Dawei Jobs ထားဝယ်အလုပ်များ

  • Home
  • Dawei Jobs ထားဝယ်အလုပ်များ

Dawei Jobs ထားဝယ်အလုပ်များ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dawei Jobs ထားဝယ်အလုပ်များ, .

04/07/2017
30/06/2017

အလုပ်သမားဥပဒေသစ်ကြောင့် နစ်နာမှုများရှိသဖြင့် ထိုင်းဝန်ကြီးချုပ် ပြန်ဖြေလျော့.......................
June 30, 2017

ထိုင်းအစိုးရမှ ထုတ်ပြန်လိုက်တဲ့ ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေး ဥပဒေသစ်ဟာ အလုပ်ရှင်နဲ့ အလုပ်သမားတွေကို အခက်တွေ့စေပြီး လုပ်ငန်းခွင်အချို့ကိုလည်း ထိခိုက်စေတာကြောင့် အဲဒီဥပဒေတချို့ကို ဖြေလျော့ပေးဖို့ ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ကျန်အိုးချားက အလုပ်သမားဝန်ကြီးဌာနကို မနေ့က ညွှန်ကြားလိုက်ပါတယ်။
ဝန်ကြီးချုပ်က သူတို့ ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ဘီအီး ၂၀၁၇ အလုပ်သမားဥပဒေသစ်မှာ ဥပဒေချိုးဖောက်သူတွေအနေနဲ့ ဒဏ်ငွေ ဘတ် ၄ သိန်း မှ ၈ သိန်းထိ ပေးဆောင်ရမှာမို့ အလုပ်ရှင်နဲ့ အလုပ်သမားကို အခက်တွေ့စေပြီး SME လို့ခေါ်တဲ့ အသေးစားနဲ့ အလတ်စား ကုန်ထုတ်လုပ်ငန်းတွေ၊ ဆောက်လုပ်ရေးနဲ့ အိမ်အကူလုပ်ငန်း စတဲ့ လုပ်ငန်းခွင် ၃ ခုမှာ အလုပ်သမား ပြတ်လပ်မှု ဖြစ်စေနိုင်တာကြောင့် ဥပဒေအချို့ကို ဖြေလျော့ပေးဖို့ ညွှန်ကြားထားတယ်လို့ ထိုင်းအလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်မှူး နိုင်းဝရားနန် ပီတိဝမ်က ဇွန်လ ၂၉ ရက် ဌာနဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအပြီး သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အဆိုပါ ညွှန်ကြားချက်အရ ရွှေ့ပြောင်းအလုပ်သမားဟာ အလုပ်ရှင် အမည်မတူရင် လျှောက်ထားခ ဘတ် ၁၀၀ နဲ့ သွားရောက်ပြောင်းလဲနိုင်ပြီး အလုပ်ရှင် ပြောင်းလဲစဉ် ကာလမှာလည်း အဖမ်းအဆီးမရှိစေရ။ မြန်မာအစိုးရနဲ့ သဘောတူထားတဲ့ MOU အလုပ်သမားကတ် ဆောင်ရွက်ချိန် သက်တမ်းတိုးမြှင့်ပေးပြီး ထိုင်းဘက်က ပြည်ဝင်ခွင့်ဗီဇာနဲ့ အလုပ်သမားကတ် ထုတ်ပေးမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံကူးလက်မှတ် (ပတ်စပို့)သာရှိပြီး အလုပ်လုပ်ခွင့် ဗီဇာမရှိသေးတဲ့သူတွေ ပြန်ပြီး အလုပ်လုပ်ရဖို့နဲ့ ယာယီနီုင်ငံကူးလက်မှတ် ရှိတဲ့သူတွေကိုလည်း အလုပ်လုပ်ခွင့် (အလုပ်သမားကတ် ) ထုတ်ပေးသွားမယ်လို့ ထိုင်းအလုပ်သမားညွှန်မှူးက ပြောပါတယ်။

၂၀၁၇ အလုပ်သမားဥပဒေ အသက်ဝင်စ အစပိုင်းမှာတော့ အလုပ်သမား ပြတ်လပ်မှု ရှိနိုင်ပေမယ့်လည်း ၂ လအတွင်း ပြဿနာတွေ ပြေလည်သွားမှာဖြစ်ကြောင်း၊ ယခင်က တရားမဝ လုပ်ဆောင်တဲ့သူတွေနေရာမှာ တရားဝင်အလုပ်သမားတွေ အစားထိုး ဝင်ရောက်လာမှာ ဖြစ်ကြောင်း၊ ထိုင်းစီးပွားရေးလုပ်ငန်းရှင်အသင်းက တောင်းဆိုထားတဲ့ အလုပ်သမားနေ ထိုင်ခွင့်တွေ နောက်ထပ် မှတ်ပုံတင်ပေးဖို့ ကိစ္စမှာတော့ အစိုးရအနေနဲ့ ၄ ကြိမ်တိုင် ထုတ်ပေးခဲ့ပြီး ဖြစ်လို့ ၅ ကြိမ်မြောက် ထုတ်ပေးဖို့ မဖြစ်နိုင်တော့ကြောင်း အလုပ်သမားညွှန်မှူးက ပြောသွားပါတယ်။

ဇွန်လ ၂၂ ရက်နေ့က ထုတ်ပြန်ပြီး ၂၃ မှာ စတင်အသက်ဝင်တဲ့ ဘီအီး 2017 ထိုင်းအလုပ်သမားဥပဒေကြောင့် အထောက်အထားမပြည့်စုံတဲ့ မြန်မာ၊ လော နဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေ မိခင်နိုင်ငံကို အစုလိုက်အပြုံလိုက်ပြန်နေကြပါတယ်။

မြန်မာအလုပ်သမားတွေဟာ မယ်ဆိုင်၊ ရနောင်း၊ မဲဆောက် စတဲ့ လမ်းကြောင်းကနေ ပြည်တွင်းပြန်ဝင်နေရာမှာ မဲဆောက်-မြဝတီလမ်းကြောင်း တခုတည်းတင် တနေ့ကို ခန့်မှန်းခြေ ၂ ထောင်လောက်ရှိပြီး သူတို့ပြည်တော်ပြန်ခရီး အဆင်ပြေဖို့ မြန်မာအစိုးရက ဆောင်ရွက်နေကြောင်း ဘန်ကောက်အခြေစိုက် ထိုင်း-မြန်မာသံရုံး မြန်မာအလုပ်သမားအရာရှိ ဦးနိုင်မင်းသူက ဒီဗွီဘီကို ခုလိုပြောပါတယ်။

“ဇွန်လ ၂၈ နဲ့ ၂၉ ရက်တွေမှာ မဲဆောက်လမ်းကြောင်းတခုတည်းတင် တနေ့ကို ၂ ထောင်ကျော် ၃ ထောင်လောက် ပြန်မယ်လို့ ခန့်မှန်းရပါတယ်ခင်ဗျ၊ စာရင်းအတိအကျကိုတော့ မသိနိုင်ဘူး၊ သူတို့က အထောက်အထားမဲ့တွေ များတာပေါ့နော်။ ဒါပေမယ့် အဲဒီအထောက်အထားမဲ့တဲ့သူတွေပါ အဆင်ပြေပြေပြန်လို့ရအောင်လို့ ရန်ကုန်မှာ ကျနော်တို့ ဒီကနေ့လည်း လုပ်နေပါတယ်။ မြန်မာ-ထိုင်း အလုပ်သမားရေးရာ အစည်းအဝေးရှိတယ်ဗျ၊ အဲဒီမှာ သူတို့တွေ အဆင်ပြေပြေပြန်နီုင်ဖို့ ထည့်သွင်းဆွေးနွေးဖို့တွေ ရှိတယ်ဗျ။ တချို့အလုပ်သမားတွေလည်း သူတို့ဘာသာသူတို့ အဆင်ပြေတဲ့နည်းလမ်းတွေနဲ့ ပြန်နေကြပါတယ်။”

ထိုင်းနိုင်ငံထဲ တရားဝင်အနေနဲ့ရော၊ တရားမဝင်အနေနဲ့ပါ ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားပေါင်း ၃ သန်းလောက်ရှိမယ်လို့ မြန်မာ လူဝင်မှုကြီးကြပ်ရေးနဲ့ အလုပ်သမားဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

Credit: DVB

29/06/2017
27/06/2017

တစ်ယူနစ် ကျပ်၂၁၀ နှုန်း လျှပ်စစ် ဖြန့်ဖြူးရေး လုပ်ခွင့်ရ ကုမ္ပဏီအမည် မကြာမီ ထုတ်ပြန်မည်

21/06/2017

Address


Website

Alerts

Be the first to know and let us send you an email when Dawei Jobs ထားဝယ်အလုပ်များ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram