အောင်စေပိုင် ဆေးစတိုး

အောင်စေပိုင် ဆေးစတိုး welcome to my page

18/03/2025
11/10/2023

Dermatosis papulosa nigra
လူကြီး မှဲ့ခြောက်ထွက်ခြင်း

လူကြီးမှဲ့ခြောက် (DPN)က ရိုးရိုးမှဲ့ခြောက် (freckle)နဲ့ မတူပါဘူး။ လူကြီးမှဲ့ခြောက်ဆိုတာ Seborrheic keratosis အမျိုးအစားထဲမှာ ပါတယ်။ အသားမည်းသူတွေမှာ ပိုအဖြစ်များတယ်။ အထူးသဖြင့် အသားအရေအမျိုးအစား(Fitzpatrick skin phototype 4, 5 & 6) စတဲ့သူတွေမှာ တွေ့ရတယ်။ အမေရိကန်လူမည်းတွေရဲ့ ၃၀ ရာခိုင်နှုန်းဟာအသက်ကြီးလာတဲ့အခါ လူကြီးမှဲ့ခြောက် ထွက်လာကြပါတယ်။ အထင်ရှားဆုံးအနေနဲ့ ဝါရင့် လူမည်းသရုပ်ဆောင်မော်ဂန် ဖရီးမန်း (Morgan Freeman)မျက်နှာမှာ လူကြီးမှဲ့ခြောက်တွေ ထင်ထင်ရှားရှား မြင်တွေ့နိုင်တယ်။ လေ့လာမှုတွေအရ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များတယ်။ မှဲ့ခြောက်အရေအတွက်ကလည်းအသက်ကြီးလာတာနဲ့အမျှ ပိုပိုများလာတယ်။ ပိုပိုပွါးလာတယ်။ တချို့က ကျောမှဲ့ခြောက် (seborrheic dermatitis)နဲ့ အတူတူတွဲဖြစ်ကြတယ်။ ပုံမှန်အားဖြင့် ဒီမှဲ့ခြောက်က မျိုးရိုးလိုက်တတ်တယ်။ ဆီးချိုသမားတွေမှာပိုပြီးတွေ့ရတယ်။ ဘာ့ကြောင့်ဖြစ်လဲ မွှေးညင်းပေါက် ကြီးထွားမှု ပုံမမှန်တဲ့ပြဿနာက အဓိက လက်သည်တရားခံဖြစ်တယ်။ အပေါ်ယံအရေပြား(epidermis) မှာ ဆဲလ်လွှာငါးခုရှိနေတယ်။ ဆဲလ်လွာရဲ့ အောက်ဆုံးလွှာ (basal layer)ကနေ အမဲရောင်ခြယ်ထုတ်လုပ်မှု များလာတာကြောင့် အမဲရောင်အသားပု်တွေထွက်လာတယ်။ စမ်းကြည့်ရင် မျက်နှာမှာ ကြွက်နို့ဆန်ဆန် အသားပိုတွေ မြင်တွေ့ခံသစားနိုင်တယ်။ ကုသနည်း လေဆာထဲမှာ Nd:YAG laser, CO2 laser, KTP laser သို့ plasma laser တမျိုးမျိုးသုံးပြီး ဖျက်ဆီးပစ်လို့ရပါတယ်။ chemical peel ဓာတုဆေးရည်တို့နည်းလည်း ရသေးတယ်။ shave excision (အပေါ်ယံဖြတ်ထုတ်နည်း)၊ခြစ်ထုတ်နည်း(curettage)တွေလည်းရတယ်။ အရေအတွက်များရင်တော့ အဆင်မပြေဘူး။ အေးခဲနည်း(cryotherapy)၊ လျှပ်စစ်တို့နည်း (electrodissection)တွေကလည်း အသုံးဝင်ပါတယ်။ လိမ်းဆေးထဲမှာimiquimod, 5-fluoruracil (5FU), နဲ့ ingenol mebutate တွေလည်းသုံးတယ်။ ရေရှည်မှာတော့ သိပ်မကောင်းဘူး။ အားလုံးထဲမှာ လေဆာနည်းက ပိုသိသာတယ်။ သတိပြုစရာအချက် လူကြီးမှဲ့ခြောက်ဟာ FGFR3 မျိုးဗီဇပြောင်းလဲမှုနဲ့ သက်ဆိုင်ပါတယ်။ ဒါ့ကြောင့် တခြားတနေရာက ပြန်ပြန်ထွက်နိုင်သေးတယ်။ ကုပြီးရင် ဆက်လုပ်ရမှာက ကာကွယ်ခြင်းဖြစ်တယ်။ ခရမ်းလွန်ရောင်ခြည်အေက လူကြီးမှဲ့ခြောက်ထွက်လာနိုင်တယ်။ နေလောင်ခြင်းကို ကာကွယ်ဖို့ Titanium dioxide, zinc oxide ပါတဲ့ နေလောင်ကာလိမ်းဆေးတွေ လိမ်းသင့်တယ်။

ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်

၆၆လမ်း၊ ၃၉လမ်းထောင့်၊ မန္တလေး။
092051590

ဆေးဖက်ဝင် တဲ့  ကွမ်းရွက်ပင် 🍃🍃ကွမ်းရွက် ညှစ်၍ ရသော သတ္တုနှင့် ဂျင်းပြုတ်ရည်၊ ဆားအနည်းငယ်နှင့် တိုက်ကျွေး‌‌ပါက ပန်းနာ ရင်...
10/05/2023

ဆေးဖက်ဝင် တဲ့ ကွမ်းရွက်ပင် 🍃

🍃ကွမ်းရွက် ညှစ်၍ ရသော သတ္တုနှင့် ဂျင်းပြုတ်ရည်၊ ဆားအနည်းငယ်နှင့် တိုက်ကျွေး‌‌ပါက ပန်းနာ ရင်ကျပ်၊ ရင်အောင့် ရင်ကယ်၊ ကြက်ညှာ ချောင်းဆိုး ရောဂါများ ပျောက်၏။

🍃ကလေးများ လေပွခြင်း၊ အစာ မကြေဖြစ်ခြင်း၊ ဝမ်းသွားခြင်း၊ ဖျားနာခြင်းများ၌ ကွမ်းရွက် သတ္တုရည်နှင့် ပျားရည်များ ရော၍ တိုက်ကျွေးလျှင် ပျောက်ကင်း နိုင်၏။

🍃အဖျားကြောင့် ဖြစ်သော ခေါင်းကိုက် ရောဂါများ၌ ကွမ်းရွက် မျက်စဉ်းအဖြစ် ခတ်ပေးနိုင်သည်။

🍃မျက်စိပူခြင်း၊ ယားခြင်း၊ နာခြင်းများတွင် ကွမ်းရွက်ကို မျက်လုံး ပေါ်တွင် ကပ်ပေးနိုင်သည်။

🍃ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်သော အဖျား၊ လည်ချောင်းနာ ရောဂါများကို ပျောက်ကင်း စေနိုင်သည်။

🍃သွေးတိုး ရောဂါတွင် သွေးတက်သည့် အခါ ချက်ချင်း ကျစေရန် ကွမ်းရွက် သတ္တုရည်ကို ညှစ်၍ တိုက်‌‌ကျွေး‌‌နိုင်သည်။

မူရင်းရေးသားသူအား လေးစားလျှက်

10/05/2023

"ကမ္ဘာပေါ်မှာ အကောင်းဆုံး သမားတော် ၇ ဦး"

(၁) နေရောင်ခြည်
(၂) အနားယူခြင်း
(၃) ကိုယ်လက်လေ့ကျင်ခန်းပြုလုပ်ခြင်း
(၄) အစားအသောက်ကို ချင့်ချိန်စားသောက်ခြင်း
(၅) မိမိကိုယ်ကိုယုံကြည်မှု
(၆) လောဘ၊ ဒေါသ၊ မောဟ နည်းပါးအောင်နေထိုင်ခြင်း
(၇) အပေါင်းအသင်း မိတ်ဆွေသူငယ်ချင်း

အဲ့ဒီ သမားတော် ၇ ဦးကို အသက်ရှိစဉ် ခေါင်းထဲမှာ အမြဲထည့်ထားပြီး ကျန်းမာအောင်နေထိုင်ပါ။

အချိန်ကျရင်တော့ ငါတို့ဟာ ကန့်လန့်ကာချပြီး နှုတ်ဆက်ထွက်ခွါကြရမှာပါ။ အဲ့ဒါကြောင့် အသက်ရှိနေစဉ်

🤍သင့်မိသားစုကို ချစ်ပါ။
🤍သူငယ်ချင်း၊ မိတ်ဆွေတွေကို ချစ်ပါ။
🤍သင့်ရဲ့ဘဝလက်တွဲဖော်ကို ချစ်ပါ။
🤍သင့်အပေါ် ကောင်းဖူးတဲ့လူတွေကို ချစ်ပါ။
🤍သင့်ပတ်ဝန်းကျင်အပေါ် တတ်နိုင်တာလေး ကူညီလိုက်ပါ။

🍁 Credit - Steve Jobs

Solar lentigo နေလောင်အမဲကွက်ထွက်ခြင်းအသက်ကြီးရင့်သူတွေဟာ နေရောင်နဲ့ထိတွေ့မှုများတဲ့အခါ နေလောင်အမဲကွက်ပျောက်များ (solar l...
04/05/2023

Solar lentigo နေလောင်အမဲကွက်ထွက်ခြင်း

အသက်ကြီးရင့်သူတွေဟာ နေရောင်နဲ့ထိတွေ့မှုများတဲ့အခါ နေလောင်အမဲကွက်ပျောက်များ (solar lentigo)ဖြစ်တတ်ပါတယ်။ တချို့က age spots,senile freckle စသည်ဖြင့် အမျိုးမျိုးခေါ်တယ်။ အသက်လေးဆယ်ကျော်တွေ အဖြစ်များတယ်။ ယေဘုယျအားဖြင့် ခရမ်းလွန်ရောင်ခြယ် အေအမျိုးအစား (UVA)နဲ့ ထိတွေ့မှုကြောင့် ဖြစ်ကြတယ်။ ဓာတ်ရောင်ခြည်ကုထုံးတွေကြောင့်လည်း ဖြစ်နိုင်တယ်။ လူဖြူ ကော့ကေးရှန်းတွေဟာ အသက်(၆၀)အရွယ်မှာ solar lentigo နေလောင်အမဲပျောက်ဖြစ်ပွားနှုန်းက ၉၀% ထိရှိနေတယ်။ အရေပြားပါးသူ၊ အသားဖြူသူတွေမှာ ပိုတွေ့ရတယ်။ နေရောင်တဲ့ထိတွေ့မှုများတဲ့ လက်၊ ကုတ်သား၊ ဦးရေပြား၊မျက်နှာ စတဲ့နေရာတွေမှာ အဖြစ်များတယ်။

solar lentigo ရှိတဲ့သူဟာ အရေပြားအိုမင်းရင့်ရော်လာပြီဆိုတဲ့ သဘောလို့ သတ်မှတ်သူတွေလည်း ရှိတယ်။ နေရောင်ဒဏ်ကို ကြာရှည်စွာခံစားရပြီးနောက် ပါးလာတဲ့အရေပြားဟာ ခရမ်းလွန်ရောင်ခြည်ကို တွန်းလှန်ဖို့ အမဲရောင်ခြယ် (melanin)တွေ အလွန်အကျွံဖွဲ့စည်းရတော့တယ်။ အကျိုးဆက်က melanocytes (အမဲရောင်ခြယ်ဆဲလ်) အရေအတွက်များပြီး ဆဲလ်က ထုတ်ရပါများလို့ တဖြည်းဖြည်းထူလာတယ်။ ကံကောင်းတာက အရေပြားအပေါ်ယံလွှာ (epidermis)မှာပဲ အမဲရောင်ခြယ်ဆဲလ်စုပြုံလာတဲ့အတွက် ကုရပိုလွယ်ကူတာ ဖြစ်တယ်။

မျက်နှာ၊ ပခုံး၊ ကျောပြင်၊ လက်၊ ခြေသလုံးစတဲ့နေရာမှာ အညို၊အမဲရောင် အကွက်တွေ ခပ်စိတ်စိတ်ရှိရင် solar lentigo ဖြစ်ဖို့ ရာခိုင်နှုန်းများတယ်။ အရွယ်အစားက 1-4cm ထိ အမျိုးမျိုးဖြစ်နိုင်တယ်။ တစ်ကွက်၊နှစ်ကွက်ကနေ အချိန်ကြာလာတာနဲ့ ခပ်စိတ်စိတ်အကွက်တွေ ပွားလာတယ်။ အချိန်ကြာတာနဲ့အမျှ Seborrheic keratosis, Lichenoid keratosis လို အရေပြားထူတဲ့အကွက်တွေအဖြစ် ပြောင်းလဲသွားတတ်တယ်။ သို့သော် ကင်ဆာအဆင့်ထိပြောင်းလဲဖို့တော့ ခက်ပါတယ်။

ကုသနည်း
နေလောင်အမဲကွက်အတွက် ကုသနည်းအမျိုးမျိုးရှိတယ်။ အရောင်ဖျက်ဆေး (hydroquinone, tretinoin) စတာတွေ သုံးလို့ရတယ်။ ပြင်းအားမြင့်တဲ့ ဓာတုဆဲလ်သေခွာနည်း (chemical peeling) လည်း အလုပ်ဖြစ်တာတွေ့ရတယ်။ အရေပြားအထူအပါးပေါ်မူတည်ပြီး glycolic acid, lactic acid, salicylic acid, TCA စတဲ့လိမ်းဆေးတွေနဲ့ ကုသနိုင်တယ်။ အေးခဲကုထုံး (cryotherapy)လည်းသုံးနိုင်တယ်။ ပြင်းအားမြင့် အလင်းကုထုံး (IPL)တွေကလည်း ထိရောက်ပါတယ်။ အောက်လွှာဖက်နည်းနည်းရောက်ရင် လေဆာပစ်တာ (Nd:YAG Laser) ပိုအာနိသင်ကောင်းတယ်။

အကြံပြုချက်
နေပူရှိန်ပြင်းတဲ့ မနက် ၁၁-ညနေ ၃နာရီအတွင်း အပြင်ထွက်တဲ့အခါ အင်္ကျီလက်ရှည်ဝတ်ဆင်သင့်တယ်။ နေပူထဲထွက်ရင် SPF 30 အနည်းဆုံးပါတဲ့ နေလောင်ကာလိမ်းဆေးတွေ သုံးသင့်တယ်။

အိမ်သုံးနည်း
နွားနို့နဲ့ ရှားစောင်းလပ်ပပ်က အမဲကွက်တွေ လျှော့ပါးစေတယ်။ ပန်းသီးရှာလကာရည်(apple cider vinegar)နဲ့ ရေ ဆတူရောပြီး ဖြစ်တဲ့နေရာကို ဂွမ်းစနဲ့တို့ပြီး ညစဉ်လိမ်းခြင်းဖြင့် နေလောင်အမဲကွက်တွေ သိသိသာသာ သက်သာစေနိုင်တယ်။

ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်

ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်

🍃အသား‌ရေ မွဲခြောက် အဆီဖု ထွက်တတ်တဲ့ admin သူံးတဲ့ဆေးလေးတွေပါ။။။ 🍃 admin က စကင်းကဲရမှာပျင်းလို့ vitamin E လောက်တော့စိတ်ရှ...
26/04/2023

🍃အသား‌ရေ မွဲခြောက် အဆီဖု ထွက်တတ်တဲ့ admin သူံးတဲ့ဆေးလေးတွေပါ။။။ 🍃 admin က စကင်းကဲရမှာပျင်းလို့ vitamin E လောက်တော့စိတ်ရှည်ရှည်သောက်ဖြစ်တယ်
369 bst evening primrose ကိုညဘက်သောက်တယ်
Super-ZC နေ့ဘက်သောက်တယ်
ACNERI Gel နေ့ဘက် primer အဖြစ်သုံးလို့ရတယ်။ (အက်ထမင်တော့ နေ့ဘက် ပူလို့ သနပ်ခါးပဲလိမ်း) ညဘက် ကျ သူ့တစ်မျိုးထဲလိမ်းတယ် ။
ပူလို့ ဘာစကင်းကဲမှ မသုံးဘဲ အဆီဖုသက်သာချင်ရင် ဒီ Gel လေးသုံးကြည့်ပါ။ clinic တွေ ‌မှာပြရင်လဲ ဒီ gel လေးကိုညွှန်းကြလို့ ဆိုင်မှာ ဆို ရောက်တာနဲ့ အကုန်မြန်တဲ့ gel လေးနော် 🍁🍁

With love 💖

06/03/2023

ထောပတ်သီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် ကင်ဆာရောဂါကို ကာကွယ်နိုင်သည့်အပြင် သွေးတွင်း မကောင်းသောအဆီများ ကျစေခြင်း၊ အသားအရေနှင့် ဆံကေသာကို လှပစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပြီး ကိုယ်ဝန်ဆောင်မိခင်များအတွက်လည်း လုံလောက်သော အာဟာရဓာတ်များ ပေးစွမ်းနိုင်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကြေကွဲနေတဲ့ အက်မင် 🥲  😜
16/02/2023

ကြေကွဲနေတဲ့ အက်မင် 🥲

😜

05/01/2023

တံတွေးကနေ ရေယုန်ကူးတာမို့ အနမ်းတွေကို သတိထားပါ!!!!

ရေယုန်ဟာ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာပေါက်နိုင်ပြီး ပါးစပ်ပတ်လည်နဲ့ လိင်အင်္ဂါမှာ ဖြစ်တာပိုများပါတယ်။ အထူးသဖြင့် ပါးစပ်မှာ ရေယုန်ပေါက်နေတဲ့အခါ အနာကနေ ထွက်လာတဲ့ ပြည်၊ အရည်ကနေလည်း ကူးစက်ခံရနိုင်ပါတယ်။

ဒါကြောင့် ရေယုန်ပိုးဟာ လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေထဲမှာမှ နမ်းရှုံးရုံ၊ ပိုးရှိသူရဲ့ တံတွေးများ မျိုချမိခြင်းကနေလည်း အလွယ်တကူ ကူးစက်နိုင်ပါတယ်။

✅ရေယုန်ပိုးကူးစက်ခံရတဲ့ အကြောင်းရင်းများ

• နမ်းရှုံ့ခြင်း
• ရေယုန်ပေါက်နေတဲ့နေရာကို အရေပြားဖြင့် ထိမိခြင်း
• ရေယုန်ကနေ ထွက်လာတဲ့ ပြည်များကို မျိုချမိခြင်း၊ သို့မဟုတ် မိမိသွေးကြောထဲ ဝင်သွားခြင်း
• အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း
• ပိုးရှိသူရဲ့ သွားတိုက်တံ၊ လျှာခြစ်တံများ၊ ဇွန်းများ၊ ပိုက်များကို မျှဝေသုံးစွဲခြင်း
• မုန့်တစ်ခုတည်းကို မျှဝေစားသောက်ခြင်း စတဲ့ ပုံစံများနဲ့ ကူးစက်ခံရနိုင်ပါတယ်။

✅ရေယုန်လက္ခဏာများ

အခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါများနဲ့ ကွာခြားသွားတာကတော့ ရေယုန်ကို အမြစ်ပြတ်ပျောက်ကင်းနိုင်တဲ့ ဆေးဝါးများ လုံးဝမရှိသေးသလို မိမိရဲ့ခန္ဓာကိုယ်ထဲမှာ အချိန်ပြည့်ရှိနေပြီး ကိုယ်ခံအားကျနေချိန်မှာမှ ရေယုန် လက္ခဏာများ ပြလာတတ်တာဖြစ်ပါတယ်။ ရေယုန်ပေါက်တဲ့အခါမှာလည်း အရင်အကြိမ်တွေက ပေါက်ခဲ့တဲ့နေရာမှာပဲ ပေါက်တာများပါတယ်။ ပျောက်သွားရင်လည်း နောက်နှစ်အနည်းငယ်အထိ ရေယုန်ပြန်မပေါက်ဘဲ ပိုးက ဒီအတိုင်းငြိမ်သွားတတ်ပါတယ်။

✅ရေယုန်ရဲ့ လက္ခဏာတွေကတော့

• အစပိုင်းမှာ အရည်ကြည်ဖုများ စုဝေးပြီး ပေါက်နေခြင်း
• အချိန်ကြာလာတာနဲ့အမျှ အရည်ကြည်ဖုများ ကွဲသွားပြီး အရည်များစိမ့်ထွက်၍ အနာဖြစ်ခြင်း
• အရည်ကြည်ဖုပေါက်နေတဲ့အချိန်မှာ ယားယံပြီး နေမထိထိုင်မသာဖြစ်ခြင်း
• အရည်ကြည်ဖုများ ကွဲသွားတဲ့အခါ အနာကွက်ဖြစ်သွားပြီး အလွန်အမင်းယားယံခြင်း
• ရေယုန်နာပတ်လည်ဟာ ခြောက်သွေ့နေခြင်း
• အခြေအနေပေါ်မူတည်ပြီး ရေယုန်နာကနေ ပြည်ယိုစိမ့်နေခြင်း စတဲ့လက္ခဏာတွေကို တွေ့နိုင်ပါတယ်။

ရေယုန်မကူးစက်စေဖို့ လိင်ဆက်ဆံတဲ့အခါ အကာအကွယ်အသုံးပြုပြီး လိင်ဆက်ဆံဖို့ အရေးကြီးပါတယ်။ အကယ်လို့ ရေယုန်ပိုးကူးစက်ခံရပြီးနောက် ရေယုန်အနာပေါက်လာတဲ့အခါ တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာဂရုစိုက်ဖို့နဲ့၊ လိုအပ်တဲ့ လိမ်းဆေးတွေကို လိမ်းပေးဖို့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြသကြည့်တာ အကောင်းဆုံးပါပဲ။

မိမိအနေနဲ့ တိုင်ပင်ဆွေးနွေးလိုပါက Messenger မှတဆင့် စုံစမ်းလို့ရပါတယ်။

Hotline: 09 759 757 001 , 09 759 757 005 ကို လည်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

10/12/2022

ပါးစပ်အနာ ချက်ချင်းသက်သာစေနည်းများနှင့် ကုသနည်းများ
ဆောင်းရာသီမှာ ကလေး လူကြီး ကျားမမရွေးဖြစ်ပွားတက်ပါတယ်။
ပါးစပ်အနာပေါက်တာကို canker ၊sore ခေါ်တယ်။

ပါးစပ်နာ ဖြစ်ရင် တော်ရုံနဲ့ မပျောက်ဘဲ ရက်အနည်းငယ်ကြာတတ်တာ သတိပြုမိလိမ့်မယ်။

အဆိုးဆုံးက အစားစားလို့မရအောင်ထိ နာနေတတ်တာပါ။

တချို့က ရက်သတ္တပတ်အနည်းငယ်ထိ ကြာတတ်တယ်။

လိမ်းဆေးတွေတော့ရှိတယ်။ စတီးရွိုက်ဆေးတွေအသုံးများတယ်။
အခုပြောမယ့်နည်းက ပိုလွယ်တယ်။
ပျောက်တာမြန်တယ်။

ဘာလုပ်မလဲ.⬇

➡ကျောက်ချဉ်မှုန့်က ပါးစပ်အနာတွက် အကောင်းဆုံးနဲ့အလွယ်ဆုံးဖြစ်တယ်။

ဘာ့ကြောင့်လဲဆိုတော့ အနာဖြစ်တဲ့နေရာက
အစိုဓာတ်ကို စုပ်ယူလိုက်လို့ပါပဲ။

ကျောက်ချဉ်ခဲတခုကို ညက်အောင်ထောင်းပြီး လက်တဆိတ်စာ ပမာဏကိုယူပြီး ပါးစပ်နာရှိတဲ့နေရာကို သိပ်ပေးပါ။

သိပ်ပေးစမှာ အရသာ နည်းနည်းတော့ ချဉ်တတ်တယ်။ တံတွေးမမျိုပါနဲ့။ တမိနစ်ကြာအောင် ထားပါ။ တမိနစ်ပြည့်တာနဲ့ တံတွေးနဲ့အတူ ထွေးထုတ်လိုက်ပါ။(သို့သော် ရေနဲ့ ပလုတ်ကျင်းဖို့ မကြိုးစားနဲ့၊ အာနိသင်နည်းသွားမယ်။ ) ၂၄နာရီပြည့်တဲ့ထိ မသက်သာရင် နောက်တကြိမ်ထပ်လုပ်ပါ။

ပုံမှန်အားဖြင့် ကျောက်ချဉ်သိပ်ပြီး (၈) နာရီအတွင်း နာကျင်တာတွေသက်သာကြတယ်။
အများစု (၂)ရက်အတွင်း ပျောက်ကင်းကြပါတယ်။
________________________
#ဒေါက်တာအေးမင်းထူး

#ပါးစပ်အနာ

Care
အပူများလို့ပါ ဝမ်းစင်အောင်သွားရမယ်အချဉ်ဓါတ်လိုနေတယ် #စီဘစ်စားပါ
အသားငါးလျှော့စားပါ အသီးအရွက်များများစားပေးပါ

.civic .kemox
တလုံးစီ
တနေ့သုံးကြိမ်
ညအိပ်ရာဝင်ခန်နီးကိုမန်ကျည်းမှဲ့ကိုရေစိမ်ထားပီးမနက်အိပ်ရာကထရင်အရည်ကြည်ကိုစစ်ပီးဆားခတ်သောက်ပေးပါ

ထမင်းရည်သောက်ပါ
.kemoxဆေးပတ်လည်အောင်တိုက်ပါဆားရည်နွေးနွေးငုံပေးပါ
#ဒိန်ချဉ်စားခိုင်းပါ
#လေးညှင်းပွင့်၂ပွင့်ကိုငုံထားပေးပါအဆီထွက်လာပါမယ်အထက်မှာပြထားတဲ့ဆေးgenerlogပါဘဲဆားရည်မငုံထွေးပါနဲ့အနာပိုကျယ်လာတတ်ပါတယ်B2.cevit.အရမ်းနာရင်kemosသောက်ပါ
#မကျည်းဖျော်ရည် ထမင်းရည်သောက် မအိပ်ခင်ဒူးအထက်ကရေလောင်းအိပ်၊အပူနဲ့အာဟာရချို့တဲ့လို့ဖြစ်တာ
#မနက်အိပ်ရာထထချင်း မျက်နှာမသစ်သွားမတိုက်ခင် ရေတစ်ခွက် သောက်ပေး နေ့စဉ်ဝမ်းမှန်သွားရင် ပျောက်ပါမယ်
#အပူနာပါ ၊ ၀မ်းချုပ်၇င် သွားပွတ်တံနဲ့ထိုးမိ၇င် ဖြစ်တတ်ပါတယ်၊ ဆ၇ာခိုထည့်လို့၇တယ်၊ အဂ်လိပ်ဆေး Generlog Oralသိပ်ပေးပါ။ တ၇က်လောက်နဲ့ပျောက်ပါတယ်။
#ဘီယာကိုမသောက်ရင်
ငုံပြီထွေပါ
ကျွန်တော်ကတော၂ရက်သောက်တာပျောက်သွားပြီ
အနာနဲတောထိအောင်ငုံပါ
#ကျမလည်းခဏခဏဖြစ်ဖူးပါတယ် အခုကျမနဲ့တည့်တာကသွားတိုက်ဆေးSALZပါ ဒီသွားတိုက်ဆေးနဲ့သုံးကြည်ပါ
#ဆရာခိုနဲနဲလူးလိုက် ထွက်လာတဲ့
သွားရည်ကိုထွေးလိုက် မကြာမ
ကြာလုပ်ပေပါ(၀မ်းထဲရောက်လဲ
အန်ဓရာယ်မရှိပါ၊မဝင်ရင်တော့
ပိုကောင်းတာပေါ့)ကွမ်းစားလို့ထုံး
ပေါက်တာမျိုးမဟုတ်ရင်အပူကြေ
ာင့်ဖြစ်တာပါ၊အထက်ကအကြံပေး
ထားတဲ့လူးဆေးတွေလဲကောင်းပါ
တယ်၊သေချာတော့မေးပြီးမှသုံးပါ
#သုံးနေကျဆေးနည်းက - ကျောက်ချဉ် မန်ကျည်းစေ့အရွယ် သုံး - လေးစေ့ ရေသန့်တစ်လီတာထဲထည့်စိမ်။ စိမ်ထားတဲ့ကျောက်ချဉ်ရေနဲ့ သွားတိုက် ပလုပ်ကျင်း ငုံခြင်းအားဖြင့် ခံတွင်းအပူဖု အဖြူစက်ပေါက်ခြင်းကို သက်သာပျောက်ကင်းစေသည့်အပြင် ခံတွင်းပါသန့်ရှင်းပြီး ခံတွင်းနံ့လုံးဝမနံတော့ပါ။ လျှာပေါ်တွဖြစ်သည့်ရောဂါများပါကင်းစင်စေပါသည်။ နေ့စဉ်သွားတိုက်ဆေးအစား ကျောက်ချဉ်ရေကိုသာအသုံးပြုခဲ့သည်မှာကြာပါပြီ။ အစာစား အချိုရည်သောက်ပြီးတိုင်းလည်းပလုပ်ကျင်းပါ။

မန်ကျည်းဖျော်ရည်သောက်သုံးပေးခြင်း မန်ကျည်းချိုတစ်နေ့ လေးငါးတောင့် စားသောက်သုံးဆောင်ပေးခြင်းအားဖြင့်လည်း ကိုယ်တွင်းအပူငြိမ်းကာ နုတ်ခမ်း ပါးစောင် လျှာတို့၌ ဖြစ်လေ့ရှိသော ဝေဒနာကိုလျင်စွာကင်းရှင်းသက်သာစေနိုင်ပါသည်။
#လက်တွေ့ပြောက်ပါတယ်
ကွမ်းရွက်ကိုဝါးပြီး
အဲဒီနေရာမှာကပ်ပြီး
ငုံထားလိုက်
ခဏခဏလုပ်လိုက်
အပူများးလို့
ကွမ်းရွှက်ကိုချက်ချင်း
ငြိုးသွားတယ်
ခဏခဏဖြစ်ဖူးတယ်
အဲလိုလုပ်တာ
ပြောက်တယ်
#သဘောင်္ရွက်ကြို သောက်ပါပျောက်ပါတယ်
အားဆေးသောက်ပါ ကျွန်တော်လဲအဲအားဆေးစွဲသောက်မှမပေါက်တော့တာ
#ရေခဲရေလုံးဝမသောက်ပါနဲ့ ဆားရေနွေးနဲ့ပလုပ်ကျင်းပေးပါ
သွားနာတာပါပျောက်ပါတယ် ။
****************************
#ကျန်းမာရေးအတွက်အများသိအောင် ကူရှယ်ပေးထားပါ။ တချိန်မှာ အသုံးဝင်တာပေါ့။


#မန်းချန်နယ်

🥲
06/08/2022

🥲

ပါရာစီတမောကုန်နေပါတယ်။ဘာမီတွန်လဲပစ္စည်းပျက်နေပါတယ်။ပင်နစလင်လဲမရှိပါဖူး။ဓာတ်ဆားလဲလက်ကျန်မရှိတော့ပါ။

လောလောဆယ် instock ရှိတာတော့ဆိုင်ရှင်ပါ။

Address

Hmawbi
11361

Telephone

+959975458760

Website

Alerts

Be the first to know and let us send you an email when အောင်စေပိုင် ဆေးစတိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to အောင်စေပိုင် ဆေးစတိုး:

Share