Rosie Thet Mon OnlineBusiness

Rosie Thet Mon OnlineBusiness I'm Abundant.
972 222 AC

ချစ်နေဖို့ထက်ကိုယ့်အပေါ် စေတနာရှိနေဖို့လိုတယ်..ကိုယ်ရဲ့လက်တွဲဖော်တစ်ယောက်ဟာယောကျာ်းလေးပဲဖြစ်ဖြစ်၊မိန်းကလေးပဲဖြစ်ဖြစ်၊ကို...
11/09/2025

ချစ်နေဖို့ထက်
ကိုယ့်အပေါ် စေတနာရှိနေဖို့လိုတယ်..

ကိုယ်ရဲ့လက်တွဲဖော်တစ်ယောက်ဟာ
ယောကျာ်းလေးပဲဖြစ်ဖြစ်၊မိန်းကလေးပဲဖြစ်ဖြစ်၊
ကိုယ်အပေါ်စေတနာရှိတဲ့လူမျိုးဖြစ်ဖို့လိုတယ်။

ချစ်တော့ချစ်တယ်...
ကိုယ့်အတွက်အတ္တကြီးနေတဲ့လူမျိုးဖြစ်နေရင်
စိတ်ဆင်းရဲရတယ်။
လူတစ်ယောက် ချစ်ဖို့၊ မချစ်ဖို့ထက်
စေတနာ ရှိ၊ မရှိ စကားပြောကြည့်ပြီး
လေ့လာကြည့်ယုံနဲ့ အနည်းငယ်ခန့်မှန်းလို့ရတယ်။

ဒါပေမယ့်
မသိစိတ်ကြောင့် လူတစ်ယောက်ကိုချစ်မိပြီဆိုရင်
သူရဲ့ဆိုးတာတွေကို မမြင်နိုင်တော့တာပါပဲ။

ယောကျာ်းလေးတွေမှာ
မိန်းကလေးတွေကိုကြည့်ရင် ပထမဆုံး
လှတာလေးကိုအရင်မက်ကြတယ်။
မဟုတ်လည်း အရည်အချင်းရှိတဲ့သူကို မက်ကြတယ်။

တချို့လူတွေကျတော့
ကိုယ်အပေါ် စေတနာရှိတဲ့ မိခင်နဲ့တူတဲ့အမျိုးသမီး
မျိုးကိုပဲရွေးကြတယ်။
မိန်းကလေးအများစုကတော့ မိခင်နဲ့ပိုတူကြတယ်။
ဒါပေမယ့် အကုန်လုံးတော့မဆိုနိုင်ဘူး။

တခါတလေကျတော့လည်း
သူဆီကဘာရမလဲဆိုတဲ့စိတ်နဲ့ချစ်နေကြတဲ့
သူတွေလည်းရှိတယ်။
နောက်ဆုံးကျတော့ အချစ်ဆိုတာထက်
စိတ်နှလုံးကောင်းပြီး
ကိုယ်အပေါ် တကယ်မေတ္တာထားပေးနိုင်တဲ့
အမျိုးသမီးမျိုးရွေးချယ်ကြတာမှန်မယ်လို့ထင်တယ်။

ငွေကြေးတစ်ခု၊ အလုပ်တစ်ခု၊
ပြည့်စုံချမ်းသာမှုတစ်ခုနဲ့ အချစ်ကိုဖော်ပြလို့မရဘူး။
ကိုယ်လိုအပ်တာကို ဖြည့်ဆည်းပေးနေတဲ့သူနဲ့
လိုချင်တာကို ဖြည့်ဆည်းပေးနေတဲ့သူတောင်
ချစ်တာခြင်းမတူညီကြဘူး။

စေတနာဆိုတာ မရှိတဲ့ကြားကနေ
မရ.ရအောင် ဖန်တီးပေးချင်နေတာမျိုး။
ဝင်ငွေအများကြီးရှိပြီး ဘာမှလုပ်မပေးတဲ့
သူမျိုးထက်
သူမှာရှိတဲ့ဝင်ငွေလေးနဲ့ ကိုယ့်ကိုဖြည့်ဆည်းပေးတာမှ စေတနာရှိတယ် လို့ခေါ်တယ်။
ချစ်တာချင်းတူကြပေမယ့် စေတနာကတော့ကွာတယ်။

တကယ်တော့ လူတွေက ချစ်ရင်
ဘာမဆိုကျော်ဖြတ်နိုင်တယ်လို့ထင်ကြတယ်။
အချစ်ဆိုတာထက် စေတနာ မေတ္တာကပိုလိုအပ်ပါတယ်။
သူလိုအပ်တာနဲ့ ကိုယ်လိုအပ်တာ သေချာသိပြီး
နွေးထွေးမှုပေးနိုင်ရတယ်။
သူကချစ်ပြတာကိုလိုရင် ချစ်ပြတာကိုပေးတတ်ရမယ်။

ချစ်ကြပုံခြင်းမတူကြရင်တောင်
နားလည်ကြရပါလိမ့်မယ်။

ဒါမှ အချစ်ရဲ့အဓိပ္ပာယ်နဲ့ အချစ်ရဲ့သက်ရောက်မှု
တွေဟာ အသက်ထက်ဆုံး ရှိသွားကြပြီး၊
အိုမင်းခြင်းအရွယ်အထိရှင်သန်သွားကြသည်ပေါ့။

10/09/2025

ဆရာဦးငြိမ်းမင်းပြောသလိုပဲဲ
ထာဝရအမြဲတမ်းအတွက်မဟုတ်ဘူးဆိုလို့ရှိရင်
ချစ်တဲ့ဆိုတဲ့စကားကို တကယ်ကိုမပြောသင့်ဘူး
🥰🥰🥰




#သီချင်းချစ်သူများအတွက်

ရှားစောင်းလက်ပတ်ဟာ အလှအပအတွက် အရမ်းအသုံးဝင်ပြီး ကောင်းကျိုးတွေ အများကြီးပေးနိုင်ပါတယ်။ အဓိကကောင်းကျိုးလေးတွေကို အောက်မှာ...
10/09/2025

ရှားစောင်းလက်ပတ်ဟာ အလှအပအတွက် အရမ်းအသုံးဝင်ပြီး ကောင်းကျိုးတွေ အများကြီးပေးနိုင်ပါတယ်။ အဓိကကောင်းကျိုးလေးတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်-

🍀အသားအရေအတွက် ကောင်းကျိုးများ🍀

* အသားအရေကို ရေဓာတ်ဖြည့်ပေးတယ်
ရှားစောင်းလက်ပတ်မှာ ရေဓာတ်ကြွယ်ဝတဲ့အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်အသားအရေကို စိုပြေတင်းရင်းစေပြီး ခြောက်သွေ့မှုမရှိအောင် ကူညီပေးပါတယ်။

* ဝက်ခြံနဲ့ အဖုအပိမ့်တွေကို သက်သာစေတယ်

ရှားစောင်းလက်ပတ်မှာ ပါဝင်တဲ့ antibacterial (ဘက်တီးရီးယားဆန့်ကျင်တဲ့) ဂုဏ်သတ္တိတွေကြောင့် ဝက်ခြံပေါက်တာကို လျော့ကျစေပြီး ရောင်ရမ်းမှုကိုလည်း သက်သာစေပါတယ်။

* နေလောင်ဒဏ်ကို ကုစားပေးတယ်

နေရောင်ခြည်ကြောင့် နီရဲပြီး လောင်ကျွမ်းနေတဲ့ အသားအရေကို အေးမြစေပြီး လျင်မြန်စွာ ပြန်လည်သက်သာလာအောင် ကူညီပေးနိုင်ပါတယ်။

* အိုမင်းရင့်ရော်မှုကို နှေးကွေးစေတယ်

ရှားစောင်းလက်ပတ်မှာ Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) တွေ ပါဝင်တာကြောင့် အသားအရေကို လန်းဆန်းစေပြီး အရေးအကြောင်းဖြစ်ပေါ်ခြင်းကိုလည်း လျော့နည်းစေပါတယ်။

* အမဲစက်နဲ့ အမာရွတ်တွေကို လျော့ပါးစေတယ်

ပုံမှန်လိမ်းပေးမယ်ဆိုရင် ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမဲစက်နဲ့ အမာရွတ်တွေကိုလည်း တဖြည်းဖြည်း မှေးမှိန်သွားအောင် ကူညီပေးပါတယ်။

🍀ဆံပင်အတွက် ကောင်းကျိုးများ🍀

* ဆံသားကို သန်စွမ်းစေတယ်

ရှားစောင်းလက်ပတ်ဟာ ဦးရေပြားကို ကျန်းမာစေပြီး ဆံပင်ကျွတ်တာကို လျော့နည်းစေတဲ့အပြင် ဆံပင်ကိုလည်း သန်စွမ်းတောက်ပလာအောင် အားဖြည့်ပေးပါတယ်။

* ဗောက်ထတာကို ကာကွယ်ပေးတယ်

ရှားစောင်းလက်ပတ်က ဦးရေပြားမှာ ဖြစ်တတ်တဲ့ ယားယံတာ၊ ခြောက်သွေ့တာနဲ့ ဗောက်ထတာတွေကို သက်သာစေပါတယ်။

* ဆံသားကို နူးညံ့စေတယ်

ပျက်စီးနေတဲ့ ဆံသားတွေကို ပြန်လည်ပြုပြင်ပေးပြီး ပျော့ပျောင်းနူးညံ့စေဖို့အတွက် သဘာဝအတိုင်း conditioner အနေနဲ့ သုံးလို့ရပါတယ်။

ရှားစောင်းလက်ပတ်ကို မျက်နှာပေါ် တိုက်ရိုက်လိမ်းတာ ဒါမှမဟုတ် mask အဖြစ် အသုံးပြုတာမျိုးအပြင် ခေါင်းလျှော်ရည်၊ ခေါင်းလိမ်းဆီတွေနဲ့ ရောစပ်ပြီးလည်း အသုံးပြုနိုင်ပါတယ်။

#ရှားစောင်းလက်ပတ်
#အလှအပနှင့်ကျန်းမာရေး
#အလှအပ
#ဗဟုသုတ

ဘူးခွံတွေ ပုံးခွံတွေကို လွှတ်မပစ်ပဲ ဒီလိုလေးတွေအသုံးပြုနော်။အပင်စိုက် ဝါသနာပါသူတွေအတွက် ပိုအသုံးဝင်တယ်။အရမ်းလှတာပဲရှင်🩷🫰...
10/09/2025

ဘူးခွံတွေ ပုံးခွံတွေကို လွှတ်မပစ်ပဲ
ဒီလိုလေးတွေအသုံးပြုနော်။

အပင်စိုက် ဝါသနာပါသူတွေအတွက်
ပိုအသုံးဝင်တယ်။

အရမ်းလှတာပဲရှင်🩷🫰

🌹 ွက်ပိုးပုရွက်စာဒါနပြုရန်    ****************************************💢ပိုးပုရွက်စာ ဒါနပြုခြင်းက     လက်ဖျားငွေသီးပြီး င...
10/09/2025

🌹 ွက်ပိုးပုရွက်စာဒါနပြုရန်
****************************************
💢ပိုးပုရွက်စာ ဒါနပြုခြင်းက
လက်ဖျားငွေသီးပြီး ငွေအဝင်ထူးစေတာမို့…
💸နေ့စဉ် ပိုးပုရွက်တွေကို ဒါနပြုရင်း…
ငွေကံတံခါးကြီး ဖွင့်ကြရအောင်ဗျာ……။

🔯 ဓါတ်သဘောအရ ပိုးပုရွက်တွေကို သကြား
ဒါနပြုရပါတယ်……။
💰 ဒါနပြုခြင်းဖြင့်……
▪ ထူးခြားစွာ ငွေကံအထူးပွင့်လန်းပြီး
ငွေဝင်စေတယ်…
▪ စီးပွါးကို အထူးတိုးတတ်စေတယ်…
▪ ငွေကြေးဆိုင်ရာ တောင်းဆုမှန်သမျှ
ပြည့်ဝစေတယ်ဗျာ…။
( အပြောမဟုတ် လုပ်ကြည့်မှ သိပါလိမ့်မယ် …)

🌿 သာမာန်ဒါနပြုတာမျိုး မဟုတ်ပဲ …
ငွေဝင်လာဘ်ရွှင်စေမယ့် အရပ်မျက်နှာမူပြီး
ကံကောင်းခြင်းတွေ အထူးပေးစွမ်းမယ့်
အချိန်ကောင်းတွေမှာ ဒါနပြုရင်ဖြင့်…
အင်မတန်မှာ အကျိုးပေးမြန်ဆန်လွန်းလို့…
⚛ တစ်လတာလုံးအတွက်
နေ့စဉ် ပြုလုပ်ဖွယ် အချိန်ကောင်းများနှင့်
မျက်နှာမူ ဒါနပြုရန် အရပ်မျက်နှာများကို
တစ်လတာတွက်ချက်ပြီး တင်ပေးလိုက်ပါတယ်…။

💢( အချိန် သတိပြုပါ....)

01-September-2025
7:49 AM to 8:31 AM➡️အနောက်မြောက်ရပ်

02-September-2025
3:36 PM to 4:20 PM➡️မြောက်အရပ်

03-September-2025
12:29 PM to 1:20 PM➡️အရှေ့မြောက်ရပ်

04-September-2025
1:55 PM to 3:00 PM➡️အရှေ့ရပ်

05-September-2025
10:48 AM to 11:21 PM➡️အရှေ့တောင်ရပ်

06-September-2025
9:12 AM to 10:15 AM➡️တောင်အရပ်

07-September-2025
4:59 PM to 6:00 PM➡️အနောက်ရပ်

08-September-2025
7:41 AM to 8:48 AM➡️အနောက်မြောက်ရပ်

09-September-2025
3:22 PM to 4:19 PM➡️မြောက်အရပ်

10-September-2025
12:17 PM to 1:20 PM➡️အရှေ့မြောက်ရပ်

11-September-2025
1:46 PM to 2:22 PM➡️အရှေ့ရပ်

12-September-2025
10:44 AM to 11:28 PM➡️အရှေ့တောင်ရပ်

13-September-2025
9:16 AM to 10:10 AM➡️အနောက်တောင်ရပ်

14-September-2025
4:47 PM to 6:02 PM➡️အနောက်ရပ်

15-September-2025
7:51 AM to 8:40 AM➡️အနောက်မြောက်ရပ်

16-September-2025
3:19 PM to 4:20 PM➡️မြောက်အရပ်

17-September-2025
12:16 PM to 1:15 PM➡️အရှေ့မြောက်ရပ်

18-September-2025
1:44 PM to 2:52 PM➡️အရှေ့ရပ်

19-September-2025
10:34 AM to 11:40 AM➡️အရှေ့တောင်ရပ်

20-September-2025
9:21 AM to 10:20 AM➡️တောင်အရပ်

21-September-2025
4:51 PM to 5:50 PM➡️အနောက်ရပ်

22-September-2025
7:55 AM to 8:36 AM➡️အနောက်မြောက်ရပ်

23-September-2025
3:17 PM to 4:11 PM➡️မြောက်အရပ်

24-September-2025
12:21 AM to 1:15 PM➡️အရှေ့မြောက်ရပ်

25-September-2025
1:35 PM to 2:30 PM➡️အရှေ့ရပ်

26-September-2025
10:44 AM to 11:32 AM➡️အရှေ့တောင်ရပ်

27-September-2025
9:18 AM to 10:17 AM➡️အနောက်တောင်ရပ်

28-September-2025
4:36 PM to 5:40 PM➡️အနောက်ရပ်

29-September-2025
7:41 AM to 8:38 AM➡️အနောက်မြောက်ရပ်

30-September-2025
3:16 PM to 4:11 PM➡️မြောက်အရပ်

🔹 အထက်ပါ သက်ဆိုင်ရာနေ့
🔹 သက်ဆိုင်ရာ အချိန်ကောင်း
🔹 သက်ဆိုင်ရာ အရပ်မျက်နှာမူပြီး……
🍁မိမိနေအိမ် ဝန်းခြံအပြင်ဘက်ချုံအစပ်
ရေမြောင်းအစပ်တွေမှာ……
သကြားလက်၂ဆုပ်ခန့်ကို ပိုးပုရွက်စာအဖြစ်
ဒါနပြုပါ…။
( မှတ်ချက် --> မိမိနေအိမ် ဝန်းခြံအတွင်းထဲ
လုံးဝမပြုလုပ်ရပါ… သတိပြုစေချင်ပါတယ် )

🦋 ဒါနပြုရင်း ငွေဝင်လာဘ်ရွှင်စေဖို့…
စီးပွါးတတ်စေဖို့ …
ရသင့်ရထိုက်သော ငွေကြေးများ ရရှိစေဖို့…
မိမိစိတ်ကျေနပ်သည်အထိ လေးလေးနက်နက်
ထပ်ခါထပ်ခါ ဆန္ဒပြုပါဗျာ…။

☯ ဆန္ဒတွေ မြန်ဆန်စွာ အထူးပြည့်ဝ ပါလိမ့်မယ်…။

( မိမိနှင့်တကွ မိမိနှင့်ပတ်သက်ဆက်စပ်သူ
မိတ်ဆွေများပါအဆင်ပြေစေဖို့…
ဒီpostကို shareခြင်းဖြင့် ကျွန်ုပ်ပြုသောပညာဒါန
ကျွန်ုပ်နှင့်အတူ ထပ်တူ ရရှိကြပါစေ )

တစ်နေ့မှာ လူတစ်ယောက်က သင့်စီကိုသူ့အလိုလို ရောက်လာလိမ့်မယ်သူက သင့်ရဲ့အရာရာကို လက်ခံလိမ့်မယ်။သင့်ကို အများကြီး ဂရုစိုက်လိမ...
10/09/2025

တစ်နေ့မှာ လူတစ်ယောက်က သင့်စီကို
သူ့အလိုလို ရောက်လာလိမ့်မယ်

သူက သင့်ရဲ့အရာရာကို လက်ခံလိမ့်မယ်။
သင့်ကို အများကြီး ဂရုစိုက်လိမ့်မယ်
အရာရာကနေ ကာကွယ်ပေးလိမ့်မယ်

သင့်အမှားတွေကို အပြစ်မမြင်ဘဲ
သဘောထားပြည့်၀စွာနဲ့ အမှန်ပြင်ပေးလိမ့်မယ်

သင်ဟာလည်း သူရှိတယ်လို့ တွေးလိုက်ရုံနဲ့
အရာရာ ပြီးပြည့်စုံသွားသလို ခံစားရလိမ့်မယ်။

သူက သင့်စိတ်၊ သင့်ခံစားချက်တွေကို
လုံခြုံစေပါလိမ့်မယ်။

သင့်မျက်နှာကိုမြင်ရရုံနဲ့ သူပြုံးပျော်နေလိမ့်မယ်
သင့်ကိုအချိန်ပေးဖို့ သူအမြဲကြိုးစားလိမ့်မယ်

သင့်ရဲ့ သံသယသေးသေးလေးအတွက်
သူဘက်က အများကြီး ရှင်းပြပါလိမ့်မယ်။

သင့်စိတ်နဲ့ပဲ သူနေပြီး သင့်ဆန္ဒတွေတိုင်းဟာ
သူ့တာ၀န် လို့ ခံယူထားသောသူ
သင်က သူ့ရဲ့အရာရာ ဖြစ်ပါတယ်။

သင့်ရဲ့ ဘယ်ကိစ္စမဆို
သူပဲ လုပ်ပေးချင်နေမယ့်သူမျိုးပါ။
သင့်ကို ကြည့်လိုက်ရုံနဲ့
သင့်အတွေးတွေကိုပါ သိရှိနေမယ့်သူမျိုးပါ။

သင့်ကို အမြဲ ရှေ့တန်းတင် ဦးစားပေးပြီး
သင် လဲကျမသွားအောင်လည်း
ထိန်းထားပေးမယ့်သူမျိုးပါ။

သင့်အတွက်ပဲ စဉ်းစားပြီး
သင်ကသာ သူ့ဘ၀အဖြစ်
သတ်မှတ်ထားမယ့်သူမျိုးပါ။
သင့်ကို မျက်ရည်မကျစေမယ့်သူမျိုးပါ။
သင့်ကို အမြဲခွင့်လွှတ်နေမယ့်သူမျိုးပါ။

သူ့ဆီမှာ သင်နဲ့အတူ ဆိုတဲ့
အနာဂတ်တွေ အများကြီး ရှိနေပါလိမ့်မယ်။

သူက သင်မကြိုက်တဲ့အရာတွေကို
သင်ပြောစရာမလိုဘဲ ရှောင်ပေးလိမ့်မယ်။
ဒါပေမယ့် သင့်ဆီက
သူမကြိုက်တဲ့ အရာတွေအတွက်တော့
သူ ကျေကျေနပ်နပ်ကြီး ခွင့်ပြုပေးလိမ့်မယ်။
ဘာလုပ်ပေးပါ လို့
သင်တောင်းဆိုစရာမလိုဘဲ
သင်လိုအပ်သမျှကို
သူ့ဘာသာ လုပ်ပေးသွားပါလိမ့်မယ်။

သင့်ရဲ့စိတ်ချမ်းသာမှု၊
သင့်ပျော်ရွှင်မှုအတွက်
ဘာမဆို အဆင်သင့်ဖြစ်နေမယ့်သူပါ။
သင့်ကို တန်ဖိုးထားမယ့်သူပါ။

သင်ကိုယ်တိုင်ကလည်း သူနဲ့ထပ်တူပါပဲ။
သူ့ဆီက သင်ရနေတဲ့ အရာရာအတိုင်း
သူ့ကို ပြန်ပေးချင်နေမှာပါ။

အဲ့ဒါကို Right Person လို့ ခေါ်ပါတယ်။
ကျွန်မ တို့အားလုံးမှာ
Right Person ရှိပြီးသားပါ။

အချစ်ရေးကံမကောင်းဘူး ဆိုပြီးလည်း
စိတ်ဓာတ်မကျပါနဲ့။
သစ္စာဖောက်ခံရလို့လည်း မနာကြည်းပါနဲ့။
အသည်းကွဲရင်လည်း အရမ်းမငိုပါနဲ့။
တစ်စုံတစ်ယောက်ကြောင့်
နာကျင်ရရင်လည်း သိပ်မခံစားလိုက်ပါနဲ့။

ဒါတွေအားလုံးဟာ သင့်ဆီကို
သင့်ရဲ့ Right Person ရောက်လာမယ့်
Right Time မဟုတ်သေးလို့ပါပဲ။

ကျွန်မကိုယ်တိုင် သိပ်မယုံကြည်ခဲ့တဲ့
Right Time / Right Person ဆိုတာ
တကယ်ရှိပါတယ်။

🍀🍀🍀

01/09/2025

တကယ်ကိုလက်တွေ့ ငွေဝင်စေတဲ့
money mantra💰💵💵💰🪬🧿

နားထောင်ရင်း လိုက်ဆိုကြည့်နော်။

မိန်းမကိုယ် ရနံ့လေး သင်းစေဖို့ ရေမွှေးတွေ ဆွတ်ကြသတဲ့လား???ဘာအကြောင်းမှ မပြောခင် အရင်ဆုံး မေးချင်တာလေး ရှိပါတယ်။ မိန်းမကိ...
22/08/2025

မိန်းမကိုယ် ရနံ့လေး သင်းစေဖို့ ရေမွှေးတွေ ဆွတ်ကြသတဲ့လား???

ဘာအကြောင်းမှ မပြောခင် အရင်ဆုံး မေးချင်တာလေး ရှိပါတယ်။
မိန်းမကိုယ်က ပန်းတစ်ပွင့်လို မွှေးကြိုင်နေစရာ လိုလို့လား။
မိန်းမကိုယ်မှာ သဘာဝ အနံ့ရှိပါတယ်။ ကျန်းမာတဲ့ မိန်းမကိုယ်ဖြစ်ဖို့အတွက် တကယ်တမ်းမှာ ဘာ Product မှ မလိုအပ်ပါဘူး။
ဒီလိုပြောဖို့အတွက် မိန်းမကိုယ်ရဲ့ သဘာဝကို အရင်ရှင်းပြဖို့ လိုအပ်လာပါပြီ။

ပြင်ပက ဝင်လာတဲ့ ပိုးမွှားတွေ၊ မှိုတွေရဲ့ ရန်ကို တိုက်ထုတ်ဖို့ မိန်းမကိုယ်ထဲမှာ ကောင်းတဲ့ ဘက်တီးရီးယားတွေ နဲ့ မှိုတွေ ရှိပါတယ်။
မိန်းမကိုယ်တွင်းက ထွက်တဲ့ အချွဲတွေ၊ အရပ်စကားပြောရရင် အဖြူတွေက မိန်းမကိုယ်ကို pH ပမဏ မျှတအောင်နဲ့ မိန်းမကိုယ် သန့်ရှင်းအောင် အလိုအလျောက် သန့်စင်ပေးပြီးသားပါ။
ဒီအရာတွေကြောင့် မိန်းမကိုယ်တိုင်းမှာ ပင်ကိုယ်သဘာဝ ရနံ့ရှိပါတယ်။

ကြော်ငြာတွေကတော့ မိန်းမကိုယ်တွေဟာ ကြာညိုနံ့ပဲ သင်းရမလိုလို ဆိုကြတာပေါ့။ ဒါပေမဲ့လို့ တကယ်ကို မလိုအပ်ပါဘူး။
မိန်းမကိုယ်က ထွက်တဲ့ သဘာဝ အနံ့ဟာ ကိုယ့် ခန္ဓာကိုယ်တွင်းက ကျန်းမာရေး အခြေအနေကို ဖော်ပြနေတာမို့လို့ ဒီအနံ့တွေကို မပျောက်ပျောက်အောင် ဖျောက်လိုက်ရင် အသိနောက်ကျသွားတတ်ပါတယ်။

ဥပမာအားဖြင့် ပုံမှန်အနံ့ မဟုတ်ဘဲ ဆိုးရွားတဲ့ အနံ့ ထွက်နေရင် ပိုးဝင်တာမျိုး၊ မှိုစွဲတာမျိုး ဖြစ်နေတတ်တယ် ဆိုတာမျိုးပေါ့။
ဒီအနံ့တွေကို သတိထားပြီး ကိုယ့်ကျန်းမာရေးကို မျက်ခြည်မပြတ် အကဲခတ်နေမှသာ ကိုယ်တွင်း ကျန်းမာရေးအခြေအနေတွေကို စောစော သတိပြုမိနိုင်မှာပါ။

ဒီအနံ့တွေကို အနှောင့်အယှက်ဖြစ်တာနဲ့ပဲ အနံ့မွှေးအောင် ပြုပြင်ဖန်တီးထားတဲ့ Pads (ဂွမ်းထုပ်) တွေ၊ ရေမွှေးတွေ သုံးလိုက်မယ်ဆိုရင် မိန်းမကိုယ်တွင်းက ကောင်းတဲ့ ဘက်တီးရီးယားတွေနဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေကြား မျှခြေကို ပျက်စီးစေသလို ပါဝင်တဲ့ ဓာတုပစ္စည်းတွေကလည်း မိန်းမကိုယ်ရဲ့ pH မျှခြေကို ပျက်စီးစေနိုင်ပါတယ်။

တည့်တည့်ပြောရရင်တော့ အနံ့ပါတဲ့ မိန်းမကိုယ်သုံးပစ္စည်းတွေကို အသုံးပြုတာက ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ်တွေကို တကူးတက သွားနှောင့်ယှက်လိုက်တာပါပဲ။

ဒါဖြင့် မိန်းမကိုယ်ကို သန့်ရှင်းအောင် ဘယ်လိုထားမလဲ။
အပေါ်မှာ ပြောခဲ့သလို မိန်းမကိုယ်ဟာ သူ့ဘာသာ သန့်ရှင်းနိုင်ပါတယ်။ မိန်းမကိုယ်က ထွက်တဲ့ အချွဲတွေက ပြင်ပကလာတဲ့ ပိုးမွှားတွေနဲ့ မှိုတွေကို ရှင်းထုတ်ပစ်ပြီး ဆဲလ်သစ်တွေနဲ့ microorganisms တွေ ပါဝင်ခြင်းက မိန်းမကိုယ်ရဲ့ pH မျှခြေကို ညီစေပါတယ်။

မိန်းမကိုယ်မှန်ရင် သဘာဝအနံ့ ရှိတာ ပုံမှန်ပဲမို့ ဒီအနံ့ကို ပျောက်စေဖို့၊ အနံ့မွှေးဖို့ ရေမွှေးတွေ၊ အနံ့ပါတဲ့ ဆပ်ပြာတွေ မလိုပါဘူး။ ဒါတွေက မိန်းမကိုယ် ကျန်းမာရေးကို တကယ်ပဲ ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် မိန်းမကိုယ်ကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် ဆရာဝန်ရဲ့ ညွှန်ကြားမှု မရှိမချင်း ရိုးရိုးရေနဲ့သာ သန့်စင်ပေးနိုင်ပါတယ်။
ဆေးကြောတဲ့အခါမှာလည်း အတွင်းထဲထိ နှိုက်ဆေးစရာ မလိုအပ်ဘဲ မိန်းမကိုယ်နှုတ်ခမ်းသား နဲ့ ပြင်ပ နေရာတွေကိုသာ ဆေးကြောပေးရင် လုံလောက်ပါပြီ။
မိန်းမကိုယ်ကို အတွင်းထဲထိ သန့်စင်ဖို့ဆိုတဲ့ ပစ္စည်းတွေကို ဝယ်ယူသုံးစွဲဖို့လည်း မလိုအပ်ပါဘူး။

အဲဒီလို အထဲထိ ဆေးတာက ကောင်းတဲ့ ဘက်တီးရီးယားတွေ၊ မှိုတွေကို ဖယ်ရှားပစ်သလို ဖြစ်စေတာမို့ ပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။
ပြီးတော့ အတွင်းသား နုနုထဲကို ဘာမှန်းမသိတဲ့ ဆေးတွေ ထည့်တာမျိုးလည်း မလုပ်သင့်ပါဘူးနော်။

ရာသီလာနေချိန်မှာလည်း အထူးတလည် ဆပ်ပြာတွေသုံးပြီး ဆေးတာမျိုး မလုပ်ပါနဲ့။ ရေနဲ့ပဲ လုံလောက်ပါတယ်။

အတွင်းခံတွေကို သေချာ လျှော်ဖွပ်ပြီး နေရောင်အောက်မှာ လှမ်းပါ။ အရှက်တရားတွေ ကြီးပြီး အရိပ်ထဲ လှမ်းတာ၊ ထဘီ (သို့) အခြား အဝတ်တစ်ခုခု အုပ်ပြီး လှမ်းတာမျိုးတွေ မလုပ်ပါနဲ့။

ပိုးတွေ ပေါက်ဖွားပြီး မိန်းမကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။ နေရောင်ထဲမှာ ခြောက်အောင်လှမ်း၊ မီးပူသေချာ တိုက်ပြီးမှ ဝတ်ပါ။

ခြုံပြောရမယ်ဆိုရင် မိန်းမကိုယ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ဝယ်ယူတဲ့အခါ....

🌸ဓာတုပစ္စည်းတွေ ပါဝင်တာကို ရှောင်ပါ။
🌸အနံ့ပါတဲ့ ဆပ်ပြာတွေနဲ့ ဆေးကြောတာမျိုး မလုပ်ပါနဲ့။
🌸မိန်းမကိုယ် အတွင်းထဲထိ နှိုက်မဆေးပါနဲ့။
🌸Tampon နဲ့ Pad တွေ သုံးတဲ့အခါ အနံ့ပါတာတွေကို ရှောင်ပြီး စုပ်ယူမှုအား အနည်းဆုံး Tampon ကိုသာ ရွေးချယ်ပါ။ (အကြာကြီး အထဲမှာ ထည့်ထားရင်လည်း ပါဝင်တဲ့ ဂွမ်းတွေနဲ့ မိန်းမကိုယ် အသားနုတွေ ပွတ်တိုက်ပြီး ဒဏ်ဖြစ်စေနိုင်ပါတယ်။)
🌸ညအိပ်တဲ့အခါ Tampons တွေထက် Pad ကို သုံးပါ။
🌸Tampon တစ်ခုကို ၈ နာရီထက် ပိုမထားပါနဲ့။
ဖြစ်နိုင်ရင် Menstrual Cups တွေ သုံးကြည့်ပါ။

#အမျိုးသမီးကျန်းမာရေး

22/08/2025

ရွှေလာဘ်တံခါးကြီး ပွင့်ပါစေ
ငွေလာဘ်တံခါးကြီး ပွင့်ပါစေ

ဧဝံ အစိန္တိယာ ဗုဒ္ဓါ၊(ပုတီးတစ်လုံးချ၊တစ်ပတ်စိပ်)ဧဝံ အစိန္တိယာ ဓမ္မာ၊      ဧဝံ အစိန္တိယာ သံဃာ။ဘုန်းကြီး၍ အသက်ရှည်၏။▪️အပူသ...
22/08/2025

ဧဝံ အစိန္တိယာ ဗုဒ္ဓါ၊(ပုတီးတစ်လုံးချ၊တစ်ပတ်စိပ်)

ဧဝံ အစိန္တိယာ ဓမ္မာ၊

ဧဝံ အစိန္တိယာ သံဃာ။

ဘုန်းကြီး၍ အသက်ရှည်၏။

▪️အပူသောကများသူများ…….

၁-အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
၂-အဇ္ဇတဂ္ဂေ ပါဏုပေတံ ဓမ္မံ သရဏံ ဂစ္ဆာမိ၊
၃-အဇ္ဇတဂ္ဂေ ပါဏုပေတံ သံဃံ သရဏံ ဂစ္ဆာမိ။

နံနက်(၉)ပတ် ည(၉)ပတ် ပုတီးစိပ်၍ နေ့စဉ်ပွါးများအားထုတ်ပါက ပူပန်သောကကင်းဝေးပြီး အကျိုးပေးမြန်၏။

#ဂုဏ်တော်နဝရတ်နှင့်သူမြတ်ကျင့်စဉ်

Good Morning ပါ ချစ်သောမိတ်ဆွေများရှင်...အချစ်များစွာနဲ့အတူ သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ဖြစ်ပါစေနော်🩷🩷🩷
05/10/2024

Good Morning ပါ ချစ်သောမိတ်ဆွေများရှင်...

အချစ်များစွာနဲ့အတူ
သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ဖြစ်ပါစေနော်
🩷🩷🩷

လွယ်ကူရိုးရှင်းစွာ မေတ္တာပို့မယ် မေတ္တာခံယူမယ်🙏🙏🙏
03/10/2024

လွယ်ကူရိုးရှင်းစွာ မေတ္တာပို့မယ် မေတ္တာခံယူမယ်

🙏🙏🙏

Address

Bayintnaung Street
Hlaing

Telephone

+959251989264

Website

Alerts

Be the first to know and let us send you an email when Rosie Thet Mon OnlineBusiness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram