Women's Helper

  • Home
  • Women's Helper

Women's Helper I want to help the women to solve their physical, mental and social problems as much as I can.

you can also join my training program about women's and reproductive health

သားဥအိမ်/ သားဥအိတ် ကင်ဆာသားဥအိမ်ဆိုတာက သားအိမ်ရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာ ရှိနေတဲ့ စပျစ်သီးအရွယ်သာသာ ပစ္စည်းလေးနှစ်ခုဖြစ်ပါ...
17/03/2025

သားဥအိမ်/ သားဥအိတ် ကင်ဆာ

သားဥအိမ်ဆိုတာက သားအိမ်ရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာ ရှိနေတဲ့ စပျစ်သီးအရွယ်သာသာ ပစ္စည်းလေးနှစ်ခုဖြစ်ပါတယ်။
ပုံမှာဆို နံပါတ် ၇ ပေါ့။

သားဥအိမ်ဟာ အမျိုးသမီးများအတွက် သားဥကို လစဉ်ထုတ်ပေးသလို၊ ဦးနှောက်ရဲ့ ခိုင်းစေချက်အရ အမျိုးသမီးဟော်မုန်းတွေကို ထုတ်ပေးပြီး အမျိုးသမီးတစ်ယောက်ရဲ့ လက္ခဏာရပ်တွေဖြစ်ပေါ်အောင် ဖော်ဆောင်ပေးပါတယ်။

သားဥအိမ်ရဲ့ လုပ်ငန်းတွေဟာဆိုရင် အပျိုဖော်ဝင်ကာစက စတင်ပြီး ရာသီသွေးဆုံးပြီး တစ်နှစ်မှ နှစ်နှစ်အကြာမှာ စတင်ရပ်တန့်ပါတယ်။ ဒါကြောင့်လည်း ရာသီသွေးဆုံးခါနီးရင် ဟော်မုန်းအပြောင်းအလဲတွေဖြစ်ပြီး သွေးဆုံးကိုင်တယ်ဆိုတဲ့ လက္ခဏာတွေခံစားရတာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သားဥအိမ်ဆိုတဲ့အမျိုးက အလုပ်သာ ရပ်ချင်ရပ်မယ် ကင်ဆာဖြစ်ဖို့ကတော့ ဘယ်တော့မှ ရပ်တန့်မသွားပါဘူး

“Ovary may get retired earlier but it’s never too late to get cancer.”

ဆက်ရန်…

Adenomyosis (သားအိမ်နံရံတွင်း သွေးဆင်းခြင်း)သားအိမ်နံရံထဲမှာ သွေးဆင်းတယ်ဆိုတော့ နည်းနည်းတော့ မျက်စိလည်စရာပေါ့လေ။ မလည်အော...
05/05/2024

Adenomyosis (သားအိမ်နံရံတွင်း သွေးဆင်းခြင်း)

သားအိမ်နံရံထဲမှာ သွေးဆင်းတယ်ဆိုတော့ နည်းနည်းတော့ မျက်စိလည်စရာပေါ့လေ။ မလည်အောင် အဆုံးအထိဖတ်ရင်းက ရှင်းသွားပါလိမ့်မယ်။

အမျိုးသမီးတွေ လစဉ်ရာသီသွေးဆင်းတယ်ဆိုတာ အရင်က ရှင်းပြခဲ့ဖူးသလိုပဲ သားအိမ်နံရံအမြှေးပါး (endometrium) ကနေ ဆင်းတာဖြစ်ပါတယ်။ အမျိုးသမီးဟော်မုန်းတွေ အတက်အကျ သဘာဝအရ ကစားရာကနေ အဲ့ အမြှေးပါးဟာ လစဉ် ထူလာလိုက်၊ ပြီးရင် သွေးပေါ်ပြီး ပြန်ပါးသွားလိုက်ဖြစ်ရပါတယ်။

ဟော်မုန်းတွေဘာလို့ ကစားလဲဆို လစဉ် သားဥကြွေဖို့ ပြင်ဆင်ကြရင်းနေ စပါတယ်။ သားဥကြွေတဲ့အခါတိုင်း မတော်တဆ ကလေးများရခဲ့ရင် ကလေးလေးနေဖို့အတွက် သားအိမ်နံရံအမြှေးလေးက ထူပေးပါတယ်။ အချိန်တန်လို့ ကလေးမလာရင် မလိုဘူးပဲဆိုပြီး ကြွေဆင်းပါတယ်။ ဒါကို ရာသီသွေးဆင်းတယ်လို့ ခေါ်ပါတယ်။

အဲ့အမြှေးပါးလေးက သူ့ဘာသာ သူ့နေရာသူနေရင် ပြဿနာမပေးပေမယ့် တခြားနေရာတွေကိုရောက်သွားရင်တော့ ပြဿနာပေးပါတယ်။ သားအိမ်နံရံအသားထဲကို ရောက်သွားရင် Adenomyosisလို့ခေါ်ပါတယ်။ သားအိမ်ပြင်ပ သားဥအိမ်နဲ့ တခြားနေရာတွေဆိုရင်တော့ endometriosis လို့ခေါ်ပါတယ်။

Adenomyosis ဘာကြောင့်ဖြစ်ရသလဲ။
ဖြစ်ရတဲ့အကြောင်းအရင်းအတိအကျကိုတော့ မသိကြပါဘူး။ ဒါပေမယ့်သေချာတာက Adenomyosis ဆိုတာက ရောဂါပိုးကြောင့်မဟုတ်သလို၊ ကင်ဆာလည်း မဟုတ်ပါဘူး။

ဘာရောဂါလက္ခဏာတွေပြတတ်လဲ။
အများအားဖြင့် ဘာလက္ခဏာမှ မပြတဲ့အတွက် မသိကြတာများပါတယ်။ တချို့အမျိုးသမီးတွေမှာတော့ ရာသီသွေးဆင်းများတာ၊ ရက်ကြာတာတွေဖြစ်တတ်ပါတယ်။ တချို့ကတော့ ရာသီလာရင် ကိုက်ခဲသလို ကိုက်ခဲတတ်ပါတယ်။

ရောဂါရှာဖွေဖို့ဘာတွေလိုလဲ။
ရာသီသွေးဆင်းတာအရမ်းများတယ်၊ အရမ်းကိုက်ခဲတယ်ဆိုရင် ဆရာဝန်နဲ့ပြသဖို့လိုပါတယ်။ Adenomyosisမှာ သားအိမ်နံရံအမြှေးပါးလေးတွေက သားအိမ်ကြွက်သားထဲရှိနေတာမို့ သင်ရာသီဆင်းတိုင်း အဲ့ ကြွက်သားထဲကအမြှေးပါးလေးတွေကလည်း သွေးဆင်းနေမှာမို့ သင့်သားအိမ်က မဆိုသလောက်လေး ကြီးနေတာကနေ တော်တော်ကြီးတဲ့အထိဖြစ်နိုင်ပါတယ်။ သားအိမ်ကြီးလေ သွေးဆင်းများလေပါပဲ။

ဒါကြောင့် အာထရာဆောင်းဓါတ်မှန် (ultrasound) ရ်ိုက်ဖို့လိုအပ်ပါတယ်။ အဲ့ကနေမှ မီးယပ်ရောဂါအများစုကို ရှာဖွေနိုင်ပါတယ်။

ဘယ်လိုကုသနိုင်လဲ။
Adenomyosis သေချာသွားပြီဆိုရင်တော့ အဓိကအနေနဲ့ ရောဂါလက္ခဏာကိုကြည့်ရပါတယ်။
ဘာရောဂါလက္ခဏာမှ မပြနေတဲ့သူမှာ ဘာမှ အထူးတလည်ကုသမှုယူနေဖို့မလိုအပ်ပါဘူး။
ကိုက်ခဲရင် အကိုက်အခဲပျောက်ဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်ပေးနိုင်ပါတယ်။
သွေးဆင်းများတဲ့သူဆိုရင်တော့ သွေးဆင်းတာကိုထိန်းဖို့လိုအပ်ပါတယ်။

သွေးဆင်းများတာကို ဘယ်လိုထိန်းမလဲ။
အဓိက က ရာသီပေါ်ရင် ဆိုးတာမို့ ရာသီသွေးဆင်းနည်းစေမယ့် ဟော်မုန်းမပါတဲ့ သွေးထိန်းဆေးတစ်မျိုးနဲ့ စကြည့်လို့ရပါတယ်။ (ဆရာဝန်ညွှန်မှသောက်ပါ)

အဲ့တာမှ မရရင်တော့ ဟော်မုန်းတွေသုံးပြီး သွေးဆင်းနည်းအောင်လုပ်လို့ရပါတယ်။ သူတို့ကတော့ လူတွေသိပြီးသားဖြစ်တဲ့ ကိုယ်ဝန်တားဆေးတွေပဲဖြစ်ပါတယ်။ ဒီနေရာမှာ သူတို့ရဲ့ သွေးဆင်းနည်းစေတဲ့ အာနိသင်ကိုသုံးတာဖြစ်ပါတယ်။

သောက်ဆေးရှိသလို၊ သားအိမ်တွင်းထည့်တဲ့ ဟော်မုန်းပါတဲ့ ကိရိယာ (mirena coil) ထည့်လည်းရပါတယ်။

ဘာနဲ့မှ ထိန်းလို့မရဘူး၊ သွေးဆင်းများချက်က သွေးပါသွင်းဖို့ လိုအပ်နေပြီဆိုရင်တော့ သားအိမ်ထုတ်တဲ့အဆင့်ကို စဉ်းစားရနိုင်ပါတယ်။

သွေးဆုံးသွားရင်လည်း အလိုလို သက်သာပျောက်ကင်းသွားတတ်ပါတယ်။

ဒီလောက်ဆိုရင်တော့ သိလောက်ပြီထင်ပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when Women's Helper posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Women's Helper:

Shortcuts

  • Address
  • Alerts
  • Contact The Practice
  • Claim ownership or report listing
  • Want your practice to be the top-listed Clinic?

Share