24/08/2025
The Varicocoele surgery
Varicocoele ဆိုတာ အမျိုးသားရဲ့ ဝှေးစေ့က ပြန်လာတဲ့ သွေးပြန်ကြောတွေ ဖောင်းနေတဲ့ ရောဂါပေါ့။ လူနာကတော့ အူကျတယ် လို့ပဲ ထင်တတ်တယ်။ ဆရာဝန်က သေချာ စမ်းသပ်ကြည့်မှ Varicocoele ဆိုတာ သိနိုင်တယ်။ လူနာက ၃ နှစ်လောက် ကြာပြီ။ အောင့်တယ်။ တဖက်နိုင်ငံ ထိသွားပြဖူးပေမယ့် ခွဲမပေးခဲ့ဘူး။
Varicocoele နဲ့ ဆက်စပ်တတ်တာကတော့ သုက်ပိုးတွေ မျိုးအောင်နှုန်းကျဆင်းတတ်တာပဲ။ သွေးတွေ ဝှေးစေ့နား အောင်းနေတဲ့ အတွက် အပူချိန်များပြီး သုက်ပိုးတွေ ကောင်းစွာ မဖွံဖြိုးတာမျိုးရှိတတ်
တယ်။ သုတေသနတွေအရ မျိုးမအောင်တဲ့အမျိုးသား တွေရဲ့ 70% မှာ Varicocoele ရှိနေတတ်ပြီး Varicocoele ကို ခွဲစိတ်ကုသပြီး မကြာခင်မှာပဲ ကလေးရသွားလေ့ရှိပါတယ်။
Varicocoele လူနာ တယောက်ကို စိုက်ခင်း Medics အဖွဲ့ က ခွဲစိတ်ကုသပေးခဲ့ပါတယ်။ သွေးကြောလေးတွေကို တချောင်းချင်း စိတ်ရှည်လက်ရှည် မျက်စိ ရှင်ရှင်ထားပြီး ရှာဖွေ ချည်နှောင် ရတာကြောင့် Operation ၂ နာရီ ခွဲလောက်ကြာခဲ့ပေမယ့် ခွဲစိတ်ပြီး ၁ ပတ်အကြာမှာ သွေးကြောတွေ သိသိသာသာ ရှုံ့သွားတဲ့အပြင်
ခွဲစိတ်ထားတဲ့ အနာနေရာကလည်း Complication မရှိ ကောင်းကောင်းကျက်သွားခဲ့ပါတယ်။ ချည်ရတဲ့သွေးကြောတွေကို ချည်ပြီး ချန်ထားရမယ့်သွေးကြောကို သေသေချာချာ ချန်ထားပေးခဲ့တဲ့အတွက် ကပ္ပာယ်အိတ်အတွင်း သွေးစီးဆင်းမှူကလည်း ကောင်းနေပြီး လူနာက သူ့ရဲ့ Varicocoele စဖြစ်ကာစ နောက်တဖက်ပါ ခွဲစိတ်ချင်နေတဲ့အတွက် နောက်တလ မှ ခွဲဖို့ အခု ခွဲထားတာကို စောင့်ကြည့်ဖို့လိုသေးကြောင်း ပြောပြထားရတယ်။
စိုက်ခင်း Medics တွေသည် တော်လှန်ရေးရဲဘော်များနဲ့ ဒေသခံ တိုင်းရင်းသား
ပြည်သူများအတွက် မိမိတို့ တတ်ကျွမ်းသမျှ ဆေးပညာဖြင့် တော်လှန်ရေးစတင်သည်မှ ယနေ့အထိ နေ့စဉ်အလုပ်အကြွေးပြုလျက်ရှိကြောင်း။