HM Myanmar Mandalay

HM Myanmar Mandalay Your Health Our Priority, La Yaung Lin Laboratory
The Results You Can Trust, La Yaung Lin Lab

🌟🌟ကျန်းမာရေး စစ်ဆေးမှုတွင် အရေးပါလာသော Vitamin D 🌟🌟🌟👉🏻👉🏻Covid ကာလတွင် Vit D ချို့တဲ့မှုဟာ ကျန်းမာရေး စောင့်ရှောက်မှု အတွ...
04/05/2024

🌟🌟ကျန်းမာရေး စစ်ဆေးမှုတွင် အရေးပါလာသော
Vitamin D 🌟🌟🌟
👉🏻👉🏻Covid ကာလတွင် Vit D ချို့တဲ့မှုဟာ ကျန်းမာရေး စောင့်ရှောက်မှု အတွက် အရေးပါတယ်ဆိုတာကို သတိထားမိလာခဲ့ပါတယ်။
‼️‼️ဒါကြောင့် အခုနောက်ပိုင်း သမားတော်ကြီးများ
ဟာ သူတို့ရဲ့ လူနာများတွင် Vit D စစ်ဆေးမှုကို ပုံမှန် ကျန်းမာရေး စစ်ဆေးမှု တစ်ခုအနေဖြင့် ထည့်သွင်းစစ်ဆေးလာတာကို တွေ့ရှိရပါတယ်‼️‼️‼️

D က အရိုးနှင့်သွား ကျန်းမာရေးအတွက် မရှိမဖြစ်အရေးပါ ပါတယ်။
👉🏻👉🏻👉🏻ထို့အပြင် Vitamin D က ကြွက်သားများ၊ အာရုံကြောများ၊ ကိုယ်ခံအားစနစ်များ ပုံမှန်အလုပ်လုပ်စေရန်အတွက်လည်း ကူညီပေးပါတယ်။

👉🏻👉🏻👉🏻Vitamin D ကို ကျွန်မတို့ နည်းလမ်း (၃) မျိုးနဲ့ ရရှိနိုင်ပါတယ်။
-ကျွန်မတို့ အရေပြားတွေကို နေရောင်ခြည်နှင့် ထိတွေ့တဲ့အခါ UV light မှတဆင့် ခန္ဓာကိုယ်အတွင်း Vit D ဓာတ်ကို ဖြစ်ပေါ်လာ‌စေပါတယ်။
-နေရောင်ခြည်ကောင်းစွာရတဲ့ မြန်မာနိုင်ငံ အနေနဲ့ Vit D ရရှိဖို့ လွယ်ကူတာကိုတော့ တွေ့နိုင်ပါတယ်။
-အချို့ အစားအစာတွေ ကနေလည်း ရရှိနိုင်ပါတယ်။ ဥပမာ- ကြက်ဥအနှစ်၊ အဆီများသောငါး၊ နို့နှင့်နို့ထွက်ပစ္စည်း အစရှိတာတွေ ဖြစ်ပါတယ်။
-Vit D ပါဝင်တဲ့ ဖြည့်စွက်စာ/ဆေးတွေ ကနေ လည်းရရှိနိုင်ပါတယ်။
-Vitamin D ဟာ ကိုယ်ခံအားအတွက် အရေးပါတဲ့ ဓာတ် တစ်မျိုး ဖြစ်နေတဲ့ အတွက် မိမိမှာ Vitamin D
ချို့တဲ့ မှု ရှိ၊ မရှိ။ လိုအပ်သော ပမာဏရှိ၊ မရှိကို သိအောင် လုပ်ထားသင့်ပါတယ်။

👉🏻👉🏻ခန္ဓာကိုယ်ထဲမှ Vit D ဓာတ်ကို သွေးကနေ တစ်ဆင့်စစ်ဆေးနိုင်ပါတယ်။

👉🏻👉🏻Vitamin D ကို ဘယ်လိုအခြေအနေမျိုးတွေမှာ စစ်ဆေးသင့်လဲဆိုရင်
👇🏻👇🏻👇🏻👇🏻
-ကိုယ်ခံအားနည်းတတ်တဲ့ သူတွေ
-အလွယ်တကူ မောပန်းလွယ်ပြီး ကြွက်သားများအားနည်းတဲ့သူတွေ
-ကြွက်သားများကိုက်ခဲခြင်း၊ နာကျင်ခြင်းခံစားရတဲ့အခါ
-အရိုးပျော့၊ အရိုးပွ၊ အရိုးများအလွယ်တကူ ကျိုးခြင်း
စသည့် အခြေအနေများမှာ စစ်ဆေးသင့်ပါတယ်ရှင်
😊😊😊နယ်သူနယ်သားများ၏ ကျန်းမာရေးစောင့်ရှောက်မှု အစဉ်တိုးတက်ပါစေကြောင်း ဆုတောင်းရင်း အကောင်းဆုံး ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ဖို့ ကြိုးစားလျက်😊😊😊
#လရောင်လင်းရောဂါရှာဖွေရေးဓာတ်ခွဲခန်း
#အမှတ်(၃)ရပ်ကွက်
#ရုပ်ရှင်ရုံဟောင်းအနောက်ဘက်
#နွားထိုးကြီးမြို့

-LaYaungLin Lab

🔔🔔🔔နွားထိုးကြီးမြို့နယ်နေထိုင်သူများအတွက် သတင်း😊😊😊ကျမတို့နယ်သူ၊နယ်သားတွေအနေနဲ့ အထူးကုဆရာဝန်တွေရှိတဲ့မြို့ကြီးတွေကိုဆေးသွ...
16/01/2024

🔔🔔🔔နွားထိုးကြီးမြို့နယ်နေထိုင်သူများအတွက် သတင်း😊😊😊

ကျမတို့နယ်သူ၊နယ်သားတွေအနေနဲ့ အထူးကုဆရာဝန်တွေရှိတဲ့မြို့ကြီးတွေကိုဆေးသွားပြနေကြရပါတယ်။(ဥပမာ-မြင်းခြံမြို့၊ မန္တလေးမြို့)

⭐️⭐️မြို့ကြီးမှာ အထူးကုဆရာဝန်တွေနဲ့ပြသပြီး ကုသမှုခံယူပြီးတဲ့အခါ
ရက်ချိန်းတွေနဲ့ပြန်ပြကြရတာမျိုးရှိတတ်ပါတယ်⭐️⭐️

⭐️⭐️အဲ့လိုပြန်ပြတဲ့အခါမှာ
ဆရာကြီး၊ဆရာမကြီးတွေက သူတို့နဲ့မပြခင်ကြိုတင်စစ်ဆေးခိုင်းတာတွေရှိတတ်ကြပါတယ်⭐️⭐️

🙂🙂🙂အဲ့လိုမျိုးရှိတဲ့အခါ သွားပြန်ပြရင်း မှ
သွေးစစ်ဆေးမှုပြုလုပ်တဲ့အခါ အဖြေကနောက်ကျမှ ရတော့ တစ်ရက် အချိန်ပေးရတာမျိုး ရှိလာပါတယ်🥲🥲🥲

🥲🥲🥲အဲ့လိုရှိလာတဲ့အခါ သွားလာစားရိတ်အပြင် စားစားရိတ် နေစားရိတ်တွေပါ တက်လာတာပေါ့နော်🥲🥲🥲

🤗🤗အခုဆိုရင် အဲ့လို ကုန်ကျစားရိတ်တွေ လျော့နည်းသွားဖို့အတွက် နွားထိုးကြီးမြို့မှာ လရောင်လင်းရောဂါရှာဖွေရေးဓာတ်ခွဲခန်းမှ ဝန်ဆောင်မှုပေးနေကြောင်း နယ်သူနယ်သားများကိုသတင်းကောင်း ပြောကြားပါရစေရှင်🤗🤗

⭐️⭐️သွေးစစ်ဆေးမှုများကို မြို့ကြီးတွေကရတဲ့ ဝန်ဆောင်မှုအတိုင်းကို ချိုသာသော စျေးနှုန်း၊
ကောင်းမွန်သောဝန်ဆောင်မှုများဖြင့် မှန်ကန်စိတ်ချရသော အဖြေများကို ဆေးဘက်ဆိုင်ရာဓာတ်ခွဲနည်းပညာရှင်ကိုယ်တိုင် ခေတ်မီစက်ကိရိယာများကို အသုံးပြု၍ ထုတ်ပေးနေကြောင်း ထပ်လောင်းပြောကြား အသိပေးလိုက်ပါတယ်ရှင့်⭐️⭐️⭐️

🤗🤗🤗နယ်သူနယ်သားများရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အတွက် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့ ကြိုးစားလျက်🤗🤗🤗
လရောင်လင်းရောဂါရှာဖွေရေးစင်တာ
အမှတ်(၃)ရပ်ကွက်
နွားထိုးကြီးမြို့
☎️09 266976939
☎️09 763273804
results you can trust,La Yaung Lin Lab
health,Our priority LaYaungLin Laboratory

ဆီးချို သွေးချိုရှိတဲ့လူနာတွေတိုင်းအိမ်မှာ အလွယ်တကူ လက်ထိပ်ဖောက်ပြီးသွေးချို ပမာဏ စစ်ဆေးလို့ရတဲ့Glucometer ဆိုတဲ့ စက်လေး...
09/12/2023

ဆီးချို သွေးချိုရှိတဲ့လူနာတွေတိုင်း
အိမ်မှာ အလွယ်တကူ လက်ထိပ်ဖောက်ပြီး
သွေးချို ပမာဏ စစ်ဆေးလို့ရတဲ့
Glucometer ဆိုတဲ့ စက်လေးတွေ ဆောင်ထားတတ်ကြပါတယ်

Glucometer ဆောင်ထားတဲ့အတွက် အားသာချက်တွေကတော့👇🏻👇🏻👇🏻

⭐️⭐️⭐️ကိုယ့်အိမ်မှာတင်ကို ဆောင်ထားတဲ့အတွက်
လိုအပ်တဲ့ချိန်တိုင်း လွယ်ကူလျင်မြန်စွာ
သွေးဖောကိစစ်ဆေးနိုင်ကြတယ်

⭐️⭐️⭐️လက်ထိပ်လေးဖောက်ရုံနဲ့ သွေးစက်သေးသေးလေးသုံးရုံနဲ့ အဖြေကို အမြန်ဆုံး ရရှိနိုင်တယ်

ဒါပေမယ့် ဒီလိုအဖြစ်လေးတွေကြုံနေတတ်ကြတာလေးတွေရှိတယ်မလား👇🏻👇🏻

👀👀သွေးကိုနှစ်ခါဖောက်စစ်လိုက်တာ နှစ်ခါက အဖြေတစ်မျိုးစီထွက်နေတာတို့

👀👀စက်နှစ်လုံးသုံးပြီး စစ်လိုက်တာ အဖြေနှစ်မျိုးက တူမနေဘူး ဆိုတာမျိုးလေးတွေပေါ့

ဒီအချက်လေးတွေက စက်ရဲ့ error လည်း ဖြစ်နိုင်သလို အသုံးပြုသူရဲ့ လိုအပ်ချက်​လေးတွေ​ကြောင့်လည်းဖြစ်နိုင်ပါတယ်

ဆေးရုံဆေးခန်းကြီးတွေက အထူးကုသမားတော်ကြီးတွေတောင် Glucometer ကထွက်လာတဲ့ သွေးချိုပမာဏက နည်းလွန်းများလွန်းနေတာမျိုးရှိလာရင်
ဓာတ်ခွဲခန်းမှာပဲ စစ်ဖို့အတွက် RBS (venous blood)ဆိုပြီးတောင်းတတ်ကြပါတယ်

ဒါ့ကြောင့် လူကြီးမင်းတို့အနေနဲ့လည်း
မိမိတို့ Glucometer စက်ကထွက်တဲ့ အဖြေကို နှိုင်းယှဉ် ချိန်ဆချင်တယ်ဆိုရင်
ကျမတို့
#လရောင်လင်းရောဂါရှာဖွေရေးဓာတ်ခွဲခန်း ကို လာရောက်ပြီး Venous blood ကနေသွေးဖောက်ပြီးလာရောက်စစ်ဆေးနိုင်ပါကြောင်း အသိပေးပြောကြားလိုပါတယ်ရှင့်

🧡🧡🧡Glucometer စက်နဲ့မိမိတို့အိမ်မှာသွေးဖောက်စစ်ဆေးပြီးနောက် အဖြေချိန်ကြည့်ဖို့ သွေးလာစစ်တာပါလို့ ပြောပေးမယ်ဆိုရင်
🔟 % Discount နဲ့စစ်ဆေးပေးသွားမှာဖြစ်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါရစေရှင့်🧡🧡

လူကြီးမင်းတို့အတွက် ယုံကြည်အားထားရာ
ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သူ ဖြစ်ဖို့ ကြိုးစားလျက်🥰🥰🥰

လရောင်လင်းရောဂါရှာဖွေရေးစင်တာ
အမှတ်(၃)ရပ်ကွက်
နွားထိုးကြီးမြို့
☎️ 09 266976939
☎️ 09 763273804

results you can trust, La Yaung Lin Lab
health,Our priority LaYaungLin Laboratory

A*O ဆိုတာ သွေးထဲမှာ ရှိတဲ့ Antistreptolysin O ကိုစစ်​ဆေးခြင်းဖြစ်ပါတယ်။👉🏻ဘယ်လိုလက္ခဏာတွေ ဖြစ်တဲ့အချိန်မှာA*O ကိုစစ်ဆေးကြ...
27/11/2023

A*O ဆိုတာ သွေးထဲမှာ ရှိတဲ့ Antistreptolysin O ကိုစစ်​ဆေးခြင်းဖြစ်ပါတယ်။

👉🏻ဘယ်လိုလက္ခဏာတွေ ဖြစ်တဲ့အချိန်မှာA*O ကိုစစ်ဆေးကြသလဲ?

-ဖျားခြင်း
-ဗိုက်နာခြင်း
-မောပန်းနွမ်းနယ်ခြင်း
-အသက်ရှူမဝခြင်း
-အဆစ်အမြစ်ရောင်ရမ်းခြင်း
-ဖောရောင်ခြင်း
-ဆီးမည်းများသွားခြင်း စသော လက္ခဏာများ ခံစားလာရပါက စစ်ဆေးသင့်ပါသည်။

A*O Test ကို လရောင်လင်း ဓာတ်ခွဲခန်းတွင်
လွယ်ကူ လျှင်မြန်စွာ စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်းအသိပေးလိုက်ပါသည်ရှင့်။

Health Our Priority , La Yaung Lin Laboratory
results you can trust, La Yaung Lin Lab

အမှတ်(၃) ရပ်ကွက်
မြို့လယ်ဘုရားလမ်း
Royal House ခန်းမမြောက်ဘက်
#လရောင်လင်းရောဂါရှာဖွေရေးဓာတ်ခွဲခန်း

မနက်ခင်း ကျန်းမာရေး စာစု....Photo credit.
23/11/2023

မနက်ခင်း ကျန်းမာရေး စာစု....
Photo credit.

🙏🙏🙏မနက်ခင်း ဆုတောင်း🙏🙏🙏
23/11/2023

🙏🙏🙏မနက်ခင်း ဆုတောင်း🙏🙏🙏

မနာလိုစိတ်က စတယ်---------------မနာလိုစိတ် အားကြီးလာပြီဆိုရင်ကောက်ကျစ်တတ်လာကြတယ်   ကောက်ကျစ်တဲ့စိတ်အားကြီးလာပြီဆိုရင်ယုတ်...
23/11/2023

မနာလိုစိတ်က စတယ်
---------------

မနာလိုစိတ် အားကြီးလာပြီဆိုရင်
ကောက်ကျစ်တတ်လာကြတယ်

ကောက်ကျစ်တဲ့စိတ်အားကြီးလာပြီဆိုရင်
ယုတ်မာတတ်လာကြတယ်

ယုတ်မာတဲ့စိတ်အားကြီးလာပြီဆိုရင်
ရက်စက်တတ်လာကြတယ်

ရက်စက်မှုအားကြီးကြီးနဲ့လုပ်ပြီးရင်
ကြောက်စိတ်ဝင်လာတတ်ကြတယ်

ကြောက်စိတ်အားကြီးပြီဆိုရင်
အယောင်ယောင်အမှားမှားလုပ်လာကြတယ်

အယောင်ယောင်အမှားမှားတွေလုပ်ရင်းနဲ့
နောက်ဆုံးပျက်စီးကျဆုံးသွားကြတာပါပဲ

ဣဿာမစ္ဆရိယ ဆိုတဲ့ မနာလိုဝန်တိုတဲ့စိတ်ဟာ
အမှန်တကယ်ကိုယ့်ဟာကိုယ်ဖျက်ဆီးနေတဲ့
စိတ်ပါပဲ

ပျက်စီးချိန်တန်လာပြီဆိုရင်လည်း
ဘယ်လိုအဆောင်၊ ဘယ်လိုယတြာမျိုးကမှ
မစွမ်းနိုင်မကယ်နိုင်တော့ဘဲ
ကျိန်းသေပျက်စီးကြရတော့မှာပါဘဲ

ပါချုပ်ဆရာတော်

credit. .
သုတဂဝေသီဗန်းမော်🙏🙏🙏
သုခိတာ ဟောထ-ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ။
ဒုက္ခာ မုစ္စထ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုအပေါင်းတို့မှ လွတ်ကင်းကြပါစေ။

ခေါင်းချွေးထွက်ရောဂါ သက်သာစေဖို့ ==========================================================လေမျိုး ၈ဝ တွင် ကိုယ်တွင်လှည်...
22/11/2023

ခေါင်းချွေးထွက်ရောဂါ သက်သာစေဖို့
==========================
================================

လေမျိုး ၈ဝ တွင် ကိုယ်တွင်လှည့်လည် နေသောလေရှိသည်။ ထိုလေသည် အထက်သို့ ဆန်လိုက်၊ အောက်သို့ စုန်လိုက် လှည့်လည်နေသေည်။ ပုံမှန်လှည့်လည်နေရာမှ လေပူဖြစ်ပြီး အထက်သို့ အဆန်များလာခြင်း၊ အောက်သို့ အစုန်နည်းလာခြင်းဖြစ်တတ်သည်။ ထိုအထက်သို့ဆန်သော လေပူကြောင့် ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်း၊ ခေါင်းချွေးထွက်ခြင်းများ ဖြစ်ရပေသည်။ အချို့သူများမှာ အပူအစပ်၊ ငရုတ်သီး အစပ်၊ ငရုတ်ကောင်းအစပ်ခတ်ထားသော ဟင်းချိုရည်သောက်သောအခါမှ အစပ်ကြောင့် လေပူသည် အစာအိမ်မှ အထက်သို့ ရောက်၍ဖြစ်စေ၊ သွေးကြောများအတွင်းမှ တစ်ဆင့်ဖြစ်စေ၊ အာကာသဓာတ်ပွင့်၍ ရုတ်တရက်ချွေးပြန်လာသည်။ ဤသို့ ခေါင်းချွေးပြန်ခြင်းမှာ ရောဂါမဟုတ်ပေ။ ခေတ္တခဏတုံ့ပြန်မှုသာဖြစ်သည်။ ခဏကြာလျှင် အစပ်ကိုဖြေလိုက်လျှင် ပြန်ပျောက်သွားမည်ဖြစ်သည်။

သွေးတိုးရောဂါရှိသူ၊ အလုပ်ပင်ပန်းလျှင် သွေးပေါင်ချိန် မြင့်တက်တတ်သူများတွင် ခေါင်းချွေးထွက်များလေ့ရှိသည်။ အချို့ ဆီးချိုရောဂါရှိသူများ ညအိပ်ပျော်သောအခါ ခေါင်းချွေးထွက်တတ်သည်။ ခေါင်းချွေး အထွက်များလျှင် အာခေါင်ခြောက်ပြီးရေငတ်၍ လန့်နိုးလာတတ်သည်။ ဆီးချို၊ သွေးချို ရှိသူများသည် ညအိပ်ရာဝင်ရေများများ သောက်ဖို့လိုသည်။ အိပ်ရာနံဘေးတွင် ရေပုလင်းထားပြီး အိပ်လျှင် ညတစ်ရေးနိုး ရေငတ်လျှင် ထသောက်နိုင်သည်။ စာရေးသူ၏ မိတ်ဆွေတစ်ဦးသည် အသက် (၄၅)နှစ်ကျော် (၅ဝ)တွင်း ရောက်လာပြီးမှ သွေးတိုးအနည်းငယ်ဝင်လာပြီး ညအိပ်လျှင် ခေါင်းချွေးထွက်သောရောဂါ ဖြစ်လာသည်။ ဆီးချိုရောဂါမရှိသေးသော်လည်း မျိုးရိုးရှိသည်။ သူ၏မိခင်မျိုးရိုးမှာ ဆီးချိုရှိသည်။ အသားစားများသောရက်၊ ဧည့်ခံပွဲရှိ၍ အရက်၊ ဘီယာသောက်မိသော ရက်များတွင် ပို၍ခေါင်းချွေးရွှဲနေအောင် ထွက်လေ့ရှိသည်ကို သတိထားမိသည်ဟု ဆိုသည်။

အဝလွန်နေသူတစ်ဦးသည် ပူအိုက်သည့်ရာသီတွင် အပူဒဏ်သက်သာစေရန်လေအေးပေးစက်၊ အဲယားကွန်းဖြင့် အိပ်သည်။ အအေးဓာတ်ကြောင့် အိပ်ပျော်သော်လည်း ညဉ့်တစ်ဝက်ကျော်သောအခါ ခေါင်းချွေးများပြန်ပြီး နိုးလာသည်ဟုဆိုသည်။ ထိုသို့နိုးလာချိန်တွင် ရေလည်းငတ်ပြီး အာခေါင်ခြောက်သဖြင့် ရေထသောက်ရသည်။ ထိုသို့ဖြစ်နေသူသည် ညအိပ်ရာဝင် ချိန်တွင် ခြေဖဝါးဆားပွတ်ပြီး ဒူးအထက်မှအောက်ပိုင်းသို့ ရေအေးလောင်းပြီးအိပ်လျှင် အပူများ အောက်သို့ သက်ဆင်းသွားသဖြင့်ခေါင်းချွေးထွက်ခြင်းကို သက်သာစေနိုင်သည်။

ခေါင်းချွေးထွက်သူများ၏ အခြားပြဿနာမှာ ခြေသလုံးကြောများတင်းမာခြင်း၊ ခြေဆီမထွက်ဘဲ ခြေဖနောင့်များအက်ကွဲခြင်း ဖြစ်သည်။ အရှေ့တိုင်း အိန္ဒိယကျေးလက် တိုင်းရင်းဆေးနည်းများတွင် ခြေဖဝါးနှစ်ဖက်ကို ဆားရည်စိမ်ပြီး အဝတ်ခြောက်ဖြင့် သုတ်ကာ အက်ကွဲကြောင်းများအတွင်းသို့ နွားနို့မှရသည့် ထောပတ်အဆီကို လိမ်းကြသည်။ ဦးခေါင်းချွေးထွက်များ၍ ဆံပင်ကျွတ် ထိပ်ပြောင်သူများကိုလည်း ခြေဖဝါးနှစ်ဖက်ကို ဆားရည်စိမ်ခြင်း၊ ခြေဖဝါးတွင် ထောပတ်
လိမ်း၍ အိပ်ခြင်းဖြင့် သက်သာစေ နိုင်သည်ဟု ဆိုသည်။

ခေါင်းချွေးပြန်ခြင်း၊ ခေါင်းချွေး အထွက်များခြင်း၊ မျက်စိကြည့်မကောင်းခြင်း၊ မျက်စိသွေးကြောများ နီရဲခြင်း၊ မျက်သား တက်ခြင်း၊ မျက်စိတိမ်စွဲခြင်း၊ မျက်မှန်ဒီဂရီ တိုးခြင်းအတွက် သက်သာစေနိုင်သော နည်း လမ်းမှာ ခြေဖဝါးဆားပွတ်ပြီး ညအိပ်ရာဝင် ခါနီးအချိန်တွင် ဒူးဆစ်အထက်မှ အောက်သို့ ရေလောင်းခြေဆေးခြင်း ဖြစ်သည်။ဤနည်း
ကို မှန်မှန်ပြုလုပ်ခြင်းဖြင့် ခေါင်းချွေး ထွက်သက်သာသည့်အပြင် အညောင်း အကိုက်များခြင်း၊ ခြေသလုံးကြွက်တက်ခြင်း၊ ခြေဖဝါးချွေးမထွက် အက်ကွဲခြင်းများပါ သက်သာစေနိုင်သည်။

ခြေဖဝါးဆားပွတ်ခြင်းသည် ခေါင်းချွေး ပြန်ခြင်းသာမက ခါးနာရောဂါ၊ကျောက်ကပ် ရောဂါများကိုလည်း သက်သာစေနိုင်သည်။ ရှေးက မြန်မာအနှိပ်ဆရာများကုသည့်နည်းတွင် ခါးနာသူကို ရေစိုအဝတ်ကို ရေကုန် အောင်ညှစ်ပြီး ခါးတွင်ပတ်စေ၍ ပက်လက် အိပ်စေပြီး ခြေဖဝါးကို ဆားပွတ်၊ ရေလောင်း ပေးသောအခါ ခြေဖဝါးမှ အပူ
အခိုးအငွေ့ များထွက်လာသည်။ ခါးတွင် ပတ်ထားသော ရေစိုအဝတ်မှာလည်း အပူငွေ့များပျံပြီး အဝတ်ခြောက်ဖြစ်သွားသည်။ ဤနည်းဖြင့် အပူခဲ၍ဖြစ်သော ခါးနာရောဂါများ လက်တွေ့ ပျောက်ကင်းသည်ကို တွေ့ရသည်။

ဆားသည် ပင်လယ်ရေထွက်ပစ္စည်းဖြစ်ပြီး အပုပ်အငန်တို့စုဝေးရာမှ ထွက်ပေါ်လာသော ပစ္စည်းဖြစ်သော်လည်း အပုပ်ကိုနိုင်သည်ဟု ဆိုသည်။ မြေထွက်ဆား၊ တွင်းထွက်ဆား၊ သိန္ဓောဆားတို့ထက် ပင်လယ်ထွက်ဆားသည် ပို၍ငန်သည်။ ပုပ်သိုးမည့်အရာများကို ဆားဖြင့် ထိန်းထားနိုင်သည်။ရှေးကလူကြီးများသည် နံနက် အိပ်ရာထသွားတိုက်ရာတွင်ပင် မီးဖိုချောင် သုံးဆားဖြင့် သွားတိုက်လေ့ရှိသည်။ သွားနာ ခြင်း၊ သွားဖုံးနာခြင်း၊ အပူကန်ခြင်းများကို ဆားကသက်သာစေနိုင်သည်ဟုဆိုသည်။

ဓာတုရသဆေးကျမ်းအလိုအရ နာနာ နယ အာဟာရစွယ်စုံကျမ်းတွင် ဖော်ပြထားသည်မှာ ဆားသည်ငန်သောအရသာရှိသည်။ ဝါယောဓာတ်ကိုနိုင်၏။ ပထဝီကိုလည်းဖြစ်စေတတ်၏။ သွေးကိုလည်း ကြည်လင်စေ တတ်သည်။ ဓာတ်မီးအခိုးရောက်သည်ဖြစ်၍ ပထဝီဓာတ်စုခဲသည်ကိုလည်း ကြေစေတတ်၏။ သလိပ်စေးကိုလည်း ကြေစေတတ်၏။ အပုပ်၊ ပြည်၊ သွေးကိုလည်း ကြေစေတတ် ၏။ သည်းခြေကိုလည်း ဖြောင့်မတ်စေတတ်၏။ ဓာတ်တို့၏ အခိုးအကင်းရောက်သမျှ နိုင်သည်။ လူတို့သည် မသုံးဆောင်ရလျှင် ဝါယောဓာတ်ပျက်၏။ အရသာမျိုးတို့၏ အရသာထက်လွန်၏။ ဓာတ်အပေါင်းတို့ကို ချုပ်၏ဟု ရေးသားဖော်ပြထားသည်။ဆားပွတ်ရာတွင် ခြေနှစ်ဖက်ဆင်း အိပ်ပြီး ခြေဖဝါးအောက်တွင် အဝတ်ဟောင်း တစ်ခု ခံထားပါ။

အင်တုံငယ်တစ်ခုတွင် ဆားထည့်ပါ။ ဟင်းခတ်အိုင်အိုဒင်းပါသောဆား မသုံးပါနှင့်။ ဆားကြမ်းကိုသုံးလျှင် ပိုကောင်း ပါသည်။ အဝတ်ရေစိုဖြင့် ခြေဖဝါးကိုသန့်စင် အောင် ပွတ်ပေးပါ။ ထို့နောက် ဆားကြမ်း ဖြင့် ပွတ်ပါ။ ပြီးလျှင် ရေဝတ်ဖြင့် ပြန်ပွတ်ပါ။ ဤနည်းအတိုင်း တစ်လှည့်စီပြုလုပ်ပေးပါ။ ဆားပွတ်ချိန်သည် ၁၅ မိနစ်မှ နာရီ ဝက်အတွင်းသာ ကြာပါသည်။ ဆားပွတ် ပေး၍ ၁ဝ မိနစ်ခန့်ကြာလျှင် ခြေဖဝါးမှ အပူများထွက်လာပါလိမ့်မည်။ ဦးခေါင်းချွေး ထွက်များလေ ခြေဖဝါးအပူထွက်လေ ဖြစ် သည်။ ဤကဲ့သို့ ဆားပွတ်ခြင်းကို ညနေ စောင်းတွင် ပြုလုပ်လျှင် ခြေမဆေးပါနှင့်။ ညအိပ်ရာဝင်ချိန်မှပြု
လုပ်လျှင် ပြီးလျှင် ဒူးအောက်ပိုင်း ခြေနှစ်ဖက် ရေဆေးပါ။ ကျောက်ကပ်ရောဂါ၊ ခါးနာရောဂါ၊ မျက်စိ မကြည် မျက်မှန်ဒီဂရီတိုးသည့်ရောဂါများပါ သက်သာစေနိုင်ပါသည်။

ကြည်လွင်မြင့်(မုဒြာ)

လရောင်လင်း အဆင့်မြင့် ရောဂါရှာဖွေရေး စင်တာမှ ရရှိနိုင်သော ဝန်ဆောင်မှုများ……
22/11/2023

လရောင်လင်း အဆင့်မြင့် ရောဂါရှာဖွေရေး စင်တာမှ ရရှိနိုင်သော ဝန်ဆောင်မှုများ……

G6PD အကြောင်း သိကောင်းစရာ….
18/11/2023

G6PD အကြောင်း သိကောင်းစရာ….

💠G6PDချို့တဲ့ခြင်း (G6PD Deficiency) အကြောင်းသိကောင်းစရာ

G6PD ရဲ့ နာမည်အရှည်ကတော့ Glucose-6-Phosphate-Dehydrogenase Enzyme ဖြစ်ပါတယ်။ G6PD ချို့တဲ့ခြင်းကိုတော့ G6PD Deficiency လို့ခေါ်ပါတယ်။ G6PD ချို့တဲ့ခြင်းဟာ အဖြစ်အများဆုံး သွေးနီဥနဲ့ဆိုင်တဲ့ Enzyme ချို့တဲ့ခြင်းဖြစ်ပြီး ကမ္ဘာပေါ်မှာရှိတဲ့လူသန်းပေါင်း ၄၀၀ ခန့်မှာ G6PD deficiency ရှိပါတယ်။

💠G6PD ဆိုတာဘာလဲ?

G6PD ဆိုတာ Enzyme တစ်ခုပါ။ ပုံမှန်ဆိုရင် G6PD enzyme ဟာ လူတွေမှာအလုံအလောက်ရှိနေရမှာဖြစ်ပြီး သူ့ရဲ့တာဝန်ကသွေးနီဥတွေကို ဓာတ်တိုးပစ္စည်းတွေရဲ့ ဘေးအန္တရာယ်ကနေကာကွယ်ပေးတာပါ​။ သွေးနီဥတွေ သက်တမ်းစေ့နေနိုင်အောင် ကာကွယ်ပေးပါတယ်။

သွေးနီဥဆိုတာကတော့ ကိုယ်ခန္ဓာကို အောက်ဆီဂျင်တွေရောက်ရှိအောင်လုပ်ဆောင်ပေးပါတယ်။ G6PD ချို့တဲ့တဲ့အခါ သွေးနီဥတွေကို free radical လို့ခေါ်တဲ့ဓာတ်တိုးပစ္စည်းတွေက ဖျက်ဆီးလိုက်နိုင်ပါတယ်။ ဒါကြောင့် သွေးနီဥတွေ ပေါက်ကွဲပျက်စီးနိုင်ပါတယ်။ ဆီးမည်းမည်းတွေသွားပြီး ကလေးကချက်ချင်းဖြူဖျော့သွားတာမျိုးရှိပါတယ်။

မိဘတွေပြောလေ့ရှိတဲ့စကားရှိပါတယ်။ ကျွန်တော်တို့ကလေးက G6PD ရှိတယ်ဆိုပြီးပါ။ တကယ်တော့ G6PD Deficiency ရှိတယ် သို့မဟုတ် G6PD ချို့တဲ့နေတယ်ဆိုပြီးပြောရမှာပါ။

G6PD ချို့တဲ့ခြင်းဟာ ယောကျာ်းလေးမှာအဖြစ်များပါတယ်။ Genetic disorder လို့ခေါ်တဲ့ မျိုးဗီဇဆိုင်ရာ ချို့ယွင်းမှုကြောင့်ဖြစ်ပါတယ်။ X chromosome မှာ mutation လို့ခေါ်တဲ့ ထွန်းခြင်း ဖြစ်ပေါ်နေတာကို မျိုးရိုးလိုက် လက်ဆင့်ကမ်းလာတာမျိုးပါ။

💠G6PD ချို့တဲ့ခြင်း​၏လက္ခဏာများ

G6PD ချို့တဲ့တဲ့လူနာများမှာ မတည့်တာနဲ့မတွေ့မချင်း လက္ခဏာမပြတာများပါတယ်။ G6PD ချို့တဲ့တဲ့မွေးကင်းစကလေးများမှာတော့ အသားဝါခြင်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မတည့်တဲ့အစားအစာ၊ ဆေးဝါး တိုက်ကျွေးမိရင် သို့မဟုတ် ရောဂါပိုးတစ်ခုခုဝင်ရင် သွေးနီဥပျက်စီးပြီး သွေးအားနည်းခြင်းမျိုးဖြစ်တတ်ပါတယ်။

လက္ခဏာများအနေနဲ့

နှလုံးခုန်မြန်ခြင်း
မောခြင်း
ဆီးအရောင်ရင့်ခြင်း/ဆီးမည်းမည်းသွားခြင်း
​ဖျားခြင်း
နုံးခြင်း
မူးဝေခြင်း
ဖြူဖျော့ခြင်း
အသားဝါခြင်း စတဲ့လက္ခဏာများတွေ့ရနိုင်ပါတယ်။

💠G6PD ချို့တဲ့ခြင်းဖြစ်နိုင်ခြေများသူများကတော့

အမျိုးသားများ
အာဖရိကန်လူမျိုးများ
အရှေ့အလယ်ပိုင်းဒေသမှဆင်းသက်သူများ
G6PD ချို့တဲ့ခြင်းမျိုးရိုးရှိသူများ ပဲဖြစ်ပါတယ်။

💠G6PD ချို့တဲ့ခြင်းရှိမရှိဘယ်လိုသိရှိနိုင်မလဲ?

ခုနောက်ပိုင်းမှာတော့ မွေးကင်းစကလေးများအသားဝါရင် G6PD ချို့တဲ့မှုကြောင့်ဟုတ်မဟုတ် သိရအောင် သွေးဖောက်စစ်ဆေးကြပါတယ်။ ဒီလို blood test ကနေတဆင့်သိရှိနိုင်ပါတယ်။ မလိုအပ်ရင်တော့ မစစ်ပါဘူး။

-မွေးကင်းစကလေးအသားဝါခြင်းဟာ Phototherpy ပေးသော်လည်း အဝါဓာတ်မလျော့သေးတဲ့အခါမျိုး

-မိသားစုထဲမှာ G6PD ချို့တဲ့သောရောဂါရာဇဝင်ရှိတဲ့အခါ

-တောင်ကြီးပဲလှော်လိုအစားအစာ၊ Sulphur ပါတဲ့ဆေးဝါး တိုက်ကျွေးပြီးရင်/ ပရုတ်လုံးလိုအရာတွေနဲ့ထိတွေ့ပြီးရင် ကလေးနဲ့မတည့်ဘဲသွေးနီဥပျက်စီးမှုဖြစ်တဲ့အခါမျိုးမှာ G6PD Deficiency ရှိမရှိစစ်ဆေးကြပါတယ်။

💠G6PD ချို့တဲ့မှုအဆင့်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးဖြစ်တဲ့ WHOက G6PD ပြောင်းလဲမှုမျိုးကွဲများကို အဆင့်၅ဆင့်သတ်မှတ်ထားပါတယ်။

Class I - G6PD ချို့တဲ့မှုပြင်းထန်သူ (enzyme 10% အောက်သာ အလုပ်လုပ်သူ)

Class II - G6PD ချို့တဲ့မှုပြင်းထန်သူ (သွေးအားနည်းမှုဖြစ်လိုက်ပျောက်လိုက်ရှိနေသူ၊ enzyme 1-10 % သာ အလုပ်လုပ်သူ)

Class III - G6PD ချို့တဲ့မှု အလယ်အလတ်ပြင်းထန်သူ ( သွေးအားနည်းမှုဖြစ်လိုက်ပျောက်လိုက်ရှိနေသူ၊ enzyme 10-60 % အလုပ်လုပ်သူ)

Class IV - G6PD ချို့တဲ့မှုမရှိသူ ( enzyme 60-150% အလုပ်လုပ်သူ)

Class V - Enzyme အလုပ်လုပ်မှုများနေသူ (>150%ကျော် activity ရှိသူ)

💠ကုသနည်း

G6PD ချို့တဲ့ခြင်းဟာ မွေးရာပါရောဂါမို့ပျောက်ကင်းအောင်ကုသလို့မရပါ။ ကာကွယ်တဲ့နည်းလမ်းကတော့ မတည့်တဲ့အစားအစာတွေနဲ့ ဆေးဝါးတွေကို မှတ်သားပြီးရှောင်ကြဉ်တာဟာ ကာကွယ်ရာရောက်သလို ကုသရာပါရောက်ပါတယ်။ မတည့်တာတစ်ခုခုစားမိပြီး သွေးနီဥပေါက်ကွဲခြင်းဖြစ်ရင်တော့ အမြန်ဆုံးဆေးရုံပြရပါမယ်။

💠G6PD ချို့တဲ့မှုရှိတဲ့ကလေးများ ရှောင်ကြဉ်ရမည့် အစားအစာများ/ဆေးဝါးများ

အစားအစာ

* Fava Beans (တောင်ကြီးပဲ)

ဆေးဝါးများ

* 2-Naphthol
* Acetylphenylhydrazine
* Aldesalfone Sodium
* Arsine
* Ascorbic acid
* Beta Naphthol
* Brizolamide
* Bupivacaine
* Ciprofloxacin
* Dapsone
* Diethylamine
* Dimenidrinato
* Dimercaprol
* Dorzolamide
* Enoxacin
* Furazolidone
* Gliclazide
* Glimeripride
* Glipizide
* Glucosulfone
* Hydroxychloroquine
* Lomefloxacin
* Mefloquine
* Menadione
* Menadione sodium bisulfite
* Methylene blue
* Naphtalene,Pure
* Niridazole
* Nitric oxide
* Nitrofural
* Nitrofurantoin
* Nitroglycerin
* Noramidopyrine
* O-Acetylsalicylic acid + Ascorbic Acid
* O-Acetylsalicylic acid +Paracetamol
* Pamaquine
* Pefloxacin
* Pentaquine
* Phynylhydrazine
* Pipemidic acid
* Probenecid
* Primaquine
* Quinidine+Phynylhydrazine
* Sodium Nitroprusside
* Spiramycin
* Stibophen
* Sulfacetamide
* Sulfadimidine
* Sulfamethoxazol
* Sulfanilamide
* Sulfapyridine
* Sulfasalazine
* Thiamphenicol
* Tolonium chloride
* Trimethoprim+Sulfamethoxazole

အထက်ပါဆေးဝါးများဟာ G6PD Deficiency Association မှထုတ်ပြန်ထားတဲ့ G6PD ချို့တဲ့သူများအားလုံးအတွက် high risk ဖြစ်တဲ့ ရှောင်သင့်တဲ့ဆေးဝါးတွေဖြစ်ပါတယ်။ Medium Risk ဖြစ်တဲ့ဆေးဝါးတွေရှိနေပါသေးတယ်။

ဒါပေမယ့်အထက်ပါဆေးဝါးများ အများစုဟာ ဆရာဝန်ညွှန်ကြားနဲ့မှသာပေးတဲ့ဆေးတွေဖြစ်ပါတယ်။ OTC drugs လို့ခေါ်တဲ့ မိမိဘာသာ ဆေးကောင်တာမှာဝယ်နိုင်တဲ့ဆေးတွေမပါတာများပါတယ်။ ဒါကြောင့် စိတ်ပူစရာအများကြီးမလိုဘူးလို့ပြောတာဖြစ်ပါတယ်။ မိဘများအနေနဲ့ မိမိရဲ့ကလေးကို ဆေးခန်းပြတဲ့အခါ G6PD ချို့တဲ့ကြောင်း ဆရာဝန်ကိုပြောပြဖို့လိုအပ်ပါတယ်။

💠G6PD ချို့တဲ့မှုနဲ့ပတ်သက်ပြီး အမေးများသောမေးခွန်းများ

▪️G6PD ချို့တဲ့သောကလေးငယ်တွေမှာ ကာကွယ်ဆေးထိုးလို့ရမရ?

G6PD ချို့တဲ့သော ကလေးငယ်တိုင်းဟာ National Immunization Program (အမျိုးသားကာကွယ်ဆေးထိုးဆေးတိုက်အစီအစဉ်)မှာပါတဲ့ သူတို့ထိုးရမယ့်ကာကွယ်ဆေးအားလုံးနဲ့တည့်ပါတယ်။ စိတ်ချလက်ချထိုးနိုင်ပါတယ်။

▪️G6PD ချို့တဲ့တာကို ပထမတစ်ကြိမ်စစ်ပြီးရင်ပြန်စစ်ဖို့လိုလား?

ကလေးငယ်ရဲ့ကျန်းမာရေးအခြေအနေအရ အဖြေမသေချာနိုင်တဲ့အခြေအနေမျိုးဆိုရင် နောက်တစ်ကြိမ်ပြန်စစ်ရပါတယ်။ ၄ပတ်မှ ၆ပတ် သို့မဟုတ် ၂လအကြာမှာပြန်စစ်တာမျိုးရှိကောင်းရှိနိုင်ပါတယ်။ဒါကို ဆရာဝန်များကဆုံးဖြတ်ရပါတယ်။ ဒါသည်လည်း ကလေးငယ်မှာဖြစ်နေတဲ့ ကျန်းမာရေးအခြေအနေအရ G6PD ချို့တဲ့တာကို ချို့တဲ့မှုမရှိဘူးလို့ထွက်လာမှာစိုးလို့ပါ။ အဖြေသည် ဆရာဝန်က confirm လို့ပြောရင် တစ်သက်လုံးအတွက် confirm ဖြစ်ပါတယ်။

▪️G6PD ချို့တဲ့တဲ့ကလေးဟာ ပုံမှန်လူလိုပဲနေနိုင်မှာလား? စိုးရိမ်ရလား?

ကလေးတွေအတွက်သတိထားရှောင်ကြဥ်ရမယ့်အစားအစာနဲ့ဆေးဝါးတွေကို လိုက်နာပေးရင် ကျန်းမာသောဘဝကိုပုံမှန်အတိုင်းနေနိုင်ပါတယ်။ အများကြီးထူးပြီး စိုးရိမ်ပူပန်စရာ၊ ဝန်ထုပ်ဝန်ပိုးဖြစ်စရာမရှိပါဘူး။ ရောဂါပြင်းထန်မှုလည်း G6PD ချို့တဲ့တဲ့ကလေးတိုင်းမတူနိုင်ပါဘူး။ ဒါကြောင့်လွန်ကဲစွာစိုးရိမ်ပူပန်စရာမလိုပါဘူး။

▪️ကလေးနဲ့မတည့်တဲ့ပရုပ်လုံးကိုလူကြီးရောသုံးလို့ရလား?

ကလေးကိုအနီးကပ်ပြုစုထိန်းကျောင်းတဲ့ လူကြီးတွေကတော့ ပရုပ်လုံးမသုံးသင့်ပါဘူး။ ပရုပ်ဆီလည်းမသုံးသင့်ပါဘူး။

▪️ကလေးကို ကျွေးဖို့ ပဲအမျိုးအစားအကုန်လုံးရှောင်ရမှာလား?

အဓိကရှောင်ရမှာကတော့ ပဲကြား၊တောင်ကြီးပဲဖြစ်ပါတယ်။ အချို့သောကလေးများကတော့ ပဲပိစပ်မတည့်ပါဘူး။ တခြားသောပဲ (ဥပမာ ပဲနီလေး၊ စားတော်ပဲ၊ ကုလားပဲ ကျွေးချင်ရင် ကျွေးကြည့်နိုင်ပါတယ်။) ဒါပေမယ့် Hemolysis သွေးနီဥပြိုကွဲခြင်းဖြစ်တဲ့လက္ခဏာများဖြစ်တဲ့ ဖြူဖျော့ခြင်း၊ ဆီးအရောင်ရင့်ခြင်းများဖြစ်ရင်တော့ ဆေးရုံပြရပါမယ်။

​▪️G6PD ချို့တဲ့သောကလေးဟာ အပြင်စာတွေနဲ့တည့်လား?

ဆိုးဆေးတွေပါနိုင်တဲ့အစားအစာများ၊ အရောင်ဆိုးထားသောအသီးခြောက်၊ဟင်းသီးဟင်းရွက်ခြောက်များမကျွေးသင့်ပါဘူး။

▪️G6PD ချို့တဲ့တာက ပြန်ကောင်းမှာလား?

G6PD ချို့တဲ့ခြင်းဟာ Genetic disorder လို့ခေါ်တဲ့ မျိုးဗီဇဆိုင်ရာ ချို့ယွင်းမှုကြောင့်ဖြစ်ပါတယ်။ X chromosome မှာ mutation လို့ခေါ်တဲ့ ထွန်းခြင်း ဖြစ်ပေါ်နေတာကို မျိုးရိုးလိုက် လက်ဆင့်ကမ်းလာတာမျိုးပါ။ ကလေးအထူးကုဆရာဝန်က သေချာတယ် G6PDချို့တဲ့တယ်လို့ပြောရင် ပြန်စစ်စရာမလိုပါဘူး။ တစ်သက်လုံးချို့တဲ့မှာဖြစ်ပါတယ်။

▪️ကလေးမှာ G6PD ချို့တဲ့မှုမဖြစ်အောင် ကိုယ်ဝန်ဆောင်မိခင်ကရော ဘာတွေဆောင်ရရှောင်ရမလဲ?

အထက်မှာပြောထားသလို မျိုးဗီဇကြောင့်ဖြစ်တဲ့အခြေအနေမို့ မိခင်အနေနဲ့ ဘာမှလုပ်လို့မရပါဘူး။ အစားအသောက်ရှောင်လို့ G6PD ကိုလည်းမကာကွယ်နိုင်ပါဘူး။ အချို့သော တိုင်းရင်းဆေးတွေကတော့ သွေးနီဥပေါက်ကွဲခြင်းကိုဖြစ်စေတတ်လို့ ကိုယ်ဝန်ဆောင်မိခင်တွေကိုရှောင်ခိုင်းတာပါ။

🔶ကလေးမှာ G6PD ချို့တဲ့မှုပါလာတယ်ဆိုတာ ရောဂါတစ်ခုမဟုတ်ပါဘူး။ Enzyme ဓာတ်တစ်ခု ချို့တဲ့ရုံပဲဖြစ်တဲ့အတွက် အကြံပြုချက်တွေကို အတတ်နိုင်ဆုံး လိုက်နာသွားမယ်ဆိုရင် လုံလောက်ပါပြီ။

ဒါဆိုရင်တော့ G6PD ချို့တဲ့တယ်ဆိုတာဘာလဲနဲ့ ဆောင်ရန်၊ရှောင်ရန်လေးတွေကို သိရှိသွားပြီလို့ထင်ပါတယ်ရှင်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။


ျို့တဲ့ခြင်း

Address

အမှတ် ၃ရပ်ကွက်, မြို့လယ်ဘုရားလမ်း, Royal House ခန်းမ မြောက်ဘက်, နွားထိုးကြီးမြို့ Burma (Myanmar)
Burma

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959763273804

Website

Alerts

Be the first to know and let us send you an email when HM Myanmar Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram