ကျန်းမာ ပျော်ရွင်

ကျန်းမာ ပျော်ရွင် ကျန်းမာရေးနှင့်ဆိုင်ရာများ ဆွေးနွေးနိုင်ပါသည်

ကြာဆူး (Keratosis pilaris)Credit _   ♻️ကြာဆူး (Keratosis pilaris) ဆိုတာ လက်၊ ခြေထောက်နဲ့တင်ပါးတို့မှာ အသားခြောက်ပြီး ခပ်...
18/12/2022

ကြာဆူး (Keratosis pilaris)

Credit _

♻️ကြာဆူး (Keratosis pilaris) ဆိုတာ လက်၊ ခြေထောက်နဲ့တင်ပါးတို့မှာ အသားခြောက်ပြီး ခပ်ကြမ်းကြမ်းအဖုလေးတွေဖြစ်လာတတ်တဲ့ အန္တရာယ်မရှိတဲ့အရေပြားပြဿနာတစ်ခု ဖြစ်ပါတယ်။ မွေးညင်းပေါက်လေးတွေမှာ ကြက်သီးထသလို ခပ်မာမာ အဖုချွန်ချွန်လေးတွေဖြစ်လာတတ်ပေမယ့် တစ်ခါတလေ အနည်းငယ်ယားယံတာကလွဲလို့ ပိုဆိုးလာတာ၊ ထိခိုက်နာကျင်စေတာမျိုးမရှိပါဘူး။

ကြာဆူးဟာ အန္တရာယ်မရှိတဲ့ သာမန်အရေပြားပြဿနာဖြစ်ပြီး အထူးတလည်ကုသစရာ မလိုပါဘူး။ အရေပြားမခြောက်သွေ့အောင် moisturizer နဲ့ creamလေးတွေ သုံးပေးရင် သက်သာပျောက်ကင်းနိုင်ပါတယ်။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ အဖြစ်များပြီး အသက်ကြီးလာတဲ့အခါ ပျောက်ကင်းသွားတတ်ပါတယ်။

♻️ကြာဆူးရဲ့လက္ခဏာတွေက –
➡️ကြမ်းတမ်းခြောက်သွေ့ပြီး ခပ်စူးစူး အဖုလေးတွေဖြစ်လာခြင်း
➡️အရေပြားမှာ ကြက်သီးထသလိုဖြစ်လာခြင်း
➡️ဆောင်းတွင်း သို့မဟုတ်ခြောက်သွေ့တဲ့ရာသီဥတုမှာ ပိုသိသာလာခြင်း
➡️အနည်းငယ် ယားယံခြင်း တို့ဖြစ်ပါတယ်။
➡️တချို့တွေမှာတော့ သိသာထင်ရှားတဲ့အဖုလေးတွေအစုလိုက်ဖြစ်လာပြီး အရေပြားအနီကွက် အပျဉ်လိုက်ဖြစ်နေတတ်ပါတယ်။

♻️အကြောင်းရင်းများ
➡️အရေပြားမှာရောဂါပိုးဝင်ခြင်းနဲ့ တခြားထိခိုက်မှုတွေမဖြစ်အောင်ကာကွယ်ပေးတဲ့ keratin ပရိုတင်းတွေ များပြားစုပုံလာမှုကြောင့် ကြာဆူးဖြစ်လာတာပါ။
➡️ဒီပရိုတင်းအစုကမွေးညင်းပေါက်ကိုပိတ်ဆို့စေတာဖြစ်ပါတယ်။ ဒါပေမယ့် ပိတ်ဆို့ရတဲ့အကြောင်းရင်းကို အတိအကျမသိသေးပါဘူး။
➡️ကိုယ်ကအသားအရေခြောက်သွေ့တတ်သူဖြစ်ရင် ကြာဆူးပိုဖြစ်လွယ်နိုင်ပါတယ်။
➡️ကြာဆူးက လေထုတွင်းစိုထိုင်းမှုနည်းတဲ့ ဆောင်းတွင်းမှာ ပိုသိသာတတ်ပြီး နွေရာသီမှာ ပျောက်ကင်းတတ်ပါတယ်။
✴ကြာဆူးက အသားအရေခြောက်သွေ့မှု၊ ဗီတာမင် A နဲ့ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ fatty acid တို့ချို့တဲ့မှုနဲ့လည်း ဆက်နွှယ်နေပါတယ်။

♻️ဖြစ်နိုင်ခြေများစေသောအချက်များ
➡️ကြာဆူးဖြစ်လေ့ရှိတဲ့သူတွေဆွေမျိုးရင်းချာထဲမှာရှိနေရင်
➡️ပန်းနာရင်ကျပ်ရောဂါ
➡️ခြောက်သွေ့တဲ့အသားအရေရှိသူဖြစ်ရင်
➡️နှင်းခူနာ
➡️ပန်းဝတ်မှုန်ကြောင့်ဖျားနာခြင်း (Hay fever)
➡️ကိုယ်အလေးချိန်များနေသူဖြစ်ရင်
➡️Ichthyosis vulgaris (အသားအရမ်းခြောက်သွေ့စေတဲ့ အရေပြားရောဂါ)
➡️Melanoma အရေပြားကင်ဆာရှိနေပြီး ကင်ဆာဆေးသုံးစွဲနေရသူဖြစ်ရင်။

♻️ရောဂါအဖြေရှာခြင်း
ပုံမှန်အားဖြင့် ကြာဆူးအတွက် ဆရာဝန်ပြပြီးရောဂါရှာဖွေစစ်ဆေးမှုခံယူဖို့မလိုအပ်ပါဘူး။ ဆရာဝန်ပြမယ်ဆိုရင်လည်း ဒီလိုဖြစ်နေတဲ့အရေပြားကို ဆရာဝန်က ကြည့်ပြီးစစ်ဆေးပေးမှာပါ။ ဆေးစစ်ဖို့၊ ရောဂါရှာဖွေဖို့အထိ လိုအပ်မှာမဟုတ်ပါဘူး။

♻️ကုသမှု
ကြာဆူးဖြစ်ခြင်းအတွက် ကုသမှုသီးသန့်မရှိပါဘူး။
ဒါပေမယ့် ကိုယ်အသားအရေအတွက်ခြောက်သွေ့မှုမဖြစ်စေဖို့ အစိုဓါတ်ထိန်းတဲ့လိုးရှင်းတွေ၊ ခရင်မ်တွေ လူးပေးရုံနဲ့ သက်သာနိုင်ပါတယ်။
အတော်များများက ဆေးဆိုင်မှာအလွယ်တကူဝယ်ယူရရှိနိုင်ပေမယ့် ပိုပြင်းထန်တဲ့အခြေအနေတွေအတွက်တော့ ဆရာဝန်ညွှန်ကြားချက်နဲ့ဝယ်လိမ်းပါ။

♻️ကြာဆူးဖြစ်လာရင် ဘယ်လိုလုပ်ရမလဲ
မဖြစ်အောင် ကြိုတင်ကာကွယ်လို့မရနိုင်ပေမယ့် ဖြစ်လာရင်တော့ အသားအရေကို ကိုယ်တိုင်ဂရုစိုက်ပေးရင်သက်သာပျောက်ကင်းနိုင်ပါတယ်။ ကြာဆူးဖြစ်လာရင် –
➡️အဖုလေးတွေကို မကုတ်ပါနဲ့။ အရေပြားကို ခပ်ကြမ်းကြမ်းမပွတ်တိုက်ပါနဲ့။
➡️ရေချိုးရင်ရေနွေးနဲ့မချိုးပါနဲ့။ ရေနွေးနဲ့ချိုးတာ၊ ရေအကြာကြီးချိုးတာတွေက အရေပြားပေါ်ကအဆီတွေကို ပါသွားစေနိုင်ပါတယ်။ ဒါ့ကြောင့်ရေချိုးချိန်ကို ကန့်သတ်ပါ။
➡️အစိုဓါတ်ထိန်းပါ။ရေချိုးပြီးရင် အရေပြားမစိုမခြောက်အနေအထားမှာVaseline၊ glycerin သို့မဟုတ် lanolin ပါဝင်တဲ့ moisturizer တစ်မျိုးကိုလူးပေးပါ။ ➡️moisturizer ပျစ်ရင် ပိုကောင်းပါတယ်။ ကြာဆူးဖြစ်တဲ့နေရာမှာ မကြာခဏလူးပေးနိုင်ပါတယ်။
➡️တင်းကျပ်တဲ့အဝတ်အစားတွေနဲ့ မပွတ်တိုက်အောင် ဂရုစိုက်ပါ။ ကြာဆူးဖြစ်နေတဲ့ အရေပြားကို အဝတ်အစားကျပ်ပြီး မပွန်းမိအောင်ဂရုစိုက်ပါ။
➡️အဆီဓါတ်ပါတဲ့ဆပ်ပြာကိုသုံးပါ။
➡️အိမ်ထဲမှာ လေထုစိုထိုင်းဆကိုထိန်းပေးတဲ့ humidifier သုံးပေးပါ။
➡️အသားအရေကို ထိတွေ့မှုညင်သာပါ။ အနံ့ပြင်းတဲ့၊ အာနိသင်ပြင်းတဲ့ကိုယ်တိုက်ဆပ်ပြာတွေမသုံးပါနဲ့။ အရေပြားဆဲလ်သေတွေကို ကိုယ်တိုက်အဝတ်စနုနုလေးနဲ့အသာအယာဖယ်ရှားပါ။ ကြေးတွန်းတဲ့အခါ အကြမ်းပရမ်းပွတ်တိုက်တာကမွေးညင်းပေါက်ကိုထိခိုက်စေပြီး အခြေအနေပိုဆိုးစေနိုင်ပါတယ်။

Yun Sandi Nan Mon မှ ရေးသားသည်။ Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။

☕
29/09/2022

copyဆံပင်နှင့် ပတ်သက်သည့် ဗဟုသုတများကို အခြေခံ၍ လွယ်ကူရှင်းလင်းစွာ နားလည်စေရန်နှင့် လိုရင်းတိုရှင်း မှတ်မိစေရန်အတွက် ဆော...
29/10/2021

copy
ဆံပင်နှင့် ပတ်သက်သည့် ဗဟုသုတများကို အခြေခံ၍ လွယ်ကူရှင်းလင်းစွာ နားလည်စေရန်နှင့် လိုရင်းတိုရှင်း မှတ်မိစေရန်အတွက် ဆောင်ရန်အချက်များကို အောက်ပါအတိုင်း စုစည်းတင်ပြအပ်ပါသည်။

၁။ ဆံပင်သန်စွမ်းစေရန် အဓိကလိုအပ်သည့် ပရိုတင်းဓာတ် ပြည့်ဝစေရန်အတွက် ကြက်ဥ၊ အသား၊ ငါးမျိုးစုံနှင့် ပဲမျိုးစုံတို့ကို စားသုံးပေးရန် လိုအပ်သည်။

၂။ ဆံပင်အတွက် အရေးပါသည့် သံဓာတ် အားကောင်းစေရန်အတွက် ထမင်းစားတိုင်း ဟင်းရွက်အစိမ်း တစ်မျိုးမျိုး စားဖြစ်အောင် ထည့်စားပါ။ မစားဖြစ်ပါက ကလိုရိုဖီးလ်ပါဝင်သော သဘာဝဖြည့်စွက်ဆေးဝါး ဥပမာ - ရေညှိစိမ်း (Chlorella)၊ အယ်လ်ဖာဖာ (Alfalfa)၊ ဂျုံမြက်နု (Wheatgrass) ကြိုက်ရာတစ်ခုခုကို နေ့စဉ် ဖြည့်စွက်မှီဝဲနိုင်ပါသည်။

၃။ အရည်ရွှမ်းပြီး ချဉ်သောသစ်သီးများကို စားသုံးပေးပါ။ သို့မဟုတ် ဗီတာမင်စီ ဖြည့်စွက်ဆေးဝါးများ သုံးစွဲပါ။

၄။ သွပ်ဓာတ်ပါဝင်သည့် အစားအစာများ (ဂုံးကောင်၊ ပြည်ကြီးငါး)၊ အခွံမာအသီးများနှင့် အစေ့အဆံ များကိုလည်း အလျဉ်းသင့်သလို စားသင့်ပါသည်။ သို့မဟုတ် သွပ်ဓာတ်ပါဝင်သော ဖြည့်စွက်ဆေးဝါး များ သုံးစွဲပါ။

၅။ ဆံပင်မည်းလိုသူများအနေနှင့် ဆံပင်ပိုမည်းစေသည့် တိုင်ရိုစင်း ပါဝင်မှုများသော အစားအစာများ ဖြစ်သည့် နွားနို့၊ ထောပတ်သီး၊ ငှက်ပျောသီး၊ ရွှေဖရုံစေ့တို့ကို မကြာခဏစားပေးရပါမည်။ ဆံပင်ဖြူခြင်းအပေါ် ဟန့်တားသက်ရောက်မှု အာနိသင်ရှိသော သဘာဝဆေးဖက်ဝင်အပင်များ (ဥပမာ ချင်းနက်၊ ဆင်တုံးမနွယ်၊ ကမ္ဘာဦးပင်) မှ ထုတ်လုပ်ထားသည့် သဘာဝဆေးဝါးများကို မှီဝဲနိုင်သည်။

၆။ ဆံပင်ခြောက်သွေ့ခြင်းမှ ကာကွယ်ရန် အိုမီဂါ-၃ ပါဝင်သည့် ငါးကြီးဆီ၊ နှမ်းကြတ်ဆီ၊ အီးပီအိုတို့ ပါဝင်သော ဖြည့်စွက်ဆေးဝါးများကိုလည်း မှီဝဲသင့်သည်။

၇။ ပရိုဘိုင်အိုတစ်ကို ပုံမှန်မှီဝဲခြင်းဖြင့် အော်တိုအင်မြူးကြောင့်ဖြစ်သော ဆံပင်ကျွတ်ခြင်းကို သက်သာစေသည်။

၈။ အသက်ကြီးသော အမျိုးသားများတွင် တက်စ်ထရိုစတီရုန်းဟော်မုန်း လျော့နည်းလာခြင်းကြောင့် ဖြစ်သော ဆံပင်များကျွတ်ပြီး ထိပ်ပြောင်ခြင်းကို ကြိုတင်ကာကွယ်ရန် သဘာဝဆေးဝါးများ (ဥပမာ -Bee pollen, Saw palmetto) ကို သောက်သုံးနိုင်ပါသည်။ ထို့အပြင် ဗီတာမင်ဘီကွန်ပလက်စ် ပါဝင်သော ဖြည့်စွက်ဆေးဝါးများ နှင့် အင်တီအောက်စီဒင့် ကြွယ်ဝသော အစားအစာများ သို့မဟုတ် ဖြည့်စွက်ဆေးဝါးများ ( ဥပမာ - Completec®) တို့ကို မှီဝဲနိုင်သည်။

၉။ နံနက်ခင်း နေရောင်ခြည်အောက်တွင် တစ်နေ့လျှင် မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်းတို့ကို လုပ်ပေးပါ။ နေ့လယ်ဘက် နေရောင်ခြည်ထဲသွားလျှင် ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုမှ လျော့နည်းစေရန် ထီး၊ ဦးထုပ် စသည်တို့ကို ဆောင်းထားပေးပါ။

၁၀။ စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ရန်လိုသည်။ တရားထိုင်ခြင်းသည် များစွာ အကျိုးရှိပါသည်။

၁၁။ ဆံပင်တွင် ဖုန်မှုန့်၊ မှိုများ၊ ဘက်တီးရီးယားများ စသည်တို့ ကပ်ပါနေနိုင်ခြင်းတို့ကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ပတ်သက်၍ ရေမှန်မှန်ချိုးခြင်း၊ ခေါင်းမှန်မှန်လျှော်ခြင်း၊ အိပ်ရာခင်း၊ မွေ့ရာစွပ်၊ ခေါင်းအုံးစွပ်၊ စောင်တို့ကို မကြာခဏ လဲလှယ်လျှော်ဖွပ်ခြင်းတို့ကို ပြုလုပ်ပေးရပါမည်။

၁၂။ ဗောက်ထလေ့ရှိသူများသည် ဆံပင်ကိုအတတ်နိုင်ဆုံး တိုအောင်ညှပ်ကာ နေ့စဉ် ခေါင်းလျှော်ရည်ဖြင့်လျှော်ပေးပြီး ခေါင်းကို သန့်ရှင်းစွာထားရန် အရေးကြီးသည်။ ရေနွေးကြမ်း (Green tea) သောက်ခြင်း သည် ဗောက်ထမှုကို သက်သာစေနိုင်သည်။

၁၃။ ခေါင်းလျှော်ပြီးနောက် ဆံပင်ကို ခြောက်သွေ့အောင် ပြုလုပ်ပေးသော ဆံပင်လေမှုတ်စက်များ အသုံးပြုရာတွင် ဦးခေါင်းနှင့်ခပ်ခွာခွာ အသုံးပြုပေးသင့်သည်။

၁၄။ အကယ်၍ ဘီးကိုအသုံးပြုရန် လိုအပ်ပါက အရည်အသွေးနှင့် အမျိုးအစား ကောင်းမွန်သော ဘီးကို ရွေးချယ်အသုံးပြုသင့်သည်။ ဘီးကို အမြဲတမ်းသန့်ရှင်းပေးရန် လိုအပ်သလို မကြာခဏ အသစ်လဲပြီး အသုံးပြုသင့်သည်။

၁၅။ အကယ်၍ ဆံပင်ကို ဆေးဆိုးမည်ဆိုပါက မည်သည့် ဆံပင်ဆိုးဆေးပစ္စည်းကိုမဆို အသုံးပြုမည် ဆိုလျှင် တည့်/မတည့်သိစေရန် ပထမဦးဆုံး အရေပြားတွင်စမ်းသပ်ခြင်းကို မဖြစ်မနေ ပြုလုပ်ပေးသင့် သည်။ ဓာတုနည်းဖြင့် ပြုလုပ်ထားသော ဆိုးဆေးများထက် သဘာဝအပင်မှရသည့် ဆိုးဆေးများ (အထူးသဖြင့် အရောင်အနုများ) ကိုသာ ရွေးချယ်အသုံးပြုစေလိုသည်။

၁၆။ နိုင်ငံခြားလိမ်းဆေး၊ သောက်ဆေးများကို အသုံးပြုမည်ဆိုပါက တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ အသုံးပြုရန်နှင့် ညွှန်ကြားချက်အတိုင်း တိတိကျကျ လိုက်နာ ဆောင်ရွက်ရန် ဖြစ်သည်။

ဒေါက်တာခင်မောင်လွင် (FAME)

Telegram
https://t.me/famepharmaceuticals
https://t.me/famepharma

Crd
27/09/2021

Crd

CopyVitamin C ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သင်သိပြီးပြီလား? 🟢Vitamin - C က ကိုယ်ခံအားကောင်းစေတယ် ဆိုတာ အားလုံးသိပြီးသားဖြစ...
29/07/2021

Copy
Vitamin C ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သင်သိပြီးပြီလား?

🟢Vitamin - C က ကိုယ်ခံအားကောင်းစေတယ် ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။
🟢ဒါကြောင့် အခုလို covid ကာလကြီးမှာ ကိုယ်ခံအား ကောင်းစေဖို့အတွက် အားလုံးက Vitamin C ကို ပုံမှန် သောက်နေကြပါတယ်။

🟢Vitamin C က ရေမှာ ပျော်၀င်လွယ်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပြီးတော့ သံဓာတ်ကို စုပ်ယူဖို့အတွက် အားဖြည့်ပေးပါတယ်။

🟢Vitamin C ကို စားသုံးလိုက်တာနဲ့ ခန္ဓာကိုယ်ရဲ့ တစ်သျှူး တွေဆီကို ရောက်သွားပါတယ်။
🟢တစ်ချို့ ပိုလျှံနေတာတွေကို ဆီးတွေ အဖြစ် စွန့်ထုတ်ပါတယ်။
🟢ကျွန်တော်တို့ ခန္ဓာကိုယ်က Vitamin-C ကို ထုတ်လည်းမထုတ်ပေးနိုင်ပါဘူး။
🟢သိမ်းလည်း မသိမ်းဆည်းပေးနိုင်ပါဘူး။

🟢ဒါကြောင့် Vitamin C ကို ကိုယ်ခံအား အရမ်းကောင်းချင်ဇောနဲ့ အများကြီး သောက်လို့မရပါဘူး။
🟢"တန်ဆေး ၊ လွန်ဘေး" ဆိုတဲ့ စကားလေးအတိုင်းပါပဲ။

🟢အရွယ်ရောက်ပြီးလူတစ်ယောက်ကို Vitamin-C တစ်ရက် ၁၀၀၀ မီလီဂရမ် အများဆုံးသာ သောက်သုံးသင့်ပါတယ်။

🟢Vitamin-C သောက်သုံးတာ အရမ်းများသွားရင် ....

✅ဝမ်းပျက်ဝမ်းလျှောခြင်း
✅မအီမသာဖြစ်ခြင်း
✅အော့အန်ခြင်း
✅ရင်ပူခြင်း
✅ဗိုက်အောင့်ခြင်း
✅ခေါင်းကိုက်ခြင်း
✅အိပ်မပျော်ခြင်း
✅ကျောက်ကပ်မှာ ကျောက်တည်ခြင်း
✅အစာခြေစနစ် ပြဿနာ
✅သံဓာတ်လွန်ကဲခြင်းမျိုးတွေ ခံစားရနိုင်ပါတယ်။

🟢Vitamin-C ဓာတ်လိုချင်ရင် အကောင်းဆုံးကတော့ Vitamin C ဓာတ်ပါတဲ့ အသီးအနှံတွေကို စားပေးတာ အကောင်းဆုံးပါပဲ။

🟢Vitamin-C ကြွယ်၀စွာပါ၀င်တဲ့ အသီးတွေကတော့....

✅ငရုတ်ပွ အနီ/အစိမ်း
✅စတော်ဘယ်ရီ
✅လိမ္မော်၊ သံပုရာ
✅ခရမ်းချဉ်သီး
✅ပန်းဂေါ်ဖီစိမ်း
✅ဇီးဖြူသီး
✅မာလကာသီး
✅ဂရိတ်ဖရုသီး နဲ့
✅ကိုက်လန် တို့ဖြစ်ပါတယ်။

🟢Vitamin-C ဓာတ်ကို ဒီ အသီးအနှံတွေက ယူတာ အကောင်းဆုံး နဲ့ ဘေးအန္တရာယ် အကင်းဆုံးဖြစ်ပါတယ်။
🟢မဖြစ်မနေ ဆေးသောက်ရမယ် ဆိုပါကလည်း အများကြီး မသောက်မိအောင် ဂရုစိုက်ပါ။

CopyDCovid ရယ် Dexa ရယ် Doctor ရယ်(OSK - Online Clinic မှတင်ဆက်ပါသည်)ရုပ်ရှင်ရိုက်တော့မယ်ထင်သွားတာလားဗျ။မဟုတ်ပါဘူးဗျာ......
29/07/2021

Copy
DCovid ရယ် Dexa ရယ် Doctor ရယ်
(OSK - Online Clinic မှတင်ဆက်ပါသည်)

ရုပ်ရှင်ရိုက်တော့မယ်ထင်သွားတာလားဗျ။

မဟုတ်ပါဘူးဗျာ..... အာဒံ ရယ် ဧဝရယ် ဒဿရယ် ဒုတိယပိုင်းထင်ရင်တော့ ဆက်မဖတ်ပါနဲ့နော်ခင်ဗျာ.....

အခုရက်ပိုင်းအတွင်း တိုင်ပါတ်နေတဲ့ကိစ္စလေးတွေပြောပြချင်လို့ပါ။

ဖြစ်စဥ် ၁။ ။ လူနာက 23 နှစ် ကိုဗစ်လကွဏာနဲ့လာပြတယ်။ ဘာသောက်နေလဲဆိုတော့ Dexa မနက် 2 လုံး ည 2 လုံး စဖျားတဲ့နေ့ကစသောက်တာ............

ဖြစ်စဥ် ၂။ လူနာက 68 နှစ်။ ဆီးချိုနဲ့ ကိုဗစ်ဖြစ်တယ်။ ဘာသောက်နေလဲဆိုတော့ Dexa 0.5 mg 12 လုံးနေ့တိုင်း စဖျားကတည်းက။ ဆယ်ရက်ရှိနေပြီ။ ဆီးချိုတိုင်းကြည့်တော့ 500 ကျော်။

ဖြစ်စဥ် ၃။ နေမေကာင်းဘူး ဆေးခန်းသွားပြတယ် ဆေးခန်းက ပေးလိုက်တယ် (တင်ပါးကို Dexa ထိုးတယ်။ သောက်ဆေးက မနက် 2 လုံး နေ့လည် 2 လုံး ည 2 လုံး)

ဒါလေးတွေက ကျွန်တော့် အိပ်မက်ထဲက ကိစ္စတွေမဟုတ်ပါဘူး။ အပြင်မှာ တကယ်ဖြစ်နေတဲ့ OSK မှာလာပြနေကြတဲ့ ( အခမဲ့ကော ၊ paid consultation) မှာပါ ဒီလိုဟာတွေများကြီဖြစ်နေတာတွေ့လို့ပါ။

တရားခံကဘယ်သူလဲ..... ကိုဗစ်တစ်ခါဖြစ်ဖူးတာနဲ့ ကိုဗစ်အထူးကုဖြစ်နေတဲ့ ဆယ်လီတွေက တော့ ထိပ်ဆုံးကပါပဲ.......

ပထမဆုံး Dexa ရဲ့ဆိုးကျိုးတွေကစပြောပြပါမယ်...

👉👉 ဖောခြင်း (ခြေ၊ လက်၊ မျက်နှာ)

👉👉 စိတ်အပြောင်းအလဲမြန်ခြင်း၊ အိပ်မရဖြစ်နိုင်ခြင်း

👉👉 အရေပြားအနီကွက်ထခြင်း အဖူးအ‌ရောင်လွယ်ခြင်း

👉👉 ဝက်ခြံထွက်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း နှင့် အမွှေးအမျှင်ပေါက်ခြင်း

👉👉 ခေါင်းကိုက်ခြင်း၊ ‌ခေါင်းမူးခြင်း

👉👉 ပျို့ခြင်း၊ အန်ခြင်း။ အစာအိမ်နာခြင်း

👉👉 ရာသီမမှန်ခြင်း

👉👉 လူဝလာခြင်း၊ ခြေလက်သေးလာခြင်း၊ ကြွက်သားတွေသိမ်လာခြင်း.

👉👉 ဆီးချိုတက်ခြင်း

👉👉 သွေးတိုးတက်ခြင်း

👉👉 စိတ်ကျရောဂါဖြစ်တတ်ခြင်း

👉👉 တက်ခြင်း

👉👉 ကိုယ်ခံအားကျခြင်း

👉👉 အရိုးပွခြင်း၊ အရိုးကျိုခြင်း

ဒါ့အပြင်တခြားမရေတွက်နိုင်တဲံ့ ဆိုးကျိုးတွေအများကြီးရှိပါသေးတယ်။

ကဲ အဲလောက်ဆိုရင်တော့ Dexa ကိုပဲကြီးလှော်လို စားချင်သေးလားဆိုတာတော့ ပြန်မေးလိုက်ပါပြီ။

ဒါမှစားချင်သပဆိုရင်တော့ လည်း မတားတော့ပါဘူး

Dexa ကိုဘယ်မှာအများဆုံးတွေ့ရသလဲဆိုတော့

⚡ ရမ်းကုတွေ (တင်ပါးကို Dexa ထိုးတယ် သောက်ဆေးကို Dexa ပေးတယ် ချက်ချင်းဆိုရင်တော့ လူနာကပေါ့သွားတယ်)

⚡ကိုယ့်ဘာသာကိုဝယ်စားကြတယ် (တစ်ရာဖိုးဆိုပေါမှပေါ)

တစ်ချို့ Dexa သောက်နေတဲံ စွဲသောက်နေတဲ့သူတွေကြည့်ရင် လူက ဝဝ ခြေလက်က သေးသေးတွေ ဗိုက်မှာအရေးအကြောင်းတွေနဲ့ ဆိုပြိး သိသိသာသာ ကိုတွေ့ရမှာပါ

ဒါကြောင့် ဆရာဝန်တွေ (ဆရာဝန်ဖြစ်ပြီးရမ်းကုနေတဲ့သူတွေမပါပါ) က Dexa ကို လူနာကိုတစ်ခါပေးဖို့က အခါ်တော်ပေး ဗေဒင်မမေးရုံတမယ်စဥ်းစားကြရပါတယ်။

ကိုဗစ်လူနာအကြောင်းဆက်ပြောပါဦးမယ်။

ကိုဗစ်ဖြစ်သွားလို့ရှိရင်လူနာကနှစ်မျိုးဖြစ်နိုင်ပါတယ်။

၁။ သာမာန်တုတ်ကွေးလိုပဲ ဖြစ်ပြီး ကောင်းသွားမယ့်သူ

၂။ အောက်ဆီဂျင်ကျပြီး နောက်ဆက်တွဲအထူးကုသရမယ့်သူတွေ

နံပါတ် (၁) လူနာကတော့ ရေပဲသောက်နေရင်တောင်ကောင်းမှာပါ။ အဲလိုလူတွေ Dexa သောက်တော့ ကိုယ်ခံအားကကျ ပိုးကအားကောင်ပြီး တခြားပြင်ပ က ပိုးတွေဝင်ပြီး နံပါတ် (၂) လူနာဖြစ်သွားနိုင်ပါတယ်။
( နံပါတ် (၁) လူနာကပိုးသတ်ဆေးလည်းမသောက်ရပါဘူး သူ့သာသူကောင်းမှာပါ)

နံပါတ် (၂) လူနာကတော့ ဒုတိယအပါတ်မှာတော့ Dexa လိုနိုင်ပါတယ်။ လူနာရဲ့ ရောဂါအခံ၊ ဆီးချိုသွေးတိုးစတောအပေါ်မူတည်ပြီး ဆရာဝန်တွေက ပေးမပေးဆုံးဖြတ်ရပါတယ်။ (ဒါတောင် တတ်နိုင်ရင် သမားတော်တွေရဲ့အကြံဥာဏ်တွေကိုယူရတာရှိပါသေးတယ်)

ဒါကိုကြိုသောက်ထားတော့ တကယ်လိုအပ်တဲ့အချိန်ကျတော့ ပေးရခက်သွားကြပြန်ရော.......။

ဒီလိုသောက်ရမယ်ဆေးကို ပဲကြီးလှော်စားသလိုသောက်နေကြမှတော့ ကိုဗစ်ကာလမှာ အဆင်းဘီးတပ်သလို သေကြတာမဆန်းပါဘူး။

ဒီတော့ ဒီလောက်ဆိုးကျိုးများတဲ့ Dexa ကို ကိုယ့်သ‌‌‌ဘောနဲ့ကိုယ်သောက်မလား ဆရာဝန်မေးသောက်မလားဆိုတာကတော့ ဆရာချောချောလေးလည်းမဆုံးဖြတ်တတ်တော့ပါဘူးခင်ဗျာ............

မှတ်ရန် ။ ။ Dexa သည် သင့်အတွက်မဟုတ်ပါ။ သောက်ဖို့လိုမလို ဆရာဝန်ကို‌မေးပါ။

ကိုဗစ် နဲ့ပါတ်သက်ပြီး အခမဲ့ ဆွေးနွေးချင်ရင်တော့ 09692172178(Viber) ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

(ကြော်ငြာ။ ။ ဆရာဝန်နဲ့ Chat to chat ဆွေးနွေးချင်ပါက chat box မှ တဆင့်ဆက်သွယ် Booking ယူနိုင်ပါသည်.
ကလေးအထူးကုဆရာဝန်နှင့်ပြသလိုပါကလည်း Booking ယူပြသနိုင်ပါသည်။)

OSK - Online Clinic

www.oskclinic.xyz

Telegram channel link >> https://t.me/oskclinic

CRD
21/07/2021

CRD

 #အိမ်
31/01/2021

#အိမ်

31/12/2020

21/06/2020


Address

Main Road
Hopin

Website

Alerts

Be the first to know and let us send you an email when ကျန်းမာ ပျော်ရွင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram