22/10/2025
တနင်္သာရီတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၅ခုနှစ်၊ ကမ္ဘာ့ မျက်မမြင် ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို (၂၂-၁၀-၂၀၂၅) ရက်နေ့တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာနှင့်ကုသရေးဦးစီးဌာနမှူး မှ အခမ်းအနား ကျင်းပရခြင်း အကြောင်းကို ရှင်းလင်းတင်ပြပါသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးတို့မှ အဖိုးအဖွားများအား မျက်မှန်တပ်ဆင်ပေးခြင်း၊ အာဟာရထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက် ပါသည်။ အခမ်းအနားသို့ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ မိခင်ကလေးနှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့်အထူးကုဆရာဝန်ကြီးများ၊ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၁၅၀)ခန့် တက်ရောက်ကြ ပါသည်။