယ်။
* ဆေးလိပ်သောက်ခြင်း (Smoking)- ဆေးလိပ်သောက်ခြင်းက ပါးစပ်အတွင်းပိုင်းကို ခြောက်သွေ့စေပြီး တံတွေးထွက်နှုန်းကို လျှော့ချပါတယ်။
* အရက်သောက်ခြင်း (Alcohol consumption)- အရက်ကလည်း ရေဓါတ်ကို လျော့နည်းစေပါတယ်။
* အသက်ကြီးလာခြင်း (Aging)- အသက်ကြီးလာတဲ့အခါ တံတွေးဂလင်းတွေ အားနည်းလာတတ်ပါတယ်။ ဒါ့အပြင် အသက်ကြီးသူတွေဟာ ဆေးဝါးများစွာ သောက်သုံးရတာကြောင့်လည်း ဖြစ်တတ်ပါတယ်။
ဘာကြောင့် ပါးစပ်ခြောက်တာကို ဂရုစိုက်ရတာလဲ (Why Care About Dry Mouth?)
ပါးစပ်ခြောက်တာကို ပေါ့ပေါ့ဆဆ မထားသင့်ပါဘူး။ ရေရှည်မှာ အောက်ပါ ဆိုးကျိုးတွေ ဖြစ်စေနိုင်လို့ပါ။
* သွားပိုးစားခြင်း (Tooth decay)
* သွားဖုံးရောဂါ (Gum disease)
* သွားအပြည့်အစုံ ဆုံးရှုံးသွားခြင်း (Tooth loss)
* ပါးစပ်အတွင်းပိုးဝင်ခြင်း (Oral infections)
* အစာစားရ၊ အိပ်ရ ခက်ခဲခြင်း

#ကုသမှုနှင့်ကာကွယ်ခြင်း (Treatment and Prevention)
ပါးစပ်ခြောက်ခြင်းကို ကုသဖို့နဲ့ ကာကွယ်ဖို့အတွက် အောက်ပါ နည်းလမ်းတွေကို လိုက်နာနိုင်ပါတယ်။
* ရေပုံမှန်သောက်ပါ (Drink water regularly)- တစ်နေ့တာလုံး ရေကို အနည်းငယ်စီ မကြာခဏ သောက်ပေးပါ။
* ဆေးဝါးကို ပြန်ညှိပါ (Adjust medication)- ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်နေတဲ့ဆေးကို ပြောင်းလဲနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းပါ။
* တံတွေးအတု အသုံးပြုပါ (Use artificial saliva)- ပါးစပ်ခြောက်ခြင်းအတွက် သီးသန့်ထုတ်ထားတဲ့ တံတွေးအတု (Oral moisturizers)၊ ပါးစပ်အတွင်းပိုင်း စိုစွတ်စေတဲ့ Gel တွေ သုံးနိုင်ပါတယ်။
* သကြားမပါတဲ့ သကြားလုံး သို့မဟုတ် ပီကေ ဝါးပါ (Chew sugar-free gum or candy)- ဒါတွေက တံတွေးထွက်နှုန်းကို လှုံ့ဆော်ပေးနိုင်ပါတယ်။
* အရက်၊ ကဖိန်းဓာတ်နဲ့ ဆေးလိပ်ရှောင်ပါ (Avoid alcohol, caffeine, and smoking)- ဒီအရာတွေက ပါးစပ်ကို ပိုမိုခြောက်သွေ့စေပါတယ်။
* လေထုကို စိုစွတ်အောင်ထားပါ (Use a humidifier)- အထူးသဖြင့် ညဘက်မှာ လေထုကို စိုစွတ်စေတဲ့ စက် (Humidifier) ကို အသုံးပြုပါ။
* သွားတိုက်ဆေးကို သတိထားပါ (Be mindful of toothpaste)- Lauryl sulfate ပါဝင်တဲ့ သွားတိုက်ဆေးကို ရှောင်ပါ။ SLS က ပါးစပ်အတွင်းပိုင်းကို ခြောက်သွေ့စေနိုင်ပါတယ်။
* သွားဆရာဝန်နဲ့ ပုံမှန်ပြသပါ (Visit your dentist regularly)- ပါးစပ်ခြောက်တဲ့ လက္ခဏာခံစားရရင် သွားဆရာဝန်ကို ပြောပြပြီး သင့်တော်တဲ့ အကြံဉာဏ်နဲ့ ကုသမှု ခံယူပါ။
ပါးစပ်ခြောက်ခြင်းဟာ ရေရှည်အတွက် ပါးစပ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက်
လျစ်လျူမရှုဘဲ သေချာဂရုစိုက်သင့်ပါတယ်။

Chikungunya (ဆင်တုပ်ကွေးရောဂါ)ဆင်တုပ်ကွေးရောဂါသည် ဆင်တုပ်ကွေးဗိုင်းရပ်စ်ပိုး (Chikungunya virus) ကြောင့် ဖြစ်ပွါးသည်။ခြင...
14/08/2025

Chikungunya (ဆင်တုပ်ကွေးရောဂါ)

ဆင်တုပ်ကွေးရောဂါသည် ဆင်တုပ်ကွေးဗိုင်းရပ်စ်ပိုး (Chikungunya virus) ကြောင့် ဖြစ်ပွါးသည်။

ခြင်ကိုက်ခံရပြီး (၂)ရက် မှ (၇)ရက်အတွင်း လက္ခဏာများ စတင်ပေါ်လာလေ့ရှိသည်။ အဖြစ်များသော လက္ခဏာများမှာ_

အဖျားကြီးခြင်း
အဆစ်အမြစ်များ အလွန်ကိုက်ခဲခြင်း
ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
ခေါင်းကိုက်ခြင်း
နုံးချည့်ခြင်း
အရေပြားတွင် အနီကွက်ထခြင်း
ပျို့အန်ခြင်း စသည်တို့ဖြစ်သည်။
ဆင်တုပ်ကွေးရောဂါ၊ သွေးလွန်တုပ်ကွေးနှင့် ဇီကာအဖျားရောဂါတို့သည် အေးဒီးစ်ခြင်ကျားမျိုးစိတ် အကိုက်ခံရခြင်းကြောင့်ဖြစ်ကြပြီး ရောဂါလက္ခဏာအချို့ ဆင်တူကြသည်။

များသောအားဖြင့် နောက်ဆက်တွဲပြဿနာများ မခံစားရတတ်ပါ။ အဖြစ်အများဆုံး နောက်ဆက်တွဲ ပြဿနာမှာ နာတာရှည် အဆစ်ရောင်၊ အဆစ်နာခြင်းဖြစ်သည်။ တချို့တွင် ဆင်တုပ်ကွေးရောဂါ အဖျားပျောက်ပြီး လပေါင်း၊ နှစ်ပေါင်းများစွာကြာအောင် ခန္ဓာကိုယ်အဆစ်များ နာကျင်ခံစားရနိုင်သည်။ မွေးကင်းစကလေးများ၊ အသက် (၆၅) နှစ်အထက် လူကြီးများနှင့် သွေးတိုး၊ ဆီးချိုနှင့် နှလုံးရောဂါအခံရှိသူများတွင် ပို၍ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သည်။
အတွေ့နည်းသော နောက်ဆက်တွဲပြဿနာများမှာ မျက်စိမြင်လွှာ၊ နှလုံးကြွက်သား၊ အသည်း၊ ကျောက်ကပ်တို့ ရောင်ရမ်းခြင်း၊ ဦးနှောက်အမြှေးရောင်နှင့် ဦးနှောက်ရောင်ရောဂါများ၊ အာရုံကြောရောင်ရောဂါများဖြစ်သည်။Cr.Dr Kyaw Linn

🔗 အပြည့်အစုံဖတ်လိုပါက —👇
comment- မှာ CLL Health link ပေးထားပါတယ်။

Address

မဂ္ဂတစ် လမ်း နှင့် ဆိုရှယ်လစ်( ၆ ) လမ်းထောင့်
Bago

Telephone

+959754242650

Website

Alerts

Be the first to know and let us send you an email when မဂ္ဂတစ် အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram