24/05/2022
#မျောက်ကျောက်ရောဂါ (Monkeypox)
မျောက်ကျောက်ရောဂါက တိရစ္ဆာန်မှလူကိုကူးစက်သော ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပါတယ်။ ယခုအခါ မျောက်ကျောက်ရောဂါက လူအချင်းချင်း ကူးစက်သော ရောဂါအဖြစ် ဥရောပနိုင်ငံများတွင် ပျံ့နှံ့နေပြီဖြစ်ပါတယ်။
မျောက်ကျောက်ရောဂါက အာဖရိကတိုက်မှအစပြုပြီးပျံ့နှံ့လာပါတယ်။ ၂၀၂၂ မေလအစောပိုင်းမှာ ဗြိတိန်၊ စပိန် နှင့် ပေါ်တူဂီနိုင်ငံတွေကိုပျံ့နှံ့ခဲ့ပါတယ်။ ယခုအခါ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဘယ်ဂျီယံ နှင့် ဩစတြေးလျနိုင်ငံတွေမှာ မျောက်ကျောက်ရောဂါဖြစ်ပွားသူ တစ်ယောက်ထက်မနည်းရှိကြောင်း အတည်ပြုပြီးဖြစ်ပါတယ်။
ဘယ်လိုရောဂါလက္ခဏာတွေခံစားရလဲ?
👉 ခေါင်းကိုက်ခြင်း
👉 အရေပြားတွင် အကွက်များ၊ အရည်ကြည်ဖုများထွက်ခြင်း
👉 ဖျား၍ ချမ်းတုန်ခြင်း
👉 ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း
👉 အကျိတ်များထွက်ခြင်း
👉 မောပန်းနွမ်းနယ်ခြင်း
ရောဂါပိုးကူးစက်ခံရပြီး ၅ရက်မှ ၂၁ရက်အတွင်း ရောဂါလက္ခဏာများဖြစ်ပွားပါတယ်။
ရောဂါဖြစ်ပွားမှု
ရောဂါဖြစ်ပွားချိန်က ၂ပတ်မှ ၄ပတ်လောက်အထိကြာမြင့်ပြီး အလိုအလျောက်ပျောက်ကင်းနိုင်ပါတယ်။ ကိုယ်ခံအားကျနေသူများနှင့် ကလေးငယ်များမှာ ရောဂါဖြစ်ပွားမှုပြင်းထန်နိုင်ပါတယ်။ မျောက်ကျောက်ရောဂါကြောင့် သေဆုံးနှုန်းက ၃-၆ ရာခိုင်နှုန်း (ရောဂါဖြစ်ပွားသူ အယောက် ၁၀၀တွင် ၃ယောက်မှ ၆ယောက်ထိ) ရှိပါတယ်။
ဘယ်လိုကူးစက်တာလဲ?
🤝 ရောဂါကူးစက်ခံထားရသူနှင့် တိုက်ရိုက်ထိတွေ့ခြင်း
🤝 ချောင်းဆိုး၊ နှာချေတဲ့အခါထွက်လာတဲ့ သလိပ်နှင့် အမှုန်အမွားများမှ ကူးစက်ခြင်း
🤝 ရောဂါဖြစ်ပွားနေသူထံမှ သွေးနှင့် အရည်ကြည်ဖုပေါက်ရာမှထွက်လာသော သားငံရည်နှင့်ထိတွေ့ခြင်း
🤝 ရောဂါပိုးရှိသောအရာဝတ္ထုများနှင့် ထိတွေ့ခြင်း
မျောက်ကျောက်ရောဂါအတွက်ကာကွယ်ဆေးရှိပြီလား?
✋ အမေရိကန်နိုင်ငံ ဖလော်ရီဒါတက္ကသိုလ် ကူးစက်ရောဂါတိုက်ဖျက်ရေးစီမံချက်မှ တွဲဖက်ပါမောက္ခ ဒေါက်တာကာတစ်ချီရာဘတ်ဒီက ကျောက်ရောဂါကာကွယ်ဆေး (Smallpox vaccine)က မျောက်ကျောက်ရောဂါကို ရာခိုင်နှုန်းတစ်ခုအနေနှင့် ကာကွယ်မှုပေးနိုင်တယ်လို့ မှတ်ချက်ပြုထားပါတယ်။
✋မျောက်ကျောက်ရောဂါအတွက်အတည်ပြုထားတဲ့ ကာကွယ်ဆေး MVA- BN ကတော့ကျယ်ကျယ်ပြန့်ပြန့်မရရှိနိုင်သေးပါဘူး။
Source- Article written by Jeanna D. Smiley on May 20, 2022 MedicalNewsToday