Yar Pyae Traditional Medicine Clinic

Yar Pyae Traditional Medicine Clinic ရာပြည့်မြန်မာတိုင်းရင်းဆေးခန်း

26/12/2023
25/12/2023

သားသားက၃နှစ်ပဲရှိသေးတာ လူကြီးလေးအတိုင်းပဲ ကော်ဖီပဲသောက်တာ
ဟုတ်တယ်..အိမ်ကသမီးကလည်း ထမင်းကျွေးလို့မရဘူး မာလာရှမ်းကောမှမာလာရှမ်းကောပဲ

◾ကလေးသူငယ်များနှင့်အစားအစာ

ကလေးငယ်ငယ်လေးတွေ ကော်ဖီသောက်တယ်၊ အပူအစပ်အရသာပြင်းတဲ့ အစားတွေစားတယ်
တချို့ဆို Energy Drink နေ့တိုင်း မသောက်ရရင် အော်ဟစ်သောင်းကြမ်း ကြတယ်လေ
လမ်းမှာ အချိုရည်ဘူးကိုင်ပြီး လျှောက်သွားနေတဲ့ ကလေးလေး တွေလည်း မြင်ရတာ မဆန်းတော့ပါဘူး။

ကလေးလေးတွေ
- Coffee သောက်တတ်တာ
- Energy drink သောက်တတ်တာ
- အရသာပြင်းတဲ့ အစာတွေပဲ စားတော့ တာဟာ ဂုဏ်ယူစရာမဟုတ်ပါဘူး 😰😰😰

ကျွန်တော်တို့ရဲ့ လျှာမှာ အရသာကို သိရှိခံစားဖို့ Taste buds ခေါ်တဲ့ အရသာခံတဲ့အဖုလေးတွေရှိပါတယ်။
အဲ့ဒါလေးတွေကြောင့် ချို ချဉ် ငန် ဖန်/ခါး စပ် အစရှိတဲ့ အရသာတွေကို ခွဲခြားသိရှိခံစားလို့ရတာပါ။

ကလေးတွေ အချိုကြိုက်တယ်ဆိုတာ အချိုကိုသိရှိခံစားနိုင်တဲ့ Taste Buds လေးတွေ လူကြီးတွေထက် အများကြီးပါလို့ပါ။
အားလုံးသိကြတဲ့ အတိုင်း အချိုဓာတ်ဟာ လူကို
- စိတ်ချမ်းသာစေတယ်
- စိတ်ဖိစီးမှုလျှော့နည်းစေတယ်
- အာရုံစူးစိုက်မှု ပိုကောင်းစေတယ်လေ

အချိုဓာတ်လျော့နည်းနေရင် လူကနေမကောင်းဘူး၊ နုံးနေတယ်၊ စိတ်မပျော်ဘူး၊ စိတ်တိုတယ်လေ (အနီးနားမှာ Diet လုပ်နေတဲ့သူတွေ ကြည့်ပါလား အလကားနေရင်း စိတ်တိုနေကြတယ်မလား 😅)

အပေါ်က အချက်တွေကြောင့် ကလေးတွေဟာ လူကြီးတွေထက် အချိုကြိုက်ကြတာပါ။
နောက်ထပ် သူတို့က ခါးတာကို လုံးဝ မကြိုက်ကြတဲ့ အတွက် ခါးတဲ့အစာတွေ (မချိုတဲ့ အစာ > ဟင်းသီးဟင်းရွက်တွေကို) မကြိုက်ကြတာပါ။

အပေါ်မှာပြောခဲ့တာက ကလေးတွေဘာလို့ အချိုကြိုက်ပြီး အခါးကြောက်ရလဲ ဆိုတာပါ။

ကလေးလေးတွေ မွေးစ မှာ မိခင်နို့ပဲ သောက်ကြပါတယ်။ နို့ဘူးပါရောတိုက်တဲ့ကလေးတွေကြတော့
မိခင်နို့ထက်ပိုချိုတဲ့ နို့ဘူးကိုပိုပြီး ကြိုက်သွားတတ်ကြပါတယ်။
နို့ဘူးကိုပိုကြိုက်သွားတဲ့ နောက်တစ်ချက်က အားမစိုက်ရတာပါ နို့ဘူးမှာအပေါက်ပါတော့ နို့ရည်တွေက ပါးစပ်ထဲဝေါခနဲ ဝင်ပါတယ် (မိခင်နို့ကြတော့ စို့ရတာကိုး)

အဲ့ဒီကနေ ကြီးလာတဲ့အခါ ဘာအရသာမှမရှိတဲ့ အာဟာရအမှုန့်တွေရေဖျော်ကျွေးကြတယ်လေ
အစပိုင်းတော့ စားကြတာပဲမလား 😅 (အာဟာရပြည့်ပေမယ့် အရသာသိပ်မရှိတာတွေလေ)

နောက်တစ်နှစ်ဝန်းကျင်ရောက်လာတဲ့ အခါ ထမင်းစကျွေးပါတယ်။
အဲ့ဒီအချိန်ဟာ အရေးကြီးပါတယ်
တစ်သက်လုံးစားသွားရမယ့် ကျွန်တော်တို့ရဲ့ ရိုးရာစားစရာ (ထမင်း နဲ့ ဟင်း) ကို သေသေချာချာ ကျွေးရမှာပါ။

အရှေ့တိုင်းသားတွေက ထမင်းနဲ့ဟင်း စားကြပြီး
အနောက်တိုင်းသားတွေက ပေါင်မုန့် နို့ နဲ့ အသား အဓိက စားကြတာဟာ အဲ့ဒီ တစ်နှစ်ဝန်းကျင်မှာ ဂရုတစိုက်နဲ့ ကျွေးပေးခဲ့ကြလို့ပါ။

ကျွန်တော်တို့ နိုင်ငံမှာတော့ ကလေးကို ထမင်း ဟင်း ကျွေးရမယ့် အချိန်မှာ ပေါင်မုန့်လည်း ကျွေးတာပဲ ကော်ဖီလည်း တိုက်လိုက်တာပဲ အချိုရည်လည်းတိုက်လိုက်တာပဲ

အဲ့ဒါလုံးဝ မကောင်းပါဘူး

"ကလေးကတောင်းတာကိုး" ကလေးကတော့ လူကြီးဘာစားစား လိုက်တောင်းစားမှာပါပဲ သူက အကုန်လုံးကို အရသာခံကြည့်ချင်နေတာကိုး

ကလေးရဲ့ နုနယ်တဲ့ အရသာခံဖုလေးတွေဟာ အရသာပြင်းတဲ့ အရည် အစားအစာတွေ စားပြီးသောက်ပြီးတဲ့ အခါမှာ သာမန် ထမင်းဟင်းကို ခံတွင်းမတွေ့တော့ပါဘူး

ဒီ အကောင်လေးက ထမင်းတော့ မစားဘူး ဒီအရည်တွေပဲသောက်နေတာပဲ ဆိုပြီး ကလေးကို ဆူပူဆဲဆိုသံ ကြားရရင် အဲ့ဒီလူကြီးတွေကပဲ ကလေးကိုဖျက်ဆီးလိုက်ကြတာပါ။

အချိုကြိုက်တဲ့ ကလေးတွေကို အချိုရည်တွေတိုက်လိုက်တဲ့ အခါ ဗိုက်မဆာတော့ပါဘူး ၊ ဒါပေမယ့် ဆာတဲ့အခါမှာလည်း အချိုရည်ပဲတောင်းသောက်တော့တာပါ
👉 အချိုတွေကို ကလေးတောင်းသလောက်မတိုက် မကျွေးတဲ့အခါ ကလေးဟာပိန်ညှောင်လေး ဖြစ်နေရတာပေါ့
👉 အချိုတွေကို ကလေးတောင်းသလောက်လိုက်ကျွေးကြတော့ ငယ်ငယ်ရွယ်ရွယ် နဲ့ အဝလွန်တဲ့ကလေးလေးဖြစ်ရာကနေ ဆီးချို၊ သွေးတိုးရောဂါ စောစီးစွာခံစားရစေပါတယ်။

သူများကလေးတွေ တောင့်တောင့်တင်းတင်းကျန်းကျန်းမာမာ ရှိပြီး ပြေးလွှားဆော့ကစားနေတဲ့အချိန် ၊ ကိုယ်ကလေးက ပိန်ညှောင်ညှောင်သွားကျိုးလေးနဲ့ အအေးဗူးလက်ထဲကမချတဲ့ တရားခံဟာ မိမိကိုယ်တိုင်ပါ (အဲ့ဒီအချိန်ရောက်မှ ကလေးကိုရိုက်နှက်ပြီး ပြုပြင်မယ်ဆိုတာ မလွယ်တော့ပါဘူး)

နောက်တစ်ခုက Coffee ပါ

Coffee မှာပါတဲ့ Caffine ဓာတ်ဟာ

ဦးနှောက်ကိုလန်းနေအောင်လုပ်ပါတယ်၊ နှလုံးခုန်မြန်စေပါတယ်၊ ဆီးသွားများစေပါတယ်
👉 ကလေးတွေကို Coffee တိုက်ခြင်းဖြင့်

- ကလေးတွေ ဂနာမငြိမ်၊ ထိန်းမရတာ
- ညတွေကောင်းကောင်း အိပ်မပျော်တာ
- နှလုံးခုန်စည်းချက်မမှန်တာ ရင်တုန်တာတွေဖြစ်စေပါတယ်
- သွေးပေါင်တက်စေပါတယ်
- ဆီးသွားများတဲ့အတွက် ရေလုံလောက်အောင်ပြန်မသောက်ရင် ရေဓာတ်ခမ်းခြောက်မှုဖြစ်စေပါတယ်
- ကော်ဖီအရသာပြင်းပြင်း ကြိုက်သွားတဲ့အခါ တခြားအစာ ကျွေးမရတော့ပြန်ပါဘူး

တချို့နိုင်ငံတွေမှာ ၁၂ နှစ်အောက် Coffee မတိုက်ရဆိုတာရှိဖူးသလို၊ တစ်နေ့ ဘယ်လောက်ပဲ သောက်ရမယ်ဆိုတာတွေရှိပါတယ်။
ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက်ကတော့ သုတေသန မရှိသလို သတိပေးတားမြစ်ချက်တွေ မရှိပါဘူး။
လူကြီး မိဘတွေက စာတွေများများဖတ်ပြီး မိမိတို့သားသမီး မြေးငယ်လေးတွေ
👉 ခန္ဓာကိုယ်ဖွံ့ဖြိုး ဉာဏ်ရည်တိုးဖို့ ကြိုးစားပေးသင့်ကြောင်းပါဗျာ

# Credit Dr. ဘုန်းစည်သူလွင်

25/12/2023

လေငန်းဖြစ်နေတာ၆နှစ်လက်မြှောက်မရ​ေသာဦးဇင်းအားကုသပြီးလက်မြှောက်လို့ရလို့ပီတိဖြစ်ကုသိုလ်

14/11/2023

ဇက်ကျီးပေါင်းကု

ဒူးက ကွေးနေတာလမ်းသွားမရအောင်အရမ်းလဲရောင်နေတယ်အထူးကုဆေးရုံမှာတောကျီးပေါင်းတက်နေတဲ့ဒူးကိုခွဲစိတ်ကုမယ်တစ်ဖက်ကိုသိန်းနှစ်ဆယ်...
14/11/2023

ဒူးက ကွေးနေတာလမ်းသွားမရအောင်အရမ်းလဲရောင်နေတယ်အထူးကုဆေးရုံမှာတောကျီးပေါင်းတက်နေတဲ့ဒူးကိုခွဲစိတ်ကုမယ်တစ်ဖက်ကိုသိန်းနှစ်ဆယ်ကျော်ကုန်ကျမယ်ပြောလို့​ေငွမတတ်နိုင်ရာပြည့်တိုင်းရင်းဆေးကုခန်းမှာတောသက်သာပျောက်ကင်းပြီးလမ်းသွားနိုင်အောင်ကုသ​းမယ်အချိန်နဲနဲယူရမယ်

13/11/2023

ထန်း ပင်းပေါ်ကပြုတ်ကြလို့ကြောရိုးနဲ့ခါးဆစ်ရိုးထပ်ကြောရိုးကွေးခါးဆစ်းရိုးထိုင်ခါးနာပြီးမထနိုင်တဲ့လူနာကိုအပ်စိုက်ကုသ

27/10/2023

လေငန်းကုသစဥ်

26/10/2023

ရာပြည့်တိုင်းရင်းဆေးခန်းအား ကြံခင်းမြို့ ရွာသစ်ရပ်ကွက် ဘူတာလမ်းတွင် ဖွင့်လှစ်ထားကြောင်း အသိပေးအပ်ပါသည်
09260571383
09450714920
သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်

ရာပြည့်မြန်မာတိုင်းရင်းဆေးခန်း

Address

ဘူတာလမ်း၊ရွာသစ်ရပ်ကွက်၊ကြံခင်းမြို့
Kyangin

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00
Sunday 07:00 - 17:00

Telephone

+959260571383

Website

Alerts

Be the first to know and let us send you an email when Yar Pyae Traditional Medicine Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram