09/02/2022
Credit Ama Prof Than Than Aye
Date 8-2-22
Omicron အပိုင်း (၃)
Anti-virals : ဗိုင်းရပ် ပိုးသတ်ဆေးများ
လူတိုင်း anti-viral ဆေးမလိုပါ ။
Early Anti-viral to high risk nonhospitalused patients
အောက်ပါ အချက်တွေပေါ် အခြေခံပြီး စဉ်းစားသွားပါမယ်။
ရည်မှန်းချက် ။။ အောက်စီဂျင်မကျရေးနဲ့ အသက်မသေရေး
၁။ ဘယ်အချိန်မှာ ပေးရင် ထိရောက်မလဲ
၂။ ဘယ်သူတွေကို ရွေးပေးရမလဲ
၃။ ဘယ်ဆေးသုံးသင့်သလဲ
********
၁။ ဘယ်အချိန်မှာ ပေးရင် ထိရောက်မလဲ
Effective period
ဗိုင်းရပ်ဆေး ထိရောက်မည့် ကာလက "စဖြစ်ချိန်မှ ၅ ရက် အလွန်ဆုံး ၇ ရက်" အတွင်း သာဖြစ်ပါတယ်။
Non- hospitalised patients
ဆေးရုံမတက်ရသူတွေ ဆိုတာက အောက်စီဂျင်မကျသေးသူတွေဖြစ်ပါတယ်။ရောဂါ ဖြစ်ခါစ ကိုဆိုလိုပါတယ်။
*******
၂။ ဘယ်သူတွေကို ရွေးကုရမလဲ
High risk patients ဆိုတာ
ကိုဗစ်ရောဂါ ဆိုးရွားသွားမည့် ( အသက်သေဆုံးနိုင်မည့် ) အလားအလာရှိသူတွေ ကိုဆိုလိုတာပါ။ဒီ high risk အုပ်စုကို အဓိက ဦးစားပေးကုရန်ဖြစ်ပါတယ်။
အချက်၄ ချက်ကိုကြည့်ပြီးဆုံးဖြတ်နိုင်ပါတယ်။
a. အသက်အရွယ် ကြီးခြင်း ၆၀ မှ အထက်age
b. ကာကွယ်ဆေး ထိရောက်ထိုးမှု ၊ အကြိမ်ထား ရေ vaccination status
c. ခုခံအား အခြေအနေ immune status
ရှေ့မှာဖေါ်ပြထားတဲ့ အဆင့်၄ ဆင့် ကိုကြည့်နိုင်ပါတယ်
ကာကွယ်ဆေး လုံးဝ မထိုးသေး + ကိုဗစ်လည်းမဖြစ်ဘူးသေးသူ
ကာကွယ်ဆေး အပြည့် ၂ လုံးထိုးထားဘူးသူ
ကာကွယ်ဆေး booster dose အပါအဝင် ၃ ချောင်း ထိုးထားပြီးသူ
ကိုဗစ်ဖြစ်ပြီးသူ + ကာကွယ်ဆေး ထပ်ထိုးထားပြီးသူ
1 မှ 4 အထိ ကိုဗစ်ကာကွယ်ခုခံအား အနည်းဆုံးမှ အများဆုံး ဖြစ်ပါတယ်။
d. နောက်ပိုင်းမှာ အောက်စီဂျင်ကျပြီး ရောဂါဆိုးရွားလာမည့် အလားအလာရှိသူများ
risk factors for clinical progression ကို ဦးစားပေး ရွေးချယ်ပြီး anti-viral ပေးရပါမယ်။
နာတာရှည်ရောဂါ ရှိသူများ( ဥပမာ ... ဆီးချို ၊နှလုံး၊သွေးတိုး၊အဆုပ်...လေဖြတ် ...etc)
ကလီဆာ အားမကောင်းတဲ့ ရောဂါရှိသူများ
အသည်းခြောက်၊ ကျောက်ကပ်အားကုန်၊ ကျောက်ကပ်ဆေး ၊ heart failure နှလုံး ရောဂါ
ကင်ဆာ၊
အဝလွန်ခြင်း BMI > 30
autoimmune & Immune deficiency ခုခံအားကျဆေးသုံးစွဲထားရသူ eg organ transplants
Risk အများဆုံးရှိသူကို အထိရောက်ဆုံးဆေး ရွေးချယ်ဖို့ လိုပါတယ်။
၃။ ဘယ်ဆေးသုံးသင့်သလဲ
*****
Antiviral ပေးရတဲ့ ရည်ရွယ်ချက်နဲ့ အကျိုးကျေးဇူးများ
ဗိုင်ရပ်ပိုးအရေအတွက်(viral load ) ကိုနည်းစေခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ...
-ကိုဗစ်ရောဂါ ဝေဒနာတွေ အမြန်သက်သာပြီး
စောစော ရောဂါပျောက်ကင်းခြင်း ။
-ရောဂါပြန့်နှံ့ ကူးစက်မှု နည်းစေခြင်း။
-ရောဂါ ဆိုးလာနိုင်ခြေရှိသူများ အတွက် နောင်တွင်ဖြစ်လာမည့် အောက်စီဂျင်ကျခြင်း ၊ အထူးကြပ်မတ်ခန်းဝင်ရခြင်း၊ အသက်ရှူ စက်အကူလိုအပ်ခြင်းတို့ကို လျော့ကျစေခြင်း ၊ အသက်သေဆုံးမှု လျော့ကျစေခြင်း တို့ဖြစ်ပါတယ်။
******
Omicron အတွက် သုံးနိုင်တဲ့ ထိရောက်တဲ့ Available Anti-virals ဆေး၄ မျိုး ရှိနေပါပြီ ။
(မြန်မာနိုင်ငံမှာရရှိတဲ့ဆေး၂ မျိုး သာရှိပါတယ်။)
၁။ Paxlovid အထိရောက်အဆုံး၊ ကောင်းဆုံးရွေးချယ်ရန် သောက်ဆေး( မြန်မာမှာမရှိသေး)
၂။ sotrovimab ကသာ Omicron အတွက်ထိရောက်ပါတယ်။ ထိုးဆေးဖြစ်ပါတယ်။ယ
ခင်က သုံးတဲ့ Casirivimab, plus Imdevimab ( Regeneron ) ကို အိုမီခရွန်မှာ သုံးရင်မထိရောက်တော့ပါဘူး။ ( မြန်မာမှာ မရှိသေး)
၃။ Remdesivir ထိရောက်တဲ့ ထိုးဆေး။(မြန်မာမှာ ရရှိပြီးဆေး)
၄။ Molnupiravir ကို အထက်ပါဆေးတွေ မသုံးနိုင်တဲ့သောက်ဆေး ။ (မြန်မာမှာ ရရှိလာပြီ)
Option 1: Paxlovid
Pfizer ဆေးကုမ္ပဏီက ထုတ်တဲ့ Ritonavir-boosted nirmatrelvir ( Paxlovid ) ပက်စ်လိုဗစ် ဆိုတဲ့ဆေးကို ဆေးရုံ မတက်ရတဲ့( အောက်စီဂျင်မကျသေးတဲ့သူ) high risk ရောဂါဆိုးရွားလာနိုင်ခြေများတဲ့သူတွေ မှာသုံးရန် အသင့်ဆုံးလို့ international guideline တွေမှာဖေါ်ပြထားပါတယ်။ သောက်ဆေးဖြစ်လို့ အသုံးပြုရတာလွယ်ပါတယ်။ဒီဆေးမျိုးမပေးထားသူတွေနဲ့ဆာရင် ဆေးရုံတက်ရခြင်းနဲ့ အသက်သေဆုံးခြင်းကို ၈၈% ပိုလျော့စေနိုင်ပါတယ် ။
မြန်မာမှာတော့ ဒီဆေးမရရှိနိုင်သေးပါဘူး။
Option 2: Sotrovimab စိုထရိုဗီမက်ဘ်
အကယ်၍ Paxlovid မရခဲ့ရင် ဒါမှ
မဟုတ် အခြားသောက်ဆေးနေကျဆေးတွေနဲ့ ဓါတ်ပြုမှာစိုးလို့ (Drug interaction)မသုံး
သင့်ရင်sotrovimab ကိုဒုတိယဦးစားပေး
သုံးနိုင်ပါတယ်။ ဒီဆေးမျိုးမပေးထားသူတွေနဲ့ဆာရင် ဆေးရုံတက်ရခြင်းနဲ့ အသက်သေဆုံးခြင်းကို ၈၅% ပိုလျော့စေနိုင်ပါတယ် ။ ထိုးဆေးဖြစ်တာရယ် ဈေးကြီးတာရယ်ကြောင့် မြန်မာအတွက် အသင့်ပါဘူး။
အိုမီခရွန်မှာ တော့ ယခင်အသုံးများတဲ့
Casirivimab, plus Imdevimab (Regeneron)ကအသုံးမဝင်တော့ပါဘူး။
Option 3: Remdesivir ရမ်ဒက်ဆီဗီယာ
PINETREE trial အရ Remdesivir ဟာ Omicron အတွက် ထိရောက်တဲ့ဆေးတစ်ခုဖြစ်ပါတယ်။
Remdesivir - 3 days course approved by CDC. .... ၃ ရက်ဘဲ သွင်းရင်လုံလောက်ပါတယ်။
ခါတိုင်းလို ၂ လုံးစသွင်းပြီး
နောက်ရက်တွေမှာ ၁ လုံးစီ ၂ ရက် ( စုစုပေါင်း ၄ လုံး လိုအပ်ပါတယ်။) ၇-ရက်မလွန်မှီသုံးရင်
ထိရောက်နိုင်ပါတယ်။
Remdesivir 200 mg IV on Day 1,
followed by Remdesivir 100 mg IV daily on Days 2 and 3,
initiated as soon as possible and within 7 days of symptom onset in those aged ≥12 years and weighing ≥40 kg.
***PINETREE trial မှာ ဒီဆေးမျိုးမပေးထားသူတွေနဲ့ဆာရင်အောက်စီဂျင်ကျခြင်း ( ဆေးရုံတက်ရခြင်း ) နဲ့ သေဆုံးခြင်း ( Relative reduction ) ကို ၈၇% ထိ လျော့စေပါတယ်။
Option 4: Molnupiravir မိုလ်နူပီရာဗာ
အထက်ပါဆေး ၃ မျိုး ကိုမရရှိနိုင်ရင်၊ ဒါမှမဟုတ် သုံးရန်မသင့်ရင် မိုလ်နူပီရာဗာကို သုံးနိုင်ပါတယ်။
ဒီဆေးမျိုးမပေးထားသူတွေနဲ့ဆာရင်အောက်စီဂျင်ကျခြင်း ( ဆေးရုံတက်ရခြင်း ) နဲ့ သေဆုံးခြင်း ( Relative reduction ) ကို ၃၀% ထိ လျော့စေပါတယ်။
**********
-ဘယ်ဆေးကအထိရောက်ဆုံးအကောင်းဆုံးလဲ။
Paxlovid (RR 88% ) >> Remdesivir (RR 87%) >>monoclonal Ab sotrovimab (RR 85%) >> Monupiravir (RR 30% )
-ဘယ်ဆေးက ဆေးရုံပြင်ပ ( အိမ်မှာ ) သုံးလို့ လွယ်သလဲ ။
Paxlovid and Monupiravir
***********
ဆေးသစ်ဖြစ်တဲ့ Molnupiravir:ပြောပါမယ်။
ဒီဆေးရဲ့ အာနိသင်ဟာ ကိုဗစ်ပိုးရဲ့ ဆူးအချွန် ( spike protein ) နဲ့မပတ်သက်တဲ့အတွက် မျိုးကွဲသစ် ဖြစ်တဲ့ အိုမီခရွန် မှာထိရောက်မှု ဆက်ရှိနေ
ပါတယ်။
Molnupiravir ဟာ MoVE-OUT study မှာဆေးရုံတက်ရခြင်း ( အောက်စီဂျင်ကျခြင်း ) နဲ့ အသက်သေဆုံးခြင်း ၃၀% ပိုလျော့ကျစေပါတယ်။ ဒီဆေးကို ရောဂါရဲ့ အစောဆုံးကာလမှစသောက်မှ အကျိုးရှိပါတယ်။ ၅ ရက်ကျော်ရင် လုံးဝ အစွမ်းမရှိတော့ပါဘူး။
ကောင်းတာတစ်ခုကတော့ မိုလ်နူပီရာဗာ က ကြီးကြီးမားမား ဘာဆိုးကျိုးမှ မရှိခြင်းဘဲဖြစ်ပါတယ်။သောက်ဆေးဆိုတော့ အလွယ်တကူပေးနိုင်ပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေနဲ့မတိုင်ပင်ဘဲSelf prescriotion နဲ့ မသောက်သင့်ပါဘူး။
ကိုယ်ဝန်ရှိသူတွေမှာ မသုံးရပါဘူး။ ခလေးမွေးတဲ့အရွယ် အမျိုးသမီးတွေဟာဆေးသောက်တဲ့နောက်ဆုံးနေ့ မှ၄ ရက် အတွင်း ခလေးမရအောင် တားရပါမယ်။အမျိုးသားတွေ ဆေးသုံးပြီး ၃ လအတွင်း အမျိုးသမီးမှာ ခလေးမရအောင် တားထားရမယ်။
အသည်း၊ကျောက်ကပ် မကောင်းသူများမှ သုံးလို့ရတဲ့ အားသာချက်ရှိပါတယ်။ အသက်၁၈ နှစ်အောက် မှာ မပေးရပါ။ဒီဆေး အတွက်
ခိုင်မာတဲ့ evidence အထောက်အထားတွေ တော့မရှိလို့ အထက်ပါ ဦးစားပေးစနစ်နဲ့ စဉ်စားရပါမယ်။
***Dose:
ဆေးအလုံး၄၀
၁ လုံးမှာ 200mg ပါတယ်။
800mg (၄ လုံး ) စီ တစ်နေ့ ၂ ကြိမ် သောက်ရမယ်။
အစာမစားဘဲ (သို့ ) စားပြီး ကြိုက်သလိုသောက်နိုင်တယ်။
၅ ရက်သောက်ရမယ်။
မိုလ်နူပီရာဗာရဲ့ ဘေးထွက်ဆိုးကျိုး
Diarrhea ဝမ်းလျောခြင်း (2%)
Nausea ပျို့ခြင်း (1%)
Headache ခေါင်းကိုက်ခြင်း
Dizziness မူးဝေခြင်း (1%)
Drug interactions: အခြားဆေးတွေရဲ့ အာနိသင်ကို အနှောက်အယှက်မပေးဘူး။
Obviously, it is Option 4 ဖြစ်ပါတယ်။
*******
အိုမီခရွန် ဘယ်လိုနေလဲ ?
ပျော့လား ?
ဆိုးလား ?
ကူးဆက်မြန်ပေမဲ့ ဆိုးရွားသွားသူမများတော့ သိပ်စိုးရိမ်စရာမရှိပါဘူး။ ( မပူနဲ့ )
ဒီလောက် ပျော့တဲ့ကြားက ရောဂါဆိုးသွားသူတွေကတော့ ကံဆိုးလွန်းလို့ဖြစ်မလား။
ယခုလို ကာကွယ်နိုင်တဲ့ ဆေးတွေရှိလာချိန်မှာ ဒီလို မရှိသင့်တော့ပါဘူး။ ( မပေါ့နဲ့ )
အားလုံးကို ကယ်နိုင်ဖို့ Zero mortality ရနိုင်ဖို့
" အဆိုးဆုံးဖြစ်နိုင်ခြေရှိသူအားလုံးကို အစောဆုံးရှာဖွေဖေါ်ထုတ်ပြီး အထိရောက်ဆုံးဆေးကိုရွေးသုံးနိုင်ဖို့လိုအပ်ပါတယ်။ "
နောက်ဆုံးမှာချင်တာက ... Viral replication phase ပထမပတ် ambulatory care ( GP primary care )မှာ
မလိုတဲ့ဆေးကို မလိုတဲ့ အချိန်မှာ မပေးပါနဲ့ ။
-Cortico-steroid အစောကြီးမသုံးရ
-Antibiotics အစောဆုံးကာလမှာ လုံးဝမလိုပါ ( မပေးဘဲ လေ့ကျင့်ကြည့်ပါ ။ အတူတူပါဘဲ ။)
-Prophylaxis Anticoagulants LMWH များကို သွေးခဲခြင်း အထောက်အထား ၊high risk for DVT ဖြစ်နိုင်ခြေ Scoreများကိုသာအဓိက ထားပြီး ဆုံးဖြတ်ပါ။
D Dimer တစ်ခုထဲမကြည့်ရပါ။
-Oxygen ကျတာလည်း အစောဆုံးသိအောင် monitor လုပ်ဖို့မမေ့ပါနဲ့
severe covid ကတော့ ယခင်က အတိုင်းကုသရပါမယ်။
End of Omicron covid