ကျန်းမာသုတ ဘဝသုခ

  • Home
  • ကျန်းမာသုတ ဘဝသုခ

ကျန်းမာသုတ ဘဝသုခ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ

 #ကွမ်းရွက် တမျိုးတည်းရှိရုံနဲ့ ကုသနိုင်သောရောဂါများ #ကွမ်းရွက် ညှစ်၍ ရသော သတ္တုနှင့် ဂျင်းပြုတ်ရည်၊ ဆားအနည်းငယ်နှင့် တိ...
02/11/2025

#ကွမ်းရွက် တမျိုးတည်းရှိရုံနဲ့ ကုသနိုင်သောရောဂါများ

#ကွမ်းရွက် ညှစ်၍ ရသော သတ္တုနှင့် ဂျင်းပြုတ်ရည်၊ ဆားအနည်းငယ်နှင့် တိုက်ကျွေး‌‌ပါက ပန်းနာ ရင်ကျပ်၊ ရင်အောင့် ရင်ကယ်၊ ကြက်ညှာ ချောင်းဆိုး ရောဂါများ ပျောက်၏။

ကလေးများ လေပွခြင်း၊ အစာ မကြေဖြစ်ခြင်း၊ ဝမ်းသွားခြင်း၊ ဖျားနာခြင်းများ၌ ကွမ်းရွက် သတ္တုရည်နှင့် ပျားရည်များ ရော၍ တိုက်ကျွေးလျှင် ပျောက်ကင်း နိုင်၏။

အဖျားကြောင့် ဖြစ်သော ခေါင်းကိုက် ရောဂါများ၌ ကွမ်းရွက် မျက်စဉ်းအဖြစ် ခတ်ပေးနိုင်သည်။

မျက်စိပူခြင်း၊ ယားခြင်း၊ နာခြင်းများတွင် ကွမ်းရွက်ကို မျက်လုံး ပေါ်တွင် ကပ်ပေးနိုင်သည်။

ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်သော အဖျား၊ လည်ချောင်းနာ ရောဂါများကို ပျောက်ကင်း စေနိုင်သည်။

သွေးတိုး ရောဂါတွင် သွေးတက်သည့် အခါ ချက်ချင်း ကျစေရန် ကွမ်းရွက် သတ္တုရည်ကို ညှစ်၍ တိုက်‌‌ကျွေး‌‌နိုင်သည်။

ဆီးချိုအတွက်ကောင်းတယ် – ကွမ်းရွက်မှာ ပါတဲ့ ဒြပ်ပေါင်းတစ်ခုကသွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်တာကြောင့် ဆီးချိုသမားတွေ သုံးဆောင်ပေးသင့်ပါတယ်။

ကိုယ်အလေးချိန်ကျစေနိုင်တယ် – ကွမ်းရွက်မှာ ခန္ဓာကိုယ်ရဲ့ အဆီတွေကို ကျဆင်းစေနိုင်တဲ့ အာနိသင်ရှိပြီး ဇီဝတွင်းဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေတာကြောင့် ကိုယ်အလေးချိန်ကျချင်သူတွေအတွက် ကွမ်းရွက်ကသင့်တော်ပါတယ်။

ကင်ဆာကာကွယ်ပေးတယ် -ကွမ်းရွက်ကို ဝါးစားပေးမယ်ဆိုရင် ခံတွင်းထဲမှာရှိတဲ့ ascorbic acid ပမာဏကိုထိန်းညှိပေးပြီး ခံတွင်းကင်ဆာမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ကွမ်းရွက် ၁၀ ရွက်၊ ၁၂ ရွက်လောက်ကို ရေနွေးဆူဆူထဲထည့်ပြုတ်ပြီး ပျားရည်နည်းနည်းထည့်သောက်သုံးပေးမယ်ဆိုရင် ကင်ဆာကာကွယ်ဖို့ အထောက်အပံ့ဖြစ်စေမှာပါ။

အနာကျက်စေနိုင်တယ် – အနာပေါ်ကို ကွမ်းရွက် သန့်သန့်လေး အုပ်ပြီး ပတ်တီးနဲ့ စည်းပေးမယ်ဆိုရင် အနာကျက်မြန်စေမှာ အသေအချာပါ။

ခေါင်းကိုက်သက်သာစေနိုင်တယ် -ခေါင်းအရမ်းကိုက်နေရင် ကွမ်းရွက်ကို ခြေပြီးရှူပေးတာ၊ နားထင်မှာ ကွမ်းရွက်ကပ်ပေးတာမျိုး လုပ်ပေးပါ။ ခေါင်းကိုက်တာကို သိသိသာသာသက်သာစေမှာပါ။

သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်တယ် -သွေးတွင်းကိုလက်စထရော များလာတာက နှလုံးရောဂါဖြစ်နိုင်ခြေကို တိုးစေနိုင်သလို လေဖြတ်နိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းကိုလက်စထရော အရမ်းများမလာအောင် ဂရုစိုက်ဖို့ လိုပါမယ်။ ကုန်ကျစရိတ် သက်သက်သာသာနဲ့ သွေးတွင်းကိုလက်စထရော ကျချင်ရင်တော့ ကွမ်းရွက်ကို သုံးဆောင်ပေးပါနော်။

ခံတွင်းကျန်းမာရေးကိုကောင်းစေတယ် – ကွမ်းရွက် ဝါးပေးမယ်ဆိုရင် ခံတွင်းထဲမှာ ဘက်တီးရီးယားတွေပေါက်ဖွားမှုကို ဟန့်တားနိုင်ပြီး ခံတွင်းနံ့ကို သင်းပျံ့စေမှာပါ။ ဒါကြောင့် သွားနဲ့ခံတွင်းကျန်းမာဖို့ ဆေးဝါးတွေအသုံးပြုမယ့်အစား သဘာဝဆေးတစ်မျိုးဖြစ်တဲ့ ကွမ်းရွက်ကိုပဲ ဝါးပေးပါ။

ချောင်းဆိုးသက်သာစေနိုင်တယ် – ကွမ်းရွက်ရဲ့ နောက်ထပ် ဆေးဖက်ဝင်ပုံ တစ်ခုက လူတိုင်းလိုလို သိထားပြီးဖြစ်တဲ့အတိုင်း ချောင်းဆိုးသက်သာတာပါ။ ကွမ်းရွက်မှာ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိတာကြောင့် ချောင်းဆိုးတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။

ဝက်ခြံသက်သာစေနိုင်တယ် – ဝက်ခြံ နဲ့ အရေပြားပြဿနာတွေအတွက် ကွမ်းရွက်ကို အသုံးပြုလို့ရပါတယ်။ ကွမ်းရွက်မှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝက်ခြံနဲ့ အရေပြား ဓာတ်မတည့်မှုတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ကွမ်းရွက် ပြုတ်ရည်နဲ့ နေ့စဉ် မျက်နှာသစ်ပေးပါ။

နားကိုက်တာကို သက်သာစေနိုင်တယ် -နားကိုက်တဲ့အခါ နေရထိုင်ရမသက်သာပါဘူး။ နားကိုက်တာအတွက် အကောင်းဆုံး ဆေးနည်းတစ်ခုက ကွမ်းရွက်ပါ။ နားကိုက်တဲ့အခါ ကွမ်းရွက် အသုံးပြုပြီး သက်သာအောင် လုပ်လို့ ရပါတယ်။

ဝမ်းမှန်စေနိုင်တယ် – ကွမ်းရွက်က ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတဲ့ အရွက်တစ်မျိုးပေါ့။ ကိုယ်တွင်းက ဓာတ်တိုးပစ္စည်းတွေကို ဖယ်ရှားပေးပြီး pH ပမာဏ ညီညွတ်မျှတအောင် ထိန်းညှိပေးနိုင်ပါတယ်။ ဝမ်းချုပ်နေတယ်ဆိုရင် ကွမ်းရွက်ပြုတ်ရည် သောက်ပါ ဝမ်းမှန်သွားပါလိမ့်မယ်။

နှာခေါင်းသွေးလျှံတာကို သက်သာစေနိုင်တယ် – ကွမ်းရွက်က နှာခေါင်းသွေးလျှံတာကို သက်သာစေနိုင်ပါတယ်။ ကလေးလေးတွေ အပြင်ထွက်ဆော့လို့အပူလျှပ်တာကြောင့် နှာခေါင်းသွေးလျှံတာကို သက်သာစေနိုင်ပါတယ်။ နှာခေါင်းသွေးလျှံတဲ့အခါ ကွမ်းရွက်လေးကိုအသုံးပြုပြီး သွေးတိတ်အောင်လုပ်ဆောင်ပေးလို့ရပါတယ်။
Crd
#လန်းလန်းအာရုံကြောဆေး
#လန်းလန်းတိုင်းရင်းဆေး
#ကျန်းမာသုတဘဝသုခ

 #မာလကာရွက် ရဲ့အသုံးဝင်ပုံ ( ၁ရ ) ချက်၁။ ခန္ဓာကိုယ်ရဲ့အလေးချိန်ကို လျော့နည်းစေပါတယ်။ လက်ဖက်ခြောက်လို ခတ်သောက်လို့ရတဲ့ မာ...
31/10/2025

#မာလကာရွက် ရဲ့အသုံးဝင်ပုံ ( ၁ရ ) ချက်

၁။ ခန္ဓာကိုယ်ရဲ့အလေးချိန်ကို လျော့နည်းစေပါတယ်။ လက်ဖက်ခြောက်လို ခတ်သောက်လို့ရတဲ့ မာလကာရွက် ရေနေွးကြမ်းက အစာ ခဏခဏစားချင်တဲ့စိတ်ကို အဓိက ထိန်းပေးလို့ ကိုယ်အလေးချိန် လေှျာ့ချချင်တဲ့သူတေွအတွက်တော့ အထူးသင့်လျော်ပါတယ်။

၂။ မာလကာရွက် ခတ်ထားတဲ့ ရေနေွးကြမ်းကို ပုံမှန် သောက်သုံးပေးခြင်းအားဖြင့် ဆီးချိုဝေဒနာကို သက်သာစေပါတယ်။

၃။ အဲဒီမာလကာရွက် ရေနေွးကြမ်းက သင့်ရဲ့ ကိုလက်စထရော (cholesterol) ကျစေဖို့အတွက် အထောက်အကူ ပြုပါတယ်။ မကောင်းတဲ့ ကိုလက်စထရောတေွကိုပဲ ဖယ်ထုတ်တာဖြစ်ပြီး အကျိုးပြုတဲ့ ကိုလက်စထရောတေွကိုတော့ ကောင်းကောင်း ချန်ထားပါတယ်။

၄။ မာလကာရွက် ရေနေွးကြမ်းက ဝမ်းပျက် ဝမ်းလေှျာနဲ့ ဝမ်းကိုက်ရောဂါတေွကိုလည်း သက်သာစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မာလကာရွက်ဟာ မကောင်းတဲ့ ဘက်တီးရီးယားတေွကို ဖယ်ရှားပေးနိုင်လို့ပဲ ဖြစ်ပါတယ်။

၅။ ထိုနည်းတူစွာ ၄င်းရေနေွးကြမ်းက အစာအိမ်အောင့်ခြင်းနဲ့ အစာ အဆိပ်သင့်ခြင်း စတာတေွကိုလည်း သက်သာစေပါတယ်။

၆။ မာလကာရွက်ကို စားခြင်းဖြင့် လည်ချောင်းနာခြင်းနဲ့ ချောင်းဆိုးခြင်းတေွကိုလည်း ပျောက်ကင်း စေနိုင်ပါတယ်။

၇။ မာလကာရွက်ကို ၀ါးစားပေးရင် ခံတွင်းနာခြင်း ၊ သွားဖုံးရောင်ခြင်း ၊ သွားကိုက်ခြင်းတေွကိုလည်း သက်သာစေပါတယ်။

၈။ မာလကာရွက် ရေနေွးကြမ်းက သာမန်အဖျားရောဂါတေွကိုလည်း ကုသနိုင်ပါတယ်။ အကောင်းဆုံး နည်းလမ်းကတော့ မာလကာရွက် ကိုးရွက်ခန့်ကို ရေငါးခွက်စာထဲမှာ ထည့်ပြုတ်ပြီးတော့ သောက်ပါက အအေးမိ ဖျားနာ ကူးစက်ခြင်းကိုလည်း သက်သာစေပါတယ်။

၉။ ဒါအပြင် မာလကာရွက် ရေနေွးကြမ်းက ယောကျ်ားလေးအတွက် အရေးကြီးတဲ့ ယောကျာ်းအားကိုလည်း တိုးပွားစေပါတယ်။

၁ဝ။ ထိခိုက်ရှနာပွန်းပဲ့ ဒဏ်ရာတေွ အပေါ်မှာလည်း မာလကာရွက်ကို ချေပြီးအုံလိုက်ရင် မကြာမီ သိသိသာသာ ပျောက်ကင်းသက်သာသွားစေပါတယ်။

၁၁။ ပိုးကြောင့်ဖြစ်တဲ့ နားရောဂါများကိုလည်း အအေးခံထားတဲ့ မာလကာရွက် ရေနေွးကြမ်းနဲ့ နားထဲကို အစက်ချ ပေးလိုက်လှျင် သက်သာသွားစေပါတယ်။

၁၂။ ဓာတ်မတည့်လို့ ဖြစ်တဲ့ အရေပြား ယားနာတာတေွကိုလည်း မာလကာရွက် ချေပြီးတော့ အုံရင် များစွာ သက်သာစေပါတယ်။

၁၃။ ချေထားတဲ့ မာလကာရွက်ကလည်း ပိုးကောင် ကိုက်ထားတဲ့ အဖုအပိမ့်တေွ၊ အနာတေွကို ကောင်းကောင်း သက်သာစေပါတယ်။

၁၄။ ဒါအပြင် မာလကာရွက်ကို ညက်အောင်ထောင်းပြီးတော့ ၀က်ခြံဖုတေွ အပေါ်မှာ အုံပေးလိုက်ရင် ၀က်ခြံဖြစ်နေတာတေွ ပျောက်ကင်းစေနိုင်ပါတယ်။

၁၅။ မျက်နှာမှာ တကယ်လို့ အမည်းစက်တေွ ဖြစ်နေရင် မာလကာရွက်ကို ရေအနည်းငယ် ရောကာ ညက်အောင် ထောင်းပြီးတော့ ရလာတဲ့ အရည်နဲ့ မျက်နှာကို ချေးချှတ်နိုင်ပါတယ်။

၁၆။ အထက်ပါ အရည်ကိုလည်း မျက်နှာ ပေါင်းတင်ပေးရင် အိုမင်းရင့်ရော်မှုကို အထိုက်အလျောက် ကောင်းကောင်း တားဆီးပေးနိုင်ပါတယ်။

၁၇။ ရေထဲ ထည့်ပြုတ်ထားတဲ့ မာလကာရွက်တေွကို အအေးခံပြီးတော့ ဦးရေပြားမှာ ပွတ်ချေနိှပ်နယ် ပေးခြင်းဖြင့်လည်း ဆံပင်ကျှတ်ခြင်းကို သက်သာစေနိုင်ပါတယ်။
( For You - မာလကာရွက်ရဲ့ကောင်းကျိုးများ ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

 #ရုံးပတီသီး၁။ ။ဆီးချိုသမားတွေအတွက် သဘာဝဆေးစွမ်းကောင်းတစ်လက်ရုံးပတီသီးမှာ အင်ဆူလင်ဆေးလို အစွမ်းသတ္တိ တွေရှိနေပါတယ်။ အင်ဆ...
29/10/2025

#ရုံးပတီသီး
၁။ ။ဆီးချိုသမားတွေအတွက် သဘာဝဆေးစွမ်းကောင်းတစ်လက်
ရုံးပတီသီးမှာ အင်ဆူလင်ဆေးလို အစွမ်းသတ္တိ တွေရှိနေပါတယ်။ အင်ဆူလင်ဆေးဆိုတာ ဆီးချိုသမားတွေမှာ အသုံးပြုတဲ့ ထိုးဆေးပါ။ ရုံးပတီသီးမှာပါတဲ့ Eugenol ဆိုတဲ့ အမျှင်ဓာတ်ဟာ အူအတွင်းမှ သကြားဓာတ် စုပ်ယူမှုကို ထိန်းသိမ်းပေးကာ သွေးတွင်းရှိ သကြားဓာတ် လွန်ကဲစွာ မြင့်တက်လာခြင်းကို ကာကွယ်တားဆီးပေးပါတယ်။

ရုံးပတီသီးမှာ အမျှင်ဓာတ်များစွာနဲ့ ပျစ်ချွဲရည်တွေ ပါဝင်ပါတယ်။ ရုံးပတီသီးကို စားခြင်းအားဖြင့် အစားအစာ တွေကို ကြေညက်စေပြီး အစာမကြေတာကို သက်သာကာ ဝမ်းမှန်စေပါတယ်။ ရုံးပတီသီးမှာပါတဲ့ Pectin ဆိုတဲ့ အမျှင်ဓာတ်ကြောင့် အူတွင်းက အညစ်အကြေးတွေရဲ့ ရွေ့လျားမှုကို အဆင်ပြေချောမွေ့စေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။ရုံးပတီသီးက သဘာဝကပေးတဲ့ ဝမ်းမှန်ဆေးပါပဲ။

၃။ကိုယ်ဝန်ဆောင်တွေ နေ့စဉ် စားသုံးသင့်တဲ့
မီးဖိုချောင်မှ ဆေးတစ်လက်

ရုံးပတီသီးမှာ ပါဝင်တဲ့ ဖောလစ်ဓာတ်နဲ့ အာဟာရတန်ဖိုးတွေက ကိုယ်ဝန်ရခြင်းကို ကူညီပေးနိုင်သလို သန္ဓေသားရဲ့ ဦးနှောက် ဖွံ့ဖြိုးခြင်းကို ကူညီပေးရုံသာမက ကိုယ်ဝန်ပျက်ကျခြင်းကို တားဆီးပေးပြီး ကလေးတွေမွေးလာတဲ့အခါ အာရုံကြောဆိုင်ရာ ချွတ်ယွင်းချက်တွေ ပါမလာအောင် တားဆီးကာကွယ်ပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်စဉ် ရုံးပတီသီးကို ပုံမှန်စားရင် ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။

၄။အရိုးတွေကို သန်မာစေခြင်း

ရုံးပတီသီးမှာပါတဲ့ ကယ်လ်စီယမ်၊ ဘီတာမင် ကေ နဲ့ ဖော့လိတ်ဓာတ်တွေကြောင့် အရိုးတွေရဲ့ သိပ်သည်းဆကို မြင့်မားစေပြီး အရိုးတွေကို သန်မာစေကာ အရိုးပွရောဂါ မှ ကာကွယ် တားဆီးပေးပါတယ်။

၅။ပန်းနာရင်ကျပ်သမားတွေအတွက် မိတ်ဆွေကောင်း
ပန်းနာရင်ကျပ် ရောဂါဆိုတာ အဆုတ်လေပြွန်တွေ ရောင်ရမ်းပြီး အသက်ရှူရခက်တဲ့ ရောဂါတစ်မျိုးပါ။ ရုံးပတီသီးမှာပါတဲ့ အင်တီအောက်စီဒန့်၊ ဘီတာမင် စီနဲ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဓာတ်တွေကြောင့် ပန်းနာရင်ကျပ် ရောဂါကို သက်သာစေပြီး ရင်ကျပ်တဲ့ အကြိမ်အရေအတွက်ကို လျော့ချပေးနိုင်ပါတယ်။

၆။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို သက်သာစေခြင်း

ရုံးပတီပင်က အပွင့်နဲ့ သစ်ရွက်တွေကို ပြုတ်ပြီး သောက်ရင် အသက်ရှူလမ်းကြောင်း ရောင်ရမ်းတာ၊အဆုတ်ရောင်ရောဂါ နဲ့ အအေးမိတုတ်ကွေးရောဂါ တွေကို သက်သာစေတယ်လို့ တိုင်းရင်းဆေးဆရာတွေက ဆိုကြပါတယ်။

၇။အပူဒဏ်ကြောင့်ဖြစ်တဲ့ နွမ်းနယ်ခြင်းတွေ ကင်းဝေစေခြင်း

ရုံးပတီသီးမှာပါတဲ့ ဒြပ်ပေါင်းတွေက အပူဒဏ်
ကြောင့်ဖြစ်တဲ့ ပင်ပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ နဲ့ စိတ်ဓာတ်ကျခြင်းတွေကို သက်သာစေပါတယ်။

၈။အူမကြီးကင်ဆာဖြစ်ပွားနှုန်း လျော့နည်းစေခြင်း

ရုံးပတီသီးမှာပါတဲ့ အမျှင်ဓာတ် တွေကြောင့် ဝမ်းမှန်စေကာ အူမကြီးကင်ဆာ ဖြစ်ပွားနှုန်းကို လျော့ချပေးပါတယ်။ ရုံးပတီသီးမှာပါတဲ့ အင်တီအောက်စီဒန့်တွေက ကင်ဆာဖြစ်စေနိုငိတဲ့ ဆဲလ်များပြောင်းလဲမှုကို တားဆီးကာကွယ်ပေးပါရုံသာမက ကိုယ်ခံအားကို တိုးပွားစေကာ ရောဂါပေါင်းစုံမှ ကာကွယ် ပေးနိုင်ပါတယ်။

၉။အဝလွန်ခြင်းမှ ကင်းဝေးစေခြင်း

ရုံးပတီသီးမှာ ကယ်လိုရီ အနည်းငယ်သာ ပါဝင်ပြီး အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ အမျှင်ဓာတ်တွေက အစာမွတ်သိပ်မှုကို တားဆီးပေးပြီး မကြာခဏ အစာစားချင်စိတ်ဖြစ်ခြင်းမှ ကင်းဝေးစေပါတယ်။

၁၀။သွေးအတွင်းအဆီ ကျစေခြင်း
ရုံးပတီသီးမှာပါဝင်တဲ့ Pectin ဆိုတဲ့ အမျှင်ဓာတ်က ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ အဆီတွေကို ကျစေကာ သွေးကြောကျစ်မာခြင်း၊ သွေးတွင်းအဆီ ပိတ်ခြင်းတွေကို တားဆီးပေးခြင်း အားဖြင့် နှလုံးရောဂါ ဖြစ်ပွားနှုန်းကို လျော့ကျစေပါတယ်။

original writter
#လန်းလန်းတိုင်းရင်းဆေး

အသည်းနဲ့ ကျောက်ကပ်ကိုကျန်းမာစေတဲ့  #ကြောင်လျှာသီး🌱🌱ကြောင်လျှာသီး ကို  အစိမ်းကို ပါးပါးလှီးပြီး ရေစိမ်တို့လို့ရသလို မီးကင...
27/10/2025

အသည်းနဲ့ ကျောက်ကပ်ကိုကျန်းမာစေတဲ့ #ကြောင်လျှာသီး🌱🌱

ကြောင်လျှာသီး ကို အစိမ်းကို ပါးပါးလှီးပြီး ရေစိမ်တို့လို့ရသလို မီးကင်ပြီးစားတာ၊ ပါးပါးလှီး ဆားနဲ့နယ်၊ ရေသချာဆေးပြီး ပဲမှုန့် ဆီချက် တို့နဲ့ သုပ်စားတာ၊ ဆန်ဆေးရည်ဆားတို့နဲ့ အချဉ်စိမ်ပြီး စားတာမျိုး လုပ်စားလို့ရရပါတယ််။

ကြောင်လျှာသီးသည် ကင်ဆာဆဲလ်တွေ မပြန့်အောင်လည်း ဟန့်တားပေးနိုင်တာကြောင့်ကင်ဆာရောဂါကာကွယ်ပေးနိုင်သည်

အသည်းနဲ့ ကျောက်ကပ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးလို့ ဆေးသောက်သုံးရတာကြောင့် အသည်း ထိခိုက်တာ နဲ့ ကျောက်ကပ်မှာ ကျောက်တည်တာကိုလည်း သက်သာစေနိုင်ပါတယ်။

ဆီးချိုကိုကာကွယ်ပေးပြီး ဆီးချို ရုတ်တရက် တက်တာကို ထိန်းပေးနိုင်တာကြောင့် ဓာတ်စာအနေနဲ့စားသုံးပေးသင့်ပါတယ်

ကြောင်လျှာဟာ အသီးသာမက အရွက် အမြစ် အခေါက်တွေ လည်းဆေးဖက်ဝင်ပါတယ် ။

အသီး
၁ ။ အသီးကို ပြုတ်၍ လည်းကောင်း ၊ ဖုတ်၍ လည်းကောင်းစားခြင်းဖြင့် အစာမကြေရောဂါ ၊ လည်ပင်းကြီးရောဂါ ၊ သရိုက်ရောဂါ ပျောက်၏။ သုပ်စားခြင်းဖြင့် လည်ချောင်းတွင်း အပူဖုပေါက်သောရောဂါ ပျောက်သည်။
၂ ။ ကြက်သားနှင့် ချက်စားပါက ပန်းနာရောဂါ ပျောက်၏ ။
၃ ။ ငါးရံ့ဖြင့်ချက်စားပါက ကာလဝမ်းရောဂါပျောက်၏ ။ အားကို ဖြစ်စေပြီး အစာမကြေရောဂါ ဝမ်းပျက်ရောဂါပျောက်၏။
၄ ။ ပုစွန်ဖြင့် ချက်စားက နှလုံးလေရိုက်ရောဂါ ၊ နှလုံးတုန် ၊ ရင်တုန်ရောဂါ ပျောက်၏
၅ ။ ငါးသလောက်ဖြင့် ချက်စားက အဖောရောဂါကို ကျစေ၍ လူကို ဝဖြိုးစေပြီး နှလုံးအားနည်းခြင်း ကို ပျောက်စေသည်။
၆ ။ ငါးမြွေထိုးနှင့် ချက်စားက ဒူလာသွေးဝမ်း မီးယပ်သွေးဝမ်း နှင့် မြင်းသရိုက် ရောဂါတို့ကို ပျောက်ကင်းစေ၏။

အရွက်
၁ ။ ကြောင်လျှာရွက်ညှစ်ရေကို သောက်သော် ဘိန်းဆိပ်သင့် ခြင်း ပျောက်၏ ။
၂ ။ ကြောင်လျှာရွက်ပြုတ်တို့စားက ဝမ်းမီးကောင်း၏ ။

အခေါက်
၁ ။ ကြောင်လျှာအခေါက်မှုန့်ကို ချင်းရည် ၊ ပျားရည်တို့နှင့် ရောစပ်လျက် သောက်သော် ပန်းနာ ချောင်းဆိုးရောဂါ ပျောက်၏ ။
၂ ။ အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး နံနက် ည သောက်သော် အစာမကြေရောဂါ ပျောက်၏ ။
၃ ။ ကြောင်လျှာခေါက် ကို ရေစိမ်၍ ၎င်းရေနှင့် ပလုတ်ကျင်း ပေးသော် ခံတွင်း ခြောက် ကွဲနာ ပျောက်၏ ။
၄ ။ သားဖွားပြီး နာကျင်ကိုက်ခဲသည့်ရောဂါ ၊ ခေါင်းတစ်ခြမ်း ကိုက်ရောဂါများအတွက်လည်း ကြောင်လျှာခေါက်ကို သုံး၏ ။
၅ ။ အမြစ်ခေါက်ကို အဆစ်အမျက်ရောဂါဖျားရောဂါ ၊ ဝမ်းဖော ၊ ဝမ်းရောင် ၊ ဝမ်းကိုက်ရောဂါများအတွက် အသုံးပြု၏ ။

အမြစ်
၁ ။ အမြစ်ကိုသွေး၍ လိမ်းပေးခြင်းဖြင့် အနာဝင် မန်းလိုက်ခြင်း ပျောက်ကင်းသည်

ပိုမိုလေ့လာလိုပါက page အား like &follow လုပ်ရန် >>>https://www.facebook.com/%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8-105013818521044/
#သဘာဝတိုင်းရင်းဆေး
#ကြောင်လျှာသီး

အသည်းရောဂါရှင်  #ကင်ဆာ ဝေဒနာရှင်များ အတွက်   #သင်္ဘောရွက်ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးတယ် သင်္ဘောရွက်မှာပါတဲ့acetogeni...
26/10/2025

အသည်းရောဂါရှင်
#ကင်ဆာ ဝေဒနာရှင်များ အတွက် #သင်္ဘောရွက်

ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးတယ်

သင်္ဘောရွက်မှာပါတဲ့acetogenin လို့ခေါ်တဲ့ဒြပ်ပေါင်းက အဆုတ်၊ ပန်ကရိယ နဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေတို့ကိုလျှော့ကျစေနိုင်ပါတယ်။ ကင်ဆာဖြစ်နေသူတွေအတွက်လည်း အထောက်အကူပြုပေးနိုင်ပါတယ်။

အသည်းကျန်းမာစေနိုင်ပါတယ်

အသည်ကို သန့်စင်ပေးခြင်းက အသည်းထိခိုကနိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။ အသည်းသန့်စင်ပေးနိုင်တဲ့ သဘာဝပစ္စည်းအများအပြားထမြာ သဘော်ရွက်ကလည်း တစ်ခု အပါအဝင်ပါ။ ဒါကြောင့် အသည်းကျန်းမာပြီး အသည်းရောဂါကင်းစေဖို့အတွက်က သဘာဝဆေးဖက်ဝင်စားစရာတစ်ခုဖြစ်တဲ့ သင်္ဘောရွက်ကို စားပေးလို့ရပါတယ်။

ရာသီလာစဉ် နာကျင်မှုကို သက်သာစေနိုင်တယ်

ရာသီလာစဉ်နာကျင်ကိုက်ခဲမှုက ပျိုမေလေးတို့ကိုတော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်စေတာပါ။ ဒီပြဿနာကို ကင်းစေဖို့ကဟော်မုန်းတွေကို ထိန်းညှိနိုင်ဖို့လိုပါမယ်။ ကိုယ်တွင်းဟော်မုန်းပမာဏကို ထိန်းညှိပေးပြီး ရာသီလာစဉ်နာကျင်ကိုက်ခဲမှုသက်သာစေဖို့ဆိုရင်တော့ သင်္ဘောရွက်လေးက အသုံးတည့်မှာ အသေအချာပါ။

အစာကြေစေနိုင်တယ်

သင်္ဘောရွက်မှာပါတဲ့chymopapain၊ papain၊ protease နဲ့ amylase တို့လိုမျိုး အင်ဇိုင်းတွေပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အစာအိမ်အနာရှိသူတွေအတွက်လည်း သင့်တော်ပါတယ်။ နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်တာကြောင့် အစာအိမ်နဲ့ အူမကြီးရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။

နှင်းခူသက်သာစေနိုင်တယ်

အရေပြားပြဿနာတစ်ခုဖြစ်တဲ့ နှင်းခူသက်သာစေနိုင်ဖို့အတွက် သင်္ဘောရွက်ကို အသုံးပြုပေးလို့ရပါတယ်။ နှင်းခူဖြစ်နေတဲ့ နေရာပေါ်ကိုဆေးကြောသန့်စင်ထားတဲ့ သင်္ဘောရွက်ကိုကြိတ်ခြေပြီး အရည်ဆွတ်လို့ ကပ်ပေးမယ်ဆိုရင် နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး နှင်းခူကိုပျောက်ကင်းစေမှာပါ။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်

အစာခြေစနစ်မှာ အကျိုးမပြုဘက်တီးရီးယားတွေ များနေတာက ခန္ဓါကိုယ်ကျန်းမာမှုကိုတော်တော်လေးထိခိုက်စေနိုင်တာပါ။ သင်္ဘောရွက်မှာပါတဲ့ဒြပ်ပေါင်းတွေက ကိုယ်တွင်းကအကျိုးပြုဘက်တီးရီးယားတွေရော၊ အကျိုးမပြုဘက်တီးရီးယားတွေကိုပါ ဟန်ချက်ညီမျှတအောင် ထိန်းညှိပေးနိုင်ပါတယ်။ အူတွင်းအကျိုးပြုဘက်တီးရီးယားအရေအတွက် တိုးပွားစေပြီး ခန္ဓါကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။

ဆံသားကျန်းမာစေနိုင်တယ်

သင်္ဘောရွက်မှာပါတဲ့ ဓါတ်တွေက ဦးရေပြားကို အာဟာရဖြည့်ပေးပြီး ဆံသားကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီးဗောက်မထအောင် ကာကွယ်ပေးပါတယ်။

အသားအရေကျန်းမာစိုပြေစေတယ်

ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုကြောင့် အသားအရေကို ထိခိုက်ပျက်စီးမှုလျှော့ချပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ အရေပြားမှာ ဆဲလ်သစ်တွေကိုဖြစ်ပေါ်စေနိုင်တယ်။ အရွယ်တင်နုပျိုစေနိုင်တဲ့ အာနိသင်ရှိပါတယ်။

အားအင်ပြည့်ဖြိုးစေတယ်

ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကိဖြည့်ပေးပြီး အဆိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်။သွေးစီးဆင်းမှုကောင်းမာန်စေပြီး ခနဒ`ာကိုယမျာ အင်အားပြည့်နေစေအာင်လုပ်ဆောင်ပေးနိုင်ပါတယ်။

သင်္ဘောရွက်မှာပါတဲ့ ပါပါအင်ဆိုတဲ့ ဓါတ်က အဆီတွေ၊ကာဗိုဟိုက်ဒရိတ်တွေ ပရိုတင်းတွေကိုဖြိုခွဲပေးပြီး အဆီပိုတွေကိုဖယ်ရှားပေးသလို အစာခြေစနစ်ကို ကျန်းမာအောင်ထောက်ပံ့ပေးပါတယ်။ ပါတိန်းလို့ခေါ်တဲ့ ဓါတုပစ္စည်းတစ်မျိုးက ကပ်ပါးပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

သင်္ဘောရွက်ကဆေးဖက်ဝင်တယ်ဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုသလိုပါ။ လိုအပ်သလောက်ပဲ သုံးဖို့ပြောပါရစေ။ ကိုယ်ဝန်ဆောင်မေမေတွေနဲ့ရောဂါအခံတစ်ခုခုရှိသူတွေအနေနဲ့ကတော့ မသုံးသင့်ပါဘူး။
Crd
#သင်္ဘောရွက်

 #ဆီးနီ  #ဆီးနည်း  #သည်းခြေကျောက်  #ကျောက်ကပ်ကျောက်  #  #ကွမ်းစားသူများ မဖြစ်မနေစားသင့်တဲ့  #ပေါက်ပန်းဖြူ ဆီးနီ၊ ဆီးနည်း...
16/10/2025

#ဆီးနီ #ဆီးနည်း #သည်းခြေကျောက် #ကျောက်ကပ်ကျောက် # #ကွမ်းစားသူများ မဖြစ်မနေစားသင့်တဲ့ #ပေါက်ပန်းဖြူ

ဆီးနီ၊ ဆီးနည်းရောဂါများအတွက် ပေါက်ပန်းဖြူရွက်ကို ဟင်းချက်စား၍သော် လည်းကောင်း၊ အပွင့်ကို ကြော်ချက်စားခြင်းဖြင့်သော်လည်းကောင်း ဆီးရောဂါ သက်သာစေသည်။

ကွမ်းစားသူများ၊ သည်းခြေ၊ ကျောက်ကပ်တွင် ကျောက်ရှိ သူများ မကြာခဏပြုတ်တို့စားပေးရသည်။

မီးယပ်ဖြူဆင်းရောဂါ၊ သွေးအန်သွေးကျရောဂါဖြစ်လျှင် ပေါက်ပန်းဖြူပွင့်ကို သုပ်စားရသည်။

အပူလောင်နာကို ပေါက်ပန်းဖြူရွက်သတ္ထုရည်ကို ထည့်ပေး အုံပေးပါက သက်သာစေသည်။ ထိခိုက်ဒဏ်ရာ ရလျှင် ပေါက်ပန်းဖြူရွက် သတ္ထုရည်ကို လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံးခန့် သောက်ပေးပါက အနာမန်း၀င်ခြင်း ကို ကင်းဝေးစေသည်။

ပေါက်ပန်းဖြူ အပွင့်၏ သတ္တု ရည်ကို မျက်စေ့၌ ခပ်ပါက မျက်စေ့မှုန်ခြင်း၊ မျက်စေ့ဝေခြင်းတို့ကို ပျောက်ကင်းစေ၏။

အဆစ်ရောင်ရောဂါ ဝေဒနာ ခံစားရပါက ပေါက်ပန်းနီပွင့်၏ အမြစ်ကို ရေနှင့်သွေး၍ မီးဖြင့်နွေးအောင်ပြုပြီး ရောင်သော အဆစ်များကို လိမ်းပေးခြင်းဖြင့် သက်သာစေသည်။

အပွင့်'(သို့)အရွက်ကို အရည်ညှစ်ယူ၍ ၄င်းအရည်ကို ခေါင်းမကိုက်သော တဘက်ရှိ နှာခေါင်းမှ ရှုပါက ပျောက်ကင်း၏။

ပေါက်ပန်းဖြူ ပွင့်ကို ပြုတ်စားပါက ကြက်မျက်သင့်ရောဂါ ပျောက်ကင်း၏။

၄င်းအရွက်၏ သတ္တုရည်တွင် ချင်းခြောက်, ပိတ်ချင်း, ကြံသကာတို့ကို ဆတူရော၍ ရှု၍ ရှု၍ ပေးပါက စိတ်ပျံ့လွင့်ခြင်း ပျောက်ကင်း၏။

တုပ်ကွေးဖျား(သို့မဟုတ်) ရိုးရိုးဖျားခြင်းများဖြစ်ပါက ပေါက်ပန်းဖြူရွက်ကို ကြက်သွန်နီနှင့် ကြော်စားနိုင်သည်။

ပေါက်ပန်းဖြူ ရွက်ကို ငြုပ်ကောင်းနှင့်အတူ နွားကျင်ငယ်နှင့် ကြိတ်၍ ရှုသော် ဝက်ရူးနာ ပျောက်၏။

ပေါက်ပန်းဖြူ အစိုအခေါက်ကို ထောင်း၍ အရည်ညှစ်ယူပါ။ ၄င်းသတ္တုရည်ကို စင်ကြယ်သော အဝတ် (သို့မဟုတ်) ဂွမ်းတွင် စိုအောင် ဆွတ်၍ ယောနိတွင်ထည့်၍ ပေးပါက မီးယပ်ဖြူ ရောဂါ ပျောက်ကင်း၏။

Ref
ကျန်းမာရေး၀န်ကြီးဌာနမှထုတ်ဝေသော အသုံး၀င်ဆေးပင် များနှင့် မြန်မာ့တိုင်းရင်းဆေးနည်း လက်စွဲ

#ပေါက်ပန်းဖြူ

⛔ တွဲဖက်မစားသင့်သော အစားအစာ( ၇၅ ) မျိုး။⛔===============================၁။ ဆူးပုတ်ရွက် + ဆိတ်သား { မူးဝေ }၂။ ကိုကိုး(ဖျေ...
15/10/2025

⛔ တွဲဖက်မစားသင့်သော အစားအစာ( ၇၅ ) မျိုး။⛔
===============================

၁။ ဆူးပုတ်ရွက် + ဆိတ်သား { မူးဝေ }

၂။ ကိုကိုး(ဖျော်ရည်)+ ပဲမြစ် { မူးဝေ }

၃။ ဝက်သား+ ဒေါင်းသား { ဝမ်းလျှော }

၄။ ဝက်သား+ ထန်းရည် { ဝမ်းလျှော }

၅။ ဝက်သား + ပေရည်ပေသီး { ဝမ်းလျှော }

၆။ ရှောက်သီး + စောင်းလျှားသီး{ ဝမ်းလျှော}

၇။ ခိုသား + စောင်းလျားသီး { ဝမ်းလျှော }

၈။ ဆီးသီး+ စားတော်ပဲ { ဝမ်းလျှော }

၉။ ဘဲဥ+ ဗျိုင်းသား { ဝမ်းလျှော }

၁၀။ ကျွဲသား + ကြာရိုးကြာစွယ် {ဝမ်းလျှော }

၁၁။ ကြက်သား + ကြက်ဟင်းခါးသီး
{ အော့အန် }

၁၂။ အာလူး+ ကြက်ဟင်းခါးသီး {အော့အန် }

၁၃။ စိမ်းစားဥ + ရှောက်သီး { အော့အန် }

၁၄။ ဘဲဥ + ဖရဲသီး { အော့အန် }

၁၅။ သံပုရာသီး+ ပဲတကော { အော့အန် }

၁၆။ ပျားရည် + ပိန္နဲသီး { အော့အန် }

၁၇။ စိမ်းစားဥ + ချိုချဉ် { အော့အန် }

၁၈။ လဖ္ဘက်သုပ် + မယ်ဇလီရွက်{အော့အန်}

၁၉။ နို့အေးချောင်း + သခွါးသီး { ရင်ကျပ် }

၂၀။ နို့အေးချောင်း + စိမ်းစားဥ { ရင်ကျပ် }

၂၁။ ကြက်သား+ ကြောင်လျှာသီး {အကြောတက်}

၂၂။ ကြက်ဟင်းခါးသီး + မှို {အကြောတက် }

၂၃။ ကြက်ဥ + တမာရွက် { အကြောတက် }

၂၄။ ကင်းပုံရွက် + နှမ်း { အကြောတက် }

၂၅။ ရွှေဖရုံသီး+ ပုစွန် { ဝမ်းကိုက်နာ }

၂၆။ ခိုသား + ငုံးသား { ရင်ပူ }

၂၇။ ဒူးရင်းသီး + အရက် { ရင်ပူ }

၂၈။ ကဏန်း + ခရမ်းသီး { အဆိပ်သင့် }

၂၉။ နွားနို့ + ငါးအစိမ်း { အဆိပ်သင့် }

၃၀။အမဲသား + တရုတ်ကြက်သွန်မိတ် {အဆိပ်သင့်}

၃၁။ မင်းကွတ်သီး + သကြား { သေ }

၃၂။ ရေခဲမုန့် + ဂျင်းသုပ် { သေ }

၃၃။ လဖ္ဘက် + ကျွဲခေါင်းသီး { သေ }

၃၄။ သံပုရာသီး + ကျွဲခေါင်းသီး { သေ }

၃၅။ ဖရုံသီး + ခိုသား { သေ }

၃၆။ ကြောင်လျှာသီး + ငါးသေတ္တာ { သေ }

၃၇။ ကြောင်လျှာသီး+ ပဲဒလက် { သေ }

၃၈။ ကြောင်လျှာသီး + စပါးကြီးမြွေ { သေ }

၃၉။ ချင်း(ဂျင်း) + သဘောင်္သီး { သေ }

၄၀။ ချင်း(ဂျင်း) + ခိုသား { သေ }

၄၁။ ထန်းလျက် + နလင်ကျော် { သေ }

၄၂။ ထန်းလျက် + (၂၇)ပါးဆေး { သေ }

၄၃။ ထန်းလျက် + သပြေသီး { သေ }

၄၄။ ဂွေးသီး + အာတာလွတ်ဥ { သေ }

၄၅။ ဂွေးသီး + နို့အေးချောင်း { သေ }

၄၆။ ပီလောပီနှံ + မျှစ်ချဉ် { သေ }

၄၇။ ပီလောပီနှံ + ပဲကြားလှော် { သေ }

၄၈။ ပီလောပီနှံ + ဒေါင်းသား { သေ }

၄၉။ ကြက်ဆူသီး + ငှက်သား { သေ }

၅၀။ ကျေးသား + ဘူးသီး { သေ }

၅၁။ ဝက်သား + ဗျိူင်းသား { သေ }

၅၂။ ဝက်သား + ထန်းရည်ချို { သေ }

၅၃။ ဝက်သား + ကြာရိုးကြာစွယ် { သေ }

၅၄။ ကျွဲသား + ဆိတ်သား { သေ }

၅၅။ နို့ဆီ+ ကိုးပါးဆေးလျက်ဆား { သေ }

၅၆။ မိုင်လို(အမှုန့်) + ပဲမြစ် { သေ }

၅၇။ ကြံ့သား + ငါးအမျိုးမျိုး { သေ }

၅၈။ ချောကလက် + ပဲမြစ် { သေ }

၅၉။ ချောကလက် + စောင်းလျားသီး { သေ }

၆၀။ သိုးသား + စောင်းလျားသီး { သေ }

၆၁။ တညင်းသီး + ရှိုန်းခို { သေ }

၆၂။ တညင်းသီး + ဒူးရင်းသီး { သေ }

၆၃။ တညင်းသီး + မှို { သေ }

၆၄။ နွားနို့ + မှို { သေ }

၆၅။ ဖားသား + မှို { သေ }

၆၆။ ပျားရည် + အုန်းသီး { သေ }

၆၇။ ပျားရည်+ သြဇာသီး { သေ }
၆၈။ ပျားရည်+ ဥသျှစ်သီး { သေ }

၆၉။ နွားနို့ + သံပုရာသီး { သေ }

၇၀။ လယ်ကဏန်း + မှို { သေ }

၇၁။ ကျွဲကောသီး + သံပုရာသီး { သေ }

၇၂။ ထန်းသီး/ ရည် + ငှက်ပျောသီး { သေ }

၇၃။ ကိုင်းဥ + ပုစွန်ချဉ် { သေ }

၇၄။ အမဲသား + ခရု { သေ }

၇၅။ ယုန်သား + မှို { သေ }

အစားလည်းဆေး ဆေးလည်းအစာ ဆိုပေမယ့် အသက်ကိုဉာဏ်စောင့်ရန် အတွက်ပါ ။

Crd

 #ဆောင်းရာသီ အတွက်  #အကောင်းဆုံးဓာတ်စာ  #အချဥ် စားပါ အချဉ်အရသာမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအချဉ်အရသာကို ဆေးသိပ္ပ...
14/10/2025

#ဆောင်းရာသီ အတွက် #အကောင်းဆုံးဓာတ်စာ
#အချဥ် စားပါ

အချဉ်အရသာမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ

အချဉ်အရသာကို ဆေးသိပ္ပံနည်းအရ သရုပ်ဖော်ကြည့်မည်ဆိုပါက solid ခေါ် အစိုင်အခဲဓာတ် နှင့် fire ခေါ် အပူဒြပ်စင်တို့ ပေါင်းစပ်ထားကြပါသည်။ တစ်နည်းဆိုသော် အချဉ်ဓာတ်သည် မြေကြီးဒြပ်စင်တစ်မျိုးဖြစ်သည်။

အချဉ်ဓာတ်သည် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေရုံသာမက အသည်းနှင့် ဆီးအိမ်ကို ကျန်းမာ စေသည့်အပြင် မိမိစားသုံးလိုက်သော အစား အသောက်များထဲရှိ သတ္တုဓာတ်များကို အလွယ်တကူ စုပ်ယူနိုင်ပြီး ခန္ဓာကိုယ်၏ တစ်သျှူးများကို သန့်စင်ပေးသည်။ သံပရာသီး၊ ရှောက်သီး၊ သံပရိုသီး၊ နာနတ်သီး၊ ပန်းသီး၊ မန်ကျည်းသီး၊ သစ်တော်သီး၊ ဒိန်ချဉ်၊ ချဉ်သောကရင်မ်၊ ပဲငါးပိအချဉ်ရည်၊ ရှလကာရည် စသည့် အချဉ်အရသာတို့ကို စားသုံးခြင်းဖြင့် လူသားတို့၏ ခန္ဓာကိုယ်နှင့် စိတ်အာရုံတွင် ရရှိစေနိုင်မည့် အကျိုးကျေးဇူးများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။



(က) သွားရည်ယိုလာသောကြောင့် ခံတွင်း ခြောက်သွေ့ခြင်းကို မဖြစ်စေပါ။

(ခ) တံတွေး ထွက်လာသောကြောင့် ပါးစပ်နှင့် ခံတွင်းတို့၏ ဇီဝဖြစ်စဉ်ကို ကောင်းစွာအလုပ်လုပ်စေပါသည်။ (အထူးသဖြင့် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ခံတွင်းနှင့် အာခေါင်ထဲသို့ ဝင်ရောက်ပျံ့နှံ့လာသော ကိုရိုနာဗိုင်းရပ်စ်များအပြင် ရာသီတုပ်ကွေး H1N1 ပိုးတို့ကိုပါ ရှင်းလင်းသုတ်သင်ပေးနိုင်သည်)

(ဂ) ချွေးထွက်စေခြင်း။

(ဃ) သွားအခေါင်းပေါက်များကို သန့်စင်စေခြင်း။

(င) အချဉ်အရသာကို မျိုချလိုက်သည့်အခါ ခံတွင်းနှင့် လည်ချောင်းတစ်လျှောက် ပူနွေးစိုစွတ်စေခြင်း။

(စ) လျှာကို နိုးကြားတက်ကြွလာစေခြင်း။

(ဆ) ခံတွင်းမြိန် နှုတ်မြိန်စေခြင်း။

(ဇ) အအီပြေစေခြင်း။

(ဈ) စိတ်ကို သက်သောင့်သက်သာ ဖြစ်လာနိုင်ခြင်း။

(ည) အရသာခံအာရုံကို တိုးတက်လာစေခြင်း။

(ဋ) အစာကြေညက်စေခြင်း။

(ဌ) ခန္ဓာကိုယ်တွင်း ကလီစာများကို ခြောက်သွေ့ခြင်းမဖြစ်စေခြင်း။

(ဍ) နှလုံးကျန်းမာစေခြင်း။

(ဎ) အရိုးအားကောင်း စေခြင်း။

(ဏ) သွေးယိုစီးခြင်းမှ ကာကွယ်ပေးခြင်း။

(တ) ဆီးရွှင်စေခြင်းနှင့်

(ထ) အာဟာရဖြစ်စေပါသည်။



ရှောက်သီး၊ သံပရာသီးများနှင့် အာဟာရတန်ဖိုး

အထူးသဖြင့် ဆစ်ထရစ်အက်စစ်ဓာတ်ကြွယ်ဝ သည့် သံပရာသီးနှင့် ရှောက်သီးတို့သည် ခန္ဓာကိုယ် အလေးချိန်ကို ကျစေခြင်း၊ အသားအရေကြည်လင် စေခြင်း၊ မျက်စိကောင်းခြင်း၊ အစာမြန်မြန် ကြေညက်စေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေး နိုင်ခြင်းဖြင့် ကောင်းကျိုးပြုပါသည်။ ထို့ပြင် အသက်ရှူလမ်းကြောင်းကို သက်သောင့်သက်သာ ဖြစ်စေ၍ ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်ပိုးအပါအဝင် ရာသီဖျားနာကူးစက် ရောဂါပိုးများ အန္တရာယ်မှ ကာကွယ်ပေးပါသည်။ ထို့ပြင်၎င်းအချဉ်သီးများက ဆီးရောဂါအမျိုးမျိုးနှင့် အသားအရေ ပြဿနာဖြစ်ခြင်းတို့မှလည်း ကာကွယ်ပေးနိုင်ပါသည်။



ဒိန်ချဉ်နှင့် အာဟာရတန်ဖိုး

ဒိန်ချဉ်ကိုများသောအားဖြင့် နွားနို့ သို့မဟုတ် ကျွဲနို့ဖြင့် ပြုလုပ်လေ့ရှိကြပါသည်။ ဒိန်ချဉ်ထဲတွင် ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝသည့်အပြင် probiotic (ခေါ်) ခန္ဓာကိုယ်အကျိုးပြု ဗက်တီးရီးယားများပါရှိ၍ နေ့စဉ် ဒိန်ချဉ် ၁၀၀ ဂရမ် သောက်သုံးပေး ခြင်းဖြင့် ကိုယ်ခံစွမ်းအားကို တိုးတက်ကောင်းမွန်စေ ခြင်း၊ အဆီနည်းသော ဒိန်ချဉ်သောက်သုံးပေးခြင်းဖြင့် အဆစ်အမျက်ရောင်ရောဂါနှင့် ဂေါက်ရောဂါဖြစ်နိုင် ခြေကို လျော့နည်းစေခြင်း၊ အမျိုးသမီးများ ယောနိကို သန့်စင်ပေးပြီး ယောနိအင်္ဂါမှိုစွဲခြင်း သို့မဟုတ် အဖြူဆင်း၍ ယားယံခြင်းမှ ကာကွယ်ပေးခြင်း၊ အမျိုးသမီးများ ဓမ္မတာလာစဉ် ဒိန်ချဉ်သောက်ခြင်းဖြင့် ကိုက်ခဲနာကျင်မှုဝေဒနာများ သက်သာစေခြင်း၊ ပဋိသန္ဓေတားဆေးမှီဝဲသော အမျိုးသမီးများ ဟော်မုန်းထွက်ရှိမှု မျှတစေခြင်း၊ ဒိန်ချဉ်ထဲရှိ လက်တစ်အက်စစ်သည် ခံတွင်းထဲရှိ ဗက်တီးရီးယား ပိုးမွှားများကိုသေစေ၍ ခံတွင်းရနံ့ဆိုးများကိုလည်း ပြေပျောက်စေသည့်အပြင် သွားနှင့် သွားဖုံးတို့ကိုပါ ကျန်းမာစေခြင်း၊ အသက် သုံးနှစ်အရွယ် ကလေးငယ်များကို ဒိန်ချဉ်တိုက်ကျွေးခြင်းဖြင့် သွားများပေါ်တွင် အလွှာတစ်ထပ်ဖုံးစေကာ သွားပိုးစားမှုသက်သာ၍ ခိုင်ခံ့လာစေခြင်း စသည်ဖြင့် ကောင်းကျိုးပြုပါသည်။ ထို့ပြင် အစာအိမ်နှင့် အူကို ကောင်းကျိုးပြုစေ၍ ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်များသာမက ရာသီဖျားနာတုပ်ကွေး ဖြစ်စေသော ကူးစက် ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်တတ်သည့် ဗိုက်နာ၊ ဗိုက်အောင့်၊ ဝမ်းပျက်၊ ဝမ်းသွားခြင်းတို့ကိုလည်း သက်သာပျောက်ကင်းစေ ပါသည်။ ထို့ကြောင့် ဒိန်ချဉ်သည် အရွယ်သုံးပါးမရွေး ကောင်းကျိုးပြုစေနိုင်သောကြောင့် ကမ္ဘာ့ အကောင်းဆုံးအစားအစာ ၁၀ မျိုးစာရင်းထဲတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း WHFoods မှ အကြံပြု ထားပါသည်။



ရှလကာရည်နှင့် အာဟာရတန်ဖိုး

ထမင်းမစားမီ ရှလကာရည်ကို လက်ဖက် ရည်ဇွန်း တစ်ဇွန်း ပုံမှန်သောက်ပေးသင့်ပါသည်။ ရှလကာရည်သည် သွေးတွင်းသကြားဓာတ်တို့ကို အချိန်ကြာကြာ တည်ငြိမ်စေသောကြောင့် ကိုယ အလေးချိန်လျော့ကျအောင် ကူညီပေးသကဲ့သို့ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်ပါသည်။ ထို့ပြင်ရှလကာရည်ထဲတွင်ရှိသည့် သဘာဝဗီတာမင်၊ သတ္တု ဓာတ်နှင့် အင်ဇိုင်းဓာတ်များက သွေးလှည့်ပတ်မှုစနစ် ကို လှုံ့ဆော်ပေးပြီး အသည်းတွင် အဆိပ်ခြေဖျက်သည့် စနစ်ကိုပါ အကူအညီပေးပါသည်။ အစာစားတိုင်း ရှလကာရည်ထည့်စားပေးခြင်းဖြင့် အစာကြေညက် လွယ်သည့်အပြင် နာတာရှည်ရင်ပူဝေဒနာကိုလည်း သက်သာစေပါသည်။ ကြက်သွန်နီကို ထက်ခြမ်း ခြမ်း၍ ဖန်ပုလင်းထဲထည့်ကာ ရှလကာရည်မြုပ်အောင် တစ်ညသိပ်စိမ်၍ အဖုံးလုံအောင်ဖုံးပြီး နောက် ထမင်းစားသည့်အခါတိုင်း ၎င်းကြက်သွန်နီကို ထည့်စားပေးခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ပိုးများ၊ ရာသီတုပ်ကွေးရောဂါများနှင့် သွေးလွန်တုပ်ကွေး ရောဂါဖြစ်စေသော Dengue Virus ပိုးများအန္တရာယ် အတွက်ကိုလည်း ကြိုတင်ကာကွယ်ရာရောက်ပါသည်။ ထို့ပြင်ငါးဟင်းလျာစားပြီး ငါးရိုးစူးသည့်အခါ ရှလကာရည်တစ်ပန်းကန် (အကြမ်းပန်းကန်) တစ်လုံးစာ သောက်ချပေးနိုင်ပါသည်။ ဗောက်ထ၍ ယားယံသော ဦးရေပြားအတွက်ကိုလည်း ရှလကာရည်နှင့် ရေအေးတို့ ဆတူရော၍ ဦးရေပြား အနှံ့နှိပ်နယ်လိမ်းကျံပြီး မိနစ်အနည်းငယ်အကြာ ရေဖြင့်လောင်းချပြီးနောက် ပုံမှန်သုံးနေကျ ခေါင်းလျှော်ရည်ဖြင့် စင်အောင် လျှော်ပေးသင့်ပါသည်။



အချဉ်လွန်ကဲခြင်း၏ အပြစ်များ

အထက်ဖော်ပြပါ အချဉ်အရသာရှိသော အစား အစာများအပြင် ကီဝီသီး၊ မာလကာသီး၊ ချဉ်သော လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ ပန်းငရုတ်ပွ၊ ကိုက်လန်၊ ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း (ဘရို ကိုလီ)၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ အစိမ်းရောင်ပဲသီး အမျိုးမျိုးတို့မှာလည်း ဗီတာမင်စီဓာတ်တို့ကို လုံလောက်စွာ ရရှိနိုင်ပါသည်။ သို့သော် အရွယ် ရောက်ပြီးသူတစ်ယောက်အတွက် တစ်နေ့တာ ဗီတာမင်စီ လိုအပ်ချက်ပမာဏမှာ ၄၅ မှ ၆၀ မီလီ ဂရမ်ဖြစ်ပါသည်။ အကယ်၍ လိုအပ်ချက်ပမာဏ ထက်ပို၍ အချဉ်ဓာတ် (ဗီတာမင်စီ)ကို ပို၍စားသုံး မိပါက ကျောက်ကပ်ကိုထိခိုက်စေခြင်း၊ အမျိုးသားများတွင် အရည်အသွေးညံ့သော သုက်ပိုးကောင် သုက်ရည်ထွက်ရှိခြင်း၊ အသည်းကို လွန်စွာအလုပ် လုပ်စေသောကြောင့် အသည်းကိုထိခိုက်လာခြင်း၊ ရေငတ်ခြင်း၊ ရင်ပူခြင်းများ ဖြစ်စေနိုင်၍ အချဉ်ဓာတ် ကို လွန်ကဲစွာ စားသုံးခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။



လူနာနှင့် အချဉ်အစားအစာများ

ထိခိုက်ဒဏ်ရာရ၍ အနာချုပ်ထားရသူများ၊ ခွဲစိတ်ခံထားရသူများအပါအဝင် အရိုးပျော့ရောဂါ၊ သွေးအားနည်းရောဂါ စသည့်ဝေဒနာသည်များကို အနာမြန်မြန်ကျက်စေရန်သော်လည်းကောင်း၊ သွေးထဲရှိ ကိုယ်ခံစွမ်းရည်သတ္တိကို မြှင့်ခြင်းဖြင့် ဝေဒနာမြန်မြန် ပျောက်ကင်းအောင်သော်လည်းကောင်း ရည်ရွယ်၍ ဆရာဝန်များက “အချဉ်များများ စားပါ”ဟု ညွှန်ကြားလေ့ရှိပါသည်။ အချဉ်ဆိုသည်မှာ ရှောက်သီး၊ သံပရာသီး၊ ရှောက်ချိုသီး၊ လိမ္မော်သီး၊ ကျွဲကောသီး၊ ဆီးဖြူသီး၊ ဆီးသီး၊ သရက်သီး စသဖြင့် အမျိုးမျိုးရှိကြရာ ရာသီမရွေး အလွယ်တကူရရှိနိုင်သော အချဉ်သီးမှာ ရှောက်သီးနှင့် သံပရာသီးတို့ ဖြစ်ကြပါသည်။ ထိုနည်းတူစွာပင် ဆရာဝန်များ အများဆုံးရည်ညွှန်းပြောကြားလေ့ရှိသော အချဉ် ဆိုသည်မှာလည်း ရှောက်သီးနှင့် သံပရာသီးတို့ပဲ ဖြစ်ပါသည်။



လူနာများကြောက်ကြသည်မှာ “အနာရှိသူများ အချဉ်စားလျှင် မေးခိုင်လိမ့်မည်” “ဖျားနေသူများ အချဉ်စားလျှင် ငန်းဝင်လိမ့်မည်” “ အင်္ဂလိပ်ဆေးစား ထားလျှင် တစ်နေ့တာလုံး အချဉ်မစားနဲ့”ဟူ၍ လူနာ ၁၀၀ တွင် ပျမ်းမျှ ၉၀ ခန့်က ဤသို့ ပြောနေကြသည် ကို ကြားသိရပါလိမ့်မည်။ သို့တည်းမဟုတ် သင် (စာဖတ်သူ) ကိုယ်တိုင် ထင်မြင်ယူဆနေပါလိမ့်မည်။ ထိုကိစ္စနှင့်ပတ်သက်၍ လွန်ခဲ့သော အနှစ် ၂၀ ခန့် တွင် နိုင်ငံတကာ ကျန်းမာရေး သုတေသီများ၏ လေ့လာစမ်းစစ်မှုမှတ်တမ်းများအရ အနာပေါက်စဉ် အချဉ်စားလျှင် အနာမြန်မြန် ကျက်လွယ်ကြောင်း၊ ခွဲစိတ်ခံထားရသူများ အချဉ်စားလျှင် ချုပ်ရိုးမြန်မြန် ကျက်စေကြောင်း၊ ဖျားနာနေစဉ် (အပူဒီဂရီမည်မျှပင် ရှိစေကာမူ) အချဉ်စားလျှင် ကိုယ်ခံစွမ်းရည် မြင့်မားလာပြီး မြန်မြန် အဖျားပျောက်စေကြောင်း၊ အရိုးပျော့ရောဂါမဖြစ်ရန်၊ သွားများခိုင်ခံ့ရန်နှင့် သွေးအားနည်းရောဂါ၊ သွေးတိုးရောဂါ၊ ရင်တုန်၍ မောပန်းလွယ်သောရောဂါများမှ ကင်းဝေးလိုလျှင် အချဉ်ဖျော်ရည် သို့မဟုတ် အသီးတစ်မျိုးမျိုးကို နေ့စဉ်မှီဝဲသင့်ကြောင်း အဖြေထွက်ရှိပါသည်။



သို့သော် အထူးသတိပြုရန်မှာ ဆစ်ထရစ် အက်စစ်ခေါ် အချဉ်ဓာတ်ကဲသည့် အစားအစာများကို မည်သည့် ရောဂါကြောင့်ဖြစ်စေ အင်္ဂလိပ်ဆေး၊ ပဋိဇီဝဆေးများ သောက်ပြီးပြီးချင်း သို့မဟုတ် ဆေးထိုး ပြီးပြီးချင်း ချက်ချင်းမစားသင့်ပါ။ ဆေးထိုးဆေးသောက်ပြီး အနည်းဆုံး တစ်နာရီကျော်ကြာမှသာလျှင် အချဉ်အရသာရှိသော အစားအစာများကို စားသောက်ရမည် ဖြစ်ပါသည်။ အထူးသဖြင့် အကိုက်အခဲ ပျောက်ဆေးများ သောက်သည့်အခါ ဗီတာမင်စီဆေးပြားနှင့်တွဲ၍ မသောက်သင့်ပါ။ ထို့နည်းတူ အချဉ်အရသာရှိသော ဖျော်ရည်များဖြင့်လည်း ရောမသောက်သင့်ပါ။ အဘယ်ကြောင့်ဆိုသော် အကိုက်အခဲ ပျောက်ဆေးထဲတွင် ပါရှိနေသော အက်စစ်တစ်မျိုးနှင့် ဗီတာမင်စီဓာတ်တို့၏ ပေါင်းစပ်မှုဓာတ်သတ္တိ အရှိန်ကြောင့် နုနယ်သော အစာအိမ်နံရံကို တိုက်စားသွားပြီးနောက် သွေးများ ယိုစိမ့်ထွက်လာတတ်ကာ သွေးမတိတ်ပါက သွေးလန့်ပြီး သေစေနိုင်သည်။ ထို့ကြောင့် အသက်အန္တရာယ် ကင်းစေရန်အတွက် အချဉ်စားပြီးနောက် အချိန်နှစ်နာရီခန့်ခွာ၍ အကိုက်အခဲပျောက်ဆေး မှီဝဲသင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

ပေါက်ပေါက်
#ဆောင်းအချဥ်
#လန်းလန်းအာရုံကြောဆေး

အသည်းနဲ့ ကျောက်ကပ်ကိုကျန်းမာစေတဲ့  #ကြောင်လျှာသီး🌱🌱ကြောင်လျှာသီး ကို  အစိမ်းကို ပါးပါးလှီးပြီး ရေစိမ်တို့လို့ရသလို မီးကင...
13/10/2025

အသည်းနဲ့ ကျောက်ကပ်ကိုကျန်းမာစေတဲ့ #ကြောင်လျှာသီး🌱🌱

ကြောင်လျှာသီး ကို အစိမ်းကို ပါးပါးလှီးပြီး ရေစိမ်တို့လို့ရသလို မီးကင်ပြီးစားတာ၊ ပါးပါးလှီး ဆားနဲ့နယ်၊ ရေသချာဆေးပြီး ပဲမှုန့် ဆီချက် တို့နဲ့ သုပ်စားတာ၊ ဆန်ဆေးရည်ဆားတို့နဲ့ အချဉ်စိမ်ပြီး စားတာမျိုး လုပ်စားလို့ရရပါတယ််။

ကြောင်လျှာသီးသည် ကင်ဆာဆဲလ်တွေ မပြန့်အောင်လည်း ဟန့်တားပေးနိုင်တာကြောင့်ကင်ဆာရောဂါကာကွယ်ပေးနိုင်သည်

အသည်းနဲ့ ကျောက်ကပ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးလို့ ဆေးသောက်သုံးရတာကြောင့် အသည်း ထိခိုက်တာ နဲ့ ကျောက်ကပ်မှာ ကျောက်တည်တာကိုလည်း သက်သာစေနိုင်ပါတယ်။

ဆီးချိုကိုကာကွယ်ပေးပြီး ဆီးချို ရုတ်တရက် တက်တာကို ထိန်းပေးနိုင်တာကြောင့် ဓာတ်စာအနေနဲ့စားသုံးပေးသင့်ပါတယ်

ကြောင်လျှာဟာ အသီးသာမက အရွက် အမြစ် အခေါက်တွေ လည်းဆေးဖက်ဝင်ပါတယ် ။

အသီး
၁ ။ အသီးကို ပြုတ်၍ လည်းကောင်း ၊ ဖုတ်၍ လည်းကောင်းစားခြင်းဖြင့် အစာမကြေရောဂါ ၊ လည်ပင်းကြီးရောဂါ ၊ သရိုက်ရောဂါ ပျောက်၏။ သုပ်စားခြင်းဖြင့် လည်ချောင်းတွင်း အပူဖုပေါက်သောရောဂါ ပျောက်သည်။
၂ ။ ကြက်သားနှင့် ချက်စားပါက ပန်းနာရောဂါ ပျောက်၏ ။
၃ ။ ငါးရံ့ဖြင့်ချက်စားပါက ကာလဝမ်းရောဂါပျောက်၏ ။ အားကို ဖြစ်စေပြီး အစာမကြေရောဂါ ဝမ်းပျက်ရောဂါပျောက်၏။
၄ ။ ပုစွန်ဖြင့် ချက်စားက နှလုံးလေရိုက်ရောဂါ ၊ နှလုံးတုန် ၊ ရင်တုန်ရောဂါ ပျောက်၏
၅ ။ ငါးသလောက်ဖြင့် ချက်စားက အဖောရောဂါကို ကျစေ၍ လူကို ဝဖြိုးစေပြီး နှလုံးအားနည်းခြင်း ကို ပျောက်စေသည်။
၆ ။ ငါးမြွေထိုးနှင့် ချက်စားက ဒူလာသွေးဝမ်း မီးယပ်သွေးဝမ်း နှင့် မြင်းသရိုက် ရောဂါတို့ကို ပျောက်ကင်းစေ၏။

အရွက်
၁ ။ ကြောင်လျှာရွက်ညှစ်ရေကို သောက်သော် ဘိန်းဆိပ်သင့် ခြင်း ပျောက်၏ ။
၂ ။ ကြောင်လျှာရွက်ပြုတ်တို့စားက ဝမ်းမီးကောင်း၏ ။

အခေါက်
၁ ။ ကြောင်လျှာအခေါက်မှုန့်ကို ချင်းရည် ၊ ပျားရည်တို့နှင့် ရောစပ်လျက် သောက်သော် ပန်းနာ ချောင်းဆိုးရောဂါ ပျောက်၏ ။
၂ ။ အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး နံနက် ည သောက်သော် အစာမကြေရောဂါ ပျောက်၏ ။
၃ ။ ကြောင်လျှာခေါက် ကို ရေစိမ်၍ ၎င်းရေနှင့် ပလုတ်ကျင်း ပေးသော် ခံတွင်း ခြောက် ကွဲနာ ပျောက်၏ ။
၄ ။ သားဖွားပြီး နာကျင်ကိုက်ခဲသည့်ရောဂါ ၊ ခေါင်းတစ်ခြမ်း ကိုက်ရောဂါများအတွက်လည်း ကြောင်လျှာခေါက်ကို သုံး၏ ။
၅ ။ အမြစ်ခေါက်ကို အဆစ်အမျက်ရောဂါဖျားရောဂါ ၊ ဝမ်းဖော ၊ ဝမ်းရောင် ၊ ဝမ်းကိုက်ရောဂါများအတွက် အသုံးပြု၏ ။

အမြစ်
၁ ။ အမြစ်ကိုသွေး၍ လိမ်းပေးခြင်းဖြင့် အနာဝင် မန်းလိုက်ခြင်း ပျောက်ကင်းသည်

#သဘာဝတိုင်းရင်းဆေး
#ကြောင်လျှာသီး

ဆေးဖက်၀င်  #ဒန့်သလွန် အကြောင်းဒန့်ဒလွန်စေ့ ဟာ အသည်း ပျက်စီးမှုမှ ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်သွေးတိုးရောဂါတွင်*ဒန့်...
12/10/2025

ဆေးဖက်၀င် #ဒန့်သလွန် အကြောင်း
ဒန့်ဒလွန်စေ့ ဟာ အသည်း ပျက်စီးမှုမှ ကာကွယ်ပေးနိုင်တဲ့
အာနိသင်ရှိပါတယ်
သွေးတိုးရောဂါတွင်
*ဒန့်ဒလွန် အရွက် သတ္ထု ရည် ကို တစ်ကြိမ်လျှင် လက္ဘက်ရည်ဇွန်း

(၂)

ဇွန်းစာကို တစ်နေ့ (၂) ကြိမ် သောက်ခြင်းဖြင့်သက်သာစေနိုင်ပါတယ်

(သို့) ဒန့်ဒလွန်ပြုတ်ရည် 300 ml ကို နံနက်စောစော အစာမစားမီ

သောက်ပေးခြင်းဖြင့် သွေးတိုးကို ထိန်းပေးနိုင်ပါတယ်

*အမျိုးသမီးများ ဓမ္မတာ ထိန်ခြင်း ငုတ်ခြင်းအတွက် ဒန့်ဒလွန်

အရွက်ကို

မိဿလင်ဥ ၊ ပဒဲကော တို့ကို ပါးပါးလှီး၍ ငရုတ့ကောင်းမှုန့်ခတ်ပြီး

ဟင်းခါးချက်သောက်လျှင် သက်သာပျောက်ကင်းစေပါတယ်

*အအေးမိလည်ချောင်းနာ အသံ၀င်ခြင်းတို့တွင် ဒန့်ဒလွန်မြစ်

လတ်လတ်

ဆက်ဆက်ကို ထုထောင်း ကြိတ်ချေ၍ ရသော သတ္ထု ရည်ကို

စားပွဲတင်ဇွန်း

(၁)ဇွန်းခန့် သောက်ပေးပါက သက်သာစေနိုင်ပါတယ်

အားဆေး
-----------

*ဒန့်ဒလွန်မြစ်မှုန့် နှင့် ပရန္နဝါမြစ်အမှုန့်ကို ဆတူ ရော၍ အုန်းနို့ ၊

ပျားရည်တို့နှင့် ရောစပ်ချက်ပြီး နံနက် ၊ ည ဟင်းစားဇွန်း (၁)

ဇွန်းခန့်သောက်ပေး ပါက ခွန်အား တိုးစေပါတယ်

*ကာမ အားတိုးဆေး
----------------------

ဒန့်ဒလွန် အပွင့်များကို နွားနို့ နှင့် ကျို ၍ သောက်ပေးခြင်း ၊

အပွင့်ဖက်များကို

စားပေးခြင်းဖြင့် အားတိုးစေပါတယ်

*နားကိုက် နားပြည်ယို အတွက် ပျောက်ဆေး

ဒန့်ဒလွန် ပင်စည် အခေါက် လက်လက်ဆတ်ဆတ်ကို

ထုထောင်းအရည်ညှစ်ကာ နားတွင်းသို့ တစက် နှစ်စက်မျှ

ထည့်ပေးပါက

ပျောက်ကင်းစေပါတယ်

*ဆီးလွန် ဆီးများ ရောဂါ
---------------------------

ညဘက်မကြာခဏ ထ၍ ဆီးသွားရသော ဆီးလွန်

ဆီးများရောဂါများတွင်

ဒန့်ဒလွန်သီး အရင့်၏ အတွင်းသားများကို ခြစ်ယူအခြောက်လှမ်း၍

ခံတက်ခေါက်မှုန့် နှင့် ဆတူရော၍ နေ့လည် -ညနေ တို့တွင် ၂ ပဲသား

ခန့်သောက်ပေးပါကသက်သာစေနိုင်ပါတယ်

၀ါတဗျာဓိ (သွေးကျဆေး)
----------------------------

-စမုံမျိုးငါးပါး ၁ ကျပ်သားစီ ၅ကျပ်

-ချင်းခြောက် ၁ကျပ်

-လင်းနေ. ၁ကျပ်

-ဧကရာဇ်​မြစ်​ ၁ကျပ်

-ဘုမ္မရာဇာ ၁ကျပ် ၈ပဲ

-ဆင်တုန်းမနွယ် ၂ကျပ်

-နနွင်းခါး ၂ကျပ်

-ဒန့်ဒလွန်မြစ် ၂ကျပ်

ဒန့်ဒလွန်သီးဓာတ်စာ
---------------------

-ဒန်လွန်သီးကို ငါးရံ့ကင်နှင့် ဟင်းခါးချက်သောက်လျှင် မီးဖွပြီးစ

အမျိုးသမီးများ နို့ခမ်းခြင်း ၊ နို့ချောင်းပိတ်ခြင်း ၊ မီးယပ်ချမ်းထခြင်း

သက်သာပျောက်ကင်းစေသည်

- ဒန့်ဒလွန်သီးကို ပုဇွန် ထုပ်နှင့် ချက်စားပါက သွေး၀မ်သက်ရောဂါ

သက်သာစေနိုင်ပါတယ်

- ဒန့်ဒလွန် သီးကို ကြက်သားဖြင့် ချက်စားပါက နာတာရှည် ဒူလာ

ညောင်းကိုက် သက်သာစေပါတယ်

လွန်ကဲစွာ သုံးပါက

Moriginine ဒြပ်ပေါင်းသည် နှလုံးကို လှုံ့ဆော်ပေး၍

သွေးဖိအားတက်

စေရုံမက ခန္ဓာကိုယ်ရှိ ကိုယ်တွင်း ကလီစာ ကြွက်သားများနှင်

sympatheticအာရုံကြောများ လှုံ့ဆော်ပေးသဖြင့် လွန်ကဲစွာ

မစားသုံးသင့်ပါ ။crd

Address


Telephone

+959770989990

Website

Alerts

Be the first to know and let us send you an email when ကျန်းမာသုတ ဘဝသုခ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ကျန်းမာသုတ ဘဝသုခ:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram