Eleven Royal

Eleven Royal Health Care And Diagnosis Centre

🙏🙏🙏မင်္ဂလာပါ🙏🙏🙏💙မေမေတို့အတွက်အထူးသတင်း‌ ကောင်းအနေနှင့် ဗုဒ္ဓဟူးနေ့ မနက် ၁၀ နာရီ အချိန်တွင်Eleven Royal အထူးကုဆေးခန်းတွင်...
21/06/2024

🙏🙏🙏မင်္ဂလာပါ🙏🙏🙏

💙မေမေတို့အတွက်
အထူးသတင်း‌ ကောင်းအနေနှင့်
ဗုဒ္ဓဟူးနေ့ မနက် ၁၀ နာရီ အချိန်တွင်
Eleven Royal အထူးကုဆေးခန်းတွင်
သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး
(ဒေါက်တာရီရီနိုင်)
M.B.,B.S; M.Med.Sc (OG)
မှမေမေတို့၏ကျန်းမာရေးကိစ္စများနှင့် ပတ်သက်ကာသိလိုသည်များကို ဆွေးနွေးတိုင်ပင် ကုသအဖြေရှာပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါရစေ။
ကြိုတင်၍ Booking ယူပြသနိုင်ပါသည်။

လေးစားစွာဖြင့်
Eleven Royal
သားဖွား၊မီးယပ်၊ကလေးနှင့်
အထွေထွေရောဂါကုဆေးခန်း
အမှတ် (၄၀)၊ မင်းနန္ဒာလမ်းမကြီး၊
ဗိုလ်ထွန်းဇံရပ်ကွက်၊ ဒေါပုံမြို့နယ်
(ရန်အောင်မှတ်တိုင်အနီး)
09 881 451 922,
09 974 963 099 (Viber)

Eleven Royal ဆေးခန်းသို့ လာရောက်ပြသသော လူနာနှင့် လူနာရှင်များအား အနူးညွှန့်တောင်းပန်ခြင်း🙏လူနာနှင့် လူနာရှင်များခင်ဗျာ။က...
08/05/2024

Eleven Royal ဆေးခန်းသို့ လာရောက်ပြသသော လူနာနှင့် လူနာရှင်များအား အနူးညွှန့်တောင်းပန်ခြင်း🙏

လူနာနှင့် လူနာရှင်များခင်ဗျာ။
ကျွန်တော်တို့ Eleven Royal ဆေးခန်းရှေ့၌ ရေမြောင်းပြန်လည်တူးဖော်ခြင်းများဆောင်ရွက်နေစဥ် ဆေးခန်းလာရောက်ပြသရာတွင် (သွားရေးလာရေး) အဆင်မပြေမှုများရှိခဲ့ပါက နားလည်ခွင့်လွှတ်ပေးပါရန် အနူးအညွှန့် တောင်းပန်အပ်ပါသည် ခင်ဗျာ။🙏🙏

သားသားမီးမီးလေးတွေကို ကျန်းမာပျော်ရွှင်စွာ အရွယ်ရောက်လာစေချင်တယ်ဆိုရင် ငယ်စဉ်ကတည်းက ကျန်းမာရေးကို ဂရုစိုက်စောင့်ရှောက်ပေ...
01/04/2024

သားသားမီးမီးလေးတွေကို ကျန်းမာပျော်ရွှင်စွာ အရွယ်ရောက်လာစေချင်တယ်ဆိုရင် ငယ်စဉ်ကတည်းက ကျန်းမာရေးကို ဂရုစိုက်စောင့်ရှောက်ပေးဖို့ လိုပါမယ်။

ကျန်းမာကြံ့ခိုင်တဲ့ ကလေးငယ်လေးတွေဖြစ်လာအောင် ပြုစုပျိုးထောင်တဲ့နေရာမှာ အာဟာရပြည့်ဝတဲ့ အစားအစာတွေ ကျွေးဖို့လိုသလို ကိုယ်ခံစွမ်းအားကို အကောင်းဆုံးမြှင့်တင်ပေးမယ့် Vitamin-C ရာနှုန်းပြည့်ပါဝင်တဲ့ လိမ္မော်အရသာ 🍊 Ceelin ကို မှန်ကန်စွာရွေးချယ်တိုက်ကျွေးဖို့ကလည်း အရေးကြီးတယ်နော်🧡

ကိုယ်ခံစွမ်းအားကောင်းမွန်ပြီး အမြဲကျန်းမာ ပျော်ရွှင်နေတဲ့ သားသားမီးမီးလေးတွေဖြစ်ဖို့ Ceelin ကိုနေ့စဉ်တိုက်ကြပါစို့

***Ceelin drop 15ml ဘူးများကို Eleven Royal ဆေးခန်းမှာ အရေအတွက် လိုသလောက်ဝယ်ယူရရှိ နိုင်ပါပြီနော် ***

ELEVEN ROYAL SPECIALIST CLINIC
အမှတ် ၄၀, မင်းနန္ဒာလမ်းမကြီး, ဗိုလ်ထွန်းဇံရပ်ကွက်, ဒေါပုံ (ရန်အောင်မှတ်တိုင် အနီး)
09881451922, 09974963099


Diet Plate 🍽️
25/12/2023

Diet Plate 🍽️

Healthy Plate by NK
05/10/2023

Healthy Plate by NK

ဝိတ်ချရမယ် ဝိတ်ချရမယ်ဆိုပြီး ထမင်းစားတဲ့အချိန်ကျ များများစားမိတဲ့ သူတွေ ရှိကြလား။

ဆီးချိုတက်နေလို့ ထမင်းလျှော့စား ဟင်းသီးဟင်းရွက်များများစားချင်ပေမယ့် တကယ်ထမင်းစားရင် အစားများသွားတာကို ဘယ်လိုထိန်းချုပ်ရမလဲ စဉ်းစားနေကြသူတွေအတွက် ဝိတ််လျှော့ ပန်းကန် လေးကို မိတ်ဆက်ပေးချင်ပါတယ်။

စားသင့်တဲ့ ပမာဏလေးအတိုင်း ကန့်သတ်ပေးထားတာမို့ အဲ့ပန်းကန်လေးနဲ့သာ စားနေရင် ကိုယ့်စိတ်ကို ကိုယ်လည်းပိုမိုထိန်းချုပ်နိုင်မှာမို့ ကမ္ဘာ့ နိုင်ငံကြီးတွေရဲ့ သုတေသနတွေမှာကို ကို Diet plate တွေနဲ့ စားကြရင် ကောင်းတယ်ဆိုတာမျိုးတွေ ထွက်ပေါ်လာပါပြီ။

အခု ပြောပြမယ့် NK “ဝိတ်လျှော့ပန်းကန်” အစီအစဉ်လေးမှာက ပန်းကန်လေး အပြင် အထူးကုသမားတော်နဲ့ ကျန်းမာရေးအမေးအဖြေလုပ်ဖို့ အစီအစဉ်ပါ ထည့်သွင်းပေးထားမှာပါ။ လတ်တလော ညှိနှိုင်းနေဆဲ အဆင့်မို့ အသေးစိတ်ကို ထပ်ပြောပြပေးပါမယ်။

အခုလည်း Healthy Products by NK Page Messenger မှာ ထပ်မံမေးမြန်းစုံစမ်းရသလို လက်ဆောင် ကုဒ် ပိုမိုရရှိနိုင်ဖို့ Survery form လေးကို လည်း အဲ့ Messenger မှာ ပေးထားတဲ့ Link ကနေ သွားရောက်ဖြေဆိုပေးပါဦီးနော်။

အများသိစေရန် Share ပေးခြင်းဖြင့် ကူညီကြပါဦးနော်။

#ဝိတ်လျှော့ပန်းကန်

12/07/2023

ကိုယ်ဝန်ဆောင်နဲ့ ဆီးချို အပိုင်း ၄ (နောက်ဆုံးပိုင်း)

ဆီးချို အမျိုးအစားအများကြီး ရှိတဲ့ အထဲမှာမှ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တဲ့ ဆီးချိုကို ဘယ်လို သတ်မှတ်သလဲ။ ဘယ်လိုသူတွေမှာ ပိုသတိထားရမလဲ။ ဖြစ်လာရင် မိခင်နဲ့ ကလေးမှာ ဘယ်လို ပြဿနာတွေ ရှိတတ်လဲ။ ဘယ်လိုကုသမှုတွေ ပေးရမလဲဆိုတာကို

သားဖွားနဲ့ မီးယပ်အထူးကုဆရာဝန် - ဒေါက်တာထူး
ကလေးအထူးကုဆရာဝန် - ဒေါက်တာကျော်သန့်စင်
ဆေးပညာအိထူးကု ဆရာဝန် - ဒေါက်တာကျော်

တို့က ဆွေးနွေးပေးထားတာဖြစ်ပါတယ်။

အပိုင်း 4 ဗီဒီယိုလေးဖြစ်ပြီး အပိုင်း 1-3 တွေလည်း တင်ထားပြီးသားမို့ မကြည့်ဖြစ်လိုက်သူများ Page မှာ ပြန်လည်ကြည့်ရှုလို့ရပါတယ်။ လိုအပ်သူတွေ ကြည့်ရှုနိုင်ဖို့ Share ပေးခြင်းဖြင့် ကူညီပေးကြပါဦး။




#ဒေါက်တာထူး
#ကိုယ်ဝန်ဆောင်ဆီးချို
#ဆီးချို

11/07/2023

ကိုယ်ဝန်ဆောင်နဲ့ ဆီးချို အပိုင်း ၃

ဆီးချို အမျိုးအစားအများကြီး ရှိတဲ့ အထဲမှာမှ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တဲ့ ဆီးချိုကို ဘယ်လို သတ်မှတ်သလဲ။ ဘယ်လိုသူတွေမှာ ပိုသတိထားရမလဲ။ ဖြစ်လာရင် မိခင်နဲ့ ကလေးမှာ ဘယ်လို ပြဿနာတွေ ရှိတတ်လဲ။ ဘယ်လိုကုသမှုတွေ ပေးရမလဲဆိုတာကို

သားဖွားနဲ့ မီးယပ်အထူးကုဆရာဝန် - ဒေါက်တာထူး
ကလေးအထူးကုဆရာဝန် - ဒေါက်တာကျော်သန့်စင်
ဆေးပညာအိထူးကု ဆရာဝန် - ဒေါက်တာကျော်

တို့က ဆွေးနွေးပေးထားတာဖြစ်ပါတယ်။ အပိုင်း ၁၊ ၂ တင်ပြီးသားလေးပါ။

အပိုင်း ၃ ဗီဒီယိုလေးဖြစ်ပြီး အပိုင်း ၄ လည်း ဆက်လက်တင်ဆက်ပေးသွားဦးမှာပါ။ လိုအပ်သူတွေ ကြည့်ရှုနိုင်ဖို့ Share ပေးခြင်းဖြင့် ကူညီပေးကြပါဦး။




#ဒေါက်တာထူး
#ကိုယ်ဝန်ဆောင်ဆီးချို
#ဆီးချို

10/07/2023

ကိုယ်ဝန်ဆောင်နဲ့ ဆီးချို အပိုင်း ၂

ဆီးချို အမျိုးအစားအများကြီး ရှိတဲ့ အထဲမှာမှ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တဲ့ ဆီးချိုကို ဘယ်လို သတ်မှတ်သလဲ။ ဘယ်လိုသူတွေမှာ ပိုသတိထားရမလဲ။ ဖြစ်လာရင် မိခင်နဲ့ ကလေးမှာ ဘယ်လို ပြဿနာတွေ ရှိတတ်လဲ။ ဘယ်လိုကုသမှုတွေ ပေးရမလဲဆိုတာကို

သားဖွားနဲ့ မီးယပ်အထူးကုဆရာဝန် - ဒေါက်တာထူး
ကလေးအထူးကုဆရာဝန် - ဒေါက်တာကျော်သန့်စင်
ဆေးပညာအထူးကု ဆရာဝန် - ဒေါက်တာကျော်

တို့က ဆွေးနွေးပေးထားတာဖြစ်ပါတယ်။ မနေ့က အပိုင်း ၁ ကို တင်ထားပါတယ်။

အပိုင်း ၂ ဗီဒီယိုလေးဖြစ်ပြီး အပိုင်း ၃,၄ တွေလည်း ဆက်လက်တင်ဆက်ပေးသွားဦးမှာပါ။ လိုအပ်သူတွေ ကြည့်ရှုနိုင်ဖို့ Share ပေးခြင်းဖြင့် ကူညီပေးကြပါဦး။




#ဒေါက်တာထူး
#ကိုယ်ဝန်ဆောင်ဆီးချို
#ဆီးချို

09/07/2023

ကိုယ်ဝန်ဆောင်နဲ့ ဆီးချို

ဆီးချို အမျိုးအစားအများကြီး ရှိတဲ့ အထဲမှာမှ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တဲ့ ဆီးချိုကို ဘယ်လို သတ်မှတ်သလဲ။ ဘယ်လိုသူတွေမှာ ပိုသတိထားရမလဲ။ ဖြစ်လာရင် မိခင်နဲ့ ကလေးမှာ ဘယ်လို ပြဿနာတွေ ရှိတတ်လဲ။ ဘယ်လိုကုသမှုတွေ ပေးရမလဲဆိုတာကို

သားဖွားနဲ့ မီးယပ်အထူးကုဆရာဝန် - ဒေါက်တာထူး @ဒေါက်တာ ထူး
ကလေးအထူးကုဆရာဝန် - ဒေါက်တာကျော်သန့်စင် Klean Cin
ဆေးပညာအထူးကု ဆရာဝန် - ဒေါက်တာကျော်
Dr Pyae Phyo Kyaw
တို့က ဆွေးနွေးပေးထားတာဖြစ်ပါတယ်။

အပိုင်း ၁ ဗီဒီယိုလေးဖြစ်ပြီး အပိုင်း ၂,၃,၄ တွေလည်း ဆက်လက်တင်ဆက်ပေးသွားဦးမှာပါ။ လိုအပ်သူတွေ ကြည့်ရှုနိုင်ဖို့ Share ပေးခြင်းဖြင့် ကူညီပေးကြပါဦး။




#ဒေါက်တာထူး
#ကိုယ်ဝန်ဆောင်ဆီးချို
#ဆီးချို

❤️❤️ ကလေးနှင့် ကိုယ်အလေးချိန် ❤️❤️👼မေမေတို့မှာ သားသားမီးမီးလေးတို့၏ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီး စိုးရိမ်မှုများ၊ ပြဿနာမျာ...
12/06/2023

❤️❤️ ကလေးနှင့် ကိုယ်အလေးချိန် ❤️❤️

👼မေမေတို့မှာ သားသားမီးမီးလေးတို့၏ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီး စိုးရိမ်မှုများ၊ ပြဿနာများ မကြာခဏ
ကြားသိရ၍ ဒီစာလေးရေးလိုက်ပါတယ်။ကလေးများမှာ ခန္ဓာကိုယ်အလေးချိန်
မှန်မှန်ကန်ကန် သိဖို့အတွက် အလွန်အရေးကြီးပါတယ်။ ကလေးအထူးကု
ဘွဲ့လွန်စာမေးပွဲများတွင် ကလေးကိုယ်ခန္ဓာအလေးချိန်ကို မှန်ကန်စွာ မတိုင်းနိုင်လျှင်ဖြစ်ဖြစ်၊ တိုင်းထားတဲ့ ကိုယ်အလေးချိန်အပေါ် မှတ်ချက်မပေးနိုင်/မှားယွင်းစွာ မှတ်ချက်ပေးမိလျှင်ဖြစ်ဖြစ် စာမေးပွဲကျမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အရေးပေါ် ပြုစုကုသမှုတွေ မပေးနိုင်လျှင် ကလေးအသက်အန္တရာယ် ထိခိုက်နိုင်ပါသည်။

👼👼 ပထမဦးဆုံးအနေဖြင့်
ကလေးကိုယ်အလေးချိန် မှန်မှန်ကန်ကန် မည်ကဲ့သို့တိုင်းတာလဲဆိုတာ အရေးကြီးပါသည်။

အသက်အရွယ်အမျိုးမျိုးတွင် ပေါင်ချိန်စက်အမျိုးမျိုး သုံးရပါသည်။ မွေးကင်းစမှ လသားကလေးအထိဆိုလျှင် Infant Scale လို့ခေါ်တဲ့ မွေးခန်းသုံး ကလေးပေါင်ချိန်စက်ကို အသုံးပြု၍တိုင်းတာရပါသည်။ Salter Scaleလို့ခေါ်တသော စက်ဝိုင်းပုံ ချိန်သီး ပေါင်ချိန်စက်မှာ ပုဆိုးချိတ်ပြီးလဲ တိုင်းတာ၍ရပါသည်။ မတ်တပ်ရပ်တိုင်းရသော Bathroom Scaleကိုတော့ မသုံးသင့်ပါ။ တစ်ပေါင်၊ တစ်ကီလိုမှစ၍
အမှားအယွင်းမခံတဲ့ အရွယ်တွင် Bathroom Scaleကို မေ‌မေနှင့်ကလေးပေါင်းချိန်ပြီး မေမေ့ကိုယ်အလေးချိန်ကိုနှုတ်ဆိုရင် မှားပါလိမ့်မည်။
ကလေးမတ်တပ်ရပ်နိုင်ပြီး မတ်မတ်နေနိုင်သော 2နှစ်ကျော်အရွယ်မှ Bathroom Scaleကို အသုံးပြုပါသည်။

👼👼 Intensive Care Unit ကဲ့သို့သောနေရာတွင်ဆိုလျှင် Gram မှအစ တိတိကျကျချိန်ရတဲ့ ရွှေချိန် Scaleတွေ အသုံးပြုပါသည်။ ကလေးရဲ့ဒိုက်ပါကိုချိန်ပြီး ဆီးဘယ်လောက်သွားတယ်။ သွင်းရမည့်သွေးရှိရင်ချိန်ပြီး ဘယ်လောက် အဝင်ရှိတယ်၊ စသည်ကအစ တွက်ရပါတယ်။
ဒါကြောင့် ကလေးပေါင်ချိန်မတက်ဘူးတို့ ကလေးအရမ်းဝလာတယ်တို့ ပြောရင် ဆေးခန်းပြဖို့ကလွဲ၍ ဘာမှအကြံပြုပေးလို့မရနိုင်ပါ။

👼👼နောက်တစ်ခုက ပေါင်ချိန်လျှင်
တစ်ကြိမ်ချိန်တာထက် အသက်အရွယ်အလိုက်၊ လအလိုက် ဆက်တိုက်မပျက်မကွက် ချိန်တာက ပိုမိုပြီးအကျိုးဖြစ်ထွန်း‌နိုင်ပါသည်။ ထိုအခါမှ ပေါင်ချိန်တက်‌လား၊ ကျတာလား၊ တန့်နေတာလား သိနိုင်ပါသည်။ ပေါင်ချိန်ကျတခြင်း၊ တန့်နေခြင်းဆိုလျှင် တကယ်တမ်းတော့ Emergency အရေးပေါ်အခြေအနေတစ်ခုဖြစ်ပါသည်။

👼👼 နံပါတ်နှစ် ပေါင်ချိန်ပြီးလျှင်
ဘာဆက်လုပ်ကြမလဲ။

အသက်အလိုက် ကိုယ်အလေးချိန်ကဒ်ပြားမှာ တိုက်ကြည့်ရမှာပါ။ ဒါကတော့ ကျန်းမာရေးဝန်ထမ်းက လုပ်ပေးရမှာဖြစ်ပါသည်။ မေမေတို့ တတ်ကျွမ်းလို့ လုပ်လိုက လုပ်နိုင်ပေမယ့် တတ်နိုင်သမျှ ဆရာဝန် ဆရာမရဲ့ အကူအညီနှင့် ဆုံးဖြတ်ချက်ပဲ ယူစေချင်ပါသည်။

👼👼 နံပါတ်၃ ပြဿနာက ကိုယ်အလေးချိန်ကျတာ၊ မတက်တာနဲ့ အဝလွန်တာ ဘာကြောင့်ဖြစ်ရတာလဲ ရာဇဝင်မေး၊ စမ်းသပ်၊ လိုအပ်လျှင် ‌သွေးစစ်၊ ဝမ်းစစ်၊ ဆီးစစ် ဓါတ်မှန်ရိုက်ရပါတယ်။ အားလုံးပြီး၍ ရောဂါ အဖြေမတွေ့သေးပဲ ကလေးက အန္တရာယ်လက္ခဏာတစ်ခုခုရှိလျှင် ဆေးရုံတင်ထားရနိုင်ပါသည်။

👼👼 ကိုယ်အလေးချိန်နဲ့ ပတ်သက်တဲ့ ပြဿနာများကတော့ ကိုယ်အလေးချိန် ကျဆင်းခြင်း၊ မတက်ဘဲ တန့်နေခြင်းနှင့် ကိုယ်အလေးချိန် လွန်ကဲခြင်း တို့ပဲဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကျဆင်းခြင်းနှင့် တန့်နေခြင်းကို ဖြစ်ရတဲ့ အဓိက အကြောင်းအရင်းတွေကတော့ နို့/အစာ ကောင်းစွာ မစို့ မစားရခြင်း၊ အာဟာရကျွေးမွေးပုံ မှားယွင်းနေခြင်း၊ ခန္ဓာကိုယ်တွင် အာဟာရတို့ ပြုန်းတီးစေသော ရောဂါပိုးဝင်ခြင်း၊ မွေးရာပါရောဂါတစ်ခုခုရှိနေခြင်း (နှလုံး၊ အဆုတ်၊ အစာလမ်းကြောင်း စသည်)၊ မျိုးရိုးလိုက်သောပြဿနာတစ်ခုခုရှိခြင်း စသည်တို့ပါဝင်ပါသည်။

👼👼 မိမိကလေးက ဘာကြောင့် ကိုယ်အလေးချိန်ပြဿနာ ဖြစ်နေလဲဆိုတာကို ဒီအဆင့်မှာ ဆုံးဖြတ်ဖို့အတွက်က ကလေးဆရာဝန်အပြင် တခြား အထူးကုဆရာဝန်များဖြစ်တဲ့ ကလေးနှလုံးအထူးကု၊ ကလေးအာဟာရအထူးကု၊ ကလေးအသည်းနှင့်အူလမ်းကြောင်းအထူးကု၊ မွေးကင်းစကလေးအထူးကု စသည့် ဆရာဝန်များ၏ အကြံဉာဏ်နှင့် ကုသမှုများလဲ လိုအပ်နိုင်ပါတယ်။

👼👼 ကိုယ်အလေးချိန် များနေခြင်း/ အဝလွန်ခြင်း ဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့ ကလေးအသက် ၆လမတိုင်မီ ဖြည့်စွက်စာကျွေးခြင်း၊ ကယ်လိုရီများသော အဆီ၊ အချိုနှင့် ကဆီဓါတ် လွန်ကဲစွာ ကျွေးမွေးခြင်း၊ ကစားခုန်စား နည်းပါးခြင်း၊ တီဗွီနှင့် ဖုန်း ဖန်သားပြင်ရှေ့ ထိုင်နေချိန် များခြင်းနှင့် မျိုးရိုးလိုက်သော ရောဂါများကြောင့် ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန် နည်းတာက လတ်တလော ပြဿနာဖြစ်ပြီး နောက်ဆက်တွဲပြဿနာ နည်းပါးပေမည့် (မရှိဘူးမဟုတ်ပါ) ကိုယ်အလေးချိန်များခြင်းဟာ ရေရှည်ပြဿနာဖြစ်ပြီး နောက်ဆက်တွဲပြဿနာ ပိုမိုများပြားပါတယ်။

👼👼 အာဟာရပြဿနာကိုစဉ်းစားရင် ဗီတာမင်နှင့် သတ္ထုဓါတ် ချို့တဲ့တာကို မေ့ထားလို့မရပါဘူး။ ကိုယ်ဝန်သည်အာဟာရချို့တဲ့လျင် ကလေးမှာ ညှက်ခြင်း၊ သန္ဓေပါတ်မပြည့်ဘဲ စောမွေးခြင်း၊ သွေးအားနည်းခြင်း၊ ဖောလစ်အက်ဆစ်ချို့တဲ့ပါက ဦးခေါင်းခွံနှင့် ခါးရိုးတွင် အပေါက်ဖြစ်၍ ပြဿနာဖြစ်ခြင်း၊ ဗီတာမင်အေချို့တဲ့၍ မျက်ကြည်လွှာယောင်ယမ်းခြင်းနှင့် မျက်စိကွယ်ခြင်း၊ နို့တိုက်ကျွေးစဉ် အမေအစားရှောင်၍ ကလေးတွင် ဘယ်ရီဘယ်ရီဖြစ်၍ အသက်သေဆုံးနိုင်ခြင်း စသည်တို့ပါဝင်ပါတယ်။

👼👼 ဆိုတော့ကာ ပြဿနာဘယ်လို သိအောင်ရှာမလဲ ဘာတွေရှိလဲ သိပြီးရင် ဘယ်လိုကာကွယ်မလဲ စဉ်းစားကြည့်ရအောင်။ မိခင်လောင်းလျာများအနေဖြင့် ကိုယ်ဝန်မယူခင် အပျိုဖော်ဝင်စ အချိန်ကပင် အာဟာရပြည့်မှီအောင် စားသုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် တတ်ကျွမ်းတဲ့ ဆရာဝန်၊ဆရာမတို့နဲ့ ပြသတိုင်ပင်ပြီး လိုအပ်တဲ့ အာဟာရနဲ့ ကိုယ်ဝန်ဆောင်အားဆေးကို သောက်သုံးသင့်ပါတယ်။ မွေးဖွားပြီးချိန်မှာလဲ မိခင်နို့တစ်ခုထဲကို ကလေးအသက် ၆လအထိ တိုက်ကျွေးသင့်ပါတယ်။ မိခင်နို့တိုက်စဉ် အမေ အစားစုံအောင် စားဖို့လိုပါတယ်။ ဖြည့်စွက်စာကို ၆လကစလို့ ကျွေးရပါမယ်။ ကျွေးတဲ့အခါမှာလဲ အစာအုပ်စု သုံးခုစုံလင်အောင် ကျွေးရပါမည်။

Credit Dr. Klean Cin

👼👼 ကလေးငယ်များတွင် ဖြစ်ပွားသော မှက်ခရုနှင့် အခြားမှိုစွဲခြင်း 👼👼- ကလေးငယ်တွင် ဖြစ်ပွားသော မှက်ခရုနှင့် အခြားမှိုစွဲခြင်း...
26/05/2023

👼👼 ကလေးငယ်များတွင် ဖြစ်ပွားသော မှက်ခရုနှင့် အခြားမှိုစွဲခြင်း 👼👼

- ကလေးငယ်တွင် ဖြစ်ပွားသော မှက်ခရု
နှင့် အခြားမှိုစွဲခြင်းရောဂါကို ပြောရမယ်ဆို

ဘာကြောင့်ဖြစ်လဲ၊ ဘာအကောင်ကြောင့်ဖြစ်လဲအရင်သိထားသင့်ပါတယ်။

🌻အများအားဖြင့် ကိုယ်အလေးချိန်မပြည့်၊ သန္ဓေပါတ်မပြည့်‌သော
ကလေးငယ်တွေ၊ ပိုးဆိပ်တက်၍ နောက်ဆုံးပိုးသတ်ဆေးအပြင်းများနှင့်ကုသမှုခံရခြင်း၊ ကင်ဆာဆေးနှင့် ခုခံအားကျဆင်း‌စေသော ဆေးဝါးများ အသုံးပြု‌ရသောကလေးများ၊ သွေးကြောမကြီးထဲသို့ ပြွန်ထည့်၍ ပိုးသတ်ဆေးသွင်း၊
အာဟာရဓါတ်သွင်းကုသရတဲ့ ကလေးတွေ၊ မွေးရာပါ ခုခံအားကျဆင်းရောဂါ Congenital Immunodeficiency Syndrome ရောဂါရှိတဲ့ကလေးငယ်များမှာ တွေ့ရတတ်ပါသည်။ တခါတရံတွင်မှာမူ
တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းသော ကလေးများမှာ တွေ့ရပါသည်။

🌻ရောဂါအဖြစ်များစေသောအခြေအနေမှာ Candida Species (မျိုးစိပ်)မှ မှက်ခရုမှိုကြောင့်အဖြစ်များကာ အခြားသော Aspergillosis နှင့် အရေပြားမှိုတွေလဲ ပါဝင်ပါတယ်။

❓ဘယ်လောက်ထိအန္တရယ်ရှိနိုင်လဲ❓

ဘယ်လောက်ထိအန္တရယ်ရှိနိုင်လဲ အခြေအနေဆိုးနိုင်လဲ ခန္ဓာကိုယ်ရဲ့ဘယ်နေရာမှာ ဖြစ်ခြင်းနှင့် မည်ကဲ့သို့သောလူနာမှာ ဖြစ်တာအပေါ် မူတည်ပါတယ်။

🌻အရေပြား အပေါ်ယံသာ ဖြစ်လျှင်

Mucocutaneous အရေပြားအပေါ်ယံသာဖြစ်လျှင် အန္တရယ်မရှိတတ်သော်လည်း ပါးစပ်နာ၍ပါးစောင်နာ၍ နို့မစို့နိုင်ခြင်း၊ နို့ကောင်းကောင်းမဝင်ခြင်းများ ဖြစ်နိုင်ပါတယ်။ တချို့အခြေအနေများတွင်
လက္ခဏာမပြ ဘာမှမခံစားရခြင်းများလဲရှိနိုင်ပါသည်။ မှိုရောဂါပိုး၏ အပျော့အပြင်းပေါ်လဲ မူတည်တတ်ပါသည်။

🌻 သွေးတွင်းနဲ့ ခန္ဓာကိုယ်တွင်းတွင်ရောဂါဖြစ်လျှင်တော့ ပြင်းပြင်းထန်ထန်ခံစားရနိုင်ပါသည်။ စောစီးစွာကုသမှု မခံယူခဲ့လျှင်ဖြစ်‌စေ၊ ပိုးသတ်စေးမတိုးနိုင်တော့သော အခြေအနေမျိုးတွင်ဖြစ်စေ၊ နဂိုရှိရင်းစွဲ ကျောက်ကပ်နဲ့ အသည်းအားနည်းရောဂါတွေကြောင့်ပဲဖြစ်စေ အသက်အန္တရယ်ထိခိုက်သေဆုံးနိုင်သောအခြေအနေများသလို၊ နောက်ဆက်တွဲအနေဖြင့် ဦးနှောဏ်နှင့်အာရုံကြောထိခိုက်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အသည်းအားနည်းခြင်းများ‌ဖြင့်လဲ နာတာရှည်ခံစားရနိုင်ပါသည်။

🌻ဘယ်လိုသိနိုင်လဲ

ပါးစပ်တွင်းတွင် မှက်ခရုဟုကောက်ချက်ချဖို့ဆိုလျှင် အဖြူရောင်အဖတ်လေးများတွေ့တာနှင့် ယတိပြတ်ပြော၍မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် နို့ဖတ်နဲ့ အစာအကြွင်းအကျန်များလဲ ဖြစ်တတ်ပါသည်။ အဖြူဖတ်ကလေးများ
ကွာလျှင် ခွာလိုက်လျှင် အောက်ခြေအသားရဲရဲတွေ့ခြင်းသွေးထွက်ခြင်း၊ နာကျင်ခြင်း အစရှိသောလက္ခဏာများရှိပါလျှင် မှက်ခရုဟုယတိပြတ်ဆိုနိုင်ပေသည်။

🌻တင်၊စအိုနှင့် ပေါင်ခြံကြားတွင်
ဆီးပူလောင်ရာမှအစပြု၍ မှိုစွဲပါက စအိုဝတစ်ဝိုက်တွင် ပန်းဖွားကဲ့သို့သောပုံသဏ္ဍာန် (အနီရောင်အနာများ)ကို Satellite lesion အနေနှင့် တွေ့ရတတ်ပါသည်။

🌻ဘယ်လိုကုသမလဲ

♥️♥️ ကုသဖို့က တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ပြပါ။ လိုအပ်သလို ဆေးပေးပါလိမ့်မယ်။ တချို့မှိုရောဂါတွေက လူးဆေးနဲ့ကုရင် လနဲ့ချီကြာတတ်ပြီး၊ သောက်ဆေးလိုတတ်ပါတယ်။ ဒါက ရိုးရိုးဆရာဝန်မကဘဲ၊ ကလေးဆရာဝန်၊ အရေပြားဆရာဝန်နဲ့ သမားတော်ကြီးများ၊ အထူးကြပ်မတ်ကုသမှုတတ်ကျွမ်းသော သမားတော်ကြီးများရဲ့ အကြံဉာဏ်ပါ လိုအပ်နိုင်ပါတယ်။

🌻ဘယ်လိုကာကွယ်မလဲ။

မေမေတို့ ကာကွယ်လို့ရတာက တကိုယ်ရေ သန့်ရှင်းရေးဂရုစိုက်ပေးခြင်းပါ။
စိုထိုင်းတဲ့ အနှီးတွေ ပြန်မသုံးခြင်း၊ မှိုစွဲတဲ့ အဝတ်များ၊အနှီးများကို သေချာလျှော်ဖွတ် နေလှမ်းပြီးမှ အသုံးပြုခြင်း၊ ဆီးသွားဝမ်းသွား‌ထား‌ သောကလေး၏အနှီးများအားချက်ချင်းလဲခြင်း၊ ချွေးစိုတဲ့နေရာကို ခြောက်သွေ့အောင် မကြာခဏ သုတ်ပေးခြင်း၊ ခံတွင်းသန့်ရှင်းရေးကို အသက်အရွယ်အလိုက် ဂရုစိုက်ပေးရပါမည်။

🌻၆လအောက်တွင် မိခင်နို့တစ်မျိုးထဲတိုက်ခြင်း၊ နို့ဗူးတိုက်လျှင် သန့်ရှင်းရေး အထူးဂရုပြုရပါမည်။

Eleven Royal
သားဖွားမီးယပ်၊ကလေးနှင့်
အထွေထွေရောဂါကုဆေးခန်းမိသားစု
အမှတ် (၄၀)၊ မင်းနန္ဒာလမ်းမကြီး၊
ဗိုလ်ထွန်းဇံရပ်ကွက်၊ ဒေါပုံမြို့နယ်
(ရန်အောင်မှတ်တိုင်အနီး)
09 881 451 922, 09 974 963 099

🙏🙏🙏 မင်္ဂလာပါ 🙏🙏🙏💥ကျွန်တော်တို့ Eleven Royal ဆေးခန်းတွင် ကိုယ်ဝန်ဆောင်မေမေတို့အတွက် အထူးဈေးနှုန်းအနေနှင့် သွေးစစ်၊ဆီးစစ်...
23/05/2023

🙏🙏🙏 မင်္ဂလာပါ 🙏🙏🙏
💥ကျွန်တော်တို့ Eleven Royal ဆေးခန်းတွင် ကိုယ်ဝန်ဆောင်မေမေတို့အတွက် အထူးဈေးနှုန်းအနေနှင့် သွေးစစ်၊ဆီးစစ်ခြင်းနှင့် Ultrasound တစ်ကြိမ် ရိုက်ခြင်းအတွက် အထူးအစီအစဉ်အနေနှင့် Package စီစဉ်ထားပါသည်။

ကိုယ်ဝန်ဆောင်သွေးစစ်ခြင်း၊ဆီးစစ်ခြင်း၊
Ultrasound ရိုက်ကူးခြင်းအတွက်
တခုချင်းအနေနှင့် 61,000 ကျပ်ကျသင့်ပါသည်။ မေမေတို့အတွက် အထူးဈေးနှုန်းဖြင့် တကြိမ်အပြီးအစီး (AN Care Package) အတွက် 55,000 ကျပ်နှင့် အပြီးစီးဆောင်ရွက်ပေးပါသည်။

လေးစားစွာဖြင့်
Eleven Royal
သားဖွားမီးယပ်၊ကလေးနှင့်
အထွေထွေရောဂါကုဆေးခန်းမိသားစု
အမှတ် (၄၀)၊ မင်းနန္ဒာလမ်းမကြီး၊
ဗိုလ်ထွန်းဇံရပ်ကွက်၊ ဒေါပုံမြို့နယ်
(ရန်အောင်မှတ်တိုင်အနီး)
09 881 451 922, 09 974 963 099

Address

No(40), Min Nandar Road, Bo Tun Zan Quarter
Dawbon Township
11241

Telephone

+959881451922

Website

Alerts

Be the first to know and let us send you an email when Eleven Royal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Eleven Royal:

Share