ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San Pharmacy

  • Home
  • Myanmar
  • Einme
  • ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San Pharmacy

ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San Pharmacy, Pharmacy / Drugstore, အမှတ် (၂၀၄ )၊ ၂လမ်း ၊ ချောင်းဝပိုင်း ၊ CB ဘဏ်အနီး၊ အိမ်မဲမြို့။, Einme.

Detussin ချောင်းဆိုးပျောက်ဆေးချောင်းဆိုးချွဲကျပ်သက်သာပျောက်ကင်းစေသော   ချောင်းဆိုးပျောက်ဆေးကဒ်များ ငွေအိမ်စံ ဆေးဆိုင် အိ...
07/10/2024

Detussin ချောင်းဆိုးပျောက်ဆေး

ချောင်းဆိုးချွဲကျပ်သက်သာပျောက်ကင်းစေသော ချောင်းဆိုးပျောက်ဆေးကဒ်များ ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San Pharmacy တွင်ဝယ်ယူရရှိနိုင်ပါသည်။

🏡 ငွေအိမ်စံ ဆေးဆိုင်၊ ၂လမ်း၊ ချောင်းဝပိုင်း၊ CB bankအနီး၊ အိမ်မဲမြို့။
📲 09770536224

Elixir ကြက်ပေါင်းရည်မလေးရှားနိုင်ငံထုတ် ကြက်ပေါင်းရည် Elixir Chicken essenceကို ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eai...
07/10/2024

Elixir ကြက်ပေါင်းရည်

မလေးရှားနိုင်ငံထုတ် ကြက်ပေါင်းရည် Elixir Chicken essenceကို ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San Pharmacy တွင်ဝယ်ယူရရှိနိုင်ပါသည်။

📲 09770536224

#ကြက်ပေါင်းရည်

Carditas Re**rdNifedipine 20mg ပါဝင်သော သွေးပေါင်ကျဆေး အညိုကဒ်  **rd ကို ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San P...
07/10/2024

Carditas Re**rd

Nifedipine 20mg ပါဝင်သော သွေးပေါင်ကျဆေး အညိုကဒ် **rd ကို ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San Pharmacy တွင်ဝယ်ယူရရှိနိုင်ပါသည်။
📲 09770536224

#သွေးပေါင်ကျဆေး

ပစ္စည်းပြတ်နေတာကြာပြီဖြစ်တဲ့   တားဆေးကဒ်များ ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San Pharmacy တွင် ဝယ်ယူရရှိနိုင်ပ...
01/10/2024

ပစ္စည်းပြတ်နေတာကြာပြီဖြစ်တဲ့ တားဆေးကဒ်များ ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San Pharmacy တွင် ဝယ်ယူရရှိနိုင်ပါသည်။
Ph - 09770536224

  တားဆေးကဒ် ပြန်လည်ရောက်ရှိပါပြီ📌  အစိမ်းရောင်လေးက နို့တိုက်မိခင်တွေအတွက်အထူးထုတ်လုပ်ထားတာကြောင့် ကလေးနို့တိုက်နေစဉ် နို...
01/10/2024

တားဆေးကဒ် ပြန်လည်ရောက်ရှိပါပြီ

📌 အစိမ်းရောင်လေးက နို့တိုက်မိခင်တွေအတွက်အထူးထုတ်လုပ်ထားတာကြောင့် ကလေးနို့တိုက်နေစဉ် နို့ထွက်နည်းခြင်းများကို မဖြစ်စေတဲ့အပြင် ၉၉ ရာခိုင်နှုန်းထိ သားဆက်ခြားပေးနိုင်ပါတယ်။

ို ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San Pharmacy တွင် ပစ္စည်းမှန် ဈေးနှုန်းမှန်ကန်ချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်ပါပြီ။

🏡 ၂လမ်း၊ ချောင်းဝပိုင်း၊ CB bankအနီး၊ အိမ်မဲမြို့။

📱 09770536224

Martian ကလေးအားဆေးများ ပြန်လည်ရရှိနိုင်ပါပြီ
01/10/2024

Martian ကလေးအားဆေးများ ပြန်လည်ရရှိနိုင်ပါပြီ

 #ဝမ်းသွားနေတာဓာတ်ဆားသောက်တိုင်းထပ်ထပ်သွားနေလို့ဓာတ်ဆားမသောက်တော့ဘူး #သွေးတိုးရှိတယ်လေ_ဆီချိုရှိတယ်လေ_ဘာလို့ဓာတ်ဆားသောက်...
27/08/2024

#ဝမ်းသွားနေတာဓာတ်ဆားသောက်တိုင်းထပ်ထပ်သွားနေလို့ဓာတ်ဆားမသောက်တော့ဘူး
#သွေးတိုးရှိတယ်လေ_ဆီချိုရှိတယ်လေ_ဘာလို့ဓာတ်ဆားသောက်ရမှာလဲ

#ဓာတ်ဆားရည် (ORS)

ရေဓာတ် ၇၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးက တကယ်တမ်းပြောရရင် ရေထုပ်ကြီးပါ။
အဲ့လို ရေထုပ်ကြီးကနေ ဝမ်းပျက်တဲ့အခါ ရေတင်မက ဓာတ်ဆားဓာတ် (Electrolytes) တွေပါ ဆုံးရှုံးပါတယ်
အဲ့လိုအချိန်မျိုးမှာ ဆုံးရှုံးသွားသလောက်ပြန်ဖြည့်ပေးဖို့က အရေးကြီးဆုံးပါ

ရေဓာတ် ဆုံးရှုံးသလောက်ပြန်မဖြည့်တဲ့အခါ
- အာခေါင်ခြောက်ခြင်း
- ရေငတ်ခြင်း
- အရေပြားတင်းအားလျော့ရွဲလာခြင်း
- မျက်တွင်းဟောက်ပက်ဖြစ်လာခြင်း
- အထိုင်အထမူးခြင်း
- ခြေဖျားလက်ဖျားအေးခြင်း
- ရင်တုန်ခြင်း ဖြစ်ရာကနေ
- သွေးပေါင်ကျ Shock ရပြီး
ကျောက်ကပ်ပျက်ခြင်းမှ သည် အသက်ဆုံးရှုံးသည် အထိဖြစ်တတ်ပါတယ်
ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးတဲ့အခါ
- နုံးချိခြင်း
- ကြွက်တက်ခြင်း မှသည်
- နှလုံးဖောက်ကာ အသက်ဆုံးရှုံးသည် အထိဖြစ်တတ်ပါတယ်

အဲ့ဒါကြောင့် အသက်ကယ်ဆေးရည် လို့ခေါ်ရလောက်တဲ့ ဓာတ်ဆားရည်ကို ဆုံးရှုံးသွားသလောက် အမြန်ဆုံးပြန်ဖြည့်ရပါတယ်
❌ ဓာတ်ဆားသောက်လို့ ဝမ်းပိုမပျက်ပါဘူး
✳️ ဆီးချိုရှိလည်း ဝမ်းပျက်များနေချိန် ဓာတ်ဆားရည်က သောက်ကိုသောက်ရပါမယ်
✳️ သွေးတိုးရောဂါ ရှိလည်း ဝမ်းပျက်များနေချိန် ဓာတ်ဆားရည်က သောက်ကိုသောက်ရပါမယ်

မျောက်ကျောက်က ချိမ်းခြောက်လာချိန် ဝမ်းရောဂါက မပြီးဆုံးသေးလို့ ဓာတ်ဆားရည်ကို လိုအပ်ချိန်မှာ သောက်ဖို့ ဆင်ခြေမပေးကြပါနှင့်
Social media တွေမှာ ဝမ်းပျက်ပြီး မျက်တွင်းဟောက်ပက်လေးနဲ့ ရုတ်တရက်ဆုံးသွားတဲ့ သူတွေ တွေ့နေရတယ် မလား သတိထားကြပါ

ဝမ်းမပျက်ရအောင်
👉 အစားအစာကို သေချာစွာချက်ပြုတ်စားသောက်ပါ
👉 ရေကို ကျိုချက်ပြီးသောက်သုံးပါ
👉 ယင်လုံအိမ်သာသုံးပါ
👉 အစာမစားမီ အိမ်သာအသုံးပြုပြီး အပြင်မှပြန်လာလျှင် လက်ကိုစင်ကြယ်စွာဆေးကြောကြပါ

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်
10:05 pm/26.08.24
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

အိပ်လို့မရအောင် ဆိုးတဲ့ ချောင်းတွေကို 𝐙𝐞𝐜𝐮𝐟 (ဇီးကပ်ဖ်) နှင့်အတူ မောင်းထုတ်လိုက်ပါ... 😎😎တစ်နေ့တာမှာ အလုပ်တာဝန်တွေကများ၊ အ...
28/07/2024

အိပ်လို့မရအောင် ဆိုးတဲ့ ချောင်းတွေကို 𝐙𝐞𝐜𝐮𝐟 (ဇီးကပ်ဖ်) နှင့်အတူ မောင်းထုတ်လိုက်ပါ... 😎😎

တစ်နေ့တာမှာ အလုပ်တာဝန်တွေကများ၊ အနားယူဖို့အချိန်ကိုတောင် လုနေရတဲ့ကြားထဲမှာ အေးအေးဆေးဆေး အိပ်စက်အနားယူဖို့အတွက် ပြင်လိုက်မယ်ကြံကာမှ ချောင်းက အိပ်လို့မရအောင် ဆိုးနေမယ်ဆိုရင်တော့ အဆင်မပြေတော့ပါဘူးနော်... 😑😑

ဒီအတွက်တော့ မပူပါနဲ့.. 𝐙𝐞𝐜𝐮𝐟 (ဇီးကပ်ဖ်) ငုံဆေးလေးနဲ့ဆိုရင် ဘာကိုမှ ‌ကြောက်နေစရာမလိုတော့ပါဘူး 🤩🤩

ဘာလို့ ချောင်းဆိုးပျောက်ဆေးတွေ အများကြီးထဲမှာ 𝐙𝐞𝐜𝐮𝐟 (ဇီးကပ်ဖ်) ကိုမှ ရွေးချယ်ရတာလဲဆိုရင်.. ❓❓

လူတော်တော်များများက ချောင်းဆိုးပျောက်ဆေးသောက်ရင် အိပ်ငိုက်မှာကိုကြောက်တတ်ကြပါတယ်.. 𝐙𝐞𝐜𝐮𝐟 (ဇီးကပ်ဖ်) မှာတော့ အယ်လ်ကိုဟော လုံး၀မပါ၀င်တဲ့အတွက် လုံး၀အိပ်မငိုက်စေပဲ အာနိသင်အပြည့်အ၀ကို ရရှိစေမှာဖြစ်လို့ပါ 🤩🤩

𝐙𝐞𝐜𝐮𝐟 (ဇီးကပ်ဖ်) က ငုံဆေးအနေနဲ့ရော ဆေးရည်အနေနဲ့ပါ ပုံစံ ၂ မျိုးထွက်ရှိထားပြီး.. သဘာ၀ပါ၀င်ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတာကြောင့် ယုံကြည်စိတ်ချရပါတယ်.. အရသာကလည်း ချိုချိုလေးဆိုတော့ ကလေးတွေအတွက်လည်း အဆင်ပြေတာပေါ့ 👶👶

“လည်ချောင်းနာခြင်း ချောင်းဆိုးကင်း လျင်မြန်ထိရောက် 𝐙𝐞𝐜𝐮𝐟 (ဇီးကပ်ဖ်) သောက်”

#𝐙𝐞𝐜𝐮𝐟
#𝐋𝐨𝐳𝐞𝐧𝐠𝐞𝐬

#𝐂𝐨𝐮𝐠𝐡

🏡 ငွေအိမ်စံ ဆေးဆိုင်၊ ၂လမ်း၊ ချောင်းဝပိုင်း၊ CB bankအနီး၊ အိမ်မဲမြို့ တွင်ဝယ်ယူရရှိနိုင်ပါသည်။

📲 09770536224

🌦 ခုလိုရာသီဥတုအကူးအပြောင်းမှာ လည်ချောင်းရောင်ရမ်းတာ၊ နာကျင်တာတွေဖြစ်လေ့ရှိကြပါတယ်။Throatsil ဟာ လည်ချောင်း နာကျင်ခြင်း၊ရေ...
28/07/2024

🌦 ခုလိုရာသီဥတုအကူးအပြောင်းမှာ လည်ချောင်းရောင်ရမ်းတာ၊ နာကျင်တာတွေဖြစ်လေ့ရှိကြပါတယ်။

Throatsil ဟာ လည်ချောင်း နာကျင်ခြင်း၊
ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့အပြင် 🌬

လည်ချောင်းယားယံခြင်း၊ ခြောက်ကပ်ခြင်းတွေကိုလည်း လျှော့ချပေးပြီး ခံတွင်းရနံ့သင်းပျံ့စေတာကြောင့်
သင့်အတွက်ပြီးပြည့်စုံတဲ့ ရွေးချယ်မှုပဲပေါ့။ ❤️

ငုံဆေးကို ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San Pharmacy တွင် ဝယ်ယူရရှိနိုင်ပါသည်။

🏡 ငွေအိမ်စံဆေးဆိုင်၊ ၂လမ်း၊ ချောင်းဝပိုင်း၊ CB bankအနီး၊ အိမ်မဲမြို့။
📲 09770536224

#ခံတွင်းရနံ့သင်းလည်ချောင်းရှင်း ိုကောင်းတယ် ံတွင်းရနံ့သင်းလည်ချောင်းရှင်း

28/07/2024

Ascoril ချောင်းဆိုးရင်ကျပ်ပျောက်ဆေးရည်

ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San Pharmacy တွင်ဝယ်ယူရရှိနိုင်ပါသည်။

Ph -09770536224

မကြာခဏကြုံကြရတဲ့ ခေါင်းမူးခြင်း
28/07/2024

မကြာခဏကြုံကြရတဲ့ ခေါင်းမူးခြင်း

#ခေါင်းမူးတယ်
#ရိတ်တိတ်ရိတ်တိတ်ပဲ_လည်ထွက်နေတာမဟုတ်ဘူး
ောက်ထားတယ်_မသက်သာဘူး



မူးတယ်ဆိုတဲ့ ခံစားချက်က လူတိုင်းနီးပါးခံစားဖူးကြပါတယ်။
ဒီလိုပဲ အနားယူလိုက်လို့ သက်သာသွားတာများပေမယ့် ဆေးရုံ/ဆေးခန်းသွားရလောက်အောင် ကြီးမားတဲ့ အရာတွေလည်းရှိပါတယ်။

#မူးတယ် ဆိုတာ ရောဂါမဟုတ်ပါဘူး 👉 လက္ခဏာပါ။

ကျွန်တော်စာရေးရင် အမြဲ ရောဂါ နဲ့ လက္ခဏာကို ခွဲပြီးပြောတတ်ပါတယ်။
ရောဂါဆိုတာက 👉 ကုသရတာဖြစ်ပြီး
လက္ခဏာက 👉 အဲ့ဒီလက္ခဏာဖြစ်ရတဲ့ ရောဂါကို ရှာရပါတယ် (အဲ့ဒါမှ အပြီးပျောက်တာပါ)

အခု #မူးတယ် ဆိုတဲ့ ဟာ အာရုံခံစားမှုပြဿနာပါ (အထူးသဖြင့် အမြင်အာရုံ ၊အကြားအာရုံ နဲ့ ခန္ဓာကိုယ်ရဲ့ Balance ထိန်းညှိမှု ပြဿနာပါ)

လူနာတစ်ယောက် #မူးတယ်ဆိုပြီး လာရင် ကျွန်တော် 🤔 စဉ်းစားတဲ့ အတိုင်းရှင်းပြပါမယ်။

#သောက်နေကျဆေး
ဘာဆေးတွေသောက်နေတာရှိလည်း
- သွေးကျဆေး ( အခုခေတ်မှာ သွေးပေါင် ၁၃၅/၈၀ လောက်ကို သွေးတိုးရောဂါ လို့သတ်မှတ်ပြီး ဆေးသောက်နေကြပါတယ်)
စိတ်ပျက်စရာပါ ကျွန်တော်က အောက်သွေး ၉၀ ကျော်နေလို့ အမေသောက်တဲ့ Amlong သောက်နေတယ် 😰😰😰
လူငယ်တွေ အောက်သွေးတက်တာဟာ
- အဆီအစားများခြင်း၊
- အရက် Beer ၊
- ဆေးလိပ်သောက်သုံးမှုများခြင်း ၊
- လှုပ်ရှားမှုနည်းခြင်း
- စိတ်ဖိစီးမှုများခြင်းတွေကြောင့် ဖြစ်လို့

သွေးကျဆေး မသောက်ခင် Life style changes အရင်လုပ်ခိုင်းရပါတယ်။
မလိုအပ်ပဲ ဆေးတွေ လျှောက်သောက်တော့ #သွေးပေါင်ကျပြီး ***မူးနေတတ်ပါတယ်
___
#သွေးပေါင်တက်လည်း မူးပါတယ်

လူငယ်တွေက သွေးပေါင်လေး ၁၃၀ လောက်ကို ဆေးတွေသောက်ကြပေမယ့် လူကြီးတွေကျပြန်တော့ ၁၅၀/၁၆၀ လောက်ကို ကျွန်တော်က ဒီလောက်နဲ့မှ နေလို့ကောင်းတာ ဆိုပြီး မသောက်ကြပါဗျာ

အဲ့တော့ #သောက်နေကျဆေး ***မသောက်လည်း မူးပါတယ်
___
အခုဒီရက်ပိုင်း Mask တပ်ရတော့ ဝက်ခြံတွေပေါက်ကြပါတယ်။
ဝက်ခြံပျောက်ဆေး ဆိုပြီး နီးစပ်ရာမေးပြီး #ပိုးသတ်ဆေးတွေသောက်ပါတယ်
အဲ့ဒီ ဝက်ခြံပျောက်တယ်ဆိုတဲ့ ပိုးသတ်ဆေးတွေက မူးပါတယ် (တော်တော်ကို မူးပါတယ်)
___
#ဆီးချိုဆေး

ဆီးချိုတက်လည်း မူးတတ်သလို
ဆီးချိုကျရင် မူးရုံမကပဲ အရမ်းကျရင် သတိပါလစ်တတ်ပါတယ်။

အဲ့ဒါကြောင့် #မူးတယ် ဆိုရင်
- သွေးပေါင်ချိန်ရပါမယ် (သွေးပေါင်ချိန်သိရပါမယ်)
- ဆီးချိုရောဂါရှိရင် ဆီးချိုစစ်ကြည့်ရပါမယ်

___
#အခုအချိန် Stay Home နဲ့ အားနေကြတော့
ဖုန်းကြည့် ၊ Game ဆော့ ၊ ရုပ်ရှင်ကြည့် နဲ့

မျက်စိပါဝါတွေ တက်ပါတယ်။
ရိုးရိုးပါဝါ မတက်တောင် စလင်ဒါတက်ပါတယ်။

အဲ့ဒါကလည်း ဇတ်ကြောတက်ပြီး ရိတ်ရိတ် ရိတ်ရိတ် မူးရတဲ့ အကြောင်းပါပဲ

👉 မျက်စိပါဝါ Check ပါ
___
ရေဓာတ်ခမ်းခြောက်တာကလည်း မူးတတ်ပါတယ်

ဒီရက်ပိုင်း
- ဝမ်းလျှောထားတယ်
- အန်ထားတယ် (အူရောင်ရောဂါ)
- ချွေးတွေအများကြီးထွက်ထားတယ်
- အမျိုးသမီးတွေ ဓမ္မတာ လာထားတယ်
ဆိုရင် ရေဓာတ်နည်းနေတဲ့ အတွက် ရိတ်ရိတ် မူးနေရုံမက ရုတ်တရက် ထလိုက်ရင် မျက်လုံးတွေပါ ပြာဝေပြီး သတိလစ်မတတ် ဖြစ်တတ်ပါတယ်။

👉 အရည်များများပြန်သောက်ပေးပါ၊
___
အလွန်အကျွံ Diet လုပ်ခြင်းကလည်း သွေးတွင်း သကြားဓာတ်ကျတတ်လို့ #မူးတတ်ပါတယ်

မူးနေရုံမက ပဲ စိတ်ပါတိုနေရင် ကျိန်းသေ ပါတယ်
(အခု ခေတ်စားနေတဲ့ IF Intermittent Fasting 16:8 => 16 နာရီ အစားမစားပဲနေ 8 နာရီအတွင်းပဲ စားရတာပါ)

ကျွန်တော်လည်း IF လုပ်ပါတယ် Ratio ကတော့ ပြောင်းပြန်ပါ ၁၆ နာရီစားပြီး ၈ နာရီ မစားပါဘူး (၈ နာရီက အိပ်နေတဲ့ အချိန်လေ 😁)

👉 ဆိုလိုတာက တော်ရုံတန်ရုံလုပ်ပါ (Diet ဆိုတဲ့ အဓိပ္ပာယ်က ကျန်းမာရေးကောင်းအောင်လုပ်တာပါ အလွန်အကျွံလုပ်ရင်းကနေ ဆေးရုံ/ဆေးခန်း ရောက်ရရင် မတန်ပါဘူး)

အပေါ်က ရှင်းပြခဲ့တာတွေက အဖြစ်များတဲ့ အကြောင်းရင်းတွေပါ

***မူးတာအပြင် #အရေးကြီးတဲ့လက္ခဏာတွေက
- ခြေ/လက် လေးသွားခြင်း (ကိုယ်တစ်ခြမ်းလေးသွားခြင်း)
- ကိုယ်တစ်ခြမ်း ထုံကျဉ်ခြင်း (လက်ထိပ်ခြေထိပ်လေးတွေကျဉ်တာ မဟုတ်ပါဘူးနော်)
- မျက်နှာရွဲ့သွားခြင်း
- အစာမျိုချ၍မရတော့ခြင်း
- လျှာလေး၍စကားမပီသတော့ခြင်း (စကားမပြောနိုင်တော့ခြင်း)
- သတိလစ်ခြင်း
- တက်ခြင်း
အစရှိတာတွေ နဲ့တွဲဖြစ်လျှင်တော့ ဆေးရုံချက်ချင်းပြသပါ (လေဖြတ်ခြင်း ဖြစ်ဖို့များပါတယ်)

👉👉👉
ပြန်ခြုံရရင်

#မူးတယ်ဆိုတာ
- လက္ခဏာပါ ရောဂါမဟုတ်ပါဘူး
- ​ဖြစ်ရတဲ့အကြောင်းရင်းရှာရပါမယ် (အမူးပြေဆေးသောက်နေရုံနဲ့မရပါဘူး)
- Betex ဆိုတာ Vitamin B1,B6,B12 ရယ်ပါတဲ့ဆေးပါ သူ့သောက်တာနဲ့ မူးတာကြီးကပျောက်မသွားပါဘူး
- အရေးကြီးတဲ့ Danger signs တွေကို စောင့်ကြည့်ပါ ရှိတာနဲ့ ချက်ချင်းဆေးရုံပြပါ

- အနည်းဆုံးတော့ သွေးပေါင်ချိန်ပါ (ဆီးချိုရောဂါရှိလျှင် ဆီးချိုစစ်ပါ)
- ဖုန်းသုံးတာ မျက်စိအသုံးပြုတာလျှော့ပါ
- မျက်စိပိတ် စိတ်လျှော့ပြီး အိပ်ယာပေါ်မှာ အနားယူလိုက်ပါ

- မူးတာအပြင်စိတ်တိုပြီး ရင်ပါတုန်ရင်တော့ ချိုတာစားပါ။
- ရေ အရည် များများသောက်ပါ။

အားလုံးကို ***ကာမိအောင် ရေးပေးထားပါတယ်
#သင့်တော်ရာ_ယူသုံးပါ
ဒီထဲမပါပဲ #ထူးခြားတဲ့_Presentation နဲ့ *မူးနေရင်တော့ ဆရာဝန်ပြလိုက်ပါ

(မူးနေမှာပေါ့ ကျီးပေါင်းရှိတာကိုးလို့ ပြောတတ်ကြပါတယ်) ကျီးပေါင်းကြောင့်မူးတယ် ဆိုတာ ချာချာလည်အောင်မူးပါတယ်

ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်
09:00 pm/ 28.01.2021

အဖြစ်များနေတဲ့ တုပ်ကွေးရောဂါ
28/07/2024

အဖြစ်များနေတဲ့ တုပ်ကွေးရောဂါ

#ကိုယ်လက်ကိုက်ခဲတယ်_ဖျားနေတယ်
#ချောင်းဆိုးတယ်_လည်ချောင်းနာတယ်_နှာမွှန်တယ်

#ဘယ်လိုလုပ်ရမလဲ ⁉️

အခုအချိန်မှာ မိမိ အိမ်မှာရှိတဲ့ အိမ်သားတစ်ယောက်ယောက်တော့ အဲ့လိုတွေခံစားနေရပါပြီ

မိုးရာသီရောက်နေပြီဖြစ်လို့

* Covid
- တုပ်ကွေးရောဂါ ( Flu )
- ရာသီဖျား ( Common Cold )
- အဆုတ်အအေးမိ/အဆုတ်ရောင်ရောဂါ ( Pneumonia )

အစရှိသည်တို့ ပေါင်းစည်းပြီး "ရောဂါကပ်" အနေ ဖြင့် နှိပ်စက်နေပါပြီ

ရောဂါပိုးအားလုံးက အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်ဖျက်ဆီးကြတာဖြစ်လို့
ဘယ်အကောင်ကြောင့်ဖြစ်ဖြစ်

- နှာစေး၊ နှာမွှန်၊ နှာချေ၊ နှာပိတ်
- လည်ချောင်းနာ၊ အသံဝင်
- ချောင်းဆိုး
- ကိုယ်အပူချိန်တက်ပါတယ်
- ခေါင်းကိုက် ၊ ကိုယ်လက်ကိုက်ခဲပါတယ်

အခြေအနေဆိုးလာရင် (Danger Signs)
- အသက်ရှူမြန်လာပါတယ် (တစ်မိနစ် အကြိမ် ၃၀ ကျော်)
- သွေးတွင်း Oxygen ကျလာတတ်ပါတယ်
- အသက်ရှူရခက်/ကြပ်လာပြီး မောလာတတ်ပါတယ်
- လူနာက အရမ်းမှိန်းသွားနိုင်သလို၊ ကယောင်ကတမ်းနဲ့ ဂဏာမငြိမ်ဖြစ်လာတတ်ပါတယ်

___________

သာမန် အအေးမိဖျားနာတာပါ ၊ တုပ်ကွေးပါ ၊ Covid ပါ လို့အတိအကျ မပြောနိုင်သလို
အတူတူနေပြီး တူတူဖျားကြတဲ့ လူတွေထဲမှာကို ကူးစက်တဲ့ Source မတူတဲ့အတွက် ဖြစ်တဲ့ရောဂါချင်း တူချင်မှ တူမှာပါ။

ဆိုလိုတာက
- တစ်ယောက်က Covid ကြောင့်ဖျားနေတယ်၊
- တခြားတစ်ယောက်က တုပ်ကွေး
- နောက်တစ်ယောက်က ရာသီဖျား ဖြစ်နေရင်

တူတူ ပူးပူးကပ်ကပ် နေကြရင် တစ်ယောက်ဆီကနေ တယောက်ကူးစက်ပြီး ရောဂါတစ်ခုထဲ ဖြစ်တာထက် ရောဂါ ၂-၃ ခုပေါင်းဖြစ်ရင် ပိုခံရပါတယ်

နှာစေး၊ ချောင်းဆိုး၊ ဖျားနေကြတာ တူလည်း တစ်အိမ်ထဲ၊ တိုက်ခန်းတစ်ခန်းထဲ ပေမယ့်
- ဝေးဝေးနေကြပါ
- Mask တပ်ထားနိုင်က ပိုပြီး ကောင်းမွန်ပါတယ်
- မျက်နှာချင်းဆိုင်ထိုင်၊ အစားတူတူစားတာ ၊ စကားဖောင်ဖွဲ့တာ တွေမလုပ်ကြပါနဲ့
- ချစ်ခင်ပြီး ဖက်လျက် မနေကြပါနဲ့

တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ခံအားခြင်း မတူသလို၊ ရောဂါအခံ အသက်အရွယ် ခြင်းမတူပါက ရောဂါပြင်းထန်ပုံခြင်း မတူကြပါ။

သွေးတွင်း Oxygen တိုင်းစက် Pulse Oximeter လေးတွေ ရှိကြမယ်ထင်ပါတယ်။
တိုင်း ကြည့်ကြပါ။ (ရေရှည်ဆေးလိပ်သောက်လို့ အဆုတ်ပွရောဂါမရှိသူ၊ မွေးရာပါနှလုံးရောဂါမရှိသူ) သာမန်လူတစ်ယောက်ဟာ SpO2 >94% ကျော်ရှိရပါမယ်
တစ်မိနစ် အသက်ရှူနှုန်း တိုင်းကြပါ။ အသက်ရှူသွင်းတာ + ရှူထုတ်တာ ကို (၁) ကြိမ်ပါ။ ဘယ်နှကြိမ်ရှူလဲ ရေတွက်ကြည့်ပါ။

လိုက်နာရမယ့် နည်းလမ်းတွေ ပြောပြပြီး ပေမယ့် တစ်ကြိမ်ထပ်ပြောပါမယ်။

#အဖျားကျဆေး Paracetamol 500mg (Biogesic, Para, Napa, Tylenol) (၆) နာရီခြား တစ်နေ့ လေးကြိမ်သောက်လို့ရပါတယ်
#ချောင်းဆိုး
- ချွဲထွက်/သလိပ်ထွက်လျှင် expectorant Bromhexine ပါသည့် Solmux, Ascoril တစ်နေ့ (၃) ကြိမ်ထိသောက်လို့ရပါတယ်)
- ချောင်းခြောက်ဆိုးလျှင် Cough suppressant Bromchest, Cherricough( တစ်နေ့ (၃) ကြိမ်ထိသောက်လို့ရပါတယ်)
#နှာစေး_နှာချေ_နှာမွှန်
- Cetrine (Cetrizine 10 mg) တစ်နေ့တစ်လုံး သောက်လို့ရပါတယ် (အိပ်ငိုက်ပါတယ်၊ ခေါင်းအုံတတ်ပါတယ်)
- Cetrine (မသောက်ချင်ပါက) Loratidine တစ်နေ့တစ်လုံးသောက်ပါ။ (သူက သိပ်မငိုက်ပါဘူး)
- အပေါ်က ဆေးတွေမရှိပါက Burmeton လည်းသောက်၍ရပါတယ် လက္ခဏာပေါ်မူတည်ပြီး (၆) နာရီခြား တစ်နေ့ (၄) ကြိမ်အထိသောက်လို့ရပါတယ်။
#လည်ချောင်းနာ
- (ရေနွေး+ဆား) ဆားရည်ဖြင့် ပါးလုတ်ကျင်းပါ တစ်နေ့ အနည်းဆုံး (၃) ကြိမ် {နေရခက်တိုင်း ခဏခဏ လုပ်ပါ} *မျိုမချပါနှင့်
- Mybacin ငုံဆေးလေး ငုံလိုက ငုံလို့ရပါတယ်

👉 ရေများများသောက်ပါ၊ အာခေါင်မခြောက်ပါစေနှင့်
👉 အစားပုံမှန်စားပါ (အစာကြေလွယ်ပြီး ခွန်အားဖြစ်တာတွေ စားပါ) (*ဆန်ပြုတ်ချည်းသောက်မနေပါနှင့်)
👉 အိပ်ရေး ဝ ဝ အိပ်ပါ
👉 အလုပ်မှ အနားယူပါ၊ စိတ်ဖိစီးမှုလျှော့ပါ

ပိုးသတ်ဆေးအပြင်းတွေလျှောက်မသောက်ပါနှင့် (တချို့ပိုးသတ်ဆေးတွေက ကိုယ်ခံအားကျစေပါတယ်)
ပိုးသတ်ဆေး လိုအပ်တယ် လို့ ယူဆပါက ဆရာဝန်ပြပါ
___________
တခါတရံ တုပ်ကွေးမှာ #ဝမ်းပျက်တတ်ပါတယ်
Covid မှာလည်း ဝမ်းပျက်တတ်ပါတယ်

=> ***ဝမ်းပိတ်ဆေး #မသောက်ပါနဲ့
=> အရေးကြီးဆုံး က #ဓာတ်ဆားရည် သောက်ပါ၊ ဝမ်းသွားသလောက်ပြန်သောက်ပေးပါ
ဓာတ်ဆားတစ်ထုတ်ကို ရေတစ်လီတာနှင့်ရောပြီးသောက်ပါ။
=> လက်ကို စင်ကြယ်စွာဆေးပါ
___________
#အနံ့ပျောက်ခြင်း

ယခုအချိန်တွင် ရုတ်တရက် အနံ့ပျောက်ခြင်း သည် Covid မှလွဲ၍ တခြားအကြောင်းဖြစ်ခဲပါသည်
(( ကျန်းမာရေးဌာနသို့အကြောင်းကြား၍ ညွှန်ကြားချက်လိုက်နာပါ ))

#ဆောင်ရန်
- မိမိတစ်ဦးထဲ သီးသန့်နေပါ
- လက်ကိုစင်ကြယ်အောင် မကြာခဏ စနစ်တကျဆေးပါ
- တစ်ကိုရည် သန့်ရှင်းမှုကို ဂရုပြုဆောင်ရွက်ပါ
- မိမိ အသုံးပြုနေသော နေ့စဉ်အသုံးဆောင် ပစ္စည်းများကို အထူးဂရုပြု၍ သန့်ရှင်းရေးဆောင်ရွက်ပါ
- အသုံးဆောင် ပစ္စည်းများကိုင်တွယ်ပြီးတိုင်း လက်ကိုစနစ်တကျဆေးပါ
- Surgical Mask တပ်ဆင်ထားပါ

#ရှောင်ရန်
- မိမိကြောင့်မည်သူမျှရောဂါမကူးစက်ရအောင် ဂရုပြုဆင်ခြင်ပါ
- မလိုအပ်ပဲ မျက်နှာ၊နှာခေါင်း၊ပါးစပ်တို့အား မထိတွေ့၊မကိုင်တွယ်ပါနှင့်
- စည်းကမ်းမဲ့ တံတွေးထွေးခြင်း၊ နှပ်ညှစ်ချခြင်း လုံးဝ(လုံးဝ) မပြုလုပ်ပါနှင့်
- လူထူထပ်သောနေရာများသို့ သွားလာခြင်းမှ လုံးဝ(လုံးဝ)ရှောင်ကြဉ်ပါ
- ဆေးလိပ်သောက်ခြင်းသည် အဆုတ်နှင့် အသက်ရှူလမ်းကြောင်းကိုပျက်စီးစေသဖြင့် ဆေးလိပ် လုံးဝ (လုံးဝ) မသောက်ပါနှင့်
- အရက်သောက်ခြင်းသည် ကိုယ်ခံအားကို ကျဆင်းစေသဖြင့် အရက် အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ

#ကိုယ်ခံအားကောင်းစေရန်
- အာဟာရပြည့်ဝစွာစားသုံးပါ
- Vitamin C ကြွယ်ဝသော အစာများ၊ အသီးအရွက်များစားသုံးပါ၊ Vitamin အားဆေးများသောက်သုံးပါ
- ဆားရည်နှင့် တစ်နေ့ (၃) ကြိမ် အာလုတ်ကျင်းပါ
- ရေများများသောက်ပါ၊ အာခေါင်မခြောက်ပါစေနှင့်
- ကိုယ်/စိတ် ဖြေလျှော့စေမည့်လေ့ကျင့်မှုများနှင့်၊ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများ မှန်မှန်ပြုလုပ်ပါ
- အိပ်ရေးဝဝ အိပ်ပါ
- စိတ်ဖိစီးမှု လျှော့ချပါ (စိတ်ညစ်မနေပါနှင့်)

သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

#မိသားစုအထွေထွေရောဂါကုဆေးခန်း
အမှတ် (၅၂၀) ၊ ဇေယျာ (၁၇) လမ်း၊ (၁၀) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။ 09962220060

Address

အမှတ် (၂၀၄ )၊ ၂လမ်း ၊ ချောင်းဝပိုင်း ၊ CB ဘဏ်အနီး၊ အိမ်မဲမြို့။
Einme
1111

Opening Hours

Monday 06:30 - 20:00
Tuesday 06:30 - 20:00
Wednesday 06:30 - 20:00
Thursday 06:30 - 20:00
Friday 06:30 - 20:00
Saturday 06:30 - 20:00
Sunday 06:30 - 20:00

Telephone

+959770536224

Website

Alerts

Be the first to know and let us send you an email when ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram