စေတနာမွန် Dental Clinic

စေတနာမွန် Dental Clinic Every tooth in a man's head is more valuable than a diamond.

24/12/2025
02/12/2025

♦️ဆေးခန်း အကူ ဝန်ထမ်း ကျား/မ (၂)ဦး အလိုရှိပါသည်။

- ကျောင်းကိစ္စကင်းရှင်းသူဖြစ်ရပါမည်

- အကျင့်စာရိတ္တ ကောင်းမွန်ပြီး လူမှုဆက်ဆံရေးကောင်းမွန်သူ

- ရေရှည်တာဝန်ထမ်းဆောင်နိုင်သူ ဦးစားပေးခန့်ထားပါမည်။

- တစ်လလျှင် လပြည့်၊လကွယ် နားရက် (၂)ရက် ပေးပါမည်။

အလုပ်ချိန် 8:30AM-12:00PM
2:00PM-6:30PM

📖 Basic Salary & Bonus နှင့် ကျန်သိရှိလိုသည့်
အသေးစိတ်အချက်အလက်များကို Viber 09260005867 or cb သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် သွားကျန်းမာရေး    ကိုယ်ဝန်ဆောင်နေတဲ့ အချိန်ကာလမှာ မိခင်ရဲ့ ခန္တာကိုယ်ဟာ အပြောင်းအလဲလေးတွေဖြစ...
21/03/2025

ကိုယ်ဝန်ဆောင်မိခင်များနှင့် သွားကျန်းမာရေး

ကိုယ်ဝန်ဆောင်နေတဲ့ အချိန်ကာလမှာ မိခင်ရဲ့ ခန္တာကိုယ်ဟာ အပြောင်းအလဲလေးတွေဖြစ်နေတဲ့ ထူးခြားဆန်းကျယ်တဲ့ အချိန်ပဲဖြစ်ပါတယ်။ မိခင်လည်းကျန်းမာ၊ ကလေးလည်းကျန်းမာ၊ သွားလေးတွေလည်း ကောင်းမွန်နေဖို့လိုပါတယ်။
-ကိုယ်ဝန်ဆောင်နေစဉ်ဖြစ်တတ်တဲ့ သွားဖုံးရောဂါဟာ အချိန်မတိုင်မှီ မီးဖွားခြင်းနဲ့ ပေါင်အလေးချိန်လျော့နည်းတဲ့ ကလေးကို မွေးဖွားစေတတ်ပါတယ်။ဒါကြောင့် သွားဖုံးရောဂါမဖြစ်အောင် သွားနှင့်ခံတွင်းသန့်ရှင်းရေးကို သေချာလုပ်ဖို့ လိုအပ်ပါတယ်။
-ကိုယ်ဝန်ဆောင်နေစဉ် ဟော်မုန်းအပြောင်းအလဲကြောင့် သွားဖုံးရောဂါကို ပိုဖြစ်စေ၊ပိုဆိုးစေနိုင်ပါတယ်။
-သွားနာတဲ့ အခါ ကိုယ့်ဘာသာဆေးမသောက်ပဲ ဆရာဝန်ညွှန်ကြားတဲ့ဆေးကိုသာ သောက်သုံးရပါမယ်။ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကလေးကို မသက်ရောက်စေဖို့အတွက် ဆရာဝန်ညွှန်ကြားတဲ့ ဆေးကိုသာ သောက်သုံးသင့်ပါတယ်။
-သွားနှင့်ခံတွင်းကုသမှုတွေကို ကိုယ်ဝန်ဆောင်ချိန်(၄)လမှအစပြုကာ (၆)လကုန်အထိ ဒီ(၃)လ အတွင်းမှာသာ အန္တရာယ်ကင်းစွာ ကောင်းမွန်စွာကုသနိုင်ပါတယ်။ထိုကာလအတွင်းမှာ ဖာ၍ရသေးသော သွားများကို ဖာထားပါ။သွားသန့်ရှင်းရေး ကိုလုပ်ဆောင်ထားပါ။နှုတ်ဖို့လိုအပ်တဲ့သွားများကို နှုတ်ထားသင့်ပါတယ်။
-သွားနှင့်ခံတွင်းဆေးခန်းကို အချိန်မှန်မှန်ပြသခြင်းအားဖြင့် ကိုယ်ဝန်မဆောင်မှီ၊ ကိုယ်ဝန်ဆောင်နေစဉ် ၊ကလေးမီးဖွားအပြီး ဖြစ်တတ်တဲ့သွားရောဂါများကို လွယ်ကူစွာ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ #ကလောသွားဆေးခန်း #သွားနှင့်ခံတွင်း #စေတနာမွန်သွားဆေးခန်း #သွားဆေးခန်း #စေတနာမွန်သွားနှင့်ခံတွင်းဆေးခန်း #သွားပိုးပေါက်

ခံတွင်း အနံ့နံစေတဲ့ အကြောင်းအရင်းများနဲ့ ခံတွင်း အနံ့မွှေးပျံ့စေရန် လုပ်ဆောင်သင့်သော အချက်အလက်များကို လေ့လာရလွယ်ကူစေရန် ...
12/03/2025

ခံတွင်း အနံ့နံစေတဲ့ အကြောင်းအရင်းများနဲ့ ခံတွင်း အနံ့မွှေးပျံ့စေရန် လုပ်ဆောင်သင့်သော အချက်အလက်များကို လေ့လာရလွယ်ကူစေရန် ပုံလေးနဲ့ ရှင်းပြထားပါတယ် မိတ်ဆွေတို့ရဲ့ အချိန်အနည်းငယ်ကို အသုံးပြုရုံမျှဖြင့် အဓိက အချက်လေးတွေကို နားလည်သွားမှာပါ
#ကလောသွားဆေးခန်း
#စေတနာမွန်သွားဆေးခန်း
#သွားနှင့်ခံတွင်း



#သွားဆေးခန်း
#ခံတွင်းနံ့မကောင်း
#သွားကျောက်ခြစ်
#သွားသန့်ရှင်းရေး

အားလုံးပဲ မင်္ဂလာပါ။မိတ်ဆွေတို့ပါးစပ်ထဲမှာရှိနေတဲ့ ၃၂ ချောင်းသော  သွားလေးတွေဟာ တစ်နေ့ကိုအနည်းဆုံး သုံးကြိမ်ခန့် အစားအစာ ...
02/03/2025

အားလုံးပဲ မင်္ဂလာပါ။မိတ်ဆွေတို့ပါးစပ်ထဲမှာရှိနေတဲ့ ၃၂ ချောင်းသော သွားလေးတွေဟာ တစ်နေ့ကိုအနည်းဆုံး သုံးကြိမ်ခန့် အစားအစာ စားသုံးတဲ့ အချိန်မှာ အသုံးပြုနေရတာ ဖြစ်ပါတယ်။နှစ်ကာလများစွာ အသုံးပြုလာတဲ့အခါ သွားလေးတွေမှာ ပိုးစားလာတာ သွားကြွေလွှာလေးတွေ ပါးလာတာ သွားဖုံးတွေ ပုံမှန်နေရာမှာ မရှိတော့ပဲ နိမ့်ဆင်းလာပြီး သွားတွေခိုင်ခန့်မှုအားနည်းလာကာ သွားတွေယိုင်နဲ့လာတာတွေ ဖြစ်လာတတ်ပါတယ်။
အဲဒါအတွက်ကြောင့် သွားလေးတွေကို ရေရှည်ခိုင်ခန့်မှုရှိအောင် သွားပိုးစားခြင်းမှကာကွယ်ရန်တို့အတွက် မိမိတို့အသက်အရွယ်ငယ်စဉ်ကာလမှစပြီး သွားသန့်ရှင်းရေးကို ဂရုစိုက်အလေးထားဆောင်ရွက်ဖို့ အရေးကြီးပါတယ်။
သွားကျန်းမာရေးအတွက် နေ့စဉ် မနက်စာစားပြီးတစ်ကြိမ် ညအိပ်ယာဝင်ခါနီးတစ်ကြိမ် တစ်ရက်ကိုနှစ်ကြိမ် နေ့စဉ်ပုံမှန် သွားတိုက်ပေးသင့်ပါတယ်။သွားတိုက်တဲ့အခါမှာလည်း အနည်းဆုံးနှစ်မိနစ်ခန့် အချိန်ပေးပြီး သွားမျက်နှာပြင်နေရာအနှံ့ သေသေချာချာ အချိန်ပေးပြီး သွားတိုက်ပေးသင့်ပါတယ်။နေ့ခင်းနေ့လည် အစာစားပြီးချိန်တိုင်းမှာလည်း ရေနဲ့ပလုတ်ကျင်းပေးပါက မိမိတို့စားထားတဲ့ အစားကြွင်းအစာကျန်များဟာ သွားမျက်နှာပြင်များနဲ့ သွားနှစ်ချောင်းများအကြား ကပ်ကျန်ခဲ့ခြင်းမှကာကွယ်ပေးနိုင်ပြီး သွားပိုးစားမှုဖြစ်နိုင်ချေများကိုလည်း လျော့ချပေးပါတယ်။အကယ်၍ သွားနှစ်ချောင်းအကြားတွင် အစာများညှပ်နေပါက သွားကြားထိုးတံများကို အသုံးပြု၍ဖယ်ရှားခြင်းထက် သွားပွတ်ကြိုး(Dental floss)များကို အသုံးပြု၍ ဖယ်ရှားသင့်ပါတယ်။သွား ပွတ်ကြိုး(Dental floss)ကို အသုံးပြု ခြင်းအားဖြင့် သွားနှစ်ချောင်းကြားတွင် ကပ်ညှိနေသော အစာများကို လွယ်ကူစွာဖယ်ရှား၍ရသလို သွားကြားထိုးတဲကို အသုံးပြုခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ သွားကျဲခြင်းများကိုလည်း ကြိုတင်ကာကွယ်ရာရောက်ပါတယ်။ထို့အပြင် သွားကြားညှပ်ခြင်းမှ အစပြု၍ဖြစ်ပေါ်လာနိုင်တဲ့ သွားနှစ်ချောင်းအကြားပိုးစားခြင်း (Interproximal caries) များကိုလည်း ကြိုတင်ကာကွယ်ပြီးဖြစ်ပါတယ်။
သွားပိုးစားဖို့အကြောင်းအရင်းတွေထဲမှာ အချိုပါဝင်တဲ့စေးကပ်တဲ့ အစားအစာတွေကလည်း အဓိကနေရာကနေပါဝင်နေပါတယ်။ဒါကြောင့် အချိုတွေ စေးကပ်တဲ့ အစားအစာတွေ စားပြီးတိုင်း ရေနဲ့ပလုပ်ကျင်းပေးသင့်ပါတယ်။
သွားနှင့်ခံတွင်းကျန်းမာရေး (oral hygiene) ကောင်းရင် သွားတွေက သန့်ရှင်းလှပနေရင် လူအများနဲ့ဆက်ဆံတဲ့အခါ ယုံကြည်မှုပိုရှိလာမယ်၊ ခံတွင်းအနံ့နံတာ၊ သွားဖုံးရောင်တာ၊သွားပိုးပေါက်ဖြစ်တာတွေ မဖြစ်တော့ပါဘူး။ဒါကြောင့် သွားနှင့်ခံတွင်း ကျန်းမာရေး ကောင်းမွန်စေရန် အတွက် သေချာဂရုပြုအလေးထား ဆောင်ရွက်သင့်ပါတယ် ။

#ကလောသွားဆေးခန်း #စေတနာမွန်သွားဆေးခန်း #သွားနှင့်ခံတွင်း #သွားကျောက်ခြစ် #သွားသန့်ရှင်းရေး #သွားဆေးခန်း #ခံတွင်းနံ့မကောင်း

ခံတွင်းနံ့ဆိုးခြင်း (Bad Breath) ဟာ သင့်ရဲ့ သွားကျန်းမာရေး နဲ့ ဆက်စပ်တဲ့ အချက်တစ်ခုဖြစ်တဲ့အပြင် နေ့စဉ်လူမှုဆက်ဆံရေးကိုပါ...
23/02/2025

ခံတွင်းနံ့ဆိုးခြင်း (Bad Breath) ဟာ သင့်ရဲ့ သွားကျန်းမာရေး နဲ့ ဆက်စပ်တဲ့ အချက်တစ်ခုဖြစ်တဲ့အပြင် နေ့စဉ်လူမှုဆက်ဆံရေးကိုပါ ထိခိုက်စေတဲ့ ပြဿနာတစ်ခုလဲ ဖြစ်ပါတယ်။

ခံတွင်းနံ့ဆိုးခြင်းအကြောင်းရင်းများမှာ _

➡ ရေသောက်နည်းသောအခါ

➡ အနံပြင်းတဲ့အစာစာတွေစားတဲ့အခါ

➡ သွားတိုက်လျှင် လျှာကိုသန့်ရှင်းရေးမလုပ်မိသောအခါ

➡ သွားချေးကျောက်တွေရှိနေတဲ့အခါ

➡ ပိုးစားနေတဲ့ သွားတွေရှိနေရင်လည်း ဖြစ်နိုင်သလို

➡ ဆေးလိပ် နှင့် ကွမ်းသုံးစွဲခြင်းကဲ့သို့ အမူအကျင့်တွေ
ကလည်း ခံတွင်းနံ့ကို ဆိုးစေနိုင်ပါတယ်။

🔴 ခံတွင်းနံ့ဆိုးကို ဖြေရှင်းဖို့ဆိုရင် ထိရောက်တဲ့ အချက်ကတော့ _
🔴 သွားနှင့်ခံတွင်းမှာ ကပ်ငြိနေတဲ့ အစာကြွင်းအစာကျန်များ၊ သွားချေးကျောက်တွေ နှင့် သွားပိုးစားခြင်းတို့ကို
🧑🏻‍🔬 သွားဆေးခန်းမှာ စနစ်တကျ စစ်ဆေးကုသ ဖယ်ရှားခြင်းပဲ ဖြစ်ပါတယ်။

#ကလောသွားဆေးခန်း #စေတနာမွန်သွားဆေးခန်း #သွားနှင့်ခံတွင်း #သွားကျောက်ခြစ် #သွားသန့်ရှင်းရေး #သွားဆေးခန်း #ခံတွင်းနံ့မကောင်း

ကျွန်တော်တို့ ပါးစပ်ထဲက   သွားလေးတွေမှာ   အမည်းစက်လေးတွေ ဖြစ်နေပြီ ဆိုရင်    သေသေချာချာ ဂရုစိုက်သွားတိုက်ပြီး သန့်ရှင်းရ...
17/02/2025

ကျွန်တော်တို့ ပါးစပ်ထဲက သွားလေးတွေမှာ အမည်းစက်လေးတွေ ဖြစ်နေပြီ ဆိုရင် သေသေချာချာ ဂရုစိုက်သွားတိုက်ပြီး သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။
သန့်ရှင်းရေးကိုလည်း သေချာဂရုစိုက်တယ် သွားကိုလည်း မနက်တစ်ကြိမ် ညအိပ်ယာဝင်ခါနီး တစ်ကြိမ် သေသေချာချာ တိုက်ပေမယ့် အမည်းစက်လေးကနေတစ်ဆင့် ပိုးပေါက်လေးစတင်ဖြစ်လာပြီဆိုရင်တော့ နီးစပ်ရာ သွားဆေးခန်းမှာ အလျင်အမြန်သွားရောက်ပြသပြီး လိုအပ်တဲ့ ကုသမှုကို ခံယူသင့်ပါတယ်။
မအားလပ်နိုင်တဲ့ အလုပ်တွေကြောင့်ပဲဖြစ်ဖြစ် မိမိရဲ့ ပေါ့ဆမှုကြောင့်ဖြစ်ဖြစ် လိုအပ်တဲ့ ကုသမှုတွေကို အချိန်မှီ မလုပ်ဆောင်မိပါက နောက်ဆက်တွဲ ပြသနာတွေ အနေဖြင့် သွားနာခြင်း သွားကိုက်ခြင်း ရေထိလျှင်သွားကျဉ်ခြင်း အစရှိတဲ့ သွားရောဂါများကို ခံစားရရုံသာမက နောက်ပိုင်း ကုသမှုစရိတ်များပြားခြင်းတို့လည်း ရှိလာနိုင်ပါတယ်။
ထိုကြောင့် မိမိတို့၏ပါးစပ်အတွင်းမှာရှိတဲ့ သွားလေးတွေမှာ အမည်းစက်လေးတွေ ဖြစ်လာတာပဲဖြစ်ဖြစ် သွားပိုးပေါက်လေးတွေ ဖြစ်လာတာပဲဖြစ်ဖြစ် စတင်သတိပြုမိတာနဲ့ တစ်ပြိုင်နက် နီးစပ်ရာ သွားဆေးခန်းများမှာ သွားရောက်တိုင်ပင်ဆွေးနွေးပြီး အချိန်မှီ ကုသမှုကို ခံယူသင့်ပါတယ်။

#စေတနာမွန်သွားနှင့်ခံတွင်းဆေးခန်း #သွားရောဂါ #သွားပိုးပေါက်

11/02/2025

လူနာများ သွားနာ သွားကိုက် သွားရောဂါ ခံစားနေရမှုများအား သက်သာပျောက်ကင်းစေရန် မနက်ဖြန်မှာကျရောက်မယ့် တပို့တွဲလပြည့်နေ့ နှင့် ပြည်ထောင်စုနေ့တွင်လည်း ကျွန်တော်တို့ရဲ့ စေတနာမွန် သွားနှင့်ခံတွင်းဆေးခန်း ကို မနက် ၈နာရီမှာ နေ့လည် ၁၂ နာရီတစ်ချိန် နှင့် နေ့လည် ၂ နာရီမှ ညနေ ၆နာရီခွဲအထိ ဖွင့်လှစ်ပေးသွားပါမယ်။ 🏥စေတနာမွန် သွားနှင့်ခံတွင်းဆေးခန်းကလောမြို့မစျေးအနီး၊ ဘူတာလမ်း၊ ကလောမြို့။ #ကလောသွားဆေးခန်း #စေတနာမွန်သွားဆေးခန်း #သွားနှင့်ခံတွင်း #သွားဆေးခန်း #သွားဆေးခန်း

The art of orthodontics🥰ကလောမြို့ရဲ့လှပတဲ့ရှုခင်းတွေနဲ့အပြိုင် လှပတဲ့အပြုံးလေးတွေ ပိုင်ဆိုင်နိုင်စေဖို့ ကလောမြို့ရဲ့ စေတ...
06/02/2025

The art of orthodontics🥰

ကလောမြို့ရဲ့လှပတဲ့ရှုခင်းတွေနဲ့အပြိုင် လှပတဲ့အပြုံးလေးတွေ ပိုင်ဆိုင်နိုင်စေဖို့ ကလောမြို့ရဲ့ စေတနာမွန်ဆေးခန်းမှာ သွားညှိ (Brace) တပ်ခြင်းလုပ်ဆောင်လို့ရနေပြီနော်။
အသက်ရွယ်ငယ်တုန်းမှာ သွားညှိလုပ်ဆောင်ခြင်းက အသက်ကြီးတဲ့သူတွေထက် ကြာချိန်နည်းခြင်း မေးရိုးထိန်းညှိနိုင်ခြင်းကြောင့် မလို့အသက်ငယ်တုန်းမှာ သွားညှိထားတာက ပိုပြီးအကျိုးများပါတယ်။
သွားညှိခြင်းမလုပ်ဆောင်ခင်မှာ သွား၊ မေးရိုး၊ နှုတ်ခမ်း၊ မျက်နှာ အနေအထားပေါ်မူတည်ပြီး သေချာတပ်ဆင်ရတာဖြစ်သောကြောင့် သေချာတိုင်ပင်ဆွေးနွေးပြီး တပ်တင်သင့်ပါတယ်။
ပုံမှန်မဟုတ်ပဲ အပေါ်သွားက အောက်သွားကိုဖုံးနေခြင်းက မေးရိုးပုံပျက်စေနိုင်တာကြောင့်မလို့ ငယ်ကတည်းက သွားညှိ (Brace) တပ်ပြုပြင်ခြင်းကြောင့် အချိန်ကုန် ငွေကုန်သက်သာသွားတဲ့ Patient ပုံကို Before & After နဲ့ပြထားပေးပါတယ်။ ငယ်ရွယ်စဥ်က ပြုပြင်ခဲ့တာကြောင့် အချိန်အကြာကြီးမစောင့်ရပဲ ၂ လအတွင်းမှာ ယခုလို result လေးရတာဖြစ်ပါတယ်။
စိတ်တိုင်းကျ လှပတဲ့ အပြုံးလေးတွေ ပိုင်ဆိုင်နိုင်ဖို့အတွက် ကျွန်တော်တို့ စေတနာမွန်ဆေးခန်းမှ တာဝန်ယူပေးပါရစေ။

08/10/2024

♦️ဆေးခန်း အကူ ဝန်ထမ်း တစ်ဦး အလိုရှိသည်။

- ကျောင်းကိစ္စကင်းရှင်းသူဖြစ်ရပါမည်

- အကျင့်စာရိတ္တ ကောင်းမွန်ပြီး လူမှုဆက်ဆံရေးကောင်းမွန်သူ

- ရေရှည်တာဝန်ထမ်းဆောင်နိုင်သူ ဦးစားပေးခန့်ထားပါမည်။

အလုပ်ချိန် 8:30AM-12:00PM
2:00PM-6:30PM
📖 Basic Salary & Bonus နှင့် ကျန်သိရှိလိုသည့်
အသေးစိတ်အချက်အလက်များကို Viber 09260005867 or cb သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Address

Station Road
Kalaw

Opening Hours

Monday 09:00 - 12:00
14:00 - 18:30
Tuesday 09:00 - 12:00
14:00 - 18:30
Wednesday 09:00 - 12:00
14:00 - 18:30
Thursday 09:00 - 12:00
14:00 - 18:30
Friday 09:00 - 12:00
14:00 - 18:30
Saturday 09:00 - 12:00
14:00 - 18:30
Sunday 09:00 - 12:00
14:00 - 18:30

Telephone

+959757261967

Alerts

Be the first to know and let us send you an email when စေတနာမွန် Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category