ရွှန်းလဲ့Pharmacy MarkeT

ရွှန်းလဲ့Pharmacy MarkeT Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရွှန်းလဲ့Pharmacy MarkeT, Medical and health, Dawbon.

ခလေးရဖို့ခတ်ခတ်နေသူများတွက်Myoatomလေးရပါပီနော်😍
06/01/2023

ခလေးရဖို့ခတ်ခတ်နေသူများတွက်
Myoatomလေးရပါပီနော်😍

ခု မြန်မာပြည်မှာ စဖြစ်နေပြီဖြစ်တဲ့ ❗️❗️❗️ကိုဗစ် BA5 ရဲ့ လက္ခဏာတွေ လေ့လာမိသလောက် လူနာဟာ....⚠️ ရင်ခေါင်းရောင် ခြင်း⚠️ အပူနာ...
13/09/2022

ခု မြန်မာပြည်မှာ စဖြစ်နေပြီဖြစ်တဲ့ ❗️❗️❗️

ကိုဗစ် BA5 ရဲ့ လက္ခဏာတွေ လေ့လာမိသလောက် လူနာဟာ....
⚠️ ရင်ခေါင်းရောင် ခြင်း
⚠️ အပူနာဖြစ်၍
⚠️ သိုင်းရွိုက်ရောင်မယ်..




⚠️ ငယ်ထိပ်ခဲ လာပြီး ဦးဏှောက်အမြှေးပါးရောင်ခြင်း
တင်ပါး ခဲမယ်

⚠️ ဦး​​ခေါင်း နာဗ်ကြောများ ရောင်ခြင်း

⚠️ ဂုတ်ဆက် ခဲခြင်း

⚠️ လက်ပြင်ရောင်ခြင်း

အာရုံကြောတော်တော်များများ အကုန်နီးပါးကို ဖျက်ဆီး ပစ်လိုက်တာပါပဲ... Omicron အစနဲ့ BA.2ထက် သုံးလေးဆပိုထိတယ်၊ အဓိကအ‌နေနဲ့ တစ်ယောက်ကနေ တစ်ယောက်ကူးစက်တာ အရမ်းမြန်တယ်၊ အခုစကားလေးငါးခွန်းပြောလိုက်၊ ချက်ချင်းကူးသွားနိုင်ပြီး နောက်ရက် လက္ခဏာ စပြတော့တာပဲ၊ ပြဿနာက ကလေးတွေကိုပါ ကူးစက်ပြီး ကိုဗစ်လက္ခဏာတွေ ခံစားရတာပဲ

👉 Paracetamol/ Ibuprofen လိုမျိုးအဖျားကျဆေး အကိုက်အခဲပျောက်ဆေး
👉 Acetylcysteine - ACC ကဲ့သို့ ချွဲပျော်ဆေး၊
တို့ဆောင်ထားသင့်ပါသည်..

Crd/Naing Nyi

အခုအချိန်အထိ မြင်ဖူးသမျှထဲမှာ ကိုဗစ် ၁၉ မျိုးကွဲသစ် ဘီအေ ၅ က အဆိုးဆုံးမျိုးကွဲအဖြစ် အမေရိကန်ဆေးပညာရှင် သတ်မှတ်
အမေရိကန်ဆေးပညာရှင် ဒေါက်တာ အဲရစ် တိုပေါလ်က ကိုဗစ် ၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး ဘီအေ ၅ ဟာ အရင်မျိုးကွဲတွေထက် လူတွေကို ပိုမိုကြာရှည်စွာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဖျားနာစေနိုင်တယ်လို့ ယူဆထားပါတယ်။

အဲဒီမျိုးကွဲသစ်ကို အခုအချိန်အထိတွေ့မြင်ခဲ့သမျှထဲမှာ အဆိုးရွားဆုံးမျိုးကွဲအဖြစ် ဒေါက်တာ အဲရစ်က အမည်တပ်ထားပါတယ်။

သူ့ကို ဒီမျိုးကွဲသစ်ရဲ့ပြင်းထန်တဲ့ ခုခံအားနဲ့ ကူးစက်နိုင်မှုတွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။ ဘီအေ ၅ မျိုးကွဲက ဆဲလ်အတွင်းထဲ ပိုမိုကောင်းမွန်စွာ ဝင်ရောက်နိုင်စွမ်းရှိပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်စေတဲ့၊

ဆေးရုံတက်ရောက်မှုနှုန်းများစေတဲ့ ကိုဗစ် ၁၉ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတယ်လို့ ဒေါက်တာအဲရစ်ရဲ့သုတေသနပြုချက်တွေက ဆိုပါတယ်။

ဒေါက်တာ အဲရစ်က ဘီအေ ၅ မျိုးကွဲဟာ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတဲ့အပေါ် စိုးရိမ်နေပေမဲ့ ဘီအေ ၅ မျိုးကွဲက ပိုမိုပြင်းထန်စေတဲ့ ရောဂါမျိုးကို ဖြစ်စေနိုင်မလားဆိုတာ ပြောပြဖို့ စောလွန်းသေးတယ်လို့ ဆိုပါတယ်။

သေသေချာချာရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ ဒယ်တာလို ဆဲလ်ကူးစက်မှုလက္ခဏာရပ်တွေတော့ သေချာပေါက်ဖြစ်လိမ့်မယ်လို့ ဒေါက်တာ အဲရစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်အတွင်း နိုင်ငံတကာမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၀ ရာခိုင်နှုန်း ခုန်တက်သွားခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ သိရပါတယ်။

Ref: Ladbible " Doctor Says Latest Covid-19 Strain BA.5 Is The 'Worst Variant We Have Seen So Far' "

Credit to Original Uploader

အလွယ်ကူဆုံး ကျောက်ကပ်ဆေးနည်းကို မျှဝေပေးလိုက်ပါတယ်။(၁) ကြက်ရိုးကို ကြာကြာလေး ပြုတ်ပါ။(၂) ကျောက်ဖရုံသီး တစ်စိတ်ကို ခပ်သေး...
08/08/2022

အလွယ်ကူဆုံး ကျောက်ကပ်ဆေးနည်းကို မျှဝေပေးလိုက်ပါတယ်။

(၁) ကြက်ရိုးကို ကြာကြာလေး ပြုတ်ပါ။

(၂) ကျောက်ဖရုံသီး တစ်စိတ်ကို ခပ်သေးသေး တုံး၍ ထည့်ပြုတ်ပါ။

(၃) ငရုတ်ကောင်း ၅ စေ့ခန့်ကို ထုထည့်ပါ။

(၄) ဟင်းကျက်ပြီဆိုရင် တရုတ်နံနံပင် အနေတော် ၃ ပင်ခန့်ကို နုတ်နုတ်စင်း၍ ထည့်ပါ။

(၅) ပန်းကန်ထဲထည့်ပြီး သောက်ခါနီး သံပုရာတစ်စိတ်ကို ညစ်ထည့်ပြီး သောက်ပါ။ အရည်ရော အဖတ်ပါ စားပါ။ တစ်အိုးလုံး မကုန်မချင်း နားနားပြီး စားပါ။

(၆) အနည်းဆုံး တစ်လတစ်ကြိမ်လောက် ကျောက်ဖရုံသီးဟင်းချိုကို ချက်သောက်ပါ။

ကျောက်ကပ်ဟာ လူသားတွေအတွက် အရေးပါဆုံးအလုပ်တွေကို လုပ်ဆောင်ပေးနေတဲ့ အရေးကြီးတဲ့အရာတစ်ခု ဖြစ်ပါတယ်။ နေ့စဉ် စားသောက်နေတဲ့ အစားအစာများကို စစ်ထုတ်ပေးရတယ်။

ယနေ့ခေတ် အစားအသောက်များကလည်း ဟိုအရင်လို သဘာဝအလျှောက် တောထဲကရတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်က ရှားပါးသွားပြီး နည်းပညာအမျိုးမျိုးနဲ့ ထုတ်လုပ်တာကိုပဲ စားသုံးနေရပါတယ်။ အဆိပ်အတောက်မျိုးစုံလည်း ပါဝင်နေပါတယ်။

ကြာလာတော့ ကျောက်ကပ်ကို သွားထိပါတယ်။ ကျောက်ကပ်က မစစ်ထုတ်နိုင်တော့ အခဲဖြစ်ကျန်ရစ်ပြီး ကျောက်ကပ်မှာ ကျောက်တည်ရောဂါများ ဖြစ်လာကြပြီး ဆေးရုံတက်ခွဲနေကြသူတွေ မနည်းပါဘူး။

အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုတဲ့စကားအတိုင်း ကျောက်ကပ်အတွက် အကောင်းဆုံးဟင်းတစ်ခွက်ကို ညွန်ပေးလိုက်ရပါတယ်။
Credit

👩 မိန်းခလေးတွေ ရာသီသွေးနည်း ထိန်ဒါ ကိုင်ဒါနာဒါဆိုရင် ဝယ်ကိုဝယ်သောက်ကြပါ👩‍🦱အိမ်ထောင်ရှင်မတွေ တားဆေးထိုးဒါ ပိုက်ထည့်ဒါကြော...
02/08/2022

👩 မိန်းခလေးတွေ ရာသီသွေးနည်း ထိန်ဒါ ကိုင်ဒါနာဒါဆိုရင် ဝယ်ကိုဝယ်သောက်ကြပါ

👩‍🦱အိမ်ထောင်ရှင်မတွေ တားဆေးထိုးဒါ ပိုက်ထည့်ဒါကြောင့် ရာသီ ထိန်လို့ နေရထိုင်ရမကောင်းဘူး ဆို ဒီဆေး သောက်ကိုသောက် ရာသီ လာကိုလာစေရမယ်

🧓သွေးဆုံးခါနီး အမျိုးသမီးတွေ ရာသီပုံမှန် မလာဘူး ခါးတွေနာ ခြေလက်တွေကိုက်ခဲမီးယပ်လဏ္ခာဖစ်လာပီဆိုရင်ရင် ဒီဆေးကို သောက်ကိုသောက်ပေး ပျော်ပျော်ရွှင်ရွှင် ဘာ ရောဂါ လဏ္ခာမှ မခံစားရဘဲ သွေးပုံမှန်ဘာပီး သွေးဆုံးစေရမယ်

🤱ခလေးမွေးထားတဲ့ နို့တိုက် မိခင်တွေ လေတိုက်ရင် ခေါင်းခဲဒါ မိုးအေးရင် တကိုယ်လုံးကိုက်ခဲနာကျင်ဒါ ရာသီမမှန် လူကနေရထိုင်ရမကောင်း ရေအေးထိရင် ကိုက်ခဲဒါ မဖစ်ရလေကောင် ဒီဆေး သောက်ကိုသောက်ပါ ရှင့် လုံးဝ ရှယ် ကောင်းသွားစေရမယ်

🤰ကိုယ်ဝန်ဆောင် မိခင် လုံးဝမသောက်ရ❌❌❌

ရာသီ စလာတဲ့ ခလေး အရွယ်ကနေ သွေးဆုံးပီးတဲ့ အဘွားအရွယ် ထိ သောက်လို့ရပါတယ်❣️❣️

လက်လီလက်ကားမှာယူနိုင်ပါတယ်ရှင့်
09984412378

 #ကိုဗစ်မျိုးကွဲOmicron BA.4 / BA.5နဲ့ စဖြစ်လာတာတွေနဲ့ လက်ရှိဆေးရုံဆေးခန်းများရှိ ဖျားနာကုသအတွေ့အကြုံ ဒိီဖက်နိုင်ငံက ကျန...
13/07/2022

#ကိုဗစ်မျိုးကွဲOmicron BA.4 / BA.5နဲ့ စဖြစ်လာတာတွေနဲ့ လက်ရှိဆေးရုံဆေးခန်းများရှိ ဖျားနာကုသအတွေ့အကြုံ

ဒိီဖက်နိုင်ငံက ကျနော်တို့လက်ရှိအလုပ်လုပ်နေတဲ့ ဆေးရုံကို အရေးပေါ်/ပြင်ပလူနာတွေအနေနဲ့ ကိုဗစ်သံသယလူနာတွေ ရှေ့လ Juneလကုန်ကတည်းက ဆက်တိုက်လာနေတာ၊

အဲဒါနဲ့ Fever Clinic/ Suspect Cornerဆိုပြီး အရေးပေါ်အဝင်ဘေးနားမှာ ဖျားနာသူတွေကြည့်ဖို့ သီးသန့်နေရာလုပ်ပြီး ခွဲထုတ်ပစ်လိုက်ရတဲ့အထိ တဖြေးဖြေးများလာတယ်

ကျနော်တို့ထိုင်တဲ့ အခန်းဘေးကပ်လျက်မှာပဲ ပိုးရှိမရှိစစ်ဖို့ နှာခေါင်းတို့ဖတ်ယူတဲ့ Swab roomလုပ်ချလိုက်တော့ နေရင်းထိုင်ရင်း ရှေ့တန်းရောက်သွားတာပဲ၊ သိပ်မကြာလိုက်ပါဘူး၊ ဆေးရုံက ဆရာဝန်တွေ ဝန်ထမ်းတွေ အခုဆို ကူးကုန်ပြီ

လဆန်းကတည်းက ဆေးရုံမှာ တစ်ရက်ကို သံသယလူနာ သုံးလေးငါးဆယ် တွေ့ရတယ်၊ စစ်လိုက်ရင် အနည်းဆုံး တစ်ဝက်ကျော်က Positive ထွက်လာတာပဲ၊ BA.4/ BA.5စပြီး Dominant ဖြစ်ကတည်းက PCR False Negativeနဲ့ Symptomatic caseတွေ အများကြီးရှိတယ်၊ လက်ရှိ US UK EU Mid East Asia အကုန်လုံးမှာ BA.4/5 ရောက်နေပြီ

PCRစစ်လို့ Positiveဆိုပြီး ပိုးတွေ့ရင် ကိုယ်အိမ်ကိုယ်ယာနဲ့ လူနာတွေဆို Vital sign monitor လုပ်နည်းနဲ့ တခြားအရေးကြီးတာတွေ သင်ပေးပြီး Home Quarantineပေးတယ်၊ အိမ်မှာတခုခုဆိုရင် ဖုန်းဆက်မေးလို့ အကူညီတောင်းလို့ရတဲ့ Helplineတွေ Call centerတွေ ချိတ်ပေးလိုက်တယ်

လူတွေအများကြီးစုနေသူ Laborဝန်ထမ်းလိုမျိုးတွေမှာ Pဖြစ်တယ်ဆိုရင်တော့ Quarantine Campတွေဆီကို ပို့ပေးလို့ရတယ်၊ အနည်းဆုံး စဖြစ်တဲ့ရက်ကနေ တစ်ပတ်နေရတယ်၊ Day 6မှာ PCRထပ်စစ်ပေးတယ်၊ Negative ဆို ပြန်လွှတ်တယ်၊ ဆေးလည်းပေးတယ်၊ အစားအသောက်ရောပေါ့၊ အဲဒီမှာထားရင်း အခြေအနေဆိုးလာရင် Covid Treatment Centerတွေ ဆေးရုံတွေမှာ ကုသဖို့ တဆင့်ပြန်ပို့ပေးတယ်

ာတွေဖြစ်လဲဆိုတော်တော်ခံရတယ်၊ Omicron အစနဲ့ BA.2ထက် သုံးလေးဆပိုထိတယ်၊ အဓိကအ‌နေနဲ့ တစ်ယောက်ကနေ တစ်ယောက်ကူးစက်တာ အရမ်းမြန်တယ်၊ အခုစကားလေးငါးခွန်းပြောလိုက်၊ ချက်ချင်းကူးသွားနိုင်ပြီး နောက်ရက် လက္ခဏာ စပြတော့တာပဲ၊ ပြဿနာက ကလေးတွေကိုပါ ကူးစက်ပြီး ကိုဗစ်လက္ခဏာတွေ ခံစားရတာပဲ

Day 0 - ကူးစက်ခံရတယ်ဆိုပါတော့

Day 1 - မှာ ချမ်းစိမ့်ပြီး ကိုယ်လက်တွေ မအီမသာစဖြစ်မယ်၊ ခေါင်းတွေ အုံလာမယ်၊ သိသိသာသာကြီးအားနည်းလာမယ်

Day 2 - တစ်ဝက်လောက်က စဖျားမယ်၊ ချမ်းတုန်နေမယ်၊ အများစုက မခံနိုင်လောက်အောင် ခေါင်းစကိုက်မယ်၊ ကိုယ်တွေလက်တွေ ရိုက်ထားသလိုနာမယ်၊ ထိုင်းမှိုင်းနေမယ်၊ အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့ဘူး၊ လည်ပင်းထဲ နေလို့မကောင်းတော့ဘူးတွေ စဖြစ်လာပါမယ်

Day 3 - လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊ အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့ လက္ခဏာတွေ စပြလာမယ်၊ SpO2 တိုင်းပြီး အောက်စီဂျင် သွေးတွင်းပမာဏကို စောင့်ကြည့်နေရမယ်၊ ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားပါ့မယ်

Day 4 - နှာစစီးလာမယ်၊ နှာ‌ရည်ယိုမယ်၊ နှာခေါင်းပိတ်မယ်၊ ခေါင်းပြင်းထန်စွာကိုက်တာနဲ့ ရင်ဘတ်ထဲ နေမသိထိုင်မသာဖြစ်တာနဲ့ တွဲမယ်၊ တချို့လူတွေမှာ chest painလို့ ခေါ်တဲ့ ရင်ဘတ်အောင့်တာပါဖြစ်မယ်၊ ချွဲတွေ ပိုပျစ်ပြီး အရောင်ပြောင်းလာမယ်၊ ညဖက်တွေမှာ ချွေးတွေနစ်နေအောင် ထွက်တတ်တယ်၊ အဆုတ်ကို အအေးထပ်မမိအောင် သတိထားပါ

Day 5 - နှာခေါင်းထဲ အနံ့အာရုံ၊ ပါးစပ်ထဲက အရသာတွေ ပျောက်သွားမယ်၊ ခါးသက်သက်နဲ့ အစပ်အရသာတွေလောက်ပဲ အီလည်လည်ရမယ်၊ အစာလုံးဝမစားချင်ဘူး၊ မစားရင်လည်း အားပြတ်မယ်၊ ကြိတ်မှိတ်ပြီးစားရသလို အအေးမမိအောင်လည်း နေရတယ်၊ ညပိုင်းမှာ နှာခေါင်းထဲ မီးခိုး‌နံ့ကြီးပဲ ကျန်ခဲ့မယ်၊ ဆား‌ရည်နဲ့ နှာခေါင်းတွင်းကို ဆေးပေးရမယ်

Day 6 - တော်ရုံခုခံအားရှိသူတွေက ဒီနေ့မှာ စသက်သာလာမယ်၊ တချို့တွေမှာ PCR Negative ပြန်ပြနိုင်ပေးမဲ့ အစားမစားနိုင်သူ ကိုယ်ခံအားနည်းသူတွေအတွက် ဆက်တိုက်ပွဲဝင်ရပါဦးမယ်၊ ချွဲကြပ်တဲ့ဒဏ်နဲ့အတူ အအေးမိပြီး အဆုတ်ထပ်မရောင်အောင် ဂရုစိုက်ပေးမှ စိတ်ချရပါ့မယ်

Day 7 - ရောက်တာကိုမှ အပေါ်ကလက္ခဏာတွေ ဆိုးဆိုးဝါးဝါးဆက်ခံစားနေရသေးရင် သို့ Swab test Positive ပြနေသေးရင် သို့ အောက်စီဂျင် စကျလာရင်တော့ နီးစပ်ရာ ဆရာဝန်၊ ဆေးရုံဆေးခန်းမှ လိုအပ်‌သည့် အကူအညီ အမြန်ဆုံးရယူဖို့လိုပါတယ်၊ Omicronအစကလို မပေါ့ကြပါနဲ့

တစ်ယောက်တစ်လေမဟုတ်ပဲ လက်ရှိကိုဗစ်ကူးစက်ခံရသည့် လူနာတော်တော်များများမှာ အထက်ပါလက္ခဏာအများစုကို ပြင်းပြင်းထန်ထန်ခံစားရပါတယ်

ုပ်ပြီးအိမ်မှာပဲနေမည့်လူအများစု
လိုအပ်မည့်ဆေးတွေကတော့
Paracetamol လိုမျိုးအဖျားကျဆေး၊
Ibuprofenလိုမျိုး အကိုက်အခဲပျောက်ဆေး၊
Acetylcysteine - ACCလိုမျိုး ချွဲပျော်ဆေး၊
ဝမ်းလျောဝမ်းပျက်တာနဲ့ စသောက်ဖို့ Probiotics၊

Vit C , D, Zinc အစရှိတာတွေနဲ့အတူ အရေးကြီးဆုံးက
ORS ခေါ် လူကြီးတိုင်း ကလေးတိုင်းအတွက်ဓါတ်ဆားပါပဲ၊ သောက်ချင်ချင် မသောက်ချင်ချင် တစ်ရက်ကို 1 to 2 Liter လောက် သောက်လိုက်ပါ၊ ဒီလိုအိမ်မှာ ဆောင်ထားလို့ရသည့် တော်ရုံဆေးတွေနဲ့ မသက်သာရင်တော့ ဆေးခန်းပြပါခင်ဗျာ

ဆီးချိုသမားတွေ အချိုဓါတ် နေ့စဉ်စစ်ကြည့်သင့်သလို သွေးတိုးနှလုံးသမားတွေက သွေးတိုင်းနှလုံးခုန်သတိထားသင့်ပါတယ်၊ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်ဖြစ်ပျက်ပုံချင်း မတူညီနိုင်သည့်အတွက် အိမ်မှာနေရင်း မိမိအခြေအနေကို အားမရဘူးဆို ဆရာဝန်တစ်ယောက်‌ယောက်နဲ့ အမြန်ဆုံးတိုင်ပင်ပြီး ကျန်းမာရေးအကြံဉာဏ် အကူအညီရယူတာကတော့ စိတ်ချရဆုံး အကောင်းဆုံးပါပဲလို့ နှိုးဆော်ပါရစေ

and respect to bro
Dr. Hadee Maung © July 2022

ခုလိုဈေးတေတက်နေချိန်မှာဈေးသက်သာတာရှာဝယ်ပါနာမည်ကြီးတာနောက်မလိုက်ကြပါနဲ့😚တချိူဈေးချိူပီးကောင်းတဲ့ အရည်သွေးတေများရီးရှိတာသတ...
08/07/2022

ခုလိုဈေးတေတက်နေချိန်မှာ
ဈေးသက်သာတာရှာဝယ်ပါ
နာမည်ကြီးတာနောက်မလိုက်ကြပါနဲ့😚
တချိူဈေးချိူပီးကောင်းတဲ့ အရည်သွေးတေများရီးရှိတာ
သတိပြုမိကြပါစေရှင့် #🥰

    သရက်သီး နှင့် ကျန်းမာရေးဒီတခေါက်မှာတော့ ရာသီပေါ် အသီး တစ်မျိုးဖြစ်တဲ့ သရက်သီး ရဲ့ ကျန်းမာရေး အကျိုးပြုပုံလေး ကို ပြေ...
27/06/2022



သရက်သီး နှင့် ကျန်းမာရေး

ဒီတခေါက်မှာတော့ ရာသီပေါ် အသီး တစ်မျိုးဖြစ်တဲ့ သရက်သီး ရဲ့ ကျန်းမာရေး အကျိုးပြုပုံလေး ကို ပြောပြပေးချင်ပါတယ်။

ပထမဆုံး သရက်သီးရဲ့ အာဟာရ တန်ဖိုး ကိုပြောပြပေးချင်ပါတယ်။

သရက်သီး တရုတ်ပန်းကန်လုံး တစ်လုံးမှာ

1. ကယ်လိုရီ - ၉၉
2. ကာဗိုဟိုက်ဒရိတ် - 25 gram
3. ပရိုတင်း - 1.4 gram
4. အဆီဓါတ် - 0.6 gram
5. ဆိုဒီယမ် - 1.7 gram
6. ပိုတက်ဆီယမ် - 277 gram
7. ဗီတာမင် A
8. ဗီတာမင် C
9. ဗီတာမင် B6
10. ထုံးဓါတ်, သံဓါတ်, မီးစုန်းဓါတ် တို့ အနည်းငယ်ပါဝင်ပါတယ်။

ကျန်းမာရေး အကျိုးပြုပုံ

1. ကင်ဆာရောဂါ ကို ကာကွယ်ပေးနိုင်ခြင်း - သရက်သီးမှာ antioxidants ဓါတ်တိုးဆန့်ကျင် သတ္တိ များစွာပါဝင်တဲ့ အတွက် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကြိတ်ကင်ဆာ စတာတွေ ကို ကာကွယ်ပေးပါတယ်။

2. သွေးတွင်း အဆီဓါတ် (ကိုလက်စထရော) ကိုကျစေခြင်း - သရက်သီးမှာ အမျှင်ဓါတ် များစွာပါဝင်တဲ့အတွက် သွေးတွင်း အဆီဓါတ် ကို ကျစေသည့်အပြင် ဗီတာမင် စီ လည်း ပါဝင်တာကြောင့် LDL Cholesterol ကိုပါကျစေပါတယ်။

3. အသားအရည် ကို ကြည်လင်စေခြင်း။

4. မျက်စိ ကျန်းမာရေး အတွက် အထောက် အကူ ဖြစ်စေခြင်း - ဗီတာမင် A ကြွယ်ဝ စွာပါဝင်တဲ့ သရက်သီးဟာ အမြင်အာရုံကြည်လင်စေပြီး ဗီတာမင် A ချို့တဲ့ရင် ဖြစ်တတ်တဲ့ ညဘက် အမြင်အာရုံ ချို့တဲ့ခြင်း ကို ကာကွယ်ပေးနိုင်ပါတယ်။

5. အစာချေဖျက် စနစ်ကို ကောင်းမွန်စေခြင်း - သရက်သီးမှာ ပါဝင်တဲ့ အင်ဇိုင်း တချို့က အစာချေဖျက်တဲ့ နေရာ က လွန်စွာ အထောက်အကူ ပြုပါတယ်။ ဒီ့အပြင် သရက်သီးမှာအမျှင်ဓါတ် များစွာ ပါဝင်တဲ့ အတွက် ဝမ်းမှန်စေပါတယ်။ ဝမ်းမှန်စေတဲ့ အတွက်လအကျိုးဆက်ကတော့ အူမကြီး ကင်ဆာ ဖြစ်ပွားမှု့ ကို လျှော့ချပေးနိုင်ပါတယ်။

6. ကိုယ်ခံ စွမ်းအားကို မြှင့်တင်ပေးခြင်း - သရက်သီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့ အတွက် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး အခုလို ရာသီ အကူးအပြောင်းမှာ ဖြစ်တတ်တဲ့ အအေးမိ၊ နှာစေး၊ တုပ်ကွေး၊ ဖျားနာ ရောဂါတွေ ကို ကာကွယ်ပေးနိုင်တဲ့ အပြင် ကျွန်တော်တို့ မြန်မာနိုင်ငံ မှာ အဖြစ်များတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

7. ဦးနှောက် လုပ်ဆောင်ချက်တွေ ကို ပိုမိုကောင်းမွန်စေခြင်း - ဗီတာမင် B6 ပါဝင်တဲ့ အတွက် ဦးနှောက်လုပ်ဆောင်ချက်တွေ ကို ပိုမိုကောင်းမွန်စေပြီး စိတ်ကြည်လင် လန်းဆန်းစေနိုင်ပါတယ်။

8. အရွယ်တင် နုပျိုစေခြင်း - သရက်သီး မှာ Collagen အတွက် လိုအပ်တဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့ အတွက်ကြောင့် အသားအရေ တင်းရင်းစေပြီး အရွယ် မတိုင်ခင် အိုမင်းရင့်ရော် ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

လေးစားစွာဖြင့်

Crd_to_ကျန်းမားရေးဗဟုသုတ

📣📣ဦးသူယူပါနော် ☄️Decogen အတောင့် 15,500 kyats ☄️Solmux                    25,000 kyats     Total                        ...
17/06/2022

📣📣ဦးသူယူပါနော်
☄️Decogen အတောင့် 15,500 kyats
☄️Solmux 25,000 kyats
Total 40,500 kyats
🚨🚨နှစ်ဦးရပါမယ်ခင်ဗျာ
📲09 984 412378 သို့မဟုတ် 09979686088 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Facebook Messenger မှတဆင့်လဲဆက်သွယ်၀ယ်ယူနိုင်ပါတယ်ခင်ဗျာ။

Medical & health

‘’ဖျားပြီး လည်ချောင်းနာလို့ . .ပိုးသတ်ဆေး ၂ ရက်လောက် သောက်လိုက်တာ ကောင်းသွားတယ်’’‘’ နင် ဖျားချင်သလို ဖြစ်နေပြီလား၊ ငါဖျာ...
15/06/2022

‘’ဖျားပြီး လည်ချောင်းနာလို့ . .ပိုးသတ်ဆေး ၂ ရက်လောက် သောက်လိုက်တာ ကောင်းသွားတယ်’’

‘’ နင် ဖျားချင်သလို ဖြစ်နေပြီလား၊ ငါဖျားတုန်းက သောက်တဲ့ ပိုးသတ်ဆေး ကျန်သေးတယ်၊ နှစ်ကြိမ်ပဲ သောက်ရသေးတာ၊ ချက်ချင်း ကောင်းသွားလို့ ဆက်မသောက်ဖြစ်ဘူး၊ ရော့ . . သောက်လိုက်’’

‘’အနာလေးက ရောင်နေတယ်၊ ပိုးသတ်ဆေးတစ်လုံးလောက် သောက်လိုက်မယ်’’
ကျွန်မတို့ ပတ်ဝန်းကျင်မှာ ဒီလိုပြောတာတွေကို မကြာခဏ ကြားရပါတယ်။

တကယ်တော့ ပဋိဇီဝပိုးသတ်ဆေးတွေကို ဒီလို ကိုယ့်သဘောနဲ့ကိုယ် မသောက်သင့်ပါဘူး။ ပဋိဇီဝ ပိုးသတ်ဆေးတွေက ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့သာ သောက်သင့်တဲ့ ဆေးအမျိုးအစားဖြစ်ပါတယ်။

''ပဋိဇီဝပိုးသတ်ဆေးတွေကို မိမိသဘောနဲ့ သောက်ရင် ဘာတွေ ဖြစ်နိုင်သလဲ . . .''

▶ ဆေးယဉ်ပါးခြင်း၊ ဆေးမတိုးခြင်း
-----------------------------------------
ပဋိဇီဝပိုးသတ်ဆေးယဉ်ပါးတယ်ဆိုတာက ဒီဆေးတွေကို ဘက်တီးရီးယားပိုးတွေက ခံနိုင်ရည်ရှိလာတဲ့အတွက် ကူးစက်ရောဂါတွေကို ကုနိုင်စွမ်း လျော့နည်းလာတာပဲ ဖြစ်ပါတယ်။ ဒီလို ဆေးယဉ်ပါးမှုကြောင့် ဆေးမတိုးရာက နှစ်စဉ်နှစ်တိုင်း လူအများအပြား အသက်သေဆုံးမှုတွေ ဖြစ်ပေါ်နေရပါတယ်။

▶ မလိုအပ်ဘဲဘေးထွက်ဆိုးကျိုးဒဏ် ခံရခြင်း
-----------------------------------------
ပဋိဇီဝပိုးသတ်ဆေးတွေကို မိမိဘာသာ ဝယ်သောက်ရင် ဆေးသောက်ရမယ့် ပမာဏ၊ အချိန်အပိုင်းအခြား၊ သောက်ရမယ့် ကာလတွေကို မသိတဲ့အတွက် ဆေးယဉ်ပါးတာအပြင် ဆေးတလွဲသောက်သုံးတာကြောင့် ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ ဆေးနဲ့ မတည့်ခြင်း၊ ကောင်းတဲ့ ဘက်တီးရီးယားတွေပါ လျော့စေတဲ့အတွက် အစာအိမ်အူလမ်းကြောင်းဝေဒနာတွေ ခံစားရခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေကို အဓိက ခံစားရတတ်ပါတယ်။

▶ မလိုအပ်ဘဲ ငွေကုန်ခြင်း
------------------------------
လူတွေမှာ အများဆုံးဖြစ်တဲ့ အအေးမိခြင်း၊ တုပ်ကွေးဖျားခြင်း၊ နှာစေးခြင်း စတဲ့ ကူးစက်ရောဂါတွေက ဗိုင်းရပ်စ်တွေကနေဖြစ်စေတဲ့အတွက် ပဋိဇီဝပိုးသတ်ဆေးတွေ မလိုပါဘူး။ ပြောရရင် ကိုယ်ခံစားနေရတဲ့ ဝေဒနာက ဗိုင်းရပ်စ်ပိုးဝင်တာဖြစ်ပြီး ပဋိဇီဝပိုးသတ်ဆေးတွေကို မိမိသဘောနဲ့ မိမိ မှားယွင်းစွာ သောက်နေတယ်ဆိုရင် ငွေဖြုန်းရာ ရောက်ပါတယ်။

ပဋိဇီဝပိုးသတ်ဆေးမှီဝဲတဲ့အခါ လိုက်နာရမယ့်အချက်များ
-------------------------------------------------
(၁) မိမိသဘောအတိုင်း မသုံးစွဲဘဲ ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့သာ မှီဝဲပါ။
(၂) ဆေးစွမ်းထက်ဖို့ အချိန်မှန်မှန်နဲ့ ရက်ပြည့်အောင် အထူးဂရုစိုက်ပြီး မှီဝဲပါ။
(၃) ရောဂါဝေဒနာသက်သာလာရင်လည်း ဆေးပတ်လည်တဲ့အထိ ဆက်လက်မှီဝဲပေးပါ။
(၄) တခြားလူတွေရဲ့လက်ကျန်ဆေးတွေကို မမှီဝဲရပါဘူး။
(၅) ဆေးအာနိသင် ကြာရှည် အစွမ်းထက်စေဖို့ အားလုံး ဂရုတစိုက် သုံးစွဲဖို့ အရေးကြီးပါတယ်။
---၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊---

DecolgenBiogesicSolmuxလိုသ​လောက်ရမယ်​နော်☺Cb(or)ph🙆‍♂️09984412378
10/06/2022

Decolgen
Biogesic
Solmux
လိုသ​လောက်ရမယ်​နော်☺
Cb(or)ph🙆‍♂️
09984412378

📣📣Decogen အဝိုင်း‌နှင့်အတောင့်များကို ယခင်ဈေးနှုန်းအတိုင်း Orderတင်လို့ရသေး‌ပါတယ်ရှင့်☄️Decolgen ဝိုင်း       1 box    1...
08/06/2022

📣📣Decogen အဝိုင်း‌နှင့်အတောင့်များကို ယခင်ဈေးနှုန်းအတိုင်း Orderတင်လို့ရသေး‌ပါတယ်ရှင့်

☄️Decolgen ဝိုင်း 1 box 12,000 kyats

☄️Decolgen တောင့် 1 box 15,000 kyats

⭐⭐Yangon အိမ်ရောက်ငွေချေ ပါရှင့်။

🚘🚘ဆိုင်တွင်လာရောက်၀ယ်ယူနိုင်ပါသည်
ဆိုင်လိပ်စာ_ သာကေတ ၇ ဈေးအနီး ရန်ကုန်မြို့။

စိတ်ဖိစီးမှုလျှော့ချရန် နည်းလမ်းကောင်းလေးများ
05/06/2022

စိတ်ဖိစီးမှုလျှော့ချရန် နည်းလမ်းကောင်းလေးများ

ကဲ​မေ​မေတို့​ရေBaby​ေလးတို့တွက်အိမ်မှာ​ဆောင်ထားသင့်တဲ့​အဖျားကျ​ေ​ဆးရည် နှာ​စေး​ပျောက်​ဆေး​လေးတေမှာလို့ရပါပီ​နော်🥰cbမှာလိ...
03/06/2022

ကဲ​မေ​မေတို့​ရေ
Baby​ေလးတို့တွက်အိမ်မှာ​ဆောင်ထားသင့်တဲ့​
အဖျားကျ​ေ​ဆးရည် နှာ​စေး​ပျောက်​ဆေး​လေး
တေမှာလို့ရပါပီ​နော်🥰

cbမှာလိုအပ်တာ​လေး​တေ​မေးမြန်းနိုင်ပါတယ်ရှင့်

သာ​ကေတ၇​စျေးအ​နောက်
အောင်ချမ်းသာလမ်းကြီး
#ရွှန်းလဲ့​ဆေးဆိုင် #

**  ရေရှည်စွဲစားရင် ကိုယ်ခံစွမ်းအားကို ထိခိုက်စေနိုင်သော အစားအသောက်များ  **
03/06/2022

** ရေရှည်စွဲစားရင် ကိုယ်ခံစွမ်းအားကို ထိခိုက်စေနိုင်သော အစားအသောက်များ **



ဝက်ခြံ​တေရှင်းပီး မဲညစ်​နေတဲ့အသား​ရေ​တေဖယ်ရှားဖိူ့တွက်☺ဘေးထွက်ဆိုးကျိူးလဲနည်းပီး🤭​​စျေးတန်တန်​လေးနဲ့Collegen​သောက်ချင်တဲ...
02/06/2022

ဝက်ခြံ​တေရှင်းပီး
မဲညစ်​နေတဲ့အသား​ရေ​တေဖယ်ရှားဖိူ့တွက်☺
ဘေးထွက်ဆိုးကျိူးလဲနည်းပီး🤭

​​စျေးတန်တန်​လေးနဲ့
Collegen​သောက်ချင်တဲ့
sis​​ေလး​တေတွက်😍

Neo colla+လေးရပါ့မယ်ရှင့်🥰

cbက​​နေဆက်သွယ်နိုင်ပါတယ်ရှင့်
09984412378ကိုလဲ

ဖုန်းဆက်ပီးလိုအပ်​သော​ဆေးများကို​မေးမြန်နိုင်ပါတယ်
ရန်ကုန်မြို့တွင်းအိမ်​ရောက်​ငွေ​ချေပါရှင့်
နယ်ဆိုကားဂိတ်ချ​ပေးပါတယ်​နော်🗣

သာ​ကေတမြို့နယ် မြေနီမှတ်တိုင်းအနီး
ရွှန်းလဲ့​ဆေးဆိုင်မှာလဲ လာ​ရောက်ဝယ်ယူနိုင်ပါတယ်ရှင့်🥰

❤️❤️❤️စာအရှည်ကြီးမဖတ်ချင်တဲ့ ရွှန်းလဲ့တို့ရဲ့ ဈေး၀ယ်တော်ကြီးများအတွက် 5boxes ဈေးလေးတွေ Update တင်ပေးထားပါတယ်ရှင့်💎💎💎5box...
31/05/2022

❤️❤️❤️စာအရှည်ကြီးမဖတ်ချင်တဲ့ ရွှန်းလဲ့တို့ရဲ့ ဈေး၀ယ်တော်ကြီးများအတွက် 5boxes ဈေးလေးတွေ Update တင်ပေးထားပါတယ်ရှင့်
💎💎💎5boxes နှင့် အထက်လိုချင်သော မိတ်ဆွေများ Page Messager မှ‌တိုက်ရိုက်မေးမြန်းအား‌ပေးနိုင်ပါတယ်ရှင့်
ကျေးဇူးတင်ပါတယ်ရှင့်🙏🙏🙏

Address

Dawbon
MAY123

Alerts

Be the first to know and let us send you an email when ရွှန်းလဲ့Pharmacy MarkeT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram