02/10/2021
Gout diet and life style
🌼Gout(ဂေါက်)ရောဂါဆိုတာဘာလဲ?
သွေးထဲမှာ ယူရစ်အက်စစ်များပြီး အရိုးအဆစ်နာကျင်ရောင်ရမ်းတဲ့ရောဂါပါ။
ယူရစ်အက်စစ်ဆိုတာ သွေးထဲမှာရှိတဲ့ သဘာဝအညစ်အကြေးတမျိုးပါ။ပုံမှန် ကျောက်ကပ်မှ စွန့်ထုတ်ရပါတယ်။
🌼ဘာလို့ဖြစ်တာလဲ?
(၁)Purine rich အစားအစာ/ဆေးဝါးများ ရေရှည်မှီဝဲစားသောက်ခြင်း၊နေထိုင်မှုပုံစံမှားခြင်း (Purine ကနောက်ဆုံးခြေဖျက်ပြီးလျှင် ယူရစ်အက်စစ်အညစ်အကြေးဖြစ်ပါတယ်)
(၂)ကိုယ်တွင်း ဆဲလ်များအများအပြားပျက်စီးခြင်း( ဥပမာ ကင်ဆာရောဂါ၊ ကြေမွထိခိုက်ဒဏ်ရာများ)
(၃)ကျောက်ကပ်မှ မစွန့်ထုတ်နိုင်ခြင်း
(၄)ယူရစ်အက်စစ်များေစသောမျိုးရိုးဗီဇရှိခြင်း
🌼ဘယ်လိုခံစားရမလဲ?
-အဖြစ်အများဆုံးအရိုးအဆစ်ကဝောာ့ ခြေမဖြစ်ပါတယ်။ပြီးလျှင် ခြေကျင်းဝတ်၊ ဒူးခေါင်း၊တံတောင်ဆစ်၊ လက်ကောက်ဝတ်၊ ခြေဆစ်၊လက်ဆစ်တွေမှာလည်းဖြစ်နိုင်ပါတယ်။
-ညဘက်ရုတ်တရက်ထနာတာမျိုး အဖြစ်များပါတယ်။
-တစ်ခါကိုက်ခဲလျှင် သုံးရက်မှဆယ်ရက်ထိကြာနိုင်ပါတယ်။ တစ်ချို့သူတွေမှာလနဲ့ချီကြာနိုင်ပါတယ်။
-နာတာရှည် Gout ရောဂါတွေမှာတော့ Tophiလို့ခေါ်တဲ့အဖြူရောင် မာမာအလုံးတွေကိုတွေ့ရတတ်ပါတယ်။Tophi တွေအဖြစ်များတာကတော့ တံဝောာင်ဆစ်၊နားရွက်နဲ့ လက်ဆစ်တွေမှာဖြစ်ပါတယ်။ (ပုံ+)
-သေချာစွာကုသမှုမခံယူလျှင် အရိုးအဆစ်တွေပုံပျက် ပျက်စီးနိုင်ပါတယ်။
-ဆီးကျောက်(ယူရစ်အက်စစ်ကျောက်) ဖြစ်နိုင်ပါတယ်
🌼ဘယ်သူတွေမှာ ပိုဖြစ်နိုင်ချေများလဲ?
-အမျိုးသား
-အဝလွန်သူ
-အရက်သောက်သောသူ
-မိသားစုထဲတွင်ဂေါက်ရောဂါရှိသူ
-သွေးတိုးရောဂါရှိသူ
-လည်ပင်းဟော်မုန်းနည်းသူ
-ကျောက်ကပ်ရောဂါရှိသူ
-ဆီးချိုရောဂါရှိသူ
-ကင်ဆာဝေဒနာရှင်များ
🌼ဘာတွေရှောင်ရမလဲ?
❌အစားအစာ
(၁)ကလီစာများ
(၂)ပင်လယ်စာများ
(၃)အရက် (အထူးသဖြင့် ဘီယာ)
(၄)အချိုရည်များ( အထူးသဖြင့် ဆိုဒါပါသော)
(၅)ငါးအချို့( ငါးနီတူ၊ဆာဒင်း၊ငါးသေတ္တာ)
(၆)Red meat(ဝက်သား၊အမဲသား၊ဆိတ်သား၊သိုးသား)
(၇)မှို၊မျှစ်နှင့်အညှောင့်ထွက်သော အပင်ပေါက်များ(ဥပမာ ပဲပင်ပေါက်)
✅အသားဓါတ်အတွက် အစားထိုးအနေဖြင့် အဆီထုတ်ထားသောနို့ ၊ဒိန်ချဉ်၊ ချိစ်၊ ပဲအမျိုးမျိုးကို သင့်တင့်မျှတသောပမာဏ စားသုံးပေးနိုင်ပါသည်။
💡ပဲနှင့်တစ်ချို့သော ဟင်းရွက်များမှာ Purine ပမာဏအများအပြားပါဝင်သော်လည်း ယူရစ်အက်ဆစ်ပမာဏမတက်စေနိုင်ကြောင်း သုတေသနများတွင် တွေ့ရှိရပါသည်။ထို့ကြောင့် စားသုံးနိုင်ပါသည်။
❌ရှောင်ရမည့်ဆေးများ
(၁) Aspirin (သွေးကျဲဆေး၊အကိုက်အခဲပျောက်ဆေး)
(၂) diuretic (ဆီးဆေးများ)
(၃) warfarin (သွေးကျဲဆေး)
(၄) Niacin ( Vitamin B3)
(၅)တစ်ချို့သောဆေးဝါးများ(cyclosporine, Levodopa)
ထို့ကြောင့် မိမိကိုကုသမည့်ဆရာဝန်ကို မိမိတွင် Gout ရောဂါရှိလျှင် ကြိုတင်အသိပေးရပါမည်။
🌼ဘယ်လိုနေထိုင်ရမလဲ?
(၁)အစားအသောက်ဆင်ခြင်ရပါမယ်
(၂)ရေဓါတ်ပြည့်ဝအောင်နေရပါမယ် (တစ်နေ့လျှင် ရေ အနည်းဆုံး ၂ လီတာ သောက်သင့်)
(၃) Vitamin C ပုံမှန်မှီဝဲခြင်း/ vitamin C ပြည့်ဝသောအစားအစာများစားခြင်း (ဥပမာ နာနတ်သီးမှာ vitamin C အပြင် ရောင်ရမ်းခြင်းကိုသက်သာစေတဲ့ Bromelain ခေါ်တဲ့ အင်ဇိုင်းလည်းပါဝင်ပါတယ်။စားပေးသင့်ပါတယ်)
(၄)ကိုယ်အလေးချိန် လျော့ချခြင်း (သို့) ထိန်းခြင်း
(၅)ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်း
အကုန်လုံးက ကျန်းမာအောင်နေထိုင်ရမယ့် Healthy lifestyle နဲ့အတူတူပါပဲ။Gout(ဂေါက်) ရောဂါသာမက အခြားရောဂါများပါသက်သာ၍ပိုမိုကျန်းမာ စိတ်သွားတိုင်း ကိုယ်ပါနိုင်မှာပါ။
ယနေ့မှစ၍ ကျန်းမာသော နေထိုင်မှုပုံစံပြောင်းလဲရန် တိုက်တွန်းပါရစေနော်။
🌼ဘယ်လိုကုသမှုခံယူရမလဲ?
-နာကျင်ကိုက်ခဲနေချိန်တွင် NSAID(အကိုက်အခဲပျောက်ဆေး) သို့ colchicine ဖြင့်ကုသမှုခံယူရပါမယ်။
-ညဘက်ကြီးကိုက်ခဲလို့ အကိုက်အခဲပျောက်ဆေးလည်းအိမ်မှာမရှိ ဆေးဝယ်ဖို့လည်းအဆင်မပြေသေးလျှင် နာကျင်သောနေရာကို အပေါ်မြှောက် (ခြေထောက်၊လက်ဆိုလျှင် ခုံပေါ်တင်) ပြီးရေခဲကပ်ပေးခြင်းဖြင့် သက်သာနိုင်ပါတယ်။
-နောက်ပိုင်းသက်သာသွားလျှင် ယူရစ်အက်ဆစ်ကျစေသောဆေး (Allopurinol or Febuxostat )သောက်သုံးရမှာပါ။
💡ဆေးကယူရစ်အက်စစ်များသူတိုင်း၊Gout ရောဂါရှိသူတိုင်းကိုမပေးပါဘူး။ဆေးပေးဖို့ သတ်မှတ်ချက်သီးသန့်ရှိပါတယ်။
💡စသောက်ခါစမှာ သွေးတွင်းယူရစ်အက်စစ်အပြောင်းအလဲကြောင့် အရိုးအဆစ်နာကျင်ကိုက်ခဲနိုင်ပါတယ်။မိမိသဘောဖြင့်ဆေးမရပ်ရပါ။အနာသက်သာဆေးနှင့် ဆက်လက်သောက်သုံးရမည်ဖြစ်ပါသည်။
ဆရာဝန်များမှ ဆေးစပေးတိုင်း အကိုက်အခဲပျောက်ဆေး၊အစာအိမ်ေဆးနှင့် တွဲပေးလေ့ရှိပါသည်။
ဆေးဖြတ်လိုက် ပြန်သောက်လိုက် လုပ်လျှင် စပြန်သောက်တိုင်း နာကျင်ကိုက်ခဲပြီး ရက်ရှည်ဝေဒနာခံစားရတတ်ပါသည်။
💡Acute Attack ခေါ်တဲ့ စတင်နာကျင်ကိုက်ခဲနေစဉ် ၎င်းဆေးများကို စမသောက်ရပါ။
💡ဆေးတိုင်းတွင် ဘေးထွက်ဆိုးကျိုးရှိနိုင်သောကြောင့် မိမိသဘောနှင့်မသောက်ရပါ။နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့်တိုင်ပင်သင့်ပါသည်။
🌼နောက်ဆုံးအနေနဲ့ကတော့ ဆေးလောကမှသူအချင်းချင်း memory recall လေးရေးပေးချင်တာပါ ( အပေါ်ကစာရှည်ကို ကျော်ဖတ်မှာဆိုတော့ 😁)
(1)Attack precipitated by Trauma, Sx, starvation, infection or diuretics
(2)first exclude septic arthritis!
(3)antihypertensive..avoid diuretic and spironolactone / can use CCB and Losartan
(4)Allopurinol
Indication - more than one attack in 12 month,tophi or renal stones
Wait 3 weeks after acute episode
SE - rash, fever and low WBC
Maximum dose 300mg / 8h
Target uric acid level - less than 0.3 mmol/L
(5)Febuxostat
SE - increased liver enzymes
More effective at urate lowering
But number of a/c attack the same
🌼အားလုံးပဲ အခက်အခဲတိုင်းကို ရင်ဆိုင်ကျော်လွှားနိုင်ပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေ🙏🙏🙏
(2.10.2021)
diet and life style
Medicare Home Service
Reference; OHCM, Newsletter website
Photo credit wiki