ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း-ထားဝယ်

  • Home
  • Myanmar
  • Dawei
  • ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း-ထားဝယ်

ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း-ထားဝယ် ပြည်သူ့အခြေပြု ကျန်းမာရေး အခမဲ့ ဝန်?

24.1.2022နံနက် ၃နာရီခွဲအချိန်တွင်ဝဲကျွန်းရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်တစ်ဦးအား မြင့်မိုရ်ဦးဆေးရုံသို့ ကုသိုလ်ဖြစ် ဆေးကုခန်း...
24/01/2022

24.1.2022
နံနက် ၃နာရီခွဲအချိန်တွင်

ဝဲကျွန်းရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်တစ်ဦးအား မြင့်မိုရ်ဦးဆေးရုံသို့ ကုသိုလ်ဖြစ် ဆေးကုခန်းရှိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှ ကူညီပို့ဆောင်ပေးခဲ့ပါသည်။

နေအိမ်မှ ဆေးရုံ တက်ရောက်လိုသူများ၊ အရေးပေါ်ထိခိုက် မူများ ၊ နယ်ဝေး
ဆေးတက်ရောက်ကုသလိုသူများအနေဖြင့်

09260689612
သို့ ၂၄နာရီ ဆက်သွယ်အကူညီတောင်းခံနိုင်ပါသည်။

လူနာတင်ထမ်းစင်အရောင်ကြောင့်ဂိတ်မှာ ရှယ်ရစ်ပလန်နဲ့ အရစ်ခံလိုက်ရပြီး နောက်ထပ် မသုံးပြုဖို့ သတိပေးခံလိုက်ရပါတယ်🤑လူနာတင်ထမ်း...
22/01/2022

လူနာတင်ထမ်းစင်အရောင်ကြောင့်ဂိတ်မှာ ရှယ်ရစ်ပလန်နဲ့ အရစ်ခံလိုက်ရပြီး နောက်ထပ် မသုံးပြုဖို့ သတိပေးခံလိုက်ရပါတယ်🤑

လူနာတင်ထမ်းစင်မပါဘဲ နေအိမ်တွေ ေပါ်က လူနာတွေ အထပ်မြင့်က လူနာတွေကို သယ်ဆောင်ရာမှာအခက်အခဲ ရှိတာကြောင့် ကျနော်တို​့ မဖြစ်မနေ အမြန်ထပ်ဝယ်ဖြည့်ရဖို့ ဖြစ်နေပါတယ်

ဝိုင်းဝန်း ကူညီပေးကြပါအုံးခဗျား
ကျနော်တို့အဖွဲ့မှာလည်း အလှူငွေ နည်းပါးသောကြောင့် လိုအပ်တိုင်း ပိုစ့်တင်နေရခြင်းဖြစ်ပါတယ် တကယ်ကိုအားနာလှပါတယ်😵

သရက်ချောင်းဆေးရုံမှ ထားဝယ်မြို့ပေါ်ရှိဆေးရုံတစ်ခုသို့ ကူညီ ပို့ဆောင်ပေးပါရန် ဖုန်းဆက် အကူညီတောင်းခံလာပါသောကြောင့်21.1.20...
21/01/2022

သရက်ချောင်းဆေးရုံမှ ထားဝယ်မြို့ပေါ်ရှိဆေးရုံတစ်ခုသို့ ကူညီ ပို့ဆောင်ပေးပါရန် ဖုန်းဆက် အကူညီတောင်းခံလာပါသောကြောင့်

21.1.2022
ည ၈နာရီအချိန်တွင် ကုသိုလ်ဖြစ် ဆေးခန်းရှိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှ

အဆိုပါ အတက်ရောဂါ မိန်းခလေးလူနာအား ထားဝယ်မြို့ပေါ်ရှိဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးခဲ့ ပြီး
ပြန်လည် သက်သာလာပါသောကြောင့်

သရက်ချောင်းမြို့ရှိ နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပါသည်။

11:40PM တွင် ရုံးသို့ပြန်လည်ရောက်ရှိပါသည်။

Ambulance အကူညီတောင်းခံလိုပါက
09260689612သို့ ၂၄နာရီ ဆက်သွယ်နိုင်ပါသည်။

21.1.2022နေ့လည် ၁၁နာရီဝန်းကျင်တွင်ထားဝယ်မြို့ မယ်ဒီလန်းဆေးရုံ မှ ဆေးရုံဆင်းလူနာတစ်ဦးအားလောင်းလုံ မြို့နယ် သကျက်တော ကျေး...
21/01/2022

21.1.2022
နေ့လည် ၁၁နာရီဝန်းကျင်တွင်
ထားဝယ်မြို့ မယ်ဒီလန်းဆေးရုံ မှ ဆေးရုံဆင်းလူနာတစ်ဦးအား

လောင်းလုံ မြို့နယ် သကျက်တော ကျေးရွာသို့

ကုသိုလ်ဖြစ် ဆေးကုခန်းရှိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှ ကူညီပို့ဆောင်ပေးခဲ့ပါသည်။

အရေးပေါ်လူနာနဲ့ အိမ်လူနာများအား ၂၄နာရီ ကူညီသယ်ဆောင်ပေးနေပါသည်
ဆက်သွယ်ရန် 09260689612

မိမိအိမ်မှာ အသုံးမလိုဘဲ ပိုနေတဲ့ Covid 19 Test Kit များရှိနေပါကကျနော်တို့ ကုသိုလ်ဖြစ် ဆေးခန်းသို့ လာရောက်ပေးလှူနိုင်ပါကြ...
19/01/2022

မိမိအိမ်မှာ အသုံးမလိုဘဲ ပိုနေတဲ့ Covid 19 Test Kit များရှိနေပါက

ကျနော်တို့ ကုသိုလ်ဖြစ် ဆေးခန်းသို့ လာရောက်ပေးလှူနိုင်ပါကြောင်း နိူးဆော်တိုက်တွန်းအပ်ပါသည်ခဗျား

ကျနော်တို့ ကုသိုလ်ဖြစ် ဆေးခန်းသည် Covid 19 ပြင်းထန်ခဲ့သည့်လပိုင်းများတွင်

ထားဝယ်မြို့နေ မိဘပြည်သူ​ ထောင်ပေါင်းများစွာအား အခမဲ့စစ်ဆေးပေးခဲ့သည့် အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်

ဖြစ်လာနိုင်သည့် အခြေအနေ တစ်ခုအတွက် ကြိုတင်ပြီး စုဆောင်းထားခြင်းသည်သာ ဖြစ်သည့်အတွက်

ပိုနေသည်များကိုသာ လာရောက်လှူဒါန်းနိုင်ပါတယ်ခဗျား

Test kit မဟုတ်ဘဲ အလှူငွေထည့်ဝင်မည်ဆိုပါက လည်း လက်ခံသွားပါမည်ခဗျား။

လာရောက်လှူဒါန်းလိုပါက
ဝဲကျွန်း ရေသိမ်လမ်း Golden Crow ဖူဆယ်ကွင်းအနီးရှိ
ကုသိုလ်ဖြစ် ဆေးခန်း အရေးပေါ်လူနာတင်ယာဥ် ဌာနနှင့် ယာယီရုံးခန်းတွင် လာရောက်ပေးလှူနိုင်ပါတယ်ခဗျား

09260689612

14.1.2022နံနက် ၉နာရီဝန်းကျင်တွင်ဗျောတောဝရပ်ကွက်မှ ကင်းကိုက်ခံရသော လူနာတစ်ဦးအား နေအိမ်မှ ထားဝယ်ဆေးရုံကြီး သို့အသွားအပြန်...
14/01/2022

14.1.2022

နံနက် ၉နာရီဝန်းကျင်တွင်

ဗျောတောဝရပ်ကွက်မှ ကင်းကိုက်ခံရသော လူနာတစ်ဦးအား နေအိမ်မှ ထားဝယ်ဆေးရုံကြီး သို့အသွားအပြန်ကူညီပို့ဆောင်ခြင်း

ညနေ၄နာရီ ဝန်းကျင်တွင်

ဝဲကျွန်းရပ်ကွက် မှ ခွေးကိုက်ခံရသော ခလေးတစ်ဦးအား
ထားဝယ်ဆေးရုံကြီးသို့ လည်းကောင်း

ကုသိုလ်ဖြစ် ဆေးခန်းရှိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှ ကူညီပို့ဆောင်ပေးခဲ့ပါသည်။

လူနာတင်ယာဥ်အကူအညီလိုအပ်ပါက
09260689612 သို့ ၂၄နာရီ ဖုန်းဆက်အကူညီတောင်းခံနိူင်ပါသည်။

ထားဝယ်မြို့နယ်အတွင်းရှိ မိဘပြည်သူများခဗျားCovid 19 ရောဂါကူးစက်ခံရလူနာများတွင် အတွေ့ရများသော လက္ခဏာ များဖြစ်သည့်ဖျားခြင်း...
14/01/2022

ထားဝယ်မြို့နယ်အတွင်းရှိ မိဘပြည်သူများခဗျား

Covid 19 ရောဂါကူးစက်ခံရလူနာများတွင် အတွေ့ရများသော လက္ခဏာ များဖြစ်သည့်

ဖျားခြင်း
ချောင်းခြောက်ဆိုးခြင်း
မောပန်းနွမ်းနယ်ခြင်း
အနံ့ပျောက်ခြင်း
နာရည်ယို နာပိတ်ခြင်း
မျက်သားနီခြင်း
လည်ချောင်းနာခြင်း
ခေါင်းကိုက်ခြင်း
ကြွက်သားနှင့် အရိုးဆစ်များနာခြင်း
ပျို့ခြင်း၊အန်ခြင်း
ဝမ်းလျောခြင်း
ချမ်းတုန်ခြင်း၊မူးဝေခြင်း
အဖျားတက်ခြင်း

အစရှိသည့် ဖြစ်စဉ်များမှ တစ်ခုခုသို့ တစ်ခုထက်ပို၍ဖြစ်ပေါ်နေသည်ဟု မိမိကိုယ်ကိုယ် သံသယရှိပါက

မိမိနှင့်တကွ ဘေးပတ်ဝန်းကျင် ၊မိမိ၏ မိဘဘိုးဘွားများ ဆင့်ပွားမကူးစက်စေရန်၊ ကူးစက်ခံထားရသော်လည်း အချိန်မှီကုသနိုင်စေရန်အတွက်

ကျနော်တို့ ကုသိုလ်ဖြစ် ဆေးခန်း သို့ ဆက်သွယ်ပြီး

Covid 19 ရှိမရှိ အခမဲ့ စစ်ဆေးနိုင်ပါတယ်(Test Kitဖြင့်)

အိမ်တွင်လာရောက်စစ်ဆေးပေးစေလိုပါက

09260689612သို့ဆက်သွယ်နိုင်ပြီး

ကျနော်တို့ ယာယီရုံးတွင်လည်းလာရောက်စစ်ဆေးနိုင်ပါတယ်ခဗျား

လိပ်စာ
ဝဲကျွန်းရေသိမ်လမ်းရှိ Golden Crow ဖူဆယ်ကွင်းအနီး၊ထားဝယ်မြို့။

13.1.2022(ထားဝယ်တွင် Covid 19 စစ်ဆေးတွေ့ရှိမူ)ကုသိုလ်ဖြစ် ဆေးခန်းရှိယာယီ ရုံးခန်းတွင် Covid 19 လာရောက်စစ်ဆေးသူတစ်ဦးတွင်...
13/01/2022

13.1.2022(ထားဝယ်တွင် Covid 19 စစ်ဆေးတွေ့ရှိမူ)

ကုသိုလ်ဖြစ် ဆေးခန်းရှိယာယီ ရုံးခန်းတွင် Covid 19 လာရောက်စစ်ဆေးသူတစ်ဦးတွင်

Covid 19 Positive တွေ့ရှိခဲ့ပြီး

လူနာ၏ ဆန္ဒအရ Home Qထားရှိနေထိုင်ရန် လမ်းညွန်ချက်များချပေးခဲ့ပါသည်။

ပိုးတွေ့ရှိသူနှင့် အတူနေထိုင်သူ ကိုလည်း စစ်ဆေးပေးခဲ့ရာ

Covid 19 မတွေ့ရှိခဲ့ပေ။

Covid 19 တွေ့ရှိသူမှာ ပိန္ဒတောရပ်ကွက်တွင်နေထိုင်ပြီး ယခုတစ်ပတ်အတွင်း ခရီးသွားလာခြင်းမရှိဘဲ မိမိကိုယ်ကိုယ် သံသယ ရှိကတည်းက အိမ်တွင် သီးခြား စွာနေထိုင်သူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် ကျန်းမာရေးကောင်းမွန်ပါသည်။

12.1.20226နာရီ ၃၀မိနစ် ခန့်တွင်ထားဝယ်မြို့ မင်းရပ်ရွာမှ ဆိုင်ကယ်မတော်ဆ မူကြောင့် ထိခိုက် ဒဏ်ရာရရှိသူတစ်ဦးအားထားဝယ်မြို့...
12/01/2022

12.1.2022
6နာရီ ၃၀မိနစ် ခန့်တွင်

ထားဝယ်မြို့ မင်းရပ်ရွာမှ ဆိုင်ကယ်မတော်ဆ မူကြောင့် ထိခိုက် ဒဏ်ရာရရှိသူတစ်ဦးအား

ထားဝယ်မြို့ မယ်ဒီလန်းဆေးရုံသို့ ကုသိုလ်ဖြစ် ဆေးခန်းရှိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ မှ ကူညီပို့ဆောင်ပေးခဲ့ပါသည်။

8နာရီ ၅၀မိနစ်တွင် ရုံးသို့ပြန်လည်ရောက်ရှိပါသည်။

အရေးပေါ်လူနာနှင့် ဆေးရုံ အတက်အဆင်းလူနာများအတွက် အခမဲ့ အကူညီတောင်းခံနိုင်ပါသည်။
09260689612

မိဘပြည်သူများသိစေရန်ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းရဲ့ Ambulance အဖွဲ့သည် ထားဝယ်မြို့တွင်းသာမက ထားဝယ်မြို့အနီးအနားတစ်ဝိုက် နယ်ပယ...
11/01/2022

မိဘပြည်သူများသိစေရန်
ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းရဲ့ Ambulance အဖွဲ့သည် ထားဝယ်မြို့တွင်းသာမက ထားဝယ်မြို့အနီးအနားတစ်ဝိုက် နယ်ပယ်များရှိ လူနာများကိုပါ 24hours ကူညီသယ်ဆောင်ပေးလျက်ရှိပါသည်…။
ယခုကာလ အတွင်း ညဘက်အကူအညီတောင်းခံခြင်း မြင့်တက်လာပြီး တော်တော်များများမှာ ထားဝယ်မြို့အပြင်ဘက်ရွာများက ဖြစ်ပါတယ်…။မည်သူပင်ဖြစ်စေကာမူ ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း-ထားဝယ်မှ ကူညီသယ်ဆောင်ပေးပါကြောင်း အသိပေးအပ်ပါသည်…။
ညဘက်ကြီးဖြစ်နေသော်လည်း ဆေးရုံတက်ရောက်ရန်လိုအပ်လာပါက ထားဝယ်မြို့တွင်းသာမက အနီးအနားနယ်တစ်ဝိုက်ရှိ မိဘပြည်သူများအနေဖြင့် ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းရဲ့ Ambulance အဖွဲ့ကို ဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်း အသိပေးအပ်ပါသည်…။
ဆက်သွယ်ရန်ဖုန်းနံပါတ်-
09260689612

ကုသိုလ်ဖြစ် ဆေးခန်းနှင့်အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့သို့လစဥ် အလှူငွေ လှူဒါန်းပေးနေကြသော မိဘပြည်သူများ ခဗျားယခုလ အတွက...
10/01/2022

ကုသိုလ်ဖြစ် ဆေးခန်းနှင့်အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့သို့

လစဥ် အလှူငွေ လှူဒါန်းပေးနေကြသော မိဘပြည်သူများ ခဗျား

ယခုလ အတွက် အလှူငွေများအား ပြန်လည်လက်ခံ ကောက်ခံပေးနေပါပြီခဗျား

Online Payment နဲ့လှူဒါန်းမည်ဆိုပါက
Kpay
Thant Zin Htoo
09260689612
wave
09260689612
သို့ လွဲပြီး
Page မှာ Screen Shot လေး ပြပေးပါခဗျား
ဖြတ်ပိုင်းလေးပြန်လည်ပေးပို့ပေးပါမယ်ခဗျား။

အိမ်အရောက်ကောက်ခံပေးရမယ့် အလှူရှင်များကိုလည်း လိုက်ကောက်ခံပေးလျက်ရှိပါတယ်ခဗျား။

သွေးလှူဒါန်းမူသည် မိမိတို့၏ ပင်မ လုပ်ငန်းစဥ်မဟုတ်ပေမယ့်လာရောက် အကူညီတောင်းခံပါက24နာရီ ကူညီရှာဖွေပေးသွားပါမည်ခဗျား။(ထားဝယ...
08/01/2022

သွေးလှူဒါန်းမူသည် မိမိတို့၏ ပင်မ လုပ်ငန်းစဥ်မဟုတ်ပေမယ့်

လာရောက် အကူညီတောင်းခံပါက
24နာရီ ကူညီရှာဖွေပေးသွားပါမည်ခဗျား။

(ထားဝယ်မြို့နယ်အတွက်သာ)

ဆက်သွယ်ရန်
09260689612

ယာယီရုံး
ဝဲကျွန်းရေသိမ်လမ်း၊Golden Crow ဖူဆယ်ကွင်းအနား
Ambulance ယာဥ်ရပ်နားထားသည်။

5.1.2022မိုးသာထ ၂နာရီ ဝနိးကျင်တွင်ထားဝယ်မြို့ အခွန်လွတ်စျေးအနီး ထီးခီးကားကွင်းမှ ဗိုက်အောင့် လူနာတစ်ဦးအားထားဝယ်ဆေးရုံကြ...
05/01/2022

5.1.2022
မိုးသာထ ၂နာရီ ဝနိးကျင်တွင်

ထားဝယ်မြို့ အခွန်လွတ်စျေးအနီး ထီးခီးကားကွင်းမှ ဗိုက်အောင့် လူနာတစ်ဦးအား

ထားဝယ်ဆေးရုံကြီး သို့ အသွားအပြန် ကုသိုလ်ဖြစ် ဆေးခန်းရှိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှ ကူညီပို့ဆောင်ပေးခဲ့ပါသည်။

နှစ်သစ်ကူး အလှူအဖြစ်ဦးဆန်းမြင့်နိုင် + မအေးအေးသန်း(သား)မောင်သူရန်ဖြိုး၊မောင်ဥက္ကာဖြိုး မိသားတစ်စု တို့မှကုသိုလ်ဖြစ် ဆေး...
03/01/2022

နှစ်သစ်ကူး အလှူအဖြစ်

ဦးဆန်းမြင့်နိုင် + မအေးအေးသန်း
(သား)မောင်သူရန်ဖြိုး၊မောင်ဥက္ကာဖြိုး
မိသားတစ်စု တို့မှ

ကုသိုလ်ဖြစ် ဆေးခန်းနှင့် အရေးပေါ်လူနာသယ်ဆောင်ရေးအဖွဲ့၏ ဘက်စုံအသုံးပြုနိုင်ရန်

အလှူငွေ တစ်သိန်းတစ်သောင်းကျပ်တိတိအား လှူဒါန်းပေးအပ်ခဲ့ပါသည်။

ယခုလိုလှူဒါန်းပေးပါသော အလှူရှင်မိသားစုအား အထူးပင် ကျေးဇူးတင်အပ်ပါတယ်ခဗျား။

ကိုအောင်သန့်ဇင်(၂၉နှစ်ပြည့်) မွေးနေ့ အထိန်းအမှတ်အဖြစ်ကိုအောင်သန့်ဇင်+မအိအိရွှေဝိုင်း မိသားတစ်စုတို့မှကုသိုလ်ဖြစ် ဆေးကုခန...
03/01/2022

ကိုအောင်သန့်ဇင်(၂၉နှစ်ပြည့်) မွေးနေ့ အထိန်းအမှတ်အဖြစ်

ကိုအောင်သန့်ဇင်+မအိအိရွှေဝိုင်း မိသားတစ်စုတို့မှ

ကုသိုလ်ဖြစ် ဆေးကုခန်း နှင့် အရေးပေါ်လူနာကူညီသယ်ဆောင်ရေးလုပ်ငန်းစဥ်များ ရေရှည်ရပ်တည်နိုင်ရန်အတွင်

လစဥ် အလှူငွေ ၃ထောင်ကျပ်အား

တစ်နှစ်စာ ၃သောင်း၆ထောင်ကျပ်တိတိကို လှူဒါန်းပေးခဲ့ပါသည်။

မွေးနေ့ရှင်နှင့်တကွ မိသားစုများ ကျန်းမာလို့ချမ်းသာပါစေကြောင်းဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ခဗျာ

02/01/2022

30.12.2021ရက်နေ့ခန့်တွင် Positive ထွက်ရှိသော လူနာအား

Covid 19 စစ်ဆေးပေးသော ကုသိုလ်ဖြစ်ဆေးခန်းရှိ စေတနာ့ဝန်ထမ်းနှစ်ဦးအား

Covid 19 စစ်ဆေးရာတွင် Covid 19 ပိုး မတွေ့ရှိပါ

တစတစနှင့် အကူညီတောင်းခံမူမြင့်တက်လာပြီးပစ္စည်းလိုအပ်ချက်များစွာ ပေါ်ပေါက်လာပေမယ့်လတ်တလော မဖြစ်မနေ လိုအပ်နေသော အရေးပေါ်လူ...
01/01/2022

တစတစနှင့် အကူညီတောင်းခံမူမြင့်တက်လာပြီး

ပစ္စည်းလိုအပ်ချက်များစွာ ပေါ်ပေါက်လာပေမယ့်

လတ်တလော မဖြစ်မနေ လိုအပ်နေသော အရေးပေါ်လူနာတင်ယာဥ်တွင် ထားရှိရန်

ခွဲကပ်လေးတစ်ခု ဝိုင်းဝန်းလှူဒါန်းပေးကြပါရန် မေတ္တာရပ်ခံပါတယ်ခဗျား။
ဓာတ်ပုံမှာ Soe San GP မှ ယူသုံးထားပြီး
စျေးနူန်းမှာ ၂သိန်းခွဲ ဝန်းကျင်ရှိပါကြောင်း သိထားပါသည်။

ကုသိုလ်ဖြစ် ဆေးကုခန်း မှ ဒီဇင်ဘာလတွင် Covid 19 ရောဂါ အခမဲ့စစ်ဆေးပေးခြင်း ၃၄ဦးထိခိုက်ဒဏ်ရာ ကုသပေးမူ ၁ဦး၊ကုသိုလ်ဖြစ်ဆေးခ...
01/01/2022

ကုသိုလ်ဖြစ် ဆေးကုခန်း မှ ဒီဇင်ဘာလတွင် Covid 19 ရောဂါ အခမဲ့စစ်ဆေးပေးခြင်း ၃၄ဦး

ထိခိုက်ဒဏ်ရာ ကုသပေးမူ ၁ဦး၊

ကုသိုလ်ဖြစ်ဆေးခန်း ရှိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှ

နယ်ဝေးလူနာ ၄ဦး
ထားဝယ်မြို့နယ်အတွင်း67ဦး အသီးသီး ကူညီသယ်ဆောင်ပေးနိုင်ခဲ့ပါသည်။

ရှေ့ဆက်ပြီးကျနော်တို့အနေနဲ့ ကူညီမူများပိုမိုလုပ်ဆောင်နိုင်ရန်
အများပြည်သူ များ၏ လှူဒါန်းထောက်ပံ့မူ များစွာလိုအပ်နေပါသောကြောင့် ဝိုင်းဝန်း ထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခဗျား။

Address

Dawei

Telephone

09260689612

Website

Alerts

Be the first to know and let us send you an email when ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း-ထားဝယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram