အရှင် ဝိစာရိန္ဒမထေရ်

အရှင် ဝိစာရိန္ဒမထေရ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အရှင် ဝိစာရိန္ဒမထေရ်, Meditation Center, Kyaikto.

သူများအကောင့်နဲ့pageဖွင့်ထားတာပြန်ဖြုတ်ပေးပါ
28/11/2024

သူများအကောင့်နဲ့pageဖွင့်ထားတာပြန်ဖြုတ်ပေးပါ

ကဆုန်လပြည့်ကျော် နေ့နံဘုရား ၁၂ ဆူ ပူဇော်နိုင်ကြပါစေ၇ ရက်သားသမီး အစီအရင်ဖြင့် ရှားပြားသော သစ်ကောင်းသစ်မြတ် များဖြင့် ထုလု...
25/05/2024

ကဆုန်လပြည့်ကျော် နေ့နံဘုရား ၁၂ ဆူ ပူဇော်နိုင်ကြပါစေ

၇ ရက်သားသမီး အစီအရင်ဖြင့် ရှားပြားသော သစ်ကောင်းသစ်မြတ် များဖြင့် ထုလုပ်ထားသော ဆင်းတုတော် ၁၂ ဆူပါ - မိမိ အိမ်တွင် နေထိုင်သော မိသားစုဝင် ၇ ရက်သားသမီးများအတွက် လောကီ ချမ်းသာ စီးပွါးရေးကြီးပွါးရေး နှင့် ဘေးရန် မာန်ဆွယ် အန္တရာယ် ကင်းစေဖို့ရန် အထူး စီရင်ထားသည်။

၂၀၂၄ အတွင်း ရွှေတိဂုံ တရားထိုင် ဓမ္မစက်ဝန်း အဖွဲ့အစည်း ပြန်လည် စတင်နိုင်ရန် အတွက် ရံပုံငွေ ရှာဖွေ ရေးဖြစ်သည့် အားလျှော်စွာ ထိုက်တန်သော ဘုန်းရှင်ကံရှင် ပါရမီရှင်တို့သည် သင့်လျှော်သောစျေး (၅ သိန်း) ဖြင့် လွန်စွာ သပ္ပာယ်သော ရွှေဆင်းတုတော် ၁၂ ဆူအား ပူဇော်နိုင်ပေမည် ။ 🙏🙏🙏🙏

သစ်ကောင်း သစ်မြတ် များဖြစ်ကြသည့် -

ကျွန်းသား ၊ ဇီးသား ၊ တောင်နံကြီး ၊ အင်းသား ၊ ပိတောက်သား ၊ ရင်းတိုက် ၊ စိန်ပန်းသား များဖြစ်ပြီး ၇ ရက်သားသမီး များအတွက် အစီအရင်ထူးများပါသည့် အတွက်ကြောင့် ထိုထို ဘုရား ဆင်းတုတော် ၁၂ ဆူတို့သည် လည်း ထိုက်သည့် ကျောင်းတော်ရာသို့ ကြွမြန်းတော်မှုပါဘုရား - ပူဇော်လိုသူများ Messenger မှာ ဆက်သွယ်နိုင်ပါတယ် ။

🙏🧘🏻‍♂️🧘🏻‍♀️🤍🇲🇲🌏🪷

21/05/2024
“သာသနာ့ တာဝန် လူမှန် နေရာမှန် တာဝန်မှန်ရလေအောင်”💛 အဝါ ဝတ် 💛🤎 အညို ဝတ် 🤎🤍 အဖြူ ဝတ် 🤍သိကြားမင်း နှင့် သာသနာစောင့်နတ်မင်းမျ...
26/04/2024

“သာသနာ့ တာဝန် လူမှန် နေရာမှန် တာဝန်မှန်ရလေအောင်”

💛 အဝါ ဝတ် 💛
🤎 အညို ဝတ် 🤎
🤍 အဖြူ ဝတ် 🤍

သိကြားမင်း နှင့် သာသနာစောင့်နတ်မင်းများ တာဝန်လွှဲ နေရာ လွှဲပြောင်းပေးတော့သည် - ကျင့်ဝတ်ဆိုသလို အကျင့်နှင့် အဝတ်ညီစွာ သာသနာအထူး ပြုနိုင်ကြပါစေ

မနက်ဖြန် အပူလှိုင်းတွေ ဖြတ်မည် …

အားလုံး အဆင်ပြေပါတော့မည် - သာသနာပြုမင်းများ နှင့် ဗုဒ္ဓရာဇာမင်း အဖွဲ့ တွေ - ရဟန်းဝတ် အရှင်သူမြတ်များ ၊ လူဝတ် သူတော်စင် ဘုန်းရှင်ကံရှင် အနာဂါတ် ပြည်တော်သာ အရေးအတွက် နယ်ပယ် အသီးသီးမှာ အသိပညာရှင်များ အတတ်ပညာရှင်များ ထွန်းပေါ်လာပါတော့မည်တကား 🙏🧘‍♂️🧘‍♀️🤍🇲🇲🌏🪷

မိမိ၏ အဝေးအနီး ဒါယိကာ ဒါယိကာမများ အစဉ်ချမ်းသာရေးကို တွေးမျှော်ပြီး Cancer ရောဂါသည် ဒါယိကာ တစ်ဦးကို မေတ္တာပို့သစဉ် 🙏🙏🙏🤍🪷အ...
26/04/2024

မိမိ၏ အဝေးအနီး ဒါယိကာ ဒါယိကာမများ အစဉ်ချမ်းသာရေးကို တွေးမျှော်ပြီး Cancer ရောဂါသည် ဒါယိကာ တစ်ဦးကို မေတ္တာပို့သစဉ် 🙏🙏🙏🤍🪷

အားလုံးအထင် မစောကြပါနဲ့ … ကောင်းတာလဲ ရှိသလို မကောင်းတာတွေကိုလဲ အကောင်းဆုံး ကျော်ဖြတ် ဖြေရှင်းနိုင်ဖို့ က အဓိကကျပါတယ် ။ ဘုန်းကြီး လောကဒါဏ် ကိစ္စတွေ ရှင်းလင်းနေရပါသေးတယ် -

မရှုပ်ခင် ကတည်းက ရှင်းထုတ်ရတဲ့အခါ

မရှင်းခင် ကတည်းကလဲ ရှုပ်တတ်ပါတယ်

Online ပေါ်မှာ အရှင် ဝိစာရိန္ဒ မထေရ် ကို Popular ဘုန်းဘုန်းဆိုပြီး နှစ်ဘက် စလုံးက သိကြ ကြည်ညို အားကိုးလေးစားကြပါရဲ့ - အဲ့ဒီ အသိများပေမဲ့ အပြင်မှာ ဖူးတွေ့ ဘူးသူတွေက နည်းပါလိမ့်မည်။

Online ပေါ်မှာ ၂ နှစ် ၃ နှစ်လောက် သိကြပေမဲ့ အပြင်ပိုင်းမှာ မဖူးကြရသေးသူတွေ ဖူးချင်ပေမဲ့ အခါအခွင့် မရသေးသူတွေ များပြားလှပါသေးတယ် ။

အဲ့ဒီ အထဲမှာ အခု ဒါယိကာကြီးဟာ သီလ ၊ သမာဓိ၊ ပညာ ကုသိုလ်တရားတွေနဲ့ ပြည့်စုံပြီး ဘုရား တရား အလွန် ကိုင်းရှိုင်းပါတယ်လေ… သို့သော် အတိတ်ဘဝ၏ ဝဋ်ကြွေးက အကြောင်းဖန်လာတော့ ခန္ဓာ့ဝန် ဝဋ်ဆင်းရဲတွေ ဖိစီးလာတော့ မကြာသေးခင်ကပဲ လယ်မြို Cancer ဆိုပြီး ရောဂါ အသိ နောက်ကျလို့ အတော်လေး ဆေးကုသခဲ့ရတယ်။

အဲ့တာနဲ့ ဒါယိကာကြီးက ကျန်းမာရေး သိသိသာသာ ကျပြီး နေမကောင်းဖြစ်လေတော့ သူ၏ ဇနီးသယ်ကို သတိတရနဲ့ Online က ငါကြည်ညိုလေးစားရတဲ့ ဝိဇ္ဇာ ဘုန်းဘုန်း အရှင် ဝိစာရိန္ဒ မထေရ်ကို ပင့်ဆောင်ပြီး သင်္ကန်းလေး ကပ်ပေးပါလို့ ဆိုတဲ့ အခါ Messager ကနေ လာရောက် လျောက်ထားကြတယ်…

ဘုန်းကြီးလဲ အဲ့တုန်းက ပြည်ကိုကြွ ဧရာဝတီကို ကြွနေတာနဲ့ မအားသေးလို့ မကြွဖြစ်သေးနိုင်ဘူး - သို့သော် အဲ့ဒီ ဒါယိကာကြီးက ဆေးရုံကနေ ဘုန်းကြီးကို အမြဲ အာရုံ ညွန့်တယ် ဘုန်းကြီးလဲ အဝေးကနေ မေတ္တာ ပို့ပေးနေပါတော့သည်။

သိပ်မကြာပါဘူး ရန်ကုန်ရောက်တော့ ချက်ချင်းပဲ Cancer ရောဂါသည် ဒါယိကာကြီးထံကို ဆိုက်ဆိုက် မြိုက်မြိုက်ကြွကာ မေတ္တာပို့သပေးတယ်။

သူတို့လဲ ဘုန်းဘုန်း ဘုရား ချက်ချင်း ရုပ်တရက် ကြွလာမည် လို့ မထင်ကြတဲ့ အတွက် အထူး ဝမ်းသာ ကြည်နူး ပျှော်ရွှင်ကြပါရဲ့ -

ရောက်ရောက်ချင်း အားပေးစကား ပြောကာ ရတနာ ၃ ပါးအား အာရုံပြုရွေ့ ရေတစ်ခွက် ကပ်လှူခိုင်းပါတယ်။ ခန္ဓာကိုယ်တစ်ခု လုံး ဖြန့်ကျက်ပြီး မေတ္တာပို့ကြည့်တော့ မူမမြန်တဲ့ Cancer Cells တွေ ပျံ့ နှံ့နေတယ် … အနောက်တိုင်း ဆေးပညာတွေနဲ့ ရောဂါကို သောက်ဆေး ဓါတ်ကင် တာတွေနဲ့ ထိန်းထားပေမဲ့ ရောဂါတွေက အကင်းမသေသေးပဲ ဖြစ်နေသေးတယ်။

အဲ့တာနဲ့ Cancer ရောဂါသည် သောက်မည့် ဆေး ၊ စားမည့် အစာ အာဟာရတွေကို မေတ္တာပို့ပြီး ဘုရားစင်ပေါ် တင်ခိုင်းခဲ့ကာ ရေမြန်းများ သောက်ရည် သုံးရည် အဖြစ် ပေးခဲ့တယ်။

နောက်ဆုံး အလွန်အစွမ်းထက်သော ဘုရားဆေး တရားဆေး သံဃာဆေးဖြစ်သော Cancer ရောဂါ ဝေဒနာပေါ်သည့် နေရာကို သတိ- အသိထားပြီး တရားဆိုက်ရှု့ဖို့ကိုပဲ အသေချာ ရှင်းပြခဲ့တယ်။

ဝဋ်ကြွေးရှိလို့ ရောဂါခံစားရပေမဲ့ သက်တမ်းစေ့ နေထိုင်ပြီး ကျန်ရှိနေသေးတဲ့ ဘဝ အခိုက် မိမိ နေအိမ်၌ နေစဉ် သတိပဌာန်တရား ဝိပဿနာတရားတွေကို နေ့ည မပျက် ပွါးပြားနေလျှင် ဒီဘဝ မဂ် ဉာဏ် ဖိုလ်ဉာဏ်များ ဆိုက်ရောက်ခဲ့လျှင် ရောဂါသည်ဘဝ ဖြစ်ခဲ့ရပေမဲ့ အသေမဦးခင် ဉာဏ်ဦးခဲ့ရင် သာသနာတော်နှင့် ကြုံစုံတုန်း အရတော်ပေစွ။ 🙏🧘‍♂️🧘‍♀️🤍🇲🇲🌏🪷

နဂါးမင်းတစ်ပါး ငရဲမီးလောင် လို့ နဂါးတွေငိုနေကြသည် ဒါကြောင့် မြတ်ဘုရားက နဂါးပြည် နတ်ပြည်မှာ သာသနာ မအပ်ပဲ ရဟန်းပြုဖို့ရန် ...
26/04/2024

နဂါးမင်းတစ်ပါး ငရဲမီးလောင် လို့ နဂါးတွေငိုနေကြသည်

ဒါကြောင့် မြတ်ဘုရားက နဂါးပြည် နတ်ပြည်မှာ သာသနာ မအပ်ပဲ ရဟန်းပြုဖို့ရန် လူသား စင်စစ်ကို သာခွင့်ပြုပေးခဲ့တယ် -

အသင် နတ်မင်း နဂါးမင်းတွေကိုသာ ရဟန်းဝတ်ခွင့်ပြုရင် သာသနာတော်ဟာ ခန ခေတ္တချက်ချင်း ပျောက်ကွယ်မှာ ဆိုးလို့ ဆိုတဲ့ ရှင်တော် ဂေါတမ မြတ်စွာဘုရား၏ မေတ္တာ ဂရုဏာတရား အဆုံးအမကို အဲ့တုန်းက တရားဟောစဉ် နားမလည်ခဲ့ပါဘူး ဒါပေမဲ့ အခုအခါ ကိုယ်တွေ့ဉာဏ်မြင်ပြီး ဘုရား တပြည့်တော် လက်ခံ နားလည်ပါပြီ ဘုရား ။ နောင်ပွင့်တော့မည့် အရိမေတ္တယျ ဘုရားရှင်လက်ထက်မှာလဲ ရဟန်းဝတ် သင်္ကန်း ဝတ်ခွင့် ထက်ရွေ့ရပါစေသား …

❤️‍🔥🔥🐍🐍🐍🐉🐉🐉🐉🐉🐉❤️‍🔥🔥

🙏 ဆုတောင်း အမှားတစ်ခု 🙏တရားတစ်ပုဒ် တစ်ဘဝရင်းရွေ့ အဖြေရှာခဲ့လေတော့သည် ဘယ်လို ပုံစံမျိုးနဲ့ နိဗ္ဗာန်ဆိုက်ရောက်မည်ဆိုတာ - ဘ...
26/04/2024

🙏 ဆုတောင်း အမှားတစ်ခု 🙏

တရားတစ်ပုဒ် တစ်ဘဝရင်းရွေ့ အဖြေရှာခဲ့လေတော့သည်

ဘယ်လို ပုံစံမျိုးနဲ့ နိဗ္ဗာန်ဆိုက်ရောက်မည်ဆိုတာ -

ဘုရားအဖြစ်နဲ့လား ၊ ရဟန်းဝတ်နဲ့ လား ၊ လူဝတ်နဲ့လား ၊ နတ် ဗြဟ္မာ နဂါး ဘီလူး တစ်ခြား ဘုံဘဝကလားဆိုတာ ရွေးချယ်မှုတွေပါပဲ ။ ရဟန်းဝတ်အဖြစ်နဲ့ နိဗ္ဗာန်ဝင်ချင်ရင်တောင် - ရဟန်းတစ်ပါးနှင့် တစ်ပါး ဧတဒင်္ဂ လက်ဝဲ လက်ယာတွေ မတူညီနိုင်သေးတဲ့ အတွက်ဆုတောင်းမမှားဖို့ အရေးကြီးပါတယ်။

“အရှင်ဘုရား ဟောကြားသော တရားတော်များ အားလုံးကို ကိုယ်တိုင် တွေ့ကြုံ ခံစား ပြီးမှ နိဗ္ဗာန်ဆိုက်ရောက်ပါစေသား ဟု ဆိုရင်… “ ရဟန်းတွေ အမှားပြုလို့ ငရဲကျ တာက အစ အဲ့ဒီ တရားလေးကို တစ်ကယ်ပဲ ကိုယ်တိုင် ကိုယ်တွေ့ ကြုံပြီး အတွေ့အကြုံရကာ ဉာဏ်ဖြစ်တည်မှုဟာ စာတွေ့ သာမာန်ထက် ပိုပါတယ်။

တရားကို သိတာခြင်း အတူတူ လူတစ်ယောက်နှင့် တစ်ယောက် ၊ ရဟန်းတော် တစ်ပါး နှင့် တစ်ပါး ထို တရားအပေါ် သိသော အတိမ်အနက် အဓိပ္ပာယ်တွေ ကွာခြားသွားနိုင်တာကြောင့် …

ဘုန်းကြီးတို့ တစ်ကယ်ပဲ မိမိ ဆုပန်ထားသည့် နောက်ဆုံးဘဝ မှာ ကျွတ်တန်းဝင်တဲ့ အခါကျရင် ဘုရားဟောကြားတဲ့ တရားတစ်ပုဒ် ၊ တစ်ဂါထာ တိုင်းကို တစ်ကယ်ပဲ နက်နက်နဲနဲ ဘဝတွေ ပေးဆပ်ပြီး တစ်ကယ် ကောင်းဆိုးတွေ တွေ့ ကြုံနားလည်ပြီး မှ နိဗ္ဗာန်ရောက်မည်ဆိုတာ သူများထက် တရားဉာဏ်ကြီးနိုင်ပေမဲ့ ဆုတောင်းမှားခဲ့လို့ပါလေ။

ဘယ်သူမှ ဘုန်းကြီးလို အဲ့ဒီ ဆုမျိုး မတောင်းမိစေနဲ့ -

“အရှင်ဘုရား ဟောကြားသော တရားတော်များ အားလုံးကို ကိုယ်တိုင် တွေ့ကြုံ ခံစား ပြီးမှ နိဗ္ဗာန်ဆိုက်ရောက်ပါစေသား ဟု ဆိုရင်… “

အဲ့လို ဆုတောင်းမှားခဲ့ရင် သံသရာရှည်ပြီး ဆင်းရဲ ဒုက္ခများကာ ပေးဆပ်ရ အားကြီးလွန်းလှ၏ ။

အကုသိုလ်လုပ်လို့ ငရဲကျတာကို တစ်ဘဝ ရင်းပြီး သိခဲ့တဲ့ အခိုက် သက်တော်ထင်ရှား ဘုရားရှင်ရှေ့ တရားနာတဲ့ အခါ အဲ့ဒီ တရားတွေကို သူများတွေထက် ဉာဏ်အလင်း ပွင့်စေတော့သည်။ ဘာကြောင့်လဲ ဘုရားဟောသမျှ တရားတွေ တစ်ပုဒ်တိုင်း ကို တစ်ဘဝ ပေးဆပ်ခါ နားလည်အောင် ငါ ကြိုးစားအားထုတ်ခဲ့ရတာ မောပန်း လွန်လှပါတယ်လေ 🙏🧘‍♀️🧘‍♂️🤍🇲🇲🌏🪷

🇲🇲 ဗုဒ္ဓရာဇာမင်းလောင်းကိုယ်တိုင် စစ်တိုက်ထွက်လိမ့်မည် 🇲🇲အင်း တတိယ ကမ္ဘာစစ်ကြီးမတိုင်ခင် - ဝါ 💛 စိမ်း 💚 နီ ❤️ ဇာတ်လမ်းကြီ...
21/04/2024

🇲🇲 ဗုဒ္ဓရာဇာမင်းလောင်းကိုယ်တိုင် စစ်တိုက်ထွက်လိမ့်မည် 🇲🇲

အင်း တတိယ ကမ္ဘာစစ်ကြီးမတိုင်ခင် - ဝါ 💛 စိမ်း 💚 နီ ❤️ ဇာတ်လမ်းကြီး ဇာတ် ဆရာအလို ကျ စတင်ခဲ့ပြီးရင် …

အဝါ ခေါင်းဆောင် ၊ အစိမ်း ခေါင်းဆောင် ၊ အနီ ခေါင်းဆောင်တွေ စုပေါင်း အင်အား စစ်အင်အားနဲ့ ပြည်ပ နိုင်ငံ အနောက်တိုင်း နှင့် တရုတ် ကျူးကျော် စစ်ကြီးကို တိုက်ဖို့ အချိန် ရောက်လို့လာပါပြီ။ တတိယ World War III ကမ္ဘာစစ်ကြီးဖြစ်ရင် - ဗုဒ္ဓရာဇာမင်း လောင်း နှင့် ဗုဒ္ဓရာဇာ အဖွဲ့ အနာဂါတ် မြန်မာနိုင်ငံ အသစ်ကြီး ကိုတည်ထောင်တဲ့ အခါ မြန်မာ နိုင်ငံ အလံ အသစ်ဖြစ်မည် ။

မည်သူသိမည်နည်း ??? ဗုဒ္ဓရာဇာမင်းလောင်းဟာ ရှင်တော် ဂေါတမ မြတ်စွာဘုရားရှင်လက်ထက်က ကျီးဖြူမင်းဖြစ်ပြီး ဗျာဒိတ်ရလို့ သာသနာ ၂၆၀၀ မှာ ကမ္ဘာကို သာသနာ ပြုခွင့်ရမည်…

ဗုဒ္ဓရာဇာမင်းလောင်းဟာ -

? ရှမ်းသွေးပါလား ?

? ကုန်းဘောင် မင်းဆက်လား ?

? ထွက်ရပ်ပေါက်က လာမှာလား ?

? အရိမေတ္တယျ နတ်သား နှင့် အတူရှိနေလား?

? သာသနာဘောင်ထဲ ခတ္တ ရဟန်း ဝတ်နေလား?

ဆိုတာကတော့ လောကီ ဝိဇ္ဇာများ လှည့်ကွက်များ ဝိဇ္ဇာလှည့် ပြီး အမှန်တရား လှိူ့ဝှက် ထားတာကို အချိန် တန်ရင် သိလာကြမှာပါလေ -

သေချာတာကတော့ သိပ်မကြာခင် ဗုဒ္ဓရာဇာမင်း ဝါ စိမ်း နီ တို့ကြားကနေ ပြည်ပ ကျူးကျော် စစ်ကြီးများဝယ် သူ့ကျွန် ဘဝ မရောက်ရလေအောင် မင်းလောင်း ကိုယ်တိုင် စစ်တိုက်ဖို့ ဦးဆောင်ထွက်လာပါ့မည်။

ဗုဒ္ဓရာဇာမင်းလောင်းကိုယ်တိုင် စစ်တိုက်ထွက်လိမ့်မည် 🇲🇲

ဗုဒ္ဓရာဇာမင်းလောင်းကိုယ်တိုင် စစ်တိုက်ထွက်လိမ့်မည် 🇲🇲

ဗုဒ္ဓရာဇာမင်းလောင်းကိုယ်တိုင် စစ်တိုက်ထွက်လိမ့်မည် 🇲🇲

Address

Kyaikto

Opening Hours

Monday 04:00 - 11:00
17:00 - 22:00
Tuesday 04:00 - 11:00
17:00 - 22:00
Wednesday 04:00 - 11:00
17:00 - 22:00
Thursday 04:00 - 11:00
17:00 - 22:00
Friday 04:00 - 11:00
17:00 - 22:00
Saturday 04:00 - 11:00
17:00 - 22:00
Sunday 04:00 - 11:00
17:00 - 22:00

Website

Alerts

Be the first to know and let us send you an email when အရှင် ဝိစာရိန္ဒမထေရ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram