Thu Kha Nan Daw

Thu Kha Nan Daw တိုင်းရင်းဆေးနည်းကောင်းများမျှဝေရ?

ဟင်းခတ်အမွှေးအကြိုင်အခေါ်အဝေါ်တစ်ချို့1. Masala=မဆလာ2. Pepper=ငရုပ်ကောင်း3. Bay leaves=ကရဝေးရွက်4. Curry leaves=ပျင်းတော...
12/08/2024

ဟင်းခတ်အမွှေးအကြိုင်အခေါ်အဝေါ်တစ်ချို့

1. Masala=မဆလာ
2. Pepper=ငရုပ်ကောင်း
3. Bay leaves=ကရဝေးရွက်
4. Curry leaves=ပျင်းတော်သိမ်ရွက်
5. Cumin=ဇီရာ
6. Cinnamon stick=သစ်ကြပိုးခေါက်
7. Cloves=လေးညှင်းပွင့်
8. Star anise=နာနတ်ပွင့်
9. Fennel seeds=စမုန်စပါး
10. Cardamom=ဖာလာ
11.Salt=ဆား
12. Fish sauce=ငံပြာရည်
13. Soy sauce=ပဲငံပြာရည်
14. Oyster sauce=ခရုဆီ
15. Monosodium Glutamate(MSG)=အချိုမှုန့်
16. Vinegar=ရှာလကာရည်
17. Dried shrimp powder=ပုစွန်ခြောက်မှုန့်
18. Fish paste=ငါးပိ
19. Shrimp paste=မျှင်ငါးပိ
20. Oil=ဆီ
21. Vegetable oil=ဟင်းသီးဟင်းရွက်ဆီ
22. Corn oil=ပြောင်းဖူးဆီ
23. Olive oil=သံလွင်ဆီ
24. Spice =ဟင်းခတ်အမွှေးအကြိုင်
25. Turmeric powder =နနွင်းမှုန့်
26. Paprika=အရောင်တင်မှုန့်
27. Chili powder=ငရုပ်သီးမှုန့်
28. Crushed chili powder=ငရုပ်သီးအကြမ်းမှုန့်

ပြန်လည်ဝေမျှသည်
crd to original uploader

အသက်(၄၀)ကျော်ချိန် ကိုလက်စထရောများခြင်း ကာကွယ်နိုင်ရန် #ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) --- အသ...
07/08/2024

အသက်(၄၀)ကျော်ချိန် ကိုလက်စထရောများခြင်း ကာကွယ်နိုင်ရန်

#ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ---

အသက် ၄၀ ထဲ ဝင်လာချိန်မှာ သူငယ်ချင်းအများစုက ကိုလက်စထရောတွေ များနေကြပါတယ်။ အဲဒီလို မဖြစ်အောင် ဘယ်လို စားသောက်နေထိုင်သင့်ပါသလဲ။

အခုမြန်မာပြည်မှာ ကိုလက်စထရောများတာနဲ့ ကင်ဆာတွေ အရမ်းအဖြစ်များပါတယ်။ ကျန်းမာရေးက ဘဝမှာ အရေးကြီးဆုံးပါ ။ မကျန်းမာမှ ဆေးကုမယ့်အစား ကျန်းမာအောင် ကြိုတင်ကာကွယ်ပါ။
အောက်ဖော်ပြပါ အချက်တွေကတော့ အစားအသောက်နဲ့ ပတ်သက်ပြီး လူတိုင်းလုပ်နိုင်မယ့် တချို့အချက်အလက်တွေပါ။ ဒါတွေ လိုက်နာရင် ပိုကောင်းတဲ့ ကျန်းမာရေးဘဝရပါမယ်။

နေ့စဉ်နေ့တိုင်း ကျန်းမာရေးနဲ့ အညီ စားသင့်ပါတယ်။ ချွေတာပြီး စားရင် မကျန်းမာရင် ပြန်ဆေးကုရင် ကုန်မှာဆိုတော့ မထူးပါဘူး။ မြန်မာအများစုက ကျန်းမာအောင် မစားဘဲ ချွေတာပြီး မကျန်းမာမှပဲ ဆေးကုချင်ပါတယ်။ အလွန်မှားတဲ့ အယူအဆပါ။

မနက်ခင်းမှာ ထမင်းကြော်စားတာဟာ မကောင်းပါဘူး ။ ဆီနဲ့ ကြော်တာ စားရင် Transfat ဖြစ်စေပြီး ကိုလက်စထရော များစေတယ်။ ဆီနဲ့ဆမ်းပြီး စားတာက ကျန်မာရေးနဲ့ ပိုညီညွတ်တယ်။ ဥပမာ- ထမင်းပဲပြုတ်ဆီဆမ်း။

စားသောက်တဲ့အလေ့အကျင့်ကို ချက်ချင်းထက် တဖြည်းဖြည်း ပြောင်းလဲပြီး ပုံစံသစ်နဲ့ စားသင့်ပါတယ်။

ထမင်းကို နည်းနည်းပဲစားပါ။ လျှော့စားပါ။ စားတဲ့ ထမင်းပမာဏထက် ၂ ဆ ဟင်းသီးဟင်းရွက်ကို စားရပါမယ်။

ဟင်းသီးဟင်းရွက်မှာ သြဂဲနစ်စားရင် အကောင်းဆုံးပါ။ သြဂဲနစ်မရနိုင်တော့ ဟင်းသီးဟင်းရွက်ကို ဆားရေ ဒါမှမဟုတ် ရှလကာရည်နဲ့ ၁၀မိနစ်စိမ်ပါ။နောက် ရေနွေးဖျောပြီး စားနိုင်ပါတယ် ။

အစားအသောက်ကို အချိန်ယူစားပြီး အကြိမ်များများနဲ့ နည်းနည်းစီ စားသင့်ပါတယ်။ (တစ်နေ့ ၆ ကြိမ်)။ ဗိုက်ကို ပြည့်သွားအောင် မစားပါနဲ့။ အသီးအတွက် ချန်ထားပါ ။

ထမင်းမစားခင် ဟင်းချိုသောက်သင့်ပါတယ်။

တစ်နေ့ကို ရေ ၂လီတာ အနည်းဆုံး သောက်သင့်ပါတယ် ။

မနက်မှာ ဒိန်ချဉ်စားပြီး နွားနို့တွေ သောက်သင့်ပါတယ်။

လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်ကို အဓိကထားသောက်ကြပါ။

တစ်နှစ်ကို တစ်ခါတော့ ဆေးစစ်ပြီး မတည့်တာတွေ ရှောင်သင့်ပါတယ်။

ကြက်သား၊ ငါး ပိုစားပြီး အနီရောင်အသားတွေကို တတ်နိုင်သမျှ လျှော့စားပါ။

ပဲမျိုးစုံစားရင်လည်း အာဟာရပြည့်ပါတယ်။

ဟင်းအနှစ်တွေကို အများကြီး မစားသင့်ပါ။ (မစားတာ ပိုကောင်းပါတယ်)။ အပြုတ်ကို အဓိကစားပါ။

စိတ်အလိုလိုက်ပြီး အများကြီးကို တစ်ခါတရံဆိုပြီး မစားပါနဲ့။ စားသောက်ဆိုင်မှာလည်း လို သလောက်ပဲ မှာပြီး မကုန်ရင် ပါဆယ်ထုပ်ပါ ။

ကျန်းမာ၊သက်ရှည်စွာ နေနိုင်ဖို့အတွက် ခန္ဓာကိုယ်အတွင်းရှိ ရောဂါတွေကို အစွမ်းကုန် တိုက်ထုတ်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ စားသင့်ပါတယ်။ဥပမာ - ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ပန်းမုန်လာ စပျစ်သီး။

အအေးဘူးတွေကို တတ်နိုင်သလောက်ရှောင်ပါ။ ရေက အကောင်းဆုံးပါပဲ။

အကင်တွေ အစားများရင် ကင်ဆာ ဖြစ်ပါတယ်။

ဝမ်းမှန်အောင် ဂရုစိုက်ပါ။

#တခြားလိုက်နာရမှာက-

လမ်းလျှောက်ပါ။ တစ်နေ့ကို ခြေလှမ်း ၈၀ဝ၀ကနေ တစ်သောင်းအထိ လျှောက်သင့်ပါတယ်။

တတ်နိုင်ရင် Exercise လုပ်ပါ ။

Stress မများအောင် စိတ်ကို ထားပါ ။

ဒါတွေကတော့ လူတိုင်း လိုက်နာနိုင်မယ့်အစား အသောက်အတွက်ပါ။ ပိုပြီး ကျန်မာပြီး ကိုလက်စထရောတွေ လျော့လာပါလိမ့်မယ်။
မကျန်းမာမှ ပိုက်ဆံကုန် ဆေးကုပြီး အစားအသောက် ရှောင်မလား။ ဒါမှမဟုတ် ကျန်းမာအောင် စားကြမလား။ ဒါကတော့ မိမိရဲ့ ရွေးချယ်မှုပါ။

Credit to original uploader

💙 အိမ်ရှင်မလေးတွေအတွက် အသုံးဝင်မဲ့ " ကော်မှုန့် ၄ မျိုး" သုံးနည်းလေးရေးပေးပါ့မယ်နော်။ ကျမမှတ်ထားသလောက်လေးပြန်လည်မျှဝေပေး...
06/07/2024

💙 အိမ်ရှင်မလေးတွေအတွက် အသုံးဝင်မဲ့ " ကော်မှုန့် ၄ မျိုး" သုံးနည်းလေးရေးပေးပါ့မယ်နော်။ ကျမမှတ်ထားသလောက်လေးပြန်လည်မျှဝေပေးတာမို့
ပို့စ်လေးကိုလွတ်လပ်စွာရှယ်နိုင်ပါတယ်နော်။

💛 ပြောင်းဖူးကော်မှုန့်(Corn starch)
🔹 စနိုးပူတင်း၊ ကြက်ဥပူတင်းလုပ်စားရင်သုံးပါတယ်။ အဓိကကတော့မုန့်လုပ်စားရင်ထည့်သုံးကြတာပါ။

💛 အာတာလွတ်ကော်မှုန့်(Tapioca)
( မွှေးကော်မှုန့်အနီရောင်အထုပ်ပါ)
🔹 ပီလောပီနံကော်မှုန့်လို့လည်းခေါ်ပါတယ်....bubble tea,bobaလုပ်စားတာပါ။ ကြည်ကြည် ပြောင်ပြောင်လေးပါ။အသားလုံးတွေစေးချင်မာချင်ရင်ထည့်နယ်ပြီးသုံးပါတယ်။အသားပေါင်း၊ထမင်းပေါင်း၊အစိမ်းကြော်၊အသားလုံးကြော်၊ တရုတ်အစားအစာတွေမှာထည့်သုံးကြပါတယ်။

💛 အာလူးကော်မှုန့်(potato starch)
🔹 ဟင်းအရည်ကိုပျစ်စေတာပါ။ကော်ရည်ခေါက်ဆွဲ၊ Dim sum၊ တို့ဖူးနွေး၊ ချိုချဥ်ကြော်၊တွေမှာထည့်သုံးပါတယ်။ cookie, crackers, စာကလေးခွေကြော်တွေထဲထည့်သုံးရင်ပိုကြွပ်ပါတယ်။ အသားကြော်တွေထဲထည့်သုံးရင်မတူးစေဘဲအသားကိုပိုနူးစေပါတယ်။
( မွှေးတံဆိပ်ထဲအာလူးကော်မှုန့်ရပါတယ်)

💛 ကစွန်းဥကော်မှုန့်
🔹 အကြော်တွေကြော်တဲ့နေရာမှာ အကြော်မှုန့်အဖြစ်သုံးကြပါတယ်။

😍 အိမ်ရှင်မတိုင်းချက်ပြုတ်ရာမှာအဆင်ပြေကြပါစေနော်။
Credit to Orginal uploader

ဟင်းခတ်အမွှေးအကြိုင်အခေါ်အဝေါ်တစ်ချို့1. Masala=မဆလာ2. Pepper=ငရုပ်ကောင်း3. Bay leaves=ကရဝေးရွက်4. Curry leaves=ပျင်းတော...
05/07/2024

ဟင်းခတ်အမွှေးအကြိုင်အခေါ်အဝေါ်တစ်ချို့

1. Masala=မဆလာ
2. Pepper=ငရုပ်ကောင်း
3. Bay leaves=ကရဝေးရွက်
4. Curry leaves=ပျင်းတော်သိမ်ရွက်
5. Cumin=ဇီရာ
6. Cinnamon stick=သစ်ကြပိုးခေါက်
7. Cloves=လေးညှင်းပွင့်
8. Star anise=နာနတ်ပွင့်
9. Fennel seeds=စမုန်စပါး
10. Cardamom=ဖာလာ
11.Salt=ဆား
12. Fish sauce=ငံပြာရည်
13. Soy sauce=ပဲငံပြာရည်
14. Oyster sauce=ခရုဆီ
15. Monosodium Glutamate(MSG)=အချိုမှုန့်
16. Vinegar=ရှာလကာရည်
17. Dried shrimp powder=ပုစွန်ခြောက်မှုန့်
18. Fish paste=ငါးပိ
19. Shrimp paste=မျှင်ငါးပိ
20. Oil=ဆီ
21. Vegetable oil=ဟင်းသီးဟင်းရွက်ဆီ
22. Corn oil=ပြောင်းဖူးဆီ
23. Olive oil=သံလွင်ဆီ
24. Spice =ဟင်းခတ်အမွှေးအကြိုင်
25. Turmeric powder =နနွင်းမှုန့်
26. Paprika=အရောင်တင်မှုန့်
27. Chili powder=ငရုပ်သီးမှုန့်
28. Crushed chili powder=ငရုပ်သီးအကြမ်းမှုန့်
crd to original uploader

(တစ်ချိန်ချိန် အသုံးဝင်လာမှာပါ /သင့်ဖုန်းထဲမှာ သိမ်းထားပါ)◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️၁။ ဆားအခတ်များသွားလျှင် အာလူးအလု...
06/01/2024

(တစ်ချိန်ချိန် အသုံးဝင်လာမှာပါ /သင့်ဖုန်းထဲမှာ သိမ်းထားပါ)
◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️

၁။ ဆားအခတ်များသွားလျှင် အာလူးအလုံးလိုက် (၂/၄)လုံးထည့်ပါ။

၂။ ပဲပြုတ်သည့်အခါ စားချင်သဖွယ်....အိအိဖောင်းဖောင်း စိမ့်စိမ့်လေးဖြစ်အောင် ရေလဲပြီးသောအခါ ရေအနည်ငယ် ထည့်၍ ထန်းလျက်(၂)လုံးခန့် ထည့်ထားလိုက်ပါ။

၃။ ကန်စွန်းရွက်ကို အစိမ်းရောင်လေး အတိုင်းပဲ စားချင်သဖွယ်ဖြစ်လိုပါက အဖုံးမအုပ်ပဲ ကြော်ပါ။

၄။ ဒန်အိုးဒန်ခွက်များ ပြောင်စင်လိုပါက ဂေါ်ဖီထုတ်မှ အရွက်ကြမ်းဖြင့် ပွတ်တိုက်ပါ။

၅။ လက်ဘက်ရည်အိုး၊ခွက်၊ အစွန်း အထေးများပြောင်စင်လိုပါကဆော်ဒါ(သို့မဟုတ်-လက်ချားအမှုန့်)ထည့်ပြီး ညသိပ်ထားပါ။

၆။ အိမ်သာကြွေခွက်,ကျောက်ပြားများ သန့်ရှင်းလိုပါက လက်ချားမှုန့်နှင့်ရှောက်ရည် ရောစပ်ပြီး ပွတ်တိုက်ပါ။

၇။ ယင်ပေါလျှင် ဖယောင်းတိုင် (၂)တိုင် ထွန်းပါ။

၈။ အင်္ကျီကော်လံမှ ဆီချေးများကို ရှန်ပူခေါင်းလျှော်ရည်ဖြင့်ပွတ်တိုက်လျှော်ပါ။

၉။ ပုရွက်ဆိတ်မလာလိုသော်ကန့်မှုတ်ကို နည်းနည်းဖြူးပေးပါ။

၁၀။ ဟင်းရဲ့အနံ့အသက် လက်မှာစွဲ နေလျှင်မာလကာရွက်နဲ့ ပွတ်တိုက်ပေးပါ။

၁၁။ အာလူးနွမ်းပြီး မလတ်ဆတ်သော် မှန်ရောင်သကြားအနည်းငယ် ထည့်ပြီး ပြုတ်ပါ လတ်ဆတ် တဲ့အာလူပြုတ်လိုပဲ အရသာကောင်းပါလိမ့်မည်။

၁၂။ ဟင်းချိုလိုသော်..ဘူးသီးခြောက်ခတ်ပြီးသောက်ရင်ချိုပါသည်။

၁၃။ မီးပူလောင်သော်ကွမ်းရွက်နဲ့သကြားကို ရောကြိတ်ပြီးအုံပါ။

၁၄။ အဝတ်မှင်စွန်းသော်...ရေနံဆီသန့်သန့် အစက်ချဆွတ်ပြီးဆပ်ပြာနဲ့ လျှော်ဖွတ်ပါ။

၁၅။ ကြမ်းပိုးရှိသော်.....ရေနံဆီနဲ့ မကြာမကြာကြမ်းတိုက်ပါ။

၁၆။ ခံတွင်းနံ့မကောင်းသော်...သွားပွတ်တံမှာ ပရုတ်ရည် တစ်စက်နှစ်စက်ထည့်ပြီးသွားတိုက်ပါ။(သို့မဟုတ်)ပရုတ်မှုန့်ထည့့်ပြီးသွားတိုက်ပါ။

၁၇။ ဟင်းများဆားငန်သော်...မီးခဲရဲရဲ တစ်ခဲထည့်ပါ။(၂)မိနစ်ခန့်ကြာ၌ပြန်ထုတ်ယူပါ။

၁၈။ ကွမ်းသွေးစွန်းသော်....ခရမ်းချဉ်သီးပွတ်တိုက်ပေးပြီးလျှော်ပါ။

၁၉။ နွားနို့မချဉ်အောင်ထားလိုသော်နွားနို့ထဲသို့ ငရုတ်သီးစိမ်း(၃)တောက် အညှာဖြုတ်ပြီးထည့်ထားပါ။

၂၀။ ပရွတ်ဆိတ်များမလာလိုသော် သခွားသီးအားပါးပါးလှီးပြီးချထားပါ။

၂၁။ ဖန်ဖွက်ထဲ ရေနွေးပူပူထည့်လိုသော် ဇွန်းတစ်ချောင်းကို ဖန်ခွက်ထဲ အရင်ထည့်ပြီး ရေနွေးပူပူ ဖြေးဖြေးထည့်ပါ။

၂၂။ သံချေးစွန်းသော် အကြမ်းပန်းကန်တစ်လုံးခန့် ဆန်ပြုတ်၍ စွန်းသောအဝတ်ကို (၅)နာရီခန့် စိမ်ပြီး ဆပ်ပြာဖြင့် ဖွတ်လျှော်ပါ။

၂၃။ ကြွက်များပြေးလိုသော် ရှိန်းခိုကိုရေဖျော်၍ ကြွက်လာ လမ်းတွင်ဖျန်းထားပါ။

၂၄။ ခေါင်းတစ်ခြမ်းကိုက်သော် ထောပတ်အနည်းငယ် ရှုပါ။

၂၅။ ဒူးရင်းသီးတောက်သော် ဒူးရင်းသီးအခွံထဲရေထည့်၍ သောက်ပါ။ရေဝအောင်ချိုး၊မင်းကွတ်သီးစားပေးခြင်း တို့ဖြင့် ပျောက်ကင်းပါသည်။

၂၆။ ပိုးဟပ်ပြေးလိုသော် လေးညှင်းပွင့်များထောင်း၍ ဖြူးထားပါ။

၂၇။ မှိုနှင့်တညင်းသီးတောက်သော် တောက်တာဥကို ဆန်ဆေးရည်နှင့်သွေး၍ သောက်ပါ။

၂၈။ သံပုရာသီး ကြာရှည်ထားလိုသော်ပုလင်းသန့်သန့်ဖြင့် လေလုံအောင်ထားပါ။

၂၉။ ခေါင်းကိုက်သော်လက်ဘက်ရည်ကျကျကျိုပြီးသားထဲသံပုရာရည်ညှစ်ပြီးသောက်ပါ။

၃၀။ မျက်နှာလှပလိုသော် မျက်နှာမသက်မှီ သံပုရာသီးကို ထက်ခြမ်းခွဲ၍ မျက်နှာပွတ်ပေးပြီး ရေနွေးနွေးဖြင့် ဆေးပါ အဖုအပိမ့်ကင်းစင်ပြီး ချောမွေ့စေမည်။

၃၁။ ခရီးသွား ကားမူးသော် ချက်ကို ပလာစတာလုံအောင်အုပ် ကပ်ပြီးခရီးသွား ကားမမူးပါ။

၃၂။ ဆီးချိုရောဂါ အမြစ်ပြတ်လိုသော်ဆလတ်ရွက်ကို နေ့စဉ်ထမင်းစား တိုင်းတို့စရာအဖြစ်စားပါ။

၃၃။ ရှောက်ပင်အသီးတင်လိုသော် ပင်စည်ကို အမဲရိုးများနဲ့ ကြပ်စည်းပေးပါ။

၃၄။ ဒူးနာသော် ဘဲဥအကာလိမ်းပါ။

၃၅။ အနံ့ဆိုးကင်းလိုသော် အိမ်သာ(သို့မဟုတ်) ငါးပိ,ငါးခြောက်ထားရာ လူမမာရှိရာအိမ်၏ မီဖိုချောင်ထဲမှာ ကျောက်ဖရုံသီးကို အပ်များဖြင့် အပေါက်ဖောက်၍ ချိတ်ဆွဲထားပါ။ကျောက်ဖရုံသီးကား ညှော်နံ့နှင့် အနံ့ဆိုးများကို စုပ်ယူသည်။

မြန်မာနိုင်ငံ၌ တွေ့ရှိရသည့် ဟင်းသီး ဟင်းရွက်ပင်များ။ကုလားပဲ     Chick pea, Gram.ကန်စွန်းရွက်     Rabbit green,  Water gr...
04/12/2023

မြန်မာနိုင်ငံ၌ တွေ့ရှိရသည့် ဟင်းသီး
ဟင်းရွက်ပင်များ။

ကုလားပဲ Chick pea, Gram.
ကန်စွန်းရွက် Rabbit green, Water green.
ကြက်ဟင်းခါး Bitter gourd, Carilla fruit
ကညွတ်ပင် Asparagus
ကျွဲခေါင်းသီး Water chest- nut
ကျောက်ဖရုံသီး White or Wax gourd , Ash pumpkin
ကင်းပုံသီး Ivy gourd, Wild snake gourd
ကစွန်းဥ Sweet potato
ကွမ်းရွက် Betel- leaf
ကြံဟင်း Indian jalap, Bindw**d.
ကုလားချဥ်ပေါင် Indian rhubarb.
ကုလားချဥ်ပေါင်ငယ် Yellow or Sour dock.
ကုလားချဥ်ပေါင်ကြီး Bladder dock.
ကြက်သဟင်း Flor - de - Joja.
ကြက်သွန်နီကလေး Shallot
ကြက်သွန်နီ Onion
ကြက်သွန်ဖြူ Garlic
ကော်ဖီ Arabian coffee, Liberian coffee,
Robusta coffee.
ကြံပင် Sugar cane.
ကြွေဥ Five - leaved yam

ခါးဥဖြူ Turnip.
ခံတက် Three - leaved capper
ချဥ်ပေါင်ခါး Bombay h**p, Kenaf.
ခဝဲ Ribbed luffa
ခရမ်းချဥ် Tomato
ခရမ်းသီး Egg plant, Brinjal, Aubergine
ချဥ်ပေါင်ရွက် Roselle, Sour green.
ချင်း Ginger
ချီကိုရီ Chicory
ခဝဲခါး Bitter luffa

ဂေါ်ဖီထုပ် Cabbage
ဂေါ်ဖီထုပ်အသေးမျိုး Brussel's sprout.
ဂေါ်ရခါးသီး Cho cho, Chayote
ဂျူးမြစ် Indian leek
ဂေါ်ဖီပန်း ( ပန်းမုန်လာ ) Cauliflower

ငါးရံ့ပတူ Zangiber
ငရုတ်ကောင်း Black pepper
ငရုတ်သီး Capsicum, Chilli, Chilly, Bell - pepper

စူကာသီး Granadilla.
စမုန်စပါး Fennel, Sweet anise
စပါးလင် Lemon grass
စပါးလင်မွှေး Citronella grass,. Sweet lemon grass
စားတော်ပဲ Field pea, Garden pea, Common pea.
စံမြိတ်ပင် Dill, European dill, Indian dill.

ဆလတ်ပင် Lettuse
ဆင်ခရမ်းပင် Popato tree.
ဆေးခါးကြီးပင် Great king of bitter, Chiretta
ဆွမ်းမွှေးပန်း Fragrant screw pine.

ဇီရာပင် Cumin

ညံပင် Dhunchee hamp.

တောပဲနောက် Tapery bean
တရုတ်နံနံ Celery
တံထွေးဥ Lesser yam, Karen potato, Goa potato
တရုတ်မဆလာပွင့် Star anise
တံငါငရုတ် Celery - leaved crofoot.
တရုတ်မုန်လာ Turnip

ထန်းကြက်သွန် Leek
ထောပတ်ပဲ Lima bean, Butter bean.

ဒန့်သလွန် Drumstick or Horse reddish
ဒန့်ကျွဲ Country Senna

နိုကိုဥ Knol - Kohl or Kohl - rabi
နွေပဲ ( ပဲပုစွန် ) Lablab - Bean.
နတ်တော်လ ( ပဲလွန်း ) Asparagus Bean
နံနံ Coriander
နှမ်း Sesamum, Gingally,
နနွင်း Turmeric, Long or Round Zedary

ပဲလုံး Pea
ပဲဖြူကလေး White Bean
ပဲကြီး Field Bean
ပဲဒလက် Jack or Horse Bean, Sword - Bean
ပဲစင်းငုံ Pigeon Pea, Congo Pea, Catjan Pea.
ပဲပုစွန် Cluster Bean
ပဲမြစ် ၊ ပဲစောင်းလျှား Goa Bean, Winged Bean, Kiffer
Bean.
ပဲပိစပ် Horse Gram
ပဲပုပ် ၊ ပဲငါးပိ Soy or Soy Bean
ပဲကြီး၊ ပဲဖြူကြီး Australian Pea, Field Bean.
ပဲပန်းပင် Sweet Pea
ပဲရာဇာ၊ ပဲနီကလေး Lentil
ပဲစိမ်းစားဥ Chinese Potato or Yam Bean

ပဲယဥ်း Rice Bean
ပဲကျား၊ ပဲဖြူကလေး Lima or Butter Bean,
ပဲတီနက်၊ ပဲနောက် Krishna Mung,
ပဲပိုးတီ Jerusalem Artichoke , Chinese Artichoke
ပဲလွန်း Cow Pea
ပြောင်းဖူး Maize, Corn
ပျဥ်းတော်သိမ် Curry Leaf
ပန်းလိမ္မော် Calamondin or Mini - Orange
ပဲတီ၊ ပဲနောက်၊ပဲတီစိမ်း Mung Dhal, Green Gram
ပဲနံ့သာ Fenugreek
ပဲလင်းမြွေ Snake Gourd
ပဲတောက်ရှည် Yard - long - Bean, Asparagus Bean
ပင်စိမ်း Sweet Basil , Common Basil
ပရန်နဝါ Spreading Hog- w**d
ပူဒိနာ Mint, Marsh Mint, Water Mint, Field Mint,
Japanese Mint, Garden Mint, Spear Mint
ပီလောပီနံ Cassava, Tapioca Plant
ပုစွန်စာရွက် Knot w**d
ပတဲကောကြီး Greater galangal
ပတဲကော Light galangal
ပတတ်စာ Edible ginger wort
ပတဲကောကလေး Lesser galangal
ပဒိုင်းကြက်သွန် Squill
ပိန်းဥ Coco Yam, Dasheen, Eddo,Taro
ပန်းမုံလာအစိမ်းမျိုး Broccoli
ပဒေသာဂေါ်ဖီပင် Brussal sprout
ပဲချဥ်ပေါင် Chickling vetch

ဖရုံသီး Musk marrow
ဖလံတောင်ဝှေး Costus , Indian spiral ginger
ဖာလာ Cardamon
ဖွတ်စဥ Potato Yam
ဖာလာကြီး Greater cardamon
ဖရုံသီး Musk marrow
ဖလံတောင်ဝှေး Costus, Indian spiral ginger

ဗိုလ်စားပွဲ Kidny or French bean, Haricot bean
ဗျစ်ပွင့် Hops

ဘူးသီး Bottle - gourd
ဘူးသခွားသီး Vegetable marrow, Field pumpkin
ဘိလတ်ချဥ်ပေါင်၊ ချဥ်ပေါင်နီ Rozelle

မုန်လာခါး Endive
မြင်းခွာ Asiatic pennywort
မိုးမျှော်ငရုတ် Bitd's eye chilli
မတ်ပဲ Mung B bean, Black M mung, Black G gram
မုန်လာဥနီ Beet- root
မုန်းညင်းဖြူ White mustard
မုန်ညင်း R**e, Mustard
မြေပဲ Ground nut, Pea nut, Monkey nut, Earth nut
မန်ကျည်း Tamarind
မုန်လာဥဝါ Carrot
မြူရွက် Lamb's quarter, Goose foot
မျောက်ဥ Yam, White yam
မျောက်ဥနီ Rangoon yam, Purple yam
မုန်လာဥ Radish
မုန်လာဥဝိုင်း Turnip
မျှစ် Bamboo shoot

ရွှေဘိုချဥ်ပေါင် Ambari or Ambary h**p
ရုံးပတီသီး Lady's finger, Okra
ရွှေဖရုံသီး Pumpkin
ရွက်စားမုန်လာ Parsnip
ရေဆလတ် Water lettuce

လက်ဖက်ပင် Tea plant
လေးညှင်း Clove
လင်းလေ Sweet flag
ဝက်မြေဥ Nut grass
ဝက်က၊ တံတွေးပင် Goa potato

သပွတ် Loofa plant, Sponge gourd
သခွားသီး Cucumber
သင်းဘောနွယ်ချို Liquorice
သစ်ကြံပိုး Indian cassia, Cassia cinnamon
သီဟိုဠ်သစ်ကြံပိုး Ceylon cinnamon
သရက်ကင်း Mango ginger
သပွတ် Loofah

ဟင်းနုနယ်ပင် Grain amaranth, Amaranth

အာလူး Potato
အာဒါလွတ် Arrowroot, Bermuda arrowroot.

လိုတဲ့အချိန် ရှာရလွယ်အောင် save ထားလိုက်ပါ 🌟
22/11/2023

လိုတဲ့အချိန် ရှာရလွယ်အောင် save ထားလိုက်ပါ 🌟

ဘိုက်ကာဇာတ်လမ်း ✨🤪😜
21/11/2023

ဘိုက်ကာဇာတ်လမ်း ✨🤪😜

ရန်ကုန်မြို့ရှိလမ်းများ၏ ယခင်အမည်များပြန်ရှာပြိး တင်ပေးလိုက်ပါတယ်.🚍🚌🚍၁။ ဒါလဟိုဇီလမ်း (Dalhousie Road) = မဟာဗန္ဓုလလမ်း၂။ ...
23/05/2022

ရန်ကုန်မြို့ရှိလမ်းများ၏ ယခင်အမည်များပြန်ရှာပြိး တင်ပေးလိုက်ပါတယ်.🚍🚌🚍

၁။ ဒါလဟိုဇီလမ်း (Dalhousie Road) = မဟာဗန္ဓုလလမ်း
၂။ ဘားလမ်း (Barr Street ) = မဟာဗန္ဓုလပန်းခြံလမ်း
၃။ လွစ္စလမ်း (Lewis Street) = ဆိပ်ကမ်းသာလမ်း
၄။ ဖယ်ရာလမ်း (Phayre Road) = ပန်းဆိုးတန်းလမ်း
၅။ မဂိုလမ်း (Mogul Road) = ရွှေဘုံသာလမ်း
၆။ ကာနယ်လမ်း (Canal Street) = အနော်ရထာလမ်း (လမ်းမတော် ကျုံကြီးနား)
၇။ ဖရေဇာလမ်း (Fraser Road) = အနော်ရထာလမ်း (ကျောက်တံတား၊ ပန်းဘဲတန်းအနီး မြို့လယ်ခေါင်)
၈။ စထရန်းလမ်း (Strand Road) = ကမ်းနားလမ်း
၉။ စပတ်လမ်း (Sparks Road) = ဗိုလ်အောင်ကျော်လမ်း
၁၀။ သော်မဆင်လမ်း (Thompson Road) = ဗိုလ်တထောင်ဘုရားလမ်း
၁၁။ မောင်ထော်လေးလမ်း (Maung Htaw Lay Street) = ဗိုလ်ဆွန်ပက်လမ်း
၁၂။ ကော်မရှင်နာလမ်း (Commissioner's Road) = ဗိုလ်ချုပ်အောင်ဆန်းလမ်း (ရန်ကုန်ဆေးရုံကြီးရှေ့လမ်း)
၁၃။ မောင့်ဂိုမာရီလမ်း (Montgomery Road) = ဗိုလ်ချုပ်အောင်ဆန်းလမ်း
၁၄။ ဘဂိုးဒါးလမ်း (Pagoda Road) = ရွှေတိဂုံဘုရားလမ်း
၁၅။ အက်ဒွပ်လမ်း (Edward Street) = ကုန်စျေးတန်းလမ်း
၁၆။ ဂေါ်ဒွင်လမ်း (Godwin Road) = လမ်းမတော်လမ်း
၁၇။ ခရစ်လမ်း (Christ Street) = ဗိုလ်မြတ်ထွန်းလမ်း
၁၈။ ယောက်လမ်း (York Street) = ယောမင်းကြီးလမ်း
၁၉။ စတော့ကိတ်လမ်း (Stockade Road) နှင့် ဂျူဒါအီစကယ်လမ်း (Judah Ezekiel Road) = သိမ်ဖြူလမ်း
၂၀။ မောင်ခိုင်လမ်း (Maung Khaing Street) = ဗိုလ်ရွဲလမ်း
၂၁။ ဟယ်လ်ပင်လမ်း (Halpin Road) = ပြည်ထောင်စုရိပ်သာလမ်း
၂၂။ ကင်းဘဲလ်လမ်း (Campbell Road) = ငါးထပ်ကြီးဘုရားလမ်း
၂၃။ ဒတ်ဖရင်လမ်း (Dufferin Road) = စန္ဒကူးလမ်း
၂၄။ ကုတ်ကိုင်းလမ်း (Kokine Road) = ကမ္ဘာအေးဘုရားလမ်း
၂၅။ မဂျစ်လမ်း (Masjid Road) = သမိန်ဗရမ်းလမ်း
၂၆။ လန်ကက်စတာလမ်း (Lancaster Road) = နဝဒေးလမ်း
၂၇။ မစ်ရှင်လမ်း (Mission Road) = အလုံလမ်း
၂၈။ ပရုမ်းလမ်း (Prome Road) = ပြည်လမ်း
၂၉။ စတီဗင်ဆန်လမ်း (Stevenson Road) = လှည်းတန်းလမ်း
၃၀။ ဗိုးလ်လမ်း (Voyle Road) = ဦးဝိစာရလမ်း
၃၁။ ၀င်ဒါမီယာလမ်း (Windermere Road) = သံလွင်လမ်း
၃၂။ ၀င်ဆာလမ်း (Windsor Road) = ရှင်စောပုလမ်း
၃၃။ ကီလီလမ်း = ဝါးတန်းလမ်း (လမ်းမတော်)
၃၄။ မော်တင်လမ်း = လမ်းသစ်လမ်း (လမ်းမတော်)
၃၅။ စိန်ဂျွန်းလမ်း = မင်းရဲကျော်စွာလမ်း (လမ်းမတော်)
၃၆။ အောလီဖင်းလမ်း = ရွှေတောင်တန်းလမ်း (လမ်းမတော်)
၃၇။ စတီဘင်ဆင်လမ်း = လှည်းတန်းလမ်း (လမ်းမတော်)
၃၈။ လတ္တာလမ်း = လသာလမ်း (လသာ)
၃၉။ ကရစ္စလမ်း = စဉ့်အိုးတန်းလမ်း (လသာ)
၄၀။ ဂွတ္တလစ်လမ်း = ဆရာစံလမ်း (ဗဟန်း)
၄၁။ လင့်ခ်လမ်း = ရွှေဂုံတိုင်လမ်း (ဗဟန်း)
၄၂။ လောင်း၀စ်လမ်း = အင်းယားမြိုင်လမ်း (ဗဟန်း)
၄၃။ ဂွတ္တလစ်ရိပ်သာလမ်း = သာယာ၀တီလမ်း (ဗဟန်း)
၄၄။ ဝိတိုရိယအဲဗင်းနယူးလမ်း = ဂျိုးဖြူလမ်း (ဗဟန်း)
၄၅။ ကင်းဂျော့အဲဗင်းနယူးလမ်း = ကွမ်းခြံလမ်း (ဗဟန်း)
၄၆။ ချင်းချောင်းအဲဗင်းနယူးလမ်း = ကမ္ဘောဇလမ်း (ဗဟန်း)
၄၇။ ရဲဒီယာအဲဇင်းနယူးလမ်း = ၀င်္ကာဘာလမ်း (ဗဟန်း)
၄၈။ ဟာမစ်တစ်လမ်း = သာသနာ့ရိပ်သာလမ်း (ဗဟန်း)
၄၉။ တာဝါလိမ်းလမ်း = ဗိုလ်ချုပ်ပြတိုက်လမ်း (ဗဟန်း)
၅၀။ မောင့်ပုလဲဆင့်လမ်း = ပုလဲလမ်း (ဗဟန်း)
၅၁။ ပတ်လိန်းလမ်း = နတ်မောက်လမ်းသွယ် ၁ လမ်း (ဗဟန်း)
၅၂။ ပတ်အဲဗင်းနယူးလမ်း = နတ်မောက်လမ်းသွယ် ၂ လမ်း (ဗဟန်း)
၅၃။ ကွန်ဘိုကေးရှင်းလမ်း = ဘွဲ့နှင်းသဘင်လမ်း (ကမာရွတ်)
၅၄။ ချန်စလာလမ်း = အဓိပတိလမ်း (ကမာရွတ်)
၅၅။ စိန်ဗင်ဆင့်လမ်း = ဇောတိကလမ်း (ကမာရွတ်)
၅၆။ မာတင်အဲဗင်နယူးလမ်း = ခပေါင်းလမ်း (ကမာရွတ်)
၅၇။ နစ်ကလပ်အဲဗင်းနယူး = နှင်းပန်းလမ်း (ကမာရွတ်)
၅၈။ ပီတာလမ်း = ကြယ်ပြာလမ်း (ကမာရွတ်)
၅၉။ အာတီးယားလမ်း = သီရိမင်္ဂလာလမ်း (ကမာရွတ်)
၆၀။ ကော်ပိုရေးရှင်းလမ်း = စည်ပင်လမ်း (ကျောက်တံတား)
၆၁။ ရှပ်ဇရပ်ဇ်လမ်း = ဘဏ်လမ်း (ကျောက်တံတား)
၆၂။ စိန်မိုက်ကယ်လမ်းကျယ် = မဏိမေခလာလမ်း (ကြည့်မြင်တိုင်)
၆၃။ စိန်မိုက်ကယ် ၁ လမ်း = ရေတွင်းကုန်း ၁ လမ်း (ကြည့်မြင်တိုင်)
၆၄။ စိန်မိုက်ကယ် ၂ လမ်း = ရေတွင်းကုန်း ၂ လမ်း (ကြည့်မြင်တိုင်)
၆၅။ ဝိုင်းလမ်း = သိန္နီလမ်း (ကြည့်မြင်တိုင်)
၆၆။ ဘလုတ်လမ်း = ဗာဒံပင်လမ်း (ကြည့်မြင်တိုင်)
၆၇။ ဟာဂျီ အေ နှင့် ဘီ လမ်း = သရက်တော ၁ လမ်း (ကြည့်မြင်တိုင်)
၆၈။ ဟာဂျီ ၂ လမ်း = သရက်တော ၂ လမ်း (ကြည့်မြင်တိုင်)
၆၉။ ဟာဂျီ ၃ လမ်း = သရက်တော ၃ လမ်း (ကြည့်မြင်တိုင်)
၇၀။ ဟာဂျီ ၄ လမ်း = သရက်တော ၄ လမ်း (ကြည့်မြင်တိုင်)
၇၁။ ကိုတင်းလမ်း = သစ်ခွပန်းလမ်း (ကြည့်မြင်တိုင်)
၇၂။ ချင်းချောင်း ၁ လမ်း = ဒေါန ၁ လမ်း (ကြည့်မြင်တိုင်)
၇၃။ ချင်းချောင်း ၂ လမ်း = ဒေါန ၂ လမ်း (ကြည့်မြင်တိုင်)
၇၄။ ချင်းချောင်း ၃ လမ်း = ဒေါန ၃ လမ်း (ကြည့်မြင်တိုင်)
၇၅။ ချင်းချောင်း ၄ လမ်း = ဒေါန ၄ လမ်း (ကြည့်မြင်တိုင်)
၇၆။ ချင်းချောင်း ၅ လမ်း = ဒေါန ၅ လမ်း (ကြည့်မြင်တိုင်)
၇၇။ ဘောဂါတန်းလမ်း = ဘောဂလမ်း (ကြည့်မြင်တိုင်)
၇၈။ ဝင်ဆာလမ်း = ရှင်စောပုလမ်း (စမ်းချောင်း)
၇၉။ ဟုမ်းလမ်း = ပန်းလှိုင်လမ်း (စမ်းချောင်း)
၈၀။ အင်းနစ်လမ်း = ပန်းလှိုင်လမ်း (စမ်းချောင်း)
၈၁။ ကာလီမာလမ်း = မဟာဘောဂလမ်း (စမ်းချောင်း)
၈၂။ ခရစ်ရှနာလမ်း = ရန်ကင်းလမ်း (စမ်းချောင်း)
၈၃။ ဂုရုလမ်း = သုခမိန်လမ်း (စမ်းချောင်း)
၈၄။ စုပရာမန်းနီးလမ်း = ရတနာလမ်း (စမ်းချောင်း)
၈၅။ စူရတီပန်းခြံလမ်း = ပန်းခြံလမ်း (စမ်းချောင်း)
၈၆။ ဒူဗလီလမ်း = မြေနီကုန်းဈေးလမ်း (စမ်းချောင်း)
၈၇။ နာသာလမ်း = မြဝတီလမ်း (စမ်းချောင်း)
၈၈။ မော်ဂင်ဝတ်လမ်း = ဓမ္မာရုံလမ်း (စမ်းချောင်း)
၈၉။ မူဆာကြီးလမ်း = အောင်တော်မူလမ်း (စမ်းချောင်း)
၉၀။ မဟာမက်ပတေးလမ်း = စေတနာလမ်း (စမ်းချောင်း)
၉၁။ မူလာအီစမန်လမ်း = ပဒေသာလမ်း (စမ်းချောင်း)
၉၂။ မဒရာစာလမ်း = ဗိုလ်မိုးလမ်း (စမ်းချောင်း)
၉၃။ ယူနီယံလမ်း = ပြည်ထောင်စုလမ်း (စမ်းချောင်း)
၉၄။ ရှောလမ်း = ခတ္တာလမ်း (စမ်းချောင်း)
၉၅။ ရစ်ရှီလမ်း = သပြေညိုလမ်း (စမ်းချောင်း)
၉၆။ လက်ချမီးလမ်း = သုခလမ်း (စမ်းချောင်း)
၉၇။ အင်ဂလန်မင်လမ်း = သီရိမင်္ဂလာလမ်း (စမ်းချောင်း)
၉၈။ အလဝါလမ်း = သော်တာလမ်း (စမ်းချောင်း)
၉၉။ ဂျိုးဇက်လမ်း = မြန်မာ့ဂုဏ်ရောင်လမ်း (တာမွေ)
၁၀၀။ ဂေါ်ဒွင်လမ်း = မြို့မကျောင်းလမ်း (ဒဂုံ)
၁၀၁။ စင်ဂနယ်ပဂိုးဒါးလမ်း = အလံပြဘုရားလမ်း (ဒဂုံ)
၁၀၂။ ဘောင်ဒရီလမ်း = ဓမ္မစေတီလမ်း (ဒဂုံ)
၁၀၃။ စတီးဝပ်လမ်း = မော်ကွန်းတိုက်လမ်း (ဒဂုံ)
၁၀၄။ ဆင်းဒဝစ်လမ်း = နတ်သျှင်နောင်လမ်း (ဒဂုံ)
၁၀၅။ ဆင်မဆင်လမ်း = ပန်တျာလမ်း (ဒဂုံ)
၁၀၆။ လင့်ခ်လမ်း = သံတမန်လမ်း (ဒဂုံ)
၁၀၇။ ထရန်စပို့လမ်း = အာဇာနည်လမ်း (ဒဂုံ)
၁၀၈။ နယူးလင့်လမ်း = စကားဝါလမ်း (ဒဂုံ)
၁၀၉။ လင်တက်စတာလမ်း = နဝဒေးလမ်း (ဒဂုံ)
၁၁၀။ လီဒီစလမ်း = ခရေပင်လမ်း (ဒဂုံ)
၁၁၁။ ဝင်ဒါမီယာအောက်လမ်း = ချင်းတွင်းလမ်း (ဒဂုံ)
၁၁၂။ ဝင်ဒါမီယာကုတ် = ရွှေလီလမ်း (ဒဂုံ)
၁၁၃။ ဝင်ဒါမီယာဂါးဒင်း = ဥယျာဉ်လမ်း (ဒဂုံ)
၁၁၄။ ဝင်ဒါမီယာပတ်ခ် = ဇော်ဂျီလမ်း (ဒဂုံ)
၁၁၅။ ဝင်ဒါမီယာကရဲဆင့်လမ်း = ပန်းဝါလမ်း (ဒဂုံ)
၁၁၆။ ကဲင့်လမ်း = စမုံလမ်း (ဒဂုံ)
၁၁၇။ ချပ်ခ်ျလမ်း = အိမ်တော်ရာလမ်း (ဒဂုံ)
၁၁၈။ ဇဖါးရှားလမ်း = ဇီဝကလမ်း (ဒဂုံ)
၁၁၉။ ဖရေဇာလမ်း = တော်ဝင်လမ်း (ဒဂုံ)
၁၂၀။ ဖော်ဆိုက်လမ်း = ကင်းဝန်မင်းကြီးလမ်း (ဒဂုံ)
၁၂၁။ ဘဒ်လမ်း = ပဒုမ္မာလမ်း (ဒဂုံ)
၁၂၂။ လှိုက်လမ်း = မင်းကျောင်းလမ်း (ဒဂုံ)
၁၂၃။ လော့ဖို့ဒ်လမ်း = စွယ်တော်လမ်း (ဒဂုံ)
၁၂၄။ အီဒင်လမ်း = ဗိုလ်တထောင်ဈေးလမ်း (ပုဇွန်တောင်)
၁၂၅။ ကေလမ်း = ကရမက်လမ်း (ပုဇွန်တောင်)
၁၂၆။ ကိတ်လမ်း = ကြာညိုလမ်း (ပုဇွန်တောင်)
၁၂၇။ ဂျေလမ်း = နံသာဖြူလမ်း (ပုဇွန်တောင်)
၁၂၈။ နေကရွန်းလမ်း = နေကြာလမ်း (ပုဇွန်တောင်)
၁၂၉။ ပို့ကော်မရှင်နာလမ်း = ရေဝန်လမ်း (ပုဇွန်တောင်)
၁၃၀။ ဟိဝ်လမ်း = စိန်ခြယ်လမ်း (ပုဇွန်တောင်)
၁၃၁။ လင်းစဒေါင်းလမ်း = ရာဇဓိရာဇ်လမ်း (ဗိုလ်တထောင်)
၁၃၂။ ကလပ်လမ်း = ၅၅ လမ်း (ဗိုလ်တထောင်)
၁၃၃။ တင်းပယ်လ်လမ်း = ဝတ်ကျောင်းလမ်း (ဗိုလ်တထောင်)
၁၃၄။ ဒပ်ဖရင်လမ်း = စန္ဒကူးလမ်း (ဗိုလ်တထောင်)
၁၃၅။ မေရိုးလမ်း = မေယုလမ်း (ဗိုလ်တထောင်)
၁၃၆။ သွန်မဆင် ပထမရိပ်သာလမ်း = ဗိုလ်တထောင် လမ်းသွယ် ၁ လမ်း (ဗိုလ်တထောင်)
၁၃၇။ သွန်မဆင် ဒုတိယရိပ်သာလမ်း = ဗိုလ်တထောင် လမ်းသွယ် ၂ လမ်း (ဗိုလ်တထောင်)
၁၃၈။ သွန်မဆင် တတိယရိပ်သာလမ်း = ဗိုလ်တထောင် လမ်းသွယ် ၃ လမ်း (ဗိုလ်တထောင်)
၁၃၉။ သွန်မဆင် စတုတ္ထရိပ်သာလမ်း = ဗိုလ်တထောင် လမ်းသွယ် ၄ လမ်း (ဗိုလ်တထောင်)
၁၄၀။ ဟိဇယ်ဝတ်လမ်း = ဧရာမြိုင်လမ်း (ဗိုလ်တထောင်)
၁၄၁။ အဒမိမ်ဆင်လမ်း = ၅၄ လမ်း (ဗိုလ်တထောင်)
၁၄၂။ ဂရန့်လမ်း = ကြာဖြူလမ်း (ဗိုလ်တထောင်)
၁၄၃။ ဘက်ထရီလမ်း = ဝရစိန်လမ်း (ဗိုလ်တထောင်)
၁၄၄။ လစ်ဖိလမ်း = မီးပြလမ်း (ဗိုလ်တထောင်)
၁၄၅။ အယ်လ်ဂျင်လမ်း = ဧကရာဇ်လမ်း (ဗိုလ်တထောင်)
၁၄၆။ ဘရွတ်ကင်းလမ်း = ဗိုလ်ကလေးဈေးလမ်း (ဗိုလ်တထောင်)
၁၄၇။ စပတ်လမ်း = ဗိုလ်အောင်ကျော်လမ်း (ဗိုလ်တထောင်)
၁၄၈။ ကနေဒီလမ်း = ဦးအောင်မြတ်လမ်း (မင်္ဂလာတောင်ညွန့်)
၁၄၉။ ကင်းအက်ဒွပ်အဲဗင်းနယူး = ဗိုလ်မင်းခေါင်လမ်း (မင်္ဂလာတောင်ညွန့်)
၁၅၀။ လစ်ကင်းလံစစ်စတားလမ်း = ဒေါ်သိန်းတင်လမ်း (မင်္ဂလာတောင်ညွန့်)
၁၅၁။ အီဗင်ဆင်လမ်း = မြယာကုန်းလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၂။ ဘိုးလိန်းလမ်း = ဗညားဒလလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၃။ စိန်အန်ထော်နီလမ်း = ဦးဖိုးကျားလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၄။ နီကိုလ်းလမ်း = ငမိုးရိပ်လမ်း (မင်္ဂလာတောင်ညွန့်)
၁၅၅။ မတ္တရီကာလမ်း = သစ္စာလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၆။ အဲရိုးလိန်းလမ်း = နောင်ရိုးလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၇။ သမိုင်းလင့်ခ်လမ်း = ကျိုက်ဝိုင်းဘုရားလမ်း (မရမ်းကုန်း)
၁၅၈။ ဒူးဘန်းလမ်း = မေလိခလမ်း (မရမ်းကုန်း)
၁၅၉။ ယာဒီလမ်း = သလ္လာဝတီလမ်း (မရမ်းကုန်း)
၁၆၀။ ကိုဟင်းလမ်း = ရွက်လှလမ်း (မရမ်းကုန်း)
၁၆၁။ ကရ်စ်ခ်လမ်း = သိင်္ဂီလမ်း (သင်္ဃန်းကျွန်း)
၁၆၂။ ချန်စဖို့လမ်း = အောင်သီရိလမ်း (သင်္ဃန်းကျွန်း)
၁၆၃။ စော်လမွန်လမ်း = ဥယျာဉ်လမ်း (သင်္ဃန်းကျွန်း)
၁၆၄။ တင်းပယ်လ်လမ်း = ဘောဂလမ်း (သင်္ဃန်းကျွန်း)
၁၆၅။ ကာပင်တိုင်လမ်း = ယုဇနလမ်း (သင်္ဃန်းကျွန်း)
၁၆၆။ ပနဒီယာလမ်း = သော်ကလမ်း (သင်္ဃန်းကျွန်း)
၁၆၇။ ဘာတာဖီလ်းလမ်း = နှင်းဆီကုန်းလမ်း (သင်္ဃန်းကျွန်း)
၁၆၈။ ဘတ်စ်လမ်း = မင်္ဂလာလမ်း (သင်္ဃန်းကျွန်း)
၁၆၉။ မဟူရာဂျာလမ်း = မဟာမြိုင်လမ်း (သင်္ဃန်းကျွန်း)
၁၇၀။ ရှီမူရမ်လမ်း = အောင်မင်္ဂလာလမ်း (သင်္ဃန်းကျွန်း)
၁၇၁။ ရမ်းမင်းလမ်း = ယုဝလမ်း (သင်္ဃန်းကျွန်း)
၁၇၂။ ဝိတိုရိယလမ်း = ရတနာလမ်း (သင်္ဃန်းကျွန်း)
၁၇၃။ ဝီလျံလမ်း = သီတာအေးလမ်း (သင်္ဃန်းကျွန်း)
၁၇၄။ ဟာဒင်လမ်း = အောင်သုခလမ်း (သင်္ဃန်းကျွန်း)
၁၇၅။ ဟာမစ်ရှင်လမ်း = ဟင်္သာတလမ်း (သင်္ဃန်းကျွန်း)
၁၇၆။ အဗူးကေတဘာလမ်း = ကြိုးစက်ရုံလမ်း (သင်္ဃန်းကျွန်း)
၁၇၇။ အားနိုလ်းလမ်း = ပြည်တော်သာလမ်း (သင်္ဃန်းကျွန်း)
၁၇၈။ ကောလိပ်လမ်း = သခင်မြပန်းခြံလမ်း (အလုံ)
၁၇၉။ ကူရှင်လမ်း နှင့် အနောက်လမ်း = အောင်ရတနာလမ်း (အလုံ)
၁၈၀။ ဆူပါပင်လမ်း = ငုဝါလမ်း (အလုံ)
၁၈၁။ ဖူးကားလမ်း = စကားစိမ်းလမ်း (အလုံ)
၁၈၂။ ဖိုက်ခ်ျလမ်း = ရှမ်းလမ်း (အလုံ)
၁၈၃။ ချန်းမာဖီလမ်း = နှင်းဆီလမ်း (အလုံ)
၁၈၄။ စတားရက်လမ်း = နွယ်သာကီလမ်း (အလုံ)
၁၈၅။ နော်မန်ကျောင်းလမ်း = နံ့သာလမ်း (အလုံ)
၁၈၆။ ဖွိုင်လမ်း = ရန်ပိုင်လမ်း (အလုံ)
၁၈၇။ ဘင်တန်လမ်း = သီတာလမ်း (အလုံ)
၁၈၈။ ဆရာမတ်ကြီးလမ်း = ဝေဘာဂီလမ်း (အလုံ)
၁၈၉။ ပိုင်းလမ်းဖြတ်လမ်း ၁ = သိန္နီဖြတ်လမ်း ၁ လမ်း (အလုံ)
၁၉၀။ ပိုင်းလမ်းဖြတ်လမ်း ၂ = သိန္နီဖြတ်လမ်း ၂ လမ်း (အလုံ)
၁၉၁။ ၃ = သိန္နီဖြတ်လမ်း ၃ လမ်းပိုင်းလမ်းဖြတ်လမ်း

Credit to Original Writer

 #ဘီပိုး စီပိုးရှိသူများ နှင့် အသည်း​ရောင်အသားဝါရောဂါသည်များတွက်မက်လင်ချဥ်အသီးဟာ ဗီတာမင် စီကြွယ်ဝတယ်သွေးတိုး နှင့် ဆီးချ...
22/05/2022

#ဘီပိုး စီပိုးရှိသူများ နှင့် အသည်း​ရောင်
အသားဝါရောဂါသည်များတွက်မက်လင်ချဥ်
အသီးဟာ ဗီတာမင် စီကြွယ်ဝတယ်
သွေးတိုး နှင့် ဆီးချိုကို ကျ​စေတယ်
သွေးတွင်း ​အဆီဓါတ် ကျ​စေတယ်

ရေဖျင်း​ရောဂါအတွက်လည်း​သောက်သုံးနိုင်တယ်။

အဆုတ်သန့်ရှင်းကာ အား​ကောင်း​စေတယ် ။

ချွဲသလိပ်​ကြေ​စေသည်။

မက်လင်ချဥ် ကဝမ်းလေချုပ်သည့်အနာ၊ သလိပ်နာ၊ လေနာကို နိုင်ပါတယ်

ကျင်ကြီး ကျင်ငယ်ကို ချေဖျက်ပြီး အောက်ကိုသက်စေတယ်၊

နှလုံးနဲ့ဆိုင်သောအနာ အသည်းနဲ့ဆိုင်သောအနာ တို့နှင့်အထူးသင့်တယ်

မောဟိုက် ချောင်းဆိုး ပန်းနာ အစာမကြေရောဂါတွေကို သက်သာစေတယ်လို့ ဆေးကျမ်းတွေမှာဖော်ပြထားတယ်

Credit to သမားတော်တိုင်းရင်းဆေး

သီဟိုစေ့♥သီဟိုစေ့က တစ်စေ့စားလိုက်တာနဲ့ နောက်တစ်စေ့ထပ်စားချင်လောက် အောင်အရသာ အရမ်းရှိတဲ့ အစေ့လေးပါ။အရသာရှိရုံတင်မကဘဲ သီဟိ...
19/05/2022

သီဟိုစေ့

♥သီဟိုစေ့က တစ်စေ့စားလိုက်တာနဲ့ နောက်တစ်စေ့ထပ်စားချင်လောက် အောင်အရသာ အရမ်းရှိတဲ့ အစေ့လေးပါ။

အရသာရှိရုံတင်မကဘဲ သီဟိုစေ့မှာ နှလုံးကျန်းမာရေး၊ အာရုံကြောစနစ်၊ ကြွက်သား၊ သွေးနီဥ၊ အရိုးနဲ့ ခံတွင်းကျန်းမာရေးအတွက် အရမ်းကို ကောင်းပါတယ်။

♥ပရိုတင်းဓာတ်၊ ကော့ပါး၊ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ Phosphorus ၊ ပိုတက်ဆီယမ်နဲ့ ဇန့်ဓာတ်စတဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

♥ဆိုဒီယမ်ပါဝင်မှုအရမ်းနည်းတာကြောင့် သွေးတိုးရှိလည်း စားလို့ရပါတယ်။

♥ဗီတာမင် C ၊ ဗီတာမင် B1 ၊ ဗီတာမင် B2 ၊ ဗီတာမင် B3 ၊ ဗီတာမင် B6 ၊ ဖောလစ်၊ ဗီတာမင် E နဲ့ ဗီတာမင် K တို့လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။

♥ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ Monounsaturated Fat နဲ့ Polyunsaturated Fats တို့ ကြွယ်ဝစွာပါဝင်တဲ့အပြင် ကျန်းမာရေးကို ဆိုးကျိုးဖြစ်တဲ့ ကိုလက်စထရောဓတ်တွေလည်း မပါဝင်ပါဘူး။

နှလုံးရောဂါကို ကာကွယ်ပေး
♥♥♥♥♥♥♥♥♥♥

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Dietary Fats တွေပါဝင်ပြီး ဒီအဆီဓာတ် က ဗီတာမင် A, D, E နဲ့ ဗီတာမင် K တို့ကို ပိုစုပ်ယူနိုင်အောင်ကူညီပေးပါတယ်။

ဒီဗီတာမင်ဓာတ်တွေက ဦးနှောက် ဖွံ့ဖြိုးမှုနဲ့ သွေးခဲတဲ့အပိုင်းကို အဓိက ထောက်ပံ့ပေးပါတယ်။

အဲ့ဒီအပြင် Monounsaturated Fats (MUFA) နဲ့ Polyunsaturated Fats (PUFA) တို့ပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက်ကောင်းပါတယ်။

ဆီးချိုဝေဒနာရှင်တွေလည်း ဆီးချိုပမာဏအပေါ်မူတည်ပြီး အနည်းငယ်လောက်တော့ စားလို့ရပါတယ်။

ကြွက်သားနဲ့ အာရုံကြောစနစ်ကို ထောက်ပံ့ပေး
♥♥♥♥♥♥♥♥♥♥♥♥♥♥

မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝပါတယ်။
မဂ္ဂနီဆီယမ်ဓာတ်က အရိုး၊ ကြွက်သား၊ တစ်ရှူး နဲ့ ခန္ဓာကိုယ်ရဲ့ အင်္ဂါတွေအတွက်ကောင်းပါတယ်။

သွေးဖိအားကို ထိန်းချုပ်ပေးပြီး၊ ကိုယ်ခံအားနစ်ကို မြှင့်တင်ပေးကာ၊ အာရုံကြောစနစ် လုပ်ဆောင်ချက်တွေကို အားကောင်းစေပါတယ်။

အဲ့ဒီအပြင် အရိုးကိုလည်း သန်မာစေပါတယ်။

♥ဆီးချို ရောဂါဖြစ်နိုင်ချေကို လျော့ချပေး
သီဟိုစေ့မှာ သကြားဓတ်ပါဝင်မှုနည်းပြီး မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေလည်း မပါဝင်ပါဘူး။

♥ကင်ဆာရောဂါကို ကာကွယ်ပေး
သီဟိုစေ့မှာ Anacardic အက်ဆစ်၊ Cardanols ၊ Cardols ဓာတ်တွေပါဝင်တာကြောင့် အကြိတ်တွေ၊ ကင်ဆာရောဂါတွေဖြစ်နေတဲ့ သူတွေအတွက် လည်းကောင်းပါတယ်။

♥ခံတွင်းနဲ့ အရိုးကျန်းမာရေး
သွားနဲ့ အရိုးကျန်းမာရေးအတွက်အဓိကကျတဲ့ Phosphours ဓာတ်တွေလည်း ပါဝင်ပါတယ်။

ဒီဓတာ်တွေက ပရိုတင်းဓာတ်တွေကို အစာခြေရာမှာ ကူညီပေးပြီး ကာဗိုဟိုက်ဒရိတ်နဲ့ အဆီဓာတ်တွေကို စုပ်ယူပေးနိုင်ပါတယ်။

Credit သမား​တော်တိုင်းရင်း​ဆေး

နနွင်းခါး...........ရိုးရိုးနနွင်းနဲ့မတူပါဘူးနော်ဒါကနနွင်းခါးပါ။ ရုက္ခဗေဒအမည် - Curcuma comosa Roxb အင်္ဂလိပ်အမည် - Tume...
19/05/2022

နနွင်းခါး...........

ရိုးရိုးနနွင်းနဲ့မတူပါဘူးနော်

ဒါကနနွင်းခါးပါ။

ရုက္ခဗေဒအမည် - Curcuma comosa Roxb

အင်္ဂလိပ်အမည် - Tumeric

မျိုးရင်း - Zingiberaceae

နနွင်းခါးသည် ရွက်ယောင်ပင်စည်ဖြစ်ပါတယ် ၊ ၄ ပေ မှ ၅ ပေ ခန့် မြင့်

ပါတယ် ၊ ရွက်ညှာ ရှည်လျားပြီး အရွက် အလယ်ကြောတွင် အညိုနု

ရောင်

ရှိပါတယ် ၊ ပန်းရောင် သန်း သည့် အဝါရောင် အပွင့်ငယ်များသည်

ရွက်ညှာ နဲ့ ပင်စည်ကြားမှ ထွက်ပါတယ် ၊ အပွင့်သည် ဩဂုတ်လနှင့်

စက်တင်ဘာလများ တွင် ပွင့် ပါ တယ်၊ အမြစ်ဖုဟာဆိုရင် ပင်စည်

ငယ်စဉ် တွင် အဝါရောင် ရှိပြီး ကြီးမားလာသောအခါ လိမ္မော်ရင့် ရောင်
ဖြစ်လာပါတယ် ၊ ဆေးဘက် အဖြစ် အမြစ်ဥ ကို သုံး ပါတယ်

ပါ၀င်သောဒြပ်ပေါင်းများ

နနွင်းခါးတွင် အယ်ကာလွိုက် (Alkaloid ) ဒြပ်ပေါင်းများ စ

တီရောများ ( Sterols ) ဒြပ်ပေါင်းများ ပါ၀င်ပါတယ်

အစွမ်းထက် ဒြပ်ပေါင်းမှာ စစ်(ဂ်)မာစတီရော

(Stigmasterol)ဒြပ်

ပေါင်းဖြစ်ပါတယ် ။

Stigmasterol ဒြပ်ပေါင်းရဲ့ ပုံသေနည်းမှာ -

C25H48Oဖြစ်ပါတယ်

ဆေးအသုံး
-------------

မြန်မာ့တိုင်းရင်းဆေးအဖြစ် နနွင်းခါးမှုန့် ကို ပျားရည် ဖြင့် ရော၍

တစ်ကြိမ်

လျှင် လက်ဖက်ရည်ဇွန်း (၁) ဇွန်းခန့် တစ်နေ့ ( ၂) ကြိမ်

သောက်ခြင်းဖြင့်

သွေးတိုးရောဂါကို ပျောက်ကင်းစေပါတယ် ။

ဆီးချိုရောဂါ ၊ အစာအိမ်ရောဂါ ၊ ငှက်ဖျားရောဂါ တို့ ကို လည်းကောင်း

ပျောက်ကင်းစေပါတယ် ။

နနွင်းခါး သုသေသန လုပ်ခြင်းအပေါ် ခြုံငုံသုံးသပ်ခြင်း
---------------------------------------------------------

(က) သုသေသန လုပ်ငန်း တွင် နနွင်းခါး မှ စတီရောများ

အယ်ကာလွိုက်ဒြပ်ပေါင်းများ ထုတ်ယူပြီး ဆေးဘက်၀င်

ဒြပ်ပေါင်းဖြစ်သော စတစ်(ဂ်)မာစတီရော ကို ခွဲထုတ်၍

၎င်း၏ သန့်စင်မှုကို အလွှာပါး ခရိုမာတိုဂရပ်ပီ အနီအောက်

ရောင်စဉ် စုပ်ယူခြင်းတို့ဖြင့် အတည်ပြုခဲ့ပါသည်။

( ခ ) ပရဆေး သုသေသန ဋ္ဌာနတွင် စားနနွင်း ၊ နနွင်းကြက်ခြေနှင့်

နနွင်းခါး မှုန့် (၃) မျိုးကို သုသေသန ပြုလုပ်ခဲ့ရာ နနွင်းနှင့်

နနွင်းကြက်ခြေတွင် အဝါရောင် curcumin ဒြပ်ပေါင်းထုတ်

ယူကြည့်ရာ တွေ့ရသော်လည်း နနွင်းခါးတွင် curcumin

ဒြပ်ပေါင်း လုံး၀ မပါ၀င်ပါ ။

ဤ မှာနနွင်းခါး၏ ထူးခြားချက်ဖြစ်ပါတယ်။

( ဂ ) အယ်ကာလွိုက် ကွန်ပေါင်းအများစုမှာ ခါးသောအရသာ ရှိသော

ကြောင့် နနွင်းခါး တွင် အယ်ကာလွိုက်

ကွန်ပေါင်းပါ၀င်နေသော

ကြောင့် ခါးသောအရသာ ရှိသည်ဟု ယူဆရပါသည်။

* ကိုးကားချက် ~ အစွမ်းထက်သည့်
မြန်မာ့တိုင်းရင်းဆေးပင်များ
စာအုပ်မှ *

ထိုင်းနိုင်ငံတွင်လည်း နနွင်းခါးကို အမျိုးသမီးများ

ရာသီလာချိန် ကိုက်ခဲ နာကျင်မှု သက်သာစေရန်

အချို့သော အမျိုးသမီးများ အင်္ဂါမှ

အနံ့ဆိုးများထွက်ခြင်းပျောက်စေရန်

Vaginal tightering အမျိုးသမီးအင်္ဂါ ကြွက်သားများ

တင်းရင်းစေရန်

စသော ဆေးတွေမှာ နနွင်းခါးကို အသုံးပြု ကြပါတယ်။

Credit to သမားတော်တိုင်းရင်းဆေး

Address

No. 111
Bago
01101

Website

Alerts

Be the first to know and let us send you an email when Thu Kha Nan Daw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category