Say Taung Tan-ဆေးတောင်တန်း ဆေးဆိုင်

  • Home
  • Myanmar
  • Dawei
  • Say Taung Tan-ဆေးတောင်တန်း ဆေးဆိုင်

Say Taung Tan-ဆေးတောင်တန်း ဆေးဆိုင် ထားဝယ်မြို့အတွင်းအိမ်အရောက်နယ်ဘက်ကားဂိတ်အရောက်ပို့ပေးပါတယ်ခင်ဗျား

26/03/2024

အားပေးကြပါအုံးဗျ

ကူးစက်လွယ် မျက်သားရောင် မျက်စိနာရောဂါ (Eye flu / Pink eye )အခုတလော ကလေးတွေသာမက လူကြီးတွေမှာပါ မျက်စိနာရောဂါတွေဖြစ်နေကြတာ...
23/09/2023

ကူးစက်လွယ် မျက်သားရောင် မျက်စိနာရောဂါ (Eye flu / Pink eye )

အခုတလော ကလေးတွေသာမက လူကြီးတွေမှာပါ မျက်စိနာရောဂါတွေဖြစ်နေကြတာတွေ့နေရပါတယ်

မိုးရာသီ မှာ စိုထိုင်းဆ ရုတ်တရက်မြင့်မားလာတာကြောင့် ရောဂါပိုးမွှားတွေလည်းခေါင်းထောင်လာကြပါတယ်

မိုးရာသီနဲ့အတူ ဝင်ရောက်လာတဲ့ ရောဂါတွေထဲမှာလည်း မျက်စိနာရောဂါက ကူးစက်လွယ်ပြီး အဖြစ်များတဲ့ရောဂါတခုပါ

😵မျက်သားရောင်မျက်စိနာရောဂါဆိုတာဘာလဲ

မျက်လုံးရဲ့ အတွင်းမျက်လုံးအိမ်ကို ဖုံးအုပ်ထားတဲ့ အဖြူရောင်အလွှာလေးကို Conjuntiva လို့ခေါ်ပါတယ်

အဲ့ဒီ အဖြူရောင် conjuntiva နဲ့ မျက်ခွံအတွင်းပိုင်းတွေ နီပြီး ရောင်ရမ်း တာ နာတာ ကို မျက်သားရောင် မျက်စိနာရောဂါ (Pink eye ) လို့ခေါ်ပါတယ်

😵မျက်သားရောင်မျက်စိနာ ဘာကြောင့်ဖြစ်သလဲ

အဖြစ်အများဆုံးကတော့ ကူးစက်လွယ်တဲ့ ဗိုင်းရပ်စ် နဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ကြတာပါ

တချို့သောမျက်စိနာရောဂါတွေကတော့ ဓာတ်မတည့်ခြင်း ၊ ပြင်ပမှ အရာဝတ္ထု ဖုန် အမှုံအမွှားများဝင်ရောက်ခြင်း ၊ ဓာတုပစွည်းများနဲ့ထိတွေ့မှုရှိခြင်း စတာတွေကြောင့် မျက်စိနာ တတ်ကြပါတယ်

အဓိက ကူးစက်လွယ်တဲ့ မျက်သားရောင်မျက်စိနာအကြောင်း ပြောချင်ပါတယ်

🙈ရောဂါလက္ခဏာများ 🙈

မျက်လုံး ရဲ့အဖြူရောင်ရှိသည့် အပိုင်းနီရဲနေခြင်း ( Pink Eye )
မျက်ခွံမျက်သားများရောင်နေခြင်း
မျက်ရည်ယိုခြင်း
မျက်လုံးထဲ သဲဝင်နေသလို ကသိကအောက်ဖြစ်ခြင်း
ယားယံခြင်း ၊ ပူခြင်း ၊ နာခြင်း စတာတွေခံစားရနိုင်ပါတယ်

😫 ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ မျက်သားရောင်မျက်စိနာခြင်း 😫

အပေါ်က လက္ခဏာတွေအပြင် တုပ်ကွေးလက္ခဏာတွေဖြစ်တဲ့ ဖျားခြင်း ချောင်းဆိုးခြင်း အဆစ်အမြစ်ကိုက်ခဲခြင်း ဝမ်းပျက်ခြင်း စတာတွေပါခံစားရနိုင်ပါ
တယ်
စစချင်းတော့ မျက်လုံးတဖက်ကနေစဖြစ်ပြီး ရက်ပိုင်းအတွင်းကျန်တဲ့တဖက်ပါကူးစက်သွားတတ်ပါတယ်
အရည်ကြည်ကဲ့သို့ မျက်ဝတ်ထွက်ခြင်းနဲ့မျက်ရည်ယိုတာ ပိုဖြစ်တတ်ပါတယ်

😩 ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ မျက်သားရောင်မျက်စိနာခြင်း😩

သူကတော့အပေါ်ကလက္ခဏာတွေအပြင် မျက်ဝတ်ထွက်တာ ပိုဆိုးတတ်ပါတယ်
ပြည်ကဲ့သို့မျက်ဝတ်များထွက်နိုင်ပြီး မျက်ခွံမှာကပ်နေတဲ့အတွက်မျက်လုံးအဖွင့်အပိတ်ဖို့အတွက် ခက်ပါတယ်

🙀ဘယ်လိုကူးစက်လဲ 🙀

🙊 ရောဂါဖြစ်နေသူနဲ့ တိုက်ရိုက်ထိတွေ့မှုကနေသော်၎င်း၊ အသုံးအဆောင်များမှတဆင့်သော် ၎င်း ၊ ချောင်းဆိုး နှာချေခြင်းမှတဆင့် သော်၎င်း ကူးစက်တတ်ပါတယ်

ကုသမှု

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါ အများစုက မပြင်းထန်ကြပါဘူး
၁ ပတ် ၂ ပတ်အတွင်းသူ့အလိုလိုပြန်ကောင်းသွားတတ်ပါတယ်

ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါအတွက် သင့်တော်တဲ့ပိုးသတ်ဆေး( မျက်စဉ်းခတ်ဆေးအရည် သို့မဟုတ် လိမ်းဆေး )လိုနိုင်ပါတယ်

ယားယံခြင်း မျက်ရည်ယို ခြင်း အတွက် Cetrizine လိုဆေးမျိုး အသုံးပြုလို့ရပါတယ်

မျက်လုံးထဲနာကျင်တာအတွက်ပါရာစီတမော သောက်ပေးလို့ရပါတယ်

မျက်လုံးခြောက်သွေ့ခြင်းအတွက် artificial tears (မျက်ရည်တု မျက်စဉ်းဆေး) များခတ်ပေးလို့ရပါတယ်

မျက်လုံးရောင်ရမ်း တာသက်သာအောင် အိမ်တွင်းကုထုံးအနေနဲ့ မျက်လုံးမှိတ်ပြီး အပေါ်မှာရေအေးဝတ်ကပ်တာ မျိုးလုပ်ပေးလို့ရပါတယ်

မျက်စိနာနေတဲ့အချိန် မျက်ကပ်မှန်တပ်နေတဲ့လူဖြစ်ပါက အသုံးပြုတာ ခနရပ်ထားပါ

ဘယ်အချိန်ဆေးခန်းပြသင့်လဲ

😖 မျက်လုံး ဆိုးရွားစွာနာလာခြင်း ၊ နီလာခြင်း

အလင်းဒဏ်မခံနိုင်ခြင်း ၊ အမြင်မှုံဝါးလာခြင်း

😪 ဘက်တီးရီးယားပိုးဟုယူဆသောအခြေအနေတွင်သင့်တော်သောပိုးသတ်ဆေး သုံးပြီး ၂၄ နာရီ ကျော်သည်အထိ မသက်သာလျှင်

နဂိုကိုယ်ခံအားနည်းနေသောသူများဖြစ်နေလျှင် ( ကင်ဆာဝေဒနာရှင် ၊ HIV လူနာများ )

မွေးကင်းစကလေးများတွင် မျက်စိနာရောဂါဖြစ်လျှင်

စတဲ့အခြေအနေတွေမှာဆေးရုံဆေးခန်းပြသင့်ပါတယ်

ကာကွယ်ခြင်း

🙅 မျက်လုံးကို ခနခနမပွတ်ပါနဲ့ ..
ကောင်းနေတဲ့ဖက်ကိုကူးစက်ဖို့ပိုလွယ်သလို မျက်စိရောင်ခြင်းကိုလည်း ပိုဆိုးစေတတ်ပါတယ်

🙌 မျက်လုံးမကိုင်တွယ်ခင်နှင့် ကိုင်တွယ်ပြီးတိုင်း တခြားအရာတွေမထိတွေ့ခင်လက်ကိုဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာအောင်သေချာဆေးပါ

မိမျိအနားမှာမကြျစိနာဖွဈပှားနသေူရှိပါက လက်ကိုမကြာခနဆေးပါ
လက်မဆေးဘဲ မျက်လုံးနှာခေါင်းပွတ်ခြင်းများမလုပ်ပါနဲ့

မျက်ဝတ်များ ကို သန့်ရှင်းသော အဝတ် သို့မဟုတ် ဂွမ်း လုံးလေးများဖြင့် သေချာသုတ်ပေးပါ

အသုံးအဆောင်ပစွည်းများမျှဝေသုံးစွဲခြင်းမလုပ်ပါနဲ့
(မျက်နှာသုတ်ပုဝါ၊ ခေါင်းအုံး ၊မျက်မှန် ၊ မိပ်ကပ်အလှပြင်ပစွည်းများ ၊ မျက်စဉ်းခတ်ဆေးများ )

အချုပ်အားဖြင့် စိတ်ပူစရာမလိုပေမယ့် ကူးစက်လွယ် ကူးစက်မြန်တာကြောင့် သတိပြုဖို့ဖြစ်ပါတယ်

မျက်စိနာခြင်းမှကင်းဝေးကြပါစေ

Crd..Dr
ကလေးချစ်တဲ့ ကလေးဒေါက်တာ



#ချင်းတယ်လီကျန်းမာ

လိုအပ်တဲ့ အားဆေးလေးတွေ ဝယ်ယူရရှိနိုင်ပါပီဗျ #ဆေးတောင်တန်းဆေးဆိုင်
13/08/2023

လိုအပ်တဲ့ အားဆေးလေးတွေ ဝယ်ယူရရှိနိုင်ပါပီဗျ
#ဆေးတောင်တန်းဆေးဆိုင်

Mumguard
10/08/2023

Mumguard

Unicode - 𝐌𝐮𝐦𝐠𝐮𝐚𝐫𝐝
ဝမ်းကြာတိုက်ထဲက ရင်သွေးရတနာအတွက် "𝐌𝐮𝐦𝐠𝐮𝐚𝐫𝐝"

🤰 ကိုးလလွယ် ဆယ်လဖွား ရင်သွေးရတနာကို ကိုယ်ဝန်ဆောင်ထားရတဲ့အချိန်ကနေ မွေးဖွားသန့်စင်ပြီး နို့ချို တိုက်ကျွေးချိန်အထိ မိခင်ရော ကလေးပါ ကျန်းမာကြံ့ခိုင်ပြီး အန္တရာယ်ကင်းစေဖို့ မိခင်လောင်းမှာ အာဟာရပြည့်ဝနေဖို့ လိုပါတယ်။ ကိုယ့်ရင်သွေးလေး ဝမ်းပျက်မှာ စိုးလို့၊ ဆံပင်မသန်မှာ တွေးပူလို့ စတဲ့ ရင်သွေးရတနာလေးအပေါ် ပြည့်စုံကျန်းမာစေချင်တဲ့ မိခင်မေတ္တာ စေတနာနဲ့ အစားအသောက်အနေအထိုင် ဆင်ခြင်ရတာ ကိုယ်ဝန်စဆောင်ကတည်းကနေ မီးဖွားပြီးချိန်ထိပါပဲ...

🤰 ဒီလို အစားအသောက်အနေအထိုင် ထိန်းတာ၊ဆင်ခြင်တာကြောင့် လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်တင်းဖို့အတွက် မေမေတို့မှာ စဉ်းစားရပြန်ပြီပေါ့။ ဒီအတွက် မေမေတို့အတွက် ပြည့်စုံမျှတဲ့ ကိုယ်ဝန်ဆောင်အာဟာရကို ဖြည့်တင်းပေးပြီး ကျန်းမာဖွံ့ဖြိုးထက်မြက်တဲ့ ရင်သွေးရတနာလေးတွေပါ ပိုင်ဆိုင်စေမယ့် ကိုယ်ဝန်ဆောင်အားဆေးကောင်းတစ်လက်ကို ဝေမျှပါရစေ။ ဒါကတော့ ရင်သွေးငယ်အတွက် မေမေ့မေတ္တာကို အပြည့်အဝပေးအပ်မယ့် 𝐌𝐮𝐦𝐠𝐮𝐚𝐫𝐝 ပါ...

💜 𝐌𝐮𝐦𝐠𝐮𝐚𝐫𝐝 က ကိုယ်ဝန်ဆောင်စဉ်ကာလပတ်လုံး သန္ဓေသားလေး ကျန်းမာဖွံ့ဖြိုးမှုအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ 𝑭𝒐𝒍𝒊𝒄 𝑨𝒄𝒊𝒅 နဲ့ ဗီတာမင်၊သတ္တုဓာတ်အစုံကို လုံလုံလောက်လောက်ရရှိအောင် ထောက်ပံ့ပေးနိုင်တဲ့ အားဆေးကောင်းပါ။ ကိုးလလွယ်ဆယ်လဖွားလို့ နို့ချိုတိုက်ကျွေးတဲ့အခါမှာလည်း ရင်သွေးလေး ဖွံ့ဖြိုးထက်မြက်ဖို့ လိုအပ်တဲ့ 𝑫𝑯𝑨 တွေပါဝင်လို့ သောက်သုံးသင့်ပါတယ်။ ဒါကြောင့် 𝐌𝐮𝐦𝐠𝐮𝐚𝐫𝐝 က 𝑃𝑟𝑜𝑚𝑖𝑠𝑒 𝑡𝑜 𝐺𝑢𝑎𝑟𝑑 𝐵𝑒𝑓𝑜𝑟𝑒, 𝐷𝑢𝑟𝑖𝑛𝑔 & 𝐴𝑓𝑡𝑒𝑟 𝑝𝑟𝑒𝑔𝑛𝑎𝑛𝑐𝑦 ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ မိခင်နဲ့ ရင်သွေးလေးတွေ အတွက် စွမ်းဆောင်ပေးနေတာပါ...

💜 𝐌𝐮𝐦𝐠𝐮𝐚𝐫𝐝 မှာ အဓိကအားဖြင့် ကိုယ်ဝန်ဆောင်စဉ်ဖြစ်တတ်တဲ့ လမစေ့ကလေးမွေးတာ၊ ကိုယ်ဝန်ပျက်ကျတာ၊ ပေါင်မပြည့်ကလေးမွေးတာတွေကို ကာကွယ်ပေးမယ့် 𝑭𝒐𝒍𝒊𝒄 𝑨𝒄𝒊𝒅
ကလေးရဲ့ ဦးနှောက်၊မျက်စိနဲ့ နှလုံးဖွံ့ဖြိုးကျန်းမာမှုအတွက် ထောက်ပံ့ပေးမယ့် 𝑶𝒎𝒆𝒈𝒂 3 𝑫𝑯𝑨 အပြင် 𝑷𝒚𝒓𝒊𝒅𝒐𝒙𝒊𝒏𝒆 နဲ့ ဗီတာမင်ဘီအုပ်စုအပြည့်အစုံ ပါဝင်ပါတယ်...

💜 ဒါကြောင့် မိခင်လောင်းတို့အတွက် ကိုယ်ဝန်မဆောင်ခင်ကနေ ကိုယ်ဝန်ဆောင်စဉ်အတွင်းရော မီးဖွားပြီးလို့ နို့ချို တိုက်ကျွေးနေတဲ့အချိန်ထိပါ မိခင်ရော ကလေးအတွက်ပါ ယုံကြည်အားထားရတဲ့ ကိုယ်ရံတော်တစ်ပါးလို စောင့်ရှောက်ပေးမယ့် 𝐌𝐮𝐦𝐠𝐮𝐚𝐫𝐝 ကို အနားမှာ ခေါ်ထားဖို့နဲ့ တစ်နေ့တစ်လုံး မှန်မှန်မှီဝဲသောက်သုံးပါလို့ လက်တို့လိုက်ပါရစေနော်...


09/08/2023

၁။ တားဆေးအပါအဝင် ဆေးနေ့စဉ်သောက်နေရသူတွေ
✅ ပဲပိစပ်နို့ သောက်ပါ

၂။ အဖြူဆင်းများသူ အားနည်းလွယ်သူများ
✅ ဒိန်ချဉ် သောက်ပါ

၃။ ဝမ်းချုပ်တတ်သူ များ
✅ မန်ကျည်းဖျော်ရည်/ချဉ်စော်ကားသီးဖျော်ရည်/သစ်သီးဖျော်ရည်တမျိုး သောက်ပါ

၄။ ရင်ကျပ်ပန်းနာ သမားများ
✅ ဆန်းကစ်သီးထဲပူစီနံတရွက်နှစ်ရွက် နဲ့ ဆားနဲနဲထည့်၍ဖျော်ရည်သောက်ပါ။ သကြားနို့ ဘာတခုမှမထည့် နဲ့

၅။ သွေးအားနည်းတတ်သူများ
✅ မုန်လာဥနီ ဖျော်ရည်သောက်ပါ

၆။ လိပ်ခေါင်းရှိသူများ
✅ မြင်းခွာရွက်ရည် သောက်ပါ

၇။ ဆီးကျဉ်တတ်သူများ
✅လက်ဖက်ခြောက်ရည် သောက်ပါ

၈။ မကြာခနခေါင်းမူးတတ်သူ ခြေလက်ထုံကျဉ် တတ်သူ အကြောကပ်တတ်သူများ နဲ့ ဝမ်းလျှောနေသူများ
✅ အုန်းစိမ်းရည် /ဂလူးကို့စ်ရည် သောက်ပါ

၉။ အစာအိမ်နာ /လေပွ တတ်သူများ
✅နွယ်ချို ရေနွေးစိမ်၍ပျားရည် တဇွန်းထည့် တနေ့ ၂ကြိမ် သောက်ပါ

၁၀။ သားအိမ်ရေအိတ်သွေးအိတ်တည်နေသူများ /သားအိမ်ကျ သူ များ
✅ စမုံနက်အဆီ တပတ် တဇွန်း သောက်ပါ

၁၁။ သွေးတွင်းအဆီပျစ်ခဲသူများ
✅စံပယ်ပန်းခြောက် ခပ်ထားတဲ့ရေနွေး မကြာခန သောက်ပေးပါ

ဒေါက်တာမင်းခန့်✍
******************
copy

ခန္ဓာကိုယ်မှာ နာကျင်နေလျှင်ဒီလိုPosition (အနေအထား)နဲ့အိပ်ကြည့်ပါphotocrd
14/07/2023

ခန္ဓာကိုယ်မှာ နာကျင်နေလျှင်ဒီလိုPosition (အနေအထား)နဲ့အိပ်ကြည့်ပါ

photocrd

ခန္ဓာကိုယ်အတွက် အသုံးဝင်သော နှိပ်နယ်နည်းများCredit #ကျန်းမာရေးဗဟုသုတ #နှိပ်နယ်နည်းများ
14/07/2023

ခန္ဓာကိုယ်အတွက် အသုံးဝင်သော နှိပ်နယ်နည်းများ

Credit
#ကျန်းမာရေးဗဟုသုတ
#နှိပ်နယ်နည်းများ

အခုလို ရာသီအကူးအပြောင်းမှာ  အအေးမိ နှာစေး ဖျားနာခြင်းတို့ မဖြစ်အောင် ကြိုတင်ကာကွယ် ဖို့အတွက်ဆိုရင် ဒီဆေးလေးတွေ  ဆေးတောင်...
19/06/2023

အခုလို ရာသီအကူးအပြောင်းမှာ အအေးမိ နှာစေး ဖျားနာခြင်းတို့ မဖြစ်အောင် ကြိုတင်ကာကွယ် ဖို့အတွက်ဆိုရင် ဒီဆေးလေးတွေ ဆေးတောင်တန်းဆိုင်မှာ ဝယ်ယူအားပေးရင်း ကိုယ်ခံအားမြင့်တင်ကြစို့ ချစ်မိတ်ဆွေတို့🥰🥳🥳🥳🥳

19/06/2023

" Seasonal flu ခေါ် ရာသီတုပ်ကွေး "

Seasonal flu လို့ခေါ်တဲ့ရာသီတုပ်ကွေးဟာဆိုရင်တော့ အသက်ရှူလမ်းကြောင်းမှတစ်ဆင့်ကူးစက်တဲ့ဗိုင်းရပ်ရောဂါပိုးကြောင့်ဖြစ်ပါတယ်။ အခုလိုမိုးရာသီကာလမှာဆိုရင်တော့ ပိုပြီးကူးစပ် နိုင်ပါတယ်။ ဒါကြောင့် ကိုယ်က တုပ်ကွေးလက္ခဏာများကိုသိထားဖို့လိုပါတယ်။

ဒီတော့ ဘယ်လိုလက္ခဏာတွေပြမလဲ ?
တုပ်ကွေးမိပြီဆိုရင် ကိုယ်အပူချိန်တက်ပြီးဖျားမယ် ၊ နှာစီး ချောင်းဆိုး ၊လည်ချောင်းနာ၊ ကိုယ်လက်နာကျင်ကိုက်ခဲပြီး အားအင်ချိနဲ့ သလို ခံစားရတတ်ပါတယ် ။ ပြောရမယ်ဆိုရင်တော့ covid 19 လက္ခဏာတွေနဲ့တူနေတာပေါ့နော် ။ နှစ်ခုလုံးကလည်း အသက်ရှူလမ်းကြောင်းက တစ်ဆင့် ကူးစက်တဲ့ရောဂါတွေပဲဖြစ်တဲ့အတွက်ကြောင့် covid 19 လား seasonal flu လားဆိုတာမခွဲခြားနိုင်လို့ ကိုယ်ကသတိထားရပါမယ်။

ဒါကြောင့် မဖြစ်ခင်ကြိုတင်ကာကွယ် ခြင်းက သိပ်ကိုအရေးကြီးပါတယ်။

ဒီတော့ဘယ်လိုကာကွယ်ကြမလဲ?
ကိုယ်ခံအားကောင်အောင်စားသောက်နေထိုင်ရပါမယ်။။ မိမိကိုယ်ခန္ဓာက immune system ကိုယ်ခံအားကောင်နေမှ ပြင်ပက ဝင်လာတဲ့ ပိုးတွေကို တိုက်ထုတ်နိုင်မှာပါ။

ဒါကြောင့်အိပ်ရေးဝဝအိပ်ခြင်း၊ vitamin C မှီဝဲခြင်း ၊
ရေဓာတ်ပြည့်ဝအောင်နေ ခြင်း တို့အပြင် လူနေထူထပ်တဲ့နေရာများသွားပါက ရောဂါရှိရှိမရှိရှိ mask တပ်ခြင်း ၊ အိမ်သို့ပြန်ရောက်ပါက လက်ကို စနစ်တကျ ဆေးကြောခြင်း တို့ဖြင့် ကာကွယ်နိုင်ပါတယ် ။ flu vaccine ကာကွယ်ဆေး လည်း ထိုးထားပြီးကာကွယ်လို့ရပါတယ် ။ ဆေးကတော့ တစ်နှစ်တစ်ခါ ထိုးရပါတယ် ။ ပြင်ပဆေးခန်းတွေဆေးရုံတွေမှာ ထိုးနိုင်ပါတယ် ။

ဒါဆို Flu တုပ်ကွေးမိရင်ရော ဘယ်လိုနေထိုင်ကြမလဲ ?
Flu တုပ်ကွေးလက္ခဏာတွေ ပေါ်လာပြီဆိုရင်တော့ အတတ်နိုင်ဆုံး အပြင်သွားရောက်ခြင်းကို ရှောင်ကြဉ်ပေးရပါမယ် ။ ကိုယ်ခံအားကောင်းတဲ့အစားအစာ( ကြက်ဥ ၊ ကြက်စွပ်ပြုတ်၊ အသားစွပ်ပြုတ်၊ အသီးအနှံအသီးအရွက်များ၊ ဂျင်း၊ ကြက်သွန်ဖြူ ) တို့ကို စာသုံးပေးသင့်ပါတယ် ။ ဓာတ်ဆားရည် သို့ ရေများများ ဝင်အောင်သောက်သုံးသင့်ပါတယ်။
သို့ပေမယ့် အသက်ရှူရခက်လာခြင်း ၊ အဖျားတာရှည် ခြင်း (>3Days) ၊ အဖျားငွေ့ငွေ့လေးမဟုတ်ဘဲ အဖျားကြီးခြင်း (>102 degree) ၊ကြွက်သားများအလွန်အမင်းနာကျင်ကိုက်ခဲခြင်း ၊ မှိန်းနေခြင်း၊ သတိလစ်ခြင်း တို့ဖြစ်လာပါက မပေါ့ဆဘဲ နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

ဒါ့ကြောင့် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားကြခြင်းဖြင့် sesonal flu , covid 19 ရောဂါအန္တယ်တို့ရာမှ ကင်းဝေးနိုင်ကြောင်း တိုက်တွန်းလိုက်ရပါတယ် ။

ဒီpost လေးကိုဖတ်ပြီး
ကျန်းမာရေးဗဟုသုတလေးရသွားတယ်ဆိုရင်
like & share လေးလုပ်ထားပေးလို့ရပါတယ်။
နောက်လည်း အားလုံးသိထားသင့်တဲ့ ကျန်းမာရေးများအကြောင်း ဆေးဝါးများအကြောင်းကို မျှဝေပေးသွားဦးမှာပါ။

အားလုံးပဲ ကျန်းမာပြီးဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

အခုလို ရာသီအကူးအပြောင်းကာလမှာ အအေးမိနှာစေး  ဖျားနာ ခြင်းတို့အတွက် ခုခံတိုက်ထုတ်နိုင်ဖို့အတွက်ဆိုရင်  ဒီဆေးလေးတွေ  ဆေးတော...
19/06/2023

အခုလို ရာသီအကူးအပြောင်းကာလမှာ အအေးမိနှာစေး ဖျားနာ ခြင်းတို့အတွက် ခုခံတိုက်ထုတ်နိုင်ဖို့အတွက်ဆိုရင် ဒီဆေးလေးတွေ ဆေးတောင်တန်းဆိုင်မှာ ဝယ်ယူအားပေးနိုင်ပါပီနော် ချစ်မိတ်ဆွေတို့

18/06/2023

မိုးရွာနေလို့စိတ်ညစ်နေပြီလား😍

ကျွန်တော်တို့ဆေးတောင်တန်းက
ထားဝယ်မြို့တွင်းအိမ်အရောက်ပို့ဆောင်ပေးပါတယ်နော်

ခလေးလူကြီးအားဆေးအမျိုးမျိုးနှင့်ဘက်စုံသုံးဆေးများကို ထားဝယ်မြို့ ၄၆ က ဗိုလ်ချုပ်လမ်း သဘောင်္ဆိပ်ရပ် ဆေးတောင်တန်းဆေးဆိုင်...
17/06/2023

ခလေးလူကြီးအားဆေးအမျိုးမျိုးနှင့်ဘက်စုံသုံးဆေးများကို ထားဝယ်မြို့ ၄၆ က ဗိုလ်ချုပ်လမ်း သဘောင်္ဆိပ်ရပ် ဆေးတောင်တန်းဆေးဆိုင်မှာ လက်လီလက်ကားဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ🤗🤗🤗🤗🤗

ph 09958874314

Address

Dawei

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959958874314

Website

Alerts

Be the first to know and let us send you an email when Say Taung Tan-ဆေးတောင်တန်း ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram