KP Talk

KP Talk I will tell you everything I have experienced.

ပဲခူးမြစ်ရေ ထက်တိုး
18/07/2024

ပဲခူးမြစ်ရေ ထက်တိုး

၄-၇-၂၀၂၄ ရက်နေ့ နံနက်(၀၆:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများ
04/07/2024

၄-၇-၂၀၂၄ ရက်နေ့ နံနက်(၀၆:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများ

၃-၇-၂၀၂၄ ရက်နေ့ ည(၁၈:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေ
03/07/2024

၃-၇-၂၀၂၄ ရက်နေ့ ည(၁၈:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေ

၃-၇-၂၀၂၄ ရက်နေ့ နေ့လည်ပိုင်း
03/07/2024

၃-၇-၂၀၂၄ ရက်နေ့ နေ့လည်ပိုင်း

၃-၇-၂၀၂၄ ရက်နေ့ နံနက်(၀၆:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော  မြစ်ရေအခြေအနေ
03/07/2024

၃-၇-၂၀၂၄ ရက်နေ့ နံနက်(၀၆:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေ

 ၂-၇-၂၀၂၄ ရက်နေ့ ည(၁၈:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေ
03/07/2024


၂-၇-၂၀၂၄ ရက်နေ့
ည(၁၈:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေ

နေ့စဉ် မြစ်ရေ ခန့်မှန်းချက်များ.......
02/07/2024

နေ့စဉ် မြစ်ရေ ခန့်မှန်းချက်များ.......

မိုးလေဝသသတင်းTuesday, July 2, 2024 - 14:00နေ့စဉ် မိုးလေဝသ သတင်း(၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲ(၂:၀၀)နာရီအချိန် ...
02/07/2024

မိုးလေဝသသတင်း
Tuesday, July 2, 2024 - 14:00
နေ့စဉ် မိုးလေဝသ သတင်း

(၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲ(၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယမန်နေ့နံနက်(၀၉:၃၀)နာရီအချိန်မှယနေ့နံနက်(၀၉:၃၀)နာရီအချိန်အထိမိုးလေဝသတိုင်းထွာချက်အ­­­ကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာ စိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ မိုးကောင်း မြို့တွင် ၆.၆၉ လက်မ၊ ခန္တီးမြို့တွင် ၅.၃၉ လက်မ၊ အမ်းမြို့တွင် ၄.၄၅ လက်မ၊ မြစ်ကြီးနားမြို့တွင် ၄.၄၁ လက်မ၊ စစ်တွေမြို့တွင် ၄.၂၈ လက်မ၊ ရှမ်းရွာသစ်မြို့ တွင် ၃.၅၄ လက်မ၊ ဟုမ္မလင်းမြို့နှင့် ကျောက်ဖြူမြို့တို့တွင် ၂.၈၃ လက်မစီ၊ သိမ်ဇရပ်မြို့တွင် ၂.၂၈ လက်မ၊ ရွှေကျင်မြို့တွင် ၂.၀၅ လက်မနှင့် ဂွမြို့တွင် ၁.၈၅ လက်မတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာ ကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါ သည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်း ကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်း အမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။

Lifejacket, Lifeboat and Lifebuoyမနစ်က ကျွန်တော်တို့ လှူပေးခဲ့တဲ့ lifejacket, lifeboat နဲ့ Lifebuoy လေးတွေ လာယူတုန်းကလည်...
02/07/2024

Lifejacket, Lifeboat and Lifebuoy

မနစ်က ကျွန်တော်တို့ လှူပေးခဲ့တဲ့
lifejacket, lifeboat နဲ့ Lifebuoy လေးတွေ လာယူတုန်းကလည်း ပြောလိုက်ပါတယ်........
🙇 သေချာလေးသိမ်းထားပေးပြီး ပြန်အသုံးချဖို့ လိုအပ်လာရင် ပြန်လှူတာ ပြန်အသုံးချတာမျိုးလေးတွေလုပ်ပေးဖို့ ဆိုပြီး တကယ်လို့ လှူပေးထားတာလေးတွေရှိသေး တယ် သေချာသိမ်းထားတယ်ဆိုရင် ကျွန်တော့်ဆီကိုအကြောင်းကြားပေးပါခင်ဗျ။ပြန်ယူဖို့မဟုတ်ပါဘူးခင်ဗျ။ လိုအပ်လာတဲ့အခါ ဆက်သွယ်လို့ရအောင် ကူညီလို့ရအောင်ပါခင်ဗျ🙏

ဇူလိုင်လ ပထမ ( ၁၀ )ရက်ပတ်အတွက်ပဲခူးမြစ်ရေ
01/07/2024

ဇူလိုင်လ ပထမ ( ၁၀ )ရက်ပတ်အတွက်
ပဲခူးမြစ်ရေ

Address

Bago

Website

Alerts

Be the first to know and let us send you an email when KP Talk posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram