23/02/2022
Hello ခေတ်လူငယ်လေးတို့ရေ ဆေးလိပ်သောက်ခြင်းနဲ့ပတ်သက်ပြီး အကူအညီလေးတောင်းပါရစေနော် 🚬
လက်ရှိ မြန်မာပြည်က ကိုယ်ဝန်ဆောင်သည်တွေအများစုကြုံနေရတဲ့အခက်အခဲလေးရှိပါတယ် အဲ့တာက ဘာလဲဆိုရင် Secondary Smoker အနေနဲ့ ဆေးလိပ်ငွေ့ရှူရှိူက်မိတဲ့ အန္တရာယ်ပါ 🚬 ကိုယ်ဝန်ဆောင်သည်တွေက ကိုယ်ဝန်ဆောင်ချိန်မှစပြီး အစားအသောက်ပျက်ခြင်း ပျို့အန်ခြင်း ဝေဒနာတွေကို ခံစားကြရပါတယ် မိမိအိမ်မှာ အစားအသောက် ခံတွင်းမတွေ့တဲ့အခါ Restaurant မှာ , လမ်းဘေးဆိုင်လေးတွေမှာ , ခံတွင်းတွေ့မယ်ထင်တဲ့ နေရာတွေမှာ မြည်းစမ်းစားသောက်ကြပါတယ် အဲ့အချိန်မှာ ကြုံရတဲ့ အခက်အခဲကတော့ ဆိုင်ထဲကဖြစ်စေ မိမိဘေးဝိုင်းကဖြစ်စေ ဆေးလိပ်သောက်သူရှိတဲ့အခါ ကိုယ်ဝန်သည်တွေက ဆက်မစားနိုင်တော့ဘဲ ရှောင်ထွက်သွားရတာမျိုး စားလက်စရပ်ပြစ်လိုက်ရတာမျိုးတွေ ဖြစ်ရတယ် , ဒါကရှောင်ထွက်သွားလို့ရတဲ့ Area တွေထဲမှာဆို အစားအသောက်ပျက်ရုံပဲဆိုပေမယ့် ရှောင်ထွက်လို့မရနိုင်တဲ့ Bus ပေါ်မှာ , Train ပေါ်မှာ , တခုခုဝယ်ဖို့တန်းစီတဲ့အခါမျိုးမှာ ဒီလို ထထွက်သွားဖို့ ခက်တဲ့ Area တွေဆိုရင် ကိုယ်ဝန်သည်ဟာ မိမိကိုယ်တိုင်ဆေးလိပ်မသောက်သော်လည်း အနံ့တွေရှူရှိူက်မိတာကြောင့် ရင်သွေးလေးအတွက် ဆိုးကျိုးတွေအများကြီး ဖြစ်စေပါတယ် ဘာတွေဖြစ်တတ်လဲဆိုတာ အတိုဆုံးနဲ့အထိရောက်ဆုံး ဖော်ပြပေးလိုက်ပါတယ်
🚫 လမစေ့ဘဲ ကလေးမွေးနိုင်ခြေ ပိုများတယ်။
🚫 ကိုယ်ဝန်ပျက်ကျခြင်းနှင့် မွေးကင်းစကလေး သေဆုံးနိုင်ခြေ ပိုများသည်။
🚫 မွေးကင်းစကိုယ်အလေးချိန် - ပျမ်းမျှအားဖြင့် ပုံမှန်ထက် 150 မှ 200 ဂရမ်ခန့် လျော့နည်းသည်။
🚫 မွေးကင်းစကလေးငယ် (SUDI) တွင် ရုတ်တရက် မမျှော်လင့်ဘဲ သေဆုံးနိုင်ခြေ သုံးဆအထိရှိသည်။
ဒါကြောင့် မိမိပတ်ဝန်းကျင်မှာ ကိုယ်ဝန်ဆောင်သည်ကိုတွေ့ရင် သောက်လက်စဆေးလိပ်ကို မီးညှိမ်းလိုက်တာဖြစ်ဖြစ် , တစ်နေရာရာမှာ သွားသောက်တာမျိုးဖြစ်ဖြစ် အနာဂတ်ရဲ့ ရင်သွေးလေးတွေကို ကယ်တင်ကြရအောင်နော် 💪💪💪
P.S
Bar တွေ အရက်ဆိုင်တွေ မှာ သောက်တာကို မပြောပါဘူးရှင်. စားသောက်ဆိုင် , ထမင်းဆိုင် , အအေးဆိုင် , Public area များမှာ , မိမိအိမ်မှာ , ရုံးခန်းမှာ , စတဲ့ နေရာတွေမှာ ကိုယ်ဝန်သည်တွေကိုတွေ့တဲ့အခါ ဆေးလိပ်ငွေ့ မရှူရှိူက်မိအောင် ကူညီခြင်းဖြင့် လူ့အသက်တွေ ကယ်ကြရအောင်နော်
Love with
Nay & Me 👶🏻