Rr Yo Oo Pharmacy - အရုဏ်ဦး ဆေးဆိုင် ထားဝယ်မြို့

  • Home
  • Myanmar
  • Dawei
  • Rr Yo Oo Pharmacy - အရုဏ်ဦး ဆေးဆိုင် ထားဝယ်မြို့

Rr Yo Oo Pharmacy - အရုဏ်ဦး ဆေးဆိုင် ထားဝယ်မြို့ Dawei

26/09/2025
ပျော်ရွှင်စရာကောင်းတဲ့ "သီတင်းကျွတ်အခါသမယ" ဖြစ်ပါစေကြောင်း Rr Yo Oo Pharmacy - အရုဏ်ဦး ဆေးဆိုင် ထားဝယ်မြို့  မိသားစုမှ ...
28/10/2023

ပျော်ရွှင်စရာကောင်းတဲ့ "သီတင်းကျွတ်အခါသမယ" ဖြစ်ပါစေကြောင်း Rr Yo Oo Pharmacy - အရုဏ်ဦး ဆေးဆိုင် ထားဝယ်မြို့ မိသားစုမှ ဆုမွန်ကောင်းလိုက်ပါတယ် 🙏🙏🙏

#သီတင်းကျွတ်ဆုတောင်း

 ူးစက်ခံရရင်ဘာလို့အသံပျောက်တာလဲ အိုမီကိုက်ပြီဆို လက္ခဏာတွေက အရင်ဆုံးကြားရတာပါ၊ ဘာလည်းဆိုတော့ ပုံမှန်အသံမဟုတ်တော့တဲ့ အသံဩ...
23/02/2022

ူးစက်ခံရရင်ဘာလို့အသံပျောက်တာလဲ

အိုမီကိုက်ပြီဆို လက္ခဏာတွေက အရင်ဆုံးကြားရတာပါ၊ ဘာလည်းဆိုတော့ ပုံမှန်အသံမဟုတ်တော့တဲ့ အသံဩဩကြီးတွေ၊ အသံပိစိ
လေးတွေ အစရှိတဲ့ အသံပျောက် အသံပျက် တချို့ဆို အသံပါမ‌ထွက်
တော့ပါဘူး၊ နောက်တော့မှ တခြားလက္ခဏာ‌ဖြစ်တဲ့ နှာစေး၊ နှာခေါင်း
ပိတ်၊ လည်ပင်းနာ၊ ချောင်းဆိုး၊ ကိုယ်လက်ခေါင်းကိုက်တွေ ဖြစ်လာ
တတ်ကြတာ

အိုမီက အရင်Original Wuhanကိုဗစ်ပိုးတုန်းကလို နှာခေါင်းအတွင်းမှာ မျိုးမပွားတော့ နှာခေါင်းဆဲလ်တွေ မသေမ‌ပေါက်မပျက်စီးပဲ အနံ့မပျောက်ပါဘူး၊ အလားတူ Delta Sတို့နဲ့မတူတာက အဆုတ် အထိဆင်းပြီး ရင်ခေါင်းထဲမှာပိုးတွေမျိုးပွားပြီး လေအိတ်တွေထဲက
ဖောက်ထွက်တာမျိုးလည်း မလုပ်တော့ အဆုတ်ကိုလည်း မထိတော့ဘူးပေါ့

#အိုမီကြိုက်တာကလည်ချောင်း၊ ပြောရမယ်ဆို အသက်ရှူလမ်း
ကြောင်းရဲ့ အထက်ပိုင်း Pharynxရဲ့အောက်ဖက်က အသံအိုးဖြစ်တဲ့ Larynxနေရာက လေအဝင်အထွက်လမ်းကြောင်းဘေးက ဆဲလ်တွေထဲ အိုမီတို့တွေမျိုးပွားဖို့ အဓိကနေရာယူကြတာပဲ၊ အားလုံးသိတဲ့အ
တိုင်း ကိုဗစ်က virusအမျိုးအစား ကိုယ်တွင်းဆဲလ်တွေထဲဝင်ပြီးမှ ပိုးအသစ်တွေထုတ်နိုင်တာ၊ ပြီးရင်လည်း အပြင်ပြန်ထွက်ဖို့က သူဝင်မျိုးပွားထားတဲ့ ဆဲလ်နံရံရဲ့အစိတ်အပိုင်းကိုဖြတ်ယူပြီး ဖောက်ထွက်ကာ တခြားဆဲလ်တွေကို ထပ်ကူးစက်တတ်ကြတာ

#အသံအိုး‌ပတ်ပတ်လည်နေရာက အရမ်းနူးညံ့တယ်၊ အသံကြိုးလို့
တင်စားပြီးခေါ်ကြတဲ့ စကားပြောတဲ့အခါမှာ လေကို အသံအနေနဲ့
ထွက်လာအောင်လုပ်ပေးတဲ့ ကြွက်သားအမျှင်လေးတွေ အဖွင့်အပိတ် အပြားလေးတွေရှိတယ်၊ အသံတုန်ခါမှု Viberation‌တွေနဲ့ ပြောချင် တဲ့အသံထွက်လာအောင် ထိန်းညှိပေးလို့ အရမ်းအရေးပါတယ်၊ အဲဒီ
နေရာမှာ အပြင်လေနဲ့အတူ ကူးစက်ဝင်ရောက်လာတဲ့ အိုမီကအခြေချနေရာယူတယ်၊ မျိုးပွားတယ်၊ အသံအိုးဆဲလ်တွေ ရောင်တယ်၊ အသံနာလာတယ်၊ ဆဲလ်တွေပေါက်ပြီး ပျက်စီးတာများရင် လည်ပင်းနာလာ
ပြီး အသံပါပျောက်သွားမယ်၊ အဲဒီဖြစ်စဉ်ကို ဆေးပညာက Laryngitisလို့ခေါ်တယ်

#လည်ချောင်းထဲမှာနေပိုးပွားပြီးတော့ ဖြန့်တဲ့အချိန်မှာ အထက်
အောက် ပြန့်တယ်၊ အပေါ်ဖက် နှာခေါင်းထဲ‌ပိုးပြန့်ရင် Nasal Irritationရပြီး နှာမွှန်၊ နှာစေး၊ နှာခေါင်းပိတ်တွေ ဖြစ်မယ်၊ အောက် ဖက်က အဆုတ်ထဲကိုလည်း အနည်းနဲ့အများရောက်ရင် ချွဲထွက်၊ ချွဲ
ပိတ်၊ ချောင်းဆိုးတွေ ဖြစ်မယ်၊ အဆုတ်ထဲပိုး‌ရောက်ချိန် ကာကွယ်
ဆေးထိုးပြီးသားဆို အေးဆေးပဲ၊ ကို‌ဗစ်ကိုတိုက်ထုတ်မည့် ခုခံအားက အသင့်စောင့်နေတယ်လေ၊ အဲတော့ မအိမသာ ‌အားနည်းတာလောက် ကလွဲရင် ဘာမှမဖြစ်ပဲ ပြီးသွားတာ၊ ဖျားတောင်မဖျားတော့ဘူးပေါ့

#ဘယ်လိုစစ်ရင်သိနိုင်မလဲဆို‌တော့ နှာခေါင်းထဲကနေ swabယူ တို့ဖတ်စစ်ရင် တချို့ကူးစက်ခံရသူတွေမှာ မတွေ့ကပဲ oropharyngeal swab ခေါ် လည်ချောင်းတို့ဖတ်‌ယူတော့မှ တွေ့ရတာတွေ ရှိတယ်လို့ ပြောပါတယ်၊ ဒီတော့ အသံဝင်လို့ စစ်
လိုက်ချိန် Negativeဆိုပေမဲ့လည်း မပေါ့ပါနဲ့၊ လက်ရှိ RDT testတွေက PCR testလောက် အဖြေမမှန်ပါဘူး၊ ဘာပဲဖြစ်ဖြစ် အခုအချိန် Covid Positiveနဲ့ အသံ‌နာ အသံပျောက်ပြီဆို Omicronဖြစ်ဖို့ 99%ပါ

#အသံနာတာဘယ်လိုကုမလည်းဆိုတာ အသေးစိပ်တော့ မရေးတော့ပါဘူး၊ Laryngitisကို ဆရာဝန်တိုင်း ကုတတ်ပါတယ်၊ စိတ်ချချင်
ရင်တော့ ဆေးခန်းပြကြည့်ပါ၊ အဓိက လည်ချောင်းအတွင်း ရောင်ရမ်း နေတာကို သက်သာစေတဲ့ Analgesicတချို့နဲ့ Serratiopeptidaseလိုမျိုးတွေ အဓိကသုံးပါတယ်၊ Antibiotics ခေါ် ပိုးသတ်ဆေးတွေက Viral Infectionဖြစ်တဲ့ အိုမီမှာမစွမ်းပါဘူး၊ ကိုယ်ဟာကိုယ်တွေ သောက်မနေကြပါနဲ့ဦး၊
လည်ပင်းမှာ တခြားအနာတွေ သို့ ပြည်တည်သလိုမျိုးတွေ ဖြစ်လာ
နိုင်ချေရှိတယ်ဆိုရင်တော့ ဆရာဝန်က ညွှန်းကြားပါလိမ့်မယ်၊ Cetrizeneတို့ Burmetonတို့ တခြားDecongestantလိုမျိုး‌
တွေကိုလည်း နှာမစေးနှာမပိတ်သေးပဲ ကြိုသောက်တာတို့ လိုအပ်တာထက် ပိုသောက်တာတို့ မလုပ်ပါနဲ့၊ လိုအပ်သည့် ပုံမှန်နှာရည်မထွက်ပဲ လည်ပင်းခြောက်နေရင်လည်း အသံပိုနာပါတယ်

#ကိုယ်ဟာကိုယ်သောက်ချင်ရင် Vitamin Cတို့ Zincတို့ပဲ
သောက်ပါ၊ ရေနွေးငွေ့ရှူပါ၊ ရေဝဝသောက်ပါ၊ လည်ပင်း အာ‌ခေါင်ကို အခြောက်မခံပါနဲ့၊ ရေခဲရေအေးအေးတွေရှောင်ပါ၊ အဓိကကတော့ အသံစပျက်နေပြီးဆို စကားတွေအများကြီး မပြောပါနဲ့၊ တိုးတိုးတိုးတိုးလည်း မပြောပါနဲ့ ပိုဆိုးပါတယ်၊ ဖြစ်နိုင်ရင် ၃ရက်လောက် လည်
ချောင်းကို အတတ်နိုင်ဆုံး အနားပေးထားလိုက်ပါ၊ မကြာခင် အသံ
ပြန်ထွက်လာမှာပါ၊ နှစ်ပတ်ကျော်လို့မှ အသံမထွက်လာရင်တော့ အသံအိုးထိသွားမှာ စိုးရိမ်ရပါတယ်၊ နီးစပ်ရာဆရာဝန်တစ်ယောက်နဲ့ အမြန်ဆုံးတိုငိပင်ပြီး လိုအပ်သည့်ကုသမှုရယူလိုက်ပါ

ဆေးလိပ်၊ ကော်ဖီနဲ့ အရက်ဘီယာလျော့သောက်ပါ၊ နားပါ၊ အားလုံး
ကျန်းမာနေကောင်းပြီး ပုံမှန်အသံတွေနဲ့ အမြန်ဆုံးပြန်လည် ပြောနိုင်
ဆိုနိုင်ကြပါစေလို့ ဆုတောင်းပါတယ်

Dr. Hadee Maung (9.2.2022)

P.S. ဆေးခန်းပြဖို့အခက်အခဲရှိလို့ သဘာဝနည်းနဲ့ လည်ပင်းနာ အသံနာသက်သာချင်ရင်တော့ ရေနွေးနွေးကို ဆားနည်းနည်းခပ်၊ ဂျင်းအပြားပါးပါးလေး တစ်ပြားနှစ်ပြားထည့်ပြီး ပျားရည်နဲ့အတူ တစ်ရက်ကို တစ်ကြိမ် နှစ်ကြိမ် သောက်နိုင်ပါတယ်၊ ဆက်တိုက်အများကြီးတော့ မသောက်ကြပါနဲ့

Research paperတွေ စုပေးထားတဲ့ Articleပါ Not Ref
https://www.theguardian.com/world/2022/jan/02/new-studies-reinforce-belief-that-omicron-is-less-likely-to-damage-lungs

May Ni Moee Hein
Credit

Six research groups’ findings all suggest variant multiplies more in throats and causes less serious disease

 -C ကဆေးကတ်လေးတွေယူကြရအောင်။😋💪ကျန်းမာမှ အစားတွေအများကြီးစားနိုင်မယ် မဟုတ်လား?😋😋🎇ချစ်ရတဲ့ Customer လေးတွေရဲ့ ကျန်းမာရေးကိ...
16/10/2021

-C ကဆေးကတ်လေးတွေယူကြရအောင်။😋

💪ကျန်းမာမှ အစားတွေအများကြီးစားနိုင်မယ် မဟုတ်လား?😋😋

🎇ချစ်ရတဲ့ Customer လေးတွေရဲ့ ကျန်းမာရေးကို အထူးအလေးထားတဲ့အနေနဲ့😋😋😋

👉အော်ဒါအရေအတွက်အကန့်သတ်လေးနဲ့ပေးမှာဖြစ်လို့ အမြန်လေးမှာထားမှစိတ်ချရမယ်နော်။😋😋😋😋

🔖 🔖 🔖 2**** .....လိုသလောက်ရ

☎ 0️⃣9️⃣4️⃣5️⃣0️⃣0️⃣6️⃣0️⃣6️⃣7️⃣9️⃣

🎯 Instock 🎯  Bird 🕊🕊(6*42ml)💰2️⃣7️⃣0️⃣0️⃣💰☎ 0️⃣9️⃣8️⃣7️⃣4️⃣0️⃣8️⃣0️⃣3️⃣☎ 0️⃣9️⃣4️⃣5️⃣0️⃣0️⃣6️⃣0️⃣6️⃣7️⃣9️⃣နယ်ဝေးကားတင်ပေ...
27/08/2021

🎯 Instock 🎯
Bird 🕊🕊(6*42ml)
💰2️⃣7️⃣0️⃣0️⃣💰
☎ 0️⃣9️⃣8️⃣7️⃣4️⃣0️⃣8️⃣0️⃣3️⃣
☎ 0️⃣9️⃣4️⃣5️⃣0️⃣0️⃣6️⃣0️⃣6️⃣7️⃣9️⃣
နယ်ဝေးကားတင်ပေးသည်။

18/08/2021

Bird (Rock Sugar)

Instock ☎ 0️⃣9️⃣8️⃣7️⃣4️⃣0️⃣8️⃣0️⃣3️⃣

Address

Dawei

Telephone

+959450060679

Website

Alerts

Be the first to know and let us send you an email when Rr Yo Oo Pharmacy - အရုဏ်ဦး ဆေးဆိုင် ထားဝယ်မြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share