09/09/2025
#သွေးလှူဖို့_ဟေမိုဂလိုဘင်_Haemoglobin_မပြည့်ရင်လှူမရဘူး
ျားနေရင်ရော_သွေးလှူလို့ရလား
( သွေးနီဥများခြင်း သို့မဟုတ် သွေးပျစ်ခြင်း )
“သင့်သွေးဖြင့် အသက်ကယ်ပါ” ဆိုတဲ့ ဆောင်ပုဒ်လိုပဲ သွေးလှူခြင်းဟာ ဇီဝဒါန အသက်လှူခြင်းအရာမြောက်ပါတယ်။
သွေးဆိုတာက ခန္ဓာကိုယ်ထဲမှာ Oxygen တွေ အာဟာရတွေကို ခန္ဓာကိုယ်အနှံ့ပို့ဆောင်ပေးတဲ့အပြင် ခန္ဓာကိုယ်ရဲ့ဇီဝပစ္စည်းတွေကိုလည်း ခန္ဓာကိုယ်အနှံ့ပို့ဆောင်ပေးလို့ မရှိမဖြစ်အရေးကြီးလှပါတယ်
- သွေးထွက်ဒဏ်ရာရတာတွေ
- ခွဲစိတ်ကုသမှုတွေ
- သွေးလန့်တာတွေ
- သွေးရောဂါ
အစရှိတာတွေမှာ သွေးလိုအပ်တဲ့အတွက်
သွေး မရခင် တခြားအရည်တွေသွင်းထားကြပေမယ့် တကယ်က #သွေးပဲသွင်းရတာပါ
သွေးမရရင် ကယ်လို့မရတာတွေ များပါတယ်။ အဲ့လောက်ကိုအရေးကြီးတာပါ။
လူတိုင်းမှာ ကိုယ်အလေးချိန်ပေါ်မူတည်ပြီး သွေးပမာဏဟာ ၅ လီတာ (သွေးအိတ် ၁၀ အိတ်ဝန်းကျင်) ပဲရှိတာပါ။ အဲ့ထဲက ၁၀ ပုံတစ်ပုံ ကိုထုတ်ပေးရတာ ဖြစ်လို့ အလှူရှင် အတွက်လည်း ထည့်သွင်းစဉ်းစားရပါတယ်။
အလှူရှင်ဟာ #ကျန်းမာသန်စွမ်းနေဖို့လိုအပ်ပါတယ်
ကိုယ်အလေးချိန် နဲ့ ခန္ဓာကိုယ်တွင်း သွေးပမာဏက ဆက်စပ်နေလို့ ကိုယ်အလေးချိန်ပြည့်မှီရပါတယ်
အမျိုးသားတွေမှာ အနည်းဆုံးပေါင် ၁၂၀ ရှိရမှာဖြစ်ပြီး
အမျိုးသမီးတွေမှာ အနည်းဆုံးပေါင် ၁၀၀ တော့ရှိရမှာဖြစ်ပါတယ်
အရေးကြီးတဲ့နောက်တစ်ချက်ကတော့ သွေးအားပြည့်ရတာပါ။ သွေးအားနည်းရောဂါမရှိရဘူးပေါ့
Haemoglobin ကိုကြည့်ပါတယ်
( Haemoglobin မပြည့်ရင် လူနာအတွက်လည်း အကျိုးမရှိသလို လှူပေးရတဲ့သူပါ လူနာဖြစ်သွားနိုင်လို့ - သွေးအားမပြည့်ရင် လှူလို့မရပါဘူး)
ဒီအထိက လူတိုင်းသိကြပါတယ်။
ပြဿနာက ျားတာပါ။
👉 Haemoglobin မပြည့်ရင် သွေးအားနည်းရောဂါ
👉 Haemoglobin ပုံမှန်ထက် များနေရင် သွေးအားကောင်းတာ လုံးဝ မဟုတ်ပါဘူး ❌
Polycythemia သွေးပျစ်ခြင်း ဆိုတဲ့ ရောဂါပါပဲ
သွေးပျစ်တဲ့သူ ကိုယ်တိုင်ကိုက သွေးပျစ်ရတဲ့ အကြောင်းရင်းကို ရှာပြီးကုသမှုခံယူ ရတော့မှာဖြစ်ပါတယ်။
(Polycythemia- သွေးပျစ်ခြင်းအကြောင်းပါ 👉 https://www.facebook.com/104993831383029/posts/137040061511739/)
Polycythemia မှာ သွေးနီဥများနေပေမယ့် များနေတာတွေက ခန္ဓာကိုယ်အတွက် အသုံးမဝင်လို့ သူများကိုလည်း လှူလို့မရပါဘူး။ (ဘာလို့လဲ အတိအကျသိချင်ရင် တော့ အပေါ်က Polycythemia ဆောင်းပါးလေးဖတ်ကြည့်ကြပါ)
ဥပမာပြောရရင် ကျွန်တော်တို့မှာ ခြေနှစ်ချောင်းရှိလို့ တစ်ယောက်ယောက်မှာ ခြေသုံးချောင်းပါလာခဲ့ရင် ပိုပြီးအပြေးမမြန်သလို Superhero ဖြစ်မသွားပါဘူး
ကျွန်တော်တို့ “လူ” မှာ Chromosome 46 ခုရှိပါတယ်၊ အဲ့ဒါကို တစ်ခုပိုပြီး Chromosome 47 ခု ရှိသွားရင် Superman ဖြစ်မလာတဲ့အပြင် Down syndrome ဆိုတဲ့ရောဂါတောင်ဖြစ်လာပါသေးတယ်။
အဲ့ဒါကြောင့် ခန္ဓာကိုယ်ထဲက ပစ္စည်းတွေဟာ သူ့ပမာဏ အတိုင်းအတိအကျပဲရှိရပါတယ်
- လိုရင်လည်း မကောင်းသလို
- ပိုနေတာကလည်း မကောင်းပါဘူး
ဒီလောက်ဆိုရင် သွေးနီဥများတဲ့အခါ သွေးအားကောင်းနေတာ မဟုတ်လို့ သွေးလှူလို့မရပါဘူး ဆိုတာလေးကို သဘောပေါက်ကြမယ်လို့ မျှော်လင့်ပါတယ်။
(Original Post; Nov,2022 👉 https://m.facebook.com/story.php?story_fbid=554327803186508&id=100058278781320&mibextid=qC1gEa)
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
(Photo credit; National Blood Bank)
Dr. ဘုန်းစည်သူလွင်
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

06:00 pm/ 19.11.2022