ချယ်ရီဦး ကွန်ပျူတာမျက်စိစမ်းသပ်ခန်း မျက်မှန်ဆိုင် နှင့် ဆေးဆိုင်

  • Home
  • Myanmar
  • Kalemyo
  • ချယ်ရီဦး ကွန်ပျူတာမျက်စိစမ်းသပ်ခန်း မျက်မှန်ဆိုင် နှင့် ဆေးဆိုင်

ချယ်ရီဦး ကွန်ပျူတာမျက်စိစမ်းသပ်ခန်း မျက်မှန်ဆိုင် နှင့် ဆေးဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ချယ်ရီဦး ကွန်ပျူတာမျက်စိစမ်းသပ်ခန်း မျက်မှန်ဆိုင် နှင့် ဆေးဆိုင်, Kalemyo.

ကလေးတွေနဲ့ Screen Time ပြသနာလက်တွေ့မြင်နေရတာပေါ့လေအသက် ၁၀ နှစ်ဝန်းကျင်ကောင်လေးတယောက် မျက်လုံးက အကြောဆွဲနေတယ်၁၀နှစ်သာ ရှိ...
17/10/2025

ကလေးတွေနဲ့ Screen Time ပြသနာ

လက်တွေ့မြင်နေရတာပေါ့လေ

အသက် ၁၀ နှစ်ဝန်းကျင်ကောင်လေးတယောက် မျက်လုံးက အကြောဆွဲနေတယ်
၁၀နှစ်သာ ရှိတယ် English Sentence တွေတောင်မဖတ်နိုင်သေးလို့
ဆရာမတယောက်ကကျွန်မဆီတက်ပါလို့ညွှန်လိုက်တယ်ဆိုလို့လာတက်တယ်

သူ့ကိုမြင်ရတာ မျက်လုံးက အကြောဆွဲနေတော့စိတ်မကောင်းဘူး

သားရေ ph ကိုအချိန်အကြာကြီးထပ်မသုံးနဲ့တော့လို့ချော့ပြီးပြောကြည့်တယ်

သို့သော်ဆက်သုံးနေပုံပါပဲ
မျက်လုံးက အကြောလိုက်နေပြီ
သူ့အိမ်ကိုက ပေးသုံးနေသေးတော့
တခြားသူစကားအရာမဝင်ပါဘူး

---------

နောက်တယောက်
သူလည်း ၁၀ နှစ်ကျော်ပြီ
မျက်လုံးက မျက်ရည်ခမ်းလို့တဲ့
ဆရာဝန်ဆီသွားပြနေရတယ်

အသက် ၃ နှစ်ကတည်း ph သုံးလာတာတဲ့လေ....

အသက် ၁၀ နှစ်မှာ မျက်စိမှာရှိသင့်တဲ့စိုစွတ်မှုမရှိတော့လို့ မျက်ရည်အတု ခတ်ပေးနေရသတဲ့

-------

နောက်ကလေးတယောက်

အသက်က ၇ နှစ်

စာသင်ရင်ဘာမှစိတ်မဝင်စား
အသက် ၆ နှစ်ကတည်းက မျက်မှန်တပ်နေရတယ်
Ph ကိုအားတာနဲ့ပေးပြီး Game ဆော့တာခွင့်ပြုထားဆဲ

နောက်ပိုင်းအကဲခတ်နေတာ

စာလိုက်မကြည့်ရုံတင်မက
ဒီဖက်ကိုလာပါ
ဒီနေရာက်ုမနင်းနဲ့ ရေတွေရှိလို့ချော်မယ်​ပြောတော့
မျက်လုံးကငေးကြောင်စိုက်ကြည့်လို့
မနင်းနဲ့ပြောတဲ့ နေရာကိုတည့်တည့်နင်းလို့
အသိစိတ်မကပ်သလို
မှ်ုင်းမိနေသလိုလို

သားရေ ph သိပ်မသုံးနဲ့နော်လို့ပြောလည်း အရာမရောက်ပါဘူး

------

တချို့မိဘတွေကျတော့ သားသမီးကိုအရမ်းဂရုစိုက်တယ်
နည်းမှန် လမ်းမှန်ထိမ်းသိမ်းတယ်
Screen Time ကန့်သတ်တယ်
စည်းကမ်းတွေထားတယ်
သူတို့ ကလေးတွေဟာ အာရုံစူးစိုက်မှုအားကောင်းတယ်
စာသင်ရင်နားလည်လွယ်တယ်
တော်တယ်
သွက်တယ်

နည်းလမ်းမှန်မှန် စနစ်တကျပျိုးထောင်ထားတဲ့ ကျောင်းသားများနဲ့ Phတို့ tablet တို့နဲ့လွှတ်ထားတဲ့ ကျောင်းသားတွေရဲ့ အရည်အချင်းဟာ အရမ်းကွာဟနေတာကိုတွေ့ရှိရတယ်

သားသမီးဆိုတာ မိဘထားသလိုနေရရှာတာပါ
ကိုယ့်သားသမီးကို ချစ်နည်းမှန်ကန်ဖို့လိုအပ်ပါတယ်

 #လေယာဉ်စီးပီးတော့ ရောက်လာတယ့်  #ယားနာဆေးလေးတွေ ရောက်ပါပီရှင် တခြားဆေးသာ ပျက်ရင် ပျက်မယ် ယားနာဆေးတွေကိုတော့ မပျက်အောင် မ...
15/10/2025

#လေယာဉ်စီးပီးတော့ ရောက်လာတယ့် #ယားနာဆေးလေးတွေ ရောက်ပါပီရှင် တခြားဆေးသာ ပျက်ရင် ပျက်မယ် ယားနာဆေးတွေကိုတော့ မပျက်အောင် မှာထားပေးပါတယ်ရှင်။

ကားနဲ့တင်ရင် လချီကြာမှာမို့လို့ flight ✈️ နဲ့တင်လိုက်တာ။ #ဈေးလေးကတော့ အရင်‌ေစျးဘဲ မတက်ထားပါဘူးနော်

ကျန်းမာရေး အသိအမှားတွေပြင်ကြမယ် ( ၇ ) ပုံထဲက ခလေးလေး ဘယ်လောက်ထိ နာကျင်နေမလဲတွေးကြည့်လိုက်ပါ။ လွန်ခဲ့တဲ့ရက်က ကျနော့်ဆေးခန...
09/09/2025

ကျန်းမာရေး အသိအမှားတွေပြင်ကြမယ် ( ၇ )

ပုံထဲက ခလေးလေး ဘယ်လောက်ထိ နာကျင်နေမလဲတွေးကြည့်လိုက်ပါ။
လွန်ခဲ့တဲ့ရက်က ကျနော့်ဆေးခန်းကို ရေနွေးပူလောင်တဲ့ ၂ နှစ်အရွယ် ခလေးရောက်ချလာတယ်။
ခန္ဓာကိုယ်တခြမ်း လက် ခြေ တစ်ဖက်စီမှာ အပူလောင်ဒဏ်ရာနဲ့။
ကလေး အဖေရော အမေရော အလန့်တကြားနဲ့ ပြေးဝင်လာတယ်။
အရေးပေါ်လူနာဆိုတော့ ရှေ့ကလူနာတွေကို ခွင့်တောင်းပြီး အရင်ကြည့်ပေးလိုက်ရတယ်။
ခလေးကို ဘာတွေလိမ်းထားပေးသေးလဲ မေးကြည့်တယ်။
အရက်ဖြူ (ကချင်အရက်) လောင်းပြီး ဆေးထားပေးတယ်တဲ့။
ကြားကြားချင်း ကျနော့်စိတ်ထဲမှာတော့ ဒေါသက ထောင်းခနဲ။
ဒါပေမဲ့ ခုချိန်ပြောနေ ဆူနေလဲ အပိုပဲ။ ခလေးကို အရင်ကြည့်ပေးရမယ် ဆိုပြီး စိတ်လျှော့ထားလိုက်ရတယ်။
မေးကြည့်တော့ ခလေး အဖေနဲ့အမေက ပြောတယ်။ ရေနွေးပူလောင််တဲ့အချိန် ဘေးနားမှာ လူကြီးတွေ ရှိနေတော့ အဲ့လူကြီးတွေက အရက်ဖြူလောင်းရမယ်ဆိုပြီး လောင်းချပေးလိုက်တာတဲ့။
သူတို့နှစ်ယောက်လဲ ဘာမှမပြောလိုက်နိုင်ဘူးတဲ့။ ကောင်းတယ်ဆိုလို့ မငြင်းသာတဲ့သဘော။

မှတ်ထားရမှာက ⬇️

အရက်ဖြူက အပူလောင်ထားတဲ့ ဒဏ်ရာကို ပိုပြီးတောင် ဆိုးရွားစေပါတယ်။ အနာကို အရက်နဲ့ထိတဲ့အခါ ခလေးအတွက်ပိုပြီး နာကျင်စေတယ်။ ရေနွေးပူကြောင့်တမျိုး အရက်ကြောင့်တမျိုး ခလေးရဲ့တစ်သျှူးတွေကို ပိုမိုပျက်စီးစေပြီး အနာပိုရင်းစေတယ်။ အနာကျက်လဲ နှေးစေပါတယ်။ အမာရွတ်ကြီးစေနိုင်တယ်။ အခန့်မသင့်ရင် ပိုးတောင်ဝင်စေနိုင်ပါတယ်။

✅ဒါကြောင့် ဘာလုပ်သင့်လဲ ဆိုတော့ ( Do )
အပူရည်လောင်ထားတဲ့ အဝတ်အစားတွေကိုချွတ်ပစ်ရပါမယ်။
အပူလောင်တာ သိသိချင်း သာမန်ရိုးရိုးရေ (Running Water) နဲ့ အနာကိုဆေးချပေးရပါမယ်။ ( မိနစ် ၂၀ ခန့် )
ပြီးတာနဲ့ သန့်စင်တဲ့ အဝတ်နဲ့ အုပ်ရုံလေး အုပ်ပြီး နီးစပ်ရာဆေးခန်း၊ ဆေးရုံကို ပြေးရပါမယ်။

❌ဘာတွေမလုပ်သင့်ဘူးလဲ ဆိုတော့ ( Don’t )
- အရက်နဲ့ မဆေးရ (Alcohol)
- အရက်ပြန်နဲ့ မဆေးရ (Spirit)
- သွားတိုက်ဆေး မလိမ်းရ (Toothpaste)
- အရွက်တွေမအုံရ (Traditional Herb)
- အချိုမှုန့်နဲ့ မသိပ်ရ (MSG)
- ဆားနဲ့ မသိပ်ရ (Salt)
- နနွင်းနဲ့ မသိပ်ရ (Turmeric)
- မန်းဆေး မသိပ်ရ
- မဟုတ်ကဟုတ်က နည်းလမ်းအသစ်တွေနဲ့ မလိမ်းရ၊ မသိပ်ရ၊ မဆေးရ ဒါပဲ 😒


#ရေနွေးပူလောင်ခြင်း

မင်မင်တို့ ချယ်ရီဦး ကွန်ပျူတာမျက်စိစမ်းသပ်ခန်း မျက်မှန်ဆိုင် နှင့် ဆေးဆိုင်  မှာ    ကြိုက်နှစ်သက်ရာ   ဖြင့် ပေးချေ နိုင...
08/09/2025

မင်မင်တို့ ချယ်ရီဦး ကွန်ပျူတာမျက်စိစမ်းသပ်ခန်း မျက်မှန်ဆိုင် နှင့် ဆေးဆိုင် မှာ ကြိုက်နှစ်သက်ရာ ဖြင့် ပေးချေ နိုင်ပါပြီ။ #ငွေလွှဲ၊ #ငွေထုတ်များလဲ ရပါတယ်ရှင်။

#ချယ်ရီဦးမျက်မှန်ဆိုင်
#ချယ်ရီဦးဆေးဆိုင် #ကလေးမြို့







+

Hello JULY ⛈️☔💥🖤♥️💛🩵🤍💚
01/07/2025

Hello JULY ⛈️☔💥

🖤♥️💛
🩵🤍💚

 #မျက်ခွံကျခြင်း (Ptosis)အပေါ်မျက်ခွံ တဖက်(သို့)နှစ်ဖက်စလုံးသည် အောက်သို့လျောကျနေခြင်းကို မျက်ခွံကျခြင်း ( ) ဟုခေါ်ပါသည်...
20/06/2025

#မျက်ခွံကျခြင်း (Ptosis)

အပေါ်မျက်ခွံ တဖက်(သို့)နှစ်ဖက်စလုံးသည် အောက်သို့လျောကျနေခြင်းကို မျက်ခွံကျခြင်း ( ) ဟုခေါ်ပါသည်။

မျက်ခွံကျရသည့်အကြောင်းရင်းများ

✅ မွေးရာပါမျက်ခွံကျခြင်း
✅ မျက်ခွံကိုထောက်ပံ့ပေးထားသော အာရုံကြောများထိခိုက်ပျက်စီးခြင်း
✅ အသက်ကြီးသောအခါ ကြွက်သား၊ အရေပြားများ အားနည်းလာ၍ မျက်ခွံတွဲကျလာခြင်း တို့ဖြစ်ပါသည်။

▶️မျက်ခွံတွဲကျခြင်းသည် အမြင်အာရုံကိုထိခိုက်လာပါက ခွဲစိတ်ဖို့လိုအပ်ပါသည်။
▶️ခွဲစိတ်သည့်အခါ ထုံဆေးကိုအသုံးပြု၍ ခွဲစိတ်နိုင်ပါသည်။
▶️ခွဲစိတ်ပြီးသည့်အခါ သိသာထင်ရှားသော ပြောင်းလဲမှုကို တွေ့မြင်ရမည်ဖြစ်ပါသည်။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည်ဟု ဆိုသည့်အတိုင်း

လူကြီးမင်းတို့ရဲ့ အဖိုးထိုက်တန်လှသော အမြင်အာရုံနှင့် ပတ်သက်သော အ‌ကြောင်းအရာများကို သိရှိရန် page ကို Like and follow လုပ်ထားပေးပါရန်
#မျက်ခွံကျခြင်း #မျက်စိရောဂါ #မျက်စိကျန်းမာရေး

**Blue Block (Blue Light Filter) မှန်သုံးခြင်း၏ ကောင်းကျိုးများ**  Blue Block မှန်တွေဟာ လူကြီး၊ လူငယ်မရွေး အထူးသဖြင့် ကွ...
12/06/2025

**Blue Block (Blue Light Filter) မှန်သုံးခြင်း၏ ကောင်းကျိုးများ**

Blue Block မှန်တွေဟာ လူကြီး၊ လူငယ်မရွေး အထူးသဖြင့် ကွန်ပျူတာ၊ ဖုန်း နဲ့ ဒီဂျစ်တယ်စခရင်တွေကို အချိန်ကြာကြာသုံးရသူတွေအတွက် အကျိုးကျေးဇူးများစွာရှိပါတယ်။

# # # **Blue Block မှန်သုံးခြင်းရဲ့ အဓိကအကျိုးကျေးဇူးများ**

1. **မျက်စိညောင်းညာမှု သက်သာစေခြင်း**
- Blue Light (အပြာရောင်အလင်း) ဟာ မျက်လုံးကို ပင်ပန်းစေပြီး Digital Eye Strain (မျက်စိညောင်းညာမှု) ကိုဖြစ်စေနိုင်ပါတယ်။ Blue Block မှန်သုံးခြင်းဖြင့် မျက်စိညောင်းညာမှု၊ ခေါင်းကိုက်မှုတွေကို လျော့ကျစေနိုင်ပါတယ်။

2. **အိပ်စက်မှုအရည်အသွေး ကောင်းမွန်စေခြင်း**
- Blue Light ဟာ melatonin (အိပ်စက်မှုဟော်မုန်း) ထုတ်လုပ်မှုကို ဟန့်တားနိုင်ပြီး အိပ်မပျော်ခြင်း (insomnia) ကိုဖြစ်စေနိုင်ပါတယ်။ Blue Block မှန်သုံးခြင်းဖြင့် ညဘက်တွင် ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်။

3. **မျက်စိကျန်းမာရေး ကာကွယ်ပေးခြင်း**
- အချိန်ကြာကြာ Blue Light ထိတွေ့မှုဟာ မျက်စိအတွင်းတိမ် (Cataracts) နဲ့ Macular Degeneration (မျက်စိအမြင်အာရုံချို့ယွင်းမှု) တို့ကို ဖြစ်စေနိုင်ပါတယ်။ Blue Block မှန်သုံးခြင်းဖြင့် မျက်စိရဲ့ ရေရှည်ကျန်းမာရေးကို ကာကွယ်ပေးနိုင်ပါတယ်။

4. **အလုပ်လုပ်နိုင်စွမ်း ပိုမိုကောင်းမွန်စေခြင်း**
- Blue Light ကြောင့် မျက်စိညောင်းညာမှုနည်းပြီး အာရုံစူးစိုက်မှုပိုကောင်းစေကာ အလုပ်နဲ့ပညာရေးတို့တွင် ထိရောက်မှုရှိစေပါတယ်။

5. **အသားအရေကို ကာကွယ်ပေးခြင်း**
- Blue Light ဟာ အရေပြားကို ထိခိုက်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေနိုင်ပါတယ်။ Blue Block မှန်သုံးခြင်းဖြင့် အရေပြားကို ကာကွယ်ပေးနိုင်ပါတယ်။

# # # **ဘယ်သူတွေ Blue Block မှန်သုံးသင့်သလဲ?**
- ကွန်ပျူတာ၊ ဖုန်း၊ တက်ဘလက်အသုံးများသူများ
- ညဘက်အလုပ်လုပ်ရသူများ (Night Shift Workers)
- မျက်စိညောင်းညာလွယ်သူများ
- အိပ်စက်မှုပြဿနာရှိသူများ

**သုံးစွဲရန်အကြံပြုချက်**
- Blue Block မှန်ကို အလင်းရောင်ပြင်းထန်သော နေရာများ (သို့) ညဘက်အသုံးပြုတဲ့အခါ ပိုမိုထိရောက်စေပါတယ်။
- Anti-reflective Coating (AR) ပါသော Blue Block မှန်များကို ရွေးချယ်ပါ။

ဒီဂျစ်တယ်ခေတ်မှာ Blue Block မှန်သုံးခြင်းဟာ မျက်စိနဲ့ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ 😊


#ချယ်ရီဦးမျက်မှန်

လူကြီး လူငယ် ကြိုက်ကြတယ် ရှဲကိုင်း Quantity လဲကောင်းတယ် ဈေးလဲတန်တယ်လူကြီး လူငယ် တပ်ကြတယ်
09/06/2025

လူကြီး လူငယ် ကြိုက်ကြတယ် ရှဲကိုင်း
Quantity လဲကောင်းတယ် ဈေးလဲတန်တယ်
လူကြီး လူငယ် တပ်ကြတယ်

    အကြောင်းဒီတခါ ပြောပြပေးမှာကတော့ လူကြီးတွေကြားမှာ အပြောများ အဖြစ်များတဲ့ Floaters အကြောင်း ဖြစ်ပါတယ်....!☑️Floaters ဆ...
09/06/2025

အကြောင်း

ဒီတခါ ပြောပြပေးမှာကတော့ လူကြီးတွေကြားမှာ အပြောများ အဖြစ်များတဲ့ Floaters အကြောင်း ဖြစ်ပါတယ်....!

☑️Floaters ဆိုတာက မျက်လုံးထဲမှာ အနက်ပျောက် , အနက်မှုန် , ပင့်ကူမျှင် , ဆံချည်မျှင် , ရေစက် , အကောင်ပြေးနေသလို ပုံစံလေးတွေ မျက်လုံးထဲမှာ မြင်နေရခြင်း ဖြစ်ပါတယ်။🧖‍♀️🧖‍♀️

☑️ဘာကြောင့်ဖြစ်တာလဲဆိုတော့ မျက်လုံးအနောက်ခန်းမှာ ရှိတဲ့ Vitreous လို့ခေါ်တဲ့ Jelly တွေ အရည်ပျော်လာပြီး အမြင်လွှာနဲ့ကွာလာကာ လှုပ်ရှားလာတာ ဖြစ်ပါတယ်။ အဲ့တာကို PVD (posterior vitreous detachment) လို့ခေါ်ပါတယ်။

များသောအားဖြင့် လူကြီးတွေမှာ ဖြစ်တတ်ပါတယ်။
ဒါပေမယ့်...
➡️အဝေးမှုန်ပါဝါများတဲ့သူ🤓🤓
➡️အတွင်းတိမ်ခွဲစိတ်ထားတဲ့သူ
➡️မျက်လုံးထိခိုက်ဒဏ်ရာရထားတဲ့သူ
➡️မျက်လုံးအနောက်ခန်း ခွဲစိတ်ထားသူ
➡️မျက်လုံးအနောက်ခန်း လေဆာပစ်ထားသူ
မှာတော့ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်

☑️ဒါကြောင့် အဲ့လို အမှုန်တွေမြင်ရပြီးရင်တော့ မျက်လုံးလှုပ်လိုက်တိုင်း အမှုန်တွေ အမျှင်တွေလိုက်လှုပ်နေတတ်တာမျိုး မြင်နေရပါမယ်။

တခါတလေလည်း ပျောက်နေတတ်ပါတယ်။

တခါတလေလည်း အရင်ကထက် နည်းသွားတာ၊သေးသွားတာမျိုး ရှိတတ်ပါတယ်။

🚫ပျောက်အောင်ကုသလို့ မရသလို ၊
ပျောက်စေတဲ့ မျက်စဥ်း ၊ စားဆေးလည်း မရှိပါဘူး။

☑️ပုံမှန်အားဖြင့်တော့ စိတ်ပူစရာမရှိပါဘူး
ဒါပေမယ့် ကိုယ်တိုင်က ဂရုစိုက်တဲ့သူ စိတ်ပူတတ်သူ မျက်စိဆေးခန်းတွေနဲ့ လက်လှမ်းမှီတယ်ဆိုရင်တော့
စဖြစ်ပြီ ဆိုရင် မျက်စိဆေးခန်းတွေမှာ စမ်းသပ်စစ်ဆေးထားသင့်ပါတယ်။🤔🤔🤔

🚨🚨🚨သတိထားရမယ့်လက္ခဏာတွေကတော့

⛔ အမှုန်တွေ အမျှင်တန်းတွေ အရမ်းများလာခြင်း
⛔လျှပ်စီးကြောင်းလို အဖြူတန်းတွေမြင်လာခြင်း
⛔အမြင်အား တစ်ဖက်နဲ့ တစ်ဖက်မတူဘဲ အရမ်းကျသွားခြင်း၊ အရင်ကထက် သိသိသာသာ ပိုမှုန်လာခြင်း
⛔မြင်ကွင်းမှာ ကွယ်လာခြင်း
တစ်ခုခုဖြစ်လာရင်တော့ jelly အရည်ပျော်ရုံသာမကအမြင်လွှာပေါက်ခြင်း ၊ ကွာခြင်း အစရှိတဲ့ ပြသာနာများပါ တွဲလျက်ရှိနေနိုင်တာကြောင့် နီးစပ်ရာ မျက်စိဆေးရုံ ဆေးခန်းမှာ အမြန်ဆုံးသွားရောက် စစ်ဆေးကြည့်ဖို့ အကြံပြုအပ်ပါတယ်။
🚘🚘🚘

အားလုံး ကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ။

မျက်စိနဲ့ ပတ်သက်တဲ့ ဗဟုသုတ အချို့ကို မျှဝေပေးပါတယ်။

ဒီအချက်တွေက မျက်စိကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်

ကြည်လင်ပြတ်သားသော အမြင်ပိုင်ရှင်များဖြစ်စေဖို့ #မျက်စိနဲ့ပတ်သက်ပြီး မျှဝေပေးခဲ့ပါတယ်

🔔Pageမှာ တင်တဲ့ဗဟုသုတစာလေးတွေလက်မလွတ်စေဖို့ Like & Follow လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။

#မျက်စိကျန်းမာရေး
#မျက်စိစွန်ခြင်း #ချယ်ရီဦး #မျက်စိကျန်းမာရေး

Photo credit.

👓👓👓တီတီတို့ ကြိုက်တယ့် Titaniumကိုင်း လူအကြိုက်များတယ့် ကိုင်းလေး ဈေးလဲသင့်တယ် ကွာလတီလဲ ကောင်းတယ် ပေါ့ပါးတယ် ချွေးမစားဘူ...
31/05/2025

👓👓👓တီတီတို့ ကြိုက်တယ့် Titaniumကိုင်း လူအကြိုက်များတယ့် ကိုင်းလေး

ဈေးလဲသင့်တယ် ကွာလတီလဲ ကောင်းတယ် ပေါ့ပါးတယ် ချွေးမစားဘူး အာ့ကြောင့်လူကြိုက်များတယ်🥰

ပါဝါ အဝေးအနီးတွဲလေးကို ဖုန်းကြည့်ကာကွယ်တယ့်မှန်ပါဝါ( Blue block )လေးနဲ့ထည့်ပေးထားတယ်😍

အနီးကြည့်ကြည့် အဝေးကြည့်ကြည့် ဆင်‌ပြေစေရပါမယ်ရှင် လာခဲ့ကြပါအုံးရှင်🥰

ချယ်ရီဦး ကွန်ပျူတာမျက်စိစမ်းသပ်ခန်း မျက်မှန်ဆိုင် နှင့် ဆေးဆိုင်

ယားနာေပျာက်ဆေးတွေ အများကြီးရောက်ထားပါတယ်ရှင် ဆေးတွေ မပျက်ရအောင်လို့ အများကြီးမှာ ထားပါတယ်နော် လာရောက် ဝယ်ယူ အားပေးသူ အရေ...
29/05/2025

ယားနာေပျာက်ဆေးတွေ အများကြီးရောက်ထားပါတယ်ရှင် ဆေးတွေ မပျက်ရအောင်လို့ အများကြီးမှာ ထားပါတယ်နော်

လာရောက် ဝယ်ယူ အားပေးသူ အရောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင်🥰

လက်လီ လက်ကား ရနော်
#ယားနာပျောက်ဆေး
#တရုတ်ယားနာ‌လိမ်းဆေး

Address

Kalemyo

Telephone

+959450262049

Website

Alerts

Be the first to know and let us send you an email when ချယ်ရီဦး ကွန်ပျူတာမျက်စိစမ်းသပ်ခန်း မျက်မှန်ဆိုင် နှင့် ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram