Thu Rein Edition - Health & Fitness Performance

  • Home
  • Thu Rein Edition - Health & Fitness Performance

Thu Rein Edition - Health & Fitness Performance ♻️Train Smart. Move Better. Live Stronger

ကျွန်တော့်ရဲ့ Basic Fitness Online  Group Training Class   Batch(2) လေးကို 9လပိုင်း 8ရက်နေ့ (8.9.2025) Mondayမှာ စဖွင့်ပ...
15/08/2025

ကျွန်တော့်ရဲ့ Basic Fitness Online Group Training Class Batch(2) လေးကို 9လပိုင်း 8ရက်နေ့ (8.9.2025) Mondayမှာ စဖွင့်ပါမယ်ဗျ
Group Class ဆိုပေမဲ့ သေချာဂရုစိုက်ပေးလို့ရအောင် လူဦးရေကန်သတ်ထားပါတယ် တစ်ဦးချင်စီလိုအပ်ချက် ပေါ်မူတည်ပြီး သီးသန့်Programနဲ့ ❗️တစ်ပတ်ကို 5ရက် Trainingလုပ်ရပါမယ်

♻️ဘယ်လိုTrainပေးမှာလဲ?
-Zoom နဲ့Trainပါမယ်
-Trainingချိန် တစ်ချိန်ကို 45Min-90Minလောက်ကြာပါမယ်
-Clientတစ်ဦးချင်းစီရဲ့ Dietအတွက်Calories တွက်နည်း နဲ့ တစ်နပ်ချင်းစီအတွက် အာဟာရမျှတအောင် ဘယ်လိုစားရမလဲဆိုတာကိုပါ တစ်ခါတည်းရှင်းပြပေးပါမယ်။
-အစားအသောက်ကိုလျော့စားစရာမလိုဘဲ တစ်ဖြည်းဖြည်းချင်း Healthy Mealတွေ ပြောင်းစားနိုင်အောင် Trainပေးပါမယ်။
-နေ့စဥ်စားသုံးတဲ့အစားအသောက်တွေကိုတော့ ကျွန်တော့်ကို ပြန်ပြပေးဖို့လိုပါမယ်။(အဲ့တာမှ အမှားအမှန်ကျွန်တော်စစ်ပေးလို့ရပြီး လိုအပ်တာတွေစီစဥ်ပေးလို့ရမှာပါ။
-အခုမှ Trainingစလုပ်မဲ့ သူတွေအတွက်လည်း Body Posture Accessment တွေပါ လုပ်ပေးပါမယ်။

♻️ဘယ်လိုTrainingတွေပါမှာလဲ..?
-Posture မှားနေတဲ့ သူတွေအတွက် Injury Prevention အတွက် Posture Correction Exerciseတွေ
-အရိုးအဆစ်တွေ ပိုလှုပ်ရှားလို့ကောင်းစေဖို့Mobility Exercise တွေ
-Body Shape ပိုလှကျစ်လျစ်စေမဲ့ Hypertrophy Exercise တွေ
-Training လုပ်ပြီး ကြွက်သားနာကျင်မှု့တွေလျော့စေမဲ့ Streching & Foam Rolling Technique တွေ
-Recovery Trainingတွေစသည်ဖြင့် ပါ၀င်ပြီး
❗️Fat Loss & Body Beauty Focus Group Training ဖြစ်ပါမယ်❗️

♻️ဘယ်သူတွေ Joinလို့ရလဲ?
-အခုမှ လေ့ကျင့်ခန်းစလုပ်မဲ့သူတွေ
-Body Posture မှန်ချင်တဲ့သူတွေ
-နေ့စဥ်ဘ၀မှာ ပိုမိုကျန်းမာ သွက်လက်ချင်တဲ့သူတွေ
-လေ့ကျင့်ခန်းလုပ်ချင်ပေမဲ့ Injury မရအောင်
ဘယ်ကနေ စလုပ်ရမှန်း မသိတဲ့သူတွေ
-လေ့ကျင့်ခန်း တစ်ခုချင်းစီတိုင်းကို Form & Technique မှန်မှန်နဲ့ Trainချင်တဲ့သူတွေ
-Active & Healthy Lifestyleလိုချင်တဲ့သူတွေ
-Fat Loss & Body Beauty Goalနဲ့Trainingလုပ်ချင်တဲ့သူတွေ
-မိမိအိမ်မှာပဲ လေ့ကျင့်ခန်းလုပ်ချင်တဲ့သူတွေJoinလို့ရပါတယ်
♻️ဘာပစ္စည်းတွေလိုလဲ?
-Yoga Map
-Foam Roller
-Dumbell
-Resistance Band
-B***y Band တစ်ခုရှိရင် Trainingလုပ်လို့ရပါပြီ။

♻️Class Fees နဲ့ /ဘယ်နေ့ /ဘယ်အချိန်တွေ ဆော့ရမှာလဲ ?

သင်တန်းကြေးက
❗️၁လ စာကို (၁)သိန်း ကျပ်ပါ❗️
09979329192
Thu Rein Zaw (Kpay name)

8.9.2025/မှာ စပြီးMon - Fri
တစ်ပတ်ကို(၅)ရက်Trainingလုပ်ရပါမယ်။
ယခုBatch(2)မှာTraining Time ကို
မနက်ပိုင်း
5:30Am- 6:30Am တစ်ချိန်နှင့်
ညပိုင်း
8:30PM- 9:30PM တစ်ချိန်ဖြစ်တာမို့
မိမိအဆင်ပြေတဲ့အချိန်ကိုရွေးချယ်လို့ရပ်တယ်ခမျ၊
တစ်နေကုန်အလုပ်တွေပြီးတဲ့အချိန်နဲ့ ကျွန်တော်Group Class အချိန်နဲ့ ကြုံခဲ့ရင်
ကိုယ့်ကိုကိုယ်မှန်ကန်စွာချစ်ဖို့ အချိန်လေးဖယ်ပြီး
လေ့ကျင့်ခန်းလုပ်ဖို့ အမြန်ဆုံး လာအပ်​လိုက်တော့နော်🤗
See You Soon
Thu Rein
♻️Train Smart .Move Better . Live Stronger

♻️Day (1) Vs Day (8) Tension တွေပါအတော်မိလာကြပြီ အရင်က onlineနဲ့ဆို ကိုယ့် Programs တွေ ကTrain ပေးရတာ အားမရဘူး အဆင်မပြေဘ...
14/08/2025

♻️Day (1) Vs Day (8) Tension တွေပါအတော်မိလာကြပြီ

အရင်က onlineနဲ့ဆို ကိုယ့် Programs တွေ ကTrain ပေးရတာ အားမရဘူး အဆင်မပြေဘူး ဆို ပြီး
Online Classတွေမလုပ်ဖြစ်တာ

ဒီတစ်ခေါက်Batch(1)ကတော့ ကြိုးစားကြတဲ့ အမတွေ ရက်တိုတို နဲ့ Foundation တွေ အကုန်ရပြီး
ကိုယ်Trainမဲ့ Program ထဲ ဝင်လာကြပြီ 🤟

See You Batch(2)
Fitness Online Training Class
💪Train Hard & Train Smart 🧠

♻️မနက်စာကို ဘားမှ အထူးတလည် လုပ်စားစရာ မရှိရင် တောင် စားချင်စားပြီး နောက်ထပ်Protein (အသားဓာတ် )ကို ထပ်ဖြည့်စား လိုက်ရင်-တ...
13/08/2025

♻️မနက်စာကို ဘားမှ အထူးတလည် လုပ်စားစရာ မရှိရင် တောင် စားချင်စားပြီး နောက်ထပ်Protein (အသားဓာတ် )ကို ထပ်ဖြည့်စား လိုက်ရင်

-တစ်နေကုန် Energy ပြည့်နေသလိုမျိုး Felling ရနေမယ်
-ပေါက်ကရ Snack တွေလည်း အများကြီး မစားမိပဲနေနိုင်လိမ့်မယ်
-ခန္ဓာကိုယ်က ညောင်းညောင်းကြီး ဖြစ်မနေပဲ ပေါ့ပေါ့ပေါ့ ဖြစ်နေလိမ့်မယ်

တစ်နပ်မှာတောင် အဲ့လို အကျိုးတရားတွေ ရှိနေရင်
နေ့တိုင်း ကိုယ့်ခန္ဓာကိုယ် လိုအပ်တဲ့ protein(အသားဓာတ်)ကို ပြည့်ဝအောင်စားမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းနေမလဲ စဉ်းစားကြည့်

♻️Eat Smart.Move Better.Live Stronger

✅ကျွန်တော်သာ Client တစ်ယောက်ဖြစ်မယ်အခုမှ ကျန်းမာရေးအတွက် ကော Body လှဖို့အတွက်ကော လေ့ကျင့်ခန်း စလုပ်တော့မယ်ဆိုရင်♻️ကျွန်တ...
12/08/2025

✅ကျွန်တော်သာ Client တစ်ယောက်ဖြစ်မယ်

အခုမှ ကျန်းမာရေးအတွက် ကော Body လှဖို့အတွက်ကော လေ့ကျင့်ခန်း စလုပ်တော့မယ်ဆိုရင်
♻️ကျွန်တော် ဘာတွေအရင်ဆုံးလုပ်မလဲ ဆိုရင်
ကောင်းတဲ့အလေ့အကျင့်တွေကို အရင်မွေးမယ်ဘာတွေလဲဆိုရင်

အရင်ဆုံး
(၁)Meditation လုပ်တဲ့အကျင့်ကိုမွေးမြူမယ်
(၂) ရေလုံလောက်အောင် သောက်မယ်
(၃) ညဘက်တွေ ဖုန်းသုံးတာလျော့မယ်
စာဖတ်မယ် /စောစောအိပ်မယ်
(၄) အခုမှ စပြီး လေ့ကျင့်ခန်းလုပ်မှာဆိုတော့
မနက်ခင်းကို နာရီ၀က် လမ်းလျှောက်မယ်/
ညနာရီ၀က်လမ်းလျှောက်မယ်

(၅)အစားအသောက်တွေ ကို အချိန်မှန်စားမယ်
အာဟာရမျှတအောင်စားမယ်
လေ့ကျင့်ခန်းအပိုင်းမှာဆိုရင်
♻️ တစ်ပတ် ၄ရက် လောက် Trainingလုပ်မယ်
အခုမှ စပြီးလေ့ကျင့်ခန်းလုပ်မှာဆိုတော့
Stability & Mobility Exercise တွေနဲ့
Core Exercise တွေ ရယ် Functional Exercise တွေကို လုပ်မယ်
ပြီးရင်
♻️၁ပတ်ကို ၁ရက် Yoga လုပ်မယ်
♻️၁ပတ်ကို ၁ရက် Long Distance စက်ဘီး နင်းမယ်
♻️၁ပတ်ကို ၁ရက် ရေကူးမယ်

သေချာတယ် ကျွန်တော်သာအဲ့လိုလုပ်မယ်ဆိုရင်
၃လအတွင်း ကျွန်တော့်ကျန်းမာရေး အစပေါင်းများစွာ ကောင်းမွန်လားပြီး Body ပါ Auto လှလာမှာ။

ဒီ၃လ ပြီးမှ Trainingတွေပြောင်းမယ်🤙

🧠Train Smart.Move Better.Live Stronger
Thu Rein Edition

✅ကျွန်တော်တို့ လူသားတွေ ဟာ တစ်ဦးနဲ့တစ်ဦး 🙇‍♂️🧠စိတ်ပိုင်းဆိုင်ရာ🧠💪 ရုပ်ပိုင်းဆိုင်ရာတွေ 💪✅မတူညီကြပါဘူး။ဒါ့အပြင် တစ်ဦးန...
12/08/2025

✅ကျွန်တော်တို့ လူသားတွေ ဟာ
တစ်ဦးနဲ့တစ်ဦး 🙇‍♂️
🧠စိတ်ပိုင်းဆိုင်ရာ🧠
💪 ရုပ်ပိုင်းဆိုင်ရာတွေ 💪
✅မတူညီကြပါဘူး။
ဒါ့အပြင် တစ်ဦးနဲ့တစ်ဦး ကြုံတွေ့ဖြတ်သန်းရုန်းကန်နေရတဲ့ ဘ၀ အခြေအနေ တွေ /ကြုံတွေ့နေရတဲ့ မိသားစု အခက်အခဲတွေ /စီးပွားရေး /လူမှု့ရေးပြသနာ ပေါင်းစုံလည်း မတူညီကြပါဘူး😊
မတူညီတဲ့ Stressပေါင်းစုံ တွေရဲ့ကြားထဲမှ🤜🤛
မိမိ ခန္ဓာကိုယ်အလှအပနဲ့ကျန်းမာတဲ့ လူနေမှု့ ဘ၀ကို ရရှိနိုင်အတွက် လေ့ကျင့်ခန်းကို အချိန်ပေးလေ့ကျင့်ရာတွင်လည်း ရလဒ် ကွာခြားကြမှာက မထူးစမ်းပါဘူး☝️

🚫ပြသနာက ဘာလဲ ဆို တော့ ဝလို့ အဆီကျလှပဖို့အတွက် လေ့ကျင့်ခန်းလုပ်တဲ့ သူတွေမှာ တော့
ဒီလိုမထူးစမ်းတ​ဲ့ရလဒ် ကွာခြားတဲ့ပြသနာက အတော်လေးကို ဒုက္ခပေးနေပါတယ်

ဥပမာ လေ့ကျင့်တဲ့ ကာလ အစားအသောက်လည်းတူ/ သေချာ ဆင်ဆင်ခြင်ခြင်စားတာခြင်း တူသော်ငြားလည်း တစ်ယောက်က ကိုယ်အလေးချိန် ကျပြီး နောက်တစ်ယောက်က မကျတော့ စိတ်ပျက် အားပျက်ပြီး အရှုံးပေးချင်စိတ် တွေ ထွက်ပေါ်လာကြပါတယ်🤦‍♂️

🤞ပေါင်ချိန် စက်ပေါ်က ကိန်းဂဏန်း မလျော့ကျတာနဲ့ မိတ်ဆွေလေ့ကျင့်ခန်းပြုလုပ်ထားတာတွေက သဲရေထဲသွန်ဖြစ်သွားတာ မဟုတ်တာကြောင့် စိတ်ပျက် အားလျော့စရာမလိုပါဘူး။

☝️အဖြေက အပေါ်က ​ပြောခဲ့တဲ့အတိုင်းပါပဲ တစ်ယောက်နဲ့တစ်ယောက်က မတူညီနဲ့ stress ပေါင်းစုံမတူညီတဲ့ life style ပေါင်းစုံက နေ လာတာကြောင့်ပါ။

✅အဲ့တာကြောင့် သူက ကျပြီး မိမိကကိုယ်အလေးချိန်မလျော့ကျတာနဲ့ စိတ်ဓာတ်ကျစရာမလိုပါဘူး။
ဒါကပုံမှန်ပါပဲ
ကိုယ်အလေးချိန်မပြောင်းလဲ သော်လည်း ခန္ဓာကိုယ် အချိုးအစား ပြောင်းလဲ သွားတဲ့ သူတွေအများကြီးပါ။
မိမိရဲ့တာ၀န်က လေ့ကျင့်ခန်းမှန်မှန်လုပ်မယ်/အစားအသောက်ကို ထိန်းစားမယ်/အိပ်ချိန်ကိုဂရုပြုမယ်/Stressကိုထိန်းရမယ်
အဲ့တာဆိုရင် မိတ်ဆွေ တို့ရဲ့ ခန္ဓာကိုယ် အနှေးနဲ့အမြန် ပြောင်းလဲ လာပါလိမ့်မယ်။

အဆင်ပြေကြပါစေ🙏🙏🙏

Thurein
🧠Train Smart.Move Better.Live Stronger

♻️ကျွန်တော့်Client ဘွားဘွားတွေကို  ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တဲ့ လေ့ကျင့်ခန်းတွေပေးနိုင်အောင် လိုအပ်တဲ့အရာတွေအကုန်...
08/08/2025

♻️ကျွန်တော့်Client ဘွားဘွားတွေကို ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တဲ့ လေ့ကျင့်ခန်းတွေပေးနိုင်အောင် လိုအပ်တဲ့အရာတွေအကုန်ဖြည့်🧠

💪Train Smart.Move Better.Live Stronger 🔥
ကျွန်တော့်Client တိုင်း ကျန်းမာသန်စွမ်းစေရမည်
Thu Rein

❗️တချို့လေ့ကျင့်ခန်းတွေက ကြည့်ရင် လွယ်တယ်ထင်ရပေမဲ့ ♻️အမြင်လေးတစ်ခုတည်းနဲ့ Videoထဲက အတိုင်းလိုက်လုပ်ရုံနဲ့ မှန်ကန်တဲ့ Tra...
26/07/2025

❗️တချို့လေ့ကျင့်ခန်းတွေက ကြည့်ရင် လွယ်တယ်ထင်ရပေမဲ့

♻️အမြင်လေးတစ်ခုတည်းနဲ့ Videoထဲက အတိုင်းလိုက်လုပ်ရုံနဲ့ မှန်ကန်တဲ့ Training မဖြစ်စေတဲ့အတွက်
✅အဲ့လေ့ကျင့်ခန်းရဲ့ အကျိုးသက်ရောက်မှု့ကို
အပြည့်အ၀ မရရှိ မခံစားရဘူး
🤦‍♂️တစ်ချို့ဆို လိုက်လုပ်တဲ့ပုံစံကပါ မှားတော့ အကျိုးမရှိတဲ့ အပြင် Injury ရသွားတဲ့ သူတွေတောင် အများကြီး ရှိပါတယ်

👇အဲ့လိုမျိုး ကြည့်ရင် လွယ်တယ်ထင်ရသော်လည်း
တော်တော်များများ မှားကြတဲ့ အပြင်
အမှားလုပ်မိလို့ခါးinjury ပါရကြတဲ့ လေ့ကျင့်ခန်းထဲက မှ
အားလုံးသိကြတဲ့ (၂)မျိုးကိုပြောပြပါမယ်
(1)Plank
(2)Glute Bridge (ပုံပြပေးထားပါတယ်)
အဲ့ ပုံကလုပ်တဲ့ သူတွေလည်း မှားနေပါတယ်❗️

♻️နောက်ထပ်လည်း မှန်တယ်ထင်ရပေမဲ့ အမှားများတဲ့ လေ့ကျင့်ခန်းတွေ ထပ်ပြောပြပေးသွားပါမယ်။
အထိရောက်ဆုံးနဲ့ မှန်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို Sharing လုပ်ပေးသွားပါမယ်

Thu Rein Edition
♻️Train Smart.Move Better.Live Stronger

♻️အချိန်တစ်ခုကြာတာနဲ့ကိုယ့်ကိုကိုယ် ဒုက္ခအပေးဆုံး ❗️ကိုယ့်ဟန်အနေထားမို့ အကုန်လုံးကိုပြင်စေချင်ပါတယ်ခင်မျာThu Rein Editio...
26/07/2025

♻️အချိန်တစ်ခုကြာတာနဲ့
ကိုယ့်ကိုကိုယ် ဒုက္ခအပေးဆုံး ❗️
ကိုယ့်ဟန်အနေထားမို့ အကုန်လုံးကိုပြင်စေချင်ပါတယ်ခင်မျာ

Thu Rein Edition
♻️Train Smart. Move Better.Live Stronger.

အကယ်၍လူကြီးမင်းက ✅ရုံးမှာ တစ်နေကုန်ထိုင်ပြီး ကွန်ပြူတာအရှေ့မှာထိုင်ပြီး အလုပ်လုပ်ရတဲ့သူ✅လေ့ကျင့်ခန်း လုပ်ဖို့လည်း ကိုယ့်...
24/07/2025

အကယ်၍လူကြီးမင်းက
✅ရုံးမှာ တစ်နေကုန်ထိုင်ပြီး ကွန်ပြူတာအရှေ့မှာထိုင်ပြီး အလုပ်လုပ်ရတဲ့သူ
✅လေ့ကျင့်ခန်း လုပ်ဖို့လည်း ကိုယ့်ကိုကိုယ် အချိန်မပေးတဲ့သူ
✅ရေသောက်လည်း နည်းတဲ့သူ
✅ညဘက်တွေလည်း အိပ်ရေးပျက်တဲ့သူဆိုရင်

အချိန်တစ်ခုကြာလာတာနဲ့ လူကြီးမင်းခန္ဓာကိုယ်မှာ ဖြစ်လာမဲ့ အရာတွေကတော့

(၁)ခါးက ညောင်းပြီး နာလာမယ်/ ခါးက ခနခန နာတာမျိုးဖြစ်လာမယ်❗️
(၂)ခြေထောက် အကြောလေးတွေ ကပ်တာမျိုး
ဖြစ်လာမယ်❗️
(၃)ကြွက်ခနခန တက်တာမျိုး ဖြစ်လာမယ်❗️
(၄)အာရုံကြော ပြဿနာတွေဖြစ်တဲ့ အကြောတတ်တာ မူးတာ /ခေါင်းခနခနကိုက်တာတွေ/မျက်ရိုးကိုက်တာတွေဖြစ်လာမယ်❗️
(၅)ကျော အောင့်တာတွေ /လက်ပျဥ်ခနခနငုတ်တာတွေ ဖြစ်မယ်❗️
(၆) အသက်ရှူမ၀သလိုတွေ မကြာခနခနဖြစ်မယ်❗️
(၇)လက်ချောင်းလေးတွေ ကျဥ်လာတာမျိုး/ထုံလာတာမျိုးတွေ ဖြစ်မယ်❗️

အထက်မှာ ကျွန်တော်ဖော်ပြခဲ့တဲ့ အ​ချက်တွေနဲ့ (၁)ချက်ထပ်ပိုပြီး မိမိနဲ့ ကိုက်ညီနေပါက
အမြန်ဆုံးပြုပြင်ဖို့အကြံပေးပါရစေခမျာ

♻️Train Smart.Move Better.Live Stronger.
Thu Rein Edition

♻️လူတစ်ယောက်က အသက်60လောက်မှာ ဘာဖြစ်မလဲဆိုတာကို အသက်30 /40ဝန်းကျင်အခြေအနေအပေါ်မူတည်ပြီး ခန့်မှန်းနိုင်တယ်။❗️အသက် 30/40လော...
24/07/2025

♻️လူတစ်ယောက်က အသက်60လောက်မှာ ဘာဖြစ်မလဲဆိုတာကို အသက်30 /40ဝန်းကျင်အခြေအနေအပေါ်မူတည်ပြီး ခန့်မှန်းနိုင်တယ်။
❗️အသက် 30/40လောက်မှာကတည်းက ကျန်းမာရေးအတွက် အချိန်မပေးခဲ့ရင် အသက်ကြီးလာရင် ကိုယ့်ဝေယျာဝစ္စကို ကိုယ်တိုင်လုပ်နိုင်မှာမဟုတ်ဘူး။
✅အိုခြင်းတရားကို ဘယ်သူမှ မလွန်ဆန်နိုင်တာမှန်ပေမဲ့
❗️အသက်အရွယ်အိုမင်းတဲ့ အချိန်မှာတောင်ရှိသင့်တဲ့ ကျန်းမာရေးရှိဖို့အတွက် ကြိုTrainထားဖို့လိုတယ်။

♻️အဲ့တာကြောင့်ကျွန် တော်တို့လူကြီးတွေကိုTrainingပေးရင် ရည်ရွယ်ချက်က သူများကိုအားမကိုးရတဲ့ အနေအထားဖြစ်ဖို့ပဲ❗️

Thu Rein Edition
♻️Train Smart.Move Better.Live Stronger.

♻️အသက်(၁၉)တုန်းက Bodyအဲ့တုန်းက နေ့တိုင်း ဒိုက်ထိုး/ဘားခို/Dip ထောက် အဲ့လေ့ကျင့်ခန်းတွေ နေ့တိုင်းကြုံးတာ Consistency အရမ်...
22/07/2025

♻️အသက်(၁၉)တုန်းက Body
အဲ့တုန်းက နေ့တိုင်း ဒိုက်ထိုး/
ဘားခို/Dip ထောက် အဲ့လေ့ကျင့်ခန်းတွေ နေ့တိုင်းကြုံးတာ
Consistency အရမ်းကောင်းခဲ့တဲ့အချိန်တစ်ခု

Thu Rein Edition
♻️Train Smart.Move Better.Live Stronger.

21/07/2025

🔥Core Version 🔥Train Smart. Move Better.Live Stronger.

Address


Website

Alerts

Be the first to know and let us send you an email when Thu Rein Edition - Health & Fitness Performance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram