
23/10/2022
⚠️⚠️⚠️သတိထားကြပါ။⚠️⚠️⚠️
သည်ရက်ပိုင်းအတွင်း ရာသီတုပ်ကွေး, သွေးလွန်တုပ်ကွေး ရောဂါ တွေ အပြင် အတွေ့ရများလာတဲ့ Scrub typhus ရောဂါ
ကျွန်မတို့ နယ်လေး မှာ .....စစ်ရှောင် လူဦးရေ များပြား လာတာ နဲ့ အမျှ ....တောထဲ တောင်ထဲ ဘေးကင်းရာ ရွေ့ပြောင်းနေထိုင် လာကြရပါတယ်....အဲ့ဒီမှာ ခြုံနွယ်ပိတ်ပေါင်း တွေ ကြား နေရင်း နဲ့ ခု ပြောပြတဲ့ scrub typhus တွေ အတွေ့ရ များ လာပါတယ်....
မြို့ပေါ် ဆေးကုဖို့ လာဖို့က အခက်အခဲ အများကြီး ကျော်ဖြတ် ရမှာမို့ ပေနေရင်း....ဘယ်လိုမှ မသက်သာ မှ ရက်တော်တော်ကြာ ခံစား ကြရပြီးမှ ရောက်လာကြတာတွေ များပါတယ် 😥😥
မနှစ်ကလည်း တခါ ရေးပြခဲ့ ဖူးပါတယ်....ခု ရက်ပိုင်းက scrub typhus case တွေကို နေ့စဉ် လိုလို တွေ့နေရတာ မို့ပါ
Scrub typhus ဘာကြောင့်ဖြစ်သလဲ?
-----------------------------------
Orentia Tsutsugamushi လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါပါ.....🦗🪰🐜🐞
အဲ့ဒီဘက်တီးရီးယားတွေဟာ အပင်တွေ ( ခြုံပင် ၊ မြက်ပင် စသဖြင့် ) ၊ တိရိစ္ဆာန်တွေ( ဥပမာ- ခွေး ၊ ကြောင် ၊ ကြွက် စသဖြင့် ) မှာ တွယ်ကပ်နေတဲ့ အင်္ဂလိပ်ဝေါဟာရ Mites လို့ခေါ်တဲ့ မွှား ၊ သန်း ၊ လှေး ၊ ကမြင်းနီ စတဲ့ ပိုးမွှားတွေမှာ တွေ့ရပါတယ်
အဲ့ဒီပိုးမွှား ( Mites ) တွေ လူကိုကိုက်တဲ့အခါ ကိုက်တဲ့နေရာကတဆင့် ဘက်တီးရီးယားတွေပါတဲ့ ပိုးမွှားရဲ့သားလောင်း ( Chigger ) တွေ လူ့ကိုယ်ခန္ဓာထဲဝင်ရောက်ပြီး ရောဂါရစေပါတယ်.......
ကမျဉ်းနီ ကိုက်တိုင်းတော့ မဖြစ်ပါ ဘူးနော် ... ဒီ ဘက်တီးရီးယား ပိုး သယ်ဆောင်လာတဲ့ ကမျဉ်းနီ အကိုက်ခံရမှာ သာ scrub typhus ဖြစ်တာပါ ....( နားလည်အောင် ပြောရရင် .... ခြင်ကိုက်တိုင်း ငှက်ဖျား မဖြစ်သလို ပါပဲ)
ရောဂါလက္ခဏာတွေက ဘယ် လို မျိုး လဲ ???
-----------------------------------------
ဖျားရက်ကြာမယ် ၊ ကိုယ်အပူချိန်ကြီးမယ်🤒
ခေါင်းကိုက်မယ် ဗိုက်နာမယ် ပျို့အန်မယ်🤮
ချောင်းဆိုးပြီး အသက်ရှူခက်မယ်
ခန္ဓာကိုယ်တစ်ခုလုံးနာကျဉ်ကိုက်ခဲနေမယ်
တခါတရံ မျက်စိတွေရဲနေမယ်
ခန္ဓာကိုယ်မှာ Rash လို့ခေါ်တဲ့ အနီဖုအနီပြင်တွေ ထွက်တတ်တယ် 🤢
ဆရာဝန်တွေအတွက် Typhus လို့ အတိအကျပြောနိုင်တဲ့ အဓိကလက္ခဏာက ပိုးမွှားကိုက်တဲ့နေရာမှာတွေ့ရတဲ့ အမဲရောင်အကွက်လေးပါ ။ Eschar လို့ခေါ်ပါတယ်
( အဲဒီ Eschar ကိုတွေ့ရင် Typhus သေချာပြီမို့ သူနဲ့ဆိုင်တဲ့ဆေးပေးရင် သေချာပေါက်ပျောက်ပါပြီ )
ပိုးမွှားကိုက်တဲ့အနားမှာရှိတဲ့ ပြန်ရည်အကျိတ် ( Lymph nodes ) တွေ ရောင်တတ်တာကိုလည်း တွေ့ရပါတယ်
ရောဂါအရမ်းဆိုးရွားလာရင် ဦးနှောက်ရောင်တာ ( encephalitis ) ၊ အဆုတ်ရောင်တာ ( pneumonia ) တွေဖြစ်ပြီး အသက်ဆုံးရှုံးတတ်လို့ ရောဂါဖြစ်လာရင် မပေါ့ဆစေလိုပါ .....⚠️
ခန္ဓာကိုယ်ဘယ်နေရာတွေမှာ Eschar ကို အတွေ့များလဲ
--------//-------------------------
ခန္ဓာကိုယ်အတွင်းပိုင်းမှာ ( ဥပမာ ရင်ဘတ် ဘရာစီယာအောက် ပေါင်ခြံတွေ ဂျိုင်းကြားနေရာတွေ ဗိုက်တွေမှာ ) အတွေ့ရများပါတယ်
ဒါကြောင့် အဖျားကြာရှည်ပြီး ဘာဆေးနဲ့မှမပျောက်တဲ့ အဖျားရောဂါတွေ့ပြီဆိုရင် Typhus များဖြစ်နေမလားလို့ ( လူနာကိုခွင့်တောင်းပြီး ) လူနာရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို လှန်လောပြီး Eschar ရှိမရှိ ရှာရပါတယ်
ကလေးတွေ ဆို ရင် လည်း သိပ်မပြောပြတတ်တော့ မိဘတွေကို အရင် မေးမြန်းရပါတယ်
ကလေး ရေချိုးပေးရင် သို့မဟုတ် အင်္ကျီ လဲပေးတဲ့ အခါ ကမျဉ်းနီ ကိုက်ထားတဲ့ ဒဏ်ရာ တွေ့မတွေ့ မေးမြန်းရပါတယ်
ဘယ်လိုကာကွယ်ကြမလဲ
------------------//----
၁ ။ Typhus ရောဂါ ဖြစ်ပွားနေတဲ့နေရာတွေကို မသွားပါနဲ့
၂ ။ ခြုံပင် ၊ မြက်ပင် ၊ သစ်ပင်တွေနဲ့ ထိတွေ့ရမယ်ဆိုရင် အဝတ်အစားကို လုံခြုံအောင်ဝတ်ပါ
၃ ။ အဝတ်အစားတွေကို ခြုံပင် မြက်ပင်ပေါ်တွေ မလှန်းပါနဲ့
အဝတ်တန်းတွေကို အပင်တွေနဲ့ဝေးဝေးမှာ ပြုလုပ်ပါ
၄ ။ အိမ်ခန်းတွေကို သန့်ရှင်းအောင်ထားပါ ( ပစ္စည်းတွေ ရှုပ်ပွအောင်မထားနဲ့ ၊ ကြွက်တွေမရှိစေနဲ့ )
ပိုးမွှားသေစေနိုင်တဲ့ Spray တွေ ဖြန်းပါ
၅ ။ အိမ်မွေးတိရိ စ္ဆာန်တွေကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးပါ
၆ ။ တကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ပါ
၇ ။ Typhus ရောဂါလက္ခဏာတွေတွေ့ရင် နီးစပ်ရာဆေးရုံ/ဆေးခန်းဆရာဝန်နှင့်ပြပါ
⚠️အထူးသဖြင့် ( အထူးသဖြင့်) မလွှဲမရှောင်သာ တောထဲ နေရပြီး ... ကြုံရာ မြက်ခင်း, ချုံပုတ်တွေမှာ နေရ, စားရ, အိပ်ရသော သူများ အထူးသတိထားစေလိုပါတယ် ⚠️
Non Medical person များအတွက် ဗဟုသုတ ရစေရန် အလို့ငှာ တွေ့ရတဲ့ Eschar ပုံ အနည်းငယ် တင်ပေးထားတယ် နော် .....
အဖျား ရက်ကြာ လာရင် .... Scrub typhus ကို မမေ့ကြဖို့ သတိပေး လိုက်ရပါတယ်နော်......