26/12/2021
💢အဆစ်နာ/အဆစ်ရောင်
===============
👉သွေးလေးဘက်နာရောဂါ
ခန္ဓာကိုယ် ရဲ့ ကိုယ်ခံအားကမှားယွင်းပီးတော့ ကိုယ့်ရဲ့အဆစ်တွေကို ပြန်တိုက်ခိုက်မိတဲ့အခါမှာ အဆစ်တွေယောင်ရမ်းလာတာဖြစ်ပါတယ်။ အဆစ်တွေကနာတာရှည်ရောင်ရမ်းလာတဲ့အခါ အဆစ်ထဲမှာရှိတဲ့အရိုး အရိုးနုတွေကပျက်စီးလာတဲ့ခါ အဆစ်ကိုတွယ်ဆက်ထားတဲ့ အရွတ်တွဲတွေက ကောင်းကောင်းတွယ်ဆက်မထားနိုင်တော့ပဲ ပျက်ဆီးလာတာ ဖြစ်ပါတယ်။
👉အရေ ပြား လေးဘက်နာရောဂါ
အရေပြားလေးဘက်နာက အမျိုးသမီးတွေမှာ တွေ့ရများပါတယ် ။ သေချာမကုသ မိရင် အချိန်ကြာခလညတာနဲ့အမျှ အရိုးအဆစ်တွေကို ထိခိုက်နိုင်ပါတယ်။အရိုးအဆစ်တွေ ယောင်ရမ်းတာ ၊နာကျင်တာနဲ့ ပျက်စီးတာထိဖြစ်နိုင်လို့ သေသေချာချာ ကုသထားဖို့လိုပါတယ်။
👉 ဂေါက်ရောဂါ
ဂေါက်ရောဂါကတော့ အမျိုးသားတွေမှာအဖြစ်များပီး အဆစ်တွေထဲမှာဆို ခြေမဆစ်တွေမှာ တွေ့ရများပါတယ်။သွေးထဲမှာရှိတဲ့ ယူရစ်အက်ဆစ်ပမာဏက ပုံမှန်ထက်မြင့်တက်လာတဲ့အခါ မှာ ယူရစ်အက်ဆစ်က အတစ်အမြစ်တွေမှာစုပုံ လာပီး အဆစ်ရောင်တာကို ဖြစ်စေပါတယ်။
ပုံမှန်လူတွေမှာ ပိုလျှံလာတဲ့ ယူရစ်အက်ဆစ်ကို ကျောက်ကပ်က တဆင့်စွန့်ထုတ်ပေးလို့ ပြသနာမရှိပေမဲ့
ကျောက်ကပ်မကောင်းတဲ့သူတွေကြ ကောင်းကောင်းစွန့်ထုတ်မပေးနိုင်ပါဘူး။ အစားအသောက်ကြောင့်ပဲဖြစ်ဖြစ်
ခန္ဓာ ကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်ကြောင့်ပဲ ဖြစ်ဖြစ် သွေးထဲမှာ ယူရစ်အက်ဆစ်တွေ များလာတဲ့အခါ အဆစ်တွေမှာ စုပြုံပီး အဆစ်ရောင်တာကို ဖြစ်စေတာပါ။
🚶♀️🚴♀️🚶♀️ဘယ်လိုပြုလုပ်ရမလဲ?? ?
နေ့စဉ်ပုံမှန်လေး လမ်းလျှောက်တာ စက်ဘီးစီးတာ စတဲ့ ပေါ့ပါးတဲ့လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးနိုင်သလို
1 -နာနေတဲ့အရိုးအဆစ်ကို အနားပေးတါ
2- နာကျင်တဲ့နေရာကို ရေခဲကပ်ပေးတါ
3- နာကျင်တဲ့အဆစ်နေရာလေးကို ပတ်တီးလိပ်နဲ့ ခပ်ဖွဖွလေးစည်းပေးတါ ( တင်းကျပ်မနေရ)
4-- နာနေယောင်နေတဲ့နေရာကို မြှင့်ထားတာ
* (ခြေကျင်းဝတ်နာလို့ဆိုပီး ခြေတွဲလောင်းချမထားပဲ ခုံလေးပေါ်တင်ထားတာ)တွေ ပြုလုပ်လို့ရပါတယ်။
👉အဆစ်တွေက နီရဲယောင်ကိုင်းနေတာမျိုးမဟုတ်ရင်
ဒါဏ်ကြေ လိမ်းဆေး လိမ်းပေးတါ ၊ ရေနွေးအိတ်ကပ်တာနဲ့ အသာအယာနှိပ်နယ်ပေးတါတွေလည်း ပြုလုပ်လို့ရပါတယ်။
🐒နောက်တစ်နည်းကတော့ နာကျင်ကိုက်ခဲတဲ့နေရာကို တိုင်းရင်းဆေးကပ်ခွာလေးကပ်ပေးတါပဲ
ဖြစ်ပါတယ်။ဆေးကပ်ခွာလေးက သဘာဝ ပါဝင်ပစ္စည်းတွေနဲ့ပဲ ထုတ်လုပ်ထားတာမို့ ဘေးထွက်ဆိုးကျိုးလည်းမရှိစေပါဘူးနော်။
#ထိုင်းတိုင်းရင်းဆေးစစ်စစ်
09764754189 or cb