08/07/2022
#ခန္ဓာကိုယ်မှာ_အနီစက်လေးတွေ_ထွက်တယ်
#ဖျားတယ်_ကိုယ်လက်ကိုက်တယ်
ခုချိန်က
🤒 ဖျားပြီ ဆိုတာနဲ့ ငပွကြီး ဒါမှမဟုတ် flu တုပ်ကွေး ပဲ တန်းမြင်တန်းထင်နေကြတာ
Covid မှာလည်း အနီကွက်၊ အနီစက်တွေ ထွက်တယ်ဆိုပေမယ့်
အဖျားကြီးတယ်၊
ကိုယ်လက်ကိုက်တယ်
အနီစက်လေးတွေ ထွက်တယ် ဆိုရင်
မိုးတွင်းလည်းဖြစ်တယ် ခြင်တွေလည်း အရမ်းကိုက်တော့
#သွေးလွန်တုပ်ကွေးရောဂါ ကိုလည်း သတိထားကြပါဗျို့
🚨 🚨 🚨
#ဖျားတယ် 🤒 High Grade Fever နဲ့ (၁၀၂-၁၀၃) လောက်ထိပဲ
😢 ဆေးသောက်၊ ရေပတ်တိုက်ခဏပဲ ကျတယ် ဆေးရှိန်ကုန်တာနဲ့ ပြန်ဖျားတော့တာပဲ
😢 နေ့စဉ်ရက်ဆက် ဆက်တိုက်ကို ဖျားတာ
😳 နှာမစေးဘူး၊ ချောင်းမဆိုးဘူး၊ လည်ချောင်းမနာဘူး၊ ရင်မကြပ်ဘူး (ဖြစ်ချင်လည်း ဖြစ်တတ်ပါတယ်)
ကိုယ့်ကိုယ်ကိုယ်ကြတော့ 🤷♂️ ရိုးရိုးဖျားတာ (အပူရှပ်/အအေးပတ်တာ) လို့ထင်ကြတာကိုး
ဆေးရုံဆေးခန်းတွေ သွားဖို့ကလည်းမလွယ်ဘူး 😢သွားပြီး ဟိုက ကူးလာမှာလည်းကြောက်တယ် 😢
ဆိုတော့ကာ
🏘️ အိမ်မှာပဲနေတယ် (နီိးစပ်ရာတွေ မေးမြန်းပြီး) 💊 ဆေးတွေ သောက်တယ်ပေါ့
👉 ခန္ဓာကိုယ်မှာ အနီိစက်လေးတွေ ထွက်လာတယ်
👉 ဗိုက်နာလာတယ် (ညာဘက်နံရိုးအောက်)
👉 အန်လာတယ် (ကော်ဖီရောင်တွေ)
👉 နှာခေါင်းသွေး လျှံလာမယ်
👉 ခေါင်းအရမ်းကိုက်မယ်
👉 ခြေဖျား လက်ဖျားအေးလာတယ်
👉 အထိုင်အထတွေ မိုက်ခနဲ မိုက်ခနဲ ဖြစ်နေတယ်
အဲ့လိုနဲ့ ဆေးရုံဆေးခန်း မသွားပဲ ဆက်နေရင်း
👉 ရုတ်တရက် အဖျားကျသွားတယ်
👉 အဖျားကျသွားသလို လူလည်းမလှုပ်နိုင်တော့ဘူး၊ ခြေဖျား လက်ဖျားအေးစက်ပြီး၊ ခေါင်းတောင်မထောင်နိုင်တော့ဘူး
😰 အဲ့လို အခြေအနေဆိုရင်တော့ မကောင်းတော့ပါဘူး
Shock ရပါပြီ။
Dengue လို့ခေါ်တဲ့ #သွေးလွန်တုပ်ကွေး ပါ
Dengue Shock ပါ
#သေတတ်ပါတယ်
အရင်က 🧒 ကလေးတွေမှာပဲ ဖြစ်တယ်လို့ ယူဆထားကြတာ 👉 လူကြီးတွေမှာဖြစ်ပါတယ် သေတတ်ပါတယ်
အဲ့ဒါကြောင့် အဲ့လို Shock အခြေအနေမျိုးထိမရောက်အောင် ကြိုတင်ကာကွယ်ကုသမှု ခံယူကြပါ
>>>>>>>>