12/03/2026
Functional Training ဆိုတာ ဘာလဲ?
အလေးမတာနဲ့ ဘာကွာလဲ ?
Functional Training ဆိုတာ ဘာလဲ?
ရိုးရိုးရှင်းရှင်းပြောရရင် "လူ့ခန္ဓာကိုယ်ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို ပိုပြီး ပေါ့ပါးသွက်လက်လာအောင်၊ Pain and Injury ဒဏ်ရာအနာတရ ကင်းလာအောင် Injury Prevention အနေနဲ့ဖြစ်စေ Human Movement မျိုးစုံကို Training လေ့ကျင့်ပေးတာကို Functional Training ဟုခေါ်တာပါ။
Gym ထဲမှာ စက်တွေနဲ့ ကြွက်သားကြီးဖို့သက်သက် ဆော့တာမျိုးမဟုတ်ဘဲ၊ အပြင်လောကမှာ တကယ်အသုံးကျတဲ့ ခွန်အားမျိုးရအောင် လေ့ကျင့်တာလို့ ပြောလို့ရပါတယ်။ ဥပမာ - ဈေးခြင်းတောင်း အရင်ကထက် "မနိုင် / ဆွဲနိုင်" တာကို PowerBag , kettlebell အလေးတွေနဲ့ Training ပြုလုပ်ပြီးမတဲ့သဘောမျိုးဖြစ်ပါတယ်။ အပေါ်ထပ်ကို ပစ္စည်းသယ်ပြီး လှေကားတက်တာ ကားပေါ်က ပစ္စည်းလှမ်းယူရင်း ကိုယ်ကို လှည့်လိုက်တာ ဒီလိုမျိုးစုံသော လှုပ်ရှားမှုတွေမှာ "ခါးနာတာ၊ ဒူးနာတာ" မဖြစ်ဘဲ သဘာဝကျကျ သန်မာနေဖို့က Functional Training ရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုဖြစ်ပါတယ်။
ဘာကြောင့် ဒီလေ့ကျင့်ခန်းက လူတိုင်းအတွက် အရေးကြီးတာလဲဆိုရင် Injury Prevention ဒဏ်ရာမဖြစ်အောင်ကြိုတင်ကာကွယ်ပေးတယ်။ ကျွန်တော်တို့ လူတွေဟာ ငုံ့လိုက်၊ လှည့်လိုက် လုပ်ရင်းနဲ့ ခါးကြောညှပ်တာ၊ အကြောညှပ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Functional Training က ဒီလို "အလှည့်အပြောင်း" တွေမှာ ခံနိုင်ရည်ရှိအောင် အဆစ်အမြစ်တွေကို ခံနိုင်ရည်ရှိအောင် သန်မာစေတဲ့အကောင်းဆုံး Training တစ်ခုဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အခါ (Balance) ဟန်ချက်ညီဖို့ပိုလိုအပ်လာပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ချော်လဲဖို့ လွယ်လာပါတယ်။ ဒီလေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်ရဲ့ ဟန်ချက်ထိန်းနိုင်စွမ်းကို အထူးမြှင့်တင်ပေးပါတယ်။ Gym ထဲမှာ စက်ပစ္စည်းတစ်ခုထဲကို အဓိကဦးစားပေးပြီး ကြွက်သားတစ်ခုတည်းကို Training ပြုလုပ်တာမဟုတ်ဘဲ တစ်ကိုယ်လုံးကိုထိရောက်သန်မာတဲ့ Functional Training ဖြင့် ကြွက်သားအုပ်စု အများကြီးကို တစ်ပြိုင်တည်း အလုပ်လုပ်ခိုင်းတာမို့ ခန္ဓာကိုယ်က ပိုပြီး "Fit" ဖြစ်လာပါတယ်။
Functional Training ဆိုတာ ဘယ်လို လေ့ကျင့်ခန်းမျိုးတွေပါတာလဲဆိုရင် အရမ်းကြီး ခက်ခက်ခဲခဲကြီးပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေ မဟုတ်ပါဘူးခင်ဗျာ
ကျွန်တော်တို့ နေ့စဉ်ပြုလုပ်နေတဲ့ အမူအရာတွေကို ပုံစံတကျ ဖြစ်အောင် ပြန်လည်လေ့ကျင့်တဲ့ Training ပုံစံတစ်ခုပါပဲ။ Squat ထိုင်ထလုပ်တာ (ကုလားထိုင်မှာ ထိုင်တာ ၊ ထတာနဲ့ ) တူပါတယ်။ Lunge ခြေတစ်လှမ်းလှမ်းပြီး ဒူးညွှတ်တာ (လှေကားတက်တာ၊ လမ်းလျှောက်တာနဲ့) တူပါတယ်။ Push & Pull (တွန်းတာနဲ့ ဆွဲတာ) တံခါးဖွင့်တာ၊ ပစ္စည်းအလေးသယ်တာနဲ့ တူပါတယ်။ ဒီလိုမျိုး နေ့စဉ်လှုပ်ရှားမှုတွေကို ပိုမိုမြန်ဆန်အောင် လေ့ကျင့်ချင်တာပဲဖြစ်စေ အထိုင်များပြီး နေ့စဉ်လှုပ်ရှားမှု့တွေ အားနည်းတယ်ခံစားနေရတယ် ပိုပြီးပေါ့ပါးသွက်လက်စွာ ပြုလုပ်နိုင်တဲ့ Functional Training ကို မည်သူမဆို Phoenix Gym မှာ 🐦🔥 လာ Join ဖို့ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျာ
ကျန်းမာ ပျော်ရွှင် Phoenix Gym🐦🔥