Exicof

Exicof ❝အီးဇီးကော့ဖ်ကို သောက် ချောင်းဆိုးချွဲကျပ်ပျောက်❞

လေထုခြောက်သွေ့တာကြောင့် ချောင်းမဆိုးစေဖို့..ဆောင်းတွင်းက တခြားရာသီနဲ့ ယှဥ်ရင် ချောင်းဆိုးတာ ပိုအဖြစ်များပါတယ်။ ဒါ့ကြောင့...
23/12/2025

လေထုခြောက်သွေ့တာကြောင့် ချောင်းမဆိုးစေဖို့..

ဆောင်းတွင်းက တခြားရာသီနဲ့ ယှဥ်ရင် ချောင်းဆိုးတာ ပိုအဖြစ်များပါတယ်။

ဒါ့ကြောင့် ဆောင်းရာသီမှာ လေထုခြောက်သွေ့တာကြောင့် ချောင်းမဆိုးစေဖို့…
✅ ရေများများသောက်ပါ။ လေထုခြောက်သွေ့တာကြောင့် လည်ချောင်းခြောက်သွေ့တာကို သက်သာစေပါတယ်။
✅ လည်ချောင်းခြောက်သွေ့ ယားယံတာကို သက်သာစေဖို့ ပျားသံပုရာ ရေနွေးကြမ်း၊ စွပ်ပြုတ်ပူပူ သောက်ပေးနိုင်ပါတယ်။
✅ ဆားရည်နွေးနွေးနဲ့ အာလုပ်ကျင်းပေးတာကလည်း လည်ချောင်းနာတာကို သက်သာစေပါတယ်။
✅ လေထုခြောက်သွေ့တာကို ကာကွယ်ဖို့ အိမ်ထဲမှာ ရေငွေ့လွှတ်စက် ဖွင့်ထားနိုင်ပါတယ်။
အကယ်လို့ ချောင်းဆိုးချွဲကျပ်ဖြစ်လာရင် EXICOF ချောင်းဆိုးပျောက်ဆေးရည်သောက်ပါ။

ချောင်းဆိုး ချွဲကျပ်ကင်းဝေးအောင် EXICOF ကိုဆောင်!

#ချောင်းဆိုးပျောက်ဆေး

ရာသီအပြောင်းအလဲမှာ ဖျားနာခြင်းတွေ၊ လည်ချောင်နာခြင်းတွေကို ခံစားနေရတာလား? 🤧အခုလို ရာသီအကူးအပြောင်းကာလမှာ အသက်ရှုလမ်းကြောင...
18/12/2025

ရာသီအပြောင်းအလဲမှာ ဖျားနာခြင်းတွေ၊ လည်ချောင်နာခြင်းတွေကို ခံစားနေရတာလား? 🤧

အခုလို ရာသီအကူးအပြောင်းကာလမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ (Common Cold Flu) တွေကြောင့် ချောင်းဆိုးချွဲကျပ်ခြင်းတွေနဲ့ လည်ချောင်းနာခြင်းတွေကို အများဆုံးခံစားကြရပါတယ်။

အအေးမိ တုတ်ကွေး ရာသီမှာ လည်ချောင်နာခြင်း ဝေသနာကို ခံစားနေရရင် “EXICOF” ကို သောက်ဖို့ မမေ့နဲ့နော်။

✅ EXICOF ဟာဆိုရင် သလိပ်ထွက်ပြီး ချောင်းဆိုးခြင်းတွေအတွက် အထူးသင့်တော်တဲ့ (၃) မျိုးစပ် Formula နဲ့ ထုတ်လုပ်ထားပါတယ်။ အဲဒီ့အပြင် Menthol ပါဝင်တာကြောင့် သောက်တဲ့အခါ လည်ချောင်းထဲမှာ အေးမြတဲ့ ခံစားချက် နှင့်အတူ ကောင်းမွန်တဲ့ အရသာရှိလို့ သောက်ရအဆင်ပြေတဲ့ ချောင်းဆိုးပျောက်ဆေးရည်လည်း ဖြစ်ပါတယ်။

ချောင်းဆိုး ချွဲကျပ်ကင်းဝေးအောင် EXICOF ကိုဆောင်!

#ချောင်းဆိုးပျောက်ဆေး

ဆေးလိပ်မသောက်ပေမယ့်… ဆေးလိပ်ငွေ့တွေကို ရှူရှိုက်မိနေတုန်းလား? 🚭🔹 အဆုတ်ကင်ဆာဖြစ်သူတွေအနက် ၈၅% က ဆေးလိပ်သောက်ခြင်းနဲ့ ဆေးလ...
15/12/2025

ဆေးလိပ်မသောက်ပေမယ့်… ဆေးလိပ်ငွေ့တွေကို ရှူရှိုက်မိနေတုန်းလား? 🚭

🔹 အဆုတ်ကင်ဆာဖြစ်သူတွေအနက် ၈၅% က ဆေးလိပ်သောက်ခြင်းနဲ့ ဆေးလိပ်ငွေ့ရှူခြင်းကြောင့် ဖြစ်တတ်တာပါ။

ဆေးလိပ်သောက်သုံးခြင်းဟာ ကင်ဆာရောဂါဖြစ်နိုင်ပြီး အဆုတ်ကင်ဆာမှာမူ နံပါတ် (၁) အဖြစ်နိုင်ဆုံးဟု ဆိုနိုင်ပါတယ်။ ဆေးလိပ်သောက်တယ်လို့ ပြောတဲ့နေရာမှာ ကိုယ်တိုင်သောက်သုံးသူ (Active smoker) တွေသာမက ဆေးလိပ်သောက်သူရဲ့ အနားမှာရှိတဲ့ ဆေးလိပ်ငွေ့တွေကို ရှူမိနေသူ (Passive smoker) နှစ်မျိုးလုံး ပါဝင်ပါသည်။

🔹 ဆေးလိပ်ငွေ့တွေထဲမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်း ၇၀ ကျော် ပါဝင်တယ်။ ဒါတွေက ခန္ဓာကိုယ် တစ်ခုလုံးမှာရှိတဲ့ အဆုတ်၊ လည်ချောင်း၊ နှလုံး၊ နှလုံးသွေးကြောစတဲ့ နေရာတိုင်းကို ထိခိုက်စေတတ်ပါတယ်။

မိသားစုထဲမှာ တစ်ယောက်ဆေးလိပ်သောက်တာနဲ့ ကလေးတွေ၊ မိသားစုဝင်တွေက တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်မိတာကြောင့် ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်း၊ နှာစေးခြင်းစတဲ့ ဝေဒနာတွေကိုလည်း ခံစားရနိုင်သလို နို့စို့အရွယ် က‌လေးငယ်တွေ အနေနဲ့ ဆေးလိပ်ငွေ့တွေ အလွန်အကျွံ ရှူရှိုက်ခဲ့မိမယ်ဆိုရင် အသက်အန္တာရယ် ဖြစ်စေတဲ့ အထိ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

ဒါ့ကြောင့် ကိုယ်ချစ်ရတဲ့ သားသမီးနဲ့ မိသားစု ကျန်းမာနေစေဖို့ 💙 ဆေးလိပ်ဖြတ်တာက မိသားစုအတွက် ပေးနိုင်တဲ့ အကောင်းဆုံး ကျန်းမာရေးလက်ဆောင်ပါပဲ။

ချောင်းဆိုး ချွဲကျပ်ကင်းဝေးဖို့အတွက်ဆိုရင်တော့ (၃)မျိုးစပ်အစွမ်းနဲ့ ထုတ်လုပ်ထားတဲ့ EXICOF ချောင်းဆိုးပျောက်ဆေးရည် သောက်ဖို့ မမေ့လိုက်နဲ့နော်..

ချောင်းဆိုး ချွဲကျပ်ကင်းဝေးအောင် EXICOF ကိုဆောင်!

#ချောင်းဆိုးပျောက်ဆေး

ချောင်းဆိုးပျောက် ပူရှိန်းငုံဆေး(Lozenges) တွေရဲ့ ဘေးထွက်ဆိုးကျိုး…ချောင်းဆိုးတယ်ဆိုတာက အချိန်မရွေး ရာသီမရွေး ဖြစ်နိုင်တ...
10/12/2025

ချောင်းဆိုးပျောက် ပူရှိန်းငုံဆေး(Lozenges) တွေရဲ့ ဘေးထွက်ဆိုးကျိုး…

ချောင်းဆိုးတယ်ဆိုတာက အချိန်မရွေး ရာသီမရွေး ဖြစ်နိုင်တဲ့ ရောဂါတစ်မျိုးပါ။ အအေးမိတုပ်ကွေးလို ရောဂါတွေကြောင့်ဖြစ်နိုင်သလို သာမန်ဖျားပြီးချိန် တွေမှာလည်း ချောင်းဆိုးမပြတ်ပဲ ကျန်ခဲ့တာမျိုးလည်းဖြစ်နိုင်ပါတယ်။

များသောအားဖြင့်တော့ ခံရခက်တဲ့ လည်ချောင်းနာတာနဲ့ ချောင်းဆိုးတာကို သက်သာစေဖို့ Menthol ပါဝင်တဲ့ ချောင်းဆိုးပျောက် ပူရှိန်းဆေးပြားလေးတွေ (Menthol Lozenges ဒါမှမဟုတ် Sore Throat Lozenges) ငုံကြလေ့ရှိပါတယ်။ ပူရှိန်းဆေးပြားတွေက လည်ချောင်းကို အေးစေပြီး ချောင်းနာ သက်သာစေဖို့ အထောက်အကူပြုတတ်ပေမယ့် အလွန်အကျွံသုံးစွဲမိရင်….

🔸 အာခေါင် ပူစပ်ပူလောင်ဖြစ်ခြင်း
🔸 အန်ခြင်း
🔸 မအီမသာဖြစ်ခြင်း
🔸 ဗိုက်အောင့်ခြင်း
🔸 အသားအရေ နီမြန်းခြင်း နဲ့
🔸 အသက်ရှုသွင်းမှု ခက်ခဲတာလိုမျိုး ဝေဒနာတွေ၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာနဲ့ လည်ချောင်း ခြောက်သွေ့တာမျိုးတွေလည်း ဖြစ်ပေါ်နိုင်ပါသေးတယ်။

ဒါကြောင့် ပူရှိန်းဆေးပြားလေးတွေကိုအသုံးပြုတဲ့အခါမှာ…

✅ ကိုယ့်မှာ ဒီလိုဆေးပြားတွေနဲ့ ဓာတ်မတည့်တဲ့ ရောဂါမျိုး ရှိမရှိ ကြိုတင်လေ့လာပါ။
✅ ဆိးချိုရောဂါ ရှိသူတွေ (diabetics) အနေနဲ့ ကိုယ်အသုံးပြုမယ့် အမှတ်တံဆိပ်ကို သေချာစွာစစ်ဆေးပါ။ တစ်ချို့ ထုတ်ကုန်တွေဟာ သကြားဓာတ်ပမာဏ များပြားစွာ ပါဝင်နေတတ်ပါတယ်။
✅ နို့တိုက်မိခင်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ငယ်ရွယ်တဲ့ (အသက် 4–6 နှစ်အောက်) ကလေးတွေ ကို တိုက်ကျွေးတာမျိုးကို တတ်နိုင်သမျှ ရှောင်ရှားပါ။ မဖြစ်မနေ အခြေအနေမှာ သက်ဆိုင်ရာ ကျွမ်းကျင်သူနဲ့ သေချာတိုင်ပင်ပါ။
✅ အချို့သော ပူရှိန်းငုံဆေးတွေက ဆရာဝန် ညွှန်ကြားချက်လိုအပ်တာမို့ သက်ဆိုင်ရာဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ အသုံးပြုပါ။

ချောင်းဆိုး ချွဲကျပ်ကင်းဝေးဖို့အတွက်ဆိုရင်တော့ (၃)မျိုးစပ်အစွမ်းနဲ့ ထုတ်လုပ်ထားတဲ့ EXICOF ချောင်းဆိုးပျောက်ဆေးရည် သောက်ဖို့ မမေ့လိုက်နဲ့နော်..

#ချောင်းဆိုးပျောက်ဆေး

🌦ရာသီအကူးအပြောင်းကာလမှာ ဘာလို့ ချောင်းဆိုးချွဲကျပ် အဖြစ်များတာလဲ❓မိုးအကုန်ဆောင်းအကူးတွင် အပူချိန်လျော့ အအေးဓာတ်များလာတာက...
10/11/2025

🌦ရာသီအကူးအပြောင်းကာလမှာ ဘာလို့ ချောင်းဆိုးချွဲကျပ် အဖြစ်များတာလဲ❓

မိုးအကုန်ဆောင်းအကူးတွင် အပူချိန်လျော့ အအေးဓာတ်များလာတာကြောင့် ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ် အားနည်းပြီး တုပ်ကွေးဖျားနာ၊ချောင်းဆိုးချွဲကျပ်တာတွေ အဖြစ်များကြပါတယ်။

ရာသီအကူးအပြောင်းတွင် ရုတ်တရက်အပူချိန်ပြောင်းလဲခြင်း၊ ရာသီအလိုက် ဓာတ်မတည့်ဖြစ်တတ်သည့်ရောဂါ Seasonal Allergy နှင့် ရာသီတုပ်ကွေးကူးစက်ခံရခြင်းတို့ကြောင့် ချောင်းဆိုးချွဲကျပ် ခံစားရလေ့ရှိသလို ဓာတ်မတည့်မှု၊ ရောဂါပိုးမွှား ကူးစက်ခံရခြင်း၊ ပန်းနာရင်ကျပ်နှင့် နာတာရှည် လေပြွန်ကျဉ်းရောဂါ၊ အဆုတ်တီဘီ စတဲ့ရောဂါတွေကလည်း ချောင်းဆိုးချွဲကျပ်ခြင်းကို ဖြစ်စေပါတယ်။

အခုလို ရာသီအကူးအပြောင်းမှာ ချောင်းတွေ မပြတ်တမ်းဆိုးနေပြီး အရှင်းမပျောက်တဲ့ချောင်းကို အပြတ်မောင်းထုတ်ဖို့ EXICOF ချောင်းဆိုးပျောက်ဆေးကို နီးစပ်ရာဆေးဆိုင်မှာ မေးဝယ်လိုက်ပါ။

EXICOF မှာဆိုရင် ချွဲသလိပ်တွေကို ဟပ်ထုတ်စေတဲ့ ပါဝင်ပစ္စည်း (၃) မျိုးနဲ့ ပေါင်းစပ်ပါဝင်တဲ့အပြင် ဈေးနှုန်းလည်းသက်သာလို့ အမြဲဆောင်ထားဖို့ လိုပါတယ်။

ချောင်းဆိုး ချွဲကျပ်ကင်းဝေးအောင် EXICOF ကိုဆောင်!

#ချောင်းဆိုးပျောက်ဆေး

🦠  ချောင်းဆိုးရင် ပိုးသတ်ဆေးသောက်ဖို့ လိုလား?ဆေးဆိုင်တော်တော်များများမှာ ချောင်းဆိုးပျောက်ဆေးဝယ်ရင် ပိုးသတ်ဆေးတွေနဲ့ စပ်...
07/11/2025

🦠 ချောင်းဆိုးရင် ပိုးသတ်ဆေးသောက်ဖို့ လိုလား?

ဆေးဆိုင်တော်တော်များများမှာ ချောင်းဆိုးပျောက်ဆေးဝယ်ရင် ပိုးသတ်ဆေးတွေနဲ့ စပ်ပြီး ပေးလိုက်တာမျိုးတွေရှိပါတယ်။

🦠 ပိုးသတ်ဆေး (Antibiotic) ဆိုတာက ဗိုင်းရပ်စ်ကို (Virus) မသတ်နိုင်ပါဘူး။ အအေးမိချောင်းဆိုးတာ၊ လည်ချောင်းနာတာ တွေက အများအားဖြင့် ဗိုင်းရပ်စ်ကြောင့် ဖြစ်တာမို့ ဒီလိုအခါမှာ ပိုးသတ်ဆေးသောက်ရင် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ပိုးသတ်ဆေးတွေကို အလွန်အကျွံသုံးစွဲခြင်းနဲ့ သောက်ပုံသောက်နည်းလမ်းမမှန်တာတွေကြောင့် ဆေးယဉ်ပါးမှု (Antibiotic Resistance) နဲ့ အရေးပေါ်ကျန်းမာရေးပြဿနာတွေလည်း ဖြစ်နေကြပါတယ်။ ဒါကြောင့် ချောင်းဆိုးတိုင်း ပိုးသတ်ဆေးသောက်ဖို့လိုလား ဆိုရင်တော့ မလိုအပ်ပါဘူး.. ဝေဒနာပြင်းထန်ခဲ့ရင်တော့ သက်ဆိုင်ရာဆရာဝန်ညွှန်ကြားချက်နဲ့အညီ ပိုးသတ်ဆေးကို မှန်ကန်စွာ သောက်သုံးဖို့ လိုအပ်ပါတယ်။

✨ ဒါကြောင့် ကိုယ်ဆိုးနေတဲ့ ချောင်းက ချောင်းစိုလား၊ ချောင်းခြောက်လား၊ ဘယ်နှရက်ရှိပြီလဲ၊ တခြားရော ဘာလက္ခဏာတွေ ခံစားရသေးလဲ စတာတွေကို အရင်ဆုံး ဆန်းစစ်ပြီးမှ ကိုယ်နဲ့ သင့်တော်တဲ့ ချောင်းဆိုးပျောက်ဆေးမျိုးကို ရွေးချယ်သင့်ပါတယ်။
…………….
EXICOF မှာ ချွဲသလိပ်တွေကို ဟပ်ထုတ်စေတဲ့ အစွမ်းထက် ပါဝင်ပစ္စည်း (၃) မျိုးပါဝင်တဲ့အပြင် Menthol ပါဝင်တာကြောင့် သောက်တဲ့အခါ လည်ချောင်းထဲမှာ အေးမြတဲ့ ခံစားချက် နှင့်အတူ ကောင်းမွန်တဲ့ အရသာရှိလို့ ချောင်းဆိုချွဲကျပ်ကင်းဝေးစေဖို့ဆိုရင် အခုပဲ EXICOF ကို ဆောင်ထားလိုက်တော့နော်။❗

ချောင်းဆိုး ချွဲကျပ်ကင်းဝေးအောင် EXICOF ကိုဆောင်!

#ချောင်းဆိုးပျောက်ဆေး

💧 ချွဲတွေကို မနိုင်တော့တဲ့အခါ EXICOF ရဲ့ အကူအညီယူလိုက်ပါ။ချောင်းဆိုး ချွဲကျပ်ဖြစ်ပြီး အိပ်ရေးပျက်တဲ့ ညတွေများလာလို့ စိတ်...
05/11/2025

💧 ချွဲတွေကို မနိုင်တော့တဲ့အခါ EXICOF ရဲ့ အကူအညီယူလိုက်ပါ။

ချောင်းဆိုး ချွဲကျပ်ဖြစ်ပြီး အိပ်ရေးပျက်တဲ့ ညတွေများလာလို့ စိတ်ညစ်နေလား?
မပူပါနဲ့.. EXICOF ရှိပါတယ်။

EXICOF ချောင်းဆိုးပျောက် ဆေးရည်က ချွဲသလိပ်တွေကို ဟပ်ထုတ်စေတဲ့ အစွမ်းထက် ပါဝင်ပစ္စည်း (၃) မျိုးပါဝင်တဲ့အတွက် ချောင်းဆိုးချွဲကျပ်ဝေဒနာတွေကို တစ်ရက်အတွင်း သက်သာစေတဲ့အပြင် Menthol ပါဝင်တာကြောင့် လည်ချောင်းအတွင်း အေးမြတဲ့ ခံစားချက် နှင့်အတူ ကောင်းမွန်တဲ့ အရသာရှိလို့ သောက်ရအဆင်ပြေတဲ့ ချောင်းဆိုးပျောက်ဆေးရည်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဈေးနှုန်းလည်း သက်သာတော့ ပေးရတဲ့ဈေးနဲ့ ပြန်ရတဲ့ Quality က အရမ်းကောင်းတာမို့ အိမ်တိုင်းဆောင်ထားသင့်တဲ့ ချောင်းဆိုးပျောက်ဆေးရည်လေးပဲ ဖြစ်ပါတယ်။

ချောင်းဆိုး ချွဲကျပ်ကင်းဝေးအောင် EXICOF ကိုဆောင်!

#ချောင်းဆိုးပျောက်ဆေး

🌕✨ ပျော်ရွှင်စရာ တန်ဆောင်တိုင် အခါသမယလေး ဖြစ်ပါစေ 🌸ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြည့်ညမှာ ချောင်းဆိုးချွဲကျပ်ကင်းစေဖို့ ဖ...
04/11/2025

🌕✨ ပျော်ရွှင်စရာ တန်ဆောင်တိုင် အခါသမယလေး ဖြစ်ပါစေ 🌸

ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြည့်ညမှာ ချောင်းဆိုးချွဲကျပ်ကင်းစေဖို့ ဖေဖေနဲ့ မေမေထံ EXICOF ချောင်းဆိုးချွဲကျပ်ပျောက်ဆေးရည်ကို ကျန်းမာရေးဂါရဝလက်ဆောင်အဖြစ် ပေးရအောင်နော်။ 💙

#ချောင်းဆိုးချွဲကျပ်ပျောက်ဆေးရည် #တန်ဆောင်မုန်းလပြည့်နေ့

ချွဲထွက်ပြီး ချောင်းဆိုးနေရင် ဘယ်လိုဆေးမျိုးကို ရွေးချယ်မလဲ❓ချောင်းဆိုးတယ်ဆိုတာ အသက်ရှူလမ်းကြောင်းထဲက အညစ်အကြေးတွေ၊ အမှု...
01/11/2025

ချွဲထွက်ပြီး ချောင်းဆိုးနေရင် ဘယ်လိုဆေးမျိုးကို ရွေးချယ်မလဲ❓

ချောင်းဆိုးတယ်ဆိုတာ အသက်ရှူလမ်းကြောင်းထဲက အညစ်အကြေးတွေ၊ အမှုန်အမွှားတွေကို သဘာဝအတိုင်း အပြင်ကိုထုတ်ပေးတဲ့ ဖြစ်စဥ်တစ်ခုပါပဲ။ ချောင်းဆိုးရင် ချွဲပါလား၊ ရင်ကြပ်လား၊ လည်ပင်းနာ၊ လည်ချောင်းယားသလား ဆိုတာတွေပေါ် မူတည်ပြီး ဆေးသောက်ရပါတယ်။

ချောင်းဆိုးတဲ့ပုံစံနဲ့ ဖြစ်ရတဲ့ အကြောင်းရင်းကို ဆက်စပ်ပြီး ဆေးရွေးချယ်မှု မှန်မှသာ ချောင်းဆိုးတာ သက်သာနိုင်ပါလိမ့်မယ်။ ဆေးရွေးမှားရင် မသက်သာဘဲ ပိုဆိုးနိုင်ပါတယ်။

ချောင်းဆိုးခြင်းမှာ အမျိုးအစား(၂)ခု ရှိပါတယ်။
ချွဲသလိပ်ပါပြီး ချောင်းဆိုးခြင်းကို ချောင်းအစို (𝐖𝐞𝐭 𝐂𝐨𝐮𝐠𝐡) လို့ သတ်မှတ်နိုင်ပြီး ချွဲသလိပ်မပါပဲ ချောင်းဆိုးခြင်းကို ချောင်းခြောက် (𝐃𝐫𝐲 𝐂𝐨𝐮𝐠𝐡) ချောင်းခြောက်လို့ သတ်မှတ်နိုင်ပါတယ်။

🩺 အကယ်လို သင်က ချွဲသလိပ်ပါတဲ့ ချောင်းအစို ဆိုးနေပြီဆိုရင် ဘယ်ဆေးရွေးရမလဲ?

၁. 𝐄𝐱𝐩𝐞𝐜𝐭𝐨𝐫𝐚𝐧𝐭𝐬 ချွဲဟပ်ထုတ်ရ လွယ်စေမယ့် အမျိုးအစားတွေဖြစ်တဲ့ (Guaifenesin, Ammonium Chloride, Potassium Citrate) နဲ့
၂. 𝐌𝐮𝐜𝐨𝐥𝐲𝐭𝐢𝐜𝐬 ချွဲပျော်ဆေး အမျိုးအစားတွေဖြစ်တဲ့ (Ambroxol, Acetylcysteine, Bromhexine, Carbocisteine) စတဲ့ Ingredient တွေပါတဲ့ ချောင်းဆိုးပျောက်ဆိုးမျိုးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

*𝐌𝐮𝐜𝐨𝐥𝐲𝐭𝐢𝐜𝐬 နဲ့ 𝐄𝐱𝐩𝐞𝐜𝐭𝐨𝐫𝐚𝐧𝐭𝐬 အမျိုးအစားတွေကို ၂မျိုးလုံး ပေါင်းပြီးသုံးလို့လည်း ရပါတယ်။ဒါကြောင့် “ချွဲထွက်ခက်ပြီး ချောင်းဆိုးနေတာ” ဖြစ်ရင်တော့ဒီလိုပေါင်းစပ်ပါဝင်တဲ့ ဆေးမျိုးကို ရွေးသုံးရင် ပိုကောင်းပါတယ်။

တကယ်လို့ ချွဲတွေက အဝါရောင်ဖြစ်နေမယ် ဒါမှမဟုတ် အစိမ်းရောင်ဖြစ်နေမယ်၊ ချွဲနဲ့အတူ သွေးပါလာမယ် ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသဖို့ အကြံပြုပါရစေ။

EXICOF (အီးဇီးကော့ဖ်) ချောင်းဆိုးပျောက်ဆေးရည်မှာ 𝐌𝐮𝐜𝐨𝐥𝐲𝐭𝐢𝐜𝐬 နဲ့ 𝐄𝐱𝐩𝐞𝐜𝐭𝐨𝐫𝐚𝐧𝐭𝐬 အမျိုးအစားတွေကို ၂မျိုးလုံး ပေါင်းစပ်ပါဝင်လို့ လည်ချောင်းအတွင်း အေးမြတဲ့ခံစားချက်နဲ့အတူ သလိပ်ထွက်သော ချောင်းဆိုး၊ချွဲကျပ်ခြင်းတွေကို အလွယ်တကူ သက်သာပျောက်ကင်းစေမှာပါ။

#ချောင်းဆိုးပျောက်ဆေး

“ချောင်းခြောက် (Dry Cough) နဲ့ ချောင်းစို (Wet Cough) ရဲ့ အဓိက ကွာခြားချက်က ဘာလဲ” ဆိုတဲ့ မေးခွန်းလေးကို ပါဝင်ဖြေဆိုပြီး ...
31/10/2025

“ချောင်းခြောက် (Dry Cough) နဲ့ ချောင်းစို (Wet Cough) ရဲ့ အဓိက ကွာခြားချက်က ဘာလဲ” ဆိုတဲ့ မေးခွန်းလေးကို ပါဝင်ဖြေဆိုပြီး ကံစမ်းထားကြတဲ့ သူတွေထဲမှ ကံထူးရှင်လေးတွေ ထွက်လာပါပြီ။🎉🎊

ကံထူးရှင်တွေ အနေနဲ့ EXICOF ရဲ့ မက်-ဆ-င်-ဂျာ မှာ လာရောက်ဆက်သွယ်ပြီး ဖုန်းဘီလ်လက်ဆောင် (၅,၀၀၀) ကျပ်ကို ထုတ်ယူနိုင်ပါပြီ။

ဖုန်းဘီလ်လေးကို (၁၀ - နိုဝင်ဘာလ-၂၀၂၅) မတိုင်ခင် လာရောက် ထုတ်ယူပေးဖို့ကိုလည်း အသိပေးလိုက်ရပါတယ်။

📲 EXICOF ပေ့ချ်ကို LÌkê & Føllöw လုပ်ထားပြီး နောက်လာမည့် ရင်ခုန်စရာ အစီအစဥ်အသစ်တွေမှာလည်း ပါဝင်ပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

28/10/2025

တဟွတ်ဟွတ်နဲ့ တားဆီးမရအောင် ချောင်းဆိုးနေလား❓

အိပ်မရ စားမရတဲ့အပြင် အလုပ်အကိုင်ပျက်ရလောက်တဲ့အထိ ဆိုးနေတဲ့ ချောင်းကို EXICOF နဲ့ အမြန်ဆုံး နှိမ်နင်းလိုက်ပါ။

EXICOF သောက်လိုက်တာနဲ့ အချိန်တိုအတွင်း ချွဲသလိပ်တွေကို ရှင်းထုတ်ပြီး ချောင်းဆိုးသက်သာကာ နေလို့ထိုင်လို့ ကောင်းသွားပါလိမ့်မယ်။ ဒါ့အပြင် Menthol အရသာပါဝင်တဲ့အတွက် လည်ချောင်းတွင်း အေးမြတဲ့ခံစားချက်ကိုပါ ရရှိစေမှာပါ..

အီးဇီးကော့ဖ် ချောင်းဆိုးပျောက်ဆေးရည်

#ချောင်းဆိုးချွဲကျပ်ပျောက်ဆေးရည်

Address

No 32, Manawhari Street
Dagon
11191

Alerts

Be the first to know and let us send you an email when Exicof posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share