17/06/2023
🔸 သွားကိုက်လို့ သွားနှုတ်လိုက်မယ်ဆိုရင် နှုတ်ပြီးတာနဲ့ ပြဿနာကို ဖြေရှင်းပြီးသွားတာ မဟုတ်ပါဘူး။ သွားနှုတ်ပြီး ပြန်မစိုက်တဲ့အခါ ဘေးသွားတွေ ယိုင်လာပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့ဆိုရင် နှုတ်လိုက်တဲ့သွားနေရာမှာ Dental bridges ဒါမှမဟုတ် Dental implants တွေနဲ့ ပြန်လည် အစားထိုးပေးဖို့ လိုအပ်ပါတယ်။ သွားပြန်စိုက်တဲ့ ကုသမှုတွေဟာ Treatment ပိုများများလုပ်ရတဲ့အတွက် အချိန်လည်း ပိုကြာသလို ငွေကြေးကုန်ကျမှုလည်း ပိုများပါတယ်။
- သွားပိုးပေါက်တွေ ရှိနေပြီ
- သွားလည်း နာစပြုနေပြီဆိုရင် အကောင်းဆုံးနည်းလမ်းကတော့ သွားအကြောထုတ်ကုသနည်း (Root Canal Treatment) ဖြစ်ပါတယ်။
🔸 Root Canal Treatment ဟာ
1️⃣ ပထမဆုံး နာနေတဲ့သွားမှ ပိုးစားနေတဲ့နေရာများ၊ ပျက်စီးနေသော အကြောများကို ရှင်းပေးပါတယ်။
2️⃣ ပြီးနောက် အကြောတုပြန်ထည့်ပြီး သွားဖာပေးပါတယ်။
3️⃣ သွားဖာပြီးတဲ့နောက် ပိုပြီးရေရှည်ခိုင်ခံဖို့အတွက် လိုအပ်လျှင် သွားအစွပ် စွပ်ရပါတယ်။
🔸 သွားအကြောထုတ်လိုက်တဲ့အခါ လိုအပ်တဲ့ သွေး၊ အာဟာရထောက်ပံ့မှု ပြတ်သွားတဲ့အတွက် သွားရဲ့ သိပ်သည်းဆ နည်းလာပါတယ်။ ဒါကြောင့် ရေရှည်ခိုင်ခံ့ဖို့ဆိုရင် သွားအစွပ်တပ်ဖို့ အကြံပေးပါရစေ။
🔸 အချိန်မှီ Root Canal Treatment ကို ရယူလိုက်တဲ့အခါ နဂိုသွား မဆုံးရှုံးတဲ့အပြင် Dental bridges လိုမျိုး ဘေးသွားတွေကိုလည်း ပါးလိုက်စရာ မလိုပါဘူး။ ကုန်ကျစရိတ်ကို တွက်ကြည့်လျှင်လည်း သွားပြန်စိုက်ခြင်းထက် ထက်ဝက်မက သက်သာပါတယ်။ ဒါကြောင့် သွားကိုက်၊ သွားနာ လူနာတိုင်းကို ဆရာဝန်တွေက သွားမနှုတ်ရဖို့အစွမ်းကုန်ကြိုးစားပေးလေ့ရှိတာပါ။
Phyu Sin Dental Clinic-Daik-U
🏩 🏩
No 63,Main Road,Daik U township
☎️ Contact No - 09-759774753